Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၃၀.၃.၂၀၁၂

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မိထ္ထီလာမဲဆန္ဒနယ်တွင် ဈေးသူဈေးသားများက ဒေါ်မြင့်မြင့်အေးအား ထောက်ခံလျက်ရှိကြောင်း သိရ
  2. ချပေးသည့် ဘတ်ဂျက်ငွေနည်းခြင်းကြောင့် ကျောင်းများတွင်သာ မဲရုံများအဖြစ် ပြုလုပ်မည်ဟု သိရ
  3. မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်  NLD အနိုင်ရဖို့များဟု ပြိုင်ဘက်ပါတီများမှ ဟောကိန်းထုတ်
  4. ကြားဖြတ်ရွေးကောက်ပွဲရလဒ် တစ်ပတ်အတွင်း ထုတ်ပြန်ကြေညာမည်
  5. အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပြဋ္ဌာန်း
  6. ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မိထ္ထီလာမဲဆန္ဒနယ်တွင် ဈေးသူဈေးသားများက ဒေါ်မြင့်မြင့်အေးအား ထောက်ခံလျက်ရှိကြောင်း သိရ

မိထ္ထီလာ၊ မတ်၃၀။

လစ်လပ်မဲဆန္ဒနယ် (၄၈)နေရာမှ တစ်နေရာဖြစ်သည့် မန္တလေတိုင်ဒေကြီးအတွင်းမှ မိထ္ထီလာမဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းများအဖြစ် ပါတီ ၃ခုနှင့် တသီးပုဂ္ဂလတစ်ခုတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြသည်ဟု အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပထမကတော့ ပါတီ ၃ခုပေါ့။ နောက်မှ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေးက ဝင်ပြိုင်တာ။ အဲဒီတော့ စုစုပေါင်း လေး ခုပေါ့။ ပြီးတော့ ကျွန် တော်တို့ NLDပါတီက ကျေးရွာတွေမှာလည်း ရုံးခွဲတွေလည်း ထားရှိထားပါတယ်။ စည်းရုံးရေးတွေလည်း ဆင်းနေပါတယ်။ ၂၉ရက်နေ့က ဆိုရင် ည ၁၁နာရီ လောက် မှ စည်းရုံးရေးဆင်းတာပြီးတယ်။ ကျွန်တော်တို့ပါတီကနေပြီး ဝင်ပြိုင်တာကတော့ ဗိုလ်ကြီဟောင်း ဦဝင်းထိန်က ဝင်ပြိုင်တယ်။ ဒီမိထ္ထီလာမှာတော့ ကျွန်တော် တို့နိုင်မှာပါ။ နိုင်ဖို့လည်း များပါတယ်။ တပ်မတော်ကလူတွေ များတဲ့နယ်ဆိုပေမယ့် သူတို့ကလည်း NLDကိုပဲ မဲပေးမှာပါ။ အခြေအနေတော့ ကောင်းပါ တယ်။ ပြီတော့ ကျွန်တော်တို့ဆီက တစ်ချို့ဆိုရင် မဲရုံမှူးတွေပါ”ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောကြားသည်။

ထို့ပြင် ယင်းမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေးသည် ပါတီစည်းရုံးရေးများကို ကျေရွာတိုင်းလိုလို မဲဆွယ်ဟောပြော မှုများ ပြုလုပ်ခဲ့ပြီး ၎င်းနောက်တွင် လိုက်ပါစည်ရုံးရေဆင်းသူ ဦးရေမှာလည်း ရာဂဏန်းနီးပါးလောက် ရှိသည်ဟု သိရပြီး ၎င်းအား ဈေးသူဈေးသား များကလည်း ထောက်ခံကြသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒေါ်မြင့်မြင့်အေးက ၈၈ပြီးကတည်းက NLDပါတီအနေနဲ့ ဒီမြို့နယ်မှာ အကျဉ်သားလွတ်မြောက်ရေး ဆုတောင်းပွဲတွေ လုပ်ပါတယ်။ ပြီးတော့ ဈေးသူးဈေးသားတွေဆီက စည်ပင်ကနေ အခွန်တိုးကောက်တဲ့ကိစ္စကိုလည်း ပြေလည်အောင် ဖြေရှင်းပေးခဲ့ပါတယ်။  လယ်ယာမြေကိစ္စတွေလည်း လုပ်ပေး ပါတယ်။ သူ့ကိုထောက်ခံတဲ့လူလည်း တော်တော်များများ ရှိတယ်။ သူက ကြားဖြတ်ရွေကောက်ပွဲမှာ မြို့ပေါ်ကော ကျေးရွာတွေပါလိုက်ပြီး စည်းရုံးရေးဆင်း ဟောပြောမှုတွေ ပြုလုပ်ပါတယ်။ သူစည်းရုံးရေမဆင်းရသေးတဲ့နေရာဆိုတာ ၂၀ကျော် လောက်ပဲရှိပါတယ်။ မြို့ပေါ်မှာလည်း ဆင်းပြီးသွားပြီ။ ကျေးရွာ တွေက ရာနဲ့ချီရှိတာဆိုတော့ ကျန်ရင် ဆယ်ဂဏန်းဝန်းကျင်လောက်ပဲ ကျန်မှာပါ”ဟု ယင်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့နောက် NLDအား မဲမထည့်ရန်နှိုဆော်မှုများ နှောက်ယှက်မှုများကို ယင်းမြို့နယ်ရှိ ကောလိပ်တစ်ခုမှ ကထိက တစ်ဦးက ၎င်းထံရှိ ကျောင်းသား မျာအား ပြောဆိုခဲ့သည့် ပြဿနာရှိသေးပြီ ယင်းကိစ္စနှင့် ပတ်သက်၍ အထက်သို့တင်ပြရန် စီစဉ်ထားကြောင်း၊ ထို့ပြင် ဒေါ်မြင့်မြင့်အေး လက်ရှိ လူအင် အားမှာ NLDပါတီမှ လူများဖြစ်ပြီး ယင်းအား လိုက်လံ ကူညီပါက လူတစ်ဦးအား တစ်နေ့လျှင် နေ့စားစ ရိတ်အဖြစ် ၂၀၀၀မှ ၄၀၀၀အထိ ပေးလျက်ရှိသော ကြောင့် ယင်းကဲ့သို့ ၎င်းနောက်မှလိုက်သည့် လူဦးရေမှာများနေရကြောင်းကိုလည်း မိထ္ထီလာမြို့နယ်ရှိ NLDပါတီမှ စည်းရုံးရေးအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက် အရ သိရသည်။

ယင်းမိထ္ထီလာမြို့နယ်တွင် လက်ရှိအချိန်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား မဟာမိတ်များအဖွဲ့ချုပ်ပါတီတို့မှလည်း စည်းရုံးရေးများ အပြိုင်အဆိုင်ဆင်းနေကြပြီး ယင်းမြို့နယ်တစ်ခုလုံးတွင် မဲရုံပေါင်း ၂၇၈ရုံ ရှိပြီး မတ်လ ၂၅ရက်နေ့အထိ မဲပေးနိုင်သူဦးရေ ၂၀၄,၄၂၉ဦး ရှိသည်ဟုလည်း NLDပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ချပေးသည့် ဘတ်ဂျက်ငွေနည်းခြင်းကြောင့် ကျောင်းများတွင်သာ မဲရုံများအဖြစ် ပြုလုပ်မည်ဟု သိရ

မိထ္ထီလာ၊ မတ်၃၀။

မိထ္ထီလာမဲဆန္ဒနယ်များရှိ မဲရုံများအား မဲရုံတည်ဆောက်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဘတ်ဂျက်ငွေ ချပေးမှုပမာဏမှာ လောက် ငှခြင်းမရှိပဲ အလွန်နည်းသောကြောင့် စာသင်ကျောင်းများနှင့် ပရဟိတ အဆောက်အဦးများတွင်သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း မိထ္ထီလာ မဲဆန္ဒနယ်မှ ကျေးရွာကော်မရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“မြို့နယ်ကော်မရှင်အဖွဲ့က ချပေးတာက မဲရုံတစ်ရုံကို ၃၀၀၀ကျပ်ပဲချပေးတယ်။ ဒါပေမယ့် အဲဒီ ၃၀၀၀က ဘယ် လိုမှမလောက် ဘူး။ အနည်းဆုံး ကျပ်တစ်သောင်းကျော်လောက် ကုန်ကျစရိတ်ရှိတယ်။ အဲဒါကြောင့် ကျောင်းတွေမှာပဲ ပိတ်ကာတွေကာပြီး မဲရုံလုပ်ရမှာပါ။ သိတဲ့လူတွေဆီကနေ ဟိုဟာ ငှားဒီဟာငှားနဲ့ လုပ်ရမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောကြားသည်။

ထို့ပြင် မဲရုံများအား ကျေးရွာများ၌ ကျေးရွာနှစ်ရွာလျှင် တစ်ရုံ သို့မဟုတ် ကျေးရွာသုံးရွာလျှင် တစ်ရုံဟူ၍ ထားရှိသွားမည်ဖြစ်ပြီး ယင်းမဲဆန္ဒ နယ် တွင် ကျေးရွာပေါင်း ၁၂၀ကျော်တည်ရှိပြီး မြို့ပေါ်တွင် မဲရုံပေါင်း ၉၀ထားရှိမည်ဟုလည်း သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်  NLD အနိုင်ရဖို့များဟု ပြိုင်ဘက်ပါတီများမှ ဟောကိန်းထုတ်

တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၌ မဲဆန္ဒနယ် (၄) နယ်ရှိသည့်အနက် မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများသည် NLD ပါတီမှ အနိုင်ရဖို့ များ ကြောင်း ရွေးကောက်ပွဲဟောကိန်းများ ထုတ်ခဲ့သည်။

မင်္ဂတောင်ညွှန့်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေ ပါတ်ီသစ်နှင့် မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီတို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်များ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရွေးကောက်ပွဲ စည်းရုံရေးမှူးမှ “ဒီရွေးကောက်ပွဲဟာ သိပ်မမျှော်လင့်ဘူး၊ အမျိုးသားပဲ နိုင်မှာပေါ့” ဟု ပြောကြားသွား သည်။

အမျိုးသားဒီမိုကရေစီပါတီသစ်မှ စည်းရုံးရေးမှူးမှလည်း “လူတွေအခု အရမ်း ကြိုက်နေတာကတော့ NLD ပေါ့။ သိပ်စဉ်းစားစရာမလိုပါဘူး။ NLD အနိုင်ရဖို့များပါတယ်” ဟု ပြောကြားသွားခဲ့သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် NLD အနိုင်ရရှိနိုင်မည်ဟု ခန့်မှန်းကြသော်လည်း နိုင်ငံ ရေး ဆက်လက်ရှင်သန်ရေးနှင့် ပါတီကို လူထုသိစေဖို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမျိုးလည်း ရှိသည်။

“ခင်ဗျားကို ကျွန်တော်မေးမယ်၊ ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပြိုင်ရင် ဘယ်သူနိုင်မလဲ၊ အဖြေကထွက်ပြီးသားပါ။ ဒါပေမယ့် ကျွန်တော်ပြိုင် တယ်၊ ဒီမိုကရက်တစ်ဦးအနေနဲ့၊ နိုင်ငံရေးသမား ပီသသူတစ်ဦးအနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်” ဟု မြန်မာဒီမိုကရေစီ ကွန်ဂရက် ပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဦးကောင်မြတ်ထွဋ်က မှတ်ချက်ပြုသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်သည် မဲရုံ (၆၈) ရုံရှိပြီး မဲပေးနိုင်သူ ဦးရေ ၁၂၀၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

MMN

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲရလဒ် တစ်ပတ်အတွင်း ထုတ်ပြန်ကြေညာမည်

ရန်ကုန်၊ မတ် ၂၈။

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများ၏ အရှုံး၊ အနိုင် ရလဒ်များကို တစ်ပတ်အတွင်း ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ်လ ၂၈ ရက် နေ့တွင် နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို ရွေးကောက်ပွဲကော်မရှင်က တစ်ပတ်အတွင်း ကြေညာပေးသွားမှာပါ။ မြို့နယ်နဲ့ ခရိုင်ကော်မရှင်တွေ ကတော့ မဲလက်မှတ်ရေတွက်ပြီးတာနဲ့ ကြေညာပေးသွားမှာပါ”ပာု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်နိုင်ရန် နိုင်ငံတကာမှ လေ့လာမည့်သူ ၁၅၉ ဦးကို ဖိတ်ခေါ်ထားပြီး ကြိုတင်မဲကိစ္စရပ်နှင့် ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲကကဲ့သို့ မိမိလက်ထက်တွင် မဖြစ်စေရပာု ၎င်းက ကတိပေးပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် ရွှေ့ဆိုင်းထားသည့် ကချင်ပြည်နယ်မဲဆန္ဒနယ် ၃ ခုတွင်လည်း နယ်မြေလုံခြုံရေး ပြန်လည်တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေရှိလာသည်နှင့် ပြန်လည်ကျင်းပပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

လာမည့် ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ်(၄၅)နေရာရှိပြီး ၎င်း လစ်လပ်မဲဆန္ဒနယ်များ၌ နိုင်ငံရေးပါတီ(၁၇) ခုမှ  လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်များမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပြဋ္ဌာန်း

အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများကြားရှိ အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြေရှင်း နိုင်ရန်နှင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံရေး ကောင်းမွန်နိုင်စေရန် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ ၂၀၁၂ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၅ ကို ၂၀၁၂ မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ပြဋ္ဌာန်းကြေညာခဲ့ကြောင်း သိရသည်။

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေတွင် အခန်း(၁၀)ခန်းပါရှိပြီး ၎င်းအခန်းများမှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ အလုပ်သမား ရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ အငြင်းပွားမှုဖြေရှင်း ခုံသမာဓိအဖွဲ့ ဖွဲ့စည်းခြင်း၊ အငြင်း ပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဖွဲ့စည်းခြင်း၊ အငြင်းပွားမှုအား ဖြေရှင်းခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် အထွေထွေအခန်းတို့ ပါဝင်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ အလုပ်ရှင်နှင့် အလုပ်သမားကြားဖြစ်ပွားလျက်ရှိသော အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အလုပ်ရှင်(သို့) အလုပ်သမား တစ်ဖက်ဖက်သည် မိမိ၏ နစ်နာချက်နှင့် စပ်လျဉ်း၍ တစ်ဦးချင်းအငြင်းပွားမှုကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သို့ တိုင်ကြားနိုင်ပြီး ယင်းအဖွဲ့မှ သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ ဖျန်ဖြေပေးမှုကို မကျေနပ်ပါက မကျေနပ်သူကိုယ်တိုင်ကဖြစ်စေ၊ တရားဝင်လွှဲအပ်ထားသော ကိုယ်စားလှယ်ဖြင့်ဖြစ်စေ စီရင်ပိုင်ခွင့် ရှိသော တရားရုံးသို့ လျှောက်ထားနိုင်ကြောင်း အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အလုပ်သမားများနှင့် အလုပ်ရှင်များ၏ အငြင်းပွားမှုများနှင့် ပတ်သက်၍ တိုင်ကြားပါက သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့သည် တိုင်ကြားမှုကို လက်ခံရရှိသည့်နေ့ရက်မှ သုံးရက်အတွင်း(တရားဝင် ရုံးပိတ်ရက်မပါ)အတွင်း ပြေငြိမ်းစေရန် ဖျန်ဖြေပေးရမည်ဖြစ်ပြီး ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ဖြေရှင်းနိုင် ခြင်းမရှိသည့် အငြင်းပွားမှုများကို သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့သို့ အချက်အလက်အပြည့်အစုံဖြင့် လွှဲပြောင်းပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။

                သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့၏ ဖြေရှင်းမှုဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိပါက အငြင်းပွားသူများသည် ခုံသမာဓိအဖွဲ့မှ၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ခုနှစ်ရက်အတွင်း ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ခံယူရန် နှစ်ဖက်စလုံးမှ လျှောက်ထားခြင်း၊ အလုပ်ပိတ်ခြင်း(သို့) သပိတ်မှောက် ခြင်းများကို သက်ဆိုင်ရာ ဥပဒေအရ ပြုလုပ်နိုင်ကြောင်း သိရသည်။

                ထို့ပြင် အလုက်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှုနှင့် ပတ်သက်၍ ခုံသမာဓိအဖွဲ့မှ ဆွေးနွေးညှိနှိုင်းနေစဉ် ကာလအတွင်း အလုပ်ရှင်များမှ ချမှတ်ထားသော အလုပ်သမားများနှင့် သက်ဆိုင်သည့် ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများကို အလုပ်သမားအကျိုးထိခိုက်စေရန် ရုတ်တရက်ပြောင်းလဲခြင်း မပြုလုပ်ရန်၊ အလုပ်ပိတ်ခြင်းနှင့် သပိတ်မှောက်ခြင်းကို မပြုလုပ်ရပာု အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ဥပဒေတွင် ဖော်ပြပါရှိသည်။

                YC

-----------------------------------------------------------------------------------------------------------------------------------

ရပ်/ကျေး အုပ်ချုပ်ရေးဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

မြန်မာနိုင်ငံအတွင်း အခြေခံအကျဆုံး အုပ်ချုပ်ရေးဖြစ်သည့် ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၂ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇) ကို ၂၀၁၂ မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ပြဋ္ဌာန်း ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၂၇ နောက်တွင်  ပုဒ်မ ၂၇-က အဖြစ် မည်သူမဆိုပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ထံမှ ထိုသူ၏ ဆန္ဒ အလျောက် ကမ်းလှမ်းခြင်းမရှိဘဲ အကျိုးစီးပွား ထိခိုက်စေမည်ပာု ခြိမ်းခြောက်ခြင်း(သို့) အပြစ်ပေးမည်ပာု ခြိမ်းခြောက်ခြင်းဖြင့် ထိုသူ၏ လုပ်အား(သို့) ဝန်ဆောင်မှုကို အဓမ္မရယူခိုင်းစေမှုပြုလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ သက်ဆိုင်ရာက တရားရုံးမှချမှတ်နိုင်ကြောင်း ပြင်ဆင်ခဲ့သည်။

“အခု ကျွန်မ တို့ရပ်ကွက်ထဲမှာ ဘယ်သူက အုပ်ချုပ်ရေးမှူးလည်းဆိုတာ ကျွန်မ မသိဘူး။ သူတို့ဘာသာ သူတို့ ဖွဲ့နေကြတာပဲ။ နေ့တိုင်း အလုပ် သွား အလုပ်ပြန်တွေနဲ့တောင် မအားပါဘူး။ ကိစ္စရှိမှပဲရောက်ဖြစ်တော့ ဘယ်သူဥက္ကဋ္ဌဆိုတာတောင် သေသေချာချာကွဲကွဲပြားပြား မသိပါဘူး”ပာု လှိုင်သာ ယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

လက်ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူများမှာ စားဝတ်နေရေးအတွက် နေ့စဉ်လုံးပမ်းနေရပြီး ရပ်ကွက်အုပ်ချုပ်ရေး အခန်းကဏ္ဍနှင့် အလှမ်းကွာလျက်ရှိပြီး အများစုမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ခန့်အပ်ပုံနှင့် လုပ်ထုံးလုပ်နည်းများကို နားလည်ခြင်းမရှိသည့်အတွက် ယခင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကသာ ဆက်လက်ကြီးစိုး လျက်ရှိ ကြောင်း သိရသည်။

“အခု ရပ်/ကျေး အုပ်ချုပ်ရေးပိုင်းက လူ မကောင်းဘူးဆိုတာကိုသိတယ်။ အချက်အလက်တွေလည်း ရှိတယ်။ ဒါပေမယ့် ဘယ်ကိုတိုင်ရမယ်မှန်း မသိတော့ မတိုင်ရသေးဘူး။ မီဒီယာတွေကိုပဲ စာပို့ထားရတယ်”ပာု မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဆိုသည်။

YC

 ****************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၃ဝ.၃.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ငွေကြေးလဲလှယ်မှုနှုန်းထားသစ်ကြောင့် အစိုးရလုပ်ငန်းများ ထိခိုက်မည်ဟု ဗဟိုဘဏ်တာဝန်ရှိသူပြော

(Reuters မှ 29 March 2012 ရက်စွဲပါ Myanmar to help state firms hurt by new FX rate- C bank ကို ဘာသာ ပြန်ဆိုသည်)

  1. ရွေးကောက်ပွဲတောင်ပံများကို ဖြန့်ကာ ပျံတက်တော့မည့် မြန်မာ့စီးပွားရေး

(Bloomberg news မှ 30 March 2012 ရက်စွဲပါ Myanmar economy poised to take flight as voters head to polls သတင်းကို ဘာသာ ပြန်ဆိုသည်)

**********************************************************

ငွေကြေးလဲလှယ်မှုနှုန်းထားသစ်ကြောင့် အစိုးရလုပ်ငန်းများ ထိခိုက်မည်ဟု ဗဟိုဘဏ်တာဝန်ရှိသူပြော

(Reuters မှ 29 March 2012 ရက်စွဲပါ Myanmar to help state firms hurt by new FX rate- C bank ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လာမည့်အပတ်၌ စတင်အသက်ဝင်မည့် ငွေလဲလှယ်မှုနှုန်းထားသစ်ကြောင့် ထိခိုက်မှု ရှိမည်ဟု မျှော်လင့်ရသော နိုင်ငံပိုင် လုပ်ငန်းများအပေါ် အစိုးရအနေဖြင့် ထောက်ပံ့မှုများနှင့် ငွေချေးမှုများ ပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်မည် ဖြစ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ကြာသပတေးနေ့က ပြောကြားလိုက်သည်။

ယခုကဲ့သို့ ငွေကြေးလဲလှယ်မှုနှုန်း တစ်ခုတည်း ဖြစ်အောင် ပေါင်းစည်းမှုကြောင့် စီးပွားရေးကို ထိခိုက်မှုမှာ အကန့်အသတ်ဖြင့်သာ ရှိမည်ဟု မျှော်လင့်ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံပိုင်လုပ်ငန်းများသည် စီးပွားရေး၏ ၁ဝ% သာ ရှိခြင်းကြောင့် ဖြစ်သည် ဟု ယင်းက Reuters သို့ ပြောသည်။ တစ်ဒေါ်လာလျှင် တရားဝင် ငွေလဲလှယ်နှုန်း ၆.၄ ကျပ်သာ ရှိသော လက်ရှိငွေလဲလှယ်နှုန်းကြောင့် အဓိက အကျိုးဖြစ်ထွန်းသူများမှာ နိုင်ငံပိုင်လုပ်ငန်းများ ဖြစ်သည်။ စီးပွားရေးလုပ်ငန်း အများစု အသုံးပြုနေရသော တရားမဝင် ငွေလဲလှယ်မှုနှုန်းမှာ ပြီးခဲ့သည့်လများအတွင်း ၈ဝဝ-၈၂ဝ ကျပ်လျှင် တစ်ဒေါ်လာ ဖြစ်သည်။

ယခု ထွက်ပေါ်လာမည့် စီမံထားသည့် နှုန်းရှင်စနစ်သည် ထိုနှုန်းဝန်းကျင်တွင်ပင် ရှိလိမ့်မည်ဟု ဘဏ်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။ "အစိုးရလုပ်ငန်းတွေက အရှုံးခံပေးရပါမယ်၊ အစိုးရကတော့ ငွေချေးပေးတာမျိုး ဆောင်ရွက်ပေးရပါလိမ့်မယ်" ဟု ဗဟိုဘဏ် တာဝန်ရှိသူက ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်းပင်တွင် ပြုလုပ်သော အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

ငွေလဲလှယ်နှုန်းကြောင့် ငွေဖောင်းပွမှုအပေါ် သက်ရောက်မှုနည်းပါးနိုင်ကြောင်းလည်း ယင်းက ဖြည့်စွက် ပြောသည်။ မြန်မာနိုင်ငံတွင် ယခု ဖြစ်ပေါ်နေသော ငွေကြေး လဲလှယ်မှုနှုန်း အမျိုးမျိုး ဖြစ်ပေါ်နေခြင်းအား နှုန်းတစ်ခုတည်း သတ်မှတ်ရန် ၂ နှစ် ၃ နှစ်ခန့် အချိန်ယူရမည် ဖြစ်ကြောင်း ယင်းကပင် ပြောကြားသွားသည်။

*****************************************

ရွေးကောက်ပွဲတောင်ပံများကို ဖြန့်ကာ ပျံတက်တော့မည့် မြန်မာ့စီးပွားရေး

(Bloomberg news မှ 30 March 2012 ရက်စွဲပါ Myanmar economy poised to take flight as voters head to polls သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အနောက်နှင့် စီးပွားရေးဆက်ဆံမှု အလားအလာကောင်းလာခြင်းက အစိုးရ၏ ထိန်းချုပ်မှုများကို အထိုက်အလျောက် ပြေလျော့ စေခြင်းကြောင့် ၁၉၉ဝ ခုနှစ်က အတိုက်အခံတို့၏ အောင်ပွဲကို ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သော ရွေးကောက်ပွဲများကို လာမည့်အပတ်တွင် ကျင်းပတော့မည် ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ထဲသို့ ရောက်ရှိသွားသော လွှတ်တော်အမတ်များ၏ လစ်လပ်နေရာများ အတွက် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲများကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အဓိက အတိုက်အခံပါတီ ကလည်း ၁၉၉ဝ နိုင်ငံရေးပဋိပက္ခနောက်ပိုင်း ပထမဆုံးအကြိမ် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်လျက် ရှိသည်။

တရုတ်နှင့် အိန္ဒိယအကြားတွင် တည်ရှိပြီး လူဦးရေ ၆၄ သန်းနေထိုင်သော မြန်မာနိုင်ငံမှ ဒီမိုကရေစီ အလားအလာများသည် အမေရိကန်တို့ Sanctions များ ရုတ်သိမ်းရေး စဉ်းစားအောင် တိုက်တွန်းအားပေးလျက် ရှိသောကြောင့် အမေရိကန် General Electronic နှင့် ဗြိတိန် Standard Chartered Plc ဘဏ်တို့ ပါဝင်သော အနောက် ကုမ္ပဏီများစွာတို့ကလည်း ထိုနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများကို စောင့်စားနေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံကို အိမ်နီးချင်း ထိုင်း GDP ၏ ၁၄% မျှသာ ရှိသောအဆင့်သို့တိုင် ကျဆင်းသွားစေသည့် နှစ်ပေါင်း ၅ဝ အထီးကျန်မှုဆိုးမွေကို ပြောင်းလဲရန် ပြင်ဆင်ရခြင်းသည် သမ္မတဦးသိန်းစိန်အတွက် မဟာစွန့်စားခန်းတစ်ခုပင် ဖြစ်သည်။

ပထမဆုံး အာရှသား ကုလအကြီးအကဲ ဦးသန့်၏ မြေးဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း စာအုပ် ၂ အုပ် ရေးသားထားသူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက "မြန်မာ့စီးပွားရေးဟာ နှစ်ပေါင်းများစွာ မပြုပြင်ဘဲ ထားခဲ့ပြီး အခု ပျံတက်တော့မယ့် လေယာဉ်ငယ်လေးတစ်စီးနဲ့ တူနေပါတယ်။ စီးပွားရေးနဲ့ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေကတော့ ဆန့်ကျင်ဖက်အရပ်က တိုက်ခတ်နေတဲ့ အပြင်းစားလေပွေတွေပေါ့။" ဟု ဥပမာပေး တင်စားပြောသည်။

အတိုက်အခံမှန်သမျှကို တိုက်ခိုက် ချေမှုန်းသည့် တပ်မတော်အစိုးရ၏ အာဏာစီမံကိန်းကြောင့် ၁၅ နှစ် အကျယ်ချုပ် ထိန်းသိမ်းခံရပြီးနောက် လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ လွှတ်တော် နိုင်ငံရေးလောကသို့ ဝင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ထောက်ခံ အားပေးခြင်းခံရသော နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။

"ဒီရွေးကောက်ပွဲတွေဟာ အာဏာချိန်ခွင်လျှာကို အခြေခံကျကျ ပြောင်းလဲစေမှာမဟုတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား သမိုင်းဝင် စေ့စပ်မှုကို ကိုယ်စားပြုနေတဲ့အတွက် များစွာ အရေးပါနေပါတယ်။ ဒါ့ပြင် မြန်မာ့သမိုင်းရဲ့ ရှည်လျားလွန်းတဲ့ အခန်းတစ်ခုကို အဆုံးသတ်ပေးမှာလည်း ဖြစ်ပါတယ်"  ဟု ဦးသန့်မြင့်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် မကျန်းမာသော မိခင်ကို ပြုစုရန် ရန်ကုန်သို့ ခေတ္တပြန်လာချိန်တွင် မြန်မာ့ နိုင်ငံရေး စင်မြင့်၌ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် ၁၉၉ဝ ခုနှစ်က NLD ပါတီ အနိုင်ရခဲ့သော ရွေးကောက်ပွဲ မတိုင်မီ အာဏာပိုင်များ၏ အကျယ်ချုပ် ထိန်းသိမ်းမှုကို ခံခဲ့ရသည်။

တပ်မတော်အစိုးရ ရေးဆွဲသော ၂ဝဝ၈ အခြေခံဥပဒေကို ငြင်းပယ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုးပါတီ အများစု အနိုင် ရရှိခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲများကိုလည်း သပိတ်မှောက် ကန့်ကွက်ခဲ့သည်။ ထိုနောက်ပိုင်း ထွက်ပေါ်လာသော သမ္မတကြီးနှင့် သူမအကြား တွေ့ဆုံမှုကြောင့် NLD ပါတီအနေဖြင့် နိုင်ငံရေးနယ်ပယ်သို့ တရားဝင် ပြန်လည် ဝင်ရောက်လာခဲ့သည်။

ကြားဖြတ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်က "ရွေးကောက်ပွဲရလဒ်ကို ပြည်သူအားလုံး လက်ခံနိုင်စေဖို့ ကျွန်တော်တို့ အားလုံး အတူတကွ လုပ်ဆောင်သွားကြဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆုံးဖြတ်မှုဟာ အဓိကကျတယ်ဆိုတာကို နိုင်ငံရေးပါတီတွေအားလုံး နားလည် သဘောပေါက် ကြဖို့လည်း လိုပါတယ်" ဟု မတ်လ ၂၄ ရက်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် New Light of Myanmar သတင်းစာတွင် ဖော်ပြခဲ့သည်။

နိုင်ငံရေး ပိုမိုပွင့်လင်းမှုသို့ ဦးတည်ကူးပြောင်းခြင်းသည် ကုန်သွယ်မှုတိုးတက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြန်လည်ရေးဆွဲခြင်း၊ ငွေလဲနှုန်း စနစ် ပြင်ဆင်ခြင်း စသည့် ကြိုးပမ်းမှုများနှင့်အတူ အပြိုင် ရွေ့လျက် ရှိသည်။ စီးပွားရေး ခေတ်မီအောင် ဆောင်ရွက်မှုတစ်ခုအဖြစ် ၃၅ နှစ်ကြာ ပုံသေ ငွေလဲနှုန်းကို ဖျက်သိမ်းကာ ဧပြီ ၁ ရက်မှ စ၍ မြန်မာကျပ်ငွေကို နှုန်းရှင် မျှောတော့မည်ဟု ဗဟိုဘဏ်က မတ်လ ၂၈ တွင် ထုတ်ပြန် ကြေညာထားသည်။

သဘာဝဓာတ်ငွေ့၊ ရွှေနှင့် ကျောက်မျက်ရတနာများ ကြွယ်ဝမှုနှင့်အတူ အာရှတိုက်၏ အရာမယွင်းသေးသော ဈေးကွက်သစ်တစ်ခုအဖြစ် ထွက်ပေါ်လာသော မြန်မာနိုင်ငံသည် Rogers Holdings ကုမ္ပဏီ ဥက္ကဋ္ဌ ဂျင်မ်ရော်ဂျာ ကဲ့သို့သော ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်လျက် ရှိသည်။ Bank of America Corp မှ Merrill Lynch က "မြန်မာနိုင်ငံရဲ့ တံခါးဖွင့် ပွင့်လင်းလာမှုဟာ ကစားပွဲ အလှည့်အပြောင်းပါပဲ" ဟု မှတ်ချက်ပေးသည်။

"အခုလို တံခါးဖွင့်လာခြင်းဟာ ပြင်ပ ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ တစ်ကမ္ဘာလုံးကို အချက်ပြလိုက်တာပါပဲ။ သဘာဝ သယံဇာတတွေနဲ့ ပတ်သက်လို့ လုံးဝ တံခါးဖွင့်ပေးနေတာပါ။ တကယ်ကို ကြီးမားတဲ့ အခွင့်အလမ်းပါပဲ" ဟု ထိုင်း PTTEP ရေနံကုမ္ပဏီ၏ CEO အာနွန် ဆီရီဆန်တပ်ဆင်က မတ်လ ၂၇ ရက် အင်တာဗျူးတွင် ပြောကြားသည်။

အမေရိကန်နှင့် အီးယူတို့၏ ပိတ်ဆို့ဒဏ်ခတ်မှုများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်း၊ မြန်မာ့ထွက်ကုန် ဝယ်ယူတင်သွင်းခြင်းနှင့် မြန်မာထွက် ကျောက်မျက် ရတနာများကို ပစ်မှတ်ထား တားမြစ်ထားပြီး မြန်မာနိုင်ငံသို့ လက်နက် ရောင်းချခြင်းကိုလည်း ပိတ်ပင်ထားသည်။ ထို့ပြင် မြန်မာအစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကိုလည်း မလွှဲပြောင်းနိုင်အောင် ထိန်းချုပ်ထားသည်။

ယခုအခါ မြန်မာနိုင်ငံအပေါ် ပျော့ပျောင်းသည့် မူဝါဒ ပြောင်းလဲကျင့်သုံးနေသော အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက်မစ်ချယ်က "ဒီကြားဖြတ် ရွေးကောက်ပွဲတွေဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်က ထင်သာမြင်သာတဲ့ ခြေလှမ်းတစ်ခုပါ။ ဇန်နဝါရီလက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာနဲ့ အတူတူပါပဲ။ တကယ်လို့ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာအောင် ကျင်းပပေးခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ် ဆိုရင် ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့ဘက်ကလည်း အသိအမှတ်ပြု တုံ့ပြန် ကူညီ အားပေးသွားမှာ ဖြစ်ပါတယ်" ဟု မတ်လ ၁၅ ရက်က သတင်းထောက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာအာဏာပိုင်များက အမေရိကန်၊ အီးယူနှင့် အိမ်နီးချင်း အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲ လေ့လာသူများနှင့် သတင်းထောက်များကို ကန့်သတ် ရွေးချယ် ဖိတ်ကြားထားသည်။ အောက်လွှတ်တော်တွင် ၃၇ နေရာ၊ အထက်လွှတ်တော်တွင် ၆ နေရာ၊ တိုင်းနှင့် ဒေသကြီးလွှတ်တော်တွင် ၂ နေရာ လစ်လပ်နေခြင်းကို ဖြည့်တင်းရန် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၇ ခုနှင့် တစ်သီးပုဂ္ဂလအမတ်လောင်း ၇ ဦးတို့ကို မဲဆန္ဒရှင်များက ရွေးချယ်ကြရမည်ဟု ယူကေအခြေစိုက် Network Myanmar အဖွဲ့က ဆိုသည်။

တိုင်းရင်းသားသူပုန်များနှင့် တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်မှ မဲဆန္ဒနယ် ၃ ခုတွင်မူ လုံခြုံရေးကြောင့် ရွေးကောက်ပွဲများကို ဆိုင်းငံ့ထားမည် ဟု ဆိုသည်။ နိုင်ငံရေးပြိုင်ဘက် ရန်သူများနှင့် ငြိမ်းချမ်းရေး ရလိုသော သမ္မတဦးသိန်းစိန်အတွက် ခက်ခဲသည့် စိန်ခေါ်မှုများကို ရေတွက် ဖော်ပြထားသော နယူးယောက်အခြေစိုက် HRW ၏ မတ်လ ၂ဝ ရက်နေ့ အစီရင်ခံစာတွင် တရုတ်နယ်စပ် တလျှောက် ဇွန်လတွင် စတင်ဖြစ်ပွားခဲ့သော မြန်မာ့ တပ်မတော် ထိုးစစ်ကြောင့် ဒေသခံ ကချင်တိုင်းရင်းသား ခုနစ်သောင်းခွဲခန့် အိမ်ယာစွန့်ပစ်ကာ ထွက်ပြေးနေရသည်ဟု တင်ပြထားသည်။

"တည်တည်ငြိမ်ငြိမ်နဲ့ နောက်ပြန်မလှည့်စတမ်း အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေ အတွက် နမူနာပုံစံသစ်တစ်ခု ဖြစ်လာမှာပါ။ အခု ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေဟာ အများကြီး ပိုပြီး လွတ်လပ်မှုရှိပါတယ်"ဟု သမ္မတ၏ အရပ်ဖက်အကြံပေး ၉ ဦးထဲမှ တစ်ဦး ဖြစ်သူ ဦးနေဇင်လတ်က ပြောသည်။

ယခင် နိုင်ငံတော် အကြီးအကဲ မိသားစု၏ အမျက်ဒေါသ သင့်ခြင်းကို ခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ နိုင်ငံပိုင် ရုပ်သံ၌ အတော် အတန် လွတ်လပ်စွာ ဟောပြောခွင့် ရခဲ့သည့်အပြင် မဲဆွယ်စည်းရုံးသည့် ကာလအတွင်း နိုင်ငံအဝှမ်း ထိထိရောက်ရောက် ခရီးလှည့်လည်နိုင်ခဲ့သည်။ သူမ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ရန်ကုန် တောင်ဖက် ကော့မှူးမဲဆန္ဒနယ်တွင် ပြုလုပ်သော ဟောပြောပွဲသို့ နဖူးစည်း စာတမ်းများ၊ အလံများ ကိုင်ဆောင် ဝှေ့ယမ်းနေသော ပြည်သူများ အရေအတွက် ထောင်ပေါင်းများစွာ တက်ရောက်ခဲ့သည်။

ယခုအခါ ထိုင်းသို့ ထွက်ပြေးသွားပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးပြစ်မှု များစွာနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သူ ညိုအုန်းမြင့်က "ပြီးခဲ့တဲ့ နှစ်ပေါင်း ၂ဝ လုံးလုံး သူမကော NLD ပါတီကော ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ပြင်းထန်တဲ့ တုံ့ပြန် ရန်လိုမှုတွေကိုသာ ကြုံတွေ့ ခံစားခဲ့ကြရပါတယ်။ အခုအချိန်မှာတော့ နောက်ပြန် လှည့်ကြည့်ပြီး တစ်ဖက်နဲ့တစ်ဖက် အပြစ်မတင်နိုင်တော့ပါဘူး။ ကျွန်တော်တို့ ဘာကြောင့် ရှေ့ကို မရွေ့နိုင်ရမှာလဲ" ဟု ဆိုသည်။ ယင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်ဟောင်းတစ်ဦးလည်း ဖြစ်သည်။

*********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs