Transparency Myanmar

transparency.myanmar@gmail.com

From the Economist Print Edition

လွန်ခဲ့သော အနှစ် နှစ်ဆယ်မှစ၍ မြန်မာနိုင်ငံအပေါ် ထားရှိခဲ့သော အမေရိကန်၏ မူဝါဒတွင် အသုံးချနိုင်မည့် အထူး ပြုပြင် ပြောင်းလဲမှုများကို လိုအပ်လိမ့်မည် ဖြစ်သည်။ အဆိုပါ မူဝါဒအရ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှု ဥပဒေများ ပြဌာန်းခဲ့ပြီး ရက်စက်သော စစ်အစိုးရ ခေါင်းဆောင်များကို အသိုင်းအ၀ိုင်းနှင့် ဝေးရာသို့ ပို့ဆောင်ခဲ့သည်။ ပိတ်ဆို့မှုကို ထောက်ခံသူများက ယင်းအစီအစဉ်ကို မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီ၍ ချမှတ်သင့်သည်ဟု ပြောခဲ့ကြသည်။ ဝေဖန်သူများကမူ ပိတ်ဆို့အရေးယူမှုမှာ မှားယွင်းကြောင်းကို မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများ၏ ဆင်းရဲမွဲတေမှုနှင့် အပြောတစ်ခြား အလုပ်တစ်ခြား လုပ်တတ်သည့် စစ်ဗိုလ်ချုပ်များ၏ ချမ်းသာမှုများကို နှိုင်းယှဉ်၍ မအောင်မြင်နိုင်ကြောင်း ပြောကြား ခဲ့သည်။ အမေရိကန် အစိုးရကလည်း သူ၏မူဝါဒကို ပြန်လည် သုံးသပ်ပြီး လမ်းကြောင်း ပြောင်းရန် ကြိုးစားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ယခုအပတ်အတွင်း ပြုလုပ်ခဲ့သော နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှုမှာ ဆယ်နှစ်အတွင်း ပထမအကြိမ် ဖြစ်ခဲ့ပြီဖြစ်သည်။

ဝင်ရောက် မစွက်ဖက်ရေး မူဝါဒ၏ ရည်ရွယ်ချက်မှာ စစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် စတင်ရန် ဖြစ်သည်။ ထုတ်ဖော်ရန် မလိုဘဲ အများစု၏ ဆန္ဒမှာ စစ်အစိုးရ ပြိုလဲသွားခြင်းကို မြင်တွေ့လိုကြခြင်း ဖြစ်သည်။ သို့သော် လက်တွေ့အားဖြင့် စစ်အစိုးရ ပြိုလဲသွားခြင်းကို သော်လည်းကောင်း၊  ပြုပြင် ပြောင်းလဲမှုများကို သော်လည်းကောင်း မတွေ့ခဲ့ရပေ။ ၂၀၀၇ ဘုန်းတော်ကြီးများ အရေးတွင် အစိုးရ၏ ရက်စက်စွာ ဖြေရှင်းပုံမှာ ၎င်းတို့  ပိုမို ခိုင်မြဲနေသည်ဟု ထင်ကြရသည်။ ယခုမကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်အား အရေးယူမှုကို  ကြည့်ခြင်းဖြင့် ၎င်းတို့ကို အသာစီး ရနေပြီဟု သတ်မှတ်နေကြသည်။

ပထမဆုံး အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှု ပုံစံအသစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၉က နယူးယောက်တွင် တွေ့ခဲ့ရသည်။ ထိုနေ့က လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Campbell သည် မြန်မာဝန်ကြီး ဦးသောင်းကို နယူးယောက်တွင် တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံခဲ့ခြင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ၏ စစ်အစိုးရနှင့် တိုက်ရိုက်စကားပြော ဆက်ဆံရန် ရည်ရွယ်ချက်ကို စတင် ဖြည့်ဆည်း ပေးလိုက်ခြင်း ဖြစ်သည်။

အမှန်အားဖြင့် မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့မှုရော ထိတွေ့ဆက်ဆံရေး နည်းလမ်းများပါ ကြိုးစား ကြည့်ကြပြီး ဖြစ်သည်။ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ တချိန်တည်းတွင် ဂျပန်အပါအ၀င် တရုတ်၊ အိန္ဒိယနှင့် အရှေ့တောင် အာရှနိုင်ငံများသည် မြန်မာနိုင်ငံတွင် ကူးသန်း ရောင်းဝယ်ရေးနှင့် အခြားပူးပေါင်း ဆောင်ရွက်မှုများကို အပတ်တကုတ် ကြိုးစား လုပ်ကိုင်ခဲ့ကြသည်။ မြောက်ကိုရီးယားနှင့် ကိစ္စတွင် မြန်မာက ၎င်း၏ သူတပါးနိုင်ငံရေးရာ ကိစ္စတွင် မစွက်ဖက်ပဲ ဆက်ဆံရေးကို ကောင်းစွာ ပြုလုပ်နိုင်ခဲ့သည်။

သို့သော် အမေရိကန်က အရေးယူ ပိတ်ဆို့မှုများကိုမူ ပယ်ဖျက်မည် မဟုတ်ဟု ပြောကြား ခဲ့သည်။ Campbell က ဆီးနိတ် ကော်မတီသို့ ဦးသောင်းနှင့် နှစ်နာရီကြာ တွေ့ဆုံအပြီး တစ်ရက် အကြာတွင် ပြောကြားရာမှ အရေးယူ ပိတ်ဆို့မှု (Sanction) ကို နှစ်နိုင်ငံ ဆက်ဆံရေး မူဝါဒဖြင့် အစားထိုးခြင်း မဟုတ်ဘဲ ပိတ်ဆို့မှုအပြင် ထပ်မံ ဖြည့်စွက်သော မူဝါဒသာ ဖြစ်ကြောင်း ထည့်သွင်း ထားပါသည်။ အမေရိကန်အနေဖြင့် အချက်သုံးချက်ကို မြန်မာနိုင်ငံက အကောင်အထည် ဖော်နိုင်ပါက ပိတ်ဆို့မှုများ ဖြေလျော့ရေးအတွက် လုပ်ဆောင်သွားမည်ဟု  ဖော်ပြထားသည်။

ပထမအချက်၊ ရေတိုစီမံချက်အရ ဒေါ်အောင်ဆန်းစုကြည်မှာ သူမ၏ပြစ်ဒဏ်အတွက် အယူခံဝင်လျက်ရှိရာ၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာလည်း လွတ်လပ်မှုအတွက် သံသယဖြစ်ဖွယ်ရှိရာ၊ သူမသာ လွတ်မြောက်ခဲ့ပါက ကောင်းသောလက္ခဏာဟု ကောက်ယူရမည် ဖြစ်သည်။

ဒုတိယအချက်မှာ သီအိုရီအားဖြင့် အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီကို စစ်အစိုးရပြုလုပ် မည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန်ဖြစ်သည်။ ဒီလိုပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီကို အောင်မြင်စွာ ရပြီဟု မဆိုလိုပါ။ တင်းကြပ်သော ထိန်းချုပ်မှုများနှင့် ပြုလုပ်သော လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြု ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် စစ်တပ်၏ အာဏာ သက်ရောက်မှုက ရှိနေသေးသည်။ သို့သော် နိုင်ငံရေးရာ ငြင်းခုံ ဆွေးနွေးမှု၊ ပြိုင်ဆိုင်မှုကို လုပ်ပိုင်ခွင့် ရှိလာနိုင်သည်။ လက်ရှိတွင် အဆိုပါ အနေအထားမျိုး လုံးဝမရှိပါ။

တတိယအချက်မှာ မြောက်ကိုရီးယားသည် မြန်မာ၏ တပည့်မဟုတ်ဘဲ၊ တရားမ၀င် နျူကလီးယား အန္တရာယ်ဆိုးကို အကောင်အထည် ဖော်ပေးနေသည့် လုပ်ဖော်ကိုင်ဖက် ဖြစ်နေခြင်းပင်တည်း။ မြန်မာမှ အင်ဒိုနီးရှားကဲ့သို့ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းနိုင်သေးသည်။ သို့သော် လက်တွေ့တွင် မြောက်ကိုရီးယားကဲ့သို့ နျူကလီးယားလက်နက်စုပြုံ၍ ပိုင်ဆိုင်လိုခြင်းက အရာရာကို တားဆီးလျက်ရှိပါသည်။

ဆီနိတ်တာ Jim Webb သည် ဗုဒ္ဓဟူးနေ့က ဆီးနိတ် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီတွင် ပြုလုပ်သော အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော မူဝါဒ၏ သက်ရောက်မှုနှင့် အကျိုးဆက်များအား ကြားနာပွဲတွင် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆပ်ကော်မတီ၏ ဥက္ကဌလည်းဖြစ်သူ Webb သည် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် မူဝါဒ၏ အကျိုး သက်ရောက်မှုကို အသေးစိတ် အကဲဖြတ်ရန် ကွန်ဂရက်တွင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။

အဆိုပါ ကြားနာမှု (hearing) တွင် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးနှင့် နိုင်ငံရေး အခြေအနေများ၊ မြန်မာနိုင်ငံ၏ သမိုင်းနှင့် ချီ၍ဖြစ်ပေါ်နေသော ပြည်တွင်း မငြိမ်သက်မှုများ၊ တိုင်းရင်းသားများနှင့် ပဋိပက္ခများကို အခြေခံ၍  ဖြစ်ပေါ်လာသော အချက်များကို သေချာစွာ သုံးသပ်သွားသည်။

ထို့အပြင် အရေးယူ ပိတ်ဆို့မှုပါဝင်သော အမေရိကန်၏ မူဝါဒကိုလည်း တန်ဖိုးဖြတ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ တိုးတက်မှု ရှိအောင် အမေရိကန် အနေဖြင့် မည်သည့်ကဏ္ဍမှ ပါဝင်သင့်သည် ပါဝင်နိုင်သည်ကိုလည်း ဆွေးနွေးပါသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် မှန်ကန်တဲ့ နည်းလမ်းပါဝင်သော ဦးတည်ချက်သစ် ချမှတ်နိုင်အောင် ဆွေးနွေးသွားသည်။

“ယခု ထက်ရောက်လာသော လုပ်ဖော်ကိုင်ဖက်များ အနေဖြင့် မိမိတို့ ထားရှိရမည့် မြန်မာ နိုင်ငံအပေါ် မူဝါဒကို အကျိုးရှိသော ချဉ်းကပ်မှု ဖြစ်စေရေးအတွက် ၀ိုင်းဝန်း ရှာဖွေကြရန် ဆီးနိတ် ဆွေးနွေးပွဲ အသစ်အတွက် အကောင်းဖက်သို့ ရှုမြင်သော ကူညီပံ့ပိုးမှုများ ပြုလုပ်ကြရန်” Webb က အဖွင့်အမှာစကား ပြောရာတွင် နိဂုံးချုပ် ပြောကြားခဲ့ ပါသည်။ ဆီးနိတ်၏ ဆွေးနွေးပွဲ အသစ်တွင် အမေရိကန်၏ မူဝါဒ၏ အကြောင်း အရာများနှင့် ထိရောက်မှုကို ပြန်လည် စစ်ဆေးသွားမည် ဖြစ်သည် ဟု ရှင်းလင်းသွားသည်။

မြန်မာနိုင်ငံကို အထီးကျန်နိုင်ငံ ဖြစ်စေရေး မူဝါဒ နောက်ကွယ်မှ ရည်ရွယ်သော နိုင်ငံရေး တွန်းအားကိုမူ အသိအမှတ် ပြုရမည်ဟု မိမိ ယုံကြည်ကြောင်း Webb က ပြောပါသည်။ သို့သော် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ဝေး၍ အထီးကျန်စေသော်လည်း မိမိတို့မှလွဲ၍ မည်သူမျှ မကျင့်သုံး ခဲ့ကြ၍ ထိရောက်မှုမရှိခဲ့ပေ။ ထို့ကြောင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်း ပေါ်ရောက်စေရန် ရည်ရွယ်ချက် အထ မြောက်သလောဟု မေးခွန်း ထုတ်ဖွယ်ရှိကြောင်း ထုတ်ဖော်ခဲ့ပါသည်။

ပြီးခဲ့သည့်အပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံ အပေါ် အထီးကျန်စေရေး မူဝါဒအားရပ်ဆိုင်၍ စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံ သွားမည်ဟု ကြေညာခဲ့သည်။ Webb က အမေရိကန်၏ မူဝါဒပြောင်းလဲမှုမှာ အချိန်ကိုက်လည်းဖြစ်၊ သင့်လျော်မှုလည်းရှိပါကြောင်း ထောက်ခံပြောဆိုခဲ့ပါသည်။

အဆိုပါ ကြားနာပွဲသို့ တက်ရောက် လာသော လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကလည်း မြန်မာနိုင်ငံအပေါ် ဖြစ်စေချင်သော မိမိတို့၏ ရည်ရွယ်ချက်များမှာတော့ အရင်အတိုင်းပဲဖြစ်ပြီး၊ မူဝါဒ ပြန်လည် သုံးသပ်ချက်အရ ထိုရည်ရွယ်ချက်များ တိုးတက်ဖြစ်ပေါ်စေ ရေးအတွက် နည်းလမ်းသစ်များ လိုအပ်လျှက်ရှိကြောင်း ပြသနေသည်ဟု ပြောကြားသွားပါသည်။

လေ့လာသူများက တွေ့ဆုံဆွေးနွေးရေး လိုအပ်ချက်ကို ဖြည့်ဆည်းရေး အတွက် ပိုမိုလုပ် ဆောင်ရမည်ဟု ဆိုလိုပါသည်။ မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ရန် ပုံဖော်ရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးသမားနောက်ခံနှင့် တိုင်းရင်းသားများနှင့် ပဋိပက္ခများကို ထည့်သွင်း စဉ်းစားရပါလိမ့်မည်ဟု အကြံပြုကြသည်။ အားလုံး သဘောတူလိမ့်မည်ဟု ယူဆရသော အချက်တစ်ခုမှာ တိုင်းရင်းသား အရေး ပဋိပက္ခများကို ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ လျှောက်လှမ်းမည့် ဒီမိုကရေစီ လမ်းကြောင်းမှာ အောင်မြင်မှု ရရှိလိမ့်မည် မဟုတ်ဟူသော အချက်ပင်ဖြစ်သည်။

ဂျော့တောင်းတက္ကသိုလ် အာရှရေးရာ လေ့လာသူ ပါမောက္ခ David Steinberg က အရေးယူ ပိတ်ဆို့မှုမှာ မူလ ရည်ရွယ်ချက်အားဖြင့် မြန်မာနိုင်ငံကို အကောင်းဘက်သို့ ဦးတည်စေရန် ရည်ရွယ်ခဲ့သော်လည်း မြန်မာအစိုးရသည် အမေရိကန်တို့ ရည်ရွယ်ထားခဲ့သော ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

သမိုင်းပညာရှင် ဦးသန်းမြင့်ဦးက မြန်မာနိုင်ငံအတွက် အဓ္ဓမဆိုးမွေဖြစ်သော တိုင်းရင်းသား ပဋိပက္ခနှင့် အထီးကျန်ခြင်းက စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေပြီး ပိုမို ခိုင်မာစေရန် ပြုလုပ်ပေး သလိုဖြစ်နေသည်ဟု သုံးသပ် ဆွေးနွေးသွားပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ပေါ်ထွက်လာရေးအတွက် ရှေ့ဆက် ခရီးဆက်နိုင်မည့် အသွင်ကူးပြောင်းရေး ကာလကို မြင်တွေ့လိုလျှင် ငြိမ်းချမ်းရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု တည်ဆောက် နိုင်ရေး၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ ပြန်လည် ခေါ်ဆောင်ရေး အချက်များ တိုးတက် လာအောင် ဖော်ဆောင်ကြရမည်ဟု ဦးသန်းမြင့်ဦးက ဆွေးနွေးပါသည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုပြုရာတွင် ရည်ရွယ်သည့် ဒီမိုကရေစီတိုးတက် ပြောင်းလဲရေးအတွက် ဖိအားမဖြစ်စေဘဲ ဆန့်ကျင်ဘက်အားဖြင့် ဗိုလ်ချုပ်များကို အထူးသဖြင့် အနောက်ကမ္ဘာနှင့် ဆက်ဆံရေးဝေးကွာသွားခြင်းဘက်သို့သာ အားသန်စေခဲ့သည်ဟု ဦးသန်းမြင့်ဦးက သုံးသပ်သွားပါသည်။

အင်ဒီယားနားတက္ကသိုလ် ဥပဒေပါမောက္ခ David Williams က အချို့သော မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသော ပြဿနာမှာ ဒီမိုကရေစီကို ဖော်ဆောင်လိုသော ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ အမျိုးသမီးတစ်ဦးနှင့် ဒီမိုကရေစီမလိုလားသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့၏ လွန်ဆွဲပွဲသာဖြစ် ကြောင့် ထင်မြင်နေကြသည်ဟု ဆွေးနွေးသွားပါသည်။ ၎င်းက ဆက်လက်၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်နေခဲ့လျှင်လည်း တိုင်းရင်းသားလူမျိုးစုများ၏ တောင်းဆိုမှုများအတွက် အဖြေမရှိပါက ပြဿနာများ ကြုံတွေ့နေရဦးမည်ဖြစ်သည်ဟု သုံးသပ်သွားပါသည်။

ပြီးခဲ့သည့် တနင်္လာနေ့က Webb သည် ကုလသမဂ္ဂ Under Secretary General သံအမတ် Joseph Verner Read ထံမှ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နယူးယောက်တွင် တွေ့ဆုံ ရာတွင် တက်ရောက်ရန် ဖိတ်ကြားမှုကို လက်ခံရရှိခဲ့ပါသည်။ Webb က Read ၏ ဖိတ်ကြားမှုအား အသိအမှတ်ပြုကြောင်း ပြောကြားပါသည်။ ယခုနယူးယောက်တွင် တွေ့ဆုံမှုဖြစ်ကြောင်း Webb က ပြောပါသည်။ အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒအသစ်နှင့် မြန်မာအစိုးရ၏ လာမည့်နှစ်ရွေးကောက်ပွဲအတွက် ကတိက၀တ်များသည် ကျွန်ုပ်တို့ နှစ်နိုင်ငံတွင် ပြောင်းလဲလာမည့် ဆက်ဆံရေးကဏ္ဍသစ်အတွက် ကြီးမားသောစွမ်းအားများအဖြစ် ပြောင်းလဲရေး အချက်ပေးသံများပင်ဖြစ်ကြောင်း Webb က ဆွေးနွေးပါသည်။

ယခုကြားနာပွဲတွင် Webb က ပြီးခဲ့သည့်လက မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှ ငါးနိုင်ငံခရီးစဉ်အကြောင်းကိုလည်း တင်ပြခဲ့ပါသည်။ အဆိုပါ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ အဓိကခေါင်းဆောင်များအား မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး သူမအား 2010 ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး အတွက် မြန်မာအစိုးရအား ပူးတွဲတောင်းဆိုပေးရန် မေတ္တာရပ်ခံခဲ့သေးသည်။

ယနေ့ မြန်မာနိုင်ငံနှင့် ပတ်သက်၍ နောက်ဆုံး ထွက်ပေါ်နေသော သတင်းများကို ကြည့်ရသည်မှာ များစွာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ စက်တင်ဘာလ ၂၈ ရက်နေ့က သတင်းများအရ မြန်မာ နိုင်ငံ တပ်မတော် အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အမေရိကန်ပြည် ထောင်စု ဆီနိတ်၏ အရှေ့အာရှနှင့် ပစိ ဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာဂျင်ဝက်ဘ်တို့ တွေ့ဆုံကြသည်။ အမေရိကန် သမ္မတ အိုဘားမား၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံခြားရေး ပေါ်လစီသစ်ကို လက်တွေ့ကျကျ အကောင် အထည်ဖော်နေသူ မစ္စတာ ဂျင်ဝက်ဘ်က ယခုလို ထုတ်ဖော် ပြောဆို သည်။

“အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီအသစ် ထွက်ပေါ်လာမှုနဲ့ လာမယ့်နှစ် မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ မြန်မာအစိုးရက ကတိပြုက၀တ် ပြုထားမှုကိုကြည့်ရင် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အင်မတန် အရေးပါလာပြီး လှုပ်ရှားမှုရှိတဲ့ အနေအထားကို ပြောင်းလဲတော့မယ် ဆိုတာ ပြသနေသလိုပါပဲ”

အမေရိကန်အစိုးရက လာမည့်၂၀၁၀ ရွေးကောက်ပွဲကို အသုံးချပြီး မြန်မာ တပ်မတော်အစိုးရနှင့် ဆက်ဆံရေး တစ်ရပ် ပြန်လည် ထူထောင်ရန် အာသီသ ရှိနေပါသည်။ မည်သို့ဆိုစေ အများစုကတော့ နှစ်ပေါင်း ၂၀ ကြာကာလ အတွင်း ပထမဆုံး အကြိမ် ကျင်းပပေးမည့် အဆိုပါရွေး ကောက်ပွဲသည် အတု အယောင်မျှသာ ဖြစ်လိမ့်မည်ဟု ယုံကြည်လျက် ရှိကြသည်။ အကြောင်းမှာ အစိုးရက အတိုက် အခံ နိုင်ငံရေး အင်အားစုများကို ယခု ကတည်းကစပြီး ဖိနှိပ် ချုပ်ခြယ်မှုများ ပြုလုပ်နေပြီ ဖြစ်သောကြောင့်ပင်။ ဤသို့ သော အခြေအနေတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်းဘဲလ်က အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် မူဝါဒ ပြောင်းလဲရေး ကိစ္စကို ပီပီပြင်ပြင် ဖြစ်လာအောင်လုပ် ကောင်းမွန် စွာ လုပ်ကိုင် နိုင်ခဲ့သည်။ ဤကိစ္စသည် အမှန်စင်စစ် ချော့တစ်ခါ၊ ခြောက်တစ်လှည့် ပုံစံဖြင့် ချဉ်းကပ်မှုမျိုး ဖြစ်ပြီး လွန်စွာ ထူးခြားပါသည်။ ဆိုလိုသည်မှာ အကယ်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အနေအထားများ ပြောင်းလဲမှု မရှိပါက ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးမည် မဟုတ်ဘဲ အနာဂတ်တွင် အခြေ အနေများ ဆိုးရွားလာပါက နောက်ထပ် ပိတ်ဆို့ အရေးယူသည့် မူဝါဒသစ်များ ထပ်မံပြုလုပ်မည်ဟု ခြိမ်းခြောက်နေသည့် သဘောပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သော အမေရိကန် အကျိုးစီးပွားမှာ ရှုပ်ထွေးနေသည်။ လူ့အခွင့်အရေး ကိစ္စသည် အမေရိကန်အတွက် အရေးကြီးသော ကိစ္စဖြစ်နိုင်သလို၊ အရေးမကြီးသော ကိစ္စလည်း ဖြစ်နိုင်သည်။ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ လုပ်ကိုင်နေမှုများကို မည်သူ တစ်ဦးတစ်ယောက် ကမျှ အကဲဖြတ်နိုင်မည် မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ဖောက်ဖျက်နေမှုများကို သဘောထား တင်းမာစွာ ကိုင်တွယ်ရန် နိုင်ငံတကာမှ လူ့အခွင့်အရေး အဖွဲ့အစည်းမျိုးစုံက အမေရိကန် အစိုးရကို ဖိအားပေး နေသည်ဟူ၍ နားလည်ထားကြသည်။ ထို့ပြင် လူ့အခွင့်အရေးကိစ္စသည် အမေရိကန်အတွက် မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်သော လက်နက် တစ်ခုသဖွယ် ဖြစ်နေသည်ဟု ပြောဆိုနေ ကြပါသည်။ အနောက်ကမ္ဘာ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ဖိုးကပ်စ် မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ သို့ ရာတွင် သူမမှာ နိုင်ငံရေးအတွက် လှုပ်ရှားနေသော အရာတစ်ခု မဟုတ်ပေ။ မြန်မာအစိုးရက ကာလကြာရှည်စွာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖယ် ကျဉ်ခံထားရသလို ဖြစ်နေပြီး မြန်မာလူထုအပေါ် သြဇာလွှမ်းမိုးမှုလည်း တဖြည်းဖြည်းချင်း ကျဆင်းနေသည်။ ဖြစ်နေသည့် အနေအထားမှာ ဒေါ်အောင်ဆန်းစုကြည် အရေးကိစ္စကို ဆက်နွှယ်ပြီး မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို အနောက်ကမ္ဘာက ပြောဆိုနေခြင်းပင် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုတွင် အမှန်တကယ် ပါဝင်လာနိုင်လျှင်သော်လည်း လူကြိုက်များ ရေပန်းစားမှု၊ ပုဂ္ဂိုလ် ရေးကျော်ကြားမှု သက်သက်ဖြင့် မြန်မာပြည်သူလူထု အတွက် အကျိုးထူး တစ်စုံတရာ ရှိလာနိုင်မည် မဟုတ်ပေ။

အမှန်တကယ် မဟာဗျူဟာကျသော ရှုထောင့်မှ ကြည့်မည်ဆိုပါက တရုတ်နှင့် မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကို ဒီမိုကရေစီ ဖော်ဆောင်ရေးထက် ပိုပြီးအလေးပေး စဉ်းစားရမည်ဖြစ်သည်။ မြန်မာအစိုး ရသည် အိမ်နီးချင်းနှင့် အာဆီယံနိုင်ငံ တို့၏ ဖိအားပေးမှုမှ လွတ်မြောက်စေရန် တရုတ်နိုင်ငံ၏ အရှိန်အ၀ါနှင့် သြဇာကို အသုံးချသည်။ ထိုမျှမကသေး။ အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုတို့မှ ရှောင်ရှားနိုင်ရန် လည်း တရုတ်နိုင်ငံကိုသာ အသုံးချလျက်ရှိသည်။ မြန်မာနိုင်ငံမှ သဘာဝ သံယံဇာတများ ကိစ္စသည် လူ့အခွင့်အရေး ကိစ္စများထက်ပင် ပိုအရေးကြီးနေသည်။ မြန်မာအစိုးရသည် ဖြစ်နိုင်ပါက အခြားသော မဟာ အင်အားကြီး နိုင်ငံတစ်ခုခုနှင့် ဆက်ဆံရေး ထူထောင်လိုသည့် သဘောမျိုး ရှိသူဖြစ်နိုင်သည်။ သို့မှသာ အင်အားကြီး တရုတ်နိုင်ငံတစ်ခု တည်းအား အသုံးပြုနေရသည့် ကိစ္စကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ဤအခြေအနေကို အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က အခွင့်အရေး တစ်ရပ်အဖြစ် ရှုမြင်ကာ အရှေ့တောင်အာရှ ဒေသတွင်ပါဝါ အပျော့ကို ကျင့်သုံးသွားရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မြန်မာ စသည့် နိုင်ငံများနှင့် နိုင်ငံရေးအရ မဟာဗျူဟာကျကျ ဆက်ဆံမှုပြုရန် ကြိုးပမ်းလာသည်။

အမှန်တွင် အမေရိကန် ပြည်ထောင်စုသည် အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးနေခြင်းဖြစ်သည်။ အရှေ့တောင်အာရှဒေသ တစ်ခုလုံးနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် သုညအနုတ်ဂိမ်း(zero sumgame) ပုံစံမျိုး မဟုတ်သည်ကို ကောင်းစွာ နားလည် သဘောပေါက်လာသည်။ သို့အတွက်ကြောင့် အပြုသဘောဆောင်သော ဆက်ဆံရေးမျိုး ထူထောင်ရန် ကြိုးပမ်းသည်။ တစ်ဖက်ကကြည့်လျှင်လည်း အရှေ့တောင်အာရှ ဒေသသည် ကမ္ဘာကြီးအတွက် စားနပ်ရိက္ခာ နှင့် သံယံဇာတများ ပေါကြွယ်ဝရာ ဒေ သတစ်ခု ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းအတွက် အဓိကကျသော အနေအထားတွင်ရှိသည်။ ဂျပန်နှင့် တရုတ်နိုင်ငံ လောင်စာဆီ တင်သွင်းမှု၏ ၈၀ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှ ဒေသ၏ ရေလမ်းကြောင်းကို အမှီသဟဲပြု နေရသည်။ ပထ၀ီနိုင်ငံရေးပ ကတိအနေအထားအရ အရှေ့တောင်အာရှ ဒေသသို့တရုတ်နိုင်ငံ ၀င်ရောက်မှုမှာ ပိုမို ကြီးမားလာမည် ဖြစ်သည်။ အမေရိကန် အနေဖြင့် ဤပွဲကို ၀င်မကစားပါက မည်သည့် အခါမှအနိုင်ရမည် မဟုတ်ပေ။ သမိုင်းကြောင်းကို ပြန်ကြည့်ပါက မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ပိတ်ဆို့ အရေးယူမှု ပြုလာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံက အတွင်းစည်းကျကျ သြဇာလွှမ်းမိုးမှု ပြုလုပ်နေသလို ပုံစံမျိုး လုပ်ဆောင်နိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရသည်။ မြန်မာ တပ်မတော် အစိုးရသည် တရုတ်နိုင်ငံက တစ်စုံတရာ ပြောလာပါက ဂရုစိုက် နားထောင်လေ့ ရှိသည်။ ဥပမာ- တရုတ်-မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသ ပြဿနာကို ကြည့်လျှင် တွေ့နိုင်သည်။ တရုတ်ပြည်က ကိုးကန့်ပြဿနာ အပေါ် စိတ်ဘ၀င်မကျနိုင်ကြောင်း ထုတ်ပြော လာသောအခါ တပ်မတော်အစိုးရက ဖုန်ကျားရှင် ခေါင်းဆောင်သော အုပ်စုကို ချက်ချင်းဆိုသလို နှိမ်းနင်းခဲ့သည်မှာ ထင်ရှားသော သာဓကဖြစ်ပါသည်။ တရုတ်အစိုးရကို မြန်မာ တပ်မတော်အစိုးရက တောင်းပန်မှုများပင် ပြုလုပ်ခဲ့သည်။ အမေရိကန် အပါအ၀င် အနောက် ကမ္ဘာအား မည်သည့်အခါက ဤသို့သော တောင်းပန်မှုမျိုး ပြုလုပ်ခဲ့ဖူးပါသနည်း။ အကယ်၍ မြန်မာနိုင်ငံသာ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မျိုးထဲတွင်သို့ အမှန် တကယ် ၀င်ရောက်သွားပါက ပို၍အကဲဆတ်သော အရေးကိစ္စများနှင့် ကြုံတွေ့ လာရဖွယ် ရှိသည်။

လက်ရှိ အနေအထားတွင် အပြောခံနေရသည့် ကိစ္စမှာမြန်မာ တပ်မတော်အစိုးရသည် ဖိနှိပ်ချုပ်ခြယ်မှုများနှင့် ညှဉ်းပန်း နှိပ်စက်မှုများကို ဆက်လက် လုပ်ကိုင်နေခြင်းပင် ဖြစ်သည်။ အမေရိကန်နိုင်ငံသား မြန်မာလူမျိုး ကိုကျော်ဇောလွင် ဆိုသူမှာ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ရန်ကုန်လေဆိပ်၌ပင် ဖမ်းဆီး ထိန်းသိမ်းခံရသည်။ ၎င်းသည် ပြည်တွင်းရေး မငြိမ်မသက်မှု ဖြစ်အောင် ၀င်ရောက်လာခြင်းဖြစ်ပြီး ရဟန်း သံဃာတော်များ အကြား ပဋိပက္ခဖြစ်အောင် ကြိုးပမ်းနေသည် ဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ သူ၏မိခင်ဖြစ်သူမှာ နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ငါးနှစ် အပြစ်ပေးခံရပြီး ညီမဖြစ်သူမှာ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဒီမိုက ရေစီ ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။ အဆိုပါ ဆန္ဒပြပွဲကို ရွှေဝါရောင် တော်လှန်ရေး ဟုခေါ်ဆိုကြသည်။ မြန်မာအစိုးရက ကိုကျော်ဇောလွင်ကို အဖျက် အမှောက်လုပ်ငန်းများနှင့် မြေအောက် လှုပ်ရှားမှုများ လုပ်ကိုင်လျက်ရှိသော အေဘီအက်စ်ဒီအက်ဖ် အဖွဲ့နှင့်လည်း အဆက်အသွယ်များ ပြုလုပ်သည် ဟုစွပ်စွဲထားသည်။ ကိုကျော်ဇောလွင်မှာ အမေ ရိကန်နိုင်ငံသား ဖြစ်သော်လည်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး၏ အကူအညီ တစ်စုံတရာမ ရရှိသေးပေ။ မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ဖောက်ဖျက်မှုများမှာ တဖြည်းဖြည်း ပိုမို ဆိုးရွား လာသည်ဟု ထုတ်ဖော် ပြောဆိုမှုများလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။ လူ့အခွင့်အရေး ကိစ္စများ စောင့်ကြည့် လေ့လာသော နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် amnesty international က မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်လျက်ရှိသည်ဟု စွပ်စွဲ ထားသည်။

ဤကြားထဲတွင် ကုလသမဂ္ဂက မြန်မာနိုင်ငံအား နှိပ်ကွပ်ရန် အာဆီယံကို တိုက်တွန်းသည်။ ဖမ်းဆီးထားသော အကျဉ်းသားများ အားလုံးကို စေလွှတ်ပေးကာ လွတ်လပ်ပြီး တရားမျှတသော ရွေး ကောက်ပွဲ တစ်ရပ် ကျင်းပပေးစေလိုသည့် ရည်ရွယ်ချက်ဖြင့် တိုက်တွန်းခြင်း ဖြစ်သည်။ ရယ်စရာကောင်းသည့်အချက် မှာ ကုလသမဂ္ဂနှင့် အာဆီယံ၏ ဖိအားပေးမှုများကြောင့်လားတော့ မသိပေ၊ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား များကို ဂုဏ်ယူဝံ့ကြွားစွာ စေလွှတ်ပေးသည်။ သို့သော် ၂၅ဦးမျှသာ။ ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသား စုစုပေါင်း၏ ၁ ရာခိုင်နှုန်းသာ ဖြစ်သည်။ ကုလအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက “မှန်ကန်သည့် ဦးတည်ချက်ပေါ်သို့ရောက်မှ မျှော်လင့်ချက်များ ပျက် ပြယ်ရသည်” ဟု သဘောထားတင်းမာစွာ တုံ့ပြန်သည်။

သမိုင်းကြောင်းကိုကြည့်မည်ဆိုလျှင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဟူသည် မြန်မာတပ်မတော်အစိုးရကို ကန့်ကွက် ဝေဖန်ရန် လွန်စွာ ၀န်လေးတတ်သူများ ဖြစ်သည်။ အမှန်တကယ်တွင် အာဆီယံအဖွဲ့သည် ဒေသတွင်း တည်ငြိမ်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများ အချုပ်အချာ အာဏာ တည်မြဲရေးအတွက် တစ်ဦးနှင့်တစ်ဦး ဒိုင်ယာလော့ခ်များ ပြုလုပ်ရာတွင် လည်းကောင်း၊ အကြံပေးမှုများ ပြုလုပ်ရာတွင် လည်းကောင်း အဆင်ပြေ ချောမွေ့မှု ရှိနိုင်ရေးအတွက်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဆိုပါက အာဆီယံသည် ယနေ့ခေတ် ဥရောပသမဂ္ဂ(အီးယူ)လို အဖွဲ့ပုံစံမျိုး မဟုတ်ဘဲ ၁၈ နှင့် ၁၉ ရာစုများဆီက အမျိုးသားရေး စိတ်ပြင်းထန်သော ဥရောပ နိုင်ငံများနှင့် တူနေသည်။ သို့သော် အာဆီယံအနေဖြင့် အထူး သတိပြုရမည့်အချက်မှာ အရှေ့တောင်အာရှ ဒေသဟူသည် မတူညီသော ယဉ်ကျေးမှု၊ ဘာသာတရား၊ နိုင်ငံရေးနှင့် စီးပွားရေး တို့ရှိသော ဒေသတစ်ခုဖြစ်သည် ဟူသောအချက်ပင်။ ယခုအချိန်တွင်လည်း အာဆီယံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်ပြီး ရပ်တည်ချက်များ ထူးထူးခြားခြား ပြောင်းလဲလာမည့် အရိပ်အယောင်များ မတွေ့ရသေးပေ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်သာ တောင်းဆိုထားသည်။ သို့သော်လည်း ထူးထူး ခြားခြား တောင်းဆိုထားသည့် ပုံစံမျိုးမဟုတ်ပေ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးအတွက် အာဆီယံ နိုင်ငံများကို တောင်းဆိုသော်လည်း ပြည် တွင်းရေးကို ၀င်ရောက် မစွက်ဖက်လိုသောကြောင့်ဟူသော အကြောင်းပြချက် များကြောင့် ပျက်ပြားသွားရသည် ဟုဆို သည်။ နောက်ထပ် ထူးခြားချက်တစ်ရပ်မှာ ကိုးကန့်ပြသနာ ဖြစ်သည်။ စစ်အစိုး ရက ကိုးကန့်ဒေသကို စစ်ရေးဖြင့် နှိမ်နင်းမှုအား အနောက်နိုင်ငံများ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံများက တစ်စုံတရာ ဝေဖန်ခြင်းမရှိသေးပေ။ သို့သော် တရုတ်နိုင်ငံကမူ မိမိတို့ နယ်မြေတွင်း မတည်မငြိမ်မှုများ ကူးစက်လာမည်ကို စိုးရိမ် ထိတ်လန့်လျက် ရှိပါသည်။

ဥက္ကဌကြီး မော်စီတုန်း၏မြေးသည် လာမည့်နှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးတော့ မည်ဖြစ်ကြောင်း တရုတ်နေ့စဉ်သတင်းက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
မော်စီတုန်း၏ မျိုးဆက်များသည် တရုတ်နိုင်ငံရေးတွင် အရေးပါသောကဏ္ဍတွင် ပါဝင်ခြင်း မရှိခဲ့ဘူး၍ ယခုသတင်းစာမှာ တရုတ်ပြည်ရှိ အင်တာနက်ဝက်ဒ်ဆိုဒ်များတွင် ကောလဟာလ တစ်ခုအဖြစ် ဖော်ပြထားခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ကလေးများသည် စီးပွားရေးတွင် အရေးပါသည့် ရာထူးများကို ရရှိထားပြီး အချို့မှာ နိုင်ငံရေးရာထူးများကို ရရှိထားကြသည်။
မော်စီတုန်း ဒုတိယသား၏ သားဖြစ်သူ မော်ဇင်ယု (Mao Xinyu) သည် လက်ရှိတရုတ် ပြည်သူ့တပ်မတော်၊ စစ်ရေးသိပ္ပံ အကယ်ဒမီ၏ စစ်သီအိုရီများနှင့် နည်းဗျူဟာများလေ့လာရေး ဌာန၏ ဒုတိယဒါရိုက်တာဖြစ်သည်။ ၎င်း၏လက်ရှိရာထူးမှာဝါရင့် ဗိုလ်မှူးကြီး (Senior Colonel) ဖြစ်သည်။
တရုတ်သတင်းဌာနများ၏ ပြောဆိုချက်တွင် မော်ဇင်ယု စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောစဉ် က သူ့ကို ဗိုလ်ချုပ်ဟုခေါ်၍ မိတ်ဆက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ကြာသပတေးနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ တရုတ်ပြည်ကို အုပ်ချုပ် မှု အနှစ် (၆၀)ပြည့်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့သော်လည်း တိုင်းပြည်အနေဖြင့် အရင်းရှင်စီးပွား ရေးစနစ်နှင့် လွတ်လပ်သော လူမှုရေးစနစ်များကို လက်ခံကျင့်သုံးနေသည့်အတွက် မော်စီတုန်း အပေါ် ဂါရ၀တရားများထားရှိမှု လျော့နည်းလာပြီဖြစ်သည်။ ပါတီတွင်းရှိသူတစ်ချို့က “အနီရောင် ခရီးစ