Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၇.၇.၂၀၁၁

 

ဘာသာပြန်သတင်းများ

မြန်မာအစိုးရက ပတ်ဝန်းကျင်ရင်းမြစ်ကို အလွဲသုံးစားလုပ်ခြင်းဖြင့် ပြည်သူတို့အသက်မွေးဝမ်းကျောင်းမှုကို ဖျက်ဆီးကာ ပြည်တွင်းစစ် မီးမွှေး

(Alert Net မှ 26 July 2011 ရက်စွဲပါ “Myanmar’s abuse of environmental destroys livelihoods, fuels conflicts” ကို ဘာသာပြန်ဆိုသည်)

နိုင်ငံ၏ သဘာဝ ဂေဟစနစ်များကို မြန်မာအစိုးရက အသုံးချ၊ အလွဲသုံးစား အမြတ်ထုတ်နေခြင်းသည် သဘာဝ ပတ်ဝန်းကျင်နှင့် သက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ဖျက်ဆီးနေသည့်အပြင် ပြည်တွင်းစစ်ပဋိပက္ခကို မီးမွှေးနေသည်ဟု ပြည်ပရောက်အုပ်စုများသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

Burma’s Environment: Peolple, Problems, Policies အစီရင်ခံစာက “မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် သည် တာဝန်ယူခြင်းမရှိသော ရေလှောင်တမံကြီးများ တည်ဆောက်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်း၊ စည်းမဲ့ကမ်းမဲ့ ဓာတ်သတ္တု တူးဖော်ခြင်း၊ သစ်တောအပြောင် ရှင်းခြင်း၊ လယ်ယာကဏ္ဍကြီးမားစွာ ကျဆင်းနေခြင်း၊ တရားမဝင်တောရိုင်းတိရစ္တာန်ရောင်းဝယ်ခြင်း တို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည်” ဟု ဆိုထားသည်။

ဒေသခံတိုင်းရင်းသား နေထိုင်သူများကို အိုးမဲ့အိမ်မဲ့ ဖြစ်စေသည့် အကြီးစား အခြေခံအဆောက်အဦများ စီမံကိန်းများကို လူသိရှင်ကြား တည် ဆောက်မှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်များမှာ ပွင့်လင်းမြင်သာမှု အနည်းငယ်သာ ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သည့် ယင်းဖွံ့ဖြိုးရေး စီမံကိန်း များသည် ဒေသတွင်း စစ်အင်အား ချဲ့ထွင်မှုကို ကြီးထွားလာစေသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

ယင်းသို့ သဘာဝ သယံဇာတများကို လက်ဝါးကြီးအုပ်ထိန်းချုပ်မှုကို တိုင်းပြည်၏ စီးပွားရေး အသက်သွေးကြော သဘာဝရင်းမြစ်များ အများစု တည်ရှိနေသည့် တိုင်းရင်းသားဒေသများတွင် စစ်မက်ပဋိပက္ခဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု အစီရင်ခံစာတွင် သုံးသပ်ပြထားသည်။

“ကချင်ပြည်နယ်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ကိစ္စဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မြင့်မားလာမှုကြောင့် မြန်မာနိုင်ငံ ဘာဆက်ဖြစ်နိုင်သလဲ လို့ မျှော်လင့်ကြည့်ဖို့ သာဓကတစ်ခုပါပဲ” ဟု အစီရင်ခံစာရေးသားသော ပြည်ပရောက် အဖွဲ့အစည်း ၁၀ ခု သမဂ္ဂ Burma Environmental Working Group ၏ ဆော်ဩသူ ပေါ်စိန်ထွားက ပြောကြားသည်။

ပြီးခဲ့သော ဇွန်လအစောပိုင်းက တရုတ်တို့ လာရောက်တည်ဆောက်နေသည့် ရေလှောင်တမံစီမံကိန်းတစ်ခု အနီး တဝိုက်တွင် ကချင် လက်နက်ကိုင် KIA တပ်များနှင့် မြန်မာအစိုးရတပ်များ အကြား တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ဒေသခံ ကချင်တိုင်းရင်းသား ထောင်ပေါင်းများစွာ နေအိမ်များစွန့်ခွာထွက်ပြေးကြရသည့် ဖြစ်ရပ်ကို ယင်းက ရည်ညွှန်းပြော ကြားခြင်းဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံ အမှန်တကယ်ပါဝင်လုပ်ကိုင်နိုင်မှုနှင့် မှန်ကန်ခိုင်မာသော မူဝါဒဖွဲ့စည်းပုံ မရှိပါက မြန်မာနိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် သည် ပဋိပက္ခဖြစ်ပွားရခြင်း၏ အကြောင်းရင်းဖြစ်နေလိမ့်ဦးမည်ဟု ပေါလ်စိန်ထွားက ဆိုသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမှုနှင့် အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အတွက် မှန်ကန်သော မူဝါဒ ဖွဲ့စည်းပုံ ရှိမလာခင်အချိန်အထိ စွမ်းအင် သယံဇာတ ရှာဖွေ ထုတ်ယူမှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနေခြင်းကို ရပ်ဆိုင်းထားကြရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများကို အဆိုပါ အစီရင်ခံစာက တောင်းဆိုထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများက သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လိုသည်ထက်ပို၍ မဖျက်ဆီး နိုင်စေရန် လုံလောက်သည့် အကာအကွယ်၊ အစီအမံများ နေရာတကျ ဖြစ်ချိန်အထိ လက်ရှိ ပြဿနာဖြစ်နေသော နယ်မြေများနှင့် ဆက်စပ်နေသည့် စီမံကိန်း လုပ်ငန်းအားလုံးကို ချက်ချင်း ရပ်ဆိုင်ထားသင့်သည်ဟု တနင်္လာနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ တစ်ရက်လျှင် ဝင်ငွေ ၁.၂၅ ဒေါ်လာ (၁၀၀၀ ကျပ်ဝန်းကျင်) နှုန်းဖြင့် ခွဲခြားထားသည့် ဆင်းရဲမွဲတေမှု လိုင်းအောက်တွင် ရောက်ရှိနေကြသည်။

မြန်မာနိုင်ငံသည် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ နိုင်ငံတကာစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်နေသော်လည်း နိုင်ငံတွင်း၌ သဘာဝ ဂေဟ စနစ် အစစ်အဆေးမရှိ ပျက်ယွင်းနေခြင်းကို ထိန်းချုပ်သည့် ပြည်တွင်းဥပဒေ အနည်းငယ်သာ ရှိသည်ဟု အစီရင်ခံစာ ပြုစုနေသော BEWG ကွန်ရက်က ဆိုသည်။

သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု အကဲဖြတ်ခြင်း၊ အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းများ အားလုံး ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ် များတွင် ဒေသခံ နေထိုင်သူ အဖွဲ့အစည်းများကို လူသိရှင်ကြား ပါဝင်ဆောင်ရွက်ခွင့် ပေးခြင်း စသည့် အရေးကြီးသော အချက်များ လက်ရှိ အမျိုးသား ဥပဒေများတွင် ပါဝင်သေးခြင်းမရှိပါ ဟု အစီရင်ခံစာက ထောက်ပြဝေဖန်ထားသည်။

မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ထိန်းချုပ်သည့် ဥပဒေများ လုံးဝမရှိသကဲ့သို့ သဘာဝဇီဝ မျိုးကွဲများကို ထိရောက်စွာ ကာကွယ်ပေးရန်၊ ပြန်လည်နေရာချထားမှု အစီအစဉ်များ ဆောင်ရွက်ပေးရန်၊ လျော်ကြေးပေးရန် စည်းမျဉ်းစည်းကမ်း များလည်း မရှိဟု အစီရင်ခံစာတွင် ကွက်ကွက်ကွင်းကွင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံ၌ ပြည်သူများနှင့် ပတ်ဝန်းကျင်ကို အကာအကွယ်ပေးရေးနှင့် သက်ဆိုင်သည့် မူဝါဒများ ရှိနေသော်လည်း အဆိုပါ ဥပဒေ စည်းမျဉ်းများ အာဏာသက်ရောက်စေရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာ ဖွဲ့စည်းပုံများ၊ စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွှန်းများ၊ အကာအကွယ် အစီအမံများ၊ နိုင်ငံရေးစိတ်ရင်း စေတနာကောင်းများ လုံးဝ ကင်းမဲ့နေသည်ဟုလည်း ပွင့်လင်းစွာ ဖော်ထုတ်တင်ပြထားသည်။

ထို့အပြင် မြေယာပိုင်ဆိုင်ခွင့် ခိုင်ခိုင်မာမာ မရှိသေးသည့် အခြေအနေကြောင့် ယင်းလယ်ယာများ၊ သစ်တောများ ကို ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးသည့် အချိန်တွင် အဆိုပါ လယ်ယာသစ်တောတို့အပေါ် မှီခို နေထိုင် စားသောက်နေရသည့် ဒေသခံပြည်သူများကို အစိုးရက တိုင်ပင် ဆွေးနွေးသည့် ဖြစ်ရပ်မျိုးမရှိသလောက်ပင် ဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

မြေယာ၊ သယံဇာတ အားလုံးကို နိုင်ငံတော်ကသာ ပိုင်သည်ဟု ဆိုထားသောကြောင့် တောနေ တောင်သား လယ်သမား အများစုမှာ ယင်းတို့ ဓားမ ဦးချ လုပ်ကိုင်လာသည့် မြေကွက်များကို တရားဝင် အမည်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိကြပါဟုလည်း ဖော်ပြထားသည်။

သဘာဝ သယံဇာတ ထုတ်ယူသည့် လုပ်ငန်းကို နိုင်ငံ၏ အဓိကငွေညှစ်စက်ဟု အစီရင်ခံစာတွင် သတ်မှတ် ခေါ်ဝေါ်ထားသည်။ မြန်မာနိုင်ငံ၏ ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ သုံးဦး ဖြစ်နေသည့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ အပါအဝင် အာရှ အိမ်နီးချင်းများထံမှ အဓိက ရင်းနှီးမြှုပ်နှံမှုများကြောင့် ဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်စီမံကိန်းများမှ ဒေါ်လာများ ဘီလျံနှင့်ချီ၍ လှိမ့်ဝင်လာခဲ့သည်ဟု အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

***************************************************

မြန်မာနှင့်အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အတုယူစရာမော်ဒယ်ဖြစ်အောင် အင်ဒိုနီးရှားကို ကလင်တန် တိုက်တွန်း

(Washington Post မှ 24 July 2011 ရက်စွဲပါ “Clinton urges Indonesia to be role model for democratic transition in Myanmar, Middle East” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုလှိုင်းထဲတွင် ရောက်ရှိနေကြသော အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်း အာဖရိက စသော နိုင်ငံများတွင် ဒီမိုကရေစီ အရေးကို အားပေးမြှင့်တင်ရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အင်ဒိုနီးရှားနိုင်ငံကို တိုက်တွန်းပြောကြားလျက် ရှိသည်။

အာဏာရှင်စနစ်ကို စွန့်လွှတ်ကာ အောင်မြင်စွာအသွင်ကူးပြောင်းခဲ့ခြင်း၊ အောင်မြင်သော မွတ်စလင် ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်နေခြင်းစသော အချက်များက အင်ဒိုနီးရှားနိုင်ငံအား မြန်မာနိုင်ငံနှင့် အာရပ်ကမ္ဘာနှစ်ခုစလုံးက အားကျ အတုယူစရာ ပုံစံတစ်ခုဖြစ်အောင် ပြုလုပ်ပေးထားသည်ဟု ကလင်တန်က ဆိုသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘာလီကျွန်းတွင် အင်ဒိုနီးရှားထိပ်ပိုင်းတာဝန်ရှိသူများနှင့် အစည်းအဝေးများပြုလုပ်စဉ် မစ္စစ်ကလင်တန်က “အင်ဒို နီးရှားနိုင်ငံ၏ လက်ရှိ သမိုင်းကြောင်းသည် အရပ်ဖက်အုပ်ချုပ်ရေးစနစ်သို့ အသွင်ပြောင်းခြင်း၊ ခိုင်မာသောဒီမိုကရေစီအင်စတီကျူးရှင်းများ တည်ဆောက်ခြင်းတို့အတွက် သာဓကတစ်ခု ဖြစ်နေသည်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ဦးတည်သည့် အရေးကြီးသော ခြေလှမ်းများကို လှမ်းနိုင်ခဲ့သည့်အပြင် အစ္စလာမ်နှင့် ဒီမိုကရေစီ အတူတကွ တည်ရှိရပ်တည်နိုင်ကြောင်း ပြသခဲ့သည်ဟု သူမက ထောက်ပြ ချီးကျူးခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ရေပန်းအစားဆုံး မွတ်စလင်နိုင်ငံဖြစ်ပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်ကမှ အာဏာရှင်စနစ်မှ ရုန်းထွက် ပေါ်ထွန်းလာ ခြင်းဖြစ်သည်။

*******************************************************

မြန်မာနိုင်ငံမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံသူများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများ သတိပေး

(AFP သတင်းမှ 25 July 2011 ရက်စွဲပါ “Activists warn against foreign investors in Myanmar” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များကို အဆီထုတ်ယူနေသည့် စီမံကိန်းများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဆုံးသတ်ကြရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများက တနင်္လာနေ့တွင် တောင်းဆိုခဲ့ကြပြီး ယင်းလုပ်ငန်းများသည် တိုင်းရင်းသားလူမျိုးစုနယ်မြေများတွင် ပဋိပက္ခ ဖြစ်အောင် မီးမွှေးနေကြောင့် စွပ်စွဲ ပြောကြားလိုက်ကြသည်။

ဥပမာအားဖြင့် အိမ်နီးချင်းတရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့မှ ငွေကြေးထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသော ရေလှောင်တမံကြီးများမှ တစ်ဆင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ တဟုန်ထိုး ကြီးထွားလာသည့်အချိန်တွင် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းတို့ကို အကာ အကွယ်ပေးမည့် မှန်ကန်သော စည်းကမ်းဘောင် ကလည်း ဖွဲ့စည်းပုံ မရှိသေးကြောင်း ယင်းတို့က ပြောကြားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအင်ကဏ္ဍနှင့် အဆီအနှစ်ထုတ်ယူသည့် ကဏ္ဍများတွင်သာ စုပြုံဝင်ရောက်လျက် ရှိပြီး ဒေသတွင်း စစ်ငွေ့ သန်းစေခြင်း၊ ဒေသခံများ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း စသော ရလဒ်များ ထွက်ပေါ် နေသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၏ ကွန်ရက် တစ်ခုဖြစ်သော Burma Environmental Working Group က အသစ်ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာသိ ယခင်အမည် Burma ကို သုံးစွဲထားသော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ သယံဇာတ ရင်းမြစ် အများစု ကျန်ရှိနေသော တိုင်းရင်းသား ဒေသများ၌ သဘာဝ သယံဇာတများကို ချုပ်ကိုင် ထိန်းချုပ်နေခြင်းသည် ပဋိပက္ခ၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု ရေးသား ထား သည်။

မြန်မာနိုင်ငံ မြောက်ဖျား၌ တရုတ်တို့၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသော ရေလှောင်တမံ စီမံကိန်းတစ်ခု၏ အနီးတစ်ဝိုက်တွင် ယခင်လက ကချင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရတပ်များ အကြား ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် မြန်မာအာဏာပိုင်များက တမံ စီမံကိန်းကို ကာကွယ်ရန်အတွက် ပြန်လည် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အကြောင်းပြ ပြောကြားခဲ့သည်။

“ကချင်ပြည်နယ်မှာ ပြန်လည် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာမှု ကြောင့် ဘာကို ဆက်ပြီး မျှော်လင့်နိုင်သလဲဆိုတဲ့ သာဓကတစ်ခုပါပဲ” ဟု BEWG ကွန်ရက်မှ ပေါ်စိန်ထွားက ပြောကြားသည်။

မြန်မာနိုင်ငံ မြစ်ကြောင်းများပေါ်တွင် လက်ရှိစီစဉ် ဆောင်ရွက်နေသော၊ တည်ဆောက်လျက်ရှိသော၊ ပြီးစီးသွားသော ရေအားလျှပ်စစ်စီမံကိန်း စုစုပေါင်းမှာ ခန့်မှန်းခြေ ၄၈ ခုခန့် ရှိကြောင်း BEWG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော်လည်း ယင်းစီမံကိန်းများမှ ထုတ်လုပ်မည့် လျှပ်စစ် ဓာတ်အား ၉၀% ကို အိမ်နီးချင်းအခြားနိုင်ငံများသို့ ထုတ်ရောင်းရန် ရည်မှန်းထားခြင်းဖြစ်ပြီး အခြေအနေဆိုးနေသော စွမ်းအင်မလုံလောက်မှု ပြဿနာ နှင့် ရင်ဆိုင်နေရသည့် ဒေသခံပြည်သူလူထုထံ ဖြည့်ဆည်းပေးရန် စဉ်းစားထားခြင်းမရှိဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားပေါင်းစုံ ပါဝင်လုပ်ကိုင်ခွင့်ကို ဖန်တီးပေးမည့် အစီအစဉ်သစ်များ ပေါ်ပေါက် လာသည်အထိ သဘာဝပတ်ဝန်းကျင်ကို အဆီအနှစ်ထုတ်နေသည့် ကဏ္ဍများ၌ လက်ရှိ ရင်းနှီးမြှုပ်နှံမှုများ၊ အသစ်မြှုပ်နှံမှုများကို ရပ်ဆိုင်းထားကြရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုများက တောင်းဆိုထားကြ သည်။

သမ္မတ ဦးသိန်းစိန်၏ အစိုးရသစ်သည် အဆိုပါနယ်ပယ်ကို တိုးတက်အောင် ပြုလုပ်ရန် ပျက်ကွက်နေသည်ဟု ပေါလ်စိန်ထွားက ဝေဖန်လိုက် သည်။ မြန်မာနိုင်ငံ၌ မဲလိမ်မှု၊ ခြိမ်းခြောက်မှုများဖြင့် နာမည်သိက္ခာပျက်ယွင်းခဲ့သော မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် ယခင်တပ်မတော် အစိုးရ က ယင်းတို့ ဖွဲ့စည်းထားသော နာမည်ခံ အရပ်ဖက်အစိုးရထံ ဟန်ဆောင်အာဏာလွှဲပြောင်းပေးခဲ့သည်။

နိုင်ငံလွတ်လပ်ရသည့် ၁၉၄၈ ခုနှစ်နေ