Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စွမ်းအင်မူဝါဒနှင့် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ

*****************************************

ဆောင်းပါးကဏ္ဍ

စွမ်းအင်မူဝါဒနှင့် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ

မိုးမြင့်ငြိမ်း

သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများ တနည်းဆိုရလျှင် အစိုးရအဖွဲ့တစ်ခုလုံးနှင့် တွေ့ဆုံကာ နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး မိန့်ခွန်းပြောကြားသွားခဲ့သည်။ ထိုမိန့်ခွန်းသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ပဉ္ဓမကာလတို အမျိုးသားစီမံကိန်းဥပဒေကို ရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမှု အပါအဝင် အစိုးရမှ ယခုလက်ရှိ အကောင်အထည်ဖော်နေသည့် မူဝါဒများကို ထုတ်ဖော်သွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများသည် စီးပွားရေးအရ အဆင်မပြေမှုများ၊ ပိတ်ပင်ထားမှုများ ကြီး မားနေခြင်းကြောင့်ဖြစ်ကြောင်း သဘောပေါက်နားလည်သွား၍လားမသိ စီးပွားရေးမူဝါဒများကို အဓိက ပြောကြားသွားခဲ့သည်။ ရောဂါတွေထူပြောပြီး လူမမာဖြစ်နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို တည်ဆောက်ခြင်းသည် နိုင်ငံကိုတည်ဆောက်ခြင်းပင် ဖြစ်ပါသည်။ အမျိုးသားစီမံကိန်း ငါးနှစ်တာ ကာလကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခဲ့ပါက မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် ရောက်လာတော့မည့် အရှေ့တောင်အာရှ စီးပွား ရေးအသိုက်အဝန်း (Asian Economic Community) အတွက် အဆင်သင့်ဖြစ်နေမှာ ဖြစ်မည်။ သို့သော် သမ္မတဦးသိန်းစိန်အနေဖြင့် အကောင်အထည် ဖော်မှုကို အလေးမထားပါက၊ စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ခြင်းမရှိပါက အထမြောက်အောင်မြင်ဖို့တော့ မလွယ်။ ဤနေရာတွင် တောင်ကိုရီးယား နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ထွန်းအောင် စွမ်းဆောင်သွားခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်ချုပ်ပတ်ချောင်ဟီး အမြဲတမ်း ပြောသည့် “အကောင်အထည်ဖော်မှု၊ အကောင်အထည်ဖော်မှု” ဆိုသည့် စကားကို သမ္မတကြီးဦးသိန်းစိန် နှလုံးသွင်းသတိမူရန် ဖြစ်သည်။

ယင်းမိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ စွမ်းအင်မူဝါဒနှင့် ပတ်သက်၍ ပြောကြားသွားမှုမှာ စိတ်ဝင်စားစရာပင်ဖြစ်သည်။ စာဖတ်သူများ သိကြပြီးသည့် အတိုင်း မြန်မာနိုင်ငံမှာ လွန်ခဲ့သည့် တစ်လနီးပါးက လျှပ်စစ်မီးနှင့်ပတ်သက်သည့် သေးငယ်သည့် ဆန္ဒပြပွဲများ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဖြစ် ပွားခဲ့ရသည်။ ပြည်သူများအနေဖြင့် ယခင်အစိုးရ၏ အမှားအယွင်းတစ်ခုဖြစ်သော မိမိနိုင်ငံမှ အလျှံပယ်ထွက်နေသည့် သဘာဝဓာတ်ငွေ့များကို ပြည်ပ နိုင်ငံသို့ ပြည်တွင်းပြည်ပအချိုးအစားမညီစွာ ရောင်းချခဲ့မှုအပေါ် ကျေနပ်မှုမရှိ။ အစိုးရဘက်မှ ကြည့်လျှင်လည်း ယင်းတို့၏ စီးပွားရေးစီမံခန့်ခွဲမှုအမှားများ တနည်း တရားမဝင်စီးပွားရေးလုပ်ငန်းအများစုဖြင့် လည်ပတ်နေရသည့် စီးပွားရေးကြောင့် နိုင်ငံ၏ စီးပွားရေး ပြိုလဲသွားခြင်းမရှိအောင် နိုင်ငံတော်၏ သဘာဝရင်းမြစ်များ ရောင်းချ၍ ရသည့်ဝင်ငွေဖြင့် တစ်ပွဲထိုးဖြေရှင်းခဲ့သည်သာ ဖြစ်သည်။

ယခုအခါတွင်တော့ ထိုသို့ဖြေရှင်းခြင်းသည် တိုင်းပြည်စီးပွားရေးတိုးတက်အောင် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း သိရှိနားလည်သွားပြီဟု စာရေးသူ ယုံကြည်ပါသည်။ သမ္မတဦးသိန်းစိန်က နိုင်ငံတော်၏ စွမ်းအင်အရပ်ရပ်အတွက် အမျိုးသားစွမ်းအင်ကော်မတီ (National Energy Manage -ment Committee) ကို ဖွဲ့စည်းပြီး ရေတိုရေရှည် အစီအမံများအတွက် အမျိုးသားလျှပ်စစ်စီမံကိန်း (National Electricity Plan) ကို အမျိုးသား စွမ်းအင်မူဝါဒ (National Energy Policy) နှင့်အညီ ရေးဆွဲဆောင်ရွက်သွားခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ စွမ်းအင်မူဝါဒ ထည့်သွင်းပြောကြား သွားသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုလည်း ရှိပါသေးသည်။ စာဖတ်သူများ သိကြပြီးသည့်အတိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့စီးပွားရေးဖိုရိမ်၌ ပြောကြားသွားသည့် မိန့်ခွန်းတွင် မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေရသော လျှပ်စစ်မီးရရှိရေးဆန္ဒပြပွဲများသည် အစိုးရ၏ စွမ်းအင်မူဝါဒမရှိခြင်းကြောင့် ဖြစ်ကြောင်းနှင့် ဦးသိန်းစိန်အစိုးရအနေဖြင့် စွမ်းအင်မူဝါဒ တစ်ရပ် လိုအပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

ဖွံ့ဖြိုးရေးပညာရှင်များက နိုင်ငံတစ်နိုင်ငံ၏ လျှပ်စစ်မီးရရှိမှု ရှိ၊ မရှိပေါ် မူတည်ပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို တိုင်းတာကြခြင်းမျိုးလည်း ရှိပါ သည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံအား ဂြိုလ်တုမှ ရိုက်ယူထားသည့် ဓာတ်ပုံများအရတောင်ကိုရီးယားနိုင်ငံသည် လျှပ်စစ်မီးရရှိမှု ကြောင့် နိုင်ငံ၏ နေရာတော်တော်များများမှာ ဖြူဖွေးနေပြီး မြောက်ကိုရီးယားမှာမူ မြို့တော် ပြုံးယမ်းတစ်နေရာတည်းသာ ကွက်ပြီး ဖြူနေသည်ကို တွေ့ရသည်။ ယင်းပုံကိုကြည့်ပြီး စာရေးသူစဉ်းစားမိသည့်တစ်ခုမှာ မြန်မာနိုင်ငံကိုလည်း ထိုသို့ ဂြိုလ်တုမှ ဓာတ်ပုံရိုက်လျှင် မည်သို့ရှိမည်နည်းဟူ၍ ဖြစ်ပါ သည်။ စာဖတ်သူများလည်း မြင်ယောင်မှန်းဆကြည့်စေလိုပါသည်။

တစ်ဆက်တည်းလိုလိုပင် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသည့် အချက်တစ်ခုကို ဆင်ခြင်စရာ ရှိပါသေးသည်။ တောင်ကိုရီးယားနှင့် မြောက် ကိုရီးယား နှစ်နိုင်ငံဥပမာကိုဘဲ ကြည့်ကြပါဆို့။ ယင်းနှစ်နိုင်ငံစလုံးမှာ သမိုင်းကြောင်းအရ တူညီသလို၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရလည်း တူညီကြ သည်။ သို့သော် နိုင်ငံ၏ အင်စတီကျူးရှင်းများမှာ မတူညီကြ။ မြောက်ကိုရီးယားနိုင်ငံ၏ နိုင်ငံရေးအင်စတီကျူးရှင်းမှာ တစ်ပါတီအာဏာရှင်စနစ် ဖြစ်သောကြောင့် ပြည်သူများမှာ နိုင်ငံရေးဖြစ်စဉ်တွင် ယင်း၏ အသံကို ဖော်ထုတ်ခွင့်မရကြသလို၊ စီးပွားရေးတွင်လည်း အမိန့်ပေးစီးပွားရေးစနစ်ဖြစ် သောကြောင့် ပြည်သူများမှာ စီးပွားရေးကို စွန့်စွန့်စားစား လုပ်ဆောင်ရန် မက်လုံးပေးထားခြင်းလည်း မရှိပါ။ တောင်ကိုရီးယားနိုင်ငံမှာတော့ ယင်းနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ တောင်-မြောက် ကိုရီးယားစစ်ပွဲအပြီး ၁၉၅၀ ခုနှစ်ကတည်းက နိုင်ငံကို စတင်တည်ဆောက်ခဲ့ရာ ယခုအခါတွင် ရင့်ကျက်ခိုင်မာ သည့် ဒီမိုကရေစီစနစ်နှင့် စီးပွားရေးအရ အနောက်နိုင်ငံများနည်းတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရယူနိုင်ခဲ့သည်။ ယင်းနှစ်နိုင်ငံ၏ အဓိက ကွာခြား ချက်မှာ နိုင်ငံရေး၊ စီးပွားရေး အင်စတီကျူးရှင်းများပင် ဖြစ်သည်။

ယခုအခါတွင် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံရေးအရဒီမိုကရေစီအင်စတီကျူးများဖြင့် နိုင်ငံရေးဖြစ်စဉ်သစ်ကို ဖြတ်သန်းနေပြီဖြစ်သည်။ နိုင်ငံတော်အကြီးအကဲများကလည်း အင်စတီကျူးရှင်းဆိုင်ရာအပြောင်းအလဲကို (Institutional Change) ကို အလေးထား ပြောကြားနေပြီဖြစ်သည့် အတွက် နိုင်ငံတည်ဆောက်ရေးအတွက် အားရစရာပင် ဖြစ်သည်။ သမ္မတပြောကြားသွားသည့် မိန့်ခွန်းပါ စီးပွားရေးမူဝါဒများကို အောင်မြင်စွာ အကောင် အထည်ဖော်ဖို့ဆိုလျှင် စီးပွားရေးအင်စတီကျူးရှင်းများကို ခိုင်ခန့်အောင် တည်ဆောက်နိုင်မှ ဖြစ်မည်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့ရခြင်းမှာ ယခင် အစိုးရအဆက်ဆက်၏ ဖွံ့ဖြိုးမှုကို ဟန့်တားသည့် အင်စတီကျူးရှင်းများ၏ ရလဒ်(outcome) ပင် ဖြစ်ပါကြောင်း။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

 ၂၁.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြို့ရွာစီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိကအခက်အခဲမှာ မြေကစားမှုဖြစ်ကြောင်း သမ္မတပြောကြား
  1. ရသေ့တောင်မြို့နယ်တွင်း အကြမ်းဖက်မှုဖြစ်ပွားပြီး လူဦးရေ ၁၂ဦးခန့် သေဆုံး
  2. လုပ်ငန်းရှင်ကြီးများ၏ အခွန်ဆောင်နှုန်း သိရှိနိုင်စေရန် ကိုယ်တိုင်အခွန်ထမ်းဆောင်မှုမှတ်တမ်းကတ် ထုတ်ပေးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အားကောင်းသော မီဒီယာဥပဒေပေါ်ပေါက်လာနိုင်စေရန် မီဒီယာသမားများနှင့် နေပြည်တော်၌ ဆွေးနွေးမည်
  2. NNDP ပါတီမှ ပြည်သှူု့အသံ နာခံခြင်းအခမ်းအနား ကျင်းပပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

မြို့ရွာစီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိကအခက်အခဲမှာ မြေကစားမှုဖြစ်ကြောင်း သမ္မတပြောကြား

မြန်မာနိုင်ငံအတွင်း မြို့ရွာစီမံကိန်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အဓိက ခက်ခဲလျက်ရှိသည့် ကိစ္စရပ်မှာ မြေအသုံးချမှု (Land Use)၊ မြေကစားမှု (Land Speculation) စသည့် မြေယာပြဿနာများပင်ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့၌ နေပြည်တော်သမ္မတအိမ်တော်တွင် ပြောကြားခဲ့သည့် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားကြောင်း သတင်းများအရ သိရသည်။

“မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနှင့် မတူဘဲ အခက်အခဲတွေ့နေရတဲ့ ကိစ္စ ရပ်တစ်ခုကတော့ မြေအသုံးချမှု (Land Use)၊ မြေကစားမှု(Land Speculation) စသည့် မြေယာပြဿနာများပဲ ဖြစ်ပါတယ်”ပာု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်မှုအခြေ အနေများ နိမ့်ကျလျက်ရှိသည့်အတွက် အခြားနိုင်ငံများနည်းတူ ရင်ဘောင်တန်းနိုင်ရန် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၊ မြိ့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ကို အစီအစဉ်ရေးဆွဲ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

“အိမ်နီးချင်းနိုင်ငံတချို့ကိုကြည့်လျှင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြကျေးရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွေနဲ့ လူနေမှုအဆင့်အတန်းနဲ့ လူမှုစီးပွား ရေးဘဝ မြင့်မားတိုးတက်မှုအခြေအနေတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် အခြားနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ဖို့အတွက် ဒေသန္တရဖွံ့ဖြိုးတိုးတက် ရေး၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့ကို မြို့နယ်မှစ၍ ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်”ပာု ၎င်းက ပြောကြားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများတွင် တရားမဝင် ကျုးကျော်နေထိုင် လုပ်ကိုင်စားသောက်ခြင်း ကိစ္စရပ်များအစား မြို့ကွက်၊ ရွာကွက်များ စနစ်တကျ ထူထောင်နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ စီမံပေးခြင်းတို့ကို နိုင်ငံ တော်မှ ပြုလုပ်ပေးရမည်ဖြစ်ပြီးပြည်သူတို့၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှု၊ လူနေမှုအဆင့်အတန်း မြင့်မားမှုအတွက် မြေယာစနစ် တကျစီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ်ပြုပြင်ပြောင်းလဲရေး (Land Reform) ကို ဆောင်ရွက်ရတော့ မည်ဖြစ်ကြောင်း သမ္မတမိန့်ခွန်းတွင် ထည့်သွင်းပြောကြားချက်အရ သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရသေ့တောင်မြို့နယ်တွင်း အကြမ်းဖက်မှုဖြစ်ပွားပြီး လူဦးရေ ၁၂ဦးခန့်သေဆုံး

ဇွန်လ ၁၉ ရက်နေ့၌ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဘင်္ဂါလီလူမျိုးတို့၏ အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၂ ဦးရှိကြောင်း သိရှိရပြီး သေဆုံးသူများ၏ အလောင်းများအား ပြန်မပေးဘဲ ဝှက်ထားမှုများလည်းရှိကြောင်း ယင်းမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

"ပထမဦးဆုံး အနောက်ပြင်ကျေးရွာမှာနေတဲ့ ဘင်္ဂါလီတွေက ကူတောင်းကျေးရွာက ရခိုင်တွေနေတဲ့အိမ်ကို မီးအရင်ရှို့တယ်။ အဲဒီတော့ ရခိုင် တွေက တုတ်တွေ ဓားတွေနဲ့ အရင် ရိုက်ကြခုတ်ကြနဲ့။ ဘင်္ဂါလီတွေကလည်း တူမီးသေနတ်တွေနဲ့ ပြန်ပစ်တယ်။ သေတာက ၁၂ ယောက်။ အဲဒီ ၁၀ ယောက်မှာ ဘင်္ဂါလီက ၂ယောက်၊ ရခိုင်တိုင်းရင်းသားက ၁၀ ယောက် ပါတယ်"ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယင်းအကြမ်းဖက်မှုများကြောင့် သေဆုံးသွားခဲ့သည့် ရခိုင်တိုင်းရင်းသားတို့၏ အလောင်းရုပ်အား ယူသွားခဲ့ကြောင်း သိရှိရသည့်အတွက် စစ်တပ်မှ အင်အား ၄၀ နီးပါးနှင့် ရခိုင်လူကြီးအချို့မှ ယင်းသေဆုံးသူများ၏ အလောင်းများအား သွားရောက်တောင်းခံရာ အလောင်းတစ်လောင်းသာ ပြန်ပေး၍ ကျန်အလောင်းရုပ်များအား ဝှက်ထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ယခုအချိန်အထိ သေနတ်သံတစ်ချို့ ကြားနေရသေး ကြောင်း ယင်းအခြေအနေများကြောင့် ရခိုင်ပြည်တွင်းနေထိုင်နေသည့် အပြစ်မဲ့ပြည်သူများအတွက် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပွားနေလျက်ရှိပြီး ရခိုင် ပြည်နယ်အတွင်း၌ ဒုက္ခသည်ဦးရေ တစ်သိန်းနီးပါးခန့်ရှိကာ ဒုက္ခသည်စခန်းပေါင်း ၆၀ နီးပါးရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

--------------------------------------------------------------------------------------------------------------------------------

လုပ်ငန်းရှင်ကြီးများ၏ အခွန်ဆောင်နှုန်း သိရှိနိုင်စေရန် ကိုယ်တိုင်အခွန်ထမ်းဆောင်မှုမှတ်တမ်းကတ် ထုတ်ပေးမည်

ယခင် အစိုးရလက်ထက်ကတည်းကပင် အခွန်ရှောင်တိမ်းခဲ့ကြသည့် လုပ်ငန်းရှင်ကြီးများ၏ အခွန်ဆောင်မှုနှုန်းထားများသိရှိနိုင်စေရန် ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ ကိုယ်တိုင်အခွန်ထမ်းဆောင်မှုမှတ်တမ်းကတ်များကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အရင်နှစ်အတွက် အခွန်ထမ်းထိပ်ဆုံး ၁၀ ဦးစာရင်းကိုထုတ်ပြန်လိုက်တာမှာ ကုမ္ပဏီကြီးတွေနဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ အမည်စာရင်းတွေ ပါဝင်လာခြင်းမရှိပါဘူး။ အရင်အစိုးရလက်ထက်တုန်းက အခွန်ရှောင်လို့ရပေမယ့် ဒီအစိုးရသစ်လက်ထက်မှာတော့ အခွန်ရှောင်လို့မရအောင် ကိုယ်တိုင် အခွန်ထမ်းဆောင်မှု မှတ်တမ်းကတ်တွေကို ထုတ်ပေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ ကိုယ်တိုင်အခွန်ထမ်းဆောင်မှုမှတ်တမ်းဖြင့် အခွန်ထမ်းဆောင်ခြင်းဖြင့် လစဉ်မည်မျှအခွန်ထမ်းဆောင် ထားသည်ကို သိရှိနိုင်ခြင်း၊ နိုင်ငံတော်မှ အခွန်ထမ်းများအတွက် အကျိုးခံစားခွင့်များ ပြန်ပေးမည်ဆိုပါက အဆိုပါကတ်ဖြင့် အကျိုးခံစားခွင့်ရရှိနိုင်ခြင်း၊ နိုင်ငံတော်သို့ အခွန်ပေးသွင်းမှုများတွင် စနစ်တကျနှင့် အချိန်ကုန်သက်သာသွားမည်ဖြစ်ကြောင်း သိရသည်။

“အခု ထုတ်ပေးမယ့် ကိုယ်တိုင်အခွန်ဆောင်မှုမှတ်တမ်းကတ်မှာ မိုးပြာရောင်နဲ့ အစိမ်းရောင် ပါဝင်မှာပါ။ ဒီကတ်ကို လုပ်ငန်းရှင်တွေလက်ထဲကို ပေးအပ်ထားမှာပါ။ လစဉ်အခွန်ထမ်းဆောင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေနိုင်မှာပေါ့။ နိုင်ငံတော်က အခွန်ထမ်းတွေအတွက် အကျိုးခံစားခွင့် တွေ ပေးမယ်ဆိုရင် ဘယ်မှာမှ ကိုယ့်နာမည်ကို လိုက်ရှာနေစရာမလိုဘူး။ ဒီကတ်ကို ထုတ်ကြည့်ပြီးရင်သိပြီလေ။ လစဉ်အခွန်မှန်မှန်ဆောင်နိုင်အောင် တွန်းအားပေးတဲ့သဘောလည်း ပါပါတယ်”ပာု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ အခွန်ပေးဆောင်မှုမှတ်တမ်း ထားရှိခြင်းဖြင့် နိုင်ငံတွင်း ယခင်အခွန်ရှောင်လုပ်ငန်းရှင်များ၏ ရှောင်တိမ်းမှုများ သိသာထင်ရှားလာနိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Ref:Bi Weekly Eleven

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အားကောင်းသော မီဒီယာဥပဒေပေါ်ပေါက်လာနိုင်စေရန် မီဒီယာသမားများနှင့် နေပြည်တော်၌ ဆွေးနွေးမည်

မြန်မာနိုင်ငံအတွင်း အားကောင်းသော မီဒီယာဥပဒေပေါ်ပေါက်လာနိုင်စေရန် မီဒီယာသမားများအား နေပြည်တော်သို့ခေါ်ယူ၍ ၎င်းတို့၏ အကြံ ပေးချက်များကို ဆွေးနွေးသုံးသပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်ပိာုတယ်၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီနှင့် မီဒီယာများ၏ တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်ကို ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြပါရှိချက်အရ သိရှိရသည်။

“တိကျတဲ့ မီဒီယာဥပဒေတွ လိုအပ်နေပါပြီ။ ပြီးတော့ ဒီဇွန်လကုန်မှာ စာပေစိစစ်ရေးကို မထားတော့ဘူးဆိုရင် သတင်းထောက်တွေ၊ မီဒီယာသ မားတွေအတွက် အကာအကွယ်ပေးနိုင်မယ့် ဥပဒေရှိဖို့လိုအပ်ပါတယ်။ မီဒီယာသမားတွေလည်း ကိုယ့်ကျင့်ဝတ်ကို လိုက်နာစောင့်ထိန်းဖို့လိုသလို မီဒီယာ သမားတွေအတွက် အထိန်းအကွပ်ပေးနိုင်မယ့် ဥပဒေတစ်ခုကလည်း အရေးကြီးပါတယ်”ပာု ပြည်တွင်းမီဒီယာတစ်ခုမှ သတင်းထောက်တစ်ဦးက ဆို သည်။

လက်ရှိအချိန်တွင် မီဒီယာဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရေးဆွဲလျက်ရှိပြီး ဥပဒေနှင့် ပတ်သက်၍ စာပေ၊ စာနယ်ဇင်း မှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးမှ အကြံဉာဏ်များ၊ ဆွေးနွေးသုံးသပ်အကြံပြုချက်များ ပေးနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

“မီဒီယာဥပဒေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာစာပေနယ်က မီဒီယာတွေအနေနဲ့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ၊ အကြံပြုချက်တွေ ပေးနိုင်ပါတယ်။ သူတို့ပေးတဲ့ အကြံဉာဏ်တွေကို မီဒီယာဥပဒေရေးဆွဲရာမှာ လိုအပ်သလို ထည့်သွင်းရေးဆွဲသွားမှာပါ။ လိုအပ်တာတွေကို ထပ်ပြီး ထည့်သွင်းရေးဆွဲမှာ ဖြစ်သလို၊ မလိုအပ်တာတွေကိုလည်း ဖြုတ်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံအတွင်း အစိုးရသစ်လက်ထက်မှ စတင်၍ စာပေလွတ်လပ်ခွင့်ပိုမိုရရှိခဲ့ပြီး ယင်းစာပေလွတ်လပ်ခွင့်များအရ မီဒီယာသမားများအား အကာအကွယ်ပေးနိုင်ရန်၊ အရေးယူရန်နှင့် မီဒီယာနှင့် ပတ်သက်သော အရေးကိစ္စရပ်များအတွက် တိကျသည့် ဥပဒေပြဋ္ဌာန်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Ref:Bi Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

NNDP ပါတီမှ ပြည်သှူု့အသံ နာခံခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ်မှ ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းညွှန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)မှ ၂၀၁၂ ဇွန်လ ၁၇ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အပိုင်း ၁၆၊ (၄)ရပ်ကွက် ဝေယျာဝစ္စအဖွဲ့ဓမ္မာရုံတွင် NNDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ထံအစီရင်ခံတင်ပြခြင်းနှင့် ပြည်သူ့အသံ နာခံခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်တွင်းဂျာနယ်များ၏ ဖော်ပြချက်အရ သိရှိရသည်။

ယင်းအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းညွှန့်က “ကျွန်တော် လွှတ်တော်ထဲမဝင်မီ ရွေးကောက်ပွဲတုန်းက ပြည်သူတွေကို ကတိ ပေးထားတာရှိတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မဲဆွယ်တုန်းက အောင်နိုင်သည်ဖြစ်စေ၊ မအောင်နိုင် သည်ဖြစ်စေ ဒီမိုကရေစီအတွက် တစ်ခုခုတော့ လုပ်ပေးရမှာပဲ။ ကျွန်တော်တို့အခု ပြည်သူ့အသံကို နားထောင်တယ်။ ပြီးရင် လွှတ်တော်မှာ တင်ပြမယ်။ ဒါပာာ ပြည်သူ့အသံကို နာခံတာပါ”ပာု ပြောကြားသည်။

ယခုကဲ့သို့ NNDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ထံ အစီ ရင်ခံတင်ပြခြင်းနှင့် ပြည်သူ့အသံ နာခံပွဲပြုလုပ်ရခြင်းမှာ ပြည်သူ့အသံများကို သိရှိ၍ လွှတ်တော်တွင်းတင်ပြဆောင်ရွက်နိုင်ရန်နှင့် လွှတ်တော်ပြင်ပ လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူ့ထံ တင်ပြအစီရင်ခံခြင်းအတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေက ရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်ဆိုတာ ပြည်သူ့အသံနားထောင်ရမယ်။ ဒီလို ပြည်သူ့အသံနားထောင်မှသာ ပြည်သူ တွေရဲ့ ဆန္ဒကို လိုက်လျောနိုင်မှာဖြစ်တဲ့အတွက် ခုလို အခမ်းအနားပွဲပြုလုပ်ရတာပါ။ ဒါမှလည်း ပြည်သူတွေက ရွေးချယ်တင်မြှောက်ရကျိုး နပ်မှာပေါ့”ပာု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဆိုသည်။

ထို့ပြင် ယင်းအခမ်းအနားမှတစ်ဆင့်ရရှိသည့် ပြည်သူလူထု၏ တင်ပြချက်များနှင့် ပတ်သက်၍ လွှတ်တော်တွင်း တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင်း ပြည်သူများ၏ ဆန္ဒပြည့်မြောက်နိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NNDP ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

                အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လွှတ်တော် တွင်း အတွေ့အကြုံရှင်းလင်းပွဲနှင့် ပြည်သူ့အသံနာခံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

YC

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီလိုမျိုး ပုဂ္ဂလိကပိုင်ရုပ်သံလွှင့်ဌာနတွေ နည်းလွန်းသေးတဲ့အချိန်မှာ ပုဂ္ဂလိကပိုင်ကရော၊ Semi-Government  ရုပ်သံလွှင့်ဌာနကပါ ဒီလိုမျိုး ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုဗယ်ဆုယူတဲ့မိန့်ခွန်းကို အစအဆုံးပြသသွားတယ်ဆိုတာကတော့ အစိုးရအနေနဲ့ အပြောင်းအလဲလမ်းစဉ်ကို မှန်ကန်တဲ့ လမ်းကြောင်း အတိုင်း ဆက်သွားနေတယ်ဆိုတာကိုလဲ ပေါ်လွင်စေသလို တစ်ဖက်ကလဲ ဈေးကွက်အကြိုက် အပြိုင်ဆိုင်ဆောင်ရွက်တာလို့ မြင်ပါတယ်။ အရင်ကတော့ ရုပ်သလံလွှင့်ဆိုတာကို အစိုးရပဲလုပ်တဲ့အခါကျတော့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ဘယ်ဟာကိုထည့်၊ ဘယ်ဟာကိုတော့ ပုဂ္ဂလိကနဲ့ ပူးပေါင်းလုပ်လာ တာတွေရှိလာတော့ ဈေးကွက်အရရော၊ စီးပွားရေးအောင်မြင်မှုအရရောအခုလို ပြည်သူအားလုံး စိတ်ဝင်တစားဖြစ်မယ့် အစီအစဉ်မျိုးကို မဖြတ်မ တောက်ဘဲ ပြသခွင့်ပြုခဲ့တာလို့လဲ မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်လာတာဟာ တိုင်းပြည်အတွက် အပြောင်းအလဲကောင်းလို့မြင်ပါတယ်”

ဇွန် ၂၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၃၂) တွင် ပါသည့် “ဒေါ်အောင်ဆန်းစုကြည်၏ နိုဗယ်မိန့်ခွန်းအား ပြည်တွင်းပုဂ္ဂလိက ရုပ်သံလွှင့် ဌာနများက ဖြတ်တောက်ခြင်းမရှိ အစအဆုံးထုတ်လွှင့်ခဲ့ခြင်းကို နိုင်ငံရေးလေ့လာသူအသိုင်းအဝိုင်းက အပြောင်းအလဲကောင်းဟုရှုမြင်” သတင်းမှ မြန်မာ နိုင်ငံရေးအား အစဉ်လေ့လာသူ ဦးကျော်လွင်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သူတို့အခွန် ပေးဆောင်နေမှုက အမှန်လည်းဖြစ်နိုင်သလိုအမှားလည်း ဖြစ်နိုင်တယ်။ အခု ကျွန်တော်တို့စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုရင် သူတို့ဟာ မှန်ကြရဲ့လားဆိုတဲ့ သံသယစိတ်ဖြစ်နေတယ်။ အဲဒီသံသယစိတ်မဖြစ်စေချင်လို့ အခုလိုမျိုးစစ်မှာဖြစ်ပါတယ်”

ဇွန် ၂၁ ထုတ် Popular News အတွဲ (၄) အမှတ် (၂၄) တွင် ပါသည် “ပြည်တွင်းအခွန် ကွင်းဆင်းစစ်ဆေးမည်” သတင်းမှ ပြည်တွင်းအခွန်မှ ညွှန်ကြား ရေးမှူး ဦးကျော်ကျော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အရင်တုန်းကလိုအစိုးရကိုဆန့်ကျင်ရင် ထောင်ထဲပို့တယ်ဆိုတဲ့ ခေတ်မဟုတ်တော့ဘူး။ အစိုးရမှားနေရင်သော်လည်းကောင်း၊ မှားတယ်လို့ ထင်တာကို သော်လည်း၊ တကယ်လွဲချင်မှလွဲလည်းလွဲမယ်၊ မှားချင်မှလည်းမှားမယ်၊ အခြားသူတွေရဲ့ အသံကို နားထောင်တဲ့ခေတ် ရောက်နေပါပြီ”

ဇွန် ၂၁ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၉၉) တွင် ပါသည့် “ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်များ နိုင်ငံအနှံ့သို့ ဒုတိယအကြိမ်မြောက် ကွင်းဆင်းလေ့လလာနေ” သတင်းမှ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းမောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 **********************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs