Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၇.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်

(AFP မှ 6 March 2012 ရက်စွဲပါ Canada's top diplomat to travel to Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ဒွန်မောင်းလေဆိပ် ပြန်ဖွင့်

(BBC News မှ 6 March 2012 ရက်စွဲပါ Bangkok's Don Muang airport reopens after floods ကို ဘာသာ ပြန်ဆိုသည်)

  1. ၂ဝ၁၂-၁၃ ခုနှစ်တွင် မြန်မာကျပ်ငွေနှုန်းရှင်မျှောမည်

(Reuters သတင်းဌာနမှ 6 March 2012 ရက်စွဲပါ Exclusive: Myanmar to float currency in 2012/2013, unify FX rates သတင်း ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

**********************************************************************

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်

(AFP မှ 6 March 2012 ရက်စွဲပါ Canada's top diplomat to travel to Myanmar ကို ဘာသာ ပြန်ဆိုသည်)

ကနေဒါနိုင်ငံခြားရေး ဝန်ကြီး John Baird သည် မနက်ဖြန် (ကြာသပတေးနေ့)တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိမည် ဖြစ်ကြောင်း ယင်း၏ရုံးအဖွဲ့က ကြေညာသည်။

ဝန်ကြီးသည် မြန်မာပြည်ခရီးစဉ်ကို စတင်ထွက်ခွာလာပြီ ဖြစ်ပြီး အဆိုပါခရီးစဉ်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အပြီး သုံးလအကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဟီလာရီက ခရီးစဉ်အပြီးတွင် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အားရကြောင်း ပြောကြားခဲ့သည်။

ကနေဒါ နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ အခြား အကြီးတန်း တာဝန်ရှိသူများ နှင့်လည်းကောင်း တွေ့ဆုံမည် ဖြစ်ပြီး ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်သည်။ "ကျွန်တော်တို့ သွားမယ့်အချိန်ဟာ မကြာမီက ပြောင်းလဲမှုများအပေါ် သတိနဲ့ အကောင်းမြင်တဲ့ အချိန်ဖြစ်ပါတယ်" ဟု ကနေဒါ အစိုးရတာဝန်ရှိသူ တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။ "အရေးယူမှုတွေ မရုတ်သိမ်းခင်မှာ ပြောင်းလဲမှုတွေ နောက်ပြန် မလှည့်တော့ဘူးဆိုတာ သေချာအောင် သိလိုပါတယ်" ဟု ယင်းက ပြောသည်။

ကနေဒါသည် ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ချမှတ်ခဲ့ပြီး စစ်ဖက်ဆိုင်ရာ ကုန်ပစ္စည်း တင်ပို့မှုများ၊ ကုန်သွယ်ရေးကို ပိတ်ဆို့ထားခြင်းများနှင့် အစိုးရတာဝန်ရှိသူများအပေါ် ဗီဇာ ငြင်းပယ်ခြင်းများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်နှင့် မြန်မာနိုင်ငံသည် ကနေဒါသို့ သံအမတ်ကြီး ခန့်အပ်ခဲ့ပြီး သံတမန် ဆက်ဆံရေး အတွက် သတိပေးမှုများ ပြုလုပ်ခဲ့သည်။

*****************************************************************

ဒွန်မောင်းလေဆိပ် ပြန်ဖွင့်

(BBC News မှ 6 March 2012 ရက်စွဲပါ Bangkok's Don Muang airport reopens after floods ကို ဘာသာ ပြန်ဆိုသည်)

ယမန်နှစ်က ဆိုးဝါးသောရေလျှံမှုများကြောင့် ရေမြုပ်သွားပြီးနောက်ပိုင်း ဘန်ကောက် ဒွန်မောင်းလေဆိပ်ကို ယခု ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ မြောက်ပိုင်းမြို့တော် အူဒုံသာနီသို့ ပျံသန်းမည့် ပထမဆုံး ခရီးသည်တင် လေကြောင်းခရီးစဉ်သည် အင်္ဂါနေ့ အစောပိုင်းတွင် လေဆိပ်မှ ထွက်ခွာခဲ့သည်ဟု သိရှိရသည်။

ဘန်ကောက်၏ ဒုတိယလေဆိပ်ဖြစ်ပြီး ပြည်တွင်းခရီးစဉ်များအတွက် အသုံးပြု ဒွန်မောင်းလေဆိပ်ကို မနှစ်က ရေလျှံမှုများကြောင့် လေးလခန့် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးချုပ် ယင်းလပ်ကလည်း နောက်ထပ်ရေလျှံမှုများကို တားဆီးရန် အစီအစဉ်များ ပြုလုပ်ထားသည်ဟု ထုတ်ပြန် ကြေညာထားသည်။

မနှစ်က လူပေါင်း ၈ဝဝ ခန့် အသက်ဆုံးရှုံးခဲ့ရသော နိုင်ငံအဝှမ်း ရေလျှံမှုများကြောင့် ဒွန်မောင်းမှ ခရီးသည်များကို ရေဘေး ကင်းလွတ်သော သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်သို့ ပြောင်း၍ စီစဉ်ပြေးဆွဲနေခြင်း ဖြစ်သည်။ ယာယီရေဘေး ကယ်ဆယ်ရေး စခန်းအဖြစ်ပါ အသုံးပြုခဲ့ရသော ဒွန်မောင်းလေဆိပ်ကို ပြန်လည် ပြုပြင်ရန် ဘတ်ငွေ ၁.၆ ဘီလျံ (ဒေါ်လာ ၅၂ သန်း) သုံးစွဲခဲ့ရသည်။ ယခုနှစ်တွင် ခရီးသည် ၁.၄ သန်းကို ပို့ဆောင် ဝန်ဆောင်ပေးရန် မျှော်မှန်းထားသည်ဟု လေဆိပ် တာဝန်ခံများက ပြောကြားသည်။

*****************************************************************

၂ဝ၁၂-၁၃ ခုနှစ်တွင် မြန်မာကျပ်ငွေနှုန်းရှင်မျှောမည်

(Reuters သတင်းဌာနမှ 6 March 2012 ရက်စွဲပါ Exclusive: Myanmar to float currency in 2012/2013, unify FX rates သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်သစ်မှစ၍ မြန်မာကျပ်ငွေကို စနစ်တကျစီမံခန့်ခွဲပြီး နှုန်းရှင်မျှောမည် (Float ပြုလုပ်မည်) ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတား ဖြစ်စေပြီး လိမ်လှည့်မှုများကို ပေါ်ပေါက်စေနိုင်သော ငွေကြေး မှောင်ခိုဈေးကွက် စနစ် အဆုံးသတ်နိုင်ရေးအတွက် ဘဏ်အချင်းချင်း ချိတ်ဆက်လုပ်ကိုင်မည့် ငွေကြေးဈေးကွက်တစ်ရပ် ဖွံ့ဖြိုးလာရန် ဆန္ဒရှိနေသည်။

မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးမောင်မောင်ဝင်း ရှင်းလင်းတင်ပြထားသည့် ငွေကြေးဆိုင်ရာ အစီအစဉ်ပါ စာရွက်စာတမ်းများကို Reuters သတင်းဌာနက ဖတ်ရှုခွင့်ရရှိခဲ့သည်။ အဆိုပါ အစီအစဉ်တွင် ငွေကြေး လဲလှယ်မှုနှုန်ထား နှစ်မျိုးဖြစ်နေမှုအား မတ်လကုန်မှစ၍ အဆုံးသတ်နိုင်မည့် ပြင်ဆင်မှုများ ပါရှိသည်။ ထို့နောက် လာမည့် ၁၂ တာ ကာလအတွင်း စီမံခန့်ခွဲခံနှုန်းရှင်မျှော (Managed Float)သည့် စနစ်ကိုစတင်ပြီး ဘဏ်အချင်းချင်း ချိတ်ဆက် လုပ်ကိုင်သော ငွေကြေးဈေးကွက်တစ်ရပ်ကို စတင်နိုင်မည်ဖြစ်သည်ဟု ယင်းအစီအစဉ်တွင် ပါရှိသည်။ ထိုမှတစ်ဖန် ၂၀၁၃-၁၄ ခုနှစ်အတွင်း တရားမဝင် ငွေကြေးဈေးကွက် လုံးလုံးလျားလျား ပျောက်ကွယ် သွားစေရေးအတွက် လုပ်ဆောင်သွားရန် ဦးတည်ထားကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း စစ်အစိုးရက ၎င်းကျောထောက်နောက်ခံ ပြုပေးထားသော အရပ်သားအစိုးရ တစ်ရပ်ကို အာဏာ လွှဲပြောင်းခဲ့ချိန်မှစ၍ အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုကြီးများကို ဆက်တိုက်ဖော်ဆောင်နိုင်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသား ရာနှင့်ချီ၍ လွှတ်ပေးခြင်း၊ မီဒီယာ ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စေ့စပ်ညှိနှိုင်းခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်း အစရှိသည်တို့မှာ အဆိုပါ အရပ်သားအစိုးရ ခေါင်းဆောင်များ၏ လုပ်ရပ်များပင်ဖြစ်၏။

မြန်မာနိုင်ငံတွင် အစိုးရက တရားဝင်သတ်မှတ်ထားသော အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်မှု နှုန်းထားမှာ တစ်ဒေါ်လာလျှင် ၆ ကျပ်မျှ ဖြစ်သော်လည်း တရားမဝင်ဈေးကွက်ပေါက်ဈေးမှာ ၈၀၀ ကျပ်ဝန်းကျင်ခန့် ဖြစ်သည်။ အဆိုပါ တရားမဝင် ငွေလဲနှုန်းမှာ ပြီးခဲ့သည့် ၂ဝဝ၉ ခုနှစ်တွင် တစ်ဒေါ်လာလျှင် ၁ဝဝဝ ကျော်အထိ ဈေးတက်သွားခဲ့ဖူးသည်။ အကြောင်းမှာ ကျွန်းသစ် ထုတ်လုပ်ရေး၊ စွမ်းအင်ရှာဖွေရေးနှင့် ကျောက်မျက်ရတနာ တူးဖော်ရေး အစရှိသည့် အခန်းကဏ္ဍများသို့ နိုင်ငံခြားငွေများ ဝင်ရောက်သွားခဲ့ခြင်းကြောင့် ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် တောင်သူလယ်သမား၊ ကုန်ထုတ် လုပ်ငန်းများနှင့် ကုန်သည်များ၊ ဒေါ်လာဖြင့်ရရှိသော လခစားဝန်ထမ်း အတော်များများကို ထိခိုက်နစ်နာစေခဲ့သည်။

ယခုဗဟိုဘဏ်မှရရှိသော စာရွက်စာတမ်းများ၌ လွတ်လပ်သောဈေးကွက်တွင်း ငွေလဲလှယ်နှုန်းထား မည်၍မည်မျှ ဖြစ်နိုင်သည် ဟူသည့် အချက်ကို ဖော်ပြထားခြင်းမရှိပေ။ တရားဝင်ငွေကြေးလဲလှယ်မှုနှုန်းထားကိုမူ အစိုးရ အခွန်ဘဏ္ဍာနှင့် အချို့သော နိုင်ငံပိုင်လုပ်ငန်းများ၏ သွင်းကုန် လုပ်ငန်းအတွက် အသုံးပြုလေ့ရှိသည်။ သို့အတွက်ကြောင့် ရလဒ်မှာ နိုင်ငံခြားဝင်ငွေကို အလွန်အကျွံ လျှော့တွက်ရသည်။ အချို့သော စီးပွားရေး ဝေဖန်ရေး သမားများကမူ အဆိုပါငွေကြေး အမြောက်အမြားမှာ အခွန်ဘဏ္ဍာစာရင်းထဲသို့ မရောက်ရှိဘဲ ယခင်စစ်အစိုးရ ခေါင်းဆောင်းများ၏ စီပွားရေးမိတ်ဖက်များ ပိုင်ဆိုင်သော ပြည်ပဘဏ်စာရင်းထဲသို့ တိတ်တဆိတ် ခိုးထုတ်ခြင်း ခံရကြောင်း ပြောကြားသည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တစ်နှစ်တာ ကာတစ်လျှောက်လုံး နိုင်ငံပိုင် အဆောက်အအုံနှင့်ပစ္စည်းများ ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့ရာ ၎င်းတို့ ထုတ်ယူသွားသော ငွေကြေးအချို့ နိုင်ငံတော်ဘဏ္ဍာအဖြစ် ပြန်လည် ဝင်ရောက်ကောင်း ဝင်ရောက်ခဲ့ဖွယ်ရှိသည်။ ငွေကြေးပြုပြင်ပြောင်းလဲမှုဟူသည်မှာ လွန်စွာ သိမ်မွေ့နက်နဲသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သာမန်အခြေခံ လူတန်းစား မြန်မာနိုင်ငံသားများ၏ လူမှုဘဝ ဒယီးဒယိုင်ဖြစ်စေနိုင်သည်။ ပြီးခဲ့သည့် ၁၉၈၇ ခုနှစ်၊ အာဏာရှင် ဦးနေဝင်း လက်ထက်က ကျပ်ငွေစက္ကူများ ဖျက်သိမ်းပစ်ခဲ့ရာ ပြည်သူလူထု စုဆောင်းထားသော စုငွေအတော်များများ ဆုံးရှုံးခဲ့သည်။ ယင်းဖြစ်စဉ်က ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာအောင် လှုံ့ဆော်သလို ဖြစ်ခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကကျသော အချက်များ

မြန်မာသမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဦးမြင့်က ပြီးခဲ့သည့် ဇွန်လအတွင်း စာတမ်းတစ်စောင် ရေးသားရာတွင် "ငွေကြေးကိစ္စက တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နိုင်ပြီး အစိုးရအနေဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သို့ အကူအညီ တောင်းခံသင့်ကြောင်း" ထည့်သွင်း သတိပေးခဲ့သည်။ သို့ဖြစ်ရာ ငွေကြေးပြုပြင်ပြောင်းလဲရေးနှင့် ငွေလဲလှယ်မှု နှုန်းထားများ တူညီအောင် လုပ်ဆောင်ရေးအတွက် IMF မှ ပညာရှင်များ အဖွဲ့တစ်ဖွဲ့ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ မြန်မာနိုင်ငံသည် ငွေကြေး လဲလှယ်မှုနှုန်းထား နှစ်မျိုးဖြစ်နေသည့် နိုင်ငံပေါင်း ၁၇ နိုင်ငံမျှသာကျန်ရှိသည့်အနက် တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး IMF တွင်လည်း အဆိုပါ နှုန်းထားနှစ်ရပ် တူညီအောင် ပြုလုပ်ရေးအတွက် ကျွမ်းကျင်သူ ပညာရှင် သုံးဦးသာ ရှိသည်။

“ငွေကြေးလဲလှယ်မှုစနစ် ပြုပြင်ပြောင်းလဲရေးကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် အဓိကကျသော ဖက်တာများအနက် တစ်ခု အပါအဝင် ဖြစ်ပေသည်” ဟု စာတမ်းတွင်ဖော်ပြထားပြီး ယင်းစာတမ်းကို မတ်လ ၁ ရက်နေ့တွင် ဗဟိုဘဏ်က အစီရင်ခံ တင်ပြခဲ့သည်။ ငွေကြေးလဲလှယ်မှုနှုန်းထားများ အမျိုးမျိုးဖြစ်နေခြင်းက မတည်ငြိမ်မှုများနှင့် ဖိအားများကို ဖြစ်ပေါ်စေသည် ဟု သတိပေးသည်။

“သို့ဖြစ်ရာ ပြည်တွင်းဈေးနှုန်းများတည်ငြိမ်ရေးဟူသည့် ဦးတည်ချက်ဖြင့် နှုန်းရှင်မျှော ငွေကြေးလဲလှယ်မှု စနစ်တစ်ရပ်ကို ချမှတ်ကာ ငွေကြေး လဲလှယ်မှု နှုန်းထားများ ပေါင်းစည်းရေးကို လုပ်ဆောင်ပေးရမည့် တာဝန်ရှိသည်” ဟု ဖော်ပြပြီး “ကျပ်ငွေတန်ဖိုးကို ဈေးကွက်ဝယ်လိုအားနှင့် ရောင်းလိုအား ကသာ အဆုံးအဖြတ်ပေးရမည်ဖြစ်သည်” ဟု ဆိုသည်။

အစိုးရဌာနအသီးသီးနှင့် အစိုးရလုပ်ငန်း အသီးသီးအနေဖြင့် ဈေးကွက်နှုန်းထားအတိုင်း ငွေကြေးကို အသုံးပြုရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတော် ဘတ်ဂျက်နှင့် ဘဏ္ဍာရေးမူဝါဒများ ထင်သာမြင်သာ ရှိလာမည် ဖြစ်ကြောင်း အဆိုပါ စာတမ်းကဆိုပြီး ယင်းလုပ်ရပ်သည် ပြုပြင်ပြောင်းလဲရေး အတွက် ရှော့တစ်ခုဖြစ်ကြောင်း ထောက်ပြသည်။

သို့အတွက်ကြောင့် “နိုင်ငံခြား ငွေကြေးဈေးကွက်တွင်း ထင်မြင့်သုံးသပ်ချက်များ၊ ထင်ကြေးပေး လုပ်ဆောင်မှုများနှင့် ပြင်းထန်သော တုံ့ပြန်မှုများကို ဖြေရှင်းရန် လိုအပ်သည့် ဆောင်ရွက်ချက်များ လုပ်ကိုင်ရန် ပြင်ဆင်ထားသင့်သည်။ နိုင်ငံခြားငွေကြေးဈေးကွက်သစ်ကို ဖော်ဆောင်ရာတွင် မြန်မာ အာဏာပိုင်များအား အကူအညီပေးရန် အလို့ငှာ ဈေးကွက်သတင်းအချက်အလက်နှင့် စောင့်ကြည့် လေ့လာရေးစနစ်များကို ဖော်ဆောင်မည် ဖြစ်သလို အခြားသောအာရှဘဏ်များကလည်း အကူအညီပေးလာမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုသည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် မြန်မာ့စီးပွားရေးအလားအလာနှင့် ပတ်သက်သော အငြင်းအခုန်ပွဲများကို ဖြစ်ပေါ်စေနိုင်ဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ပြင်သစ်နှင့် ဗြိတိန်နှစ်နိုင်ငံ ပေါင်းစည်းထားသလောက် ကြီးမားပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား၌ မဟာဗျူဟာကျကျ တည်ရှိကာ သဘာဝ သယံဇာတများ လွန်စွာပေါကြွယ်ဝသည်။ အိန္ဒိယသမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ဘက်တွင် ဆိပ်ကမ်းများတည်ရှိကာ မတူးဖော်ရသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြားရှိနေခြင်းက တရုတ်ပြည်အနောက်ပိုင်း ပြည်နယ်များအတွက် စွမ်းအင် ရင်းမြစ်ကြီးတစ်ခုသဖွယ် ဖြစ်နေသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အီရတ်နှင့် အာဖဂန်နစ္စတန်တို့အပေါ် အာရုံထားမှုကို ရွှေ့ပြောင်းကာ အာရှပစိဖိတ် ဒေသဘက်သို့ ဦးလှည့်လာချိန်တွင် မြန်မာသည် ဝါရှင်တန်၏ အာရှဒေသနှင့် စေ့စပ်ညှိနှိုင်းရေးအတွက် အရေးပါသော နေရာဒေသတစ်ခု ဖြစ်လာသည်။ ယခင်ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ဖူးသော မြန်မာသည် နှစ်ပေါင်းကြာမြင့်စွာ အထီးကျန်ဖြစ်ခဲ့မှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျ ကျန်ရစ်လျက် ရှိသည်။

မြန်မာနိုင်ငံ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် သိသာထင်ရှားသော အဟန့်အတားများမှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ၏ ပိတ်ဆို့ အရေးယူမှုများ၊ နိမ့်ကျသော အခြေခံအဆောက်အဦများ၊ အားနည်းချက် ရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေများ၊ ညံ့ဖျင်းသော ဘဏ်လုပ်ငန်းစနစ်များ၊ အရည်အသွေး ပြည့်ဝသော လုပ်သားအင်အားရှားပါးမှုများ အစရှိသည်တို့ပင်ဖြစ်သည်။ သို့သော် အကယ်၍ လာမည့်ဧပြီလ ၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသာ လွတ်လပ်မျှတမည် ဆိုပါက ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားသွားနိုင်ကြောင်း လေ့လာ စောင့်ကြည့်သူ အချို့က ဆိုသည်။

ဗဟိုဘဏ်ကမူ ဘဏ်လုပ်ငန်းအခန်းကဏ္ဍ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပြီး ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ သဟဇာတ ဖြစ်ရေးနှင့် စီးပွားရေးကို ကောင်းမွန်စွာ လေ့လာစောင့်ကြည့်ရေးတို့ လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

*******************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီနိုင်ငံတော် မြန်မာလူမျိုးများနှင့် အနာဂတ်ခရီး

ကလျာ(စီးပွားရေးတက္ကသိုလ်)

(Myanmar Times အတွဲ (၂၈) အမှတ် (၅၅၈)မှ ထုတ်ယူဖော်ပြသည်)

မြန်မာနိုင်ငံသည် စတုရန်းမိုင်ပေါင်း ၂၆၁,၂၂၈ မိုင် ကျယ်ဝန်းပြီး လူဦးရေစုစု ပေါင်း ၅၅ သန်းကျော်ရှိကာ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ဝန်းရံလျက်တည်ရှိပြီး တရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယအကြီးဆုံးနိုင်ငံ ဖြစ်သည်။ ပင်လယ်ထွက်ပေါက် အဖြစ် ဘင်္ဂလားပင်လယ်အော် (Bay of Bangal)နှင့် အန်ဒမန်ပင်လယ် (Adman Sea) တို့ရှိသည်။

မြန်မာနိုင်ငံသည် မိမိတို့ဘိုးဘွားဘီဘင် ရှေးယခင်နှစ်ပေါင်းများစွာကပင် မြေပေါ်၊မြေအောက်၊ သယံဇာတများ ပေါကြွယ်ဝသဖြင့် ကမ္ဘာ့အလယ် တွင် ထင်ရှားခဲ့ကြောင်းလည်း မှတ်သားရပါသည်။ သယံဇာတ ပေါကြွယ်ဝခြင်းသည် လောကတွင် ကောင်းကျိုးနှင့်ဆိုးကျိုး နှစ်ဖြာသောရလဒ်များ ခံစားရမြဲ ဖြစ်သည့်အားလျော်စွာ ထိုအချက်များကြောင့် မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ဖူးလေပြီ။ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ကိုယ့် လူမျိုး၊ ကိုယ့်ဓလေ့နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်လျက် ရှိပေသည်။

မြေပေါ်သယံဇာတများမှာ နှစ်ပေါင်းများစွာဖြတ်သန်းခဲ့ပြီးနောက် စာရေးသူတို့လက်ထက်တွင် အကန့်အသတ်ဖြင့်သာ ကျန်ရှိတော့၏။ မြေအောက် သယံဇာတများမှာလည်း ထိုနည်းနှင်နှင် ရှိချေတော့မည်သာ၊ စာရေးသူသတိပြုမိသော မြန်မာနိုင်ငံမှ နိုင်ငံသားများ၏ ကုန်ထုတ်လုပ်မှုနှင့် ကုန်ဝယ်ယူမှု အခြေအနေတချို့ကို နှိုင်းယှဉ်တင်ပြလိုပါသည်။

ယနေ့အချိန်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသည် များသောအားဖြင့် ကုန်ကြမ်းကို ထုတ်လုပ်ရောင်းချနိုင်သေးသည့် အနေအထားတွင်သာ ရပ်တည် လျက်ရှိသည်။ သစ်၊ ရာဘာ၊ ရေနံ၊ သဘာဝဓါတ်ငွေ့မှအစ အခြားတွင်းထွက်သယံဇာတများအားလုံးသည် လည်းကောင်း၊ စိုက်ပျိုးရေး နိုင်ငံဖြစ်သည့် အားလျော်စွာ ထွက်ရှိလာသော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ငရုတ်နှင့် အခြားလယ်ယာထွက် သီးနှံများသည် လည်းကောင်း၊ ရေထွက်ကုန် ပစ္စည်းများဖြစ်သည့် သား၊ ငါး၊ ပုဇွန် နှင့် အခြား ရေထွက်ကုန်ပစ္စည်းများကိုသော်လည်းကောင်း၊ ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်ရောင်းချလျက် ရှိပေသည်။

စာရေးသူသုံးနှုန်းလိုက်သော ကုန်ကြမ်းဟုဆိုရာ၌ ဆန် နှင့် ပဲအမျိုးမျိုးကို မည်သို့မည်ပုံကုန်ချော လုပ်ဆောင်ရန် လိုအပ်ပါမည်နည်းဟု အငြင်းမပွား စေလိုပါ။ ကုန်ချောဟူသော ခေါင်းစဉ်အောက်၌ ထုတ်လုပ်သောကုန်ပစ္စည်း၏ ထုပ်ပိုးနည်းစနစ် မှန်ကန်မှု၊ ဈေးကွက်၌ ဆွဲဆောင်မှုရှိစေရန် ဖန်တီး တင်ပြနိုင်မှု၊ ထုပ်ပိုးထားသော ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းကို အာမခံနိုင်မှု၊ စားသုံးသူများ အလွယ်တကူဝယ်ယူ စားသုံးနိုင်သည်အထိ အချောသတ်ထုတ်လုပ်မှုနှင့် ဈေးကွက်၌ မိမိကုန် ပစ္စည်း၏ မူပိုင်တံဆိပ်နှင့် ပုံမှန်ဈေးကွက် (Standard Price) ရရှိနိုင်မှုတို့ကို လုပ်ဆောင်နိုင်ပါမှ မြန်မာ့ထုတ် ကုန်ပစ္စည်းများကို ကမ္ဘာမှ သိပေရော့မည်။ယခု အချိန်တွင်မူ ကမ္ဘာ့အလယ်တွင် မဆိုထားဘိ၊ အရှေ့တောင်အာရှ တစ်လွှားတွင်ပင် မြန်မာ့ထုတ်ကုန်များကို စားသုံးသူသို့ မိမိကုန် ပစ္စည်းမူပိုင် တံဆိပ်နှင့် တိုက်ရိုက်ရောင်းချ မိတ်ဆက်နိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသည် ဆန်ရေ စပါးနှင့် အခြားကောက်ပဲသီးနှံများ ပေါများလှကြောင်း၊ ရေထွက်ကုန်ပစ္စည်းများ ပေါ ကြွယ်ဝသဖြင့် မိမိနိုင်ငံအတွက် ရိက္ခာ ဖူလုံရုံသာမက ပို့ကုန်အဖြစ်ပင် ပြန်လည် ရောင်းချရကြောင်း ရေးသားဖော်ပြကြသည်ကို စာရေးသူ စာဖတ်တတ်စ ကလေးဘဝအရွယ်ကပင် ဖတ်ရှု လေ့လာရပါ၏။ သို့သော်ယနေ့ ပြယုဂ်ကို ကြည့်ပါ။ မြန်မာလူမျိုးများသည် သွားကြားထိုးတံ၊ ၀ါးတူနှင့် အိမ်သာသုံးစက္ကူမှအစရှိသော အိမ်သုံး ပစ္စည်းအမျိုးမျိုး တို့ကိုသော်လည်းကောင်း၊ အိမ်သုံးနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးမျိုးစုံတို့ကိုသော်လည်းကောင်း၊ စက်ရုံအလုပ်ရုံ သုံးစက်ပစ္စည်းများနှင့် အပိုပစ္စည်းမျိုး စုံတို့ကိုသော်လည်းကောင်း၊ များသောအားဖြင့် အိမ်နီးချင်း တိုင်းပြည်များမှ ဝယ်ယူသုံးစွဲနေကြ၏။ အ၀တ်အထည်၊ အလှကုန်ပစ္စည်းနှင့် တစ်နိုင်ငံလုံး သုံးစွဲလျက်ရှိသော ပစ္စည်းပေါင်းများစွာတို့ကို အိမ်နီးချင်းနိုင်ငံများမှ ကုန်ချော တန်ဖိုးဖြင့် အမြတ်ပေး ၀ယ်ယူသုံးစွဲလျက်ရှိပြီး မိမိတို့နိုင်ငံ ထွက်ပစ္စည်းများကိုမူ အနိမ့်ဆုံးဈေးဖြင့်သာ နီးစပ်ရာအိမ်နီးချင်းနိုင်ငံများသို့ ရသမျှဈေးဖြင့် ထိုးရောင်းခြင်းဖြင့် ပြည်ပ၀င်ငွေရှာမှီးနေကြ၏။အဆုံး၌မူကား အိတ်ပေါက်နှင့် ဖားကောက်ဟူသော မြန်မာစကားပုံဖြင့်သာ ဥပမာတင် စားရပေတော့မည်။

ဤသည်မှာ တစ်နိုင်ငံလုံး၏အရေးဖြစ်၏။ အဘယ်အကြောင်းကြောင့် မြန်မာတစ်နိုင်ငံလုံး ဤအခြေအနေကို လက်ခံကျင့်သုံးနေကြပါသနည်း။ နိုင်ငံရေးအကြောင်းတစ်ခုတည်းကြောင့်ဟု အပြစ်ပုံချလျှင်တော့ အဖြေမှန်မထွက်နိုင်ပါ။ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပေါ်လစီသည် နိုင်ငံအတွက် အရေးပါသကဲ့သို့

(က) မိမိတို့ပြည်သူပြည်သားများ၏ ကိုယ်ပိုင်ခံယူချက်

(ခ) အသိပညာ၊ အတတ်ပညာနှင့် နည်းပညာအသုံးချနိုင်မှု

(ဂ) ကောင်းကျိုး၊ ဆိုးကျိုးထောက်ချင့်နိုင်မှုနှင့် ပညာရေးကဏ္ဍတို့သည်လည်း တိုင်းပြည်တစ်ပြည်၏ တိုးတက်ဖွံ့ဖြိုးမှုတွင် အရေးပါသော အခြေခံ အချက်များ အဖြစ် သက်ရောက်မှုရှိကြောင်းကိုလည်း သတိမူသင့်လှပေသည်။

အာရှနိုင်ငံများထဲမှ ဂျပန်နိုင်ငံကို ကောက်နှုတ်တင်ပြလိုပါသည်။  ဧရိယာ