Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၆.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံတွင် ဒီမိုကရေစီထက် အသွင်းကူးပြောင်းမှု အရင်ဖြစ်သည်            

(5 July 2012 ရက်စွဲပါ Global Times  မှTransition comes before democrary in Myanmar ကိုဘာသာပြန်ဆိုသည်)

  1. ထိုင်းရွာသား ၈၀၀ ခန့်ကို မြန်မာတပ်များဖမ်းဆီး

(Bangkok Post မှ 6 July 2012 ရက်စွဲပါ “Myanmar troops grab hundreds of Thais”သတင်းကို ဘာသာပြန်ဆိုသည်)

                                         ***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီထက် အသွင်းကူးပြောင်းမှု အရင်ဖြစ်သည်            

(5 July 2012 ရက်စွဲပါ Global Times  မှTransition comes before democrary in Myanmar ကိုဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံ၏လျင်မြန်သော နိုင်ငံရေးအရပြောင်းလဲမှုများသည် ကမ္ဘာကြီးကို အံအားသင့်စေပြီး အပေါင်းလက္ခဏာဆောင်သော မှတ်ချက်များကိုလည်း ကျယ်ပြန့်စွာလက်ခံရရှိခဲ့သည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်လည်း ယာယီသဘောဆန်သည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများ၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်လော။ မြန်မာနိုင်ငံသည် တရုတ်နှင့်ပတ်သက်၍ မည်သို့သော သဘောထားသစ်များ ရှိလာမည်နည်း။ အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ Global Times (GT) မှ သတင်းထောက် Yu Jinuri သည် အစိုးရ၏ ဥာဏ်ကြီးရှင်အဖွဲ့(Think Tank)တစ်ခုဖြစ်သော Myanmar Egress မှဥက္ကဋ္ဌ ဦးတင်မောင်သန်းနှင့် စကားပြောခဲ့သည်။

GT။         ။ မြန်မာအများစုက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ရဲ့မျှော်လင့်ချက်လို့ ထင်မြင်နေကြတယ်။ သူဟာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပါ့မလား။

သန်း။   ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာ(Role)ကတော့ ရှင်းပါတယ်။ သူဟာ ဒီမိုကရေစီရဲ့စံပြဇာတ်ကောင် (democratic icon) တစ်ဦးပါ။ သူ့ရဲ့ ပြောဆိုမှုများကို လိုက်ကြည့်ရင်၊ အကျင့်သိက္ခာပိုင်းဆိုင်ရာ၊ မူပိုင်းဆိုင်ရာ ရှုထောင့်က ကြည့်မယ်ဆိုရင် နိုင်ငံရေးအရ အလွန်မှန်ကန်ပါတယ်။ ဒါပေမယ့် ဒါကိုလက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင် အခုအခြေအနေမှာ သူ့အတွက် အကြီးဆုံးစိန်ခေါ်မှုဖြစ်မှာပါ။ သူဟာ အခုအသက်(၆၇)နှစ်ရှိပါပြီ။ ပြင်းထန်တဲ့ ဆန္ဒမရှိရင် အခုလိုရွှင်လန်းတက်ကြွမနေနိုင်ပါဘူး။ သူဟာ အလွန်အင်အားကြီးတဲ့ အမျိုးသမီးတစ်ဦးပါပဲ။ ဒါပေမယ့် သူရဲ့ NLD ပါတီဟာ စနစ်တကျဖွဲ့စည်းထားတဲ့ ပါတီအဖြစ်တည်ဆောက်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး မြေအောက် အသွင်နဲ့ ရုန်းကန်ခဲ့ရပါတယ်။ အခြေခံခိုင်အောင်တည်ဆောက်ဖို့ အချိန်မရခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေကိုကတိပေးထားတာတွေ ဖြည့်ဆည်းပေးလိုတယ် ဆိုရင်တော့ သူ့အတွက် အားကောင်းတဲ့ အခြေပြမှုတစ်ခု (Strong Base)လိုအပ်ပါတယ်။ ဒါပေမယ့် လောလောဆယ် အဲဒီသဘော မတွေ့ရသေးပါဘူး။ သူ့ရဲ့ကတိအတိုင်း ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ၊ မရှိကတော့ သူဘယ်လိုလုပ်ဆောင်မလဲဆိုတာပေါ် မူတည်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ မလုပ်နိုင်တဲ့အရာတွေ အများကြီးလုပ်နိုင်တယ်ဆိုတာလဲ တကယ်ပါပဲ။ ဒါပေမယ့် သူ့မှာ လူတွေလိုပါတယ်။ သူ့အတွက် ခက်ခဲတဲ့အချိန်များပါပဲ။

GT။         ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားက ဆက်ဆံရေးကိုရော ဘယ်လိုမြင်ပါသလဲ။

သန်း။   ။ ဒါကတော့ နှစ်ဖက်စလုံးအတွက် နိုင်ငံရေးအရ ညှိနှိုင်းကြရတဲ့သဘောပါပဲ။ ဒေါ်စုက သူ့ပါတီရဲ့ ရပ်တည်မယ့်နေရာကို ပြောင်းပေးခဲ့သလို၊ သူကိုယ်တိုင်လည်း ပြောင်းသွားပါတယ်။ ဒါဟာ ဆွေးနွေးညှိနှိုင်းတဲ့ သဘောတူညီချက်(Negotiated Agreement)ပဲဖြစ်ပါတယ်။ တစ်ခုတည်းသော ကတိကတော့ ဒေါ်စုကသော်လည်းကောင်း အစိုးရကသော်လည်းကောင်း တစ်ဦးကိုတစ်ဦး နောက်ကျောဓါးနဲ့ မထိုးပါဘူးလို့ ဆိုတာပါပဲ။ နှစ်ဖက်စလုံး စနစ်တကျ ဆွေးနွေးပွဲမရှိဘဲနဲ့ စကားပြောရုံနဲ့ပဲ လုပ်ကိုင်နေကြတာပါ။

GT။         ။ မကြာခင်က ရခိုင်မှာဖြစ်တဲ့ ပဋိပက္ခတွေကို အချို့က မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကြောင်းမှာ နောက်ပြန်လှည့်မယ့် ခြေလှမ်းတစ်ခုလို့ မြင်နေကြတယ်။ ဒါကို ဘယ်လို မြင်ပါသလဲ။

သန်း။   ။ ဒီကိစ္စဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ မဆိုင်ပါဘူး။ အာဆီယံလူ့အသိုင်းအဝိုင်းအတွင်းမှာ ဒါမျိုး လူမှုရေးပြဿနာတွေ မီးပွားလေး အသေးလေးနဲ့လဲ အချိန်မရွေးဖြစ်နိုင်ပါတယ်။ လူထုဖိအားပေးမှုကြောင့် တင်းမာမှုတွေ ရှိလာတာပါ။ လူနည်းစုအုပ်စုတွေရဲ့ သဘာဝတွေ၊ ခံစားမှုတွေကို ကြည့်ပြီး ကိုင်တွယ်ရပါတယ်။ သူတို့ဟာလည်း တိုင်းပြည်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို အခြေခံလူ့အခွင့်အရေး လွတ်လပ်ခွင့်တွေ ပေးသင့်ပါတယ်။ နိုင်ငံသားဖြစ်မှုကတော့ မေးခွန်းကြီးတစ်ခုပါပဲ။ ဒါကို နိုင်ငံရေးအရလုပ်ငန်းစဉ်နဲ့ပဲ အေးအေးဆေးဆေး ပြေလည်အောင် လုပ်ရပါမယ်။ အရင်အစိုးရလက်ထက်က ဒီလိုမလုပ်ခဲ့ဘူးလေ။ ဒီလူ့အဖွဲ့အစည်းနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုမလုပ်ခဲ့ဘူးလေ။ အခုလုပ်ဖို့ ဖြစ်လာပါပြီ။ ခရီးရှည်ကြီး သွားရဦးမှာပါ။ စိတ်ကို အေးအေးဆေးဆေးထားပြီး၊ ဆွေးနွေးမှု စတင်ရပါမယ်။

GT။         ။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ဘယ်လိုဆက်လက်မြှင့်တင်သင့်ပါသလဲ။

သန်း။   ။ ကျွန်တော်တို့ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ခံစားခဲ့ရတာတွေဟာ ပြုပြင်ပြောင်းလဲမှုအတွက် ပေးဆပ်ခဲ့ရတာတွေပေါ့။                အာရပ်နွေဦးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ လုံးဝခြားနားပါတယ်။ ဘာလို့လဲဆိုတော့ ပြုပြင်ပြောင်းလဲမှုအားလုံးဟာ လူတစ်ဦးတစ်ယောက်က တွန်းအားပေး လုပ်ဆောင်ခဲ့လို့ ဖြစ်ပါတယ်။ အနည်းဆုံးတော့ အခုငြိမ်းချမ်းရေးကတော့ စတင်နေပြီဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို စနစ်တကျ ဖွဲ့စည်းလုပ်ဆောင်နိုင်ပါပြီ။ အနောက်နိုင်ငံ ဒီမိုကရေစီပုံစံနဲ့တော့ ဒီမှာအံမဝင်ပါဘူး။ ကျွန်တော် မကြာခဏ ပြောလေ့ရှိပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုများ(Democratization)ထက်စာရင် အသွင်ကူးပြောင်းရေး(Transition) က ပိုအရေးကြီးပါတယ်လို့။ အသွင်ကူးပြောင်းရေးဆိုတာ အင်စတီကျူးရှင်းဆိုင်ရာပြောင်းလဲမှုကို လိုအပ်ပါတယ်။ တပြိုင်နက်သွားဖို့ လိုပါတယ်။ ဒီမိုကရေစီပြုပြင်ရေးဟာ အရှည်ကြီးသွားရမယ့်စိန်ခေါ်မှု၊ ဒါပေမယ့် အသွင်ကူးပြောင်းရေးက အရင်လာရပါမယ်။

GT။         ။ မြန်မာနိုင်ငံဟာ မနှစ်က အလွန်လျင်မြန်စွာ ပြောင်းလဲခဲ့ပါတယ်။ ပြည်သူတွေက ဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရပါသလဲ။

သန်း။   ။ ကျွန်တော်တို့ပြည်သူတွေဟာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်အတွင်း ဒီလိုပြောင်းလဲမှုတွေ ဖြစ်ဖို့အားပေးနေခဲ့တာပါ။ ဒါကြောင့်ပြောင်းလဲမှုအတွက် မအံ့သြခဲ့ကြပါဘူး။ ဒါပေမယ့် ပြောင်းလဲမှုနှုန်းကိုတော့ အံ့သြပါတယ်။ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ဒီပွဲကြီးမှာပါတဲ့ ပလေယာ(players) အားလုံးက ပြောင်းလဲမှုကို ကြိုက်နှစ်သက် ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ အစိုးရ၊ လွှတ်တော်အမတ်တွေ၊ NLD ရယ် အခြားပါတီတွေ ရယ်ကတော့ ကြိုက်ကြပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုကိုပြီးပြည့်စုံတဲ့ လုပ်ဆောင်မှုဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာတော့ ကျွန်တော်တို့ မသိ နိုင်သေးပါဘူး။ ဒါပေမယ့် လူတိုင်းကပြောင်းလဲမှုကို နှစ်သက်ပါတယ်။ တံခါးဖွင့်ဖို့ အချိန်ရောက်ပါပြီ။ အနောက်နိုင်ငံတွေကလည်း ဝင်လာဖို့ ကြိုးစား နေပါပြီ။ လုပ်ရင်းနဲ့ ဘာတွေ့လာရလဲဆိုတော့ အရင်ကမသိတဲ့အရာတွေကို သိချင်လာတယ်ဆိုတာကို တွေ့လာရပါတယ်။ ဒါဟာ ကောင်းပါတယ်။

GT။         ။ ဒီပြောင်းလဲမှုဟာ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံများဆက်ဆံရေး၊ အထူးသဖြင့် တရုတ်နဲ့ဆက်ဆံရေးကို ဘယ်လို သက်ရောက်မှုတွေ ရှိစေမလဲ။

သန်း။   ။ တရုတ်-မြန်မာဆက်ဆံရေးဟာ ကျွန်တော်တို့ လွတ်လပ်ရေးရကတည်းက အားကောင်းစွာရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံခြားရေး မူဝါဒရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင်၊ မြန်မာအတွက် ဘယ်နိုင်ငံခြားတိုင်းပြည်မှ တရုတ်လောက် အရေးကြီးတာ မတွေ့ရပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ အခု မြန်မာနိုင်ငံကိုဝင်လာပေမယ့် အခြား နိုင်ငံခြားလုပ်ငန်းများနဲ့ ပိုမို ပြိုင်ဆိုင်မှုတွေရှိ လာမှာကို ကြုံတွေ့ရပါလိမ့်မယ်။ အရင်ကတော့ တရုတ်ကုမ္ပဏီတွေဟာ ပြိုင်ဆိုင်မှုရှိမှာကို ပူစရာမလိုပါဘူး။ ဒါပေမယ့် အခု အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေရဲ့ အပြောင်းအလဲကို ကျွန်တော်တို့ တွေ့လာရပါလိမ့်မယ်။ အဆင့်နိမ့်တဲ့(lower-grade)တရုတ်စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်ပါလိမ့်မယ်။ သူတို့ဟာ နေရာသစ်တစ်ခု ပြောင်းဖို့ ရှာရပါလိမ့်မယ်။ အချို့ တရုတ်တွေက မြန်မာနိုင်ငံတွင်းမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။ ဒီတိုင်းပြည်မှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ရှိလာမယ်လို့ ခင်ဗျားထင်လား။ မဖြစ်နိုင်ပါဘူး။ လက်တွေ့မှာ ကျွန်တော်တို့ အတူတကွနေထိုင်ပြီး ကြောင်းကျိုးညီညွတ်နေပါတယ်။

                                                                        **********************************

ထိုင်းရွာသား ၈၀၀ ခန့်ကို မြန်မာတပ်များဖမ်းဆီး

(Bangkok Post မှ 6 July 2012 ရက်စွဲပါ “Myanmar troops grab hundreds of Thais”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရတပ်ဖွဲ့များသည် ဘန်အင်သာနင်ကွမ်ပာုခေါ်သောနေရာမှ ထိုင်းရွာသားများကို ဗုဒ္ဓပာူးနေ့ညနေက ဝိုင်းပတ် ဖမ်းဆီးခဲ့သည်ပာု ထိုင်း-မြန်မာ နယ်စပ် ရနောင်းအခြေစိုက် အမှတ်(၄)တပ်မ ပြည်သူ့ဆက်ဆံရေးဌာနမှူးဗိုလ်ဆူချတ်ဘူပရာဒက်က မနေ့က ပြောကြားသည်။

ထွက်ပြေးလွတ်မြောက်လာသော ရွာသား ၃ ဦးက ထိုင်းတပ်စခန်းသို့လာရောက် အကူအညီတောင်းခံခဲ့သည်ပာုဆိုသည်။

မြန်မာတပ်များ၏ ဖမ်းဆီးခြင်းခံရသော ထိုင်းရွာသားအရေအတွက်ကို အတိအကျမသိရသေးပာု ဆူချတ်က ပြောကြားသော်လည်း ၅၀၀ မှ ၈၀၀ အကြား ရှိမည်ပာု ထိုင်းဒေသအာဏာပိုင်များက ခန့်မှန်းကြသည်။

ထွက်ပြေးလွတ်မြောက်လာသော ရွာသား ၃ ဦးမှာ ကရာဘူရီမှ ဒမ်လက်ပန်၊ ကော့ဖန်နွန်မှ သဝပ်ချိုင်းနှင့် အတ်ကာချိုင်းတို့ဖြစ်သည်။

“မြန်မာစစ်သားများက ဘန်အင်သာနင်ကွမ်ကို ဝိုင်း၍ သေနတ်များ မိုးပေါ်ထောင်ပစ်ဖောက်ကာ ရွာသားများကို ခြောက်လှန့်ခဲ့ကြသည်။ ရာဂဏန်းအရေအတွက်ရှိသော ရွာသားများကို ရွာအလယ်ခေါင်သို့ စုဝေးစေပြီးဖမ်းဆီးခဲ့ကြသည်”ပာု ၎င်းရွာသား ၃ ဦးက ဆိုသည်။

သာဝပ်ချိုင်းက မိမိအားရွာသားများက ထိုနေရာတွင် ဘူဒိုဇာဖြင့် မြေညှိရန်အတွက် ဌားရမ်းထားခြင်းဖြစ်ကြောင်း၊ ရွာတည်နေရာကို ပြောသော်ငြားလည်း မတိကျကြောင်း၊ မြန်မာပိုင်နက်အတွင်းရောက်သွားနိုင်ကြောင်း ရှင်းလင်းပြောဆိုသည်။

လူဦးရေ ၁၀၀၀ ခန့်ရှိသော အိမ်ထောင်စု ၃၀၀ ခန့်သည် ဘန်အင်သာနင်ကွမ်ပာုခေါ်သော ရွာတည်၍ အခြေစိုက်ကြခြင်းဖြစ်သည်ပာု အနီးအနား တန်ဘွန်ဂျော်ပေါ်ရာမှ မူးကိုးကျေးရွာ ရွာသူကြီး ရန်ဂရမ်ပီမောင်ပတ်က ပြောကြားသည်။

ရွာသားအချို့မှာ အနီးဝန်းကျင်တောထဲသို့ ထွက်ပြေးပုန်းအောင်းကာ နယ်စပ်ဖြတ်ကူးပြန်လာနေကြဆဲဖြစ်၍ အရေအတွက် ခန့်မှန်းရန် ခက်ခဲသော်လည်း အဝိုင်းခံရချိန်တွင် ရွာသား ၈၀၀ ခန့်ရှိလိမ့်မည်ပာု မူးကိုး ရွာသူကြီး ရန်ဂရစ်က ဆိုသည်။

ကရာဘူရီခရိုင်လက်ထောက် အုပ်ချုပ်ရေးမှူး ဂျာရင်အူဒုံချိုင်ဂျာရွန်က မိမိတို့ရုံးအဖွဲ့သည် ထိုင်းရွာသားများ၏ လတ်တလောအခြေအနေကို ပိုမို သိရှိနိုင်ရန် အရေးပေါ် ကြိုးစားဆောင်ရွက်နေသည်ပာု ပြောကြားသည်။

ယခုဖမ်းဆီးမှုဖြစ်ရပ်မတိုင်မီ ထိုင်းအစိုးရဌာနဆိုင်ရာများက နယ်နိမိတ်မျဉ်း မတိကျမှုကြောင့် ဘန်အင်သာနင်ကွမ် အနှံ့အပြား အခြေချနေထိုင် နေသော ရွာသားများကို သတိပေးထားသော်လည်း ရွာသားများက ဂရုမစိုက်ဘဲ လစ်လျူရှုခဲ့ကြသည်ပာု အုပ်ချုပ်ရေးအရာရှိ ဂျာရင်အူဒုံက ပြောကြားသည်။

ဗုဒ္ဓပာူးနေ့က ဖမ်းဆီးမှုတွင် မြေကော်စက် ၆ စီး၊ လယ်ထွန်စက် ၂ စီး၊ ကုန်တင်ပစ်ကပ်ယာဉ် ၂၅ စီးခန့် သိမ်းဆည်းခံရသည်ပာု သတင်း ရရှိသည်။

ရွာသားအများစုသည် မြန်မာပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်၍ ရာဘာစိုက်ခင်းများ ထူထောင်ထားခြင်းဖြစ်သည်ပာု မူးကိုးရွာသား တစ်ဦးဖြစ်သူ ဆူမွန်ပီဆတ်ဆင်က ရှင်းလင်းပြောဆိုသည်။

မြန်မာတပ်များက ထိုနေရာကို ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေကြောင်းကို ဗုဒ္ဓပာူးနေ့မနက်က ထိုင်းနိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကူး ဈေးလာဝယ်ကြသော မြန်မာရွာသားများက မိမိကိုပြောသွားကြသည်ပာု ဆူမွန်ပီဆတ်ဆင်က ဆိုသည်။

ထိုသတင်းကို ဘန်အင်သာနင်ကွမ်သို့ အမြန်ဆုံး သတင်းပေးခဲ့သော်လည်း ရွာသားများ ယုံကြည်ခြင်းမရှိကြပာု ဆူမွန်ပီဆတ်ဆင်က ပြောကြား သည်။

အနီးအနား ဘန်ရန်တန်တွင်နေထိုင်သော အာနူဆွန်က “၎င်း၏ မိဘနှစ်ဦးစလုံး ဖမ်းဆီးခံရကြောင်း၊ မိခင်ဖြစ်သူက မြန်မာပိုက်နက် သစ်တော ထဲတွင် ပုန်းအောင်းနေသည်ပာု မိုဘိုင်းဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း၊ ဖခင်ဖြစ်သူ၏ သတင်းကို မသိရသေးကြောင်းနှင့် မိဘနှစ်ဦးစလုံး အသက်အရွယ် အိုမင်းနေပြီဖြစ်၍ ကူညီရှာဖွေပေးကြရန် ဒေသအာဏာပိုင်များကို မေတ္တာရပ်ခံထားသည်”ပာု ပြောကြားသည်။

ရနောင်းခရိုင် ကရာဘူရီနှင့် ချန်ဖွန်၏ မျက်နှာချင်းဆိုင် တစ်ဖက် မြန်မာနယ်ထဲမျ ဧက ၆၀၀၀ ကျော် ကျယ်ဝန်းသောမြေပေါ်တွင် ထိုင်းလူမျိုး အတော်များများ ဝင်ရောက်ကျူးကျော်နေထိုင်နေကြသည်ပာု ပြည်တွင်းလုံခြုံရေး အမှတ် ၄ ဒေသ ကွပ်ကဲရေးမှူး ဗိုလ်ချုပ် မာနတ်ခွန်ပန်က လတ်တလော ထုတ်ဖော်ပြောဆိုထားသည်။

                                         ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၆.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာအင်အားကြီးကုမ္ပဏီ ထားဝယ်စီမံကိန်းမှ နှုတ်ထွက်ပာုဆို

(4 July 2012 ရက်စွဲပါ Reuters မှ Myanmar tycoon says pulling out of Dawei project ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ဘာသာရေးအဓိကရုဏ်း အဆုံးသတ်အောင် ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်နှင့် နိုင်ငံများ တိုက်တွန်း

(AFP သတင်းမှ 4 July 2012 ရက်စွဲပါ “ Muslim states urge Suu Kyi to help end Myanmar violence”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာအင်အားကြီးကုမ္ပဏီ ထားဝယ်စီမံကိန်းမှ နှုတ်ထွက်ပာုဆို

(4 July 2012 ရက်စွဲပါ Reuters မှ Myanmar tycoon says pulling out of Dawei project ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ Italian-Thai Development Pcl မှ ဦးဆောင်လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ ထားဝယ်ဆိပ်ကမ်းနှင့် စက်မှုဇုန်တွင် မြန်မာပြည် အဓိကပါတနာတစ်ဦးဖြစ်သူက ဗုဒ္ဓပာူးနေ့က ပြောကြားရာတွင် ၎င်းသည် အဆိုပါ စီမံကိန်းတွင် ပါဝင်မည်မပာုတ်တော့ကြောင်း၊ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှုအတွက် သံသယရှိသောကြောင့်ပာု ပြောဆိုခဲ့သည်။

ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမီတက်တွင် ၂၅% ပိုင်ဆိုင်သော Max Myanmar အုပ်စုသည် အဆိုပါစီမံကိန်းကို စိတ်ဝင်စားမှု မရှိတော့ကြောင်း သတင်းများ ထွက်ပေါ်နေခဲ့သည်။

“ကျွန်တော်တို့ ဒီစီမံကိန်းကနေ တဖြည်းဖြည်း ရုတ်သိမ်းပါမယ်”ပာု Max Myanmar ပိုင်ရှင် ဦးဇော်ဇော်က သတင်းများနှင့် ပတ်သက်၍ မှန်ကန်မှုရှိ၊ မရှိ Reuters ၏ မေးမြန်းချက်ကို တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။ အသေးစိတ်ရှင်းပြခြင်းကိုမူ မရှိခဲ့ပါ။

အီတာလျံ-ထိုင်း အနေဖြင့် ၂၅၀ စတုရန်းကီလိုမီတာ(၉၇ စတုရန်းမိုင်)ရှိသော အဆိုပါစီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ သံမဏိစက်ရုံ၊ ရေနံချက် စက်ရုံနှင့် ရေနံဓာတုစက်ရုံများနှင့် ဓာတ်အားပေးစက်ရုံများအတွက် ဒေါ်လာ ၅၀ ဘီလီယံအား ငွေကြေးနောက်ခံ ရရှိမှုအား ကြိုးစားနေသည်ပာု မြင်နေကြသည်။ မြန်မာအစိုးရက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ယခင် စစ်အစိုးရလက်ထက်က သဘောတူထားခဲ့ခြင်းဖြစ်သည်။

လက်ရှိ စွမ်းအင်ဝန်ကြီးက ဖေဖော်ဝါရီလက Reuters သို့ပြောကြားခဲ့ရာတွင် ထားဝယ်စီမံကိန်းထက် လျင်မြန်စွာ အထူးစီးပွားရေးဇုန် အနည်းဆုံး နှစ်ခုတည်ဆောက်မည်ပာု ပြောခဲ့သည်။

ထိုင်းအစိုးရကမူ ပို၍ စိတ်အားထက်သန်နေသည်။ မေလက ထိုင်းအစိုးရသည် ထားဝယ်ဧရိယာနှင့် ဆက်စပ်နိုင်သည့် ထိုင်းနိုင်ငံ အနောက်ပိုင်းရှိ အခြေခံအဆောက်အဦးလုပ်ငန်းများအတွက် ဘတ်ဂျက်၊ ထိုင်းဘတ် ၃၃.၁ ဘီလီယံ(ဒေါ်လာ ၁.၁ ဘီလီယံ)ချထားပေးခဲ့သည်။

ထိုင်းနိုင်ငံသည် ၎င်း၏ အနောက်ပိုင်းဒေသတွင် လေးလမ်းသွားလမ်း၊ အစိုးရရုံးများနှင့် မြန်မာနိုင်ငံတွင် အလုပ်လုပ်ကြမည့် ထိုင်းလူမျိုးများ အတွက် နေအိမ်များ ပါဝင်ရန်လိုလားပြီး ထိုင်းကုမ္ပဏီ အတော်များများက ထားဝယ်ကို ထူထောင်ရန်စိတ်အားထက်သန်နေပြီး၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှု အတွက် အစိုးရက ထောက်ပံ့ကူညီရမည်ဖြစ်သည်။

                                                                    ***************************************

မြန်မာနိုင်ငံမှ ဘာသာရေးအဓိကရုဏ်း အဆုံးသတ်အောင် ကူညီရန် ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်နှင့် နိုင်ငံများ တိုက်တွန်း

(AFP သတင်းမှ 4 July 2012 ရက်စွဲပါ “ Muslim states urge Suu Kyi to help end Myanmar violence”သတင်းကို ဘာသာပြန်ဆိုသည်)

အစ္စလမ်းမစ် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း OIC ဥက္ကဋ္ဌက မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မွတ်ဆလင်များအပေါ်အကြမ်းဖက်မှု အဆုံးသတ်သွားအောင် ကူညီပေးရန် ကြာသပတေးနေ့က တိုက်တွန်းလိုက်သည်။

“ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တစ်ဦးအနေနဲ့ ကမ္ဘာကြီးငြိမ်းချမ်းအောင်ကြိုးပမ်းမယ့် ပထမဆုံးခြေလှမ်းကို သင့်နိုင်ငံအတွင်းကနေ စတင် လိမ့်မယ်လို့ ကျွန်ုပ်တို့ယုံကြည်ပါတယ်”ဟု OIC ဥက္ကဋ္ဌ အက္ကမီလီဒင်က ဒေါ်အောင်ဆန်းစုကြည်ထံပေးစာတွင် ရေးသားဖော်ပြထားသည်။

၎င်းက ဆက်လက်၍ “မကြာသေးမီက အဓိကရုဏ်းအပေါ် နိုင်ငံတကာကစုံစမ်းစစ်ဆေးခြင်းကို မြန်မာအစိုးရက လက်ခံအောင်၊ ယခင်လက ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များအကြား သွေးစွန်းသော အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်သို့ လူသားချင်းစာနာသော ကယ်ဆယ်ရေးအဖွဲ့များနှင့် နိုင်ငံတကာမီဒီယာများကို လွတ်လပ်စွာသွားရောက်ခွင့်ပြုအောင် မြန်မာအစိုးရအား စည်းရုံးပြောဆို ပေးပါရန်” အသစ်စက်စက် လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းထားသည်။

အဖွဲ့ဝင် ၅၇ နိုင်ငံ မွတ်ဆလင်အစည်းအရုံးဥက္ကဌက “အဓိကရုဏ်း ဘေးဒဏ်သင့်သူဒုက္ခသည်များ ၎င်းတို့ပိုင်ဆိုင်သော နေရာဒေသအသီးသီးသို့ အမြန်ဆုံးပြန်နိုင်ရေး”အတွက် တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှ ရိုဟင်ဂျာအခွင့်အရေး ချိုးဖောက်ခံရမှုများဆက်တိုက် ဖြစ်ပွားနေခြင်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ထို့အပြင် OIC ဥက္ကဋ္ဌက ဆော်ဒီနိုင်ငံပင်လယ်နီကမ်းခြေ မြို့တော်ဂျက်ဒါးအခြေစိုက် OIC ဌာနချုပ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက် လည်ပတ်ပါရန် ပေးစာတွင်ဖိတ်ကြားထားသည်။

ဇွန်လအတွင်း မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာရခိုင်များနှင့် ရိုဟင်ဂျာမွတ်ဆလင်များအကြားဖြစ်ပွားသော အပြန်အလှန် အကြမ်းဖက်မှုများကြောင့် လူပေါင်းဒါဇင်နှင့်ချီ၍ သေဆုံးကာ၊ အိုးမဲ့အိမ်မဲ့ နေစရာမရှိတော့သူအရေအတွက် ထောင်ပေါင်းများစွာ ရှိနေသည်ဟု သိရှိရသည်။

ထိုကဲ့သို့ အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ယခုတိုင် ဒေသတွင်းအရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်ပြီး၊ စစ်အုပ်ချုပ်ရေးနွံ့ထဲမှ ကုန်းရုန်း ထနေသော မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ယခုလို ဆူပူအုံကြွမှုများက ဆိုးကျိုးပေးနိုင်သည်ဟု ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတ ဦးသိန်းစိန်က သတိပေးပြောဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းသားများကဲ့သို့ ဘင်္ဂါလီဘာသာစကားပြောဆိုသော ရိုဟင်ဂျာများသည် မြန်မာနိုင်ငံထဲတွင် အရေအတွက် ၈ သိန်း ကျော်ခန့် ရှိနေပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင် ၃ သိန်းခန့် နေထိုင်လျက်ရှိသည်ဟု ကုလသမဂ္ဂ ကိန်းဂဏန်းများအရ သိရှိရသည်။

ယင်းကဲ့သို့ ဘင်္ဂါလီစကားပြော ရိုဟင်ဂျာများကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများဟု မြန်မာအစိုးရနှင့် ပြည်သူအများစု သတ်မှတ် ထားကြသလို၊ လူဦးရေပေါက်ကွဲထူထပ်၍ ဆင်းရဲနွမ်းပါးသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လက်ခံလိုခြင်း မရှိသဖြင့်၊ ရိုဟင်ဂျာအများစုမှာ စက်လှေများဖြင့် ပင်လယ်ဖြတ်ကူး၍ အခြားတတိယနိုင်ငံများသို့ သွားရောက်အခြေချရန် ကြိုးစားလျက်ရှိကြသည်ဟု သိရသည်။

                             ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs