Transparency Myanmar

transparency.myanmar@gmail.com

စင်ကာပူသည် မြန်မာနိုင်ငံ၏ ပို့ကုန် အများဆုံး တင်ပို့ရာ နိုင်ငံတစ်ခုအဖြစ် ရပ်တည် နေချိန်မှာပင် မြန်မာနှင့် အိမ်နီးချင်း အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း စုံစမ်း သိရှိရသည်။

မြန်မာ၊ အိန္ဒိယ နှစ်နိုင်ငံမှ ရရှိသော စာရင်းဇယားများအရ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့ အရေးယူမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်ထားသည့်တိုင် မြန်မာ့ စီးပွားရေးတွင် နိုင်ငံခြား အကျိုးစီးပွား ပါဝင်မှုမှာ ကြီးထွားလျက် ရှိသည်။

Xinhua သတင်းဌာန၏ သတင်း ပေးပို့ချက်အရ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း မြန်မာနှင့် အိန္ဒိယ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၁၉ သန်းအထိ ရောက်ရှိလာသည်။ သို့သော် အဓိက ကုန်သွယ်ဘက်များ ဖြစ်သော စင်ကာပူ၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများနှင့် ကုန်သွယ်မှု တန်ဖိုးကို အမီလိုက်နိုင်ခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ စစ်အစိုးရ၏ နိုင်ငံခြား ကုန်သွယ်ရေး အခန်းကဏ္ဍကို အဓိက အထောက်အကူ ပြုနေသည့် နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် တင်းကြပ်သော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများအား ကာကွယ် ဟန့်တားပေးနေသည့် နိုင်ငံကြီးတစ်ခု အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဘေဂျင်း အစိုးရနှင့် နေပြည်တော် အစိုးရအကြား ကုန်သွယ်မှု သဘောတူညီချက် အသစ်များကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြသည်။ ယင်း သဘော တူညီမှုများထဲတွင် တရုတ်နိုင်ငံမှ လက်နက် အဓိက ထုတ်လုပ်သော Norinco ကော်ပိုရေးရှင်းလည်း ပါဝင်သည်။ Norinco က မုံရွာ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ယင်း သဘော တူညီချက်အရ Norinco သည် မြန်မာနိုင်ငံရှိ အရည်အသွေး ပြည့်ဝပြီး များပြားလွန်းသော ကြေးနီသတ္တုများကို တူးဖော်ခွင့် ရရှိတော့မည် ဖြစ်သည်။

ပို၍ဆိုပါက မြန်မာနှင့် တရုတ်အကြား သွယ်တန်းရန် လုပ်ဆောင်လျက် ရှိသည့် ရွှေဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာနိုင်ငံ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် လာမည့် နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံ အထိ အသားတင် ရရှိတော့မည် ဖြစ်သည်။ ယင်း ဓာတ်ငွေ့ ပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက်မှ တရုတ်နိုင်ငံ တောင်ပိုင်း ဒေသသို့ သွယ်တန်းမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ တင်ပို့သော ကုန်ပစ္စည်းများကို ပိတ်ပင်မည့် ဥပဒေကို သက်တမ်း တိုးရန် အမေရိကန် လွှတ်တော်၌ ဇူလိုင်လ ၁ ရက်နေ့က မဲပေး ဆုံးဖြတ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံတွင်း အမေရိကန် ရေနံတူးဖော်ရေး ကုမ္ပဏီကြီး ဖြစ်သော Chevron အနေဖြင့် ရတနာ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်း၌ ဆက်လက် လုပ်ကိုင်ခွင့် ရရှိနေသည့် ကိစ္စမှာ အငြင်းပွားစရာ ဖြစ်လျက် ရှိသည်။ မြန်မာ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု တို့အပေါ် တုံ့ပြန် အရေးယူမှုများ လျော့နည်းနေသည်ကို ဖော်ပြလျက် ရှိသည်။

ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် စွမ်းအင် ဆာလောင်လျက် ရှိသော ထိုင်းနိုင်ငံအတွက် များစွာ အထောက်အကူပြုမည် ဖြစ်သည်။ သို့သော် အဆိုပါ ဓာတ်ငွေ့ ပိုက်လိုင်းသည် စစ်ရေးဖြင့် လုံခြုံရေး တင်းကြပ်ထားသော တောင်ပိုင်း ဒေသမှ တစ်ဆင့် ကီလိုမီတာ ၄၀ ခန့် ဖြတ်သန်းသွားရန် လိုအပ်နေသောကြောင့် အငြင်းပွားစရာများ ဖြစ်ပေါ်လျက် ရှိသည်။

မြန်မာနိုင်ငံက သဘာဝ စွမ်းအင် တူးဖော်ရှာဖွေရေး အခန်းကဏ္ဍအား တိုးချဲ့ လုပ်ကိုင်ခြင်းသည် အိမ်နီးချင်း အိန္ဒိယအတွက် များစွာ မျက်စိကျစရာ ဖြစ်လာသည်။ အိန္ဒိယသည် နိုင်ငံတွင်း လူ့အခွင့်အရေး ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခက်တွေ့လျက် ရှိရာ မြန်မာနိုင်ငံတွင်း ဒေါ်လာ ၅ ဒဿမ ၆ ဘီလီယံတန်ဖိုးရှိ ရေကာတာ စီမံကိန်းကြီး နှစ်ခု၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်
နည်းလမ်း ရှာဖွေလျက် ရှိသည်။

မြန်မာအစိုးရ၏ ဗဟို စာရင်းစစ်ချုပ်ရုံး (CSO) က ထုတ်ပြန်သော စာရင်းဇယားများအရ ဒေါ်လာ ၁၃၇ သန်း တန်ဖိုး ရှိသော အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး အခန်းကဏ္ဍသို့ ရောက်ရှိခဲ့သည်။ လက်ရှိ စာရင်းများအရ ၂၀၀၉-၂၀၁၀ ခုနှစ်များအတွင်း အိန္ဒိယနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၈၉ သန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာ့ ရေအားလျှပ်စစ် စီမံကိန်းများတွင် အဓိက ရင်းနှီးမြှုပ်နှံသူမှာ တရုတ်နိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ရေကာတာ တည်ဆောက်ရေး လုပ်ငန်းများကြောင့် မဲခေါင်မြစ်ရေ လျော့ကျများ ဖြစ်ပေါ်နေသည်ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အုပ်စုများက ပြစ်တင် ပြောဆိုလျက် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ လူဦးရေမှာ ၂၀၀၈ ခုနှစ်၊ မေလတွင် ၅၇ ဒဿမ ၃၇ သန်း ရှိခဲ့ရာမှ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ကုန်ပိုင်းသို့ အရောက်တွင် ၅၉ ဒဿမ ၁၂ သန်းအထိ ရောက်ရှိလာကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းဇယားအရ သိရသည်။

၁၉၈၈ခုနှစ်တွင် မြန်မာ လူဦးရေမှာ ၃၉ ဒဿမ ၃ သန်းသာ ရှိခဲ့သည်။ လူဦးရေ စုစုပေါင်းတွင် အသက် ၁၈ နှစ် သို့မဟုတ် ၁၈ နှစ် အထက်ရှိသူ သန်း ၃၀ ခန့် ရှိသည်ဟု ဆိုသည်။ အမျိုးသား ဦးရေမှာ ၂၉ ဒဿမ ၃၉ သန်းရှိပြီး အမျိုးသမီး ဦးရေမှာ ၂၉ ဒဿမ ၇၃ သန်း ဖြစ်သည် ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။ မြန်မာနိုင်ငံ လူဦးရေသည် နှစ်စဉ် ၂ ဒဿမ ၀၂ ရာခိုင်နှုန်း မြင့်တက်လျက် ရှိသည်။

လူဝင်မှု ကြီးကြပ်ရေး ဌာနသည် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တွင်ရှိခဲ့သော သန်းခေါင် စာရင်းများကို အခြေခံပြီး ၂၀၀၇ ခုနှစ်တွင် လူဦးရေ သန်းခေါင် စာရင်းများကို ပြုစုခဲ့သည်။ ၂၀၀၇ လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ နည်းပညာပိုင်း ဆိုင်ရာ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် UNFPA ၏ အကူအညီ အထောက်ပံ့ကြောင့်ပင် ၁၉၉၁ ခုနှစ်တွင် လူဦးရေ တိုးတက် ပြောင်းလဲမှုနှင့် မွေးဖွားမှု စစ်တမ်း ကောက်ယူခြင်းကို လုပ်ဆောင်နိုင်ခဲ့ပြီး ၁၉၉၇ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တွင် မျိုးဆက်ပွားမှု ဆိုင်ရာ ကျန်းမာရေး စစ်တမ်းကိုလည်း ကောက်ယူနိုင်ခဲ့သည်။

ထို့ပြင် ၂၀၁၀ အတွင်း လယ်ယာ စိုက်ပျိုးမြေဆိုင်ရာ စာရင်းဇယားများ ကောက်ယူမှုကို ပြီးခဲ့သည့် မတ်လမှ စတင်ကာ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (FAO)၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ဆောင်လျက် ရှိသည်။ အဆိုပါ စီမံကိန်းမှာ တစ်နှစ်ခွဲခန့် ကြာမြင့်မည် ဖြစ်ပြီး၂၀၁၁ခုနှစ် သြဂုတ်လတွင် ပြီးဆုံးမည် ဖြစ်သည်။ ယင်းစီမံကိန်း ပြီးဆုံးပါက ၂၀၁၃ ခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် မြေယာဆိုင်ရာ စာရင်းဇယားများကို ထုတ်ပြန် ကြေညာနိုင်မည် ဖြစ်သည်။

စတုတ္ထမြောက် မြန်မာ့ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာ စာရင်းဇယားများ ပြုလုပ်ရာတွင် FAO က အမေရိကန် ဒေါ်လာ ၄၁၀၀၀၀ ကူညီ ထောက်ပံ့ခဲ့ရုံ သာမက ထိုင်း၊ ဖိလစ်ပိုင် အစရှိသော နိုင်ငံများမှ ပညာရပ်ပိုင်း ဆိုင်ရာ ကျွမ်းကျင်သူများကိုလည်း စေလွှတ်ပေးကာ ပြည်တွင်းမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်း လုပ်ကိုင်နိုင်စေခဲ့သည်။

ထိုမျှမကသေး၊ FAO သည် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမေရိကန် ဒေါ်လာ ၃ ဒဿမ ၁ သန်းရရှိရန် နိုင်ငံတကာ အလှူရှင်များကို ရှာဖွေပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၃ ခုနှစ်တွင် နိုင်ငံတကာ အလှူရှင်များထံမှ ဒေါ်လာ ၂ ဒဿမ ၁၉ သန်း၊ ၂၀၀၃ ခုနှစ်တွင် FAO ထံမှ စိုက်ပျိုးရေး စာရင်းဇယား ကောက်ယူနိုင်ရန် ဒေါ်လာ ၂၉၇၀၀၀ လက်ခံ ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေးကို အဓိက အခြေခံပြီး လူဦးရေ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးနှင့် သက်ဆိုင်သော စီးပွားရေးကို လုပ်ကိုင်လျက် ရှိသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံနှင့် ဖြစ်ပွားလျက် ရှိသော ဘင်္ဂလား ပင်လယ်အော်အတွင်း ရေပိုင်နက် အငြင်းပွားမှု ပြဿနာနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် အစိုးရက နိုင်ငံတကာ ရေပိုင်နက် ဆိုင်ရာ တရားရုံး (ITLOS) သို့ အရေးပါသော စာရွက်စာတမ်းများ ပေးပို့ခဲ့ကြောင်း သတင်း ရရှိသည်။

"ဂျာမနီနိုင်ငံ၊ ဟမ်းဘဂ်မြို့ အခြေစိုက် ITLOS အဖွဲ့ဆီကို ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး အရေးကြီးတဲ့ မှတ်တမ်း စာရွက်တွေ ကျွန်တော်တို့ ပေးပို့လိုက်ပြီ ဖြစ်ပါတယ်" ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည် မဖော်လိုသူ အရာရှိကြီး တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် အဆိုပါ စာရွက်စာတမ်းကို တုံ့ပြန် ဖြေရှင်းချက် ပေးပို့ရမည့် နောက်ဆုံး သတ်မှတ်ရက်မှာ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် နှစ်ဦးနှစ်ဖက် မျှဝေခံစားမှု စနစ်ကို အခြေခံပြီး ITLOS သို့ ဖြေရှင်းချက် စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ ဘင်္ဂလားဒေ့ရှ် အရာရှိကြီးက ဆိုသည်။

မြန်မာနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ၂၀၀၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အဆိုပါ ရေပိုင်နက် ပြဿနာအပေါ် ကုလသမဂ္ဂ အနေဖြင့် ဝင်ရောက် ဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ် အစိုးရက နည်းလမ်း ရှာဖွေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် လာမည့်နှစ် မတ်လနှင့် ဇူလိုင်လတို့တွင် နောက်ဆုံးထားပြီး အဆိုပါ ကိစ္စအတွက် တုံ့ပြန် ဖြေရှင်းမှုများ ပြုလုပ်ရမည် ဖြစ်သည်။  မြန်မာနိုင်ငံ၏ လျှောက်လဲ တောင်းဆိုချက်ကို ချေပရာတွင် ITLOS မှ တရားသူကြီး ၂၁ ဦးမှ ၂၃ ဦးအထိ ပါဝင်မည် ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံ စလုံးမှ ဥပဒေ အကျိုးဆောင် တစ်ဦးစီ စေလွှတ်ခွင့် ရရှိမည် ဖြစ်သည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာ ရေပိုင်နက် ဆိုင်ရာ ဥပဒေ (UNCLOS) အရ ကမ်းရိုးတန်းနှင့် ထိစပ်သော မည်သည့် နိုင်ငံမဆို အဆိုပါ ကမ်းရိုးတန်းမှ ရေမိုင် ၂၁ မိုင် အကွာအဝေးအထိ နိုင်ငံ အချုပ်အခြာ ပိုင်နယ်နိမိတ်အဖြစ် သတ်မှတ်ခွင့် ရှိပြီး ၂၄ မိုင်အကွာကို ထိစပ်နေသော နယ်နိမိတ်အဖြစ် သတ်မှတ်ခွင့် ရှိသည်။ နောက်ထပ် ပူးတွဲ ယှဉ်ကပ်လျက် ရှိသော ရေမိုင် ၂၀၀ ကို စီးပွားရေးဇုန်အဖြစ် သတ်မှတ်ပိုင်ခွင့် ရှိသည်။

ယခု မြန်မာ၊ အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့ အကြားရှိ အချုပ်အခြာ အာဏာပိုင်နက် (ရေပိုင်နက်) နယ်နိမိတ်များမှာ အပြန်အလှန် တစ်ထပ်တည်း ကျသည့် အနေအထားမျိုးတွင် ရှိသောကြောင့် ရေပိုင်နက် အငြင်းပွားမှုမှာ ဖြေရှင်းရန် လွန်စွာ ခက်ခဲလိမ့်မည် ဖြစ်သည်။

The Star သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား အစိုးရက တောင်ကိုရီးယား နိုင်ငံနှင့် တိုက်ရိုက် စစ်ရေး ဆွေးနွေး ပြောဆိုမှုများ ပြုလုပ်လိုသည်ဟု အဆိုပြုလိုက်ပြီး ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုရီးယား စုံစမ်း စစ်ဆေးရေးအဖွဲ့ စေလွှတ်ရန် တောင်းဆိုမှုကို လက်သင့်ခံ ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ တောင်းဆိုလိုက်သည်။

ဇူလိုင်လ ၂ ရက်နေ့ ရက်စွဲဖြင့် ကုလသမဂ္ဂသို့ ပေးပို့သော စာတွင် "ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ သုံးသပ်ချက်ကို မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် လုံးဝကန့်ကွက်သည်" ဟု ရေးသားထားသည်။ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့က ချိုနန် စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီတိုဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်ဟု အကဲဖြတ်ထားသည်။

အဆိုပါ သုံးသပ်ချက်နှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံက ထပ်ခါတလဲလဲ ငြင်းဆိုထားပြီး အဆိုပါ ကိစ္စအတွက် မြောက်ကိုရီးယား အထူးအဖွဲ့တစ်ဖွဲ့ စေလွှတ်ကာ စုံစမ်း စစ်ဆေးခွင့် ပြုရန်လည်း တောင်းဆိုထားသည်။

"ယခုကိစ္စအတွက် ကျိုးကြောင်းဆက်စပ်မှု ရှိသော ဖြေရှင်းခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်ဟု မိမိတို့ ရှုမြင်သည်။ သို့အတွက်ကြောင့် မြောက်နှင့်တောင် ကိုရီးယား နှစ်နိုင်ငံ အတူ ပူးပေါင်းပြီး အမှန်တရားကို ဖော်ထုတ်ရန် လိုအပ်သည်" ဟု ကုလသမဂ္ဂ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Sin Son Ho က ရေးသားဖော်ပြသည်။

ဇွန်လ နောက်ဆုံးပတ်တွင် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ရေး ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် အလုပ်အတူ ပူးတွဲ လုပ်ကိုင်ရန် မြောက်ကိုရီးယားက အဆိုပြုခဲ့သည်။

လက်ရှိ မြောက်ကိုရီးယား နိုင်ငံ၏ အဆိုပြုချက်များအပေါ် လုံခြုံရေးကောင်စီ အနေဖြင့် အသိအမှတ်ပြု လက်ခံပေးရန် မစ္စတာ Sin Son Ho က တိုက်တွန်း ပြောဆိုထားသည်။ "ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရာတွင် ဓမ္မဓိဋ္ဌာန် ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုသည်။ တောင်ကိုရီးယားနှင့် အမေရိကန် ပြည်ထောင်စု တို့၏ တစ်ဖက်သတ် စုံစမ်းစစ်ဆေးမှု ရလဒ်ကို အသိအမှတ် မပြုမီ မြောက်ကိုရီးယား၏ အဆိုပြုချက်ကို အသိအမှတ် ပြုစေလိုသည်" ဟု သံအမတ်ကြီး Sin Son Ho က လုံခြုံရေးကောင်စီသို့ ပေးပို့သော စာတွင် ရေးသားဖော်ပြသည်။

ကိုရီးယား ကျွန်းဆွယ်ဒေသ တင်းမာမှုများ ဖြစ်ပေါ်နေစဉ်အတွင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးတွဲပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုသည် အလုံးစုံသော စစ်ပွဲကို ဖြစ်ပေါ်စေနိုင်သည် ဟု ပြုံးယမ်းအစိုးရက သတိပေးမှုတစ်ရပ် ထုတ်ဖော်ခဲ့ပြီးနောက် သံအမတ်ကြီး Sin Son Ho က ကုလ လုံခြုံရေးကောင်စီသို့ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံသည် ချိုနန်စစ်သင်္ဘော နစ်မြုပ်သည့် ကိစ္စကို တုံ့ပြန်သည့် အနေဖြင့် ရေတပ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်လျက် ရှိသည်။ သို့သော် မည်သည့်နေ့တွင် လေ့ကျင့်မှု ပြုလုပ်မည် ဟူသည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

တောင်ကိုရီးယား အစိုးရက ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုကို လက်တုံ့ပြန်မည် ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ အနေဖြင့် မြောက်ကိုရီးယား၏ လုပ်ရပ်ကို လုံခြုံရေး ကောင်စီက ပြစ်တင် ရှုတ်ချပေးစေလိုကြောင်း ထုတ်ဖော် ပြောဆိုထားသည်။ မြောက်ကိုရီးယားက ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မိမိတို့တွင် တာဝန်မရှိကြောင်း ငြင်းပယ်ခဲ့ပြီး အကယ်၍ လုံခြုံရေး ကောင်စီက ပြစ်တင် ဝေဖန်မှုများ ပြုလုပ်လာပါက မိမိတို့စစ်တပ်က တုံ့ပြန် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

မြောက်ကိုရီးယား နိုင်ငံအပေါ် လုံခြုံရေး ကောင်စီ၏ အရေးယူ ပြောဆိုမှုများ အားလုံးကို တရုတ်နိုင်ငံက ကျောထောက် နောက်ခံပြုခြင်း မရှိပေ။ ထို့အတူ အစဉ်အလာ မဟာမိတ် နိုင်ငံဖြစ်သော မြောက်ကိုရီးယားအပေါ် တရုတ်က ဝေဖန်ပြောဆိုမှု တစ်စုံတရာ မပြုလုပ်ပေ။

ကနေဒါနိုင်ငံတွင် ပြုလုပ်ခဲ့သော ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ၌ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တရုတ်နိုင်ငံသည် မဟာမိတ်နိုင်ငံ ဖြစ်သော မြောက်ကိုရီးယား၏ လက်ခံနိုင်စရာ မရှိသော လုပ်ရပ်ကို မသိကျိုးနွံ ပြုလုပ်ထားကြောင်း စွပ်စွဲပြောဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Christian Science Monitor, 2nd July 2010

ပြင်ပကမ္ဘာနှင့် အဆက်ပြတ်လုနီးပါး၊ အိပ်ငိုက်နေသော မြန်မာကျေးရွာလေးတွင် ဆောက်လုပ်ရေး အဖွဲ့ကို တွေ့မြင်ခဲ့ရသည်မှာ လွန်ခဲ့သော ၆လက ဖြစ်သည်။ စွမ်းအင် ဆာလောင် မွတ်သိပ်နေသော မြို့တော်ဟောင်း ရန်ကုန် တည်ရှိရာ မြောက်ဖက်သို့ သွားရာလမ်းပေါ်ရှိ လယ်ကွင်းများ၏ အောက်သို့ ဆောက်လုပ်ရေးအဖွဲ့က အနက်ရောင် ပိုက်လိုင်းချနေသည်ကို ရွာသားများက စောင့်ကြည့်နေကြသည်။

တစ်ရက်လျှင် လျှပ်စစ်မီး ၆ နာရီ ရရှိ၍ ကံကောင်းသော အိမ်ထောင်စုများရှိရာ အကြီးဆုံး မြို့တော် (ရန်ကုန်) တွင် ချီးကျူးမှုခံယူရန် အဆိုပါ ပိုက်လိုင်းကို ဇွန်လ ၁၂ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ရွာသားများ အတွက်မူ အကျိုးအမြတ် မရှိသည်မှာ အထင်အရှားပင် ဖြစ်သည်။ ကျေးရွာရှိ အိမ်ဆိုင်လေးတွင် ကားဘက်ထရီ အဟောင်းနှင့် ချိတ်ဆက်ထားသည့် မီးသီးတစ်လုံးမှ အလင်းရောင်သာ ထွက်ပေါ်နေသည်။ အိမ်တွင် လျှပ်စစ်မီး ရရှိသူ တစ်ဦးမှ မရှိပါ။ "ဓါတ်ငွေ့က ကျွန်တော်တို့ အတွက် မဟုတ်ပါဘူး'' ဟု လယ်သမား တစ်ဦးက ဆိုသည်။

သို့သော် ရွာသားများ ကံကောင်းခဲ့သည့် အချက်တစ်ခု ရှိသည်။ ပိုက်လိုင်းအတွက် လမ်းဖောက်ရန် လယ်ကွင်းများမှ ဖယ်ခိုင်းသည့်သူ တစ်ဦးမှ မရှိခြင်း ဖြစ်သည်။

လက်ရှိ အနောက်နိုင်ငံ ပိတ်ဆို့မှုများက ဟန့်တားနိုင်ခြင်း မရှိသော အာရှ ရေနံ ကုမ္ပဏီကြီးများကို ကြီးမားစွာ ဆွဲဆောင်နေသည့် စွမ်းအင်စီမံကိန်းများ အတွက် စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာတွင် မဆို အာဏာပိုင်များကို လယ်မြေများကို သိမ်းယူလျက် ရှိသည်။ ရေနံနှင့် ဓါတ်ငွေ့တွင်းများ စတင် ဖွင့်လှစ်သည်နှင့် ထွက်လာသော စွမ်းအင်ရင်းမြစ်များကို ချမ်းသာသော နိုင်ငံများသို့ တင်ပို့ ရောင်းချခဲ့ကြပြီး ပြည်တွင်းဒေသခံ ပြည်သူများမှာမူ လယ်မဲ့ယာမဲ့ ဘဝဖြင့် အမှောင်ထုထဲတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။

ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအင်အတွက် သီးခြားပိုက်လိုင်းမှ ဓါတ်ငွေ့ ၃၀ % ရောင်းချပေးနေသော ပြင်သစ် Total နှင့် အမေရိကန် Chevron တို့လုပ်ကိုင်နေသည့် ဓါတ်ငွေ့သိုက်မှ ဓါတ်ငွေ့များကို ယခု ရန်ကုန်သို့ သွယ်တန်းသည့် ပိုက်လိုင်းမှ တဆင့် မြန်မာပြည်သူများ ပိုမိုရရှိလာမည် ဖြစ်သည်။ Total နှင့် Chevron  သည် ဓါတ်ငွေ့များ တင်ပို့ရောင်းချမှု အတွက် သာမကပဲ ဒေါ်လာ ၁.၃ ဘီလီယံ ကုန်ကျသည့် ပိုက်လိုင်း တည်ဆောက်ရာတွင် လူ့အခွင့်အရး ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း မဆုတ်မနစ် စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ လူ့အခွင့်အရေး ညှဉ်းပန်းမှုများတွင် ကြံရာပါ အပြစ်စွပ်စွဲထားသော သီးခြား အမှုတိုင်းမှာ တရားလိုများအား တရားရုံး ပြေငြိမ်းမှုရရှိရန် ၂၀၀၅ ခုနှစ်အတွင်း ကုမ္ပဏီများက လျော်ကြေး အမြောက်အမြား ပေးခဲ့ရသည်။

သို့သော် အဆိုပါ စီမံကိန်းသည် လက်ရှိ ပိုက်လိုင်း စီမံကိန်းသစ်နှင့် နှိုင်းယှဉ်လျှင် ပြောပလောက်ဖွယ် မရှိကြောင်း၊ တရုတ် ပိုက်လိုင်းသစ်မှာ ယခင် ပိုက်လိုင်းများထက် ပို၍ အဆများစွာ ကြီးမားသလို ပို၍ စည်းမဲ့ကမ်းမဲ့၊ ဗရမ်းဗတာ ဖြစ်မည့် အလားအလာများရှိကြောင်း အမေရိကန်နှင့် ထိုင်းအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

တရုတ်ပြည် တောင်ပိုင်းသို့ ရေနံစိမ်းနှင့် မြန်မာ သဘာဝဓါတ်ငွေ့ ပို့ဆောင်မည့် ပိုက်လိုင်း၂ခု စတင်ရာ ရခိုင်ပြည်နယ်မှ ရေနံတင် သင်္ဘောဆိပ်ကမ်းနှင့် ဓါတ်ငွေ့ ပို့လွှတ်မည့် စီမံကိန်းတွင် တရုတ်၊ တောင်ကိုးရီးယားနှင့် အိန္ဒိယ စွမ်းအင် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံလျက် ရှိသည်။ ၎င်းပိုက်လိုင်း စီမံကိန်းကို ၂၀၀၉ တွင် တည်ဆောက်မှု စတင်ပြီး ၂၀၁၃တွင် ပြီးစီးရန် မျှော်လင့်ထားသည်။

စီမံကိန်း လုပ်ငန်းများတွင် လယ်မြေများ ဆုံးရှုံးခဲ့သော မိသားစု ၁၀၀ ခန့်မှာ လျော်ကြေး အနည်းငယ်သာ ရရှိခဲ့ပြီး အချို့ လုံးဝ မရရှိခဲ့ကြ ဟု ပြောကြားသူမှာ ပိုက်လိုင်းစီမံကိန်း ဆန့်ကျင်ရေး ထိုင်းအခြေစိုက် " ရွှေဓါတ်ငွေ့ လှုပ်ရှားမှု အဖွဲ့ '' မှ ညှိနှိုင်းရေးမှူး ဝမ်အောင် ဖြစ်သည်။ ဤအစား ၎င်းတို့ ပြန်လည် အခြေချနိုင်မည့် အနီးအနား မြေလွတ်များကို ရှာဖွေနေကြရသည်ဟု ဆိုသည်။ ကုန်းပေါ် ပိုက်လိုင်းလမ်းကြောင်း တစ်လျှောက် နေထိုင်သူများစွာမှာ လယ်မြေ အသိမ်းခံရမည့် အန္တရာယ်၊ လုံခြုံရေးတပ်ဖွဲ့များ အဓမ္မ စေခိုင်းမည့် အန္တရာယ်တို့နှင့် ရင်ဆိုင်နေရသည်ဟု ဝမ်အောင်က သတိပေး ပြောကြားသည်။

"မြန်မာနိုင်ငံမှာ ပြည်သူတွေ အစစ်အမှန် ပါဝင်နိုင်တဲ့၊ ဒီမိုကရေစီ နည်းကျ တင်မြှောက်တဲ့ အစိုးရ ရှိလာတဲ့ အချိန်အထိ ကုမ္ပဏီတွေ အနေနဲ့ ပိုက်လိုင်း စီမံကိန်းကို ဆိုင်းငံ့ ထားစေချင်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

တန်ဖိုး ကြီးမြင့်လွန်းသည့် ပိုက်လိုင်း

ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် နီးကပ်သည့် ရွှေဓါတ်ငွေ့ စီမံကိန်းကို တောင်ကိုးရီးယား ဒေဝူး အင်တာနေရှင်နယ်က လုပ်ကိုင် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ၂၀၀၄ ခုနှစ်က တွေ့ရှိခဲ့သော ကြီးမားလှသည့် ကမ်းလွန် ဓါတ်ငွေ့သိုက်သည် အိန္ဒိယ အစိုးရကို ဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းတို့က ဘင်္ဂလားဒေ့ရှ်ကို ဖြတ်သန်းကာ ကိုယ်ပိုင် ပိုက်လိုင်း သွယ်တန်းရန် အဆိုပြုခဲ့ကြသည်။ သို့ရာတွင် ဘင်္ဂလားဒေ့ရှ်သည် လုံခြုံစိတ်ချရသော လမ်းကြောင်းမဟုတ် ဟု စိုးရိမ်ပူပန်ခဲ့ကြသော အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်များကြောင့် အဆိုပါ အစီအစဉ်မှာ ပျက်ပြယ်သွားခဲ့ရသည်'' ဟု စီမံကိန်းကို လေ့လာနေသော လန်ဒန် Chatham House မှ တွဲဖက်ပါမေက္ခ Marie Lall က ပြောကြားသည်။

ဤသို့ အိန္ဒိယက တွေဝေနေချိန် ၂၀၀၇ တွင် တရုတ်နိုင်ငံက အမွှာ ပိုက်လိုင်း ၂ ခုကို အဆိုပြုကာ အခွင့်အလမ်းကို လက်မလွှတ်တမ်း "ထိုးသုတ်'' သွားခဲ့သည်။ ပထမ ပိုက်လိုင်းမှာ ဒေဝူး လုပ်ကွက်မှ ဓါတ်ငွေ့များ သယ်ယူရန် ဖြစ်သည်။ ဒုတိယ ပိုက်လိုင်းမှာမူ ရေယာဉ်ကြောညှပ် မလက္ကာ ရေလပ်ကြားကို ဖြတ်သန်းနေရသော အာဖရိကနှင့် အရှေ့ အလယ်ပိုင်းမှ ရေနံတင် သင်္ဘောများ သယ်ယူလာသည့် ရေနံစိမ်းများကို တစ်ရက်လျှင် စည်ပေါင်း ၄၄၂,၀၀၀ခန့် နှုန်းဖြင့်ပို့ဆောင်ရန် ဒီဇိုင်းထုတ်ထားသည်။ ဘီဂျင်းသည် ၎င်း၏ မရှိမဖြစ် စွမ်းအင် ထောက်ပံ့မှု လမ်းကြောင်း အတွက် လျှော့ချလိုခြင်း ဖြစ်သည် ဟု လုံခြုံရေး အကဲခတ် လေ့လာသူများက ပြောကြားသည်။ အဆိုပါ ပိုက်လိုင်းများသည် လက်နက်ကိုင် သူပုန်များ ထိန်းချုပ်ရာနယ်မြေနှင့် တောင်တန်းဒေသများ အပါအဝင် မြန်မာပြည်အတွင်း မိုင် ၆၀၀ ခန့် ဖြတ်သန်းသွားမည် ဖြစ်သည်။ ၎င်းနှင့် ခြားနားစွာပင် Total ကမ်းလွန်ပိုက်လိုင်း၏ မြန်မာပြည်တွင်း အစိတ်အပိုင်းမှာ မိုင် ၄၀ ခန့်သာ ရှိသည်။

"တရုတ်နိုင်ငံက လုပ်ခဲ့ဖူးတဲ့ ပိုက်လိုင်းတွေထဲမှာ ဒီတစ်ခုက အရှုပ်ထွေးဆုံးနဲ့ အန္တရာယ်အများဆုံး ဖြစ်လာနိုင်ပါတယ်'' ဟု Lall က ဆိုသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများ အရှိန်မြင့်

လတ်တလော နှစ်များအတွင်း မြန်မာစစ်တပ် အစိုးရ ဋ္ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက ကုမ္ပဏီများက အဓမ္မခိုင်းစေသော လုပ်သားများ အသုံးပြုနေခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILOက မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန်ခဲ့သည်။ လမ်းဖောက်လုပ်ခြင်း၊ ရေနံပိုက်လိုင်းသွယ်ခြင်း စသောကြီးမားသည့် အခြေခံ အဆောက်အဦး စီမံကိန်းများတွင် လုပ်ခ မပေးပဲ အတင်းအကျပ် ခိုင်းစေခြင်းကို ဒေသခံ နေထိုင်သူများ မကြာခဏ ရင်ဆိုင်ကြရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုသည်။

အဆိုပါ လူ့အခွင့်အရေး ညှဉ်းပန်းမှုမျိုးကို သည်း