Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“အခြေခံအဆောက်အအုံ လိုအပ်ချက်တွေနဲ့ နည်းပညာပိုင်းမှာ အားနည်းတယ်ဆိုပေမယ့် သဘာဝကပေးတဲ့ အရင်း အမြစ်တွေအများကြီးရှိတယ်။ ဥပမာစီးပွားရေး ဗပိာုချက်ကျတာမျိုးနဲ့ လူဦးရေအများဆုံးနိုင်ငံတွေကြားမှာ ရှိနေတဲ့ အတွက်ပါ SME လုပ်ငန်းတိုးတက်ဖို့ အစိုးရအနေနဲ့ ထိရောက်တဲ့ ကူညီပေးမှုတွေ ဆောင်ရွက်ပေးသင့်တယ်”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာပါ “လုပ်သားအင်အားနှင့် အိန္ဒိယ၊ တရုတ်ဈေးကွက်မှာ ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် အားသာချက်များဖြစ်ပာုဆို”သတင်းမှ SME ဥပဒေရေးဆွဲရာတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ပါဝင်သော ဒေါက်တာတင်ထူးနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဥပဒေအရသော်လည်းကောင်း၊ ILO ပြဋ္ဌာန်းချက်အရသော်လည်းကောင်း အတင်းဓမ္မခိုင်းစေမှု မဖြစ်စေချင်တဲ့ သဘောပါ။ သို့သော် လုပ်ငန်းလိုအပ်ချက်အရ သတ်မှတ်ထားတဲ့အချိန်ထက်ပိုပြီး အချိန်ပိုခိုင်းစေမယ်ဆိုရင် အလုပ်သမားရဲ့ သဘော တူညီချက်နဲ့ ကျွန်တော်တို့ဌာနကို ကြိုပြီး အသိပေးစေချင်တယ်။ ဌာနမနေနဲ့ တင်လာတဲ့ အပေါ်စိစစ်ပြီးတော့ ခွင့်ပြုသင့်တာ ကို ခွင့်ပြုပေးသွားမှာပါ”

စက်တင်ဘာလ ၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်သတင်းစာပါ “အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ အား သတ်မှတ်ချိန်ထက် အချိန်ပိုခိုင်းစေပါက အလုပ်သမားဝန်ကြီးဌာနသို့ တင်ပြရမည်” သတင်းမှ အလုပ်သ မားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်၏ ပြောကြားချက်မှ ကောက်နှုတ်ချက်။

 


“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဲဆန္ဒများများနဲ့ အတည်ပြုဖို့ ရည်ရွယ်ချက်နဲ့ ဝှိုက်ကတ်တွေထုတ်ပေးတယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုးဆိုရင် မကောင်းပါဘူး၊ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီတစ်ခုက အနိုင်ရမဲပေး ခွင့်ပေးတယ် ဆိုတာလဲ မဖြစ်သင့်ဘူး။ ဝှိုက်ကတ်ဆိုတာ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့လည်း မကိုက်ညီဘူး၊ ဖြစ်လည်း မဖြစ်သင့်ဘူး။ သူတို့ကို ပါတီထောင်ခွင့်၊ မဲပေးခွင့် ပေးထားတာဟာ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့ မ