Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၇.၂၀၁၁

ဘာသာပြန်သတင်းများ

မြဝတီနယ်စပ်ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်ငွေ နှစ်ဘီလျံ ဆုံးရှုံး

(Thai-ASEAN News မှ 27 July 2011 ရက်စွဲပါ “Border Closure costs Bt 2 Billion in Trade” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရက ထိုင်းနိုင်ငံနှင့်နယ်စပ်ကို တစ်နှစ်ကျော်ကြာအောင် ပိတ်ထားခဲ့ခြင်းမှာ မြန်မာသူပုန်များ အသုံးပြုနေသည်ဟု ယုံကြည်ရသည့် ဒုက္ခသည်စခန်းကို ထိုင်းနိုင်ငံက ပိတ်ပေးအောင် ဖိအားပေးလိုခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပြီး ယင်းသို့ နယ်စပ်ပိတ်ထားခြင်းကြောင့် နယ်စပ် ကုန်သွယ်မှု ပမာဏ ဘတ်ငွေ နှစ်ဘီလျံ ဆုံးရှုံးနစ်နာခဲ့ရသည်ဟု ဆိုသည်။

ယခင်နှစ်ဇူလိုင် ၁၈ ရက်မှစ၍ မဲဆောက်မြဝတီနယ်စပ်ဝင်ပေါက်၏ မြန်မာဘက်ခြမ်းကို မြန်မာအစိုးရက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ် သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ကြီးမားစွာ ထိခိုက်စေသည်။ မြန်မာအစိုးရက ထိုသို့ နယ်စပ်ဂိတ်ပိတ်ထားခြင်းကို ပြန်လည် ဖွင့်လှစ်မည့် လက္ခဏာ ပြသခဲ့ခြင်း မရှိသေးပေ။

ထိုသို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပြီးနောက်ပိုင်းတွင် မြန်မာကုန်သည်များက ပဲ့ချိတ်းစက်လှေများ အသုံးပြုကာ ဆက်လက် တင်သွင်းနေကြသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံက သောင်ရင်းမြစ်(မွိုင်မြစ်) ၏ ထိုင်းဘက်ခြမ်းကို ကွန်ကရစ် ကျောက်စီနံရံ တည်ဆောက်ခြင်းကြောင့် မြန်မာဘက်ခြမ်းတွင် ရေတိုက်စားမြှုဖစ်ရသည်ဟု မြန်မာအစိုးရက အကြောင်းပြကာ မဲဆောက်-မြဝတီ နယ်စပ်ဝင်ပေါက်ကို တစ်နှစ်ကျော်ကြာအောင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

နယ်စပ်ဝင်ပေါက် ပိတ်ခြင်းနှင့် ပတ်သက်၍ မြန်မာတို့ဖက်က ဖုံးကွယ်ထားသော အကြောင်းရင်းမှာ ကရင်လက်နက်ကိုင် အုပ်စုများ စစ်ဆင်ရေး အခြေစိုက် စခန်းအဖြစ် အသုံးပြုနေသည်ဟု မြန်မာအာဏာပိုင်များက ယုံကြည်နေသော ကရင်ဒုက္ခသည်စခန်းသို့ ထိုင်းနိုင်ငံက ပိတ်ပေးအောင် ဖိအား ပေးခြင်းဖြစ်သည်ဟု တပ်ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာမတ်လွိုင်ဖာက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထို့အပြင် လွန်ခဲ့သော ၂ နှစ်က ရန်ကုန်ဗုံးပေါက်ကွဲမှုအတွက် လက်သည်ကို ထိုင်းတို့အား ရှာဖွေစေလိုသည့် အပြင် မဲဆောက်ခရိုင်တွင် ပုန်းအောင်း နေထိုင်နေသည်ဟု ယုံကြည်ရသည့် KNU ခေါင်းဆောင်ကိုလည်း ဖမ်းဆီးပေးရန် မြန်မာတို့က ဆန္ဒရှိနေသည်ဟု ဆာမတ်လွိုင်ဖာက ယုံကြည်လျက် ရှိသည်။

ထိုအတောအတွင်း အမှတ်(၂) ဒေသစစ်တိုင်းမှူးဒုတိယ ဗိုလ်ချုပ်ကြီး ဝမ်သစ်ဝမ်ဝေက သူ့အား မြန်မာအစိုးရဖက်မှ ဆက်သွယ်လာခြင်းမရှိပါဟု ပြောကြားခဲ့သည်။ ဒုက္ခသည်စခန်းကို ပိတ်ခြင်းသည် အသေအချာ စဉ်းစားသုံးသပ်ရမည့် အရေးကြီးသောကိစ္စတစ်ခုဖြစ်သည်ဟု ယင်းက မှတ်ချက် ပေးသည်။

မြန်မာသူပုန်များက ထိုင်းနိုင်ငံ နယ်စပ်ကို စစ်ဆင်ရေး အခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည်ဟူသော ပြောဆိုမှုနှင့် ပတ်သက်၍ ယင်းက ပြောကြားရာတွင် ထိုင်းနိုင်ငံက မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်ဆန္ဒရှိနေသည့် အတွက် ထိုသို့ စုံစမ်းခြင်း၊ စစ်ဆေးခြင်းသည် သာမန်ထက် ပို၍ တွေ့ရှိ ဖော်ထုတ်နိုင်မည်မဟုတ်ဟု ဆိုသည်။

မနှစ်က ဇူလိုင် ၁၈ ရက် နောက်ပိုင်း နယ်စပ်ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်ငွေ နှစ်ဘီလျံကျော် နစ်နာဆုံးရှုံးခဲ့ရသည်ဟု တပ်ခ်ပြည်နယ် ကုန်သည်ကြီးများအသင်းက အစီရင်ခံ တင်ပြထားသည်။

**************************************************

မြန်မာ့နိုင်ငံရေးမှ ထူးခြားသော စံပြ ဇာတ်ကောင်

(21 July 2011 ရက်စွဲပါ The Hindu မှ Rajiv Bhatia ၏ The extraordinary icon who matters ဆောင်းပါး ကို ဘာသာ ပြန်ဆိုသည်)

(စာရေးသူသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ဖြစ်သည်)

(ဒေါ်အောင်ဆန်းစုကြည်အား လေးစား ကြည်ညိုသူများက ရည်ရွယ်ချက်ကို မဆုတ်မနစ် ကြိုးစားသူ စံပြ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြပြီး၊ ဝေဖန်သုံးသပ်သူများကမူ ခေါင်းမာပြီး လက်တွေ့မကျသော နိုင်ငံရေးသမားအဖြစ် ရှုမြင်ကြသည်။)

စာဖတ်များပြီး ဗဟုသုတ ကြွယ်ဝသူများပင်လျှင် မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမည်တပ်ပါဟု ဆိုလျှင် ပြောဆိုရန် ခက်ခဲမည်ကို နားလည်ပေးနိုင်သည်။ သူမအား ညွှန်းဆိုသော အမည် မျိုးစုံရှိရာ “စုကြည်” ၊ “Ms. Aung” ၊ “ဒေါ်စု” ၊ “The Lady” စသည်ဖြင့် ရှိသည်။ ပုဂ္ဂိုလ်ရေး မထိခိုက်ပဲ သုံး၍ ကောင်းမည့် အမည်မှာ သူမ၏ အမည်အစပိုင်းပင် ဖြစ်သည်။ သို့သော် နောင်တရစရာ အချက်တစ်ခုမှာ ကျွန်ုပ်တို့ အိန္ဒိယ၏ မိမိကိုယ်သာ စိတ်ဝင်စားပြီး သူတစ်ပါးအား စိတ်မ၀င်စားသော သဘာဝက သူမပြောနေသော စကားများကို နားမထောင်၊ သူမတိုင်းပြည် အပေါ် ပြောကြားမှုများ၏ ရောင်ပြန်ဟပ်မှုများကို နားမထောင်စေရန် တားဆီး ထားသကဲ့သို့ ရှိခြင်းပင် ဖြစ်သည်။ စင်စစ် မြန်မာနိုင်ငံသည် အရေးကြီးပြီး၊ မိမိတို့ ပစ်ထားခဲ့မိသော အိမ်နီးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရေးကိစ္စ အားလုံးအတွက် သူမတွင် အဖြေမရှိသော်လည်း သူမ၏ ပြည်သူလူထု အပေါ်နှင့် နိုင်ငံတကာ အပေါ်တွင် အားကောင်းစွာ လွှမ်းမိုး ထားနိုင်ဆဲ ဖြစ်သည်။ သူမ၏ အတွေးထဲတွင် အိန္ဒိယကို မှတ်မှတ် ထင်ထင် ရှိနေဆဲ ဖြစ်သည်။

BBC သည် မြန်မာ ပရိတ်သတ်အတွက် 2011 ခုနှစ် Reith ပို့ချ ချက်ဖြင့် “Securing Freedom” ခေါင်းစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သင်ခန်းစာပို့ချချက် ၂ခု အသံလွှင့်ပေးခဲ့သည်။ ယင်းတို့ကို မြန်မာနိုင်ငံတွင် လျှို့ဝှက် ရိုက်ကူးပြီး ခိုးထုတ်သွားခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်စွာ နေထိုင်ခြင်း နှင့် ဆန့်ကျင်ခြင်း ခေါင်းစဉ် ၂ခုဖြင့် ဇွန်လ ၂၈ ရက် နှင့် ဇူလိုင်လ ၅ ရက်နေ့တို့တွင် လွှင့်ထုတ်ခဲ့သည်။ မှတ်သားမိသည့်အချက်မှာ သူမသည် ပြီးခဲ့သည့် စစ်အစိုးရအား ပြင်းထန်စွာ ဝေဖန်ခဲ့ သော်လည်း လက်ရှိ အရပ်သား အစိုးရအား စိတ်ရှည်စွာ၊ ရင့်ကျက်စွာနှင့် တုန့်ပြန်ရန် ကြိုးစားထားသည်ကို တွေ့ရသည်။

လွတ်မြောက်ခြင်း၊ အမှန်တရားနှင့် အကြမ်းမဖက်ရေး

                ပို့ချချက်များတွင် သူမသည် ပြောလိုသောအရာကို လိမ်မာပါးနပ်စွာ ပြောဆို တတ်ခြင်းကြောင့် သူမ၏ တတ်သိမှု အတိမ်အနက်နှင့် စိတ်ပိုင်း ဆိုင်ရာ စွမ်းအားများကို ထင်ဟပ်စေသည်။ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်း (Freedom) နှင့် ပတ်သက်၍ သူမအပေါ် အဓိပ္ပာယ် သက်ရောက်မှုနှင့် မလွတ်မလပ်နှင့် ဆိုးဝါးသောဘ၀တွင် နေထိုင် နေကြရသော အခြားသူများအပေါ် အဓိပ္ပာယ်သက်ရောက်မှုများကို ပြောပြခဲ့သည်။ သူမက ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး (Freedom from fear) ၏ အရေးကြီးပုံကို ထပ်ပြောခဲ့ပြီး ကြောက်ရွံ့ခြင်းဆိုသည်မှာ ဘယ်သော အခါမဆို ရှိနေမည့်အရာတစ်ခုအဖြစ် ငြင်းချက်ထုတ်ခဲ့သည်။ ကြောက်ရွံ့ခြင်းကို အပြီးတိုင်ဖယ်ရှားရန် မလိုအပ်ကြောင်း သင့်တင့်သလောက် ရှိနေရန်သာ လိုအပ် ကြောင်း သို့သော် ကြီးမားသောအားပေးမှု လိုအပ်သည်ဟု ဆိုသည်။ သူမ၏ ဖြစ်တည်မှုတွင် အားပေးမှုများနှင့် စိတ်အား ထက်သန်ခြင်းက ကြီးမားသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သူမက သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အား အတိုက်အခံဟု ခေါ်ဆိုမှုကို ပယ်ချခဲ့ပြီး၊ ဆန့်ကျင်သော လှုပ်ရှားမှုဟု ခေါ်ဆိုမှုကို ပိုမိုနှစ်သက်ကြောင်း ဆိုသည်။ Vaclav Havel ကို နမူနာယူ၍ သူမက ဆန့်ကျင်သူများ၏ အခြေခံအလုပ်မှာ အမှန်တရားကို အလုပ်အကျွေး ပြုရန် ဖြစ်သည်ဟု ရှုမြင်ခဲ့သည်။

                ဂန္ဒီ၏ ၀ါဒကို စံပြု၍ကြည့်မည် ဆိုလျှင်မူ မကြာသေးမှီက သူမ၏အကြမ်းမဖက်ရေးနှင့် ပတ်သက်သော အမြင်မှာ အနည်းငယ် ထူးဆန်းသော အမြင်တစ်မျိုးအဖြစ် မြင်တွေ့ရမည် ဖြစ်သည်။ သူမကိုယ်၌ သူသည် အကြမ်းဖက်မှုကို ထောက်ခံသူတစ်ဦး ဖြစ်ခဲ့လျှင် အကြောင်းပြချက်မှာ အကြမ်းဖက်မှုကို ထောက်ခံသူတစ်ဦး ဖြစ်ခဲ့လျှင် အကြောင်းပြချက်မှာ အကြမ်းဖက်မှု ခဏတာဖြစ်လိုက်ခြင်းသည် ရေရှည်တွင် ပိုမိုဆိုးရွားသော အခြေ အနေများ ဖြစ်ပေါ်ရေးကို ကာကွယ်ပေးသည်ဟု ယုံကြည်ခြင်းကြောင့်ဟု ပြောခဲ့သည်။ သူမ အကြမ်းမဖက်ရေးကို ကျင့်သုံးနေခြင်းမှာ နိုင်ငံရေးအရ လက်တွေ့ကျခြင်းကြောင့် ဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ စဉ်းစားမှုကြောင့်မဟုတ်ဟု ဆိုသည်။

ဒုတိယအကြိမ် ကြိုးပမ်းခြင်း

                သူမသည် ယဉ်ကျေးသော ထိန်းထိန်းသိမ်းသိမ်း လေသံဖြင့် ပြောသော်လည်း ဗိုလ်ချုပ်များကို ဝေဖန်ရာတွင်မူ ဂရုစိုက်လှသည် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် ၁၉၈၈ မှ ၁၉၉၇ ထိ အုပ်ချုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးသည် ငြိမ်နေခြင်း၊ ကြောက်နေရခြင်းနှင့် ပိပြားနေအောင် ချေမှုန်းထားခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ကြောင်း ဆိုသည်။ ထိုအခြေအနေ မျိုးတွင် ပြည်သူများသည် အမှန်တရားနှင့်တော့ မဝေးလှပေ။ NLD အနေဖြင့် ပြည်သူများကို ဆန့်ကျင်ဖက်နေရာမှ ရပ်ပြခြင်း ဖြစ်သည်ဟု သူမက ပြောသည်။

                လွန်ခဲ့သော နှစ်များစွာက သူမ၏လှုပ်ရှားမှုကို စတင်စဉ်က သူမသည် ဒုတိယအကြိမ်မြောက် လွတ်လပ်ရေး အတွက်ကြိုးပမ်းခြင်းဟု ပြောခဲ့ပြီး ခြားနားမှုများမှာမူ ရှိကြောင်းဆိုသည်။ အဓိက ခြားနားမှုမှာ ပထမကြိုးပမ်းစဉ်က နိုင်ငံခြား အင်အားကြီးဗြိတိန်နိုင်ငံထံမှ ဖြစ်ပြီး ယခုအခါတွင်မူ တိုင်းပြည် ထဲမှ လူမျိုးတူ၊ အရောင်တူ၊ ဘာသာတူ ဆန့်ကျင်ဖက် အင်အားစုထံမှ ဖြစ်သည်။ နောက်ခြားနားမှုတစ်ခုမှာ ကိုလိုနီ အစိုးရသည် အာဏာရှင်ဟု ဆိုသော် လည်း ယခု စစ်အစိုးရလောက် အရာရာကို တစ်ဦးတည်း ချုပ်ကိုင်ထားခြင်း မရှိခြင်း ဖြစ်သည်။

အခြားအရေးများ

                ၁၉၉၇ မှ ၂၀၁၀ ထိ အုပ်ချုပ်ခဲ့သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည်လည်း ဒီပုတ်ထဲက ဒီပဲပင် ဖြစ်သည်။ ယင်းကျင်းပသော ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲသည် အဖြေကောင်း မထွက်သော ကြမ္မာဆိုးများ အဖြစ် ပုံရိပ်ထင်စေသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် NLD မပါဝင်ရခြင်းနှင့် ပတ်သက်၍ အကြောင်းပြချက် ၃ခုကို သူမက ပြောကြားခဲ့ရာတွင် ပထမ အချက်အဖြစ် အခြေခံဥပေဒသစ်တွင် စစ်တပ်ကသာ အာဏာအားလုံး ပြန်ယူထားမှုအား NLD က လက်မခံလိုခြင်း၊ ဒုတိယအချက်အနေဖြင့် ထောင်ထဲရှိ ယင်း၏အဖွဲ့ဝင်များကို NLD က မပစ်ပယ်လိုခြင်း၊ တတိယအချက်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ပစ်ခြင်းကိုလက်မခံခြင်းများကြောင့် ဖြစ်ကြောင်းဆိုသည်။ NLD နှင့် ယင်း၏ခေါင်းဆောင် အတွက် အမှန်တကယ် ဒုက္ခတွေ့စေခဲ့သော ကိစ္စမှာ မရှောင်နိုင်သော အမှန်တရားဖြစ်သည့် စစ်တပ်က ပြည်သူလူထုသို့ပေးသော အခြေခံဥပဒေ ဖြစ်သည်။ နိုင်ငံရေး အတန်းစားထုကြီးနှင့် လူထု အခြေပြုအဖွဲ့အစည်းများက အဆိုပါ လုပ်ငန်းစဉ်သစ်ကို စမ်းသပ် ကြည့်လိုကြခြင်း ဖြစ်သည်။

                သင်ခန်းစာ ပို့ချမှုအပြီး မေးခွန်းနှင့် အဖြေများသည် တန်ဖိုးမဖြတ်နိုင်သော ထိုးထွင်းသိမြင်မှုများကို ဖြစ်ပေါ်စေသည်။ သူမသည် ရွေးကောက်ပွဲ များနှင့် အစိုးရသစ်အပေါ် ယုံကြည်မှု မရှိပေ။ အမှန်တကယ် ပြောင်းလဲမှုများ မရှိပဲ၊ လှပသော စကားလုံးများဖြင့် ပြောရုံဖြင့် မလုံလောက်ဟု ဆိုသည်။ သူမက ရှုမြင်သည်မှာ ဒီမိုကရေစီကို အရောင်ပြထားမှုသည် အာဏာရှင်စနစ် လုံးလုံးထက် ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုသည်။ ပြည်သူလူထုက ပြောင်းလဲမှုများကို လိုလားခြင်းကြောင့် ပြောင်းလဲမှုများ ပြုလုပ်နေသယောင် ထင်ယောင်ထင်မှား ဖြစ်စေခြင်းကို ရှင်းပြသည်။ အများစုက သူမနှင့် သဘော မတူကြပါ။ သို့သော် သူမသည် ထိုအတိုင်း ရပ်တည်နေသည်။ NLD သည် နွံထဲတွင် နစ်နေပြီး အချိန်ကာလတစ်ခုတွင် အေးခဲသွားပြီဟု ဝေဖန်မှုများနှင့် အစိုးရနှင့် ညှိနှိုင်းရန် မူဝါဒ လေးခု ဖြစ်သော ဆက်ဆံရေး၊ အထီးကျန်ပြုရေး၊ အရေးယူမှုများ ချမှတ်ရေးနှင့် တိုက်ခိုက်ရေးအနက် မည်သည်ကို ရွေးမည်နည်းဟု မေးမြန်းမှုများကို သူမက တုန့်ပြန်ဖြေကြားရာတွင် “အရေးပါသော ဆက်ဆံရေး” ကို ပို၍ သဘောကျကြောင်း ဖြေသည်။ သူမက ကမ္ဘာကြီးအား မိမိတို့၏ ဒီမိုကရေစီကွန်ရက်ကို ကူညီရန်နှင့် ပြည်သူများ အစိုးရအပေါ် မှီခိုမှုများ လျော့ပါးပြီး စွမ်းအားရှိလာစေရန် အကူအညီ ပေးစေလိုကြောင်း ပြောသည်။ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်ပြီး စေလွှတ်သော ငြိမ်းချမ်းရေးတမန်သည်သာ မျှော်လင့်ချက်တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံမှ ပြဿနာများသည် အမြစ်တွယ်နေပြီး အရေးကြီးလှသည်။ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်မှု မရှိပဲ ထိုပြဿနာများကို ဖြေရှင်းရန်မှာ မလွယ်ကူလှပေ။

နိုင်ငံတကာ မူဝါဒများ

                ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း အခြေအနေများအပေါ် အမြင်ကို ကြည့်၍ထောက်ခံမှုရော ဝေဖန်မှုကိုပါ ဖြစ်စေသည်။ သူမအား ကြည်ညိုလေးစားသူများက သူမကို ရည်ရွယ်ချက်အား မဆုတ်မနစ် ကြိုးစားသူ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြပြီး၊ ဝေဖန်သုံးသပ်သူများကမူ ခေါင်းမာပြီး လက်တွေ့မကျသော နိုင်ငံရေး သမားဟု ဆိုကြသည်။ သို့သော် နိုင်ငံတကာ ရေးရာအဖြစ် ရှုမြင်ရာတွင်မူ သူမနှင့် သဘောချင်း တိုက်ဆိုင်ရန် ခက်ခဲသည်။

                သူမက အိန္ဒိယ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို ဝေဖန်ခဲ့သည်။ သူမက အိန္ဒိယသည် ကုန်သွယ်ရေးနှင့် မဟာဗျူဟာအကျိုးစီးပွားကို ရှေ့တန်း မတင်ပဲ၊ ဒီမိုကရေစီမူများကသာ ခိုင်မြဲစွာ စွဲမြဲနေသင့်သည်ဟု ဆိုသည်။ အခြား ဒီမိုကရေစီနိုင်ငံများ (တောင်အာဖရိက ကဲ့သို့ သူမ သဘောကျသော နိုင်ငံများ) က သူမ၏လှုပ်ရှားမှုကို ထောက်ခံကူညီမှု မရှိကြောင်း ၀န်ခံ ပြောကြားခဲ့ပြီး “ကျွန်မတို့ ၀မ်းတော့ အနည်းမိသား၊ ဒါပေမယ့် ရိုးနေပါပြီ” ဟု သူမက တည်ငြိမ်စွာ ပြောသည်။ သူမ၏ ၀မ်းနည်းမှုကို နားလည်ပေး၍ ရသော်လည်း၊ နိုင်ငံတကာမူဝါဒများ မည်သို့ လုပ်ကိုင်သည်ကို သူမ နားလည်ပါစဟု မေးရပေမည်။ တရုတ်နှင့်ပတ်သက်၍ သူမ၏ မှတ်ချက်များသည် ပို၍ လက်တွေ့မကျမှုကို ပြသနေသည်။ သူမက တရုတ်သည် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုကို လိုလားသည်ဟု ပြောသည်။ (မှန်ပါသည်)။ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုအတွက် တရုတ်က စစ်တပ်၏ဖိနှိပ်မှုမှ တဆင့် သော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှ တဆင့် သော်လည်းကောင်း လုပ်ဆောင်နေသည်ဟု သူမကယုံကြည်နေသည်။ (မှားယွင်းပါသည်)။ နှစ်နိုင်ငံ၏ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးသည် မကြာသေးမှီက မဟာဗျူဟာ ကျသော ပါတနာအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမက ဥရောပ သမဂ္ဂသည် အလွန်တရာ ထောက်ခံကူညီကြောင်း ရှုမြင်ခဲ့ရာ ယခင်ကမှန်ကန်သည်ဟု ဆိုရမည် ဖြစ်သော်လည်း ယခုအခါ အဖွဲ့ဝင် နိုင်ငံ အတော် များများသည် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် လမ်းကြောင်းရှာကြပြီ ဖြစ်သည်။

                သူမအား သူမ၏စွန့်လွှတ်မှုများ (သေအံ့ဆဲဆဲ ခင်ပွန်းအား သွားရောက် နှုတ်ဆက်နိုင်သည့်အခွင့်အရေးကို ငြင်းဆိုခဲ့မှု အပါအ၀င်) သည် ပေးဆပ်မှု ကြီးမားနေသလောဟု မေးမြန်းရာ အချို့ယုံကြည်မှုအတွက် ပေးဆပ်သူ အများအပြား ရှိနေသေးကြောင်း ဖြေကြားသည်။ သူမအနေဖြင့် သူမ ၏ ဖြစ်တည်မှုတွင် အသက်အန္တရာယ် ပေးရမှုများ အတွက် သိရှိမှု ရှိမရှိ မေးမြန်းရာ “ဟုတ်တယ်။ ဒီလို အခြေအနေမျိုး အစောကြီးကတည်းက ရခဲ့ရင် ကောင်းမှာပါ”ဟု ဖြေကြားခဲ့သည်။

                ဒေါ်အောင်ဆန်းစုကြည်သည် ထူးခြားသော စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူမတွင် အောင်မြင်မှုများ၊ ပြဿနာများ၊ နှောင့်နှေးမှုများ ရောပြွန်း လျက် ရှိသည်။ ပညာရှင်တစ်ဦးအနေဖြင့် ပြောရလျှင် ပြည်တွင်းတွင် သူမသည် အမှောင် အတိကျနေသော ကာလရှည်ကြီး အတွင်း၌ မျှော်လင့်မှု ရောင်ခြည်အား ဆက်လက် ထွန်းညှိပေးထားနိုင်သူဟု ဆိုရမည် ဖြစ်သည်။ ပြည်ပတွင်မူ သူမသည် လွတ်မြောက်ခြင်း (liberty) အတွက် တိုက်ပွဲဝင်နေ သူများအတွက် လမ်းပြ ရှေ့ဆောင် ဖြစ်နေသည်ဟု ဆိုရမည်။ သို့သော် ဒီမိုကရေစီ မြန်မာနိုင်ငံကို ခေါင်းဆောင်ရန် သူမအာဏာရလာ ဦးမည်လော ….. ထိုကိစ္စမှာ သီးခြားကိစ္စသာ ဖြစ်သည်။

****************************************

ချမ်းသာကြွယ်ဝရေးနှင့် စီးပွားရေးတည်ငြိမ်မှုကို ပထမဦးစားပေးပြီးမှ အာဆီယံက ဒီမိုကရေစီအတွက် တွန်းအားပေးနိုင်မည်

(26 July 2011 ရက်စွဲပါ Jakata Globe မှ Yohanes Sulaiman ရေးသားသော Prosperity and Economic first, then Asean can push more democracy ကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်က ဘာလီတွင် ကျင်းပသော အာဆီယံဒေသတွင်း လုံခြုံရေးဖိုရမ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အာဆီယံ အထူးသဖြင့် အင်ဒိုနီးရှားအား မြန်မာနိုင်ငံ အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းတွင် ဒီမိုကရေစီ ထွန်းကား ရေးကူညီရန် တိုက်တွန်းခဲ့သည်။

ဒီမိုကရေစီအား ပျံ့နှံ့ရန် ကြိုးပမ်းခြင်းမှာ အားကျဖွယ်ဖြစ်သည်ဆိုသည်ကို လက်ခံမည်ဖြစ်သော်လည်း အင်ဒိုနီးရှားနှင့် အာဆီယံသည် အမေရိကန် ပြည်ထောင်စု၏ ဒီမိုကရေစီမြှင့်တင်ခြင်း အထူးသဖြင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်ပေးခြင်းကို အကြောင်းအချက်အချို့ ရှိသောကြောင့် ကူညီ ပေးရန် ဖြစ်နိုင်မည်မဟုတ်ပေ။

ပထမအချက်မှာ အမေရိကန်ပြည်ထောင်စု၏ လက်ရှိအားနည်းနေသော စီးပွားရေးသည် ယင်း၏ ရပ်တည်သော နေရာကိုပါ အားနည်းစေ သည်။ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များဆီက ဆူနာမီကဲ့သို့ အတိုင်းအတာတစ်ခုထိ ပျံ့နှံ့ခဲ့သော ဒီမိုကရေစီသည် ဒေဝါလီခံနေသော ကွန်မြူနစ် တိုင်းပြည်များသို့ ပျံ့နှံ့ခဲ့သည်။ အဆိုပါတိုင်းပြည်များမှ အစိုးရများသည် ယင်းတို့၏ ပြည်သူများက သမ္မတ ရော်နယ်ရေဂင် လက်ထက် အမေရိကန်၏ ချမ်းသာမှုများနှင့် ၎င်းတို့၏ ဆိုးဝါးသော စီးပွားရေးအခြေအနေနှင့် နှိုင်းယှဉ်ခဲ့သောအခါ ကျဆုံးခဲ့ကြသည်။

ဂေါ်ဘာချော့သည် အောင်မြင်သော အနောက်နိုင်ငံ စီးပွားရေးမော်ဒယ်ကို စဉ်းစားပြီး နိုင်ငံရေးကို ဖွင့်ပေးပြီး စီးပွားရေးပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ဖရန်စစ်ဖူကူယားမားက လစ်ဘရယ် ဒီမိုကရေစီ၏ အရေးပါသော ပြောင်းလဲဖြစ်ပေါ်မှုကို အထိမ်းအမှတ် အဖြစ် နာမည်ကြီးသော အက်ဆေး “The End of History” ကို ထုတ်ဝေခဲ့သည်။

သို့သော် ယနေ့စီးပွားရေးနှင့် ပတ်သက်သော မိုးလေဝသ အခြေအနေမှာ အာဏာရှင်ခေါင်းဆောင်များနှင့် ယင်းတို့၏ ပြည်သူများသည် အမေရိကန် ၏ စီးပွားရေးအရ စည်းမျဉ်းစည်းကမ်း အားနည်းမှုနှင့် ကြွေးမြီထူထပ်မှုကို စိတ်ပျက်လက်ပျက် ပြောဆိုလာသည်။

အာဏာရှင်ခေါင်းဆောင်များနှင့် ငွေမသုံးနိုင်သော ပြည်သူများသည် အာဏာရှင်တစ်ဝက် စင်ကာပူ ပုံစံကို ချီးကျူးပြောဆိုခဲ့ကြသည်။ အသုံးအဖြုန်း ကြီးသော အမေရိကန်၏ ဒီမိုကရေစီထက် တရုတ်၏ စီးပွားရေး အာဏာရှင်စနစ်ကို ပိုမိုကြိုက်နှစ်သက်ကြသည်။

ယင်းတို့က တရုတ်နှင့် စင်ကာပူနိုင်ငံများသည် ခေါင်းဆောင်ကောင်း၏ အောက်တွင် အားကောင်းသော စီးပွားရေးဖွံ့ဖြိုးမှု ရှိရန် တည်ဆောက် နိုင်ခဲ့သော်လည်း အမေရိကန်မှာမူ ကမ္ဘာ့စီးပွားရေးပျက်ကပ် ဝဲဂယက်ထဲတွင် ရှိနေဆဲဖြစ်ကြောင်း ရှုမြင်ကြသည်။ ထို့အပြင် ဝါရှင်တန်တွင် ရီပတ်ဘလစ်ကန်များနှင့် ဒီမိုကရက်များအကြားတွင် အမြင်မတူသူများဖြင့် သဘောတူညီမှု မရနိုင်ရှိနေပြီး အိုဘားမားကလည်း အရည်အချင်း မရှိခြင်း တို့ကြောင့် အမေရိကန်၏ ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်။ စီးပွားရေးအရ အဆင့်သတ်မှတ်ချက်ကိုမူ ဖော်ပြလိုခြင်း မဟုတ်ပေ။

အကယ်၍ ဒီမိုကရေစီသည် ဘာမျှ မပေးနိုင်ဘဲ စီးပွားရေး ပြဿနာများ၊ နိုင်ငံရေးအရ အမြင်မတူ ငြင်းခုန်မှုများကိုသာ ဖြစ်စေသည်ဟု ဆိုလျှင် အဘယ်ကြောင့် လူတိုင်းက ဒီမိုကရေစီကို လိုချင်နေကြသနည်း။ တရုတ်ပြည်မှ အာဏာရှင်စနစ် သို့မဟုတ် စင်ကာပူ၏ တစ်ဝက်စနစ်တို့ကို စဉ်းစား ကြည့်လျှင် ယင်းတို့သည် မိမိတို့ ဘာလုပ်နေသည် ဆိုသည်ကို သိ၍ လိုအပ်သည့် အချိန်တွင် အချိန်ကိုက်ဆုံးဖြတ်ချက် မှန်စွာ လုပ်ကိုင်နိုင်စွမ်း ရှိကြသည်။

၁၉၃၀ ခုနှစ်များဆီက စီးပွားရေးပျက်ကပ်ကို ပြန်ကြည့်လျှင် စီးပွားရေးပြဿနာများကြောင့် ဒီမိုကရေစီကို လေးစားမှုများ လျော့နည်းခဲ့ရသည်။ အားကောင်းသော အစိုးရများကို တောင်းဆိုမှုများ ပေါ်ပြူလာဖြစ်လာခြင်းကြောင့် ဂျာမနီနှင့် အီတလီတို့တွင် တစ်ဦး၊ တစ်ပါတီတည်း အုပ်ချုပ်သော စနစ်များ ပေါ်ထွက်လာသည်။ နောက်ဆုံးတွင် ၁၉၈၀ ခုနှစ်များဆီက စီးပွားရေးအရ ကြွယ်ဝလာမှုများသည် ကွန်မြူနစ်ဝါဒ အဆုံးသတ်ရန် အချက်ပေး လိုက်ခြင်းပင် ဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ သမ္မတဟောင်း ဘီလ်ကလင်တန် ပြောခဲ့သည့်စကား မှန်ကန်နေခြင်းဖြစ်သည်။ စီးပွားရေးသာ အခရာကျသည်။ အမေရိကန်ပြည်ထောင်စုသည် အစိုးရနှင့်ဆိုင်သော ငွေကြေးများစနစ်တကျ ပြန်ဖြစ်လာသည်နှင့်အမျှ ဒီမိုကရေစီ၏ လမ်းပြအလင်းရောင် ပြန်ဖြစ်လာပြီး အများက အတုယူလာလိမ့်မည် ဖြစ်သည်။

အခြား ဟီလာရီကလင်တန် ပြောခဲ့သော စကားများမှာ အာဆီယံအပေါ် သက်ရောက်မှု လွန်စွာ ရှိမည်မထင်ပေ။ သူမက အာဆီယံသည် ယင်း၏ အဖွဲ့ဝင်နိုင်ငံများအပေါ် အာဏာတည်ခြင်းသိပ်မရှိဟု ဆိုခဲ့ခြင်းဖြစ်သည်။ အာဆီယံတွင် အဖွဲ့အစည်းတစ်ခုအသွင် တည်ဆောက်ပုံနှင့် အပြစ် ပေးမှု ယန္တရားများ မရှိခြင်းကြောင့် တစ်စုံတစ်ရာ ပြုလုပ်စရာရှိလျှင် မဲပေးခြင်းနှင့် အဖွဲ့ဝင်များ၏ စိတ်အားထက်သန်မှုရှိမှသာ မူတည်လုပ်ဆောင်နေကြ သည်။ ဥရောပသမဂ္ဂတွင်မူ ယင်း၏ အဖွဲ့ဝင်များအား စီးပွားရေးမူဝါဒများမှတစ်ဆင့် ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးနိုင်စွမ်းရှိသော်လည်း အာဆီယံမှာ လူမှုရေး ဖိအားများပေးခြင်းနှင့် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်မည်ဟု ခြိမ်းခြောက်ခြင်းတို့သာ ရှိသည်။

သို့သော်အဖွဲ့ဝင်နိုင်ငံများက ပထဝီမဟာဗျူဟာ(Geostrategic) အရ စိုးရိမ်ပူပန်မှုများကြောင့် လူမှုရေးအရ ဖိအားများမှာ ထိရောက်မှု မရှိလှပေ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရွေးကောက်ပွဲ မသမာမှုများကြောင့် အာဆီယံသည် ရှက်ရွံ့မှုများ ရှိခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးအရ ဩဇာလွှမ်းမိုးမှု အနည်းငယ်သာရှိ၍ အရေးယူမှုများြƛ