Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၅.၁၂.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. အစကောင်းနေသော်လည်း လုပ်စရာများစွာကျန်သေး

(Bangkok Post မှ 5 Dec 2011 ရက်စွဲပါ “Good Start, but much left to do” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

  1. အာရှတွင် အမေရိကန် တွန်းဝင်လာမှု တရုတ်မနှစ်သက်

(4 Dec 2011 ရက်စွဲပါ Global Post မှ Kathleen E.Mc Laughim ရေးသားသော China indignant over US push in Asia ကို ဘာသာ ပြန်ဆိုသည်။)

*****************************************************************************

အစကောင်းနေသော်လည်း လုပ်စရာများစွာကျန်သေး

(Bangkok Post မှ 5 Dec 2011 ရက်စွဲပါ “Good Start, but much left to do” ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

              မြန်မာနိုင်ငံ၏ လက်ရှိအနေအထားက “လုပ်စရာများသလောက် အချိန်က နည်းလိုက်တာ” ပာူသော ရှေးစကားကို သတိရစေပါသည်။ ပြီးခဲ့သော သီတင်းပတ်သည် ထိုင်းတို့၏ အနောက်ဖက်အိမ်နီးချင်း(မြန်မာနိုင်ငံ)အတွက် အမှန်တကယ်ကို ထူးခြားသော သီတင်းပတ်တစ်ခုဖြစ်ခဲ့ပြီး ဖန်ခွက်တွင် ရေတစ်ဝက် ပြည့်လာခဲ့လေသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် ရောက်ရှိလာခဲ့သည်။ အားလုံးပြုံးရွှင်နေကြပြီး သမ္မတဘားရက် အိုဘားမားထံမှ အားပေးစာတစ်စောင် ပါလာသည်။ သတ်တမ်းကြာ နိုင်ငံရေးအကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီအနာဂါတ် အတွက် အားတက်စရာ လက္ခဏာများ ရှိနေပြီပာု ပြောကြားခဲ့သည်။

                သမ္မတ ဦးသိန်းစိန်ကလည်း လက်တွေ့ပါသည့် ကတိများပေးကာ လူအများ စုဝေးခွင့်ပြုမည့် ဥပဒေသစ်ကိုပင် လက်မှတ်ထိုးလိုက်ပြီဖြစ်ပြီး နိုင်ငံ အရှေ့မြောက်ပိုင်းမှ ရှမ်းပြည်နယ်တပ်မတော်နှင့်လည်း အပစ်အခတ်ရပ်ဆိုင်းလိုက်သည်။ တစ်စုံတစ်ယောက်ကမူ ၄၉ နှစ်ကြာ အိပ်မက်ဆိုးကနေ ရုန်းထွက်တဲ့ တိုက်ပွဲမှာ မြန်မာတွေ အောင်မြင်ပါစေပာု ဆန္ဒပြုသည်။ အတိတ်တွေ၊ နိမိတ်တွေက တကယ်ပင် ကောင်းနေသည်။

                သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် သူ့ကိုယ်သူ ဒီမိုကရေစီနိုင်ငံပာု စိတ်ချလက်ချ သတ်မှတ်ခြင်း မပြုမှီ လုပ်စရာတွေများစွာ ကျန်နေပေသည်။ အာဆီယံထဲမှ အဖွဲ့ဝင်နိုင်ငံများကို လိုက်မှီရန်အတွက် အချိန်ယူရမည်ဖြစ်သည့်အပြင် ကြီးကြီးမားမား အားစိုက်ကြိုးပမ်းရလိမ့်မည်။ သို့သော် အချက် တော်တော် များများကို သုံးသပ်ကြည့်ပါက တခဏ အတောအတွင်းမှာပင် မြန်မာနိုင်ငံမှ ဖြစ်ရပ်များသည် နောက်ပြန် မလိမ့်နိုင်သော အရှိန်အပာုန်ကို ရနေပြီပာု ဆိုနိုင်ပါသည်။ အင်ဒိုနီးရှားတို့ လုပ်ပြခဲ့ပြီးပြီဖြစ်၍ မြန်မာတို့ မလုပ်နိုင်စရာ အကြောင်းမရှိပါ။ မလုပ်ရသေးခြင်းသာ ဖြစ်သည်။

                ဂုဏ်ပြုကြိုဆိုထိုက်သည့် “ဆန္ဒပြခွင့် ဥပဒေသစ်” ၏ အသေးစိတ် စည်းကမ်းများသည် နောက်တစ်လှမ်းဆုတ်၍ ရှေ့နှစ်လှမ်းတိုးသည့် အကောင်းဆုံး ဥပမာ ဖြစ်လေသည်။ ပြီးခဲ့သော စနေနေ့က သမ္မတကြီးလက်မှတ်ထိုး ထုတ်ပြန်သော ဥပဒေသည် မြန်မာပြည်သူတွေ အဖွဲ့လိုက် စုဝေးနိုင် အောင် တရားဝင်ခွင့်ပြုပေးခြင်း ဖြစ်ပြီး လူ့အုပ်စုအဖွဲ့အစည်းကို အနှောင့်အယှက် ပေးနေသည့်အရာများကိုပင် ဆန့်ကျင် ပြောဆိုခွင့် ရကြတော့မည်။

                အစိုးရကသာ ခွင့်ပြုလျှင် တကယ်ဆန္ဒပြနိုင်ကြပြီ။ ယင်းဥပဒေအရ ဆန္ဒပြအဖွဲ့၏ တရားဝင်ရွေးချယ်ထားသော ခေါင်းဆောင်များအနေဖြင့် လွတ်လပ်စွာ ဆန္ဒမပြမီ ၅ ရက် ကြိုတင်၍ ခွင့်ပြုမိန့်လျှောက်ထားရမည်ပာု ဆိုသည်။ ချီတက်ပွဲပြုလုပ်မည့် နေရာနှင့် အချိန်၊ နဖူးစည်းစာတမ်း၊ စကားလုံး များ၊ ပောာပြောမည့်စကားလုံးများကိုပါ တင်ပြရမည်ပာု ဆိုသည်။ ဆန္ဒပြပွဲ၏ ကြွေးကြော်သံများကိုလည်း တင်ပြရမည်။ တစ်နည်းအားဖြင့် ဆန္ဒပြပွဲ၏ ရည်ရွယ် ချက်ကို ရှင်းလင်းစွာ ဖော်ပြရမည်။ စာရွက်စာတမ်းပြည့်စုံပါက ချီတက်ပွဲကို အာဏာပိုင်များက ခွင့်ပြုမိန့်လိုင်စင် ပေးလိမ့်မည်။ ခွင့်ပြုမိန့်မရသော မည်သည့်ဆန္ဒပြမှုမဆို ထောင်ဒဏ် ၂ နှစ် အပြစ်ပေးမည်ပာု ဆိုသည်။ တစ်ဖက်ကကြည့်လျှင် ရှေ့တစ်လှမ်းတိုးသွားသော်လည်း အခြားတစ်ဖက်တွင် ခွင့်ပြုမိန့် မရသော ဆန္ဒပြသူများကို ရိုက်နှက်ထောင်ချဦးမည်ဖြစ်ရာ လွန်ခဲ့သောလအနည်းငယ် (သို့) လွန်ခဲ့သော တစ်နှစ်ခန့်နှင့် ခြားနားမှုမရှိပါ။

                အထက်ပါ အကြောင်းအရာများသည် သမ္မတဦးသိန်းစိန်က မစ္စစ်ကလင်တန်ကိုတင်ပြသော ပြုပြင်ပြောင်းလဲမှုအစီအစဉ်များဖြစ်သည်။ သူမက လည်း မှန်မှန်ကန်ကန် အသိအမှတ်ပြုကာ အချိန်က သက်သေပြလိမ့်မည်ပာု ပြောကြားခဲ့သည်။ သူမက ယခု မြန်မာနိုင်ငံ၏ ချီတက်ဆဲ ဒီမိုကရေစီသည် ယခင် ရက်စက်ကြမ်းတမ်းသော အာဏာရှင်အုပ်ချုပ်မှုနှင့် များစွာကွာခြားသွားသည်ကို အသိအမှတ်ပြုရလိမ့်မည်ပာု ရှင်းရှင်းလင်းလင်းမှန်မှန်ကန်ကန် မှတ်ချက်ပေးသည်။

                မုလက တိုးတက်ဖွံ့ဖြိုးဆဲ၊ အောင်မြင်နေဆဲ နိုင်ငံကို မြန်မာအာဏာပိုင်များက ၄၉ နှစ်ကြာ ‘ တခါတရံ သွေးစွန်း၍ အမြဲတမ်းရက်စက်ကြမ်းကြုပ် သော’ စစ်အုပ်ချုပ်ရေးကာလအတွင်း ထိတ်လန့်တက်သော၊ စုတ်ပြတ်သွားသော နိုင်ငံတစ်ခုဖြစ်အောင် ပြောင်းလဲပစ်ခဲ့ကြသည်။ ထိုသို့သော တိုင်းပြည် မျိုးတွင် သွားရမည့် ခရီးရှည်လျားကာ လုပ်စရာတွေ တပုံတပင် ရှိနေသည်ကို သမ္မတဦးသိန်းစိန် ကလည်း နားလည်သိရှိပုံရသည်။ သမ္မတကြီးအနေဖြင့် နိုင်ငံရေး ပြောင်းလဲမှုလုပ်ရုံမျှ၊ ဒေါ်အောင်ဆန်းစုကြည်ကို လက်ကမ်းရုံမျှ သာ မကပဲ နိုင်ငံရေးအကျဉ်းသားခန့်မှန်းခြေ ၁၅၀၀ ခန့်ကိုပါ လွှတ်ပေးရ လိမ့်မည်။

                ထို့အပြင် ဒေသတွင်း အကြီးဆုံး မူးယစ်ဆေးဝါး စီးပွားရေးကိုလည်း ရလာဒ်ကောင်းထွက်လာအောင် တိုက်ဖျက်ရဦးမည်။ တိုင်းရင်းသားများကို ထိုးစစ်ဆင်နေသော တိုက်ပွဲများကိုလည်း ရပ်ဆိုင်းရဦးမည်။

                ထိုင်းအစိုးရသည် မြန်မာနိုင်ငံ ကိစ္စတွင် စီးပွားရေးအကြောင်းရင်းများကို ဦးစားပေးခြင်းကြောင့် တိုင်းပြည်သူတို့၏ ခံစားချက်များ၊ သဘောထား များနှင့် မကြာခဏ ဆန့်ကျင်ဖက်ဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်သူများက တစ်လျှောက်လုံးပင်ချစ်ခင်လေးစားခဲ့ကြသည်။ မြန်မာပြည် သူများ၏ ဒီမိုကရေစီ တိုက်ပွဲရှည်ကိုလည်း နားလည်စာနာခဲ့ကြသည်။ အကယ်၍သာ ငြိမ်းချမ်းသော အသွင်ကူးပြောင်းမှုမှတဆင့် ဒီမိုကရေစီနှင့် လွတ်လပ် ခွင့်ကို မြန်မာတို့ ရရှိသွားပါက ထူးခြားပြောင်မြောက်သော အောင်ပွဲဇာတ်လမ်းတစ်ပုဒ်ဖြစ်လာလိမ့်မည်။

                ခိုင်မာ ယုံကြည်စွာ မျှော်လင့်ထားရမည့်အချက်တစ်ခုမှ ဤတစ်ကြိမ်သည် လွတ်လပ်သော မြန်မာနိုင်ငံဖြစ်လာရေးအတွက် အောင်မြင်သော တိုက်ပွဲ ၏ ပထမအချီဖွင့်ပွဲ ပင်ဖြစ်ပါကြောင်း။

********************************************************************************************************

အာရှတွင် အမေရိကန် တွန်းဝင်လာမှု တရုတ်မနှစ်သက်

(4 Dec 2011 ရက်စွဲပါ Global Post မှ Kathleen E.Mc Laughim ရေးသားသော China indignant over US push in Asia ကို ဘာသာ ပြန်ဆိုသည်။)

              အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာ စားသုံး နေချိန်တွင် တရုတ်နိုင်ငံမှ တာဝန်ရှိသူအများစုသည် အမေရိကန်၏ လတ်တလော အာရှတွင် သြဇာလွှမ်မိုးရေး ပြန်လည်တွန်းအားပေးလာမှုကို စိုးရိမ်လျက် ရှိသည်။

                ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သမ္မတ Obama သည် အာရှတွင် အမေရိကန်၏ ပါဝါ ပိုမိုလာစေရေး ဖိအားမြှင့်တင်ခဲ့ပြီး တရုတ်နှင့် ၎င်း၏ ဒေသတွင်း ကြီးထွားလာသော ပါဝါအတွက် စိတ်မသက်မသာ ဖြစ်သော သဘောထားကို ပြသခဲ့သည်။

                Obama က ပို၍ စိတ်ဆိုးသော သဘောထားကို စတင်ပြသခဲ့ရာ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ထိပ်သီးအစည်း အဝေးတွင် နိုဝင်ဘာလလယ်က တရုတ်အား ကမ္ဘာတစ်ခုလုံးနှင့် ကုန်သွယ်မှုအရ ဆက်ဆံရာတွင် လူကြီးတစ်ယောက်ကဲ့သို့ ပြုမူကျင့်ကြံရန် ပြောကြားခဲ့ သည်။ ထို့နောက် များမကြာမီတွင် သမ္မတသည် ကြေညာချက်တစ်ခု ထုတ်ပြခဲ့ရာ အမေရိကန်သည် သြစတြေးလျတွင် အမေရိကန်တပ်များ ချထားမည်ပာု ဆိုသည်။ တရုတ်၏ ဒေသတွင်း သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ချိန်ခွင်လျှာ ညှိရန်ဖြစ်သည်။

                ယခုအပတ်တွင် တရုတ်စစ်တပ်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက သတိပေးပြောကြားရာတွင် သြစတြေးလျတွင် တပ်များချထားခြင်းနှင့် အာရှတွင် အမေရိကန်စစ်တပ်၏ နီးကပ်သော ဆက်ဆံရေးများ ပြုလုပ်လာခြင်းသည် စစ်အေးကာလစိတ်ဓာတ်(cold war mantality)ကို ပြသနေခြင်းဖြစ်သည်ပာု ဆိုသည်။

                “စစ်ရေးအရ မပာာမိတ်ပြုတယ်ဆိုတာ သမိုင်းထဲမှာ ကျန်ခဲ့ပါပြီ။ စစ်ရေးမပာာမိတ်ပြုခြင်းကို အားကောင်းရေး၊ တိုးချဲ့ရေးပာာ စစ်အေးကာလ စိတ်ဓာတ်ကို ဖော်ပြတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ပာု တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Yansheng က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

                “ဒီလုပ်ရပ်ပာာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စိတ်ဓာတ်ကို ထိန်းသိမ်းတာ မပာုတ်ပါဘူး။ ဒေသတွင်း တိုင်းပြည် တွေ ကြားမှာ ယုံကြည်မှုတည်ဆောက်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိုလည်း အထောက်အကူမပြုပါဘူး။ နောက်ဆုံး သက်ဆိုင်တဲ့သူတွေရဲ့ ဘုံအကျိုး စီးပွားကို ထိခိုက်စေမှာ ဖြစ်ပါတယ်” ပာု Geng က ပြောသည်။

                ယခု ကလင်တန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး၊ နှစ်ပေါင်း ငါးဆယ်အတွင်း နိုင်ငံအရေးအရ အပယ်ခံနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် ပထမဦးဆုံးခရီးစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ကလင်တန်၏ ခရီးစဉ်သည် ပိုမိုလမ်းပွင့်လာစေရေးအတွက် အခြေခံအုတ်မြစ်အသစ် အဖြစ် မှတ်တမ်းဝင်ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း တရုတ်အပြင် မပာာမိတ်များ ရှာဖွေလျက်ရှိသည်ဆိုသည်ကို အချက်ပြလိုက်ခြင်း ဖြစ်သည်။

                ကလင်တန်သည် သူမ၏ ခရီးစဉ်ပြီးကာနီးတွင် ကြေညာခဲ့ရာ၌ အမေရိကန်သည် မြန်မာနိုင်ငံအတွက် အကူအညီတိုးပေးရေးကို ထောက်ခံ မည်ဖြစ်ကြောင်းနှင့် ၁၉၈၈ ခုနှစ်ကတည်းက ပထမဦးဆုံးအကြိမ်အဖြစ် သံအမတ်ကြီး ပြန်လည်ထားရှိရန် စဉ်းစားနေကြောင်း ဆိုခဲ့သည်။

                အမေရိကန်၏ အာရှတွင် တွန်းအားပေးမှုအသစ်တစ်ခုတိုင်းကို တရုတ်သည် တာဝန်ရှိသူများမှ တစ်ဆင့်သော်လည်းကောင်း၊ အစိုးရပိုင်မီဒီယာမှ တစ်ဆင့်သော်လည်းကောင်း မနှစ်သက်သည့် သဘောဖြင့် တုန့်ပြန်ခဲ့ပါသည်။ မြန်မာအစိုးရက တရုတ်၏ ကြီးမားသော ရေအားလျှပ်စစ်စီမံကိန်းအား ရပ်ဆိုင်းလိုက်ပြီး နောက်များမကြာမီပင် ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ရာ Beijing အပေါ် လှုပ်ခတ်သွားစေဦးမှာ အမှန်ပင်ဖြစ်သည်။

                သောကြာနေ့က ရှေးရိုးဆန်သော Global Times သတင်းစာ၏ “ကလင်တန်၏ အကူအညီနှင့် ပတ်သက်သည့် မှားယွင်းသည့် ပြောဆိုမှု” ခေါင်းစဉ်ပါ ခေါင်းကြီးပိုင်းတွင် ကလင်တန်က မြန်မာနိုင်ငံတွင် သယံဇာတများ ရယူရန်သာ စိတ်ဝင်စားသည့် ရင်းနှီးမြှုပ်နံမှုများ လက်ခံရေးကို သတိပေးခဲ့ သောအခါ ကလင်တန်၏ မစ်ရှင်နှင့် ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့သည်။ “ဒီစကားလုံးတွေက မိမိတို့တွေ့နေကျ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမေရိကန်ဆိုတာ ပြသနေတာမပာုတ်ပါဘူး” ပာု သတင်းစာတွင် သရော်သည့် လေသံဖြင့် ပြောကြားခဲ့သည်။

                “တရုတ်ရဲ့ နိုင်ငံခြား အကူအညီမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ရည်မှန်းချက်တွေကတော့ အမေရိကန်ထက်အများကြီး ရိုးသား ပါတယ်” ပာု သတင်းစာက ဆက်ပြောသည်။ “အမေရိကန်ရဲ့ အကူအညီပာာ တစ်ခါတစ်ရံ လက်နက်ပုံစံဖြစ်ပါတယ်။ သူတို့ပာာ ကြမ်တမ်းတဲ့ နိုင်ငံရေး သတိပေးမှု ပါလာတက်ပါတယ်။ သူ့ရဲ့ အကူအညီတွေပာာ နိုင်ငံခြားတိုင်းပြည် လူမှုရေးတွေအတွက် တိုက်ရိုက်အကျိုး ဖြစ်ထွန်းခဲလှပါတယ်” ပာု သတင်းစာတွင် ဖော်ပြထားသေးသည်။

                Obama အစိုးရအနေဖြင့် အာရှတွင်တိုး၍ တွန်းအားပေးလာခြင်းအပေါ် လူတိုင်းက စိတ်ဆိုးကြသည်တော့ မပာုတ်ပါ။ ရှန်ပိာုင်းရှိ Fudan တက္ကသိုလ် အမေရိကန်လေ့လာရေး ဗပိာုဌာန ဒါရိုက်တာ Shen Dingli က ပြောကြားရာတွင် တရုတ်၏ နိုးထလာကြောင့်အမေရိကန်နှင့် တရုတ်ကြား တင်းမာမှု တိုးပွားလာခြင်းမှာ သဘာဝအရ တဖြည်းဖြည်း ဖြစ်လာရခြင်းပာု ရှုမြင်ကြောင်း ဆိုသည်။ ၎င်းက ပြောကြားရာတွင် တရုတ်သည် စီးပွားရေးအရ အားကောင်းစွာ တိုးတက်ကြီးထွားလာခြင်းကြောင်း တိဗက်၊ ရေပိုင်နက်ကိစ္စနှင့် ဒေသတွင်း သြဇာလွှမ်းမိုးရေး ကဲ့သို့သော ကိစ္စရပ်များတွင် နိုင်ငံရေးအရ လွှမ်းမိုးနိုင်အောင် မျှော်လင့်ချက်များ ထားလာသည်ပာု ဆိုသည်။

                “အမေရိကန်နဲ့ တရုတ်က ဘာလို့ ပြဿနာဖြစ်နေသလဲမပြောတက်ဘူး။ ဘာလို့လဲဆိုတော့ ပါဝါချိန်ခွင်လျှာ ပြောင်းသွားပြီလို့ တရုတ်က ယုံကြည် နေပါတယ်။ ကျွန်တော့်အမြင်ပြောရရင် အသစ်လည်း မပာုတ်ဘူး။ ဒီထက် တိုးတက်လာဖို့လဲ မရှိပါဘူး။ ပိုဆိုးသွားမယ့် ဆက်ဆံရေးမပာုတ်ပါဘူး” ပာု Shen ကပြောသည်။

                မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆိုရလျှင် အမေရိကန်၏ သြဇာကြီးထွားလာမှုသည် တရုတ်၏ ကဏ္ဍကို ခြိမ်းခြောက်သည်ပာု တရုတ်အနေဖြင့် မရှုမြင်သင့်ပေ။ မြန်မာနိုင်ငံအား တစ်ခုတည်းသော မပာာမိတ်အဖြစ် သော့ခတ်သိမ်းထားရေးသည် တရုတ်ကွန်မြူနစ်ပါတီ၏ တကယ့်အိုင်ဒီယာနှင့် ကိုက်ညီလိမ့်မည် မပာုတ်ပေ။ ပိုမိုလမ်းပွင့်ပြီး၊ သာတူညီမျှသော လူ့အဖွဲ့အစည်းအတွက် ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံ ကူညီနေမည်သာ ဖြစ်သည်။

                “တရုတ်က စိတ်ဆိုးရမယ်လို့ မဖြစ်သင့်ပါဘူး။ ကွန်မြူနစ် တိုင်းပြည်တစ်ခုအနေနဲ့ သူတို့မှာ မိတ်ဆွေတွေ ပိုရလာတာကို ပိုပြီး ပီတိဖြစ်သင့်ပါ တယ်။ တကယ်လို့ကျွန်တော်တို့ပာာ ကွန်မြူနစ်စစ်စစ်တွေ ဖြစ်မယ်ဆိုရင်၊ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ကြည့်ပြီး ပျော်ရွှင်သင့်ပါတယ်” ပာု Shen က ပြောသည်။

******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment