Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနှင့် အိန္ဒိယ ဆက်စပ်ပတ်သက်မှုတိုးမြင့်လာခြင်းကို အမေရိကန်ကြိုဆို

(India Times မှ 6 Dec 2013 ရက်စွဲပါ US Welcomes India’s engagement with Myanmar ကိုဘာသာပြန်ဆို သည်)

အိန္ဒိယနှင့် အိမ်နီးချင်းမြန်မာနိုင်ငံတို့ ဆက်စပ်ပတ်သက်မှုသည် အလုံးစုံသောအရေးကိစ္စများအတွက် အပြု သဘော ဆောင်မည်ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောဆိုပြီး အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ကြိုဆိုလိုက်သည်။

“မြန်မာနိုင်ငံနှင့် အိန္ဒိယတို့ ဆက်စပ်ပတ်သက်နေမှုကို ကျွန်ုပ်တို့က အထူးပင် ကြိုဆိုပါသည်။ အိန္ဒိယနှင့် အမေရိ ကန်ပြည်ထောင်စုတို့တွင် မြန်မာနိုင်ငံအတွက် တူညီသော ပန်းတိုင်များနှင့် ပြင်းပြသောဆန္ဒများ ရှိနေခဲ့သည်မှာ အချိန်ကြာ မြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ကျွန်ုပ်တို့(အိန္ဒိယနှင့် အမေရိကန်)တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မတူညီသော မူဝါဒရေးရာချဉ်းကပ်မှုများရှိခဲ့ပါသည်” ဟု တောင်နှင့် အရှေ့တောင်အာရှဒေသ၊ အာရှနှင့် ပစိဖိတ် လုံခြုံရေးဆိုင်ရာ အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီး Vikram Singh က ယမန်နေ့ကပြောကြားသည်။

“အရေးကိစ္စများအားလုံးနှင့်ပတ်သက်၍ မြန်မာနှင့် အိန္ဒိယ၏ ဆက်စပ်ပတ်သက်မှုများသည် အပြုသဘော ဆောင်လိမ့် မည်ဖြစ်သည်ဟုကျွန်ုပ်တို့ယုံကြည်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အဆိုပါဆက်စပ်ပတ်သက်မှုသည် မည်သို့ သော ပုံစံဖြစ် မည် ဟူသည်နှင့်ပတ်သက်၍ သဘောထားကွဲပြားခြားနားမှုများ ရှိကောင်းရှိလာနိုင်သည်ဟု ပြောချင်ပါ သည်။ ဥပမာပြောရ လျှင် လက်နက်နှင့် အခြားသောအရာများကိစ္စဖြစ်လာပါက ကျွန်တော်တို့အနေဖြင့် စိုးရိမ်ပူပန်မှု များရှိလာနိုင်သည်” ဟု အိန္ဒိယ-အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Ami Bera ၏ မေးမြန်းမှုကို ၎င်းကဖြေကြား သည်။

“ရှင်းပါတယ်ဗျာ၊ မြန်မာဟာ အင်မတန်အရေးပါတဲ့ နေရာမှာရောက်ရှိနေတယ်ဆိုတာအားလုံးသိကြပါတယ်၊ အိန္ဒိယနဲ့ တိုးမြင့်လာတဲ့ဆက်ဆံရေးရယ်၊ အရေးကြီးတဲ့ကုန်သွယ်ရေး လမ်းကြောင်းတွေရယ်ဆိုတဲ့ကြားမှာ အရေးပါတဲ့ အနေအထား မှာရှိနေတာပါ။ ဒါပေမဲ့ စစ်ရေးအမြင်အရကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အနေ အထား မှာရှိနေ တယ်ဆိုတာကျိန်းသေပဲ။ ပုံစံကြည့်ရတာ တရုတ်ကမြန်မာကို စစ်ဘက်ဆိုင်ရာ အထောက် အပံ့ပေး တဲ့ပုံစံမျိုးပဲ၊ အိန္ဒိယ ကလည်းစစ်ရေးအကူအညီတွေကမ်းလှမ်းလာတဲ့သဘောမှာရှိပါတယ်” ဟု Bera ကပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်က အစဉ်အလာအရကူညီထောက်ပံ့ခဲ့သော အခြားနိုင်ငံမှ စစ်တပ် နှင့် အစိုးရများ ထက် အခြား သော စစ်တပ် သို့မဟုတ် အစိုးရများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် လိုအပ်ကြောင်း Singh ကဖြည့်စွက် ပြောဆိုသည်။

“အဲဒီလိုမျိုး ဖွံ့ဖြိုးတိုက်တက်မှုကို ကျွန်တော်တို့ကြိုဆိုတယ်။ တရုတ်ဟာမြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကိုထိန်းသိမ်း သွားလိမ့်မယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့ ယုံကြည်တယ်။ မြန်မာနိုင်ငံအနေနဲ့လည်း နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဘယ်သူနဲ့ပေါင်းဖက်ရမလဲ၊ မိတ်ဆွေသစ်တွေလုပ်ရမလဲဆိုတဲ့အချက်ကို အလေးအနက် စဉ်းစားသွားလိမ့် မယ်” ဟု ၎င်းကဆိုသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(Shanghai Daily မှ 6 Dec 2013 ရက်စွဲပါ “Laotian President to Visit Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

(7 December 2013 ရက်စွဲပါ Channel News Asia မှ IMF chief urges Myanmar to focus on poverty reduction ကိုဘာသာပြန်ဆိုသည်။)


မြန်မာနိုင်ငံသို့ လာအိုသမ္မတ လာလည်မည်

(Shanghai Daily မှ 6 Dec 2013 ရက်စွဲပါ “Laotian President to Visit Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

လာအိုသမ္မတ ချောင်မာလီဆာရာဆုန်သည် မကြာမီ အတောအတွင်း မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည် ပတ်မည် ဟု လာရောက်မည့်ရက် အတိအကျကို မဖော်ပြဘဲ သောကြာနေ့က တရားဝင် သတင်းထုတ်ပြန်သည်။

မနှစ်က မတ်လတွင် ဗီယင်ကျန်းသို့ မြန်မာသမ္မတ ဦးသိန်းစိန် သွားရောက်လည်ပတ်ခဲ့ပြီးနောက် ချောင်မာလီ၏ နေပြည်တော်ခရီးစဉ်ကို အပြန်အလှန် စီစဉ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မြန်မာနှင့် လာအိုတို့သည် ၎င်းတို့ နှစ်နိုင်ငံ ဆက်ဆံရေး အထူးသဖြင့် မဲခေါင်မြစ်ဝှမ်းနှင့် နယ်စပ်ဒေသ တည်ငြိမ်အေး ချမ်းရေးအတွက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် အပြန်အလှန် ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ဘာသာရေး၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှုတို့ အားပေးရန်အတွက် နည်းလမ်းများ ရှာဖွေရေးကို အလေးထားလျက်ရှိသည်။

ထို့အပြင် နှစ်နိုင်ငံ လမ်းပန်းချိတ်ဆက်မှု တိုးတက်ချောမွေ့စေရေး ကြိုးပမ်းမှုများ၏ အစီအစဉ်တစ်ရပ်အနေဖြင့် လာအိုနိုင်ငံ လောင်နမ်စာပြည်နယ်နှင့် မြန်မာနိုင်ငံ တာချီလိတ် ခရိုင်တို့ကို ဆက်သွယ်မည့် မဲခေါင်မြစ်ကူးတံတားကိုလည်း ယခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်တည်ဆောက်နေသည်။

အဆိုပါတံတား ပြီးစီးသွားပါက နှစ်နိုင်ငံ လမ်းပန်းချိတ်ဆက်မှု မြန်ဆန်ချောမွေ့လာမည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်ကာ စီးပွားရေး ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။

မဲခေါင်ဒေသ၌ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နှစ်နိုင်ငံ ဖြစ်ကြသော မြန်မာနှင့် လာအိုတို့သည် မဲခေါင်မြစ်ကြောင်းအတွင်း ရေကြောင်း လုံခြုံရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့များအကြား ထိထိရောက်ရောက် အချိန်ကိုက် သတင်းအချက် အလက် ဖလှယ်ခြင်းမှတစ်ဆင့် မြစ်ကြောင်းတစ်လျှောက် မလိုလားအပ်သော ဖြစ်ရပ်များကို အနာဂတ်တွင် တားဆီးနိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် သဘောတူထားကြသည်။


 

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုလျော့ချရေးကို အာရုံပြုလုပ်ဆောင်ရန် IMF အကြီးအကဲတိုက်တွန်း

(7 December 2013 ရက်စွဲပါ Channel News Asia မှ IMF chief urges Myanmar to focus on poverty reduction ကိုဘာသာပြန်ဆိုသည်။)

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Christine Lagarde ကမြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့် ပြန့် ခံစားနေရသော ဆင်းရဲမွဲတေမှုကို ဦးစားပေးအဖြစ် အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်အောက်တွင် ဆယ်စုနှစ်များစွာ နိုင်ငံတကာ၏ အထီးကျန်ပြုထားမှုမှ လွတ်မြောက်ပြီးနောက် စီးပွားရေးတိုးတက်မှုကို စတင်ခံစားလာရသည့်နိုင်ငံဖြစ်ပါသည်။

“ မြန်မာနိုင်ငံဟာ တံခါးဖွင့်ပြီးစီးပွားရေးတိုးချဲ့လာတာကြောင့် သူအနေနဲ့ ခေတ်မီစီးပွားရေးရဲ့ အုတ်မြစ်ဖွဲ့စည်းပုံ ခိုင်မာဖို့လိုပါတယ်။ ဒါဟာ အရေးတကြီး ဦးစားပေးရမယ့်အရာဖြစ်ပါတယ်” ဟု၎င်းက ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

Lagarde သည် စနေနေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ရာ ၎င်း၏ပထမဆုံးမြန်မာနိုင်ငံသို့ ခရီးစဉ်ဖြစ်ပါသည်။ ၎င်းသည် အစိုးရတာဝန်ရှိသူများနှင့် လည်းကောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပါ သည်။

“လူဦးရေရဲ့ လေးပုံသုံးပုံဟာ လျှပ်စစ်မီးမသုံးကြရပါဘူး။ လူဦးရေရဲ့ ၁ % သာ အင်တာနက်သုံးစွဲနိုင်ပါတယ်” ဟု၎င်းကပြောပါသည်။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်ထက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အဂတိလိုက်စားမှုနှင့် စီးပွားရေးအရ မှားယွင်းစွာ စီမံခန့်ခွဲမှုများကို ခံစားခဲ့ရပါသည်။

၂၀၁၁ ခုနှစ်စစ်အစိုးရမှ အာဏာလွှဲပေးပြီးကတည်းက စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်၍ လုပ်ဆောင် လာခဲ့သော်လည်း အတားအဆီးများစွာရှိနေသေးကြောင်း ပညာရှင်များက သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးတက်မှုနှုန်း မြင့်မားပြီး မထိတွေ့ရသေးသော ပြည်တွင်းဈေးကွက်ကြီးရှိသောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက်ရှိသော်လည်း လူဦးရေ၏ ၂၆% သည်ဆင်းရဲ မွဲတေမှု သတ်မှတ်ချက်အောက်အဆင့်တွင်ရှိနေရသည်ဟု Lagarde ကဆိုပါသည်။

“နောက်ထပ် လှမ်းရမယ့် ခြေလှမ်းကတော့ ဒီရရှိပြီးတဲ့တိုးတက်မှုတွေအပေါ် အခြေခံပြီး ဆင်းရဲမွဲတေသူများ အပါအဝင် စဉ်ဆက်မပြတ် အားကောင်းတဲ့ တိုးတက်မှုလမ်းကြောင်းကို ရှာရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းရဲ့ အလားအလာတွေကို မြှင့်တင်ပေးရမှာဖြစ်ပါတယ်။’’ဟု ၎င်းကဆိုပါသည်။

“လူအများစုဟာ မနက်ဖြန်စီးပွားရေး အတွက် ကိရိယာများပြည့်စုံအောင် တပ်ဆင်ပေးထားနိုင်ခြင်းမရှိသေးဘူး ဆိုတာကို ထင်ရှားစွာမြင်နိုင်ပါတယ်’’ဟုဆိုပါသည်။

၎င်းက တိုင်းပြည်၏ စီးပွားရေးတွင် စိုက်ပျိုးရေး၏အရေးကြီးပုံကို မီးမောင်းထိုးပြခဲ့ပြီး၊ စိုက်ပျိုးရေးသည် နိုင်ငံ GDP ၏ သုံးပုံတစ်ပုံကျော်ကြောင်းနှင့် လူဦးရေတစ်ဝက်ကျော်ကျော်ကို အလုပ်ပေးထားနိုင်ကြောင်း ညွှန်ပြပါသည်။

“ ဒါထက်ပိုပြီးလူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ကျော်ဟာ သူတို့အသက်မွေးမှုအတွက် မြေကြီးအပေါ် မှီခိုနေရပါတယ် ။ ဒါကြောင့် စိုက်ပျိုးရေးရဲ့ ထုတ်လုပ်နိုင်စွမ်းအားကို မြှင့်တက်ဖို့အရေးကြီးပါတယ်။ လယ်သမားများနဲ့ ၎င်းတို့အပေါ် မှီခိုနေ သူများရဲ့ ဝင်ငွေကို မြှင့်တင်ပေးရပါမယ်’’ ဟု၎င်းကပြောပါသည်။

၎င်းက အစိုးရအား ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များမြှင့်တင်ရန်တိုက်တွန်းခဲ့ပြီး၊ GDP ၏ ၁.၅ % နှင့် ၁.၇% သာအသီးသီးရှိခြင်းကြောင့် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးဖြစ်ကြောင်း ဆိုပါသည်။

Lagarde က IMF အနေဖြင့် မြန်မာနိုင်ငံအပေါ် ကူညီမှုများ တိုးမြှင့်မည်ဖြစ်ကြောင်း၊ ၂၀၁၄ တွင် ၎င်း၏ ဝန်ထမ်းများ ပိုမိုဖြည့်တင်းမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့ပြီး အခြေခံကျသော အလုပ်များ လုပ်ဆောင်ရန်များစွာ ရှိနေသေးကြောင်း ဆိုပါ သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive