Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၅.၁၂.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဇေကမ္ဘာဦးခင်ရွှေ ဂျာနယ်နှစ်စောင်ထုတ်မည်
  2. မြန်မာနိုင်ငံ၌ မိုးပျံရထားစီမံကိန်း ဆောင်ရွက်မည်
  3. ကိုယ်ပိုင်ကျောင်း ဥပဒေပြဋ္ဌာန်းပြီ
  4.  အထပ်မြင့် အဆောက်အအုံ စံသတ်မှတ်ချက်မူကြမ်းအား ၂၀၁၃ အပြီးသတ် ရေးဆွဲ မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ပူးပေါင်းမည်
  2. တရုတ်-မြန်မာ နှစ်နိုင်ငံ တပ်မတော်ပူးပေါင်းဆောင်ရွက်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

              ***************************************

ပြည်တွင်းသတင်းများ

ဇေကမ္ဘာ ဦးခင်ရွှေ ဂျာနယ်နှစ်စောင်ထုတ်မည်

ပြီးခဲ့သည့် လအတွင်းကမှ ပြည်တွင်းသတင်းသမားများနှင့် ပြဿနာဖြစ်ပွားခဲ့သူ အမျိုးသားလွှတ်တော် အမတ်ဦးခင်ရွှေ ခေါ်ဇေကမ္ဘာ ဦးခင်ရွှေသည် The Straits Times  နှင့်  The Straits View အမည်နှင့် ဂျာနယ်နှစ်စောင်ထုတ်ဝေတော့ မည်ဖြစ်ကြောင်း ဦးခင်ရွှေနှင့် နီးစပ်သူ အမျိုးသားလွှတ်တော် အမတ်တစ်ဦးကပြောကြားသည်။

ပြီးခဲ့သည့် မဲခေါင် ဖိုရမ်တွင် ပြည်တွင်းသတင်းသမားနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော ဦးခင်ရွှေ၏ ဂျာနယ်တွင် မည်သူမှ သွားရောက်ပူးပေါင်း လုပ်ကိုင်မည် မထင်ကြောင်း ဦးခင်ရွှေကို လက်မှတ်ရေးထိုးပြီး သမ္မတထံ တိုင်းကြားလွှာ ပို့ထားသူ သတင်းသမား အယောက်၂၀၀ ကျော်ရှိကြောင်း လူငယ် သတင်းထောက်တစ်ဦးက ဆိုသည်။

သတင်းဂျာနယ်ဆိုသည်မှာ ငွေကြေးအင်အားရှိတိုင်းလည်း ထုတ်ရန်မသင့်သကဲ့သို့ အထူးသဖြင့် မိမိပုဂ္ဂိုလ်ရေး တည်ဆောက် ၀ါဒဖြန့်ချိရေး အတွက်ဆိုလျှင် ပိုမိုပြီး ဂျာနယ်မထုတ်သင့်ကြောင်း သတင်းစာသည် ပြည်သူများအတွက်သာ ဖြစ်သင့်ပြီး ကိုယ်ကျိုးအတွက် မဖြစ်သင့်ကြောင့် အခုပြသနာတက်မှ ထလုပ်ခြင်းသည် လည်း မဖြစ်သင့်ကြောင်း ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

မြန်မာနိင်ငံတွင် ခရိုနီဟုသတ်မှတ်ထားသူ ဦးတေဇသည် ဧရာဝတီဂျာနယ် ထုတ်ဝေနေသကဲ့သို့ စက်မှုဝန်ကြီး ဦးအောင်သောင်းသားများ၏ AGE ကလည်း ဝေါစထရိ ဂျာနယ်ထုတ်ရန် လုပ်ဆောင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကလည်း နေပြည်တော်တိုင်းမ် အမည်ရှိဂျာနယ်ကို ထုတ်ဝေနေကြောင်း ဦးခင်ရွှေ သတင်းဂျာနယ်ထုတ်မည့် သတင်းသည် သိပ်မထူးဆန်းကြောင်း သတင်းဂျာနယ်များကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးကမှတ်ချက်ပြုပြောကြားသည်။

MP

***************************************************************************************************

မြန်မာနိုင်ငံ၌ မိုးပျံရထားစီမံကိန်း ဆောင်ရွက်မည်

မြန်မာနိုင်ငံရှိ စီးပွားရေး အချက်အချာအကျဆုံးဖြစ်သည့် ရန်ကုန်မြို့တော်အတွင်း နေထိုင်သော အများပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေနိုင်စေရန် မိုးပျံရထားစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်၌ ၎င်းမိုးပျံရထား(Sky Rail)စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စင်္ကာပူ နိုင်ငံရှိ လုပ်ငန်းရှင်များအား လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားပြီး ၎င်း ပြည်ပလုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ မိုးပျံ ရထားစီမံကိန်းတစ်ခုတည်းကိုသာ ရင်းနှီးမြှုပ်နှံခွင့် ပြုမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့၌ နေပြည်တော်ရှိ စက်မှုဝန် ကြီးဌာနတွင် ပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံပွဲ၌ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံအား စင်္ကာပူနိုင်ငံကဲ့သို့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာ နိုင်စေရန် လမ်းညွှန် ထားသည့်အတွက် စင်္ကာပူနိုင်ငံသို့ မြန်မာတာဝန်ရှိသူများမှ သွားရောက်လေ့လာမှုပြုလုပ်ကာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်ရှိ ခေတ်မမှီတော့သည့် ခရီးသည်တင်ဘတ်စ်ကားလိုင်းများကို အဆင့်မီယာဉ်များဖြင့် အစားထိုးကာ ပြည်သူများ သွားလာရေးလွယ်ကူစေရေးအတွက် မြို့တွင်းကုန်းလမ်းပို့ဆောင်ရေးကို အဆင့်မြှင့်တင်သွားမည် ဖြစ်ပြီး ပျက်စီးလျက်ရှိသည့် ကားလမ်းများကိုလည်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ရန်ကုန်မြို့တော်တွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က မိုးပျံရထားနှင့် မြေအောက်ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်ရန် စီမံခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Ref: The Voice

***************************************************************************************************

ကိုယ်ပိုင်ကျောင်း ဥပဒေပြဋ္ဌာန်းပြီ

၂၀၁၁-၂၀၁၂ ပညာသင်နှစ်အတွက် အစိုးရသစ်လက်ထက်မှ စတင်၍ လုပ်ကိုင်ရန်ခွင့်ပြုခဲ့သည့် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေ ၂၀၁၁၊ ပြည်ထောင်စုလွှတ်တော် အမှတ်(၁၄)ကို ဒီဇင်ဘာလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

၎င်း ကိုယ်ပိုင်ကျောင်းဥပဒေပြဋ္ဌာန်းချက်များတွင် ပါရှိသည့် အခန်းကဏ္ဍများမှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ လုပ်ငန်းတာဝန်များ၊ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့် အထွေထွေ ကဏ္ဍများပါဝင်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ရာတွင် ပြည်ပနိုင်ငံ အကူအညီယူ၍ တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရဘဲ ကိုယ်ပိုင်ကျောင်း တည်ထောင်လုပ်ကိုင်လိုသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ကြောင်း ကိုယ်ပိုင်ကျောင်းဥပဒေတွင် ဖော်ပြပါရှိသည်။

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လျှောက်ထားရာတွင် ကိုယ်ပိုင်ကျောင်း ဥပဒေသတ်မှတ်ချက်များနှင့် ပြည့်စုံရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့) ပြည်နယ် ပညာရေးမှူးထံသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

၎င်း ကိုယ်ပိုင်ကျောင်း ဥပဒေတွင် ဖော်ပြပါရှိသည့် ကျုရှင်ဆရာများအတွက် အဓိကအခက်အခဲမှာ ပြည်တွင်း(သို့) ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်၊ ကောလိပ်(သို့) အခြေခံပညာကျောင်းတွင် ဆရာအဖြစ်ဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာပြဆရာအဖြစ် သင်ကြားမှု အတွေ့အကြုံ အနည်းဆုံး ငါးနှစ်ရှိရမည်ပာူသည့်အချက်ပင်ဖြစ်သည်။

ကိုယ်ပိုင်ကျောင်းဥပဒေနှင့် ပတ်သက်၍ ကျုရှင်ဆရာတစ်ဦးမှ “နိုင်ငံတော်က ခွင့်ပြုထားတဲ့ စာသင်သက်အတွေ့အကြုံ ငါးနှစ် ရှိရမယ်ဆိုတာ ကျွန်တော်တို့ အတွက်ကတော့ အဓိကအခက်အခဲတစ်ခုပဲ။ နိုင်ငံတော်က ဒါလေးကို နည်းနည်းပြင်စေချင်တယ်” ပာု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းကိုယ်ပိုင်ကျောင်းများ၌ သင်ကြားရမည့် ဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး(သို့) ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ပောာပြောခြင်း(သို့) ပို့ချခြင်း မပြုစေရပာု ကိုယ်ပိုင်ကျောင်း ဥပဒေတွင် ဖော်ပြပါရှိသည်။

YC

***************************************************************************************************

အထပ်မြင့် အဆောက်အအုံ စံသတ်မှတ်ချက်မူကြမ်းအား ၂၀၁၃ အပြီးသတ် ရေးဆွဲ မည်

မြန်မာနိုင်ငံအတွင်း အထပ်မြင့်အိမ်ရာ အဆောက်အအုံများ တည်ဆောက်အသုံးပြုနိုင်ရန် လိုက်နာရမည့် စံသတ်မှတ်ချက် (Myanmar National Buliding Code) အား ၂၀၁၃ ဧပြီလတွင် အပြီးသတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်း တည်ဆောက်လျက်ရှိသည့် အထပ်မြင့်အဆောက်အအုံများတွင် အသုံးပြုမည့်ပစ္စည်း၊ အဆောက်အအုံ ပိုင်ဆိုင်ရာဝန်ဆောင်မှု၊ ဗိသုကာပညာရပ်၊ ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှုပိုင်းဆိုင်ရာများနှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည် ရှိစေမည့် အဆောက်အအုံများ ဖြစ်နိုင်စေရန် ရည်ရွယ်၍ စံသတ်မှတ်ချက် (Myanmar National Buliding Code) အား ရေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ရေးဆွဲလျက်ရှိသည့် စံသတ်မှတ်ချက် (Myanmar National Buliding Code) သည် နောင်နှစ်ပေါင်းများစွာတိုင် မြန်မာနိုင်ငံအတွင်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးဝင်နေမည်ဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာ ပညာရှင်အသင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ နည်းပညာတက္ကသိုလ်များမှ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်၍ ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

ယခင် မြန်မာနိုင်ငံမှ အသုံးပြုခဲ့သည့် အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ စံသတ်မှတ်ချက် (Myanmar National Buliding Code) များမှာ မြန်မာနိုင်ငံ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်မပာုတ်ဘဲ နိုင်ငံတကာမှ စံသတ်မှတ်ချက်များသာဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များကြောင့် အဆောက်အအုံပြိုကျပျက်စီးမှုနှင့် ၎င်း ပြိုကျပျက်စီးမှုများမှ တစ်ဆင့် လူသေဆုံးမှုများ များပြားခဲ့သည့်အတွက် အဆောက်အအုံ ဆောက်လုပ်မှု စံသတ်မှတ်ချက် ရေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။

Ref:Envoy

 ***************************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ ပူးပေါင်းမည်

လွှတ်တော်တွင်းလစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMRDP) တို့ ပူးပေါင်း၍ ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသားဒီမိုကရေစီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲကို အယုံအကြည်မရှိ သပိတ်မှောက်၍ မှတ်ပုံတင် ယှဉ်ပြိုင်ခြင်း မရှိခဲ့သော်လည်း နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီမှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ချခဲ့သည့်အတွက် ယခုကဲ့သို့ တရားဝင်နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသားဒီမိုကရေစီပါတီအနေဖြင့် ယခု မှတ်ပုံတင်ပြန်လည်လျှောက်ထားပါက မွန်ပြည်နယ်တွင် အဖွဲ့နှစ်ဖွဲ့ ဖြစ်သွားနိုင်သည်ကို မလိုလား၍ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ပူးပေါင်း၍ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာနေသူတစ်ဦးက “အခုလို ဒီမိုကရက်တစ်ပါတီတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာတွေကို ကြိုဆိုပါတယ်။ အဓိကတော့ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ အများအပြား ရှိနေဖို့ပဲလိုတယ်။ ပြည်သူတွေကလည်း ခိုင်းကောင်းမယ့် ကိုယ်စားလှယ်လောင်းတွေကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ လိုပါတယ်” ပာု ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ရှိအချိန်၌ လွှတ်တော်တွင်းလစ်လပ်နေရာဖြည့်တင်းမည့် ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်မည့် ရက်ကို အတိအကျကြေညာထားခြင်းမရှိသေးသော်လည်း နောက်သုံးလထိတိုင် ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်ဦးမည်မပာုတ်ကြောင်း သိရသည်။

Ref: The Voice

***************************************************************************************************

 တရုတ်-မြန်မာ နှစ်နိုင်ငံ တပ်မတော်ပူးပေါင်းဆောင်ရွက်မည်

အစိုးရသစ်လက်ထက်မှ စတင်၍ တရုတ်-မြန်မာ ကာကွယ်ရေးတပ်မတော် ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guang Xi Zhang ပြည်နယ် Nanning မြို့ သို့သွားရောက်ပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်နှင့် တွေ့ဆုံကာ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် နှစ်နိုင်ငံ တပ်တော် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ သွားရောက်၍ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံနှင့် ရေပိုင်နက်ပြဿနာအငြင်းပွားမှုဖြစ်ပွားလျက်ရှိသော ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတ နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ဗီယက်နမ်နိုင်ငံရှိ စစ်တကောင်း တပ်မမှူးနှင့် တွေ့ဆုံ၍ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်မတော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guang Xi Zhang ပြည်နယ် Nanning မြို့မှ နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။

Ref: The Voice

***************************************************************************************************

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဖွဲ့စည်းပုံအခြေခံပုဒ်မ ၃၀၁ ကို ကြည့်ရင် အာဏာပိုင်အဆင့် တရားသူကြီးတွေသက်တမ်းကို နှစ် ၂၀ တောင် ပေးထားတာတွေ့နိုင်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ တတိယမဏ္ဍိုင်တရားစီရင်ရေးက အာဏာပိုင်တွေက သူတို့အာဏာကို နှစ်ပေါင်းရှည်ကြာရယူမဲ့ သဘောဖြစ်နေလို့ ကျွန်တော်တို့ တိုင်းပြည်လို ကာလအတော်ကြာ ယိုင်နဲ့ခဲ့တဲ့ တရားစီရင်ရေး မဏ္ဍိုင်အတွက်ဆိုရင် ဒီမိုကရေစီဖော်ဆောင်ရာမှာ အခက်အခဲရှိနိုင်မှာ ဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကအာဏာပိုင်တွေတောင် ဒီမိုကရေစီနည်းကျကျ အာဏာကို အကြာကြီးမယူထားပဲ ငါးနှစ်တစ်ခါ လဲမှာဖြစ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၆ တရားစီရင်ရေးအခန်းပါ ဒီအချက်တွေနဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေမှာလည်း တရားသူကြီးတွေ သက်တမ်းနဲ့ ပတ်သက်လို့ ဒီလိုပဲပြဋ္ဌာန်းထားလို့ပါ”

ဒီဇင်ဘာ ၇ ထုတ် Weekly ELEVEN အတွဲ (၇) အမှတ် (၁၀) တွင်ပါသည့် “လက်ရှိတရားစီရင်ရေးစနစ်ဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရန် ခက်ခဲနိုင်” သတင်းဆောင်းပါးမှ အထက်တန်းရှေ့နေ့တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

“ဒို့မှန်တယ်၊ ဒို့မှာအားရှိတယ်၊ ဒို့နိုင်ခဲ့တယ်၊ ဒို့နိုင်ဦးမှာပဲလို့ စိတ်ကြီးဝင် အထင်ကြီးနေရင် အခုနဲ့ နောင်အနာဂတ်မှာပါတီအတွက် ကောင်းမွန်တဲ့ ရလဒ်တွေ ရနိုင်ဖို့ ခဲယဉ်းပါတယ်။ တကယ်လို့ အတိတ်ကလွဲမှားမှုတွေ ရှိခဲ့ ရင် ဒါတွေကိုလေ့လာရမှာဖြစ်ပါတယ်”

ဒီဇင်ဘာ ၅ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၉) တွင်ပါသည့် “ပြည်သူများအားအနိုင်အထက်ပြု ကျင့်သော ပါတီဝင်များ ပါတီတွင်း၌ နေရာရရှိလိမ့်မည်မဟုတ်ဟုသူရဦးရွှေမန်းပြောကြား” သတင်းမှ ကောက်နှုတ်ချက်

***************************************************************************************

“တိုင်းရင်းသား လုပ်ငန်ုးရှင်တွေရဲ့ အကျိုးကိုကာကွယ်ပေးတဲ့ဥပဒေရှိတယ်။ တရုတ်တွေ အရင်ကဒီမှာ မြန်မာအမည်နဲ့ စက်ရုံထောင်တယ်။ ဒါဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့အညီဘူး။ ပြည်ပကဝင်လာပြီးဒီမှာကုန် ထုတ်တယ်။ ဒေါ်လာတွေ အပြင်ကသွင်းတယ်။ ဒီကိစ္စတွေကြောင့် ဗီယက်နမ်မှာလည်း စက်ရုံ ၃၀ လောက် ပိတ်သိမ်းခဲ့ရတယ်။ ထိုင်းမှာလည်းတရုတ်တွေ ကြီးစိုးနေတယ်။ ဒါတွေမဖြစ်အောင် အစိုးရရဲ့ လုပ်ငန်းရှင်တွေ သတိထားဖို့လိုတယ်”

ဒီဇင်ဘာ ၅ ထုတ် The Messenger အတွဲ (၂) အမှတ် (၂၉) တွင်ပါသည့် “နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများအားယှဉ်ပြိုင်နိုင်ရန် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအဖက်ဖကှ် ကြိုတင်ပြင်ဆင်ထားရန်လို” သတင်းမှ စီးပွားရေးနှင့်ဥပဒေအကြံပေးဦးတင်သန်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဆက်ဆံရေးအသစ်၏ ခရီးအစ

              *****************************************************************************

ဆောင်းပါးကဏ္ဍ

ဆက်ဆံရေးအသစ်၏ ခရီးအစ

ကိုယ်ကျိုးစီးပွားနှင့် တန်ဖိုး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟေလာရီကလင်တန်၏ နှစ်ရက်ကြာ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်သည် ကမ္ဘာအင်အားကြီး နိုင်ငံတစ်ခုမှ ဒီမိုကရေစီအသွင်ကူးပြောင်းကာစနိုင်ငံငယ်လေးသို့ အကူးအပြောင်းကာလတွင် အဆင်ပြေချောမွေ့စေရန် မည်သို့ထောက်ပံ့ ကူညီရမည်နည်း ဟူ၍ လာရောက်လေ့လာသည့်သဘောပင်ဖြစ်သည်။ အမေရိကန်တို့သည် လစ်ဘရယ်ဒီမိုကရေစီနှင့် အရှင်းရှင်စနစ် တကမ္ဘာလုံး အပြည့်အဝ ကျင့်သုံးရေးကို ၎င်းတို့၏ အဂ္ဂဗျူဟာအဖြစ် သတ်မှတ်ထားကြသည်။ အမေရိကန်နိုင်ငံခြားရေးမူဝါဒအပိုင်းတွင် မူဝါဒချ မှတ်သူများအကြား၊ ပညာရှင်များအကြား အမြဲတမ်းလိုလို ငြင်းခုံနေရသည့်အချက်မှာကိုယ်ကျိုးစီးပွားကိစ္စ (National Interest) နှင့် တန်ဖိုးကိစ္စ (Value) တို့ဖြစ်သည်။

အမျိုးသားအကျိုးစီးပွားကို ကြည့်လွန်းလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ ချိုးဖောက်လည်း “သံ” အဆက်အသွယ်မပြတ်ရှိနေမှာဖြစ်သည်။ (ဥပမာယခင် မူရှာရတ်လက်ထက် ပါကစ္စတန်) အမျိုးသားအကျိုးစီးပွားနည်းပြီးဒီမိုကရေစီနှင့် လူ့အခွင့်အရေးများလည်းချိုးဖောက်သည့် နိုင်ငံများနှင့် ဆက်ဆံသည့်အခါမှာတော့ အမေရိကန်မှာတင်းတင်းမာမာဆက်ဆံခဲ့ချည်တည်းဖြစ်သည်။ အမေရိကန်သည် အမျိုးသားအကျိုးစီးပွားရော၊ တန်ဖိုးကိစ္စရော တစ်ထပ်တည်းကျအဆင်ပြေသည့် နိုင်ငံများနှင့် ဆက်ဆံသည့်အခါမှာတော့ ထိထိရောက်ရောက်အကူအညီများပေးလေ့ရှိပါသည်။

အမေရိကန်လွန်ကမ္ဘာ

မြန်မာနိုင်ငံသည် ယခင်တပ်မတော်အစိုးရလက်ထက် တစ်လျှောက်လုံးအမေရိကန်၏ အကျိုးစီးပွားများနှင့် ဆက်စပ်မှုနည်းပါးသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါသည်။ စစ်အေးခေတ်ကာလတုန်းကတော့ မြန်မာနိုင်ငံမှာအမေရိကန်၏ အာရှတိုက် ကွန်မြူနစ်မဖြစ်သွားရေး စီမံကိန်းကြီးတွင် ပါဝင်ခဲ့သည့်အတွက် အာဏာပိုင် ဆိုရှယ်လစ်နိုင်ငံဖြစ်နေသော်လည်း အကူအညီများပေးခဲ့ခြင်းမျိုး ရှိပါသည်။ ယခုအခါတွင်တော့ BRIC ဟုအမည်တွင်သော ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံများ စီးပွားရေးအင်အား တက်လာခြင်းနှင့် အတူကမ္ဘာ့အင်အား ချိန်ခွင်လျှာမှာလည်း အနောက်မှ အရှေ့သို့ ရွေ့လျားလျက်ရှိပါသည်။ တိုင်းမ် မဂ္ဂဇင်း၏ အယ်ဒီတာဇာခါရီ၏ အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်သော The Post American World ( အမေရိကန်လွန်ကမ္ဘာ) စာအုပ်တွင် အမေရိကန်နိုင်ငံမှ အခြားအင်အားကြီးနိုင်ငံများဖြစ်သောတရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် မည်သို့ သင့်မြတ်အောင် ဆက်ဆံသင့်သည်ကို သုံးသပ်အကြံပေးတင်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။ ထို့အပြင် သုတေသနဖောင်ဒေးရှင်အသီးသီးမှ ထုတ်ဝေသော စာတမ်းများတွင်လည်း နောင်လာမည့် ရာစုမှ အာရှရာစုဖြစ်မည်ဟုသုံးသပ်ချက်များလည်းအလျှံပယ်ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒကိုပုံဖော်နေသည့် အင်အားစုများတွင် သြဇာကြီးသော Neo-cons များ၏ သမ္မတဘုရှ်လက်ထက် တွင် တင်သွင်းသည့် စာတမ်းတွင်လည်း အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းထက် တောင်အာရှနှင့် အရှေ့တောင်အာရှကိုပိုမိုအာရုံစိုက်ဖို့လိုကြားအကြံပေးတင်ပြခဲ့သည်။

ပြုပြင်စရာများကျန်ရှိနေပါသေးသည်

ယခုအခါတွင်တော့ အမေရိကန်အစိုးရအနေဖြင့် နဂိုအိုင်ဒီယာရှိပြီးသား အာရှဒေသလွှမ်းမိုးရေးကို စနစ်တကျ အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ ထိုသို့ ကမ္ဘာနိုင်ငံရေးအပြောင်းအလဲနှင့် မြန်မာနိုင်ငံရေးအပြောင်းအလဲမှာတိုက်ဆိုင်လာသည့်အချိန်အခါမျိုးတွင် “သံ” အဆက်အသွယ် နှစ်ငါးဆယ်လောက် ပြတ်ခဲ့သည့် နိုင်ငံတစ်ခု၏ အကြီးဆုံးအဆင့် သံတမန်တစ်ရောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဖြစ်ရပ်မျိုးပေါ် ပေါက်လာခဲ့ခြင်း ဖြစ်သည်။ မြန်မာခေါင်းဆောင်များသည်လည်းထိုကဲ့သို့ အခွင့်အရေးမျိုးကိုပိုင်ပိုင်နိုင်နိုင် အသုံးချသည့်အနေဖြင့် ပြည်တွင်းအခြေအနေများနှင့် ရှည်လျားသည့် တင်ပြချက်များပြုလုပ်သွားခဲ့သည်။ စာရေးသူအနေဖြင့်မူအမေရိကန်၏ secretary  of state လာရောက်သည့် ခရီးစဉ်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကိုအသိအမှတ်ပြုသည့် သဘောအပါအဝင် နောင်နှစ်နိုင်ငံဆက်ဆံရေး၏ အစခရီးလိုပင် သဘောထားပါသည်။ ထိုကဲ့သို့ လာရောက်ခဲ့ခြင်းအတွက် အမေရိကန်မှ မြန်မာနိုင်ငံအပေါ်ထားရှိသော သဘောထားများ လုံးလုံးလျားလျားကြီး ပျောက်ကွယ်သွားမည်ဟု မမျှော်လင့်သလို ဖွံ့ဖြိုးရေး အကူအညီများလည်း တစ်လုံးတစ်ခဲတည်း ဝင်ရောက်လာမည်ဟု မထင်ပါ။ သို့သော် အမေရိကန်အနေဖြင့် ဒီမိုကရေစီစနစ် ကိုကျင့်သုံးမရှိခဲ့သည်မှာ ကြာပြီဖြစ်သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီကျင့်သုံးမှု လစ်ဘရယ်မဖြစ်ခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ကိုလိုနီဆရာကြီး အထာနှင့် ယိုးမယ်ဖွဲ့ပြောဆိုနေမှုမျိုးတော့ လျော့နည်းသွားကောင်းသွားနိုင်သည်ဟုသုံးသပ်ရပါသည်။ မြန်မာနိုင်ငံလိုထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ နှစ်ပေါင်းများစွာမလုပ်ခဲ့သည့် နိုင်ငံတစ်နိုင်ငံမှာလုပ်စရာအိမ်စာများအများအပြားကျန်ရှိနေဦးမည်သာဖြစ်ပါသည်။ သို့သော် တစ်နှစ်သား အရပ်သား တစ်ပိုင်းအစိုးရ၏ ဆောင်ရွက်ချက်များပင်လျှင် နိုင်ငံတကာ၏ အာရုံစိုက်မှုခံခဲ့ရသည့် နိုင်ငံအနေဖြင့် နောက်ကြောင်း ပြန်မလှည့်သည့် ပြုပြင်ပြောင်းလဲမှုများကိုရှေ့တိုးအကောင်အထည်ဖော်ဆောင် ရွက်သွားနိုင်ပါကအမေရိကန်မှလည်းယင်းတို့၏ ပိတ်ဆို့ရေးမူဝါဒ (Sanction Policy) ကိုအသေအချာလေ့ လာဆန်းစစ်ဖို့ကောင်းပါသည်။

လူမှုစီးပွားရေးဘဝဖွံ့ဖြိုးမှသာလျှင်

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးမူဝါဒများကို ကြည့်ပါကလွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင် ရရှိခြင်းငှာမစွမ်းနိုင်သည့် နိုင်ငံရေးအင်အားစုများ ညီညွတ်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းသဘောတူစာချုပ် ချုပ်ဆိုခြင်းအစရှိသည့် အပေါင်းလက္ခဏာဆောင်သည့် နိုင်ငံရေးဖြစ်ထွန်းမှုများ တွေ့မြင်နေရသည်။ ထိုနိုင်ငံရေးညီညွတ်မှု၏ အဆုံးသတ်ရလဒ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရယူနိုင်ရေးဖြစ်ပါသည်။ အမေရိကန်မှ ယခုကဲ့သို့ “သံ” အဆက်အသွယ်ပြုလုပ်လိုက်ခြင်းသည် မြန်မာနိုင်ငံသို့လာရောက် ရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းများအတွက် ယုံကြည်မှုကိုပိုမို မြင့်မားလာစေသည့် ရလဒ်သည်ပင် မြန်မာနိုင်ငံ၏ အကျိုးအမြတ်ပေ ဖြစ်သည်။ အမေရိကန်အနေဖြင့်လည်း ၎င်းတို့ အကျိုးစီးပွားအတွက် မဟာဗျူဟာကျသည့် နေရာလည်းဖြစ်၊ ယင်းတို့ အဂ္ဂဗျူဟာဖြစ်သောဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တစ်ဆင့်ချင်း အကောင်အထည် ဖော်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးအရချွတ်ခြုံကျနေမှုကို ထိထိရောက်ရောက် အကူအညီပေးနိုင်မှသာလျှင် ယင်းတို့၏ အကျိုးစီးပွားနှင့် တန်ဖိုးရေးရာကိစ္စများလည်း ဖြစ်မြောက်အောင်မြင်နိုင်မည်ဖြစ်သည်။

************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs