Transparency Myanmar

transparency.myanmar@gmail.com

ဥက္ကဌကြီး မော်စီတုန်း၏မြေးသည် လာမည့်နှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် ရာထူးတိုးတော့ မည်ဖြစ်ကြောင်း တရုတ်နေ့စဉ်သတင်းက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
မော်စီတုန်း၏ မျိုးဆက်များသည် တရုတ်နိုင်ငံရေးတွင် အရေးပါသောကဏ္ဍတွင် ပါဝင်ခြင်း မရှိခဲ့ဘူး၍ ယခုသတင်းစာမှာ တရုတ်ပြည်ရှိ အင်တာနက်ဝက်ဒ်ဆိုဒ်များတွင် ကောလဟာလ တစ်ခုအဖြစ် ဖော်ပြထားခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ကလေးများသည် စီးပွားရေးတွင် အရေးပါသည့် ရာထူးများကို ရရှိထားပြီး အချို့မှာ နိုင်ငံရေးရာထူးများကို ရရှိထားကြသည်။
မော်စီတုန်း ဒုတိယသား၏ သားဖြစ်သူ မော်ဇင်ယု (Mao Xinyu) သည် လက်ရှိတရုတ် ပြည်သူ့တပ်မတော်၊ စစ်ရေးသိပ္ပံ အကယ်ဒမီ၏ စစ်သီအိုရီများနှင့် နည်းဗျူဟာများလေ့လာရေး ဌာန၏ ဒုတိယဒါရိုက်တာဖြစ်သည်။ ၎င်း၏လက်ရှိရာထူးမှာဝါရင့် ဗိုလ်မှူးကြီး (Senior Colonel) ဖြစ်သည်။
တရုတ်သတင်းဌာနများ၏ ပြောဆိုချက်တွင် မော်ဇင်ယု စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောစဉ် က သူ့ကို ဗိုလ်ချုပ်ဟုခေါ်၍ မိတ်ဆက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံသည် ကြာသပတေးနေ့တွင် တရုတ်ကွန်မြူနစ်ပါတီ၏ တရုတ်ပြည်ကို အုပ်ချုပ် မှု အနှစ် (၆၀)ပြည့်နေ့ အခမ်းအနားကို ပြုလုပ်ခဲ့သော်လည်း တိုင်းပြည်အနေဖြင့် အရင်းရှင်စီးပွား ရေးစနစ်နှင့် လွတ်လပ်သော လူမှုရေးစနစ်များကို လက်ခံကျင့်သုံးနေသည့်အတွက် မော်စီတုန်း အပေါ် ဂါရ၀တရားများထားရှိမှု လျော့နည်းလာပြီဖြစ်သည်။ ပါတီတွင်းရှိသူတစ်ချို့က “အနီရောင် ခရီးစဉ်” (Red Truisms) များ အကောင်အထည်ဖော်၍ ယခင်တော်လှန်ရေး ပြုလုပ်ခဲ့သည့် ဒေသများကိုသွားရောက်နိုင်အောင် စီစဉ်ပေးပြီး၊ ကွန်မြူနစ်သူရဲကောင်းများနှင့် မျိုးချစ်စိတ်ဓာတ် ဆိုင်ရာရုပ်ရှင်များ ရိုက်ကူးလက်မှတ်များ အခမဲ့ပေးဝေကာ ယဉ်ကျေးမှု ပြောင်းလဲမှုအပေါ် တုံ့ပြန်ခဲ့သည်။
မော်စီတုန်းမျိုးဆက်အပေါ် အလေးထားမှုသည်လည်း လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ မော်စီတုန်း၏ အခြားမြေးမိန်းကလေး ကုန်ဒေါင်မေ (Kong Dong Mei) မှလည်း အဘိုးဖြစ်သူကို မမြင်ဘူးလိုက်သော်လည်း ကွန်မြူနစ်ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် ကုမ္ပဏီနှင့် စာအုပ်ဆိုင် လုပ်ငန်းဖြင့် မော်စီတုန်းကို အမှတ်တရဖြစ်စေခဲ့သည်။

0 comments:

Post a Comment