Transparency Myanmar

transparency.myanmar@gmail.com

(BBC News မှ ၂၂ ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ "Thailand and Cambodia to accept monitors for border row" သတင်းကိုဘာသာပြန်ဆိုသည်)

         

          ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လူအသေအပျောက်ရှိသည့် တိုက်ပွဲများ ဖြစ်ပေါ်စေခဲ့သည့် အငြင်းပွား နယ်မြေကို လေ့လာစောင့်ကြည့်ရန် အင်ဒိုနီးရှား အကဲခတ်လေ့လာသူများ ထားရှိခွင့်ပြုမည့် အစီအစဉ်အား နှစ်နိုင်ငံ စလုံးက သဘောတူညီခဲ့သည်ပာု တာဝန်ရှိသူတစ်ဦးကပြေကြားပါသည်။

            ဂျာကာတာတွင် ပြုလုပ်မည့် အာဆီယံအဖွဲ့၏ အစည်းအဝေးတွင် ထိုသို့သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ နယ်စပ်၏ နှစ်ဖက်စလုံးတွင် လက်နက်မကိုင်ဆောင်ရသည့် အကဲခတ်လေ့လာသူများ ထားရှိမည်ပာု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီ ဂါဂါ ကပြောကြားသည်။

            နှစ်နိုင်ငံနယ်စပ်မှ ၁၁ ရာစု ပိာန္နူလက်ရာ ပရာဗီပာာ ဘုရားကျောင်းအနီးတွင် ယခုလအစောပိုင်းက အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး () ဦးသေဆုံးခဲ့ရသည်။

            နှစ်နိုင်ငံနယ်ခြားမျဉ်းအဖြစ် ဖွဲ့စည်းတည်ရှိနေသည့် တောင်တန်းများပေါ်မှ ပရာဗီပာာဘုရားကျောင်းကို ကမ္ဘောဒီးယား နိုင်ငံက ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် နိုင်ငံတစ်ကာတရားရုံးက ဆုံးဖြတ်ပေးခဲ့ပါသည်။

            သို့သော်လည်း ဘုရားကျောင်းအနီးတစ်ဝိုက်နယ်မြေ ပိုင်ဆိုင်ခွင့်ကို နှစ်ဖက်အခြေအတင်ငြင်းခုန်လျှက်ရှိကြပြီး လက်ရှိနှစ်များအတွင်းထိုနေရာ၌ အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေခဲ့သည်။

            နောက်ပိတ်ဆုံး ပဋိပက္ခမှာမူ ဖေဖော်ဝါရီလအစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တစ်ဖက်နှင့်တစ်ဖက် အချုပ်အချာ ပိုင်နက် ချိုးဖောက်ကြောင်း အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

            ဂျာကာတာမှ ရရှိသော သတင်းများအရ အဆိုပါနယ်စပ်သို့ စစ်ဖက်နှင့် အရပ်ဖက် အကဲခတ်လေ့လာသူ ၄၀ ဦးထိပို့လွှတ်မည်ပာု သိရှိရသည်။

            "ဒါပာာ အကဲခတ်လေ့လာရေးအဖွဲ့ပါ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့မပာုတ်ပါဘူး၊ ဒါကြောင့် လေ့လာ စောင့်ကြည့်ရေး အဖွဲ့သည် လက်နက်ကိုင်ဆောင်မည်မပာုတ်ပါ" ပာု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နတာလီဂါဝါ ကပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(22 ဖေဖော်ဝါရီ 2011 ရက်စွဲပါ The Christian Science Monitor မှ Simon Montlake ရေးသားသော Why Aung San Suu Kyi wants to keep sanctions on Burma ကိုဘာသာပြန်ပါသည်။

            မြန်မာနိုင်ငံသည် ၎င်း၏ အာရှတိုက်မှ အိမ်နီးချင်းများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများရှိနေခြင်း ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ Sanction ထောက်ခံသော မဟာဗျူဟာသည် အချည်းအနှီးဖြစ်ကောင်းဖြစ် နိုင်သည်ဟု အချို့ဝေဖန်သုံးသပ်သူများက သတိပေးခဲ့ပါသည်။

            ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး သုံးလအကြာတွင် အနောက်နိုင်ငံ Sanction များအပေါ်ထောက်ခံမှုကြောင့် မြန်မာနိုင်ငံမြင်ကွင်းအောက်သို့ ပြန်လည်ရောက်ရှိလာ ပါသည်။ အဆိုပါ ရပ်တည်ချက်သည် သူမ၏ နိုင်ငံရေးပါတီနှင့် စစ်အစိုးရကြားတင်းမာမှုများပိုမိုလာစေပါသည်။

            ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ်လူထုအုံကြွမှုမှစတင်ပေါက်ဖွားလာသော ဒီမိုကရေစီခေါင်း ဆောင်တစ်ဦး ဖြစ်ပြီး၊ မြန်မာနိုင်ငံကိုအုပ်ချုပ်သော စစ်ဗိုလ်ချုပ်များက သူမအား ဆူးတစ်ချောင်းသဖွယ်ရှုမြင်ခဲ့ ကြပါသည်။

            ၂၀၀၇ ခုနှစ်က ဘုန်းတော်ကြီးများ ဦးဆောင်သော ဆန္ဒပြမှုများမြို့အတော်များများတွင် ဖြစ်ပေါ်ခဲ့ရာ ရက်ရက်စက်စက်နှိမ်နှင်းခြင်းခံခဲ့ရပါသည်။ ပြီးခဲ့သည် အပတ်က ကနေဒါ၏ Globe and Mail နှင့် အင်တာဗျူး တွင် ဒေါ်အောင်ဆန်းစုကြည်က အီဂျစ်နိုင်ငံ၏ ဆန္ဒပြမှုများတွင် အီဂျစ်တပ်မတော်က လူထုအားပစ်ခတ်ရန် ငြင်းဆိုခြင်းအတွက် ချီးမွမ်းခဲ့ပါသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အီဂျစ်မှာ ကဲ့သို့ ပြည်သူများလမ်းပေါ်မထွက် နိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိ၏ စစ်တပ်က ပြည်သူများကို နှိမ်နင်းရန် ဆန္ဒပြင်းပြနေခြင်းကြောင့် ဖြစ်သည်ဟု သူမကဆိုပါသည်။

            "ဒါပေမယ့် မြန်မာ့စစ်တပ်ဟာ အမြဲတမ်းလူတွေကို ပစ်မယ်လို့တော့ တထစ်ချပြောမရပါဘူး" ဟု သူမက Globe and Mail သို့ပြောပါသည်။

            မြန်မာ့မီဒီယာသည် အီဂျစ်နှင့် အခြားတော်လှန်မှုများနှင့်ပတ်သက်သော သတင်းများကို အမှောင်ချ ထားကြောင်း ဝေဖန်သူများနှင့် သံတမန်များက ပြောဆိုကြပါသည်။

            ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလသူမလွတ်မြောက်ပြီးကတည်းက သူမ၏ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပြန်လည်တည်ဆောက်ရေးကို ပြုလုပ်ခဲ့ပြီး လူထုသို့ မိန့်ခွန်းပြောမှုအနည်းငယ်ပြုလုပ်ခဲ့ပါသည်။ သူမ သည် လက်လှမ်းမီထိတွေ့နိုင်ရေးအတွက် မီဒီယာအသစ်တစ်မျိုးအသုံးပြုလိုကြောင်းပြောခဲ့ပါသည်။

            မြန်မာနိုင်ငံ၌ ဆယ်စုနှစ်မျာစွာ စစ်အာဏာရှင်စနစ်မှ အခြေခံဥပဒေအုပ်ချုပ်ရေးသို့ ခြေလှမ်းလှမ်းလာ ချိန်တွင် Sanction နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ထွက်ပေါ်လာပါသည်။ ဝေဖန်သုံးသပ်သူများက ယခုအသွင်ကူးပြောင်းရေးကာလမှာ အတုအယောင်သာ ဖြစ်ပြီး စစ်တပ်မှသာအာဏာဆက်လက်ချုပ်ကိုင်ထား မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ အခြားစောင့်ကြည့်လေ့လာသူများကမူ အာဏာ၏ ဗဟိုချက်အသစ်ထွက် ပေါ်ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီတစ်စိတ်တစ်ပိုင်းစတင်အလုပ်လုပ်မည်ဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့ကြပါသည်။

            အမေရိကန်အစိုးရသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးမှတ်တမ်းများကြောင့် စီးပွားရေးနှင့် နိုင်ငံရေး Sanction များချမှတ်ထားသော နိုင်ငံများတွင် ပါဝင်ပါသည်။ သို့သော် အမေရိကန်သည် သံတမန်ဆက်ဆံရေး ကိုလည်းဦးစားပေးပါသည်။ ဥရောပသမဂ္ဂ၊ ကနေဒါ၊ နယူးဇီလန်နှင့် သြစတြေးလျတို့သည်လည်း ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးမှုအကူအညီများကို တင်းကြပ်စွာပိတ်ပင်ထားပါသည်။

            ပြီးခဲ့သည့် လက ပါလီမန်မှ အတိုက်အခံပါတီများက မြန်မာနိုင်ငံတွင် စီးပွားရေးအရ ဝန်ထုပ်ဝန်ပိုးဖြစ်နေမှုများ လျော့ကျသွားစေရန် Sanction များရုတ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။ မြန်မာ နိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံးနိုင်ငံများပါဝင်ပြီး၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ရရှိသော နိုင်ငံတကာအကူအညီများ၏ တစ်စိတ် တစ်ပိုင်းပင်မရရှိခဲ့ပေ။

            အီးယူ အဖွဲ့တွင် သုံးသပ်ချက်များအရ မကြာမီက တွေ့ရှိရာတွင် Sanction များသည် ၎င်း၏ နိုင်ငံရေးအရ ရည်မှန်းချက်များ မအောင်မြင်ဖြစ်ရသည့်ပြင် ပြည်သူများဆင်းရဲမွဲတေမှုကိုဆက်လက်ဖြစ်ပေါ်စေရန် ဖြစ်စေသည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း ဖော်ပြခဲ့ပါသည်။ အီးယူအဖွဲ့၏ သုံးသပ်ချက်တွင် နိဂုံးချုပ်ဖော် ပြထားရာ၌ ဥပဒေဖြင့် ကန့်သတ်ထားခြင်းမရှိပဲ ကမ္ဘာ့ဘဏ်ခဲ့သို့သော အဖွဲ့များ၏ ချေးငွေအကူအညီများ မရရှိ ခြင်းသည် ကျေးလက်ပြည်သူများ ဆင်ရဲမှုကို ထိခိုက်ကြောင်းဆိုခဲ့ပါသည်။

            သို့သော် NLD က Sanction များရုတ်သိမ်းရန် စောသေးကြောင်း ငြင်းချက်ထုတ်ခဲ့ပါသည်။ ဖေဖော်ဝါရီ ()ရက်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် NLD က Sanction များသည် စီးပွားရေးအခြေအနေများကို သိသာ လောက်သည့် အတိုင်းအတာအထိ