Transparency Myanmar

transparency.myanmar@gmail.com

(BBC News မှ ၂၂ ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ "Thailand and Cambodia to accept monitors for border row" သတင်းကိုဘာသာပြန်ဆိုသည်)

         

          ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လူအသေအပျောက်ရှိသည့် တိုက်ပွဲများ ဖြစ်ပေါ်စေခဲ့သည့် အငြင်းပွား နယ်မြေကို လေ့လာစောင့်ကြည့်ရန် အင်ဒိုနီးရှား အကဲခတ်လေ့လာသူများ ထားရှိခွင့်ပြုမည့် အစီအစဉ်အား နှစ်နိုင်ငံ စလုံးက သဘောတူညီခဲ့သည်ပာု တာဝန်ရှိသူတစ်ဦးကပြေကြားပါသည်။

            ဂျာကာတာတွင် ပြုလုပ်မည့် အာဆီယံအဖွဲ့၏ အစည်းအဝေးတွင် ထိုသို့သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ နယ်စပ်၏ နှစ်ဖက်စလုံးတွင် လက်နက်မကိုင်ဆောင်ရသည့် အကဲခတ်လေ့လာသူများ ထားရှိမည်ပာု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီ ဂါဂါ ကပြောကြားသည်။

            နှစ်နိုင်ငံနယ်စပ်မှ ၁၁ ရာစု ပိာန္နူလက်ရာ ပရာဗီပာာ ဘုရားကျောင်းအနီးတွင် ယခုလအစောပိုင်းက အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး () ဦးသေဆုံးခဲ့ရသည်။

            နှစ်နိုင်ငံနယ်ခြားမျဉ်းအဖြစ် ဖွဲ့စည်းတည်ရှိနေသည့် တောင်တန်းများပေါ်မှ ပရာဗီပာာဘုရားကျောင်းကို ကမ္ဘောဒီးယား နိုင်ငံက ပိုင်ဆိုင်ကြောင်း ၁၉၆၂ ခုနှစ်တွင် နိုင်ငံတစ်ကာတရားရုံးက ဆုံးဖြတ်ပေးခဲ့ပါသည်။

            သို့သော်လည်း ဘုရားကျောင်းအနီးတစ်ဝိုက်နယ်မြေ ပိုင်ဆိုင်ခွင့်ကို နှစ်ဖက်အခြေအတင်ငြင်းခုန်လျှက်ရှိကြပြီး လက်ရှိနှစ်များအတွင်းထိုနေရာ၌ အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေခဲ့သည်။

            နောက်ပိတ်ဆုံး ပဋိပက္ခမှာမူ ဖေဖော်ဝါရီလအစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ တစ်ဖက်နှင့်တစ်ဖက် အချုပ်အချာ ပိုင်နက် ချိုးဖောက်ကြောင်း အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

            ဂျာကာတာမှ ရရှိသော သတင်းများအရ အဆိုပါနယ်စပ်သို့ စစ်ဖက်နှင့် အရပ်ဖက် အကဲခတ်လေ့လာသူ ၄၀ ဦးထိပို့လွှတ်မည်ပာု သိရှိရသည်။

            "ဒါပာာ အကဲခတ်လေ့လာရေးအဖွဲ့ပါ၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့မပာုတ်ပါဘူး၊ ဒါကြောင့် လေ့လာ စောင့်ကြည့်ရေး အဖွဲ့သည် လက်နက်ကိုင်ဆောင်မည်မပာုတ်ပါ" ပာု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နတာလီဂါဝါ ကပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment