Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၁၄.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အိုဘားမား၏သိမ်မွေ့သောလုပ်ရပ်က အာရှ၏နှစ်သက်မှုကို ရရှိစေသည်

(13 Nov 2012 ရက်စွဲပါ The News York Times မှ Lewis M.Simons ရေးသားသောTo impress Asia, leave the drama home ကိုဘာသာပြန်ဆိုသည်)

  1. ဒေသတွင်းငါးနိုင်ငံ ပူးတွဲဆန်ကုန်သွယ်ရေးဇုန်တည်ထောင်ရန် ထိုင်းအစိုးရသဘောတူ

(Bangkok Post မှ 13 Nov 2012 ရက်စွဲပါ Govt okays 5-nation rice prices ကိုဘာသာပြန်ဆိုသည်)

*****************************************************

ဘာသာပြန်သတင်းများ

အိုဘားမား၏သိမ်မွေ့သောလုပ်ရပ်က အာရှ၏နှစ်သက်မှုကို ရရှိစေသည်

(13 Nov 2012 ရက်စွဲပါ The News York Times မှ Lewis M.Simons ရေးသားသောTo impress Asia, leave the drama home ကိုဘာသာပြန်ဆိုသည်)

သမ္မတ Obama သည်တရုတ်က အရှေ့တောင်အာရှကို တင်းကျပ်စွာချုပ်ကိုင်ရန်ကြိုးစားမှုကို တန်ပြန်နိုင်ရန် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများသို့ ယခုအပတ်နှင့် လာမည့်အပတ်တွင် သွားရောက်မည်ဖြစ်သည်။ ၎င်းသည် ထူးဆန်း၍ ရှင်းပြရခက်သော အာရှစတိုင်ဒီပလိုမေစီကို ကျင့်သုံး လျက်ရှိသည်။

Obama သည် တရုတ်၏နောက်ဖက်မှ ခြိမ်းခြောက်ခြင်း(သို့မဟုတ်)မျက်နှာထားတင်းတင်းနှင့်မဟုတ်ဘဲ ငြိမ်သက်စွာဝင်ရောက်လာရာ အာရှ၏ ဓလေ့ထုံးတမ်းများနှင့် အကျွမ်းတဝင်ရှိကြောင်း ပြသခဲ့သည်။ မည်မျှတော်လိုက်သည့် ဖြစ်ခြင်းနည်း။  စမတ်ကျသည့် ဖြစ်ခြင်းနည်း။

အမေရိကန်ပြည်ထောင်စုသည် အာရှကစားပွဲသို့ ၂၀၁၀ တွင်ဝင်ရောက်လာရာ Mr.Obama နှင့်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ အင်ဒိုနီးရှားသို့သွားရောက်ခဲ့ကြခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ Mr.Obama သည် ၎င်း၏ Oval Office တွင်မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် အရှိန်မြှင့်ခဲ့ပါသည်။ စီးပွားရေးအရချွတ်ခြုံကျနေသော မြန်မာနိုင်ငံသည် ရာစုနှစ်တစ်ဝက်ခန့် နိုင်ငံတကာ၏ အပယ်ခံဖြစ်ခဲ့ပြီး တရုတ်၏ အထီးကျန်ဖောက်သည် ဖြစ်ခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ခြေလှမ်းနေရာ အံ့သြဖွယ် ကောင်းသောအမြန်နှုန်းဖြင့် တရုတ်၏ထိန်းချုပ်မှုကို ရှောင်ဖယ်လာခဲ့ပြီး အမေရိကန်၏လမ်းညွှန်မှုကို တောင်းဆိုလာခဲ့ပါသည်။

သမ္မတသည် အမေရိကန်၏နိုင်ငံခြားရေးမူဝါဒကို စိတ်ပျက်ဖွယ် အရှေ့အလယ်ပိုင်းကို ဗဟိုပြုရာမှဖယ်ခွာ၍ တောက်ပသည့် အနာဂါတ်ရှိသော အာရှကိုဗဟိုပြုရန်အစီအစဉ်ကို ဤခရီးစဉ်ဖြင့်လုပ်ဆောင်လာသည်။ ၎င်းသည် ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များကကဲ့သို့‘ကျား’တစ်ကောင်အဖြစ် တောက်ပခဲ့သော နေ့ရက်များအခြေအနေကို ပြန်လည်မရသေးသည့်တိုင် အရှေ့တောင်အာရှသည် အမေရိကန်အတွက်ငွေရှာရန်နေရာ၊ ဈေးကွက် ချဲ့ထွင်ရန်နေရာ၊ မိတ်ဆွေသစ်ဖွဲ့ရန်နှင့် ဆက်ဆံရေးအဟောင်းများ ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန်နေရာ ဖြစ်နေပါသည်။

သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလက Mitt Romney ကမတ်လတွင် တရုတ်နိုင်ငံ၏ သမ္မတဖြစ်လာမည့် Xi Jinping အား ငွေကြေး ကြိုးကိုင်သူတရုတ်အဖြစ် စိတ်ဆိုးမာန်ဆိုးတံဆိပ်ကပ်ကာ နှုတ်ဆက်လိုကြောင်း အချက်ပေးခဲ့သည်။ Mr.Obama ကမူ တရုတ်နှင့်တိုက်ရိုက် ထိပ်တိုက် တွေ့ရေးအစား ပြင်ညီကစားကွင်းတွင် တရုတ်နှင့်သာတူညီမျှဆက်ဆံရေးကို ရွေးချယ်ခဲ့သည်။ စမတ်ကျသောပါဝါကိုသာထုတ်ပြခဲ့ပြီး ခြိမ်းခြောက်မှုများ မရှိခဲ့ပေ။

၎င်း၏ တဖြည်းဖြည်းချင်းပြောင်းလဲမှုကို ချဉ်းကပ်ခြင်းအား ရှေးရိုးဆန်သောအမေရိကန်များက ကြိုက်နှစ်သက်ခြင်းရှိကြလိမ့်မည် မဟုတ်သော်လည်း တရုတ်နှင့်အခြားအာရှသားများက အမှတ်ပေးကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့က အသစ်ပြန်လည်အရွေးခံရသော အမေရိကန် သမ္မတ သည် ၎င်းတို့အပေါ်လက်သီးဆုပ်၍ ချဉ်းကပ်လာခြင်းမဟုတ်ဘဲ လက်ကမ်းကြိုဆိုလာခြင်းဟု ရှုမြင်ကြသည်။ သမ္မတသည်အာရှတိုက်တွင် နှစ်ပေါင်းများစွာ မှေးမှိန်နေသော အမေရိကန်၏တည်ရှိမှုကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်လာပြီး ကုန်ကြမ်းပစ္စည်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဈေးကွက်များတွင် တဖန် ပြန်လည်ယှဉ်ပြိုင်လာပါသည်။

တိုက်ဆိုင်မှုဆိုသည်မှာမရှိနိုင်ဟု ယုံကြည်သူများကမူ Mr.Obama ၏ Thanksgiving မတိုင်မီခရီးစဉ်သည် ဖနွမ်ပင်မှ အာရှ-ပစိဖိတ် စီးပွားရေးဖိုရမ်နှင့် အချိန်ကိုက်ဖြစ်နေသည်ကို ကြီးမားသောကိစ္စအဖြစ် မှတ်ယူလိမ့်မည်မဟုတ်ပေ။ ၎င်းနှင့် အခြားထင်ရှားသော အမေရိကန်များသည် ထိုအစည်းအဝေးမျိုးကို အမြဲတစေတက်ရောက်လေ့ရှိသည်မဟုတ်ပေ။ အာရှဒေသအတွက် အမှန်တကယ်အရေးကြီးမှုမှာ Obama သည် ပြန်လည်ရွေးချယ် တင်မြှောက်ခံရပြီး နှစ်ပတ်အတွင်းလာရောက်မှုသည် အာရှဒေသကို အလေးအနက်ထားသည် ဆိုသည့်ကိစ္စအား သက်သေ ပြလိုက်ခြင်းပင်ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်မှုကို နှစ်သက်ခြင်းမရှိသော အရှေ့တောင်အာရှသားများအတွက်မူ တရုတ်၏ မတရားသြဇာလွှမ်းမိုးမှုရရန် ကြိုးစားမှုကြောင့် တင်းမာမှုများဖြစ်နေချိန်တွင် အမေရိကန်၏သြဇာလွှမ်းမိုးမှု ဟန်ချက်ညီရန်လုပ်ဆောင်ခြင်းကို ကြိုဆိုကြလိမ့်မည် ဖြစ်ပါသည်။

ထိုထက်ပို၍ အရှေ့တောင်အာရှသည် နှစ်ပေါင်းများစွာ စီးပွားရေး၊ လူမှုရေး နှင့်နိုင်ငံရေးအရ စိတ်ပျက်ဖွယ်အခြေအနေမှ လွတ်မြောက် လာချိန်တွင် Mr.Obama သည် ဒေသတွင်းအုပ်ချုပ်သူနှင့် မူဝါဒရေးရာ အီလစ်များနှင့်လည်း တွေ့ဆုံရန်ရှိသည်။

ဥပမာအားဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် နှစ်ပေါင်းများစွာ Mindanao မွတ်ဆလင်များနှင့် ပြည်တွင်းစစ်မှာပြီးဆုံးရန် အာမခံချက်ရှိသော အခြေအနေသို့ ရောက်ရှိသွားသည်။ ထိုစစ်ပွဲကြောင့် လူပေါင်း ၁၂၀၀၀၀ ကျော် သေဆုံးခဲ့ရပါသည်။

ထို့အပြင် Mr.Obama သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်နှင့်လည်း တွေ့ဆုံရန်စီစဉ်ထားသည်။ ယခုအချိန်တွင် ထိုင်းဝန်ကြီးချုပ်သည်  အပူမီးနှစ်ခုကို ရင်ဆိုင်နေရချိန် ဖြစ်သည်။ အသက်အရွယ်ရှစ်ဆယ်ကျော် ကိုးဆယ်တွင်းရောက်နေသော ထိုင်းဘုရင် ဖူမီဘောအဒူယာဒက်သည် ကျန်းမာရေးမကောင်းသည့် အခြေအနေတွင်ရှိပါသည်။ ဘုရင်အား ဆက်ခံမည့်ကိစ္စကို ပြည်သူများကြားဆွေးနွေးခြင်းအား ရှေးကျသော ဘုရင်မိသားစုအား ထိပါးစေသည့်ဥပဒေဖြင့် တားမြစ်ထားသည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်လက်နက်ကိုင်များနှင့် စစ်ပွဲမှာလည်း အရှိန် လျော့မသွားဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိရာ လွန်ခဲ့သော ခြောက်နှစ်အတွင်းလူ(၅၀၀၀)ခန့် သေဆုံးခဲ့သည်။ သို့သော် နှစ်ဖက်စလုံးက နိုင်ငံတကာမှ လက်နက်ကိုင်တပ်များ ဝင်လာရေးကို လုံးဝမလိုလားကြပေ။

၂၀၀၉ ခုနှစ်က ထိုစဉ်က Missouri ရီပတ်ဗလစ်ကင်ဆီနိတ်တာ Christopher S.bond နှင့် စာရေးသူတို့သည် “The Next Front”ဟူသော ဆောင်းပါး၌ အရှေ့တောင်အာရှမှ မွတ်ဆလင်များသည် ကမ္ဘာပေါ်ရှိ အခြားဒေသများမှ မွတ်ဆလင်များနှင့် မတူဘဲ အမေရိကန်များ ၎င်းတို့ဒေသတွင် လာရောက်လုပ်ကိုင် ရင်းနှီးမြှုပ်နှံခြင်းကို ကြိုဆိုကြသည်ဟု ရေးသားခဲ့သည်။

ယခုနှစ် အာရှသို့ စာရေးသူပြန်အရောက်တွင် သိနားလည်လာရသည့်အချက်မှာ တရုတ်သည်သြဇာလွှမ်းမိုးရန် ကြိုးစားလာမှုကြောင့် ဒေသတွင်း လူဦးရေအစိတ်အပိုင်း အတော်များများတွင် တရုတ်ကိုကြောက်သည့် ရောဂါရနေပြီဆိုသည့်အချက် ဖြစ်သည်။ တချိန်တည်းမှာပင် အမေရိကန်က ငြိမ်းချမ်းသောနည်းဖြင့် ပြန်ဝင်လာခြင်းကိုလည်း မျှော်လင့်ချက်သစ်များ ရှင်သန်စေခဲ့သည်။              

တရုတ်တို့ ဒေသတွင်းလုပ်ဆောင်နေမှုများကို ဟန်ချက်ညီသာတူညီမျှ ကစားပွဲဖြစ်ရန်လုပ်ဆောင်နိုင်သည့် အကျိုးစီးပွားနှင့် ငွေ၊ နည်းပညာ ရှိသူမှာဂျပန်မဟုတ်။ ရုရှားမဟုတ်။ ဥရောပမဟုတ်ပေ။ အမေရိကန်သာလျှင်ဖြစ်သည်။ ၎င်းသည် ဒေသခံအစိုးရများအနေဖြင့် အစပြုဖြစ်ပေါ်နေသော အစ္စလာမ်များ၏လှုပ်ရှားမှုများကို နှိမ်နှင်းရာတွင် အကူအညီပေးနိုင်မည်ဖြစ်သည်။ “ခင်ဗျားတို့ဆီက စီးပွားရေးသမားတွေ ခေါ်ခဲ့ပါ။ နည်းပညာရှင်တွေ ခေါ်ခဲ့ပါ။ ပါမောက္ခတွေ ခေါ်ခဲ့ပါ။ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ခေါ်ခဲ့ပါ”ဟု စာရေးသူအား အမေရိကန်တစ်ဦးအနေဖြင့် မိတ်ဆွေ ထိုင်းဥပဒေ ပါမောက္ခ တစ်ဦးကအားပေးခဲ့သည်။ “ဒီမှာဈေးသက်သာပါတယ်။ လွယ်ကူပါတယ်။ စစ်ဖိနပ်တွေကို တန်းလျားမှာ ထားခဲ့ပါ”ဟု ၎င်းကဆိုပါသည်။

              “ဘယ်လောက်ကောင်းသည့် သဘောတူညီမှု ဖြစ်ပါသနည်း”

                                                       *********************************************

ဒေသတွင်းငါးနိုင်ငံ ပူးတွဲဆန်ကုန်သွယ်ရေးဇုန်တည်ထောင်ရန် ထိုင်းအစိုးရသဘောတူ

(Bangkok Post မှ 13 Nov 2012 ရက်စွဲပါ Govt okays 5-nation rice prices ကိုဘာသာပြန်ဆိုသည်)

နိုင်ငံတကာဆန်ဈေးနှုန်းများ တည်ငြိမ်ရေးအတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့နှင့် ဆန်စပါးကုန်သွယ်မှုဆိုင်ရာ မဟာမိတ် ဖွဲ့စည်းမည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏အစီအစဉ်ကို ထိုင်းအစိုးရအဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သဘောတူညီလိုက်ပြီ ဖြစ်သည်။

ထိုင်းအစိုးရအဖွဲ့၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Pakdihan Himathongkam ၏အဆိုအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏အဆိုပြုချက်တွင် အိမ်နီးချင်းနိုင်ငံများနှင့် ဆန်စပါးကူးသန်းရောင်းဝယ်ရေးဇုန်တစ်ခု ထူထောင်မည့်အစီအစဉ် ပါဝင်သည်။ အစီအစဉ်အရ အဆိုပါငါးနိုင်ငံမှ အစိုးရအရာရှိကြီးများအပါအဝင်  အာရှဆန်စပါး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ အာဆီယံ ဆန်စပါးထုတ်လုပ်သူများနှင့် ကုန်သည်ကြီးများ အသင်းအဖွဲ့များမှ အရာရှိကြီးများနှင့် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရမည် ဖြစ်သည်။

စီးပွားရေး-ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခန်းကဏ္ဍများနှင့် အစိုးရအခန်းကဏ္ဍများ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကို ဆန်စပါး ကုန်သွယ်ရေးဇုန်တွင် ပါဝင်စေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာဆန်ဈေးကွက်များ တည်ငြိမ်မှုရရှိမည်ဟုမျှော်လင့်ရသလို ဒေသတွင်းစားနပ်ရိက္ခာလုံခြုံမှု ကိုလည်း မြှင့်တင်သွားနိုင်မည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ဆန်စပါးမှောင်ခိုတင်သွင်း ရောင်းချမှုများကိုလည်း ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

လတ်တလောတွင် ထိုင်းနိုင်ငံ၏ဆန်စပါးဆိုင်ရာ အစီအစဉ်ကို မှောင်ခိုသမားများက အကျိုးအမြတ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ယုံကြည် ရသည်။

ကုန်သွယ်ရေးဇုန်များ ထူထောင်ရေးအတွက် အစီအစဉ်များ ရေးဆွဲချမှတ်နိုင်မည့်လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းတည်ထောင်ရန် ထိုင်းအစိုးရ အဖွဲ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ပြောဆိုထားသည်။

ယင်းဝန်ကြီးဌာန သတင်းရင်းမြစ်များအရ ဆန်စပါးကုန်သွယ်ရေးဇုန် စီမံကိန်းကို ကမ္ဘောဒီးယားနှင့် စတင်လုပ်ကိုင်မည်ဖြစ်ပြီး ထိုင်း- ကမ္ဘောဒီးယား နယ်စပ်ဒေသများအတွင်း ဆန်စပါးကုန်သွယ်ရောင်းချမှုများလည်း ပါဝင်မည်ဖြစ်သည်။

ကမ္ဘာဒီးယားမှစပါးများကို ထိုင်းနိုင်ငံသို့တင်ပို့ပြီး ဆန်ထုတ်လုပ်မည်ဖြစ်သည်။ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံကိုယ်စား ထိုင်းနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချမည် ဖြစ်သည်။ ထိုင်းနိုင်ငံဆန်စပါးဆိုင်ရာ အစီအစဉ်နှင့်ချိတ်ဆက်နေသည့် ထိုင်းဆန်များနှင့် ကမ္ဘောဒီးယားဆန်များရောနှောမသွား စေရန် ကာကွယ်ထိန်းချုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

လောလောဆယ်တွင် ကမ္ဘောဒီးယားဆန်ထုတ်လုပ်မှုမှာ တန် ၁ သန်းကျော်ရှိရာ ဝယ်လိုအားထက် ကျော်လွန်လျက်ရှိသည်။ ကမ္ဘောဒီးယားက ၎င်းဆန်အချို့ကို ဗီယက်နမ်သို့ တင်ပို့သည်။ ကမ္ဘောဒီးယား၏အားနည်းချက်မှာ နိုင်ငံတွင်းထွက်ရှိသော ဆန်စပါးအမယ်စုံအတွက် ဆန်စက်နှင့် သိုလှောင် ရုံများ ကောင်းမွန်စွာမရှိခြင်းပင်ဖြစ်သည်။ သို့အတွက်ကြောင့် ကမ္ဘောဒီးယားဆန်များကို ကမ္ဘာ့ဈေးကွက်သို့ဈေးနှိမ့်ကာ တင်ပို့ရောင်းချရသည်။ ထိုင်း အစိုးရကမူ ကမ္ဘောဒီးယားဆန်စပါးများကို ဆန်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၄.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ မိုးကုတ်စက်ဝိုင်းမှ မုန်တိုင်းဆင်မည့်မုန်တိုင်းများ

(International Crisis Group ၏ Myanmar: Storm Clouds on the horizon ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံပြောင်းလဲမှုအပေါ် အကောင်းမြင်လွန်းခြင်းကိုဒေါ်အောင်ဆန်းစုကြည်အသိပေး

(The Daily Star မှ 14 Nov 2012 ရက်စွဲပါ “SuuKyi urges caution against over-optimis” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့လျှပ်စစ်ဓါတ်အားဥပဒေ ပြင်ဆင်ရေးဆွဲရန်နော်ဝေကူညီမည်

(Bangkok Post မှ 12 Nov 2012 ရက်စွဲပါ “Norway helps Myanmar reform electricity Law” သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ မိုးကုတ်စက်ဝိုင်းမှ မုန်တိုင်းဆင်မည့်မုန်တိုင်းများ

(International Crisis Group ၏ Myanmar: Storm Clouds on the horizon ကိုဘာသာပြန်ဆိုသည်)

အနှစ်ချုပ်

(Executive summary)

မြန်မာနိုင်ငံမှခေါင်းဆောင်များသည် ၎င်းတို့အနေဖြင့်အတိတ်က အာဏာရှင်စနစ်မျိုးနှင့် ပြည်လည်မနီးစပ်တော့ရန် နိုင်ငံရေးအရအမြင်များနှင့် နိုင်ငံရေးအရပြင်းပြသော ဆန္ဒများရှိကြောင်း ဆက်လက်ပြသလျက် ရှိသည်။ သို့သော် ဒီမိုကရေစီသို့သွားရာလမ်း၌ အခက်အခဲများကို တွေ့ရမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ပြောင်းလဲမှုများ နောက်ပြန်မလှည့်တော့ဟုကြေညာခဲ့ပြီး အတိုက်အခံနှင့်လည်း ရေရှည်လုပ်ဖော်ကိုင်ဖက်ဖြစ်ရန် တည်ဆောက် ခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်မှာ ပြီးပြည့်စုံရန် လိုအပ်နေသေးသော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ခဲ့သည်။ အမည်မည်း စာရင်းများ ပယ်ဖျက်ပေးနိုင်ခဲ့သည်။ လွတ်လပ်စွာစုဝေးနိုင်ခွင့် ဥပဒေကိုပြဋ္ဌာန်းနိုင်ခဲ့သည်။ မီဒီယာဆင်ဆာများ ပယ်ဖျက်နိုင်ခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်တွင် လူနည်းစုရိုဟင်ဂျာ မွတ်ဆလင်များအပေါ်ပစ်မှတ်ထားသည့် ပြင်းထန်သောဖြစ်ရပ်များသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် တိမ်မည်း မိုးနေသည့် နေသဖွယ်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းလူမျိုးစုများကြားဆက်ဆံရေးတွင် နောက်ထပ်ပေါက်ကွဲမှုများ ဖြစ်စေခြင်းသည် အမျိုးသား တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်သည်။ လွတ်လပ်ခွင့်များ ပိုမိုပေးလာခြင်းကြောင့် ဒေသအလိုက်ပဋိပက္ခများကို ပြန်ဖေါ်လာခွင့်ရခဲ့ပြီး အခြားနေရာများ တွင်ပါ လူမှုရေးအရတင်းမာမှုများ မြင့်တတ်လာသည်။ ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးရရှိရန် ခက်ခဲနေဆဲဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေ အရလည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင်လည်းကောင်း အာဏာမည်သို့ခွဲဝေသင့်သည်ဟူသော အမြင်နှင့်ပတ်သက်၍ နိုင်ငံရေးခေါင်းဆောင်များ ကြားတွင် ဝိရောဓိဖြစ်လျက်ရှိသည်။ တင်းမာမှုများငြိမ်သက်သွားရေးအတွက် အများလက်ခံစံပြုနိုင်သည့် ခေါင်းဆောင်မှု ယခုအခါ လိုအပ်လျက်ရှိပြီး၊ အကွဲအပြဲများကို ထိပ်တိုက်မတွေ့ဘဲ ရှောင်ရှားနိုင်ရေးအတွက် ညှိနှိုင်းမှုအသစ်များပြုလုပ်ရန် လိုအပ်နေသည်။

သမ္မတသည် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ကက်ဘိနက်ကို ပြည်လည်အရွေ့အပြောင်းများပြုလုပ်ပြီး ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို စုစည်း ခဲ့သည်။ ခေတ်နောက်ပြန်ဆွဲသော သို့မဟုတ် လုပ်ရည်ကိုင်ရည်ညံ့သည်ဟုယူဆရသော ဝန်ကြီးများကိုဖယ်ထုတ်ခဲ့ပြီး ဒုတိယဝန်ကြီးအသစ် အများအပြား ကို ခန့်အပ်ခဲ့သည်။ ပညာရှင်တော်တော်များများ ပါဝင်လာခဲ့ပြီး၊ မြန်မာနိုင်ငံတွင်  ပထမဆုံးအမျိုးသမီးဝန်ကြီး ပေါ်ထွက်လာခဲ့သည်။ သမ္မတသည် သူ၏ အယုံကြည်ရဆုံးဝန်ကြီးများကို သူ၏ရုံးတွင် စုစည်းထားပြီး အစိုးရအဖွဲ့အတွင်း ပိုမိုကျယ်ပြန့်သော နယ်ပယ်များတွင် လုပ်ပိုင်ခွင့်ရှိသော စူပါဝန်ကြီး (super-ministers)အုပ်စုတစ်စုကို ဖန်တီးခဲ့သည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ ဥပဒေပြုရေးနှင့်ယှဉ်ရာတွင် ၎င်း၏နေရာ ပိုမိုအားကောင်းရေးအတွက် လုပ်ဆောင်လိုသောဆန္ဒက တစိတ်တပိုင်းပါဝင်လိမ့်မည် ဖြစ်သည်။

သမ္မတခန့်သော အခြေခံဥပဒေခုံရုံး၏ အငြင်းပွားဖွယ်အာဏာနှင့်ပတ်သက်၍ အငြင်းအခုန်ဖြစ်မှုသည် စွဲချက်တင်ခံရပြီး ခုံရုံးအဖွဲ့ဝင်များ နှုတ်ထွက်သွားရသည်အထိဖြစ်ခဲ့ရာ ဥပဒေပြုရေး(လွှတ်တော်)၏အာဏာကို မီးမောင်းထိုးပြခဲ့သည်။ ထို့အပြင် အင်စတီကျူးရှင်းအသစ်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာနယ်ပယ်ကို စမ်းသပ်သည့်အလျောက် နိုင်ငံရေးအရတည်ဆောက်ခြင်း၏ အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။

အသွင်ကူးပြောင်းရေးသည် ၎င်း၏အမြန်နှုန်းကြောင့် အံ့သြဖွယ်ဖြစ်ခဲ့ရသည်။ ထို့အပြင် စစ်တပ်အပါအဝင် ပြည်တွင်းတွင် ကြီးကြီးမားမား မည်သည့်ဆန့်ကျင်မှုမျှမရှိသည်မှာ အထင်အရှားဖြစ်သည်။ သို့သော် ကြီးမားသည့်စိန်ခေါ်မှုများကိုမူ အသေအချာကြုံရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော လူမျိုးစုကြားပြင်းထန်သောဖြစ်ရပ်သည် အရေးကြီးပြီး၊ အလေးအနက်ထားရမည့် စိုးရိမ်ဖွယ်အခြေအနေဖြစ်သည်။ အခြား နေရာများတွင်ပါ ထိုသို့သောဖြစ်ရပ်မျိုး အလားတူဖြစ်လာနိုင်သည်။ အမျိုးသားရေးဝါဒ၊ တိုင်းရင်းသားများနှင့်ဆိုင်သော အမျိုးသားရေးဝါဒများ ပေါ်ပေါက်လာပြီး အမုန်းတရားဟောင်းများ ပြန်ပေါ်လာနိုင်သည်။ ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် အခက်အခဲ ဖြစ်နေရခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ရေရှည်ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ရှုပ်ထွေးမှုများရှိနေရခြင်းကို ဖော်ပြနေသည်။ ထို့အပြင် မြေယာသိမ်းယူမှုများနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ကျူးလွန်မှုများနှင့်ပတ်သက်၍ အောက်ခြေလူတန်းစားများတွင် တင်းမာမှုများ မြင့်တက်လျက် ရှိသည်ကိုလည်း တွေ့ရသည်။ နိုင်ငံခြားအထောက်အပံ့ဖြင့် လုပ်ဆောင်လျက်ရှိသော အခြေခံအဆောက်အဦးနှင့် သတ္တုတွင်းစီမံကိန်းများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လျက်ရှိနေသည်။ ပေါ်ပြူလာဖြစ်သည့် မျှော်လင့်ချက်များ မြင့်တတ်လာခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း မပြုရသေးသော အရေးကြီးသည့်အတိတ်က တရားမျှတမှုမရှိခြင်းများနှင့် လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် ရလာခြင်းများကြောင့် ယခင်နှင့်မတူ ခြားနားသော ပို၍ထိပ်တိုက်တွေ့နိုင်သော လူမှုရေးဆိုင်ရာလှုပ်ရှားမှုများထွက်ပေါ်လာရန် အလားအလာများ ရှိနေ သည်။ အဆိုပါကိစ္စများသည် အစိုးရနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် စမ်းသပ်မှုကြီးများပင် ဖြစ်သည်။ ၎င်းတို့သည် အာဏာရှင်အတိတ်က ဖြစ်ရပ်များ ကို ပြန်လည်တူးဆွခြင်းမပြုဘဲ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအောင်မြင်ရန် အဆုံးအဖြတ်ပြုမည့် အဓိကကျသည့်အချက်တစ်ခုမှာ မက်ခရိုနိုင်ငံရေးဆိုင်ရာ တည်ငြိမ်မှု (macro-political stability)ရှိရေးဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတဝှမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတသည်ဆိုပါစို့။ ၎င်းတို့သည် အတိတ်ကခွင့်ပြုခဲ့သည်များနှင့်ခြားနားစွာ အာဏာ၏ဟန်ချက်ကို လုံးဝပြောင်းပစ်လိမ့်မည် ဖြစ်သည်။ သို့သော် NLD က တစ်ပြည်လုံးအနိုင်ရရှိသွားမှုသည် ပါတီအတွက်သော်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း၊ အကောင်းဆုံးအကျိုးစီးပွားတစ်ခု မဟုတ် နိုင်ပေ။ ထိုသို့ဖြစ်ပျက်ခဲ့ပါက နိုင်ငံရေးအီလစ်ဟောင်း၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် NLD မဟုတ်သော ဒီမိုကရက်တစ်အင်အားစုများကို အားနည်း သွားစေမည့် အန္တရာယ်ကြုံတွေ့ရနိုင်သည်။ အကယ်၍ ၂၀၁၅ ခုနှစ်အလွန် လွှတ်တော်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ကွဲပြားခြားနားမှုနှင့် တိုင်းရင်းသားများ ကွဲပြားခြားနားနေမှုများကို စစ်မှန်စွာကိုယ်စားပြုနိုင်ခြင်း