Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၎.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာများကို ဖယ်ထုတ်မည့် မြန်မာသမ္မတ၏ အစီအစဉ်ကို မြန်မာသံဃာတော်များ ထာက်ခံဆန္ဒပြ

(The Associated Pressမှ 3 September 2012ရက်စွဲပါ“Myanmar monks back president’s bid to expel Roheingya Muslim” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. နေပြည်တော်၏ ခေါင်းညိတ်မှုကို စောင့်နေရသောကြောင့် ထိုင်းဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် မရေရာ

(The New York Times မှ 25 Aug 2012 ရက်စွဲပါ “ Chinese deny forcing refugees to Burma” သတင်းကို ဘာသာပြန်ဆိုသည်။)

  1.  ရေနံဓာတ်ငွေ့များရှာဖွေရန် လေလံပစ်မည်ဟု မြန်မာဆို

(Reuter News မှ 28August 2012ရက်စွဲပါ “Myanmar says to offer oil and gas exploration blocks” သတင်းကိုဘာသာပြန်ဆိုသည်။)

  1. ဒုက္ခသည်များအား အတင်းပြန်ပို့သည့် ကိစ္စကို တရုတ်ငြင်းဆန်

(The New York Times မှ 25 Aug 2012 ရက်စွဲပါ “ Chinese deny forcing refugees to Burma” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအမတ် လေးနိုင်ငံခရီးစဉ်ထွက်မည်

(3 September 2012 ရက်စွဲပါ Xinhua မှ “Chinese top Legislator to visit four countries” ကို ဘာသာပြန်ပါသည်။)

****************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာများကို ဖယ်ထုတ်မည့် မြန်မာသမ္မတ၏ အစီအစဉ်ကို မြန်မာသံဃာတော်များ ထောက်ခံဆန္ဒပြ

(The Associated Pressမှ 3 September 2012ရက်စွဲပါ “Myanmar monks back president’s bid to expel Roheingya Muslim” သတင်းကို ဘာ သာ ပြန်ဆိုသည်။)

နိုင်ငံသား မဟုတ်သော တရားမဝင် စိမ့်ဝင်လာသော ရိုဟင်ဂျာ မျိုးနွယ်အမည်ခံ ဘင်္ဂါလီ မွတ်စလင်များကို အခြားနိုင်ငံများသို့ ပို့မည်ဟူသော သမ္မတ၏ အကြံပြုချက်ကို ထောက်ခံဆန္ဒပြသည့် အနေဖြင့် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ ရာနှင့်ချီ၍ ချီတက်ပွဲ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့မှာ တနင်္ဂနွေနေ့ ချီတက်ပွဲသည် ဇွန်လက လူပေါင်း၈၀ကျော် သေဆုံးပြီး အိမ်ခြေ ရာပေါင်းများစွာ ပျက်စီး၍ လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့သော ရခိုင်ပြည်နယ်မှ အကြမ်းဖက် အဓိကရုဏ်း အပြီးတွင် ရိုဟင်ဂျာ မျိုးနွယ်စုအပေါ် ပြင်ပြင်းထန်ထန် ဆန့် ကျင်မှုကို ပြသသည့် နောက်ဆုံးလက္ခဏာ တစ်ခု ဖြစ်သည်။

၎င်းချီတက်ပွဲတွင် သံဃာတော်များက “သမ္မတကြီးကို ထောက်ခံခြင်းဖြင့် သင်တို့၏ အမိမြန်မာပြည်ကို ကယ်တင်ကြ” ဟူသော နဖူးစည်း စာတမ်း များကို ကိုင်ဆောင်ခဲ့ကြသည်။

ပြီးခဲ့သော ဇူလိုင်လအတွင်း သမ္မတ ဦးသိန်းစိန်က “ရိုဟင်ဂျာများသည် နိုင်ငံသားမဟုတ် တရားမဝင် စိမ့်ဝင်လာသော  ဘင်္ဂါလီများသာ ဖြစ်ကြောင်း ” ထုတ်ဖော်အဆိုပြု ပြောကြားခဲ့ရာ၊ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ချက်ချင်းပင်  တုန့်ပြန်ကန့်ကွက်ခဲ့သည်။

မြန်မာနိုင်ငံက ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ စိမ့်ဝင်ရွှေ့ပြောင်းလာသော ဘင်္ဂါလီများဟု  သတ်မှတ်ထားကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကလည်း ရိုင်ဂျာများကို လက်ခံရန် ငြင်းဆန်နေသောကြောင့် နှစ်နိုင်ငံ နယ်ခြားဒေသမှ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများမှာ နိုင်ငံမဲ့ လူသားများဖြစ်ကာ ဒုက္ခ တွေ့နေကြသည်။

အဆိုပါ ရိုဟင်ဂျာများသည် မြန်မာနိုင်ငံဖက်တွင် ၈သိန်းခန့်နှင့် ဘင်္ဂလားဒေ့ရှ်ဘက်တွင် ၃သိန်းခန့် နေထိုင်ကြသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထား သည်။

မြန်မာနိုင်ငံတွင် တင်းကြပ်သော လူဝင်မှုကြီးကြပ်ရေး ဥပဒေများပြဋ္ဌာန်း ထားသော်လည်း ပြီးခဲ့သော နှစ်ပေါင်းနှစ် ဆယ်အတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ အဂတိ လိုက်စားမှုများကြောင့် အနောက်ဘက် နယ်စပ်တွင် ဘင်္ဂါလီ မြောက်များစွာနှင့် အရှေ့မြောက် နယ်စပ်တွင် တရုတ်လူမျိုးများ၊ မြောက်များစွာ ရွှေ့ပြောင်းစိမ့်ဝင် ရောက်ရှိနေသည်ဟု ပြည်တွင်းမှ အကဲခတ် လေ့လာသူများက မှတ်ချက်ပေး ပြောကြားကြသည်။

-------------------------------------------------------------------------------------------------------------------------------

နေပြည်တော်၏ခေါင်းညိတ်မှုကို စောင့်နေရသောကြောင့် ထိုင်းဝန်ကြီးချုပ်၏ မြန်မာခရီးစဉ် မရေရာ

(The Nation သတင်းမှ 1 Sept 2012 ရက်စွဲပါ “PM’s Myanmar Visit Snag as she awaits okay from Nay Pyi Taw” သတင်းကို ဘာသာပြန်ဆိုသည်။)

နေပြည်တော်က သဘောတူ ခွင့်ပြုခြင်း မရှိသေးသောကြောင့် ယခုလအတွင်း ထားဝယ်သို့ ထိုင်းဝန်ကြီးချုပ် ယင်လပ်စ် ရှင်နာဝပ်ထရာ သွား ရောက်ရန် စီစဉ်ထားသော ခရီးမှာ မရေမရာ ဖြစ်နေပါသည်။

ဝန်ကြီးချုပ် ယင်လပ်သည် သမ္မတ ဦးသိန်းစိန်နှင့် မကြာသေးမီက လက်မှတ်ထိုးထားသော ရေနက်ဆိပ်ကမ်း အကြီးစား ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို အဓိက ဦးစားပေး လိမ့်မည်ဟု မျှော်လင့်ရသည်။ ထိုင်းအစိုးရသည် လာမည့် အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ရန် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဆီဟာဆတ် ဖြောင်ခတ်ကွေနှင့် အမျိုးသားစီးပွား လူမှုဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ အထွေ ထွေ အတွင်းရေးမှုး အာခွန်တမ် ပီတာယာ ပိုင်ဆစ် တို့အပါအ၀င် ထိုင်းထိပ်တန်း အရာရှိကြီးများ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ကို ထားဝယ်သို့ စေလွှတ် ထားသည်။

ဝန်ကြီးချုပ်ယင်လပ် မြန်မာနိုင်ငံ သွားရောက်ရန်အတွက် ထိုင်းဖက်မှ ကနဦး အဆိုပြုထားသော စက်တင်ဘာ ၁၃-၁၅ကို ရွှေ့ဆိုင်းလိုက်ပြီးနောက် စက်တင်ဘာ ၁၉-၂၁တွင် သွားရောက်ရန် စီစဉ်ထားသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင်တို ဗီချတ်ချိုင်ကူးက တနင်္ဂနွေနေ့တွင် မီဒီယာများကို ပြော ကြားခဲ့သည်။

ဘန်ကောက် အာဏာပိုင်များသည် နေပြည်တော်၏ တုန့်ပြန်ဆက်သွယ်မှုကို စောင့်ဆိုင်းနေဆဲဟု အစိုးရအိမ်တော် သတင်းရပ်ကွက်က ပြောကြား သည်။ ထို့အပြင် အစည်းအဝေး ပြုလုပ်မည့် အဆင့်Levelကို မသတ်မှတ်ရသေးဟု သိရှိရသည်။ လတ်တလောတွင် ဝန်ကြီးချုပ်သည် ထိုင်းနိုင်ငံ၏ အဓိက ခရီးသွားကမ်းခြေ ခရာဘီနှင့် ဖူးခက်တို့တွင် ရေစီမံခန့်ခွဲမှု စနစ်ကို သွားရောက်စစ်ဆေးရန် စီစဉ်ထားပါသည်။

ထားဝယ်စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ ပုဂ္ဂလိက ဆက်ဆံမှုပုံစံမှ အစိုးရ-အစိုးရချင်း ဆက်ဆံမှု ပုံစံသို့ ပြောင်းလဲထားသော ပူးပေါင်းဆောင်ရွက် ရေး နားလည်မှု စာချွန်လွှာကို ထပ်ချပ်မကွာ တွန်းအားပေးရန် ရည်မှန်းထားသော မြန်မာခရီးစဉ်ကို ဝန်ကြီးချုပ်မပါဘဲ ဝန်ကြီးအဆင့်တာဝန် ရှိသူများက ဦးဆောင်ဖွယ် ရှိသည်ဟု ဝန်ကြီးချုပ်၏ ရုံးအဖွဲ့က ပြောကြားသည်။ ယင်းခရီးစဉ်ကို ဝန်ကြီးချုပ်က ဦးဆောင်ရမည်ဟု သဘောတူညီချက်တွင် ဖော်ပြထား ခြင်း မရှိဟုဆိုသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းရပ်ကွက်ကမူ မြန်မာ့ပြည်တွင်းရေး၊ နိုင်ငံရေးပြဿနာများအပေါ် ထိုင်းနိုင်ငံ၏ ရပ်တည်မှုကို နေပြည်တော် က ယုံကြည်မှု ရှိပုံမရသေးဟု ခန့်မှန်းပြောဆိုကြသည်။ ၀န်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗား အစိုးရလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီး ကာစစ်ပီရိုမြက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းကြောင့် ကြားဝင်စွက်ဖက်သည်ဟု ပြစ်တင်စွပ်စွဲခံရ ဖူးသည်။

ထို့အပြင် ဇူလိုင်လ အတွင်းက ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို ယင်လပ်စ်အစိုးရက အားပေးထောက်ခံပုံ ရသည်ဟု ကြားသိရသည်။

မြန်မာ့တပ်မတော် အစိုးရဟောင်းလက်ထက် ၂၀၀၈ခုနှစ်က အီတာလျှံ ထိုင်း ကုမ္ပဏီသို့ ကန်ထရိုက်ချပေးခဲ့သော ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် စက်မှုဇုံ စီမံကိန်းသည် အကြီးစားအဆင့်လွန် စီမံကိန်းဖြစ်၍ စီမံကိန်း တစ်ခုလုံးအတွက် ဒေါ်လာ ၅၈ ဘီလျံထက်မနည်း ကုန်ကျနိုင်ဖွယ် ရှိသောကြောင့် ကန် ထရိုက်တာ အီတာလျံထိုင်း ကုမ္ပဏီ အနေဖြင့် မတည်ရင်းနှီးငွေအတွက် ရုန်းကန်နေရသည်ဟု သိရှိရသည်။

မြန်မာပြည်တွင်းမှ အကဲခတ် လေ့လာသူများကမူ  ထားဝယ်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး အလားအလာ မှေးမှိန်သွားရခြင်း၏ အကြောင်းအရင်းမှာ မြန်မာနိုင်ငံ၏ တံခါးဖွင့် မူဝါဒကြောင့်သာဖြစ်ပြီး မြန်မာအစိုးရသည် တံခါးပိတ်ကာလက အခွင့်ကောင်း ယူခဲ့သူများထက် ပိုမိုလူကြီး လူကောင်း ဆန်ပြီး အရည်အသွေး ပြည့်ဝသော နိုင်ငံတကာ စီးပွားဖက်များနှင့် ပိုမိုဆက်ဆံလိုသည့် ဆန္ဒရှိလာခြင်းကြောင့် ဖြစ်သည်။ ထားဝယ်စီမံကိန်း မရေရာမှုကြောင့် အိမ်မြှောင်အမြီးပြတ် ဖြစ်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြီးခဲ့သော နှစ်လက ဂျပန်နိုင်ငံသို့ သွားရောက် စည်းရုံးခဲ့ပြီး လာမည့် နိုဝင်ဘာ လတွင်လည်း အကြီးအကဲဟောင်း ဦးသန်းရွှေနှင့် ညှိုနှိုင်းရန်အတွက် နေပြည်တော်သို့လာရန် စီစဉ်နေပုံရသည် ဟု မှတ်ချက်ပေးပြောဆိုထားသည်။

------------------------------------------------------------------------------------------------------------------------------

ရေနံဓာတ်ငွေ့များရှာဖွေရန် လေလံပစ်မည်ဟု မြန်မာဆို

(Reuter News မှ 28August 2012ရက်စွဲပါ “Myanmar says to offer oil and gas exploration blocks” သတင်းကိုဘာသာပြန်ဆိုသည်။)

နိုင်ငံတကာ အရေးယူ ဒဏ်ခတ်မှု sanctionများ ဖြေလျော့ပေးထားသည့် မြန်မာနိုင်ငံတွင် မကြာမီ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် တင်ဒါခေါ် တော့မည်ဖြစ်၍ ကမ္ဘာ့အင်အားကြီး ရေနံနှင့်ဓာတ်ငွေ့ ကုမ္ပဏီများက မြန်မာနိုင်ငံသို့ ရေနံနှင့်ဓာတ်ငွေ့ ရှာဖွေရန် ဆန္ဒရှိနေကြသည်ဟု မြန်မာ့စွမ်းအင်ဝန်ကြီး ကပြောကြားသည်။

စီးပွားရေး နိမ့်ကျနေသော မြန်မာနိုင်ငံသည် များစွာလိုအပ်နေသော အခွန်ဝင်ငွေများ တိုးပွားအောင်ကြိုးစားသည့် အနေဖြင့် ကုန်းတွင်းလုပ်ကွက် ၁၀ခုထက်မနည်း၊ ကမ်းလွန်လုပ်ကွက် ၁၀ခုထက်မနည်း တင်ဒါခေါ်ဖွယ်ရှိသည်ဟု ဝန်ကြီးဦးသန်းဋ္ဌေးက အင်တာဗျူးတွင် ပြောကြားခဲသည်။

“အမေရိကန်ပြည်ထောင်စုနဲ့ အနောက်အုပ်စု ကsanction တွေဖြေလျှော့ပေးပြီးတဲ့ နောက်ပိုင်းမှာ အင်အားကြီး ရေနံကုမ္ပဏီကြီးတေ စိတ်ဝင်စား လာကြ ပါတယ်။ ဝန်ကြီးဌာနကို နေ့စဉ်လာရောက်ပြီး သူတို့ပါဝင် လုပ်ကိုင်နိုင်မည့် အနေအထားကို ဆွေးနွေးနေကြပါတယ်။ Shell,BGအပါအဝင် ကုမ္ပဏီ ကြီးတွေ အများကြီး လာနေကြပါပြီ”ဟု ဝန်ကြီးက ဆိုပါသည်။

ဝန်ကြီး၏ မှတ်ချက်များက လာမည့်လေလံပွဲ ၏ပမာဏနှင့် စိတ်ဝင်စားမှု အတိုင်းအတာကို အနီးစပ်ဆုံး ဖော်ကျူးလိုက်ခြင်းပင်ဖြစ်သည် ဝါရှင်တန် က Sanctionများဖြေလျှော့ပေးပြီးနောက် မြန်မာနိုင်ငံတွင် ကျင်းပမည့် လေလံပွဲတွင် အမေရိကန် ရေနံကုမ္ပဏီကြီး များသည် ၁၅နှစ်အတွင်း ပထမဆုံး ပါဝင်ခွင့်ရမည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။

ကမ္ဘာရှေးဦး ရေနံထုတ်လုပ်သူ များထဲတွင် ပါဝင်သော မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အလွန်အရပ်ဖက် အစိုးရသစ် လက်ထက်တွင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာကိုဖြေလျှော့ပေးခြင်း ၊ဆန္ဒပြပွဲများကို ခွင့်ပြုခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် စေ့စပ်ခြင်း၊တို့ကို ဆက်တိုက်ပြုလုပ် ကာအမြန်ဆုံးနှုန်းဖြင့် တံခါးဖွင့် လျက်ရှိသည်။

ထို့ပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ပေးကာ လွှတ်တော်သို့ ဝင်ခွင့်ပေးခဲ့သည်။ အနောက် အုပ်စုနိုင်ငံများကလည်း sanctionများ ဖြေလျှော့ပေးခြင်းအားဖြင့် အသိအမှတ်ပြု တုန့်ပြန်ကာ  ဗိုလ်ချုပ်ကြီးဟောင်း တစ်ဖြစ်လဲ သမ္မတ ဦးသိန်း စိန် အစိုးရ၏ အာဏာရှင်စနစ် ဆက်လက်ဖျက်သိမ်းရေး ဆောင်ရွက်ချက်များကို အားပေးပံ့ပိုးကြရန် မျှော်လင့်နေကြပြီ။

မြန်မာအစိုးရသစ်ကလည်း ၎င်း၏နံပါတ်တစ် ငွေဝင်လမ်း ဖြစ်သော ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍမှ အခွန်ဝင်ငွေ အမြင့်ဆုံး ရရှိအောင် ကြိုးပမ်းအား ထုတ်နေသည်။

သို့သော် ကမ္ဘာကျော် မြန်မာ့နိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ ရေနံ ကုမ္ပဏီကြီးများ အား “ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှုမရှိသော အစိုးရပိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGEနှင့်လွန်အကျွံ ပူးကပ်လုပ်ကိုင်ခြင်း မပြုကြရန်” သတိပေး တားမြစ်ထားသည်။

ပွင့်လင်းမြင်သာမှုမရှိဟူသော ဝေဖန်မှုကို ဦးသန်းဌေး ကငြင်းပယ်သည်။ သို့သော် ယခုနှစ် လာမည့်လေလံ ပွဲတိုင်မီ လုပ်ထုံးလုပ်နည်းများ ပြင်ဆင် သွားမည်ဟု သူကကတိပေးသည်။

မနှစ်ကလေလံပွဲတွင် အနောက်အုပ်စုကုမ္ပဏီကြီးများသိသိသာသာ ပျောက်နေခဲ့ပြီးနောက် “ယခုနှစ် လေလံမတိုင်မီ စိတ်ဝင်စားသော အုပ်စုများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် သက်ဆိုင်ရာပညာရှင်များ ကိုခေါ်ယူ စည်းဝေးကာစည်းမျဉ်းစည်းကမ်းများ ရှင်းလင်ထုတ်ပြန်မည်” ဟုဆိုသည်။

“သူတို့ရဲ့ အယူအဆတွေ အကြံဥာဏ်တွေကို ကျွန်တော်တို့ နားထောင်မယ်။ ဒီအစည်းအဝေး ကျင်းပပြီးမှ လာမယ့်တင်ဒါပွဲ ဘယ်လိုကျင်းပ သွားမယ်ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်မယ်။ ဒါပေမယ့် အချိန်များများမယူပါဘူး” ဟုဦးသန်းဌေးက ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံသည် ကမ္ဘာရေနံ ထုတ်လုပ်မှု အဆင့်၃၆တွင် ရပ်တည်ကာ အလယ်အလတ် ထုတ်လုပ်သော နိုင်ငံတစ်ခု ဖြစ်သော်လည်း စစ်အုပ်ချုပ်ရေးကာလတစ်လျှောက် ရှာဖွေမှုမရှိခဲ့သောကြောင့် ဆွဲဆောင်အားကောင်း သောရင်းနှီးမြှုပ်နှံမှု ပစ်မှတ်တစ်ခုဖြစ်နေသည်။

အနောက်အုပ်စု အစိုးရများကလည်း ရေနံကုမ္ပဏီများ၏ လုပ်ငန်းကို မြန်မာ့အသွင်ကူးပြောင်းမှု ရှားရှားပါးပါး အောင်မြင်နေခြင်း အတွက် ဆုလာဒ်တစ်ခုအဖြစ် မြင်တွေ့လိုကြသည်။

မြန်မာ့စွမ်းအင်ဝန်ကြီးက ရေနံနှင့်ဓာတ်ငွေ့ နယ်ပယ်သည် နည်းပညာနှင့် အရင်းအနှီး လိုအပ်သောနယ်ပယ် ဖြစ်သောကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေ သော မြန်မာနိုင်ငံ အနေဖြင့်  နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ၏ ပူးပေါင်းရင်းနှီးမြှုပ်နှံမှုကို အသေအချာ လိုအပ်သည်ဟု ပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------------------

ဒုက္ခသည်များအား အတင်းပြန်ပို့သည့် ကိစ္စကို တရုတ်ငြင်းဆန်

(The New York Times မှ 25 Aug 2012 ရက်စွဲပါ “ Chinese deny forcing refugees to Burma” သတင်းကို ဘာသာပြန်ဆိုသည်။)

ကချင်ဒုက္ခသည်များအား မြန်မာနိုင်ငံ တိုက်ပွဲဇုံသို့ တရုတ်နိုင်ငံက အတင်းပြန်ပို့ နေသည်ဟူသော လူ့အခွင့်အရေး အုပ်စုများ၏ အစီရင်ခံစာများကို တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ကန့်ကွက် ငြင်းဆိုလိုက်ပြီး သူတို့ဆန္ဒအလျောက် အိမ်ပြန်ကြခြင်းသာ ဖြစ်သည်ဟု ပြောဆိုလိုက်ပါသည်။

နယူးယောက်တိုင်း သတင်းစာ၏ သောကြာနေ့က သတင်းဆောင်းပါးကို တုန့်ပြန်သည့် အနေဖြင့် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ပေး ပို့သော ကြေငြာချက်တွင် မြန်မာ့တပ်မတော်နှင့် KIAတပ်အကြား တိုက်ခိုက်မှု အရှိန်လျှော့ သွားခြင်းကြောင့် ကချင်ဒုက္ခသည်များ အိမ်ပြန်ကြခြင်း ဖြစ်သည် ဟု ဖော်ပြထားခြင်းသည် တိုက်ပွဲများပိုမို ပြင်းထန်နေသည်ဟူသော ဒေသခံများ၏ သတင်းပေးပို့ချက်များနှင့် ကွဲလွဲနေပါသည်။

ထို့အပြင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆက်လက်၍ တရုတ်နိုင်ငံဖက်သို့ ယခုတလော ရောက်ရှိလာကြသော ကချင်များသည် ဒုက္ခသည်များ မဟုတ်ကြောင်း၊ အချို့သည် နေ့ခင်းဖက်တွင် မြန်မာနိုင်ငံဖက်သို့ သွားရောက် အလုပ်လုပ်ပြိး ညဖက်တွင် တရုတ်နိုင်ငံဖက်သို့ ပြန်လာခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် လူသားချင်း ဂရုဏာထားသော စိတ်ဓာတ်ဖြင့် အဆိုပါ မြန်မာနယ်စပ်မှ ဒေသခံများအား လူသားရင်းမြစ်၊ ပိုက်ဆံနှင့် အခြားပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာအစိုးရ တပ်ဖွဲ့နှင့် ကချင်တပ်အကြား ၁၇နှစ်ကြာ အပစ်ရပ်စဲထားမှု ၂၀၁၁ဇွန်လတွင် ပျက်ပြားသွားပြီး နောက်ပိုင်း ကချင်ပြည်နယ်နှင့် နယ်စပ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖက်သို့ ကချင်စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပြေးခိုလှုံခဲ့ကြသည်။

တရုတ်အာဏာပိုင်များက ကချင်ဒုက္ခသည်များကို အတင်းပြန်ပို့နေသည်ဟူသော စွပ်စွဲမှုများအပေါ် မှတ်ချက်ပေးရန် နယူးယောက်တိုင်း သတင်း စာက တောင်းဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၏  ကြေငြာချက်ထွက်ပေါ် လာခြင်းဖြစ်သည်။ တရုတ်ဝန်ကြီးဌာနက အစ ပိုင်းတွင်မူ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ကြာသာပတေးနေ့က ထုတ်ပြန်သော Human Rights Watch၏ အစီရင်ခံစာတွင် ကချင်ဒုက္ခသည် ၁၀၀၀ခန့်ကို အတင်းပြန်ပို့ပြီး ဖြစ်ကြောင်း၊ သီတင်းပတ်ကုန်ရက်တွင် နောက်ထပ် ၄၀၀၀ခန့်ပြန်ပို့ရန် စီစဉ်နေကြာင်း ဖေါ်ပြထားသည်။ ဇွန်လက HRWအစီရင်ခံစာ တစ်စောင်တွင် တရုတ်နိုင်ငံရောက် ကချင်ဒုက္ခသည် အရေအတွက် ၇၀၀၀မှ၁၀၀၀၀အကြား ရှိသည်ဟု ခန့်မှန်းထားသည်။

HRW ၏ ယခုနောက်ဆုံး အစီအရင်ခံစာတွင်  တရုတ်အာဏာပိုင်များသည် ကချင်ဒုက္ခသည်များကို ယခင်ကတည်းက အတင်းအကျပ် ပြန်ပို့ခဲ့ ကြောင်း၊ သို့သော် ပြီးခဲ့သော သီတင်းပတ်ကုန်ရက်များတွင်မူ အရေအတွက်များစွာကို စနစ်တကျ အတင်းပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ဖော် တင်ပြထား သည်။

-----------------------------------------------------------------------------------------------------------------------------

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအမတ် လေးနိုင်ငံခရီးစဉ်ထွက်မည်

(3 September 2012 ရက်စွဲပါ “Xinhua မှ Chinese top Legislator to visit four countries” ကို ဘာသာပြန်ပါသည်။)

တရုတ်နိုင်ငံ၏ အမျိုးသား ပြည်သူ့ကွန်ဂရက်၏ Standing Committeeဥက္ကဌ Wu Bangguoသည် စက်တင်ဘာ(၉)ရက်မှ (၂၃)ရက်နေ့ထိ အီရန်၊ မြန်မာ၊ သီရိလင်္ကာနှင့် ဖီဂျီနိုင်ငံတို့သို့ တရားဝင် သွားရောက်လည်ပတ်ရန် စီစဉ်ထားပါသည်။

Mr.Wuကို အီရန်၏ Majlis ဥက္ကဌ Ali Larijani ၊ မြန်မာနိုင်ငံ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ သီရိလင်္ကာ ပါလီမန်ဥက္ကဌ Chamal Rajapaksa နှင့် ဖီဂျီဝန်ကြီးချုပ် Josala Vorege Bainimaramaတို့က ဖိတ်ကြားခဲ့ပါသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၎.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လွှတ်တော်အမတ်များ လေ့လာထားသင့်သည့် နယ်ပယ်၁၀ခု

*****************************************

ဆောင်းပါးကဏ္ဍ

လွှတ်တော်အမတ်များ လေ့လာထားသင့်သည့် နယ်ပယ်၁၀ခု

ကြည်သာထွန်း

(စက်တင်ဘာ ၄ရက်ထုတ် Messenger ဂျာနယ် အတွဲ (၃) အမှတ် (၁၅)မှ ထုတ်ယူဖော်ပြချက်။)

ငါးနှစ်မျှပင်သက်တမ်းမရှိသေးသော မြန်မာ့လွှတ်တော်နိုင်ငံရေးကို ရှုထောင့်အမျိုးမျိုးမှ အဓိပ္ပါယ်ဖွင့်ဆိုမှုများ လေ့လာသုံးသပ်မှုများ ပြုလုပ် ထားကြပါတယ်။ စစ်ဖက်၊အရပ်ဖက်၊ ဒိုင်ယာလော့ခ်ဆက်ဆံရေးကို စတင် အုတ်မြစ်ချနိုင်သောနေရာ။ အမျိုးသာပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများ ကို ဆောင်ရွက်နိုင်သော နေရာ၊ တိုင်းရင်းသားအရေးကိစ္စများကို ပြောဆိုဆွေးနွေးနိုင်သော နေရာစသဖြင့် ပြောဆိုချက်များကို ခြုံကြည့်လိုက်လျှင် ယနေ့ မြန်မာ့လွှတ်တော်ကို အနာဂတ်အတွက် မျှော်လင့်အားထားနိုင်စရာ နေရာတစ်ခုအဖြစ် ယူဆထားကြပါတယ်။

ဆယ်စုနှစ်ခြောက်ခုနီးပါးကြာ ဒီမိုကရေစီသားဆက်ခြားခံရသော နိုင်ငံတွင် ဒီမိုကရေစီပြန်လည်မွေးဖွား အမြစ်တွယ်လာစေနိုင်သော နေရာဟူ ၍။ ဒါပေမယ့် လွှတ်တော်အမတ်များ၏ အရည်အချင်းတွေက ကြုံလှီအား နည်းနေမယ်ဆိုရင်တော့ ရွှေပြည်တော် မျှော်တိုင်းဝေးဆိုတဲ့ အဖြစ်ကို ရောက် နေဦးမှာပါ။

လွှတ်တော်အမတ်တစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဋ္ဌာန်းထားထားပါတယ်။ ဒါပေ မယ့် အဲဒီအရည်အချင်းသတ်မှတ်ချက်တွေက ယေဘုယျသဘောသာဖြစ်ပြီး မပြည့်စုံသေးကြောင်း ယနေ့လွှတ်တော်ထဲတွင် ရောက်နေသော လွှတ် တော်အမတ်များ၏ စွမ်းဆောင်ချက်က သက်သေခံနေပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် အခြားလုပ်ထုံးလုပ်နည်းများထဲတွင် သတ်မှတ် ပြဋ္ဌာန်းထားသော အရည်အချင်းသတ်မှတ်ချက်များအပြင် လွှတ်တော်အမတ်များမှာ တစ်ခြားသော ကျွမ်းကျင်တတ်မြောက်မှုများကိုလည်း လိုအပ်နေ သေးတယ်ဆိုတာ ထင်ရှားပါတယ်။

အကြောင်းကိစ္စ ၁၀ခု

နိုင်ငံရေးကို စိတ်ဝင်စားသူတစ်ယောက် လေ့လာထားသင့်တဲ့ နယ်ပယ် ၁၀ခုရှိတယ်လို့ ကျွမ်းကျင်သူပညာရှင်တွေက သဘောတူ လက်ခံထား ကြပါတယ်။ နိုင်ငံရေးကို စိတ်ဝင်စားသူများပင် လေ့လာထားသင့်သည့် နယ်ပယ်များအဖြစ် လွှတ်တော်အမတ်များအဖို့ဆိုလျှင် ထိုနယ်ပယ်များတွင် အတော်အတန် တီးမိခေါက်မိ ရှိထားဖို့လိုသည်ကား အမှန်ပင်။ သို့မှသာ သူတို့ကို မဲပေးလိုက်သော မဲဆန္ဒရှင်တွေရဲ့မျှော်လင့်ချက်များ ပြည့်ဝနိုင်မှာပါ။ ထိုသို့လေ့လာထားသင့်သည့် အကြောင်းအရာများကား-

(၁)သမိုင်း

မိမိနိုင်ငံရဲ့ ရပ်တည်ချက်အနေအထားကို မှန်မှန်ကန်ကန်သိနိုင်ဖို့ နိုင်ငံတကာ အရေးကိစ္စများကို နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ အဲဒီလို နိုင်ငံတကာအရေးအရာများကို နားလည်နိုင်ဖို့ အဆိုပါဖြစ်ရပ်များ မြစ်ဖျားခံရာသမိုင်းကို လေ့လာထားဖို့ လိုပါတယ်။ သမိုင်းကြောင်းနောက်ခံကို နားမလည်ဘဲ နိုင်ငံတကာအရေးကိစ္စများကို လေ့လာဖို့ကြိုးစားတာက အချိုမှုန့်နဲ့ဆားကို ခွဲခြားမသိတဲ့ ဟင်းချက်သူတစ်ယောက်နဲ့ သွားတူနေမှာပါ။ သမိုင်းဆိုတာ ကိုယ်လေ့လာထားတဲ့ သီအိုရီတွေ အိုင်ဒီယာတွေ မှန်မမှန်ကို လေ့လာစမ်းသပ်နိုင်တဲ့ ‘ခွင်’ လည်းဖြစ်သလို ကိုယ်နဲ့မတူတဲ့အခြားသူတွေ လက်ရှိ အနေအထားကို ဘယ်လိုရောက်ခဲ့ကြသလဲဆိုတာနဲ့ တခြားသူတွေ ကိုယ့်ကို ဘယ်လို သဘောထားကြလဲဆိုတာကိုလည်း ပြောပြနိုင်မှာပါ။ သမိုင်းမှာ ပေါ်ထွန်းဖူးတဲ့ အော်တိုမန်အင်ပါယာအကြောင်း၊ အဆိုပါဒေသရဲ့ကိုလိုနီဖြတ်သန်းမှုသမိုင်းကြောင်း၊ အစ္စလာမ်ဘာသာတရားရဲ့ အခန်းကဏ္ဍ၊ ဥရောပမှာ ပေါ်ထွက်လာတဲ့ ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှု၊ အစ္စရေးတို့ရဲ့ ဇီယွန်ဝါဒအကြောင်းနဲ့ အဆိုပါဒေသရဲ့ စစ်အေးခေတ်ဖြတ်သန်းမှုသမိုင်းကြောင်း၊ ကိုမလေ့လာဖူးရင် ယနေ့ လက်ရှိ အရှေ့အလယ်ပိုင်းအခြေအနေကို သဘောမပေါက်နိုင်ပါ။ တရုတ်၊ ဗီယက်နမ်၊ ကိုးရီးယား၊ ဂျပန်၊ ပထန်၊ ဟိန္ဒူ၊ မူဆ လင်တွေနဲ့ တခြားအာရှတိုက်သားတွေကြား ရှေးဦးမဆွကတည်းက ရှိထားဖူးတဲ့ ကူးလူးဆက်ဆံမှုတွေအကြောင်းကို မလေ့လာဘူးရင် မျက်မှောက်ခေတ် အာရှပစိဖိတ်အရှုပ်အထွေးတွေကို ဖမ်းဆုပ်နိုင်မည်မဟုတ်ပါ။ ဒါ့အပြင် အခြားနိုင်ငံသားများက မိမိနိုင်ငံအပေါ် `ရှုမြင်တတ်ကြပုံကို သိထားဖို့ကလည်း အ ရေးကြီးပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားသားပညာရှင်များရေးတဲ့ မိမိနိုင်ငံအကြောင်း စာအုပ်တွေကိုလည်း ဖတ်ထားဖို့လိုပါတယ်။

(၂)စာရင်းဇယား

လွှတ်တော်အမတ် ဒါမှမဟုတ် နိုင်ငံရေးသမားဆိုတာ စာရင်းကိုင်တစ်ယောက်မဟုတ်ပေမယ့် စာရင်းအင်းပညာနဲ့ ပတ်သက်ပြီး အခြေခံ လောက်ကိုတော့ သိထားရင် အကောင်းဆုံးပါ။ မူဝါဒရေးရာ ဆွေးနွေးပွဲတွေမှာ ကိန်းဂဏန်းတွေ စာရင်းဇယားတွေနဲ့ ကိုင်ပေါက်ပြောတတ်ကြတာမို့ အဲဒီ ပညာရပ်တွေနဲ့ပတ်သက်ပြီး အခြေခံလောက်ကို နားလည်မထားရင် တစ်ဖက်လူသွင်းလာတဲ့ မမှန်မကန် အချက်အလက်တွေအောက်မှာ အရေးနိမ့်ပြီး ပါးစပ်ပိတ်သွားရနိုင်ပါတယ်။

(၃)နိုင်ငံခြားဘာသာစကား

နိုင်ငံခြားဘာသာစကားကို တတ်မြောက်ထားဖို့ လိုတယ်ဆိုတာ ဒီနေ့ခေတ်မှာ ပြောနေစရာပင်မလိုတော့ပ။ အထူးသဖြင့် အင်္ဂလိပ်စာပင်။ အင်္ဂလိပ်စာကို တတ်မြောက်ထားမှသာ ပညာရပ်အသီးသီးကို မိမိကိုယ်တိုင် လေ့လာနေပြီး ခေတ်ကာလအမျိုးမျိုးနဲ့ နေရာဒေသအသီးသီးကို ခြေစင်္ကြာ ဖြန့်ကြက်နိုင်မှာဖြစ်ပါတယ်။

(၄)စီးပွားရေးပညာရပ်

စီးပွားရေးပညာရပ်က တိုင်းပြည်ရဲ့ ဒဏ်ရာတွေ အားလုံးကိုတော့မကုစားပေးနိုင်ပါ။ ဒါပေမယ့် နိုင်ငံတကာ ဘဏ္ဍာရေးလောက ကုန်သွယ်ရေး လောကနဲ့ စီးပွားရေးလောကကို ဘယ်လိုအခြေခံစည်းမျဉ်းတွေနဲ့ လည်ပတ်နေလဲဆိုတာ မသိပြန်ရင်လည်း မျက်မှောက်ကမ္ဘာ့အခင်းအကျင်းတွေကို နားမလည်နိုင်သေးပါ။ စီးပွားရေးပညာရပ်ရဲ့ တစ်ချို့နည်းနာတွေ (ဥပမာ-ဂိမ်းသီအိုရီ) က မဟာဗျူဟာဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အမှန်တကယ်ပဲ အသုံးဝင်လှပါတယ်။ အလွန်အကျွံ အသုံးမချမိဖို့သာ လိုပါတယ်။ အလွန်အကျွံ အသုံးမချမိဖို့သာ လိုပါတယ်။ ကမ္ဘာကျော်စီးပွားရေး ပညာရပ်သတင်းစာ ကြီး ဝေါလ်စထရိ Wall Street မှာပါဝင်တဲ့ သဘောထားအမြင်ဆောင်းပါးတွေကို ဖတ်နိုင်တယ်ဆိုရင် လွှတ်တော်အမတ်တစ်ယောက်အတွက် အင်္ဂလိပ် စာနဲ့ စီးပွားရေးပညာရပ်အခြေခံတွေက အတော်အသင့် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

(၅) နိုင်ငံတကာဥပဒေ

အရှေ့အလယ်ပိုင်းဒေသမှာ ဆီးရီးယားနိုင်ငံရေးကိစ္စနဲ့ အာရှတိုက်မှာ တောင်တရုတ်ပင်လယ်လို အရေးအခင်းတွေက နိုင်ငံတကာဥပဒေ ဆိုတာကို မထေမဲ့မြင်နဲ့ ပြက်ရယ်ပြုနေသလိုပင်။ ဒါပေမဲ့ နိုင်ငံတွေအများစုနဲ့ တခြားနိုင်ငံတကာအဆင့် လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေကတော့ နိုင်ငံတကာဥပဒေကို ယနေ့အချိန်အထိ ကိုင်စွဲထားတုန်း ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံတကာဥပဒေတွေကို လက်ကိုင်ပြုအသုံးချပြီး အမျိုးသားအကျိုးစီးပွား တွေကို ဖော်ဆောင်နေတုန်းလဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကဥပဒေတွေနဲ့ ပတ်သက်ပြီး အကြမ်းဖျင်းလောက်ကို နားလည်ထားဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာဥပဒေတွေကို ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သိထားဖို့လိုတဲ့အပြင် နိုင်ငံတကာဥပဒေတွေကို ကျော်ပြီး ဘာတွေကို လုပ်လို့ရတယ်၊ ဘာတွေ လုပ်လို့မရဘူုးဆိုတာ သိထားရင်တော့ အကောင်းဆုံးပါ။

(၆)ပထဝီ

`၂၁ရာစုမှာ ကမ္ဘာကြီးက နယ်နိမိတ်တွေ ပျောက်ကွယ်ပြီး ‘ပြား’သွားပြီဆိုတဲ့ ပြောဆိုသံတွေ ကျယ်ကျယ်လောင်လောင် ကြားလာနေရပေမယ့် ဒေသအလိုက် နိုင်ငံတွေအလိုက် ပထဝီအခြေအနေ ကွာခြားချက်တွေကတော့ ကြီးကြီးမားမား ရှိနေဆဲပါ။ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတကာအရေးအခင်း တွေမှာ ပထဝီအနေအထားက အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေဆဲဖြစ်ပြီး သက်ဆိုင်ရာဒေတွေရဲ့ ပထဝီအနေအထား အသေးစိတ်တွေကို နားမလည် ထားရင် လည်းပြဿနာတွေရဲ့ အခြေခံဇာစ်မြစ်ကို နားမလည်နိုင်သေးပါ။ တောင်တရုတ်ပင်လယ်၊ အနောက်ဘက်ကမ်းခြေဒေသ၊ အတိတ်စက်ဝိုင်းဒေ သကို ရောက်နိုင်မယ့်လမ်းကြောင်း၊ သစ်များ စသဖြင့် ကမ္ဘာ့သတင်း စာမျက်နှာတွေထက်မှာ နေရာယူထားတဲ့ ဒေသတွေကလည်း အများအပြားပင်။

(၇)ယဉ်ကျေးမှုကိစ္စ

အခြား တိုင်းရင်းသားလူမျိုးတွေရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို နားလည်ဖို့ဆိုတာကလည်း လွှတ်တော်အမတ်တစ်ယောက်အတွက် အရေးကြီးပါတယ်။ စာပေ၊ တေးဂီတနဲ့ သုခုမပညာရပ်မှာ လူမျိုးတစ်မျိုးရဲ့ ဝိညာဉ်တွေ ကိန်းဝပ်နေတာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်တွေ ပေါ်ထွန်း လာအောင်လည်း သက်ဆိုင်ရာလူမျိုးရဲ့ အနုပညာလက်ရာတွေက စေဆော်ပေးနိုင်ပါတယ်။

(၈)ဆက်သွယ်ရေးပညာ

လွှတ်တော်အမတ်တွေက မည်သည့်နယ်ပယ်အကြောင်းအရာကို အထူးပြု ဆောင်ရွက်နိုင်သည်ဖြစ်စေ မိမိနဲ့ သက်ဆိုင်ရာဘာသာရပ်နဲ့ ပတ် သက်ပြီး လျင်လျင်မြန်မြန် ရှင်းရှင်းလင်းလင်း ရေးသားတင်ပြနိုင်တာက မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်တယ်။ လွတ်တော်အမတ် ဆိုတာ ပရောဖက်ရှင်နယ် စာရေးဆရာတစ်ယောက်လို အဖွဲ့အနွဲ့ကောင်းဖို့မလိုအပ်ပါ။ ဒါပေမယ့် စာရွက်လွတ်တွေမြင်ရရင် ဝင်လာတတ်တဲ့ ကြောက် စိတ်ကို ဖျောက်ဖျက်နိုင်ပြီး ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေ အတွေးအခေါ် အယူအဆတွေကို ကျစ်ကျစ်လစ်လစ်နဲ့ ကျကျနန တင်ပြနိုင်ရင် ကိုယ့်ရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းအားတွေက အဆအများကြီး တိုးပွားသွားနိုင်ပါတယ်။

တစ်ဖက်လူ နှစ်သက်နားဝင်လက်ခံလာအောင် ပြောနိုင်၊ ဆိုနိုင်၊ စည်းရုံးနိုင်တာကလည်း ရှိသင့်ရှိထိုက်တဲ့ ရည်အချင်းတစ်ခုပါ။ အဖိုးလည်း မဖြတ်နိုင်တဲ့ လက်နက်ကိရိယာဖြစ်ပါတယ်။ နှုတ်မှုရေးရာကျွမ်းကျင်မှုဆိုတာ လူတွေကို လက်ချာပေး၊ အခမ်းအနားမှ မိန့်ခွန်းတွေပြောတဲ့နေရာမှာသာ သက်ဆိုင်တာမဟုတ်ပါ။ ကိုယ်က အစီရင်ခံရတဲ့အနေအထားကို ရောက်သွားရင် ငါးမိနစ် ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ အချိန်အတွင်းမှာ လိုရင်းကို ထိ ထိမိမိ ပြောဆိုတင်ပြနိုင်ဖို့၊ ကိုယ်က တစ်ဖက်လူကို မေးမြန်းစစ်ဆေးရပြီဆိုရင်လည်း ချက်ကျလက်ကျ မေးနိုင်ဖို့ဆိုတာကလည်း အရေးကြီးတာပါပဲ။ ဆောက်နဲ့ထွင်းဖောက်သလို လိုရာကိုရောက်နိုင်တဲ့ မေးခွန်းတွေမေးနိုင်တဲ့ လွှတ်တော်အမတ်တွေက သိသိသာသာကြီး နည်းပါသေးတယ်။ စကားပြော ကောင်းအောင်၊ နေရာကျတဲ့မေးခွန်းတွေ မေးတတ်အောင် လေ့ကျင့်လို့ရနိုင်ပြီး အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ရင် အိုင်ကျူအမှတ်တွေက ၁၀ ကနေ ၂၀ဆလာက်အထိ တိုးသွားသလို ခရီးရောက်နိုင်ပါတယ်။

(၉)သိပ္ပံပညာရပ်

မည်သူမဆို သိပ္ပံပညာရပ်ကို အနည်းနဲ့အများတော့ အထက်တန်းကျောင်းသားဘဝမှာ သင်ယူဖူးကြပြီး တစ်ချို့ကတော့ တက္ကသိုလ်ရောက်တဲ့ အထိ ဆက်လက်သင်ကြားကြပါတယ်။ သိပ္ပံပညာရပ်ဆိုတာ နိုင်ငံရေးနှင့် တိုက်ရိုက် မသက်ဆိုင်လှပေမယ့် နိုင်ငံတကာအရေးအခင်းတွေ တော်တော် များများမှာတော့ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေပါတယ်။ အင်တာနက်လုံခြုံရေး၊ ကမ္ဘာရာသီဥတုပြောင်းလဲမှု ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားပြဿနာတွေ အများမပြားမှာ သိပ္ပံပညာက အဓိကနေရာက ရှိနေပါတယ်။ သိပ္ပံပညာနဲ့ ပတ်သက်ပြီး အခြေခံ ဗဟုသု တလောက်တောင်မှ ရှိမထားရင် အဆိုပါပြဿနာတွေရဲ့ အဖြေနဲ့ ဝေးနေဦးမှာပါ။

(၁၀)ကျင့်ဝတ်မှန်ကန်စေဖို့

လွှတ်တော်အမတ်တစ်ယောက်မှာ မှန်ကန်တဲ့ ကျင့်ဝတ်ရပ်တည်ချက်မရှိဘဲ အထက်ဖော်ပြပါနယ်ပယ်တွေမှာ နှံ့စပ်ကျွမ်းကျင် တတ်မြောက် ထားမယ်ဆို မြင်းကို ချိုတပ်ပေးနေသလို ဖြစ်နေပါလိမ့်မယ်။ လွှတ်တော်ထဲမှာ အကြောင်းအရာတစ်ခုခုနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုယ့်အမြင် သူ့အကျိုး စီးပွား ကိုယ့်အကျိုးစီးပွား ဆွေးနွေးကြတဲ့ခါ တစ်ဖက်လူတွေရဲ့ စိတ်ကူးဆန္ဒတွေကို သိလာရသလို ကိုယ့်ရဲ့ ရပ်တည်ချက်ကလည်း ထင်ရှားပေါ်လွင် လာနိုင်မှာပါ။ လွှတ်တော်ထဲမှာ ပြဿနာအများစုကို ဖြေရှင်းကိုင်တွယ်တဲ့အခါ ရလဒ်သုညနည်းလမ်းနဲ့ ဖြေရှင်းလို့မရနိုင်ဘဲ စေ့စပ်ညှိနှိုင်းတဲ့နည်းကသာ အထိရောက်ဆုံးဖြစ်မှာပါ။ အဲဒီလိုစေ့စပ်ဖြေရှင်းတဲ့အခါ ပြန်ဆုတ်လို့မရနိုင်မယ့် နောက်ဆုံးအထိ တောင့်ခံထားရမဲ့ ကျင့်ဝတ်စည်းမျဉ်းတွေက ဘာဖြစ် မလဲ၊ ဘယ်လောက် အတိုင်းအတာအထိ အလျော်အစားလုပ်လို့ရသလဲဆိုတာတွေကို လွှတ်တော်အမတ်တွေက သေချာသိထားဖို့ လိုပါတယ်။

အခုဖော်ပြထားတဲ့ အကြောင်းကိစ္စ ၁၀ခုမှာ ရေလည်နှံ့စပ်ရင် လွှတ်တော်အမတ်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ပြီးပြည့်စုံ ပြီဟု မဆိုလိုပါ။ နယ်ပယ်အကြောင်းအရာတွေ တဖြည်းဖြည်း ကျယ်ပြန့်များပြားလာနေတဲ့ ကမ္ဘာကြီးမှာ အသိပညာ၊ အတတ်ပညာဆိုတာကလည်း ပြည့်စုံလုံလောက်တယ်ရယ်လို့ မရှိပါ။ တခြားဖြည့်ဆည်းစရာ လေ့လာဆည်းပူးစရာ တတ်ကျွမ်းမှုတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် နှစ်နှစ်သား လောက်သာ သက်တမ်းရှိသေးတဲ့ လွှတ်တော်ကို တက်ရောက်နေတဲ့ လွှတ်တော်အမတ်တွေအတွက် အခြေခံလိုအပ်ချက်တွေကို အကြံပြု တင်ပြထား ခြင်းမျှသာ ဖြစ်ပါတယ်။ ဒါမှသာ လွှတ်တော်အစည်းအဝေးတွေက မဲဆန္ဒရှင်တွေရဲ့ မျှော်လင့်ချက်အချို့ကိုမဟုတ်ရင်တောင် တစ်ချို့တစ်ဝက်လောက်ကို ဖြည်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

(ကိုးကား။ ။ Top ten things that would be foreign policy wonks should study by Stephen M.Walt)

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive