Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃ဝ.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အား အကဲဖြတ်ခြင်း

(30 Nov 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Judging Cliton’s Burma visit ကို ဘာသာပြန်ဆိုသည်)

  1. အတိုက်အခံတို့၏ လွတ်လပ်ခွင့်ဆိုင်ရာ ပုံစံသစ်(သို့) မြန်မာနိုင်ငံ

(The Wall Street Journal မှ 29 Nov 2011 ရက်စွဲပါ “ Myanmar : dissidents new model for freedom” သတင်းကို ဘာသာပြန်ဆိုသည်)

  1. အာရှကို အမေရိကန် ပြန်လည်အာရုံစိုက်ကြောင်း တရုတ်အပေါ် သတိပေးလိုက်သည့် ဟီလာရီ၏ မြန်မာပြည်ခရီးစဉ်

(The Vancouver Sun သတင်းစာမှ၊ 28 Nov 2011 ရက်စွဲပါ Clinton's visit to Burma warns China of U.S refoucs on Asia ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

              ******************************************************************

ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အား အကဲဖြတ်ခြင်း

(30 Nov 2011 ရက်စွဲပါ The Diplomat မှ Joshua Kurlantzick ရေးသားသော Judging Cliton’s Burma visit ကို ဘာသာပြန်ဆိုသည်)

              ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံသို့ ခရီးစတင်မည်ဖြစ်ရာ နှစ်ပေါင်းငါးဆယ်အတွင်း ထိုသို့ သော အမေရိကန်၏ အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်၏ ပထမဆုံးခရီးစဉ်ဖြစ်သည်။

                မြန်မာနိုင်ငံအနေဖြင့် အမေရိကန်သည် ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့နှင့် ယှဉ်လျှင် အရေးအကြီးဆုံး ပလေယာ မဟုတ် သော်လည်း မြန်မာအစိုးရသည် အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စုနှင့် နွေးထွေးသောဆက်ဆံရေးအတွက် မျှော်လင့်သည်မှာ ရှင်းနေသည်။ အကြောင်းအမျိုးမျိုးမှာ မဟာဗျူဟာချိန်ခွင်လျှာညီမျှရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ်လုပ်ဆောင်လိုမှု၊ ရင်းနှီးမြှုပ်နှံမှုများ တိုးလာရေးနှင့် အခြားအကြောင်းများရှိလိမ့်မည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို အကဲဖြတ်ရလျှင် သူမ၏ အောက်ပါရည်ရွယ်ချက်များ အောင်မြင်မှု ရှိ မရှိ စဉ်းစားရန် အရေးကြီးသည်။ အောက်တွင် ဖော်ပြမည့် ရည်မှန်းချက်များ အကယ်၍ ပြည့်ဝခဲ့လျှင် မြန်မာနိုင်ငံတွင် အမေရိကန်၏ သြဇာ လွှမ်းမိုးမှု၏ အရေးကြီးပုံကို သရုပ်ဖော်ပြသကဲ့သို့ ရှိမည်ဖြစ်သည်။

(၁) နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး သေချာမှုရှိစေရန်ဖြစ်သည်။ မြန်မာအစိုးရသည် အစောပိုင်းက အကျဉ်းသားများကို တစ်သုတ် လွှတ်ပေးပြီး ဖြစ်သည်။ သို့သော် လူ့အခွင့်အရေးအုပ်စုများ၏ အဆိုအရ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ ခန့် ရှိနေသေးသည်ဟု သိရှိရသည်။ ယခင်က အမေရိကန်အစိုးရ တာဝန်ရှိသူများသည် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တွန်းအားပေးခဲ့ရာ၊ မြန်မာခေါင်းဆောင်များက လျစ်လျူရှုခဲ့သည်ချည်းသာဖြစ်သည်။ ယခု နေ့ရက်များတွင် နောက်ထပ် အကျဉ်းသားများ လွှတ်ပေးရန်သတင်းများ အကြိမ်ကြိမ်ထွက်လျက်ရှိသည်။ အကယ်၍ ကလင်တန်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်သွားအောင်လုပ်ဆောင်နိုင်ခဲ့လျှင် အချိန်ယူပြီး တဖြည်းဖြည်းချင်းခွဲ၍ လွှတ်ပေးခြင်းမဟုတ်ခဲ့လျှင် အောင်မြင်မှုဟု ဆိုရလိမ့်မည်။

(၂) စစ်တပ်၏ အကြီးတန်းအဖွဲ့ဝင်များနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံရေးရရှိရန်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အမေရိကန်အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell သည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ခြုံကြည့်လျှင် တွေ့ဆုံ ခဲ့သမျှသည် မြန်မာခေါင်းဆောင်ပိုင်းရှိ အရပ်သားဝန်ကြီးများနှင့်သာရှိပြီး၊ တပ်မတော်၏ ထိပ်တန်းအဖွဲ့ဝင်များနှင့် ဖလှယ်မှု အနည်းငယ်သာရှိခဲ့သည်။ ၎င်းတို့ သည် စစ်မြေပြင်တွင် စစ်တပ်မှ လူ့အခွင့်အရေးကျူးလွန်မှုများ လျော့ချရေး၊ တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ဖြေရှင်းရေးတွင် အရေးပါ သောသူများဖြစ်သည်။

(၃) တစ်ပြည်လုံးအနှံ့ တိုး၍ထိတွေ့လုပ်ဆောင်နိုင်ရေးဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာ လုပ်ဆောင်နေသော်လည်း မြန်မာ အများစု နေထိုင်သောဒေသအပြင်ရှိ ဒေသများတွင် နှစ်ပေါင်းများစွာကပင် မဖွံ့ဖြိုးမှု မည်မျှရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။ တိုင်းရင်းသား ဒေသ များတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ၊ ကချင်ဒေသသည် ပြင်းထန်စွာ ထိခိုက်နေသောဒေသဖြစ်သည်။ အမေရိကန်သံတမန်များ၊ ကုလ သမဂ္ဂနှင့် အခြားစောင့်ကြည့်သူများသည် တိုင်းပြည်တွင် နေရာအနှံ့ ပြီးပြည့်စုံအောင် ထိတွေ့နိုင်မည်ဆိုပါက ကလင်တန်အတွက် အရေးပါသော အောင်မြင် မှု ဖြစ်လိမ့်မည်ဖြစ်သည်။

(၄) မြန်မာနိုင်ငံ၏ မြောက်ကိုးရီးယားနှင့် ဆက်ဆံရေးကို ပိုမိုရှာဖွေဖော်ထုတ်နိုင်ရေးဖြစ်သည်။ မြန်မာစစ်တပ်၏ မြောက်ကိုးရီးယားနှင့် လျင်မြန်စွာ တိုးတက် လာသော ဆက်ဆံရေးသည် မရိုးမသားနှင့် မရှင်းမလင်း ရှိနေဆဲဖြစ်သည်။ ကလင်တန်၏ ခရီးစဉ်မတိုင်မီ ဆီနိတ်တာ Richard  Lugar ၏ ရုံးသည် ကြေညာ ချက် တစ်ရပ်ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် လွန်ခဲ့သော ငါးနှစ်မှစ၍ ပြုံယမ်းထံမှ နျူကလီယားနှင့်ပတ်သက်သော အကူအညီများရယူရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။ အကယ်၍ ကလင်တန်ကသာ မြန်မာခေါင်းဆောင်များအား ၎င်းတို့နှင့် မြောက်ကိုးရီးယားဆက်ဆံရေးကို ရှင်းလင်းမြင်သာသော ကြေညာချက် ထုတ်ပြန်ရန်နှင့် ဒုံးကျည်မှ နျူကလီယားအစီအစဉ်များနှင့် ဆက်စပ်သည်ဟု စွပ်စွဲခံရသော သံသယဖြစ်ဖွယ် အဆောက်အဦးများကို ကြည့်ရှုသူများအား ခွင့်ပြုရန် နားချနိုင်ခဲ့လျှင် အောင်မြင်မှုများတွင် အကြီးမားဆုံးဖြစ်မည်ဖြစ်သည်။

                                 *******************************************************************

အတိုက်အခံတို့၏ လွတ်လပ်ခွင့်ဆိုင်ရာ ပုံစံသစ်(သို့) မြန်မာနိုင်ငံ

(The Wall Street Journal မှ 29 Nov 2011 ရက်စွဲပါ “ Myanmar : dissidents new model for freedom” သတင်းကို ဘာသာပြန်ဆိုသည်)

              မြန်မာပြည်သူတို့၏ မျှော်လင့်ချက်များ အနှေးနှင့်အမြန် တကယ်ဖြစ်လာရန် သေချာနေပြီ။ မြန်မာခေါင်းဆောင်များက ပိုမို ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေး ဆောင်ရွက်လာသည်နှင့်အမျှ အရှေ့တောင်အာရှ နေရာတကာမှ အတိုက်အခံနိုင်ငံရေးသမားများက မြန်မာနိုင်ငံအား ဒေသတွင်း တစ်မူထူး သော ပုံစံသစ်တစ်ခုအဖြစ် စတင်အမွှန်းတင်နေကြပြီဖြစ်ရာ အထူးသဖြင့် သူတို့၏ အစိုးရများကို စိတ်ကသိကအောက် ဖြစ်စေလျက်ရှိသည်။

                နောက်ဆုံးသာဓကအနေဖြင့် မလေးရှားနိုင်ငံရေးလှုပ်ရှားသူ Ambiga Sreenevasan က ပြီးခဲ့သောအပတ် သတင်းစာရှင်းလင်းပွဲတွင် “ မြန်မာတို့ ၏ နောက်ဆုံးအပြောင်းအလဲတစ်ခုဖြစ်သော ဆန္ဒပြပွဲများကို ခွင့်ပြုမည့် ဥပဒေကြမ်းသည် သူမတို့၏ မလေးရှားခေါင်းဆောင်များ ယခင်အပတ်က အဆိုပြု ထားသည့် ပြည်တွင်းလုံခြုံရေး ဥပဒေများ ပြင်ဆင်မှုထက် များစွာသာလွန်ကြောင်း” ထုတ်ဖော်ပြောကြားလိုက်သည်။

                ယခင်သီတင်းပတ်က အတည်ပြုလိုက်သည့် မြန်မာတို့၏ ဥပဒေကြမ်းအရ ဆန္ဒပြလိုသူများသည် ၅ ရက်ကြိုတင်၍ ခွင့်ပြုချက်ယူခြင်း၊ ဦးဆောင် ဟောပြော မည့်သူများအကြောင်း အသေးစိတ်တင်ပြခြင်းတို့ ပြုလုပ်ရမည်ဖြစ်ပြီး စက်ရုံများ၊ ဆေးရုံများ၊ အစိုးရရုံးများ၏ လုပ်ငန်းများကို မနှောင့်ယှက်ရဟု ဆိုသည်။

                Ms. Sreenevasan ၏ မိတ်ဆွေတစ်ဦးက “ မြန်မာတွေရဲ့ဥပဒေဟာ ကျွန်တော်တို့ မလေးရှားတွေရဲ့ အဆိုပြုမူကြမ်းထက် ၆ ဆ လောက်ပိုပြီး ဒီမိုကရေစီ ပြည့်ဝပါတယ်” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ မလေးရှားတို့၏ အဆိုပြုမူကြမ်းဥပဒေတွင် ရဲတပ်ဖွဲ့၏ ဆန္ဒပြပွဲ တားမြစ်ခွင့်အာဏာကို ရုပ်သိမ်းပေးထားသော်လည်း လမ်းများပေါ် အပါအဝင် နေရာများစွာ၌ ဆန္ဒပြခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး ၃၀ ရက် ကြိုတင်၍ ရဲတပ်ဖွဲ့ ကို အကြောင်းကြားရမည်ဟု ဆိုထားသည်။

                “ မြန်မာတွေရဲ့ ဥပဒေမူကြမ်းဟာ ကျွန်မတို့ မလေးရှားထက် ပိုပြီးလစ်ဘရယ်ဖြစ်တယ်ဆိုတာကတော့ အထင်အရှားပါပဲ။ ပိုပြီးအရေးကြီးတာ ကတော့ သူတို့ (မြန်မာ) က လမ်းပေါ်ဆန္ဒပြပွဲတွေကို မတားမြစ်တော့ပါဘူး။ မြန်မာတွေရဲ့ ဥပေဒမူကြမ်းကတောင် ကျွန်မတို့ထက် ပိုပြီးလစ်ဘရယ်ကျတဲ့ ပုံစံနဲ့ ထွက်ပေါ်လာပြီဆိုတော့ မလေးရှားတွေအဖို့ အလွန်ရှက်ဖို့ကောင်းနေပါပြီ” ဟု သူမက ပြောဆိုလိုက်သည်။

                “မလေးရှားတာဝန်ရှိသူတွေ ဘယ်လောက်အကြောက်လွန်နေတယ်ဆိုတာကို ဒီအချက်က ပြသနေပါတယ်” ဟု သူမက နိဂုံးချုပ် မှတ်ချက်ပေးခဲ့ သည်။ မလေးရှားတာဝန်ရှိပုဂ္ဂိုလ်များကလည်း သူမ၏ မှတ်ချက်များကို ပြန်လည်ကန့်ကွက်ကြသည်။

                “ကျွန်တော်တို့ ဥပဒေက မြန်မာတွေရဲ့ဥပဒေထက် ပိုပြီးဆိုးဝါးတယ်ဆိုတာကတော့ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပါပဲ၊ သူတို့ပြောတာတွေ အားလုံးပာာ အရူးချီးပန်းပါပဲ။ ဒီလူတွေပာာ ပြည်သူတွေကို ရှုပ်ထွေးအောင် လုပ်နေတယ်။ ကြိုတင်အသိပေးမှုကို ရက် ၃၀ အစား ၁၀ ရက်ကို ပြောင်းပေးမှာ ပါ။ ပြီးတော့ သတ်မှတ်မထားတဲ့ နယ်မြေတွေအတွက်ပဲ တင်ပြရမှာပါ” ပာု ဝန်ကြီးချုပ် Najib Razak က တနလာင်္နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြန်လည် ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ထုတ်ပြန်သည်။

                မလေးရှားဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် အဆိုပြုထားသော ဥပဒေသည် နိုင်ငံတကာစံညွှန်းများနှင့် ကိုက်ညီကြောင်း၊ လမ်းပေါ်ဆန္ဒပြမှုကို ခွင့်မပြုခြင်း၏ အကြောင်းရင်းမှာ ပြည်သူလူထုကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ထို့နောက် အင်္ဂါနေ့တွင် မလေးရှား ရှေ့နေကောင်စီ ကိုယ်စားပြု ရှေ့နေ ၅၀၀ ခန့်နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက လွှတ်တော်သို့ ရှားရှားပါးပါး ချီတက်ဆန္ဒပြကာ လွတ်လပ်စွာ စုဝေးခွင့်နှင့် ပြည်သူတို့၏ လွတ်လပ်ခွင့်ကို တောင်းဆိုကြွေးကြော်ခဲ့သည်ပာု သိရှိရသည်။

                အမှန်တကယ်၌ အတိုက်အခံနိုင်ငံရေးသမား အနည်းငယ်ကသာ မြန်မာနိုင်ငံသည် လွတ်လပ်ခွင့် ပုံစံသစ်တစ်ခုပာု ယုံကြည်ကြခြင်းဖြစ်သည်။ သတင်း မီဒီယာအပေါ် ချုပ်ချယ်မှုကိုလျှော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ပြုခြင်း နောက်ပိတ်ဆုံး ပြုပြင်ပြောင်းလဲမှုများ ရှိနေပြီဖြစ်သော်လည်း အရပ်သား အခွင့်အရေးများ တိုင်းတာသည့် နိုင်ငံတကာ ညွှန်းကိန်းများတွင် မြန်မာနိုင်ငံသည် အောက်ဆုံး၌ ရှိနေဆဲဖြစ်သည့်အပြင် နိုင်ငံအနှံ့အပြား၌ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေဆဲပာု လူ့အခွင့်အရေးအုပ်စုများက ယုံကြည်ထားသည်။ ယခုအပြောင်းအလဲများသည် ရေရှည်ခံ မှာလားပာု အချို့က မေးခွန်းထုတ်သည်။ သတင်းစာလွတ်လပ်ခွင့် ပိုပေးလာသည့်တိုင်အောင် သတင်းထောက်များမှာ ဆောင်းပါးများ မထုတ်ဝေမှီ ဆင်ဆာဘုတ်သို့ တင်ပြ နေရဆဲပာု သိရသည်။

                သို့သော် မြန်မာတို့ စတင်ကာစပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်မည်ဆိုပါက အခြား အာရှခေါင်းဆောင်များအား လှည့်ကွက်ထဲသို့ ပို့နိုင်ပေလိမ့် မည်။ သာဓကအနေဖြင့် မြန်မာအစိုးရသည် Youtube အပါအဝင် နိုင်ငံတကာ ဝက်ဘ်ဆိုက်များစွာ ပိတ်ပင်ထားခြင်းကို ရုတ်သိမ်းပေးလိုက်ပြီဖြစ်သလို အချို့အာရှနိုင်ငံများထက် ပို၍ အွန်လိုင်းသတင်းအချက်အလက်များ ရယူနိုင်အောင် ခွင့်ပြုထားပြီဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ထွက်ပေါ်လာပါက အိမ်နီးခြင်း ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစုအပေါ် ဝေဖန်မှုကို တားမြစ်သော ဥပဒေ၏ ခေတ်မမှီ၊ နောက်ပြန်ဆွဲ ပုံများကို ပို၍ ပင် ဝေဖန်ကြတော့မည်ဖြစ်သည်။

                အမှန်စင်စစ် လူ့အခွင့်အရေးလှုပ်ရှားသူများက ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်္ကာပူနှင့် အင်ဒိုနီးရှား အပါအဝင် အရှေ့တောင်အာရှနိုင်ငံများစွာတွင် အရပ်သား အခွင့်အရေးကို ချုပ်ချယ်သော ဥပဒေများ၊ လူ့အခွင့်အရေးချိုးဖေက်မှုများ ရှိနေကြောင်း မကြာသေးမီကပင် စွပ်စွဲပြစ်တင်ခဲ့ကြသည်။ အကယ်၍ မြန်မာတို့ ဆက်လက်၍ ပိုမိုပြုပြင် ပြောင်းလဲလာပါက အဆိုပါ နိုင်ငံများမှ လူ့အခွင့်အရေးလှုပ်ရှားသူများက ပို၍ အသိအမှတ်ပြုလိမ့်မည်ပာု မှန်းဆလျှင် လွဲနိုင်မည် မပာုတ်ပါ။

                **************************************************************************************

အာရှကို အမေရိကန် ပြန်လည်အာရုံစိုက်ကြောင်း တရုတ်အပေါ် သတိပေးလိုက်သည့် ဟီလာရီ၏ မြန်မာပြည်ခရီးစဉ်

(The Vancouver Sun သတင်းစာမှ၊ 28 Nov 2011 ရက်စွဲပါ Clinton's visit to Burma warns China of U.S refoucs on Asia ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ရာစုနှစ် ထက်ဝက်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစဉ်သည် ဝါရှင်တန်အနေဖြင့် အာရှဒေသနှင့် ပြန်လည်ချိတ်ဆက်မှုများပြုလုပ်လျက်ရှိသည်ဟူသော သတင်း စကားများအနက် နောက်ဆုံးတစ်ခုဟုဆိုရပေမည်။ အထူးသဖြင့် ယင်းသတင်းစကားသည် တရုတ်နိုင်ငံကို အဓိကဦးတည်ထားခြင်းသာဖြစ်သည်။ ဝါရှင်တန် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပေါ် ဆယ်စုနှစ်ကြာမျှ စိတ်စွဲလမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အာရှဒေသကို အာရုံ စိုက်လာခြင်းကို အာရှ အစိုးရများက ကြိုဆိုကြသည့် အရိပ်လက္ခဏာများလည်းထွက်ပေါ်လာသည်။

အမှန်အတိုင်းဆိုပါက အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က ဆိုထားသော 'အာရှကိုမဏ္ဍိုင်ပြုခြင်း' ဟူသည်မှာ အာရှမြို့ကြီးပြကြီး များတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကြီးထွားလာမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စိုးရိမ်ပူပန်မှုများအတွက် တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။ သို့သော် တရုတ် သြဇာအာဏာ၏ ဦးတည်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသော အချက်ပြမှုများနည်းပါးနေသည်ကိုတွေ့ရသည်။

အိုဘားမားသည် နိုဝင်ဘာလဆန်းပိုင်းလောက်က ဟိုနိုလူလူတွင် အာရှပစိဖိတ်စီးပွားရေးဖိုရမ်(အေပက်) ကျင်းပပြီး အာရှဒေသအပေါ်ဖိုးကပ်စ် (Focus) လုပ်မှုကို အစပျိုးခဲ့သည်။ ထို့နောက် ကာလကြာရှည်စွာအချိန်ဆွဲခဲ့သော သြစတြေးလျ နိုင်ငံ အလည်အပတ်ခရီးစဉ်ကို စတင်ခဲ့သည်။ သြစတြေးလျ ပါလီမန်၌ မိန့်ခွန်းပြောဆိုရာ၌ ထူးခြားထင်ရှားသော ကြေညာချက်တစ်ရပ်ကိုပါ ထုတ်ပြန်ခဲ့သည်။ ယင်းမှာ Darwin ဆိပ်ကမ်းတွင် အမေရိကန် မရိန်း တပ်သား ၂၅၀၀ အပါအဝင် သင်္ဘောများနှင့် လေယာဉ်များ စခန်းချထားမည့်ကိစ္စပင်ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်တပ်များ အာရှဒေသတွင်တိုးချဲ့ချထားမည့်ကိစ္စသည် ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသို့ တိုးချဲ့မှုကြောင့် အမေရိကန်တပ်ဖွဲ့များနှင့် ဒေသတွင်း ပိုမိုနီးကပ်သွားစေသော်လည်း ဒေသတွင်းလုံခြုံရေးကို အဓိကခြိမ်းခြောက်လာမည့်အရေးကိစ္စများနှင့် များစွာ နီးစပ်မှုရှိမည်မဟုတ်ပေ။ လတ်တလော အာရှဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုသဖွယ်ဖြစ်လာသည့်ကိစ္စမှာ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံး ပိုင်ဆိုင်ရန် တရုတ်နိုင်ငံကတောင်းဆိုထားမှုနှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့အပေါ် ဦးတည်သည့် တရုတ်နိုင်ငံပိုင်မီဒီယာများက ရေးသားသော စစ်မက်ရေးရာ ခြိမ်းခြောက်မှုများပင်ဖြစ်သည်။

အိုဘားမားသည် သြစတြေးလျမှတစ်ဆင့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီသို့သွားရောက်သည်။ အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ၌ အိုဘားမားက တောင်တရုတ်ပင်လယ်အရေးကိစ္စများနှင့် တရုတ်နိုင်ငံ၏ မလေးရှား၊ ဘရူနိုင်းအပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့အပေါ် တရုတ်နိုင်ငံ၏ ရန်ပြုလိုသည့် သဘောထား ကိစ္စများကို ထုတ်ဖော်ပြောဆိုပြီး ဝန်ကြီးချုပ် ဝမ်ကျားပေါင် အမျက်ဒေါသထွက်အောင်ပြုလုပ်ခဲ့သည်။

ထို့နောက် အိုဘားမားက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ စစ်အုပ်ချုပ်မှုစနစ်အောက်သို့ ဆယ်စုနှစ်များစွာ ကျရောက်ခဲ့သော မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအကြား နှစ်ရှည် လများ အရောင်အသွေးမှေးမှိန်ခဲ့ရာမှ ယခုအခါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် အရောင်အသွေးရွှန်းလဲ့တောက်ပလာပြီဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးတတ်စွမ်းမှုမှ အကျိုးအမြတ်များရရှိခဲ့သည့် နိုင်ငံများအနေဖြင့် မမျှော်လင့်ထားသည့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသလို အမေရိကန်ပြည်ထောင်စု၏အကာအကွယ်ပေးမှုရယူနိုင်မည့် နည်းလမ်းများလည်းရှာရမလိုလည်း ဖြစ်လာသည်။

မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကတည်းကစတင်အုပ်ချုပ်လာသော စစ်ဗိုလ်ချုပ်ကြီးများနှင့်ပတ်သက်၍ သံသယ ဖြစ်မှုများကတော့ ဆက်လက် ကျန်ရှိ နေဆဲဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ အာဏာလွှဲပြောင်းခဲ့ပြီး ဒီမိုကရေစီပြောင်းလဲကျင့်သုံးနေသည့် အသွင် ကူးပြောင်းရေးကာလအတွင်း အဆက်မပြတ် ဖြစ်ပေါ်လာသော အရိပ်လက္ခဏာများအရ မြန်မာပြည်၏အပြောင်းအလဲများမှာ အစစ်အမှန်ဖြစ်ဖွယ်ရှိနေသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော အရေးကိစ္စများအနက် လွန်စွာထူးခြားခဲ့သည့်ဖြစ်ရပ်တစ်ခုမှာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က တရုတ် ကျောထောက် နောက်ခံဖြင့် တည်ဆောက်လျက်ရှိသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို အများပြည်သူသဘောထားဆန္ဒနှင့်ဆန့်ကျင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သောကြောင့် ရပ်တန့်မည်ဟု ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံက ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူမည့်ကိစ္စကို သဘောတူညီလိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါသတင်းသည် နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဖိနှိပ်မှု ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က လတ်တလောဖွံ့ဖြိုးတိုးတက်မှုများကို အသိအမှတ်ပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ် များသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဟီလာရီကလင်တန်ဆုံးဖြတ်ရာ၌ လွန်စွာအခရာကျသည့် အချက်များဖြစ်သည်မှာ သံသယဖြစ်စရာ လိုမည်မဟုတ်ပေ။

***************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

မြန်မာအတွက် အမေရိကန်

************************************************

ဆောင်းပါးကဏ္ဍ

မြန်မာအတွက် အမေရိကန်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း၏ နောက်ကွယ်တွင် အကြောင်းအခြင်းအရာ များစွာ ရှိနေသည်ဟု ယူဆရသော်လည်း ယခုခရီးစဉ်တစ်ခုတည်းဖြင့် မြန်မာအမေရိကန် ဆက်ဆံရေး ပြောင်းပြန်ဖြစ်သွားပြီ၊ လုံးဝပြေလည်သွားပြီဟု ဆို၍ မရပေ။ မြန်မာသည် အမေရိကန် ပုလဲကုံးသီဗျူဟာ၏ နောက်ဆုံးပုလဲတစ်လုံးဖြစ်ကြောင်း ယခင်တစ်ပတ်က ဆိုခဲ့ပြီး ဖြစ်သည်။ အမေရိကန်တို့အတွက် မြန်မာသည် မည်သို့မည်ပုံ အသုံးဝင်နိုင်ကြောင်းကို တင်ပြခဲ့ခြင်းဖြစ်သည်။ ဤတွင် နှစ်ဖက်စဉ်းစားစရာ ရှိလာသည်။ အမေရိကန်အတွက် မြန်မာ၏ အသုံးဝင်မှုဆိုလျှင် မြန်မာအတွက် အမေရိကန်၏ အသုံးဝင်မှုဆိုသည်ကိုလည်း စဉ်းစားရန်လိုပေ မည်။

                မြန်မာတွေအနေနှင့် အမေရိကန်ထံမှာ ဘာတွေရနိုင်မည်နည်း ????????

နိုင်ငံရေး

နိုင်ငံရေးအရကြည့်လျှင် ယခင်က အာဏာရှင်စစ်အစိုးရဖြစ်၍ အမေရိကန်၏ နှုန်းစံများနှင့် လွဲချော်နေ၍ အမေရိကန်က တရားဝင်မှု မပေးသလို မြန်မာဘက်ကလည်း အမေရိကန်၏ အသိအမှတ်ပြုမှုကို မမျှော်လင့်ခဲ့။ ထို့ကြောင့် တရုတ်နှင့် ပို၍နီးကပ်လာခဲ့သည်။ ယခုမူ ဒီမိုကရေစီအစိုးရ၊ ပြည်သူက ရွေးကောက်တင်မြှောက်သည့်နည်းလမ်းမှ တက်လာသည့်အစိုးရဖြစ်၍ နိုင်ငံတကာ၏ တရားဝင်မှု အထူးသဖြင့် အမေရိကန်၏ အသိအမှတ် ပြုမှုလိုလာပြီ ဖြစ်သည်။ ကမ္ဘာ့ရေးရာများတွင် အမေရိကန်၏ မဲတစ်မဲလိုအပ်လာပြီဟု ဆိုရမည်ဖြစ်သည်။ထို့ပြင် တရုတ်ထံသို့ လိုက်လျောမှုတွေ ကျွံထားသည့် ကိစ္စတွေအတွက်လည်း ဖြေရှင်းစရာကိစ္စတွေ များစွာရှိနေသည်။ ထို့ကြောင့် တရုတ်နှင့် ဗလချင်းယှဉ်နိုင်မည့် အင်အားကြီးတစ်နိုင်ငံကို လိုလာ;သည်ဖြစ်ရာ အမေရိကန် ပြည်ထောင်စုမှတပါး အခြားမရှိပေ။ မြန်မာဆိုသည်မှာ ရှေးပဝေသဏီ အတီတေတည်းက အင်အားကြီးနှစ်နိုင်ငံ ကြားတွင် လူမျိုးရော နိုင်ငံပါ မပျောက်အောင် ပါးနပ်စွာနေလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ စစ်အေးခေတ်ကာလက မြန်မာတို့အနေဖြင့် ဆိုရှယ်လစ် ဝါဒကို ကျင့်သုံးနေသည့်တိုင် ကွန်မြူနစ်အုပ်စုထဲမပါခဲ့ဘဲ ကြားနေရေးဝါဒကိုသာ ကျင့်သုံးခဲ့သည်ဖြစ်ရာ ပထဝီနိုင်ငံရေးကို ကောင်းစွာကစားတတ် သည်ဟု ဆိုရမည်ဖြစ်သည်။ ယနေ့ မြန်မာတွေ တရုတ်ကို လက်လွန်ပြီးပေးထားရသည့် အခွင့်အရေးတွေကို ပြန်၍ထေမိစေရန် ကြိုးပမ်းရတော့မည်။ ထင်သာမြင်သာရှိသည့်ကိစ္စမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထိုနေရာသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်သလို တရုတ် ပြည်ထဲထိ သွားမည့် ရထားလမ်းမှာ မြန်မာတွေအတွက် အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းတစ်မျိုးပင်ဖြစ်သည်။ ထိုအခြေအနေကို ကုစားရန်အတွက် အင်အားမျှခြေ တစ်ခုကို ဖန်တီးရပေတော့မည်။ မြန်မာ့ပင်လယ်ပြင်တွင် ခေါင်းစဉ်တစ်မျိုးမျိုးဖြင့် အမေရိကန်စစ်သင်္ဘောတွေ မသွားနိုင်ဘူးလား။ ကိုကိုကျွန်းမှာ ဂူအမ်ကဲ့သို့ အမေရိကန် လေတပ်စခန်း ဖြစ်မလာနိုင်ဘူးလား။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်အတွင်းတွင် နိုင်ငံခြားတပ်ဖွဲ့တွေ ချထားခွင့် မပြုဟုဆိုထားသော်လည်း မြန်မာ့ရေပြင်တွင် ချထားနိုင်သလောဟု အဓိပ္ပါယ်ဖွင့်န