Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၃၉) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ

 

၁။ ရွှေဝါရောင်တို့ အရေးဆိုပြီ

၂။ ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့နှင့် ဒီမိုဆယ်ပါတီ တွေ့ဆုံ

၃။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအား စုံစမ်းစစ်ဆေးရန် သမ္မတညွှန်ကြား

၎။ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်

၅။ ငြိမ်းချမ်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ညီလာခံကျင်းပမည်

၆။ မကွေး NLD ပါတီဝင်များ ပြည်ခိုင်ဖြိုးပါတီသို့ အစုလိုက်ကူးပြောင်း

၇။ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်အား တာဝန်မှရုတ်သိမ်းရေး မဲဆန္ဒရှင်ပြည်သူများတောင်းဆို

၈။ လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေစိုးရိမ်ရ

၉။ ထားဝယ်ဒေသဖွံ့ဖြိုးရေးအတွက် ပါတီနှင့် ကွန်ရက်များဖွဲ့စည်းထူထောင်မည်

၁၀။ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းမည်

စတဲ့သတင်းတွေအပြင်

အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊  နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း

ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

 

လေးစားလျှက်

သတင်းလွှာအဖွဲ့

--

Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်

ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏

အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

 

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၀.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စင်ကာပူ သင်ခန်းစာ

*****************************************

ဆောင်းပါးကဏ္ဍ

စင်ကာပူ သင်ခန်းစာ

ဇေယျသူ

(အောက်တိုဘာ ၂၀ရက်ထုတ် The Voice Weekly ဂျာနယ် အတွဲ(၈) အမှတ်(၄၂)မှ ထုတ်ယူတင်ပြချက်။)

မြန်မာ့အုပ်ချုပ်ရေးယန္တရားသည် အရည်အသွေးမြှင့်တင်ရေးအတွက် သမ္မတဦးသိန်းစိန်ခရီးစဉ်တွင် စင်ကာပူနှင့် မြန်မာတို့ သဘောတူညီခဲ့ကြပြီး  မြန်မာအစိုးရအရာရှိကြီးများ  စင်ကာပူနိုင်ငံတွင် သင်တန်းများ တက်ရောက်လျက်ရှိကြပြီ။ စင်ကာပူမှရရှိခဲ့သော အကြံဉာဏ်များသည် မြန်မာနိုင်ငံ ဖွံ့ဖြိုး ရေးကို တစ်နည်းနည်းဖြင့် သြဇာသက်ရောက်မည်ဖြစ်သည့်အတွက် စင်ကာပူပုံစံ နိုင်ငံတည်ဆောက်ရေး (Singapore Model) မြန်မာနိုင်ငံတွင်  အလုပ် ဖြစ်နိုင် မဖြစ်နိုင်ကို လေ့လာရန်လိုအပ်သည်။  မည်သည့်နေရာတွင် မြန်မာနိုင်ငံနှင့် အပ်စပ်သည်၊ မည်သည့်နေရာတွင် မြန်မာနိုင်ငံနှင့် မအပ်စပ်နိုင်တို့ကို ခွဲခြမ်းစိတ်ဖြာရန် လိုအပ်သည်။

စင်ကာပူသည် ဒေသတွင်းသာမက တစ်ကမ္ဘာလုံးတွင် အအောင်မြင်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သောကြောင့် အတုယူရန်များစွာရှိကြောင်း အထူးပြောစရာမလို။ စင်ကာပူသည် ဖြေမဲ့လက်မဲ့ သုညဘဝမှ ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ မျိုးဆက်တစ်ဆက်ခွဲကာလ (နှစ်သုံးဆယ်) အတွင်း ခုန်ပြန်ကျော် လွှား တက်လာခဲ့သည်။ စင်ကာပူတက္ကသိုလ်သို့၏ အဆင့်အတန်းသည်လည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များနှင့် ပုခုံးချင်းယှဉ်နိုင်ပြီး စင်ကာပူ ထိပ်တန်း တက္ကသိုလ်များသည် အာရှထိပ်တန်း တက္ကသိုလ်များစာရင်းတွင်  တစ်မှတစ်ဆယ်အတွင်း ပုံမှန်ဝင်လိုနေကြသည်။ ယခုဆောင်းပါးတွင် စာရေးသူ မီး မောင်းထိုးပြလိုသည်မှာ စင်ကာပူမော်ဒယ်ကို မြန်မာပြည်ကအတုယူရာတွင် မဖြစ်မနေသတိထားရမည့် စင်ကာပူနှင့် မြန်မာအခြေခံ ကွာဟချက်များ ဖြစ်သည်။

နိုင်ငံလော၊ မြို့လော

စင်ကာပူသည် နိုင်ငံယောင်ဆောင်ထားသော မြို့ဖြစ်သည်။ နိုင်ငံတစ်ခု၏ င်္ကြန်အင်လက္ခဏာများပါသော မြို့တစ်မြို့ဟုဆိုရမည်။ အင်္ဂလိပ်ဘာ သာဆိုလျှင် City Stateမြို့ပြနိုင်ငံဖြစ်သည်။ လူဦးရေငါးသန်းသာရှိပြီး ရန်ကုန်မြို့၏ လူဦးရေခန့်နှင့် ရန်ကုန်မြို့အကျယ်အဝန်းခန့်သာ ရှိသည်။

စင်ကာပူသည် သေးငယ်လွန်းသောကြောင့် တစ်ချက်မှားသွားလျှင် အားလုံးပြန်အဖတ်ဆယ်မရနိုင်၊ သောက်သုံးရေကို ပြည်ပမှ ဝယ်ယူရသော ကြောင့် စင်ကာပူကိုသတ်လိုလျှင် အထူးအထွေလုပ်ရန်မလို၊ ရေဖြတ်လိုက်ရုံ။ ထိုသို့အတိမ်းအစောင်းမခံသည့်အတွက် စင်ကာပူသည် လုံခြုံရေးကို အဓိက ထားသည်။ လုံခြုံရေး အဓိကထားသောကြောင့်  ထိန်းချုပ်ခြင်းကို အားသန်သည်။ အပ်ကျသည်ကိုပင် အစိုးရက သိနိုင်သောအခြေအနေ ဖြစ်လာသည်။ သေးလွန်းသောကြောင့် အုပ်ချုပ်ရေးစနစ်တွင် အထက်နှင့်အောက် အဆင့်နည်းပါးသည်၊ အလွှာနည်းသည်။ စင်ကာပူ၏ အုပ်ချုပ်ရေးသည် အကောင်းဆုံး သော အုပ်ချုပ်ရေးများထဲတွင် ပါဝင်သော်လည်း စင်ကာပူ၏ လုပ်ပုံကိုင်ပုံများကို မြန်မာနိုင်ငံက လိုက်ပါလုပ်လိုက်လျှင် အောင်မြင်နိုင် မအောင်မြင်နိုင် စဉ်းစားဖို့ လိုသည်။ မြန်မာနိုင်ငံသည် လူဦးရေ သန်း၆၀နှင့် အရှေ့တောင်အာရှတွင် မြေနေရာ တစ်စပ်တစ်ဆက်တည်း အကြီးအမားဆုံးနိုင်ငံ၊ ဗြိတိန်နှင် ပြင်သစ်နှစ်နိုင်ငံပေါင်းသလောက် ကျယ်ဝန်းသည့်နိုင်ငံဖြစ်သောကြောင့် စင်ကာပူနှင့် သဘောသဘာဝချင်း ကွာခြားသည်။

မြို့နှင့်တော

စင်ကာပူတွင် ကျေးတောသားမရှိ၊ မြို့သူမြို့သားချည်းဖြစ်သည်။ ထို့ကြောင့် စင်ကာပူကို ကွပ်ကဲရာတွင် အုပ်ချုပ်ရေးစနစ်သည် မြို့ပြစီမံကွပ်ကဲ မှု (Urban Management)နှင့် လုံလောက်သည်။ စီမံကိန်းချရာတွင်လည်း မြို့ပြစီမံကိန်း(Urban Planning)နှင့် လုံလောက်သည်။ မြန်မာနိုင်ငံသည် လူနေ ကျဲပါးသေးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး ဖွံ့ဖြိုးလိုလျှင် ကျေးလက်ဖွံ့ဖြိုးရေး (Rural Development)မဖြစ်မနေ ဆောင်ရွက်ရမည်။

လယ်ယာ

အရှေ့တောင်အာရှနိုင်ငံအများစု တိုးတက်လာခြင်း၏အစ မြစိမ်းရောင်တော်လှန်ရေး (Green Revolution) ကဟု ဆိုရလောက်အောင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းသည် အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်အောင် အဓိကအခန်းကဏ္ဍမှ စွမ်းဆောင်ပေးခဲ့သည်။ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့သည် မြစိမ်းရောင်တော်လှန်ရေးဖြင့် စခဲ့ပြီးမှ တစ်ဆင့်ချင်းတက်သွားရခြင်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ ၇၀ရာခိုင် နှုန်းမှာ လယ်ယာကဏ္ဍနှင့် တနည်းမဟုတ်တနည်း ပတ်သက်နေပြီး မြေလွတ်မြေရိုင်းပေါများခြင်း၊ ရေခံမြေခံကောင်းမွန်၊ လုပ်သားပေါများသောကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့တွင် ဖွံ့ဖြိုးနိုင်ခြေ မြင့်မားသည်။ မြန်မာ့ရည်မှန်းချက်မှာ စက်မှုနိုင်ငံဖြစ်သော်လည်း ဖွံ့ဖြိုးရေးကို လယ်ယာနှင့် စတင်မောင်း နှင်မည်ဟု  ပြည်တွင်းပြည်ပပညာရှင်များကည တစ်ခဲနက် သဘောတူထားကြသလို နိုင်ငံတော်၏ စီမံကိန်းများတွင်လည်း ထည့်သွင်းရေးဆွဲထားပြီး ဖြစ် သည်။ စင်ကာပူသည် မြေလွတ်မြေရိုင်းမရှိ မိုးမျှော်တိုက်များဖြင့် ကွန်ကရစ်တောကြီးမျက်မည်း (Concrete Jungle)။ အရိုင်းဆန်စရေန် တမင်ပစ်ထား သော မြေကွက်လပ်များသာ ရှိသည်။ မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် အခြေခံကျသော လယ်ယာပြုပြင်ပြောင်းလဲရေးကို စင်ကာပူထံမှာ သင်ယူမရနိုင်။

ကွဲပြားခြားနားခြင်း

စင်ကာပူသည် ‘အရောင်စုံ အသွေးစုံတို့ ယှဉ်တွဲနေထိုင်သည့် လူ့အသိုက်အမြုံ’ (Divrese Society) ဟု မိမိကိုယ်ကို သတ်မှတ်လေ့ရှိသော်လည်း တိုင်းရင်းသားပေါင်း ၁၃၅မျိုးရှိသည့် မြန်မာနိုင်ငံလောက်မူ အရောင်အသွေးမစုံလင်နိုင်။ ပထဝီအနေအထား ကွဲပြားခြားနားမှုမျိုးတွင် ပိုပြီးအလှမ်းကွာလှ သည်။ မြန်မာနိုင်ငံသည်  နှင်းဖုံးတောင်များရှိသလို ပင်လယ်ကမ်းရိုးတန်းလည်း ရှည်လျားလှသည်။ မြစ်အသွယ်သွယ်  ခက်ဖြာစီးဆင်းနေသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိသလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသသည် သဲကန္တာရနီးနီး ပူပြင်းခြောက်သွေ့သည်။ ထိုသို ပထဝီဝင်အနေအထားခြင်း ကွာခြားလှသည့် ဒေသအသီးသီးတွင် နေထိုင်သူတို့၏ ကွဲပြားခြားနားသော လိုအပ်ချက်များကို လိုအပ်ချက်အလိုက် ဆီလျော်အောင် ဖြည့်ဆည်းပေးရန်မှာ မြန်မာနိုင်ငံအ တွက် ကြီးမားလှသည့် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်သည်။ မြန်မာပြည်မြောက်စွန်း ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင်နေထိုင်သူနှင့် တောင်စွန်း တနင်္သာရီ တိုင်း ကော့သောင်းမြို့နယ်တွင်နေသူတို့ လိုအပ်ချက်များ  မကွာဟ။

သဘာဝသံယံဇာတ

စင်ကာပူတွင် သဘာဝသံယံဇာတ နတ္ထိ ရေပင်ဝယ်သောက်ရသည်။ စင်ကာပူသည်  နိုင်ငံသားတို့၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ လူသား သံယံဇာတ သက်သက်ဖြင့် အချိန်တိုအတွင်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။  စင်ကာပူတွင် သဘာဝသံယံဇာတမရှိသဖြင့် အာရုံထွေပြားစရာမရှိ၊ လူသားသံယံဇာတ သာ အားကိုးရာဖြစ်ခဲ့သည်။ မြန်မာနိုင်ငံသည် သဘာဝသံယံဇာတ ကြွယ်ဝသည်။ တွင်းထွက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း ပေါကြွယ်ဝသလို သစ်တောနှင့် မြစ်ချောင်း အင်းအိုင်တို့ ပေါများသည်။ လောလောဆယ်တွင် သဘာဝသံယံဇာတကို ပိုင်ပိုင်နိုင်နိုင် အသုံးမချနိုင်သေးသောကြောင့် သံယံဇာ တကျိန်စာ  (Resource Curse) သင့်နေသလို ဖြစ်နေသော်လည်း လုပ်တတ်ကိုင်တတ်လျှင် “သဘာဝသံယံဇာတ မင်္ဂလာ” (Resource Blessing)အဖြစ် ပြောင်းသွားကာ တိုင်းပြည်ဖွံ့ဖြိုးရေးကို အရှိန်အဟုန်ဖြင့် ဆွဲတင်နိုင်မည်။ ထိုသို့ မြန်မာနိုင်ငံအတွက် အလွန်လိုအပ်သည့် သဘာဝသံယံဇာတ စီမံခန့်ခွဲမှု (Natural Resource Management) ဖြင့် တိုင်းပြည်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းမျိုး စင်ကာပူအတွေအကြုံမှ လေ့လာမရနိုင်။

နိုင်ငံရေးစနစ်

စင်ကာပူဖွံ့ဖြိုးတိုးတက်အောင် စတင်ချိန် ၁၉၆၅ မှအောင်မြင်ချိန် ၁၉၉၀အထိ နှစ်ဆယ့်ငါးနှစ်အတွင်း ဝန်ကြီးချုပ်မှာ လီကွမ်ယု၊ ဂိုချောက်ထောင်၊ လီရှန်လွန်း ဝန်ကြီးချုပ်သုံးယောက် သာရှိသေးသည်။ စင်ကာပူ စတင်လွတ်လပ်ရေး ရကတည်းက လီကွမ်ယု၏ People Action Party PAPက အာဏာ ဆက်တိုက်ရယူထားနိုင်ခဲ့ပြီး အတိုက်အခံပါတီသည် PAPကို စိန်ခေါ်နိုင်ပုံမပေါ်သေး။ ခြုံပြောရလျှင် စင်ကာပူသည စနစ်တည်ငြိမ်သလို ခေါင်းဆောင် အပြောင်းအလဲလည်း နည်းသည်။ မြန်မာနိုင်ငံမှာ ယခုမှ စနစ်သစ် စတင်စရှိသေးသည့်အတွက် စနစ်မငြိမ်သေး။ စနစ်သစ်လည်ပတ်ပုံ၊ ပျော့ကွက်ကောင်း ကွက်များကို တိုင်းသူပြည်သားများကို သာမကနိုင်ငံရေးသမား၊  နိုင်ငံရေးသိပ္ပံပညာရှင်တို့ပင် နားလည်ရန် ကြိုးစားနေကြရသည်။ ဒီမိုကရေစီ နည်းစနစ် အားဖြင့် ငါးနှစ်တစ်ကြိမ် အစိုးရအတင်အချ ပြုလုပ်မည်ဖြစ်သောကြောင့် အလှည့်ကျစနစ်နှင့် အသားကျရန် ကြိုးစားရဦးမည်။ ခြုံပြောရလျှင် နိုင်ငံရေးစနစ် နှင့် နိုင်ငံရေးယဉ်ကျေးမှု(Political Culture)ချင်း မတူ။

Singaore Story ခေါ် စင်ကာပူတို့ ဖွံ့ဖြိုးတိုးတက်ပုံဇာတ်လမ်းသည် ကျွန်းငယ်လေးတစ်ခု ကိုယ်ထူကိုယ်ထဖြင့် အောင်မြင်လာသော  အားကျ ဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သည်။ ဘာမျှမရှိသောဘဝမှ ကြီးပွားအောင်လုပ်ပုံ၊ တိုင်းငယ်ပြည်ငယ်ဖြစ်သော်လည်း နိုင်ငံကြီးများ လေးစားရသည့် ဘဝ ရောက်အောင် မည်သို့ဆောင်ရွက်ရပုံ၊ တစ်ခုတည်းသော အရင်းအမြစ်ဖြစ်သည့်  (Human Capital) ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ပုံ စသည်ဖြင့် စင်ကာပူထံမှ မြန်မာက လေ့လာသင်ယူစရာ များစွာရှိသည်။ တစ်ချိန်တည်းတွင် မွေးရာပါဇာတိအရ ကွဲပြားသည့်အတွက် မည်သို့မျှ ထပ်တူမကျနိုင်သည့် မေးခွန်းများစွာ ရှိကြောင်းလည်း သတိပြုနိုင်ပါမှ ယူသင့်ယူထိုက်သည်များကို ယူနိုင်မည်ဖြစ်ပြီး Myanmar Story ကို အောင်မြင်စွာ ရေးသားနိုင်မည်။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၀.၁၀.၂၀၁၂

ပြည်တွင်းသတင်း

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေစိုးရိမ်ရ

  1. တနင်္ဂနွေနေ့တွင် ဒဂုံဆိပ်ကမ်းမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့နှင့် ဒီမိုဆယ်ပါတီ တွေ့ဆုံ
  1. ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

လက်ပံတောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေ စိုးရိမ်ရ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး၊ လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံသို့ ရောက်ရှိသတင်းယူနေသည့် သတင်းမီဒီယာသ မားတဦး၏ လုံခြုံရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရှိကြောင်း လက်ပံတောင်းတောင်ဒေသသို့ ရောက်ရှိနေသော ရန်ကုန်မြို့တွင်နေထိုင်သူ နိုင်ငံရေးသမား တဦးက ပြောသည်။

မန္တလေးအခြေစိုက် သတင်းသမားတဦးဖြစ်သူ ကိုရဲရင့်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေး ဆန္ဒထုတ်ဖော်မူများ ဖြစ်ပေါ်ခဲ့ ချိန်အတွင်း ထိုဒေသသို့ရောက်ရှိခဲ့ပြီး နယ်မြေရဲစခန်းမှ ရဲဝန်ထမ်းနှစ်ဦးကို အင်တာဗျူးလုပ်ခဲ့သည့် ဗီဒီယိုဖိုင်မှာ နိုင်ငံတွင်း အင်တာနက်စာမျက်နှာများ တွင်သာမက နိုင်ငံတကာရုပ်သံလိုင်းတခုတွင်ပါ ပျံ့နှံ့သွားခြင်းကြောင့် ရဲဝန်ထမ်းများကြား သဘောထားကွဲလွဲမူများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ပြောသည်။

"ကိုရဲရင့်ရဲ့ လုံခြုံရေးအခြေအနေက စိုးရိမ်ရတယ်။ သူ့ကို ဓါတ်ပုံရိုက်ယူတာမျိုးတွေ၊ အရပ်ဝတ်နဲ့ လုံခြုံရေးတွေက သူသွားတဲ့နေရာတွေမှာ ပါ လာတာမျိုးတွေ၊ အင်တာဗျူးလုပ်ခဲ့တဲ့ဆိုင်က ဆိုင်ရှင်ကို ခေါ်ယူစစ်ဆေးတာမျိုးတွေ အာဏာပိုင်တွေဘက်က လုပ်နေတယ်''ဟု အထက်ပါပုဂ္ဂိုလ်က ထပ်မံ ပြောကြားသည်။

ကိုရဲရင့်ကို ဆက်သွယ်မေးမြန်းရာတွင် ယခုလအတွင်း ၎င်းအလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်လျက်ရှိသော ဂျာနယ်တိုက်သို့ အာဏာပိုင် များက လာရောက်စုံစမ်းပြီး နေရပ်လိပ်စာတောင်းခြင်း၊ တယ်လီဖုန်းနံပါတ်တောင်းခြင်းများနှင့် ၎င်း၏ ကိုယ်ရေးအချက်လက်များကို ရယူခြင်းများ ပြုလုပ် သွားကြောင်း၊ ၎င်းအနေဖြင့် သတင်းမီဒီယာလောကတွင် အမှန်တရားကို ဖော်ထုတ်လိုသောစိတ်ဖြင့်သာ သတင်းရယူခြင်းဖြစ်ပြီး မည်သည့်မီဒီယာကျင့် ဝတ်ကိုမှ ချိုးဖောက်ခြင်းမရှိခဲ့ကြောင်း၊ အင်တာဗျူးဖြေကြားပေးသူ ရဲတပ်ကြပ် အောင်ဝင်းထွန်းနှင့် တပ်သားတဦးကို ဖမ်းစီးခဲ့ခြင်းကြောင့်လည်း စိတ်မ ကောင်းဖြစ်မိကြောင်း၊ ဒီမိုကရေစီ၏စံနူန်းများကို တိုင်းတာရာတွင် သတင်းဒီယာလွတ်လပ်ခွင့်မှာလဲ တချက်အပါအဝင်ဖြစ်သောကြောင့် မိမိဖြစ်ပေါ်ခံစား နေရသော အခြေအနေဖြင့် မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် မည်မျှရှိသည်ကို တိုင်းတာနိုင်မည်ဟုမျှော်လင့်ကြောင်း ပြန်လည်ဖြေကြားသည်။

PL

-----------------------------------------------------------------------------------------------------------------------------------

တနင်္ဂနွေနေ့တွင် ဒဂုံဆိပ်ကမ်းမှ အလုပ်သမားများ ဆန္ဒထုတ်ဖော်မည်

အောက်တိုဘာလ ၂၀။

အောက်တိုဘာလ ၂၁ရက်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ၈/၉လမ်းဆုံ၌ အလုပ်သမားသမဂ္ဂများစုပေါင်း၍ အစိုးရမှ တရားဝင်ပြဋ္ဌာန်းထားသော လုပ်ခလစာများမရရှိကြောင်း ဆန္ဒထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒပြရန်အတွက် သက်ဆိုင်ရာ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ခွင့်ပြုချက်ရရှိထားကြောင်းသိရပြီး အလုပ်သမားသမဂ္ဂ (၇)ဖွဲ့ခန့် နှင့် အလုပ်သမား ၂၀၀ ကျော်ပါဝင်မည်ဖြစ်ကြောင်းနှင့် ၉ နာရီမှ ၁၁ နာရီထိ ဆန္ဒပြခွင့်ရရှိထားကြောင်း သိရသည်။

“အလုပ်သမားတွေက အစိုးရက တရားဝင်ပြဌာန်းထားတဲ့ လုပ်ခလစာ ၅၆၇၀၀ မရကြဘူး။ ပြီးတော့ သမဂ္ဂတွေပါဝင်လာတာက အလုပ်ရှင်တွေ က သမဂ္ဂတွေအချင်းချင်း ရန်တိုက်ပေးလို့ပါ”ဟု အလုပ်သမားအရေးဆောင်ရွက်နေသော ကိုမျိုးက ပြောသည်။

MMM အထည်ချုပ် အလုပ်သမားသမဂ္ဂ၊ BWI သစ်ချော်ထည်မှ အလုပ်သမားသမဂ္ဂ၊ နီလာစတားစက္ကူစက်ရုံမှ အလုပ်သမားသမဂ္ဂနှင့် HK ပလပ်စတစ်စက်ရုံမှ အလုပ်သမားသမဂ္ဂတို့ပါဝင်မည်ဖြစ်ပြီး အခြားအလုပ်သမားသမဂ္ဂ (၃)ဖွဲ့မှလည်း  အဆိုပါကိစ္စများနှင့်ပတ်သက်၍ တစ်ချိန်တည်း ပူးပေါင်းဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က သမဂ္ဂအချင်းချင်း ရန်တိုက်ပေးတဲ့ကိစ္စတွေကို အဓိကလက်မခံနိုင်ဘူး၊ အဖွဲ့တွေကို အလုပ်ရှင်ဘက်ကလည်းဖွဲ့တယ်။ အဲဒီမှာ အချင်းချင်း ရန်တိုက်ပေးတော့တာပဲ။ လုပ်ခလစာကလည်း ခုထိ ၄သောင်းကျော်ပဲ ရသေးတယ်”ဟု HK ပလပ်စတစ်စက်ရုံမှ အလုပ်သမားတစ်ဦးက ပြော သည်။

၎င်းက ထပ်မံ၍ဆန္ဒပြရာတွင် “သမဂ္ဂဖြိုခွဲသူတို့ရန်သူ” “အလုပ်သမားအချင်းချင်းစည်းရုံးကျ” “၅၆၇၀၀ ချက်ချင်းပေး”အစရှိသည့် ဆိုင်းဘုတ်များ အား ကိုင်ဆောင်၍ ဆန္ဒပြမည်ဖြစ်ကြောင်း ပြောဆိုသည်။

မင်းခဏ့်

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့နှင့် ဒီမိုဆယ်ပါတီ တွေ့ဆုံ

ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ရုံး၌ ဒီမိုမိတ်ဆွေဆယ်ပါတီနှင့် နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့တွင်ပါဝင်သည့် ဦးကိုကိုလှိုင်နှင့် ဒေါက်တာနေဇင်လတ်တို့သည် အောက်တိုဘာလ ၂၀ရက်နေ့ မနက် ၉နာရီခွဲအချိန်တွင် ချင်းတွင်းလမ်းရှိ အိမ်အမှတ် ၁၅၌ တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"ဒီတွေ့ဆုံမှုက ဒီမိုမိတ်ဆွေဆယ်ပါတီနဲ့ ပထမဦးဆုံးအကြိမ်တွေ့ဆုံတာပါ။ ဒီမိုမိတ်ဆွေ ၁၀ပါတီက ပါတီခေါင်းဆောင်အသီးသီးလည်း တက် ရောက်တယ်။ ပြီးတော့ ဦးကိုကိုလှိုင်ကစပြီး နိုင်ငံမှာ လိုအပ်နေတာတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ ဆွေးနွေးပြီး သူတို့ဆီကနေတဆင့် နိုင်ငံတော်သမ္မတထံ တင်ပြပေးသွားမယ်လို့ ပြောသွားပါတယ်။ နောက်ပြီး ကျွန်တော်တို့ NDF ပါတီက ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက အခု ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်တာတွေရယ် တိုင်းရင်းသားအရေးကိစ္စတွေရယ်နဲ့ ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်တဲ့အချိန်မှာ စည်းစည်းလုံးလုံးရှိစေ ရန်ဆိုတဲ့ အချက်တွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်"ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ယင်းသို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ ယခုလက်ရှိ ဒီမိုမိတ်ဆွေဆယ်ပါတီ၏ အမျိုးသားရေးသဘောတူညီချက်များနှင့် ပတ် သက်၍ အချက် ၃ချက်အား နိုင်ငံတော်အကြံပေးအဖွဲ့သို့ တင်ပြခဲ့ကြောင်း သိရှိရပြီး အဆိုပါ ၃ချက်မှာ ပြည်ထောင်စုမှ ခွဲမထွက်ရေးမူ၊ ရှစ်ပြည်နယ် ပြည်ထောင်စုစနစ်ကို အခြေခံမထားရေးမူနှင့် ပြည်ထောင်စုအဖွဲ့အစည်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အဖွဲ့အစည်းများအကြား တရားမျှတသည့် အာ ဏာခွဲဝေရေးမူတို့အား အခြေပြုလုပ်ဆောာင်သွားသင့်ကြောင်းတို့ ဖြစ်သည်။

"ကျွန်တော်တို့ ဒီမိုမိတ်ဆွေဆယ်ပါတီက ထည့်ပြီးဆွေးနွေးခဲ့တာတစ်ခုက တကယ်တမ်း အောက်ခြေပြည်သူတွေကို ကိုင်တွယ်ရာမှာ ထိရောက်မှု ရှိဖို့အတွက်ဆိုတာပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ဆိုတာထက် အားကောင်းတဲ့အစိုးရဖြစ်ဖို့ ပြုလုပ်ရန်၊ နောက်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ခန့်အပ်တဲ့နေရာမှာလည်း လွှတ်တော်ထဲက ပါဖို့ဆိုတာတွေကို ထည့်သွင်းတင်ပြသွားတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံမှု၌ ပါဝင်တက်ရောက်ခဲ့ကြသည့် ဒီမိုမိတ်ဆွေဆယ်ပါတီမှ ပါတီခေါင်းဆောင်အသီးသီးမှလည်း ၎င်းတို့၏ သဘောထားအကြံပေး လုပ်ဆောင်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့အား ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပြီး လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေဖြင့် သန်းခေါင်စာရင်းကောက်ခံ၍ အဓိကထားကိုင်တွယ်ပြုလုပ်ကာ လူဦးရေနှင့် လူမျိုးအမည်မှန်များကို သေချာစိစစ်ရန်တို့ကိုလည်း ထည့်သွင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

ယင်းတွေ့ဆုံအား ဒီမိုမိတ်ဆွေဆယ်ပါတီမှ ခေါင်းဆောင်များဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း၊ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူး (၁) ဦးနေမင်းကျော်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၊ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်း၊ အထွေထွေအတွင်းရေမှူး ဦးမျိုးညွန့်၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးအုန်းလွင်၊ အထွေထွေအတွင်းရေမှူး ဦးထွန်းရွှေ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ အထွေထွေအတွင်းရေမှူး ဦးသောင်းဝင်း၊ ချင်းအမျိုးသားပါတီ အတွင်း ရေးမှူး ဦးငယ်ပီး၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ အထွေထွေအတွင်းရေမှူး ဦးဦးလှစော၊ အတွင်းရေးမှူး ဦးသာထွန်းလှ၊ ဖလုံ-စဝေါ် ဒီမိုက ရက်တစ်ပါတီမှ နာယက ဦးခွန်ရွှေမန်း၊  အတွင်းရေးမှူး(၁) စောတင်လှိုင်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဦးနိုင်ခင်မောင်တို့ပါဝင် တက်ရောက်ခဲ့ ကြောင်း သိရှိရပြီး လေ့လာသူအဖြစ် ကယန်းအမျိုးသားပါတီမှ အထွေထွေ အတွင်းရေးမှူး  ဦးနန်းရီတို့ တက်ရောက်ခဲ့ကြသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်

အောက်တိုဘာလ ၂၀။

ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုးများအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် သံတွဲမြို့တွင် အောက်တို ဘာလ ၂၁ရက်နေ့၌ နေ့လည် ၁၂နာရီတွင် ဆန္ဒပြမည်ဖြစ်ကြောင်း သံတွဲမြို့ရှိ အစိုးရဝန်ထမ်းတစ်ဦးက Yangon Chronicle သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားလှုပ်ရှားမှုအဖွဲ့အစည်းမှ ဦးဆောင်ဆန္ဒပြခြင်းဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်မရရှိသော် ကြောင့် ခရိုင်ရဲတပ်ဖွဲ့မှုးရုံးသို့လျှောက်ထားရာ ခွင့်ပြုချက်ရရှိခဲ့ကြောင်းနှင့် ဆန္ဒပြရခြင်းမှာ ဘင်္ဂါလီလူမျိုးများသည် လူဦးရေတိုးပွားနှုန်း မြန်ဆန်လွန်းသ ဖြင့် ယခုအချိန်တွင်ပင် ရခိုင်ပြည်နယ်၏ ၇၀ရာခိုင်နှုန်းခန့်သော လူဦးရေအား ဘင်္ဂါလီများမှ ပိုင်ဆိုင်ထားကြောင်း သိရသည်။

“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေး ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင်ပြည်နယ်ကနေ တတိယနိုင်ငံကို ပို့ဆောင်ဖို့တောင်းဆိုတာပါ”ဟု အထက်ပါအစိုးရဝန်ထမ်းက ဆိုသည်။

မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အား ထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေး၏ ဥပဒေမှာလည်း ပြင်းထန်သော အရေးယူမှုမရှိသေးကြောင်း ရခိုင်အမျိုးသား ကွန်ုယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။

“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံသူပြန်ပို့တာ အကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့ ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်စေဖို့လိုတယ်။ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ်နိုင်ပြီဆိုရင် တစ်ဖက်က ခိုးဝင်လာမယ့်သူတွေရန်ကော၊ လူဥိးရေတိုးပွားနှုန်းကိုလည်း ထိမ်းချုပ်နိုင်မယ်”ဟု ကိုတင်ထူးအောင်က ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေ၏ ယခုအချိန်ထိ အားနည်းနေသေးမှုနှင့် ယခင်အစိုးရလက်ထက်တွင် ကိုယ်ကျိုးစီးပွားရှာခဲ့သော အစိုးရဝန်ထမ်းများ ကြောင့် ဘင်္ဂါလီလူမျိုးတို့သည် ရခိုင်လူမျိုးတို့အား ဝါးမျိုသွားနိုင်ကြောင်း ရခိုင်အမျိုးသားတိုးတက်ရေးပါတီ၏ ဥက္ကဌ ဒေါက်တာအေးမောင်က “လူမျိုးမျိုရင် လူမျိုးပြုတ်မယ်”ဟု ညွှန်းဆိုခဲ့သည်။

မင်းခဏ့်

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေကြမ်းကို ဒီနေ့နိုင်ငံသားတွေကို အခွင့်အရေးပေးထားတယ်။ ဒီအခွင့်အရေးတွေအားလုံးက လာဘ်ပေးလာဘ်ယူမှု ရှိ နေသမျှ ဘာမှရမှာမဟုတ်ဘူး။ အဲဒီအခါ နိုင်ငံသားတွေ ပေးထားတဲ့အခွင့်အရေးအရ လာဘ်ပေးလာဘ်ယူတာနဲ့ ဟန့်တားတဲ့အချက်ထက် လူထုအတွက် အကာအကွယ်ရမယ့်ဥပဒေတစ်ခု တိုင်းပြည်အတွက်ကလည်း လာဘ်စားနေတဲ့နိုင်ငံ၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံကို ဘယ်သူမှလာပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။

အောက်တိုဘာ ၂၀ရက်ထုတ် Street View ဂျာနယ် အတွဲ (၁) အမှတ် (၄၁)တွင်ပါရှိသည့်“အဂတိလိုက်စားသည့်နိုင်ငံတွင် တရားဥပဒေ စိုးမိုးမှုမရှိပါက နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုတွင် မည်သူမှ ဝင်မလာနိုင်”သတင်းမှ ဦးသိန်းညွန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ထိုင်းရင်းနှီးမြှုပ်နှံသူတွေ အခုအချိန်မှာ စီးပွားရေးခြေကုပ်ကောင်းကောင်း ယူထားသင့်တယ်။ နောက်ရွေးကောက်ပွဲက ဘာဖြစ်လာမလဲဆိုတာ  မသိနိုင် ဘူး။ မျှော်လင့်ထားသလို ကောင်းတဲ့ရလာဒ်ထွက်လာခဲ့ရင် ထိုင်းရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီးတွေနဲ့ ပြိုင်ရလိမ့်မယ်။

အောက်တိုဘာ ၂၀ရက်ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ် (၄၂)တွင်ပါရှိသည့်“ကမ္ဘာအင်အားကြီးနိုင်ငံများနှင့် မပြိုင်ရခင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် Serge Pam တိုက်တွန်း သတင်းမှ ” ထိုင်သံအမတ်ကြီး Pinsaun Suvanajata ၏ ပြောကြားချက်အ ပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

လက်ရှိအစိုးရရဲ့ အုပ်ချုပ်ပုံစနစ်ကို ဒီမိုကရေစီနည်းလမ်းကျမကျ၊ ပွင့်လင်းမြင်သာမှု ရှိမရှိဆိုတာနဲ့ တိုင်းတာဖို့ လိုအပ်တယ်။  ကိစ္စအားလုံးကို ပွင့်လင်းမြင် သာမှုရှိအောင် ပြည်သူလူထုကို အသိပေးရမှာဖြစ်တယ်။  ဒါ့ကြောင့် အစိုးရရဲ့ ဆောင်ရွက်ချက်တွေမှာ ရှေ့နောက်မညီတာတွေတွေ့ရင် လွှတ်တော်ကိုယ် စားလှယ်တွေအနေနဲ့ ပြည်သူ့အကျိုးအတွက် နိုင်ငံအကျိုးအတွက် ဆွေးနွေးပြောဆိုသင့်တာတွေကို ခိုင်ခိုင်မာရပ်တည်ပြီး ရှင်လင်းပြောဆိုဖို့ လိုအပ်ပါ တယ်။

အောက်တိုဘာ ၂၀ရက်ထုတ် Favourite News ဂျာနယ် အတွဲ (၃) အမှတ် (၁၇၁)တွင်ပါရှိသည့်“လူထုကိုအကျိုးပြုရင် ထောက်ခံ၊ အကျိုးမ ပြုရင် ကန့်ကွက်” ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive