Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(10 February 2014 ရက်စွဲပါ Total Telecom မှရေးသားသော “Telenor faces electricity shortages monsoons in Myanmar”ကို ဘာသာပြန်ဆိုသည်။)

(The Straits Times မှ 10 Feb 2014 ရက်စွဲပါ “Myanmar’s Deputy Commander-in-Chief of Staff calls on Dr Ng Eng Hen” သတင်းကို ဘာသာပြန်ဆိုသည်)


တယ်လီနောက လျှပ်စစ်ဓာတ်အား မလုံလောက်မှု ကြုံတွေ့နေရဟုဆို

(10 February 2014 ရက်စွဲပါ Total Telecom မှရေးသားသော “Telenor faces electricity shortages monsoons in Myanmar”ကို ဘာသာပြန်ဆိုသည်။)

အကြီးဆုံးစိန်ခေါ်မှုမှာ အခြေစိုက်စတေရှင်များဆောက်ရန် ခွင့်ပြုချက်ရရန် စောင့်ရသည့်အချိတ်ဖြစ်ကြောင်း တရားဝင်လိုင်စင်ရ နော်ဝေမိုဘိုင်း ကုမ္ပဏီကပြောပါသည်။

လူဦးရေ ၅၅ သန်းကို ကောင်းမွန်စွာ အသုံးပြုနိုင်မည့် network ကိုလုပ်ဆောင်နေချိန်တွင် ကြုံတွေ့ရသော စိန်ခေါ်မှုများအပါအဝင် အသေးစိတ်လုပ်ဆောင်မှုများကို တယ်လီနောက တနလာင်္နေ့က ပြောကြားခဲ့ပါသည်။ နော်ဝေမိုဘိုင်း ကုမ္ပဏီသည် မြန်မာအစိုးရထံမှ တရားဝင်အော်ပရေတာလိုင်စင်ကို ပြီးခဲ့သည့် ဇန်နဝါရီလကုန်တွင် ရရှိခဲ့ရာ ရှစ်လအတွင်း 2Gနှင့် 3G ဖုန်းများစတင်ထုတ်ပေးနိုင်ရန် စီစဉ်ချက်ရှိပါသည်။ ၎င်းသည် Huawei နှင့် Ericsson မှ ပစ္စည်းများဖြင့် အခြေစိုက် စတေရှင် ၈၀၀၀ဖြင့် Network ထူထောင်မည်ဖြစ်ရာ ဒေါ်လာသန်း ၅၀၀ အသုံးပြမည်ဖြစ်ပါသည်။ ၎င်းသည် ငါးနှစ်အတွင်း မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ၏ ၄၀% အထိအသုံးပြုနိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်မည်ဖြစ်ပါသည်။

“မြန်မာနိုင်ငံမှာ လူဦးရေသန်း ၆၀ ရှိတယ်ဆိုပေမယ့် တိကျတဲ့ ကိန်းဂဏန်းမဟုတ်ပါဘူး” ဟု တယ်လီနော မြန်မာမှ CEO ဖြစ်သူ Petter Furberg ကဆိုပါသည်။ ၎င်းက အစိုးရသည် သန်းခေါင်စာရင်း ကောက်ရန်စီစဉ်လျက်ရှိ ကြောင်း၊ လူဦးရေ မြေပုံလည်းမရှိကြောင်း ဆိုပါသည်။

တယ်လီနော အနေဖြင့် အခြေစိုက် စတေရှင်များ မည်သည့်နေရာတွင် ဆောက်လုပ်ရမည်ကို သိရှိရန် နေရာကို လက်တွေ့ကွင်းဆင်းသွားရောက်ကြည့်ရှုရခြင်းမှာ စိန်ခေါ်မှုဖြစ်သည်။ သွားရောက်ရာတွင် မြို့ပြအပြင်ဖက်လမ်းများသည် မုတ်သုန်ရာသီတွင် သုံးမရခြင်းမှာ စိန်ခေါ်မှုဖြစ်ကြောင်း Furberg ၏ အဆိုအရ သိရပါသည်။

လျှပ်စစ်ဓါတ်အားမှာလည်း ပြဿနာတစ်ခုဖြစ်ပါသည်။ တိုင်းပြည်လူဦးရေ၏ ၂၅% ကသာ လျှပ်စစ်ဓါတ်အား အသုံးပြုနိုင်ခြင်းကြောင့် တယ်လီနော အနေဖြင့် ၎င်း၏ အခြေစိုက် စတေရှင်များအတွက် ဒီဇယ်မီးစက်နှင့် ဆိုလာပါဝါ ကိုသာ ကြီးစွာမှီခိုရဖွယ်ရှိကြောင်း Furberg ကပြောပါသည်။

“အခြေခံ အဆောက်အဦးနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ ရင်နှီးမြှုပ်နှံမှု အားနည်းခဲ့ပါတယ်”ဟု ၎င်းကဆိုပါ သည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေပါသည်။ တိုင်းပြည်တွင် အဂတိလိုက်စားမှု ပြဿနာမှာလည်း Transparency International၏ အဂတိလိုက်စားမှု ညွှန်းကိန်းများအရ ၁၇၇ နိုင်ငံရှိသည့် အနက် အဆင့် ၁၅၇တွင် ရှိပါသည်။

မည်သို့ဆိုစေ အကြီးဆုံး စိန်ခေါ်မှုမှာ အုပ်ချုပ်မှုပိုင်းတွင် ဖြစ်ပါသည်။

“ကျွန်တော်တို့ရဲ့ Network တည်ဆောက်မှု အတွက်အခြေစိုက် စတေရှင် ဆောက်လုပ်တဲ့ ပါမစ်က ဒေသဆိုင်ရာအစိုးရတွေ အပေါ်မှာမှုတည်နေပြီး၊ စရိတ်နှုန်းကကြီးမားပါတယ်” ဟု Furberg ကပြောပါသည်။

“ဒီနေ့အထိ မြေနေရာ မှတ်ပုံတင် လုပ်မပြီးသေးပါဘူး။ အာဏာပိုင်တွေကလည်း ဆောက်လုပ်ခွင့်ပေးဖို့ စွမ်းဆောင်ရည်မရှိပါဘူး။ ဒီအချက်ဟာ တယ်လီနောရဲ့ Network နေရာချထားမှုမှာ အရေးကြီးဆုံး နှောင့်နှေး ကြန့်ကြာမှု ဖြစ်မယ့်စိန်ခေါ်ချက်ပါပဲ” ဟု ၎င်းကပြောပါသည်။

မည်သို့ဆိုစေ ထိုပတ်ဝန်းကျင်မျိုးမှာ ကြုံဘူးနေကြဖြစ်ကြောင်း တယ်လီနောအုပ်စု CEO Jon Fredrik Baksaas ကပြောကြားပါသည်။

တယ်လီနော၏ ပထမဆုံးယူနစ်မှာ ၁၉၉၆ခုနှစ်က ဘင်္ဂလားဒေ့ရှ်တွင် Grameenphone ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး GSM ဖြစ်ပါသည်။

၁၉၉၆တွင် စတင်စဉ်က မြန်မာနိုင်ငံနှင့် ဆင်တူဖြစ်ကြောင်းစတင်စဉ်က ဖောက်သည် သုညမှစခဲ့ရာ ၂၀၁၃ စက်တင်ဘာတွင် ဖောက်သည်သန်း(၅၀)ခန့်ဖြစ်လာကြောင်း Baksaas ကရှင်းပြပါသည်။

၎င်းက တယ်လီနော အနေဖြင့် သုံးနှစ်အတွင်း အရင်းကြေရန် မျှော်မှန်းထားကြောင်း ဆိုပါသည်။ ထိုသို့လုပ်ဆောင်ရန် လုပ်ငန်းများကို အပြင်သို့ တတ်နိုင်သမျှ အပ်နှံရန် လိုအပ်မည်ဖြစ်ကြောင်း၊ အိုင်တီ၊ တာဝါတိုင်များ၊ စီမံထားသော ဝန်ဆောင်မှုများနှင့် Call center များကို ပြင်ပသို့ အပ်နှံရန်လိုအပ်မည်ဟု Furberg ကဆိုပါသည်။ လက်ရှိအခြေခံအဆောက်အဦးအပေါ် အခြေခံ၍ လုပ်ဆောင်မည်ဟု ဆိုပါသည်။

တယ်လီနောသည် မြန်မာနိုင်ငံတွင် ဝန်ထမ်း ၁၀၀၀ ကို တိုက်ရိုက်ခန့်ထားမည် ဖြစ်ပါသည်။ ဖြန့်ဖြူးရေးအတွက် လွပ်လပ်စွာဖြန့်ဖြူးနိုင်မည့် နေရာ ၂၅၀၀၀ခန့်ကို အခြေပြုရန်ရှိပါသည်။

ငါးနှစ်အတွင်း ငွေဖြည့်နိုင်သည့်နေရာ ၁၀၀၀၀၀ ခန့်ထားရှိ၍ ထိုအထဲမှ ၇၀၀၀၀ ခန့်ကို Sim-card ပါရောင်းနိုင်ရန် မျှော်မှန်းထားပါသည်။

ယခုအခါ ဖုန်းအင်တာနက်မှာ မြန်မာနိုင်ငံတွင် ရင်နှီးနေပြီး ဖြစ်သောကြောင့် အခြားဝန်ဆောင်မှုများနှင့် တပြိုင်နက်ထည့်သွင်းပေးသွားမည်ဟု Baksaas ကပြောပါသည်။

ဝန်ဆောင်မှုများတွင် မိုဘိုင်း Banking မှာကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်သည်ဟု Baksaas က ရှုမြင်ပါသည်။

“ကျေးရွာကလူတွေမှာ ဘဏ်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုမရှိပါဘူး။ ဒါကြောင့် ငွေကြေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပေးဖို့ဟု ကျွန်တော်တို့ရဲ့ အစိတ်အပိုင်းတစ်ခုပါ။ စဖွင့်တဲ့နေမှာ မပေးနိုင်တောင် စောနိုင်သမျှစောစောပေး နိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ဆိုပါသည်။

တယ်လီနောအနေဖြင့် 4Gကို ချက်ဖြင်းဝန်ဆောင်မှု ပေးရန် ချက်ခြင်းအစီအစဉ်မရှိသေးဟု ဆိုပါသည်။

“4G အတွက်ဈေးကွက်က အဆင်သင့်မဖြစ်သေးလို့ ထင်ပါတယ်။ ဖုန်းတန်းဖိုးက ဈေးကြီးပါတယ်” ဟု Baksaas ကပြောပါသည်။

“လူဦးရေရဲ့ အရေးပါကြတဲ့ အစိတ်အပိုင်းက ဖုန်းဖြစ်ရင်ပြီးရောဆိုတဲ့ သဘောမှာရှိပါတယ်” ဟု Furberg ကဆိုပါသည်။

မြန်မာနိုင်ငံတွင် စတင်ရောင်းချမည့် ရက်ကို တယ်လီနောက သေချာပေါက်အတည်မပြုနိုင်သေးသော်လည်း ခေတ်အမှီဆုံး၊ အထိရောက်ဆုံး Network အဖြစ်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မိမိတို့အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း Baksaas ကပြောပါသည်။


မြန်မာတပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီချုပ်နှင့် စင်ကာပူကာကွယ်ရေး ဝန်ကြီးတို့တွေ့ဆုံ

(The Straits Times မှ 10 Feb 2014 ရက်စွဲပါ “Myanmar’s Deputy Commander-in-Chief of Staff calls on Dr Ng Eng Hen” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာတပ်မတော် ဒုတိယကာကွယ်ရေး ဦးစီချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်မှူးကြီး စိုးဝင်းသည် စင်ကာပူ ကာကွယ်ရေးဝန်ကြီး ဒေါက်တာ ငေါင်အင်ဟန်းအား တနလာင်္နေ့ မွန်းလွဲပိုင်းက သွားရောက်တွေ့ ဆုံခဲ့သည်။

ဖေဖော်ဝါရီ ၉ ရက်မှ ၁၂ ရက်အထိ စင်ကာပူတွင် အလည်အပတ်ရောက်ရှိနေသော ဒုတိယ ဗိုလ်မှူးကြီး စိုးဝင်းသည် ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးပြီးနောက် စင်ကာပူစစ်တပ်ကာကွယ်ရေး ဦးစီးချုပ်ဒုတိယ ဗိုလ်ချုပ်ကြီး ငေါင်ချီမင်းနှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ရာဗင်ဒါဆင်းဂ်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

ဧည့်သည်တော် မြန်မာဒုတိယ ကာကွယ်ရေးဦးစီးချုပ်သည် စင်ကာပူလေကြောင်းပြပွဲကို အင်္ဂါနေ့တွင် သွားရောက်ကြည့်ရှုမည်ဖြစ်သည်။

စင်ကာပူကာကွယ်ရေး ဝန်းကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် “ဧည့်သည်တော် မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေး ဦးစီချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်မှူးကြီး စိုးဝင်း၏ ခရီးစဉ်သည် စင်ကာပူနှင့် မြန်မာအကြား တပ်မတော်ခြင်းဆက်ဆံရေးနွေးထွေးမှုကို ပြသနေသည်။ ထိပ်ပိုင်းအဆင့် အပြန်အလှန်ခရီးစဉ်များအပြင် နှစ်နိုင်ငံကာကွယ်ရေး ဖက်ဆိုင်ရာ ဆက်ဆံရေးတိုးတက်လာမှုများက ရှန်ဂရီလာ ဒိုင်ယာလော့၊ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး၊ အစရှိသည့် နိုင်ငံစုံဖိုရမ်များတွင်လည်း အချင်းချင်း ဆက်သွယ်ဆောင်ရွက် သွားမည်” ဟု ဖော်ပြထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive