Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၄.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ မိုးကုတ်စက်ဝိုင်းမှ မုန်တိုင်းဆင်မည့်မုန်တိုင်းများ

(International Crisis Group ၏ Myanmar: Storm Clouds on the horizon ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံပြောင်းလဲမှုအပေါ် အကောင်းမြင်လွန်းခြင်းကိုဒေါ်အောင်ဆန်းစုကြည်အသိပေး

(The Daily Star မှ 14 Nov 2012 ရက်စွဲပါ “SuuKyi urges caution against over-optimis” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့လျှပ်စစ်ဓါတ်အားဥပဒေ ပြင်ဆင်ရေးဆွဲရန်နော်ဝေကူညီမည်

(Bangkok Post မှ 12 Nov 2012 ရက်စွဲပါ “Norway helps Myanmar reform electricity Law” သတင်းကိုဘာသာပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ မိုးကုတ်စက်ဝိုင်းမှ မုန်တိုင်းဆင်မည့်မုန်တိုင်းများ

(International Crisis Group ၏ Myanmar: Storm Clouds on the horizon ကိုဘာသာပြန်ဆိုသည်)

အနှစ်ချုပ်

(Executive summary)

မြန်မာနိုင်ငံမှခေါင်းဆောင်များသည် ၎င်းတို့အနေဖြင့်အတိတ်က အာဏာရှင်စနစ်မျိုးနှင့် ပြည်လည်မနီးစပ်တော့ရန် နိုင်ငံရေးအရအမြင်များနှင့် နိုင်ငံရေးအရပြင်းပြသော ဆန္ဒများရှိကြောင်း ဆက်လက်ပြသလျက် ရှိသည်။ သို့သော် ဒီမိုကရေစီသို့သွားရာလမ်း၌ အခက်အခဲများကို တွေ့ရမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်သည် ပြောင်းလဲမှုများ နောက်ပြန်မလှည့်တော့ဟုကြေညာခဲ့ပြီး အတိုက်အခံနှင့်လည်း ရေရှည်လုပ်ဖော်ကိုင်ဖက်ဖြစ်ရန် တည်ဆောက် ခဲ့သည်။ အဆိုပါလုပ်ငန်းစဉ်မှာ ပြီးပြည့်စုံရန် လိုအပ်နေသေးသော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ခဲ့သည်။ အမည်မည်း စာရင်းများ ပယ်ဖျက်ပေးနိုင်ခဲ့သည်။ လွတ်လပ်စွာစုဝေးနိုင်ခွင့် ဥပဒေကိုပြဋ္ဌာန်းနိုင်ခဲ့သည်။ မီဒီယာဆင်ဆာများ ပယ်ဖျက်နိုင်ခဲ့သည်။ သို့သော် ရခိုင်ပြည်နယ်တွင် လူနည်းစုရိုဟင်ဂျာ မွတ်ဆလင်များအပေါ်ပစ်မှတ်ထားသည့် ပြင်းထန်သောဖြစ်ရပ်များသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် တိမ်မည်း မိုးနေသည့် နေသဖွယ်ဖြစ်သည်။ ထို့အပြင် ပြည်တွင်းလူမျိုးစုများကြားဆက်ဆံရေးတွင် နောက်ထပ်ပေါက်ကွဲမှုများ ဖြစ်စေခြင်းသည် အမျိုးသား တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်သည်။ လွတ်လပ်ခွင့်များ ပိုမိုပေးလာခြင်းကြောင့် ဒေသအလိုက်ပဋိပက္ခများကို ပြန်ဖေါ်လာခွင့်ရခဲ့ပြီး အခြားနေရာများ တွင်ပါ လူမှုရေးအရတင်းမာမှုများ မြင့်တတ်လာသည်။ ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေးရရှိရန် ခက်ခဲနေဆဲဖြစ်သည်။ ထို့အပြင် အခြေခံဥပဒေ အရလည်းကောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင်လည်းကောင်း အာဏာမည်သို့ခွဲဝေသင့်သည်ဟူသော အမြင်နှင့်ပတ်သက်၍ နိုင်ငံရေးခေါင်းဆောင်များ ကြားတွင် ဝိရောဓိဖြစ်လျက်ရှိသည်။ တင်းမာမှုများငြိမ်သက်သွားရေးအတွက် အများလက်ခံစံပြုနိုင်သည့် ခေါင်းဆောင်မှု ယခုအခါ လိုအပ်လျက်ရှိပြီး၊ အကွဲအပြဲများကို ထိပ်တိုက်မတွေ့ဘဲ ရှောင်ရှားနိုင်ရေးအတွက် ညှိနှိုင်းမှုအသစ်များပြုလုပ်ရန် လိုအပ်နေသည်။

သမ္မတသည် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏ကက်ဘိနက်ကို ပြည်လည်အရွေ့အပြောင်းများပြုလုပ်ပြီး ၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို စုစည်း ခဲ့သည်။ ခေတ်နောက်ပြန်ဆွဲသော သို့မဟုတ် လုပ်ရည်ကိုင်ရည်ညံ့သည်ဟုယူဆရသော ဝန်ကြီးများကိုဖယ်ထုတ်ခဲ့ပြီး ဒုတိယဝန်ကြီးအသစ် အများအပြား ကို ခန့်အပ်ခဲ့သည်။ ပညာရှင်တော်တော်များများ ပါဝင်လာခဲ့ပြီး၊ မြန်မာနိုင်ငံတွင်  ပထမဆုံးအမျိုးသမီးဝန်ကြီး ပေါ်ထွက်လာခဲ့သည်။ သမ္မတသည် သူ၏ အယုံကြည်ရဆုံးဝန်ကြီးများကို သူ၏ရုံးတွင် စုစည်းထားပြီး အစိုးရအဖွဲ့အတွင်း ပိုမိုကျယ်ပြန့်သော နယ်ပယ်များတွင် လုပ်ပိုင်ခွင့်ရှိသော စူပါဝန်ကြီး (super-ministers)အုပ်စုတစ်စုကို ဖန်တီးခဲ့သည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ ဥပဒေပြုရေးနှင့်ယှဉ်ရာတွင် ၎င်း၏နေရာ ပိုမိုအားကောင်းရေးအတွက် လုပ်ဆောင်လိုသောဆန္ဒက တစိတ်တပိုင်းပါဝင်လိမ့်မည် ဖြစ်သည်။

သမ္မတခန့်သော အခြေခံဥပဒေခုံရုံး၏ အငြင်းပွားဖွယ်အာဏာနှင့်ပတ်သက်၍ အငြင်းအခုန်ဖြစ်မှုသည် စွဲချက်တင်ခံရပြီး ခုံရုံးအဖွဲ့ဝင်များ နှုတ်ထွက်သွားရသည်အထိဖြစ်ခဲ့ရာ ဥပဒေပြုရေး(လွှတ်တော်)၏အာဏာကို မီးမောင်းထိုးပြခဲ့သည်။ ထို့အပြင် အင်စတီကျူးရှင်းအသစ်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာနယ်ပယ်ကို စမ်းသပ်သည့်အလျောက် နိုင်ငံရေးအရတည်ဆောက်ခြင်း၏ အသွင်ကူးပြောင်းရေးကာလတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။

အသွင်ကူးပြောင်းရေးသည် ၎င်း၏အမြန်နှုန်းကြောင့် အံ့သြဖွယ်ဖြစ်ခဲ့ရသည်။ ထို့အပြင် စစ်တပ်အပါအဝင် ပြည်တွင်းတွင် ကြီးကြီးမားမား မည်သည့်ဆန့်ကျင်မှုမျှမရှိသည်မှာ အထင်အရှားဖြစ်သည်။ သို့သော် ကြီးမားသည့်စိန်ခေါ်မှုများကိုမူ အသေအချာကြုံရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်နေသော လူမျိုးစုကြားပြင်းထန်သောဖြစ်ရပ်သည် အရေးကြီးပြီး၊ အလေးအနက်ထားရမည့် စိုးရိမ်ဖွယ်အခြေအနေဖြစ်သည်။ အခြား နေရာများတွင်ပါ ထိုသို့သောဖြစ်ရပ်မျိုး အလားတူဖြစ်လာနိုင်သည်။ အမျိုးသားရေးဝါဒ၊ တိုင်းရင်းသားများနှင့်ဆိုင်သော အမျိုးသားရေးဝါဒများ ပေါ်ပေါက်လာပြီး အမုန်းတရားဟောင်းများ ပြန်ပေါ်လာနိုင်သည်။ ကချင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် အခက်အခဲ ဖြစ်နေရခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ရေရှည်ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ရှုပ်ထွေးမှုများရှိနေရခြင်းကို ဖော်ပြနေသည်။ ထို့အပြင် မြေယာသိမ်းယူမှုများနှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ကျူးလွန်မှုများနှင့်ပတ်သက်၍ အောက်ခြေလူတန်းစားများတွင် တင်းမာမှုများ မြင့်တက်လျက် ရှိသည်ကိုလည်း တွေ့ရသည်။ နိုင်ငံခြားအထောက်အပံ့ဖြင့် လုပ်ဆောင်လျက်ရှိသော အခြေခံအဆောက်အဦးနှင့် သတ္တုတွင်းစီမံကိန်းများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လျက်ရှိနေသည်။ ပေါ်ပြူလာဖြစ်သည့် မျှော်လင့်ချက်များ မြင့်တတ်လာခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း မပြုရသေးသော အရေးကြီးသည့်အတိတ်က တရားမျှတမှုမရှိခြင်းများနှင့် လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် ဆန္ဒပြခွင့် ရလာခြင်းများကြောင့် ယခင်နှင့်မတူ ခြားနားသော ပို၍ထိပ်တိုက်တွေ့နိုင်သော လူမှုရေးဆိုင်ရာလှုပ်ရှားမှုများထွက်ပေါ်လာရန် အလားအလာများ ရှိနေ သည်။ အဆိုပါကိစ္စများသည် အစိုးရနှင့် လုံခြုံရေးအဖွဲ့အစည်းများအတွက် စမ်းသပ်မှုကြီးများပင် ဖြစ်သည်။ ၎င်းတို့သည် အာဏာရှင်အတိတ်က ဖြစ်ရပ်များ ကို ပြန်လည်တူးဆွခြင်းမပြုဘဲ တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးအောင်မြင်ရန် အဆုံးအဖြတ်ပြုမည့် အဓိကကျသည့်အချက်တစ်ခုမှာ မက်ခရိုနိုင်ငံရေးဆိုင်ရာ တည်ငြိမ်မှု (macro-political stability)ရှိရေးဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတဝှမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတသည်ဆိုပါစို့။ ၎င်းတို့သည် အတိတ်ကခွင့်ပြုခဲ့သည်များနှင့်ခြားနားစွာ အာဏာ၏ဟန်ချက်ကို လုံးဝပြောင်းပစ်လိမ့်မည် ဖြစ်သည်။ သို့သော် NLD က တစ်ပြည်လုံးအနိုင်ရရှိသွားမှုသည် ပါတီအတွက်သော်လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း၊ အကောင်းဆုံးအကျိုးစီးပွားတစ်ခု မဟုတ် နိုင်ပေ။ ထိုသို့ဖြစ်ပျက်ခဲ့ပါက နိုင်ငံရေးအီလစ်ဟောင်း၊ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် NLD မဟုတ်သော ဒီမိုကရက်တစ်အင်အားစုများကို အားနည်း သွားစေမည့် အန္တရာယ်ကြုံတွေ့ရနိုင်သည်။ အကယ်၍ ၂၀၁၅ ခုနှစ်အလွန် လွှတ်တော်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ကွဲပြားခြားနားမှုနှင့် တိုင်းရင်းသားများ ကွဲပြားခြားနားနေမှုများကို စစ်မှန်စွာကိုယ်စားပြုနိုင်ခြင်းမရှိပါက တင်းမာမှုများတိုးပွားလာဖွယ်ရှိပြီး၊ မတည်ငြိမ်မှုကို လောင်စာဖြည့်ပေး သကဲ့သို့ ရှိမည်ဖြစ်သည်။

NLD ကြုံတွေ့ရမည့်အဓိကစိန်ခေါ်မှုမှာ ရွေးကောက်ပွဲအောင်နိုင်ရေး မဟုတ်ပါ။ အားလုံးပါဝင်နိုင်ရေးနှင့် ပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်နိုင်ရေး ဖြစ်သည်။ ထိုအရာ အောင်မြင်ရေးအတွက် ၎င်းတွင် ရွေးစရာနည်းလမ်းများ ရှိသည်။ NLD အနေဖြင့် လက်ရှိစနစ်အစား လွှတ်တော်တွင် ပိုမိုကိုယ်စားပြုမှုကိုဖန်တီးပေးနိုင်မည့် အချိုးကျကိုယ်စားပြုသော ရွေးချယ်တင်မြှောက်သည့်စနစ်ကိုထောက်ခံနိုင်သည်။ အခြားနည်းလမ်းအားဖြင့်လည်း ၎င်းသည် အခြားပါတီများ၊ အထူးသဖြင့် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြုပြီး၊ အားလုံးသဘောတူညီမှုဖြင့် အချို့နေရာများတွင် တိုင်းရင်းသားများနှင့် ပြိုင်ဆိုင်မှုမဖြစ်စေရန် ပါဝင်အရွေးမခံရေး ဖြစ်သည်။ နောက်ဆုံးနည်းလမ်းအနေဖြင့် ၎င်းသည် ၂၀၁၅ အလွန် သမ္မတနေရာအတွက် ကြားဖြတ်၍ အမျိုးသားညီညွတ်ရေးရရှိမည့် ကိုယ်စားလှယ်တစ်ဦးရွေးချယ်ပေးရေးစနစ်(interim ‘national unity’ candidate )ကိုထောက်ခံနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အစိုးရဟောင်း(စစ်တပ်)ကို အာမခံချက်ရှိစေပြီး၊ NLD လွှမ်းမိုးသော နိုင်ငံရေးစနစ်အတွက် အသွင်ကူးပြောင်းရေးကာလကို ပြေပြေလည်လည် ဖြစ်စေမည်ဖြစ်သည်။ ထိုနည်းလမ်းသည် တစ်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရန် ခွင့်ပြုနိုင်မည့် အခြေခံဥပဒေ ပြောင်းလဲရန်လိုအပ်ချက်ကို ထောက်ခံမှုဖြစ်စေမည့် အရေးပါသည့်နည်းတစ်ခု ဖြစ်သည်။ ထိုသို့ အခြေခံဥပဒေပြောင်းလဲရန်မှာ ၂၀၁၅ မတိုင်မီတွင် မဖြစ် နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် စစ်တပ်မှပြင်ဆင်မှုကို ဗီတိုအာဏာသုံးခွင့်ရှိ၍ အတိုက်အခံပြုနိုင်သောကြောင့် ဖြစ်သည်။ NLD အနေဖြင့် အဆိုပါ နည်းလမ်းများကိုစဉ်းစားရာတွင် စွန့်လွှတ်မှုများပြုလုပ်ရမည်ဖြစ်သည်။ ပါတီ၏နိုင်ငံရေးအရ စဉ်းစားမှုများထက် အမျိုးသားအကျိုးစီးပွားကို ရှေ့တန်း တင်ရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားခေါင်းဆောင်တစ်ဦးအဖြစ် ပဲ့ကိုင်နိုင်သော အရည်အသွေးကြောင့်၊ အဆိုပါစိန်ခေါ်မှုကို ကောင်းစွာကိုင်တွယ်နိုင်မည်မှာ အသေအချာ ဖြစ်သည်။

                                                                                                        ဂျာကာတာ/ဘရပ်ဆဲ

                                                                                                        ၁၂-နိုဝင်ဘာ-၂၀၁၂

                                        **********************************************

မြန်မာနိုင်ငံပြောင်းလဲမှုအပေါ် အကောင်းမြင်လွန်းခြင်းကိုဒေါ်အောင်ဆန်းစုကြည်အသိပေး

(The Daily Star မှ 14 Nov 2012 ရက်စွဲပါ “Suu Kyi urges caution against over-optimism” သတင်းကိုဘာသာပြန်ဆိုသည်)

နယူးဒေလီသို့မနေ့က ပထမဆုံးအကြိမ် ပြန်လည်လာရောက်လည်ပတ်သော မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မြန်မာနိုင်ငံမှ နိုင်ငံရေးအပြောင်းအလဲများနှင့်ပတ်သက်၍ အလွန်အကျွံ့အကောင်းမြင်ခြင်းမပြုရန် အိန္ဒိယနိုင်ငံကို တိုက်တွန်းပြောကြားလိုက်ပါ သည်။

အိန္ဒိယဆိုင်ရာသံအမတ်ကြီးအဖြစ် သူမ၏မိခင် ဒေါ်ခင်ကြည်တာဝန်ထမ်းဆောင် နေထိုင်ခဲ့ဖူးသော နယူးဒေလီတွင် ပညာသင်ကြားခဲ့သူ ဒေါ်အောင်ဆန်းစုကြည်က ယခင် တပ်မတော်အစိုးရဟောင်းနှင့် အိန္ဒိယအစိုးရ ဆက်ဆံခဲ့ခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း The Hindu နှင့် အင်တာဗျူးတွင် ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယနိုင်ငံသို့ ဖိတ်ခေါ်ခြင်းသည် အိန္ဒိယအစိုးရက သူမနှင့်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းခြင်းပင် ဖြစ်သည်။ နယူးဒေလီသည် တချိန်ကသူမအား အခိုင်အမာထောက်ခံသူဖြစ်ခဲ့သော်လည်း ၁၉၉၀ ခုနှစ်များအလယ်ပိုင်းတွင် နည်းဗျူဟာပြောင်းလဲကာ တပ်မတော်အစိုးရနှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားလာခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ လက်ရှိပြောင်းလဲတိုးတက်မှုများနှင့်ပတ်သက်၍ သတိလက်လွတ် မဖြစ်သင့်ဟု ပြောကြားသည်။

“အလွန်အကျွံ့ အကောင်းမြင်လွန်းတာဟာ အထောက်အကူမဖြစ်နိုင်ဘူးလို့ ကျွန်မထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ဘာမှားနေလဲဆိုတာကို လျစ်လျူရှုထားလို့ပါပဲ”ဟု သူမက ပြောကြားသည်။

သူမ၏တရားဝင်အစီအစဉ်ကို ယနေ့စတင်လိုက်ပြီဖြစ်ရာ ဝန်ကြီးချုပ်မန်မိုဟန်ဆင်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဆက်လက်၍ ဂျဝါဟာလာနေရူး အမှတ်တရဟောပြောမှုကို ပို့ချမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေးသိပ္ပံဘွဲ့ရရှိခဲ့သော Lady Shri Ram College သို့သောကြာနေ့တွင် သွားရောက်လည်ပတ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ နောက်ဆုံးလာရောက်ခဲ့ပြီး ထိုစဉ်က HimaLayan ဘာသာရပ် လေ့လာနေသော သူမခင်ပွန်း မိုက်ကယ်အဲရစ်နှင့်တွေ့ဆုံရန် ဆင်မလာမြို့သို့ရောက်လာခဲ့ခြင်း ဖြစ်သည်။

                                                         **************************************

မြန်မာ့လျှပ်စစ်ဓါတ်အားဥပဒေ ပြင်ဆင်ရေးဆွဲရန်နော်ဝေကူညီမည်

(Bangkok Post မှ 12 Nov 2012 ရက်စွဲပါ “Norway helps Myanmar reform electricity Law” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ၁၉၈၄ ခုနှစ်လျှပ်စစ်ဓါတ်အားဥပဒေအား လက်ရှိနိုင်ငံတကာစံနှုန်းများနှင့်အညီ ခေတ်မီအောင် ပြင်ဆင်ရေးဆွဲခြင်းကို ကူညီရန် နော်ဝေနိုင်ငံက ဒေါ်လာ ၈၅၀,၀၀၀ ကတိပြုလိုက်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB ကဆိုသည်။

၎င်းပြုပြင်ပြောင်းလဲမှုသည် ဈေးကွက်ရှေးရှုသော လျှပ်စစ်ဓါတ်အားဝန်ဆောင်မှုစနစ် ပိုမိုကျယ်ပြန့်လာစေရေးကို အထောက်အကူပြုမည့် အခြေအနေမှန်များကို ဖန်တီးရန်ရည်ရွယ်ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၅ ရက်နေ့က မြန်မာနိုင်ငံခရီးစဉ်တွင် နော်ဝေနိုင်ငံခြားရေးရာဝန်ကြီး အက်စပင်ဘတ်သ်အိုက်က“လူတိုင်းစွမ်းအင်ရရှိ သုံးစွဲနိုင်ရေးဟာ နော်ဝေရဲ့ ဦးစားပေးရည်မှန်းချက် ဖြစ်ပါတယ်။ ခေတ်မှီစွမ်းအင်မရရှိဘဲ ဖွံ့ဖြိုးဖို့လုံးဝမဖြစ်နိုင်ပါဘူး။

“ခေတ်မှီတဲ့ လျှပ်စစ်ဥပဒေရေးဆွဲရေး၊ အဆိုပြုဥပဒေကိုအသုံးပြုရေး၊ လျှပ်စစ်ဓါတ်အားထိန်းချုပ်မှု စည်းမျဉ်းတွေနဲ့ပတ်သက်လို့ ကနဦး စွမ်းအားစုဖော်ထုတ်ရေးစတဲ့ အချက်တွေဟာ မြန်မာ့ဓါတ်အားကဏ္ဍဖွံ့ဖြိုးလာစေဖို့အတွက် မရှိမဖြစ်လိုအပ်ချက်တွေပါ” ဟုပြောကြားခဲ့သည်။

ယင်းထောက်ပံ့ငွေသည် လက်ရှိဥပဒေကို ပြန်လည်သုံးသပ်ခြင်း၊ နိုင်ငံလိုအပ်ချက်နှင့်ကိုက်ညီမည့် ဥပဒေသစ်ရေးဆွဲခြင်းတို့ကို အထောက်အကူပြု ပံ့ပိုးပေးလိမ့်မည်ဟု ADB ကဆိုပါသည်။

ယခုဥပဒေပြင်ဆင်ပြောင်းလဲမှုသည် ကျေးလက်ဓါတ်အားပေးရေး အစီအစဉ်အပါအဝင် ဓါတ်အားကွန်ယက် ပြင်ပဓါတ်အားပေးလုပ်ငန်းကို အားပေးရန်အတွက် လွတ်လပ်သောအသေးစား ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးသူများကို ခွင့်ပြုမည့်စည်းမျဉ်းများ ရေးဆွဲခြင်းဖြင့် ဓါတ်အားကဏ္ဍတွင် ပုဂ္ဂလိကပါဝင်မှုကိုအားပေးရန် ရည်မှန်းထားခြင်း ဖြစ်သည်။

၎င်းလျှပ်စစ်ဓါတ်အားဥပဒေသစ်ကို ရေးဆွဲအကောင်အထည်ဖော်ရန် အချိန် ၁၈ လခန့်ကြာမြင့်မည်ဟု မျှော်လင့်ရပြီး ၂၀၁၄ ခုနှစ်ဇွန်လတွင် ပြီးစီးရန် ရည်မှန်းထားသည်ဟု ADB ကဆိုပါသည်။

မြန်မာနိုင်ငံသည် ၎င်း၏အခြေခံအဆောက်အဦးစနစ် တိုးတက်ကျယ်ပြန့်မှုကို အထောက်အကူဖြစ်စေရန်အတွက် ဒေသတွင်း နိုင်ငံတကာ စံညွှန်းများ၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုစသည်တို့နှင့်ကိုက်ညီမည့် တကယ့်အခြေအနေမှန်များကို ထင်ဟပ်နိုင်ရန် လျှပ်စစ်ဓါတ်အားဥပဒေကို ပြင်ဆင်ရေးဆွဲ ဖို့ လိုအပ်နေပါသည်။

လက်ရှိမြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ၏လေးပုံတစ်ပုံမျှသာ လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်ခြင်းကြောင့် စီမံကိန်းကြီးများစွာကို ရည်မှန်းချက်ကြီးကြီး ဖြင့် အကောင်အထည်ဖော်ရန်လိုအပ်နေသည်။ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု တိုးတက်လာပါက ဆင်းရဲမွဲတေမှုကိုပါ ထိထိရောက်ရောက် လျှော့ချ ပေးနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ခေတ်နောက်ကျယိုယွင်းနေသော အမျိုးသားဓါတ်အားကွန်ယက်ကို ပြောင်းလဲပြင်ဆင်ရေးသည် အချိန်ယူခွန်အားစိုက်ထုတ် ရမည့် ဖြစ်စဉ်ဖြစ်သော်ငြားလည်း ယင်းကိစ္စသည် နိုင်ငံစီးပွားရေးပြုပြင်ပြောင်းလဲခြင်း၏ အလွန့်အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

                                                       ********************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment