Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စိတ်မကောင်းပါဘူး မောင်ကကြီး

*****************************************

ဆောင်းပါးကဏ္ဍ

စိတ်မကောင်းပါဘူး မောင်ကကြီး

အောင်မောင်း

လွန်ခဲ့သည့်တစ်ပတ်က ကျွန်တော့်မိတ်ဆွေတစ်ဦးက သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးနှင့် မိတ်ဆက်ပေးပါသည်။ ထိုသူ၏ အမည်မှာ မောင်ကကြီး ဟု ဆိုပါစို့။ ကျွန်တော် မီဒီယာသမားဆိုသည်နှင့် အနှီမောင်ကကြီးက ကျွန်တော့်ကို အားကိုးတကြီး အကူအညီတောင်းတော့သည်။ အခြားမဟုတ် သူ့ဟာ သူ ကားအသစ်အဟောင်း လဲလှယ်ခွင့်ပြုစဉ်က လောဘတက်၍ ဝယ်ထားသော ကားအဟောင်းများမှာ ယခုအခါ လွတ်လပ်စွာ ကားအသစ် တင်သွင်းခွင့် ပြုလိုက်သည့် မူဝါဒကြောင့် သူတို့ကားပွဲစားလောကအခေါ် သူ့ကားအဟောင်းတွေ ကျိုးသွားသောကြောင့် ထိုကိစ္စကို နိုင်ငံတော်အကြီးအကဲများ သိစေ ရန် မီဒီယာမှတဆင့် ရေးသားတင်ပြပေးရန် အကူအညီတောင်းခြင်းဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံတော်ကမူဝါဒတွေကို အမျိုးမျိုးပြောင်းလဲနေ၍ ရရာအလုပ် အကိုင်လေး လုပ်နေရရှာသော သူ့လိုလူတွေ စီးပွားပျက်ရသည်ဟုလည်း နိုင်ငံတော်အစိုးရကို ပယ်ပယ်နယ်နယ် ပြစ်တင်စွပ်စွဲပြန်သည်။ သူသည် ရသမျှ အကျိုးအမြတ်ကို မျက်မမြင်ကျောင်း၊ မိဘမဲ့ကျောင်း စသည်တို့တွင် လှူဒါန်း၍ ပရဟိတလုပ်ငန်းလေးများကို တတ်နိုင်သလောက် လုပ်နေသည်ဖြစ်ရာ ယခုကဲ့သို့ သူ့ကားတွေ ကျိုးသဖြင့် အလှူအတန်းလုပ်ရသည်မှာ အားလျော့သွားကြောင်းလည်း ပြောပြ၍ အခန့်မသင့်လျှင် နိုင်ငံတော်အစိုးရပင်လျှင် ကံကြီးထိုက်တော့မည်သဖွယ် ပြောဆိုပြန်လေသည်။

ကျွန်တော်ကမူ ထိုခေတ်ပျက်သူဌေး၊ ငါးပွက်ရာငါးစာချတတ်သည့် တောသူဌေးကို ဘာမှပြောလိုစိတ်မရှိတော့ပေ။ သို့သော် မိတ်ဆွေ၏ မျက်နှာ ကလည်း ရှိသေးသဖြင့် သူ၏အခက်အခဲကို နားလည်ပါကြောင်း၊ သို့ရာတွင် အစိုးရဆိုသည်မှာ ပေါ်လစီတစ်ခုချမှတ်တိုင်း လူအများစုအတွက် ကြည့်ရ သဖြင့် တခါတရံတွင် လူနည်းစုကို ခြုံငုံမိခြင်းမျိုးလည်း မရှိတတ်ပါကြောင်း၊ မီဒီယာဆိုသည်မှာလည်း တစ်ဖက်သက်အမြင်ကို ရေး၍မရသဖြင့် ယခုကိစ္စ တွင် စီးပွားရေး ပညာရှင်များ၊ ဥပဒေပညာရှင်များ၊ က.ည.န စသည်တို့၏ သဘောထားမှတ်ချက်များလည်း မေးမြန်း၍ ဆောင်းပါးရေးရမည်ဖြစ်သဖြင့် အချိန်အနည်းငယ် စောင့် ပေးစေလိုပါကြောင်းသာ အေးရာအေးကြောင်း ပြန်ပြောလိုက်ရလေသည်။

သို့ရာတွင် အနှီမောင်ကကြီး ကိုယ့်ဘက်ကိုယ်ယက်သမားက ငြိမ်ငြိမ်မနေ၊ ယခုကဲ့သို့ မော်တော်ယာဉ်အသစ်များ စိတ်ကြိုက်တင်သွင်းခွင့် ပြု လိုက်သဖြင့် ကားဟောင်းများ၊ ပါမစ်များ ဈေးထိုးကျသွားပြီး ကားအဟောင်းများ မအပ်ချင်ကြတော့ကြောင်း၊ ထိုကိစ္စရပ်သည် ယာဉ်ကြောရှုပ်ထွေးမှု အပါ အဝင် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်နိုင်ကြောင်းလည်း ပရော်ဖက်ဆာကြီးတစ်ယောက်သဖွယ် မှတ်ချက်ပြုပြရင်း ကျွန်တော်ကို ထိုကိစ္စ နှင့်ပတ်သက်၍ ဆောင်းပါးတစ်ပုဒ်အမြန်ရေးရန် အတင်းပင် ထပ်မံပူဆာလေတော့သည်။ ထိုမျှ ဉာဏ်တုံးလှသော မောင်ကကြီးငနဲအား ကျွန်တော့်အနေ ဖြင့် ပါမစ်၊ Transaction Cost၊ Free Market စသည်တို့ကို ရှင်းပြနေလျှင်လည်း နွားကိုပလာတာကျွေးရန်ကြိုးစားသည့် အောင်မောင်းဖြစ်တော့မည် ဖြစ် သဖြင့် မအီမသာပြုံးပြ၍သာ အမြန်ဆုံးစကားဖြတ်၍ ပြန်ခဲ့တော့သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ကိုယ်ပိုင်ကားစီးဖို့ဆိုသည်မှာ ကျွန်တော့်အတွက် အရင်တုန်းကလည်း အိပ်မက်မက်ဖူးခဲ့သလို လက်ရှိကားဈေးတွေ ကျနေသည့်တိုင် ကားစီးရန် မတတ်နိုင်သေးသဖြင့် ထိုကားကိစ္စကို စိတ်ထဲက ပါလှသည် တော့မဟုတ်ပါ။ မီဒီယာသမားပင် ဖြစ်သော်ငြားလည်း ဟိုစပ်စပ် ဒီစပ်စပ်ထက် ကိုယ်စိတ်ဝင်စားမှုရှိသော ကဏ္ဍတစ်ခုတည်းသာ လုပ်လိုသည့် ကျွန်တော့်အတွက်မူ ထိုကားကိစ္စမှာ မောင်ကကြီးပြောသည့်အတိုင်းတော့ မမှန်ရာဟုလည်း တွေးမိပါသည်။

ယခုလဆန်းပိုင်းလောက်မှစ၍ ၂၀၀၇မော်ဒယ်အထက် ကားအသစ်တင်သွင်းလိုပါက ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုလိုက်သည့်ကိစ္စသည် မည် သည့်နိုင်ငံမှာမှ မရှိခဲ့သည့် ပါမစ်ဆိုတာကြီးကို အပြီးတိုင်ဖျက်သိမ်းလိုက်ခြင်းပင် ဖြစ်သည်။ စင်စစ်မူ မိမိတိုင်းသူပြည်သားများကို တနေ့လုပ်တနေ့စား ဘဝနှင့် လည်ပတ်ပြီး နိုင်ငံရေးဘက်ကို လှည့်မလာစေချင်သည့် အစိုးရက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ပြန်လည်ရရှိမှုကို ကာမိစေရန်ဟု အကြောင်းပြ၍ ကား တင်သွင်းခွင့်ကို ပါမစ်နှင့် ထိန်းထားလိုက်သည်။ စင်စစ်အားဖြင့် မြန်မာနိုင်ငံတွင် မော်တော်ကားတင်သွင်းခွင့်နှင့် ပတ်သက်၍ မည်သည့်ဥပဒေက တားဆီး ပိတ်ပင်ထားပါ သနည်းဟု မေးလာလျှင် မည်သည့်ဥပဒေကမျှ ပိတ်ပင်မထားပါ။ နှုတ်မိန့်ဖြင့်သာ ကားမသွင်းရ ပိတ်ပင်ထားပြီး ပါမစ်ရပုဂ္ဂိုလ်များမှာလည်း ဗိုလ်ချုပ်ကြီးများ၏ မိသားစုများနှင့် ၎င်းတို့၏ လက်ဝေခံများအထွက် အမြတ်ကြီးစားလက်မှတ်ကို ပေးထားခြင်းသာဖြစ်ပါသည်။ ၎င်းတို့ထံမှ ကားပါမစ်ကို မတန်တဆပေး၍ ဝယ်ယူရသည့်အတွက် မြန်မာနိုင်ငံမှာ ကားဈေး တော်တော်ကြီးသွားပြီး တိုယိုတာ၊ နစ်ဆန်း၊ မီဆူဘီရှီ စသည့် ကုမ္ပဏီကြီးများမှ စီအီး အိုများသာ ထိုသို့ မိမိတို့၏ ကားများ မြန်မာပြည်မှာ ဈေးကောင်းရနေကြောင်းသိလျှင် ကိုယ့်နဖူးကိုယ် ရိုက်သေကြဖို့ ရှိပေသည်။ ထိုကဲ့သို့ အခွင့်ထူးခံ လူတန်းစားများ ကားပါမစ်ကိုင်ထားကြခြင်းတွင် အကြောင်းအရင်းနှစ်ရပ်ရှိပြီး တစ်ခုမှာ အမြတ်ကြီးစားလိုခြင်းနှင့် လက်ဝါးကြီးအုပ်ခြင်းဖြစ်သည်။ ဒီမိုက ရေစီဆိုသော နိုင်ငံများတွင်ပင် လက်ဝါးကြီးအုပ်မှုမှာ ဖြေရှင်း၍မရသေးသည့် ပြဿနာဖြစ်သလို တော်ဝင်မိသားစုများက တိုင်းပြည်၏ လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ်ထားကြဆဲပင် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံမှ တော်ဝင်မိသားစုကြီးများကဲ့သို့ အမြတ်ကြီးတော့မစားပေ။ သိန်းသုံးဆယ်မျှတန်သော ဗင်ဖင်ကောက်တစ်စီးကို သိန်းတစ်ထောင်နီးပါးရအောင် အမြတ်ကြီးစားကြသော မြန်မာပြည်မှ အမြတ်ကြီးစားတို့ကမူ လွန်လွန်းသည်ဟုသာ ဆိုရတော့ မည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်း အလွယ်တကူ ကားမသွင်းနိုင်၊ မစီးနိုင်သဖြင့် ယနေ့ကဲ့သို့ စုတ်ချာလှသောကားများ မြန်မာနိုင်ငံတွင် ဖောင်းပွနေရခြင်း ပင် ဖြစ်တော့သည်။

ယခု ကားပါမစ်ကို ဖျက်သိမ်းလိုက်ခြင်းမှာ နိုင်ငံသားတို့အတွက် လွတ်လပ်စွာ ယှဉ်ပြိုင်ရောင်းချခွင့်ပြုလိုက်ခြင်း ဖြစ်သလို နိုင်ငံသားအခွင့်အရေး ကို အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ခေတ်ပြောင်းစနစ်ပြောင်းတွင် အခွင့်ထူးခံလူတန်းစား မရှိတော့ပြီကို ပြသလိုက်ခြင်း လည်း ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး စရိတ်၊ ဆက်သွယ်ရေး စရိတ်များ ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်လုပ်မှုလည်း တိုးတက်လာတော့မည် ဖြစ် သဖြင့် Transaction Cost တွေ နည်းနိုင်သမျှ နည်းအောင်လုပ်ပေးရမည်ဆိုသည့် သမ္မတကြီး၏ မိန့်ခွန်းထဲကအတိုင်းလည်း  ဆောင်ရွက်ခြင်းဖြစ်ပါ သည်။ ထို့ကြောင့် ကားဈေးများမှာ ယခုထက်ပင် ပိုမိုကျဆင်းစရာရှိသဖြင့် ကျွန်တော့်မှာ မအူမလည်နှင့် ခေတ်ပျက်သူဌေး လုပ်ချင်ရှာသော မောင်ကကြီး ကို သနားမိတော့သည်။ ပြောရလျှင် ကျွန်တော်တို့နိုင်ငံ၏ ဒိတ်ဒိတ်ကြဲ သူဌေးကြီးများပင်လျှင် အချို့မှာ ခေတ်ပျက်သူဌေးဘဝက လာရခြင်းဖြစ်သဖြင့် သူတို့ကိုအားကျရှာသော မောင်ကကြီးကို သနားရခြင်း ဖြစ်တော့သည်။ ဒိတ်ဒိတ်ကြဲခေတ်ပျက်သူဌေးကြီးများကား အစိုးရဆီမှ သတင်းစုံကြိုတင်ရသဖြင့် အချို့ကိစ္စများကို လက်ရှောင်နိုင်ကြသော်ငြား မီးစင်ကြည့်ကရသော တောသူဌေးမောင်ကကြီးကတော့ ကားပါမစ်တွေ အကြီးအကျယ် ကျိုးရခြင်းဖြစ် သည်။

မောင်ကကြီးအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အချိတ်အဆက်တွေကို နားမလည်ရကောင်းလားဟူ၍တော့ ကျွန်တော့်အနေဖြင့် ဒေါသမ ဖြစ်မိပါ။ မောင်ကကြီးလို ငါးပွက်ရာငါးစာချနေရသည့်ထဲတွင် ယနေ့မြန်မာနိုင်ငံ၏ ထိပ်တန်းသူဌေးကြီးတချို့လည်း ပါနေ၍ဖြစ်သည်။ ပြည်သူတွင် ဘယ် သောအခါမှ အပြစ်မရှိဟု ဆိုရမည်ဖြစ်ရာ ယခုကဲ့သို့ ရရာအလုပ်ကို ရှာဖွေစားသောက်နေရသည့် ဘဝတွေရောက်အောင် တွန်းပို့ခဲ့သည့် အစိုးရကိုသာ အပြစ်တင်ရတော့မည် ဖြစ်သည်။ စွန့်ဦးတီထွင်မှု၊ စနစ်တကျ အလုပ်လုပ်ကိုင်တတ်မှု၊ ပရော်ဖက်ရှင်နယ်ဖြစ်မှုတွေ ပျောက်ဆုံးခဲ့သဖြင့် ဓာတ်တိုင်လိုက်ထူ ရသည့်လုပ်ငန်း၊ ဓာတ်ဆီထုတ်ရောင်းရသည့်လုပ်ငန်း၊ ဖုန်းဝယ်ရောင်းလုပ်ငန်း စသည်ဖြင့် ငါးပွက်ရာ ငါးစာလိုက်ချတတ်သည့် အလေ့အထတွေနှင့် ယဉ် ပါးနေသည့် ကျွန်တော်တို့ပြည်သူတွေ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်လာလျှင် ဘာတွေဖြစ်ကြဦးမည်နည်းဆိုသည်မှာ တွေးကြည့်လျှင် ရင်လေးဖွယ်ကောင်း လှသည်။ အလျဉ်းသင့်၍ဆိုရလျှင် စီးပွားရေးမှာသာမဟုတ်၊ နိုင်ငံရေးသမားများနှင့် ကျွန်တော်တို့မီဒီယာတွေမှာလည်း ကိုယ့်အရည်အသွေးကိုယ် ဖြည့်ကြ ဖို့လိုနေပြီဖြစ်သည်။ ကျွန်တော့်၏ အိမ်ပြန်လမ်းမှာ တွေးစရာ အစီအရီ။ ကျွန်တော်မောင်ကကြီးကို မပြောဖြစ်ခဲ့သည့် စကားတစ်ခွန်းတော့ ရှိသည်။ ဒါက လည်း သူစိတ်မကောင်းမှာစိုး၍ ဖြစ်သည်။

ကားအဟောင်းတွေ၊ကားအစုတ်တွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်စရာမလို၊ ကားပျက်၍ လမ်းပိတ်နေပါက စည်ပင်က ကရိန်းဖြင့် လာဆွဲ မည်၊ ကားက သက်တမ်းလွန်နေလျှင် သံရည်ကြိုစက်ပို့လိုက်ကြပါလိမ့်မည်၊ ထိုကဲ့သို့စနစ်များ မြန်မာနိုင်ငံတွင်လည်း မကြာမီဖြစ်လာပါတော့မည်။ ထိုကိစ္စ တွေသာ မောင်ကကြီးသိလျှင် သွေးတက်နေမည်၊ ခေါင်းကိုက်သွားမည်၊ အခန့်မသင့်လျှင် ငုတ်တုတ်သေသွားနိုင်၍ ဖြစ်သည်။ စိတ်မကောင်းပါဘူး မောင်ကကြီးဟုသာ . .

.*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၉. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ရဲလုံထိန်းတပ်ရင်း ရက်ကွက်ကို လက်တုန့်ပြန်တိုက်ခိုက်
  2. စည်ပင်သာယာ၏ ဆောက်လုပ်ရေးလိုင်စင်ကြေး ငါးဆတိုးမြှင့်
  3. ကုန်သွယ်မှုလုပ်ငန်းများ၌ အွန်လိုင်း စနစ်ကျင့်သုံးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနှင့် အမေရိကန် အပြန်အလှန်သံအမတ်များ ခန့်အပ်
  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ(၁၇)ခု တွေ့ဆုံမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ရဲလုံထိန်းတပ်ရင်း ရက်ကွက်ကို လက်တုန့်ပြန်တိုက်ခိုက်

မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်တစ်ချို့အား ရဲလုံထိန်းတပ်ရင်း အမှတ်(၈)မှ ၎င်းတို့ရဲတပ်ဖွဲ့ဝင်နှစ်ဦးအား ဝိုင်းဝန်းထိုး ကျိတ်မှုဖြင့် လက်တုန့်ပြန်တိုက်ခိုက်မှုတစ်ရပ် မေလ ၁၆ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း ပတ္တမြားမြို့သစ်တွင်နေထိုင်သူ အသက်၅၀ အရွယ်အမျိုးသား တစ်ဦးက ပြောကြားသည်။

ရဲတပ်သားသစ်နှစ်ဦးက လူငယ်သဘာဝ အမျိုးသမီးငယ်နှစ်ဦးကို ထိကပါးရီကပါး ပြောဆိုခဲ့သည့်အတွက် ရပ်ကွက်တွင်းရှိ လူငယ်တစ်ချို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်ကို မကျေနပ်၍ မီးပြတ်ချိန်တွင် လုံထိန်းတပ်ဖွဲ့ဝင် ၃၀ ခန့်က စစ်ဆင်ရေးအသွင်ဖြင့် အောင်စည်တော်လက်ဖက်ရည်ဆိုင်ကို ဝင် ရိုက်သဖြင့် လူငယ် ၇ဦးခန့် အရိုက်ခံရကြောင်း အဆိုပါရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။

ယင်းရပ်ကွက်တွင် နေထိုင်သော အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးက ယခုခေတ် အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ချို့သည် အလုပ်အကိုင် အခွင့်အလမ်းမရှိသဖြင့် သောက်စားပေတေသူများရှိကြောင်း၊ အကျိုးဆက်အနေဖြင့် ပြသနာများဖြစ်ပွားစေပြီး ပြသနာဖြစ်လျှင်လည်း အရပ်သားကဖြစ်စေ၊ ရဲဖြစ်စေ၊ စစ်တပ်ဖြစ်စေ အကြမ်းဖက်ဖြေရှင်းခြင်းကိုမှု လက်မခံနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

နိင်ငံတော်သမ္မတကြီးဦးသိန်းစိန်က ပြည်သူများသည် မိဘဖြစ်ကြောင်း လမ်းညွန်ပေးချိန်တွင် ယခင်က တပ်မတော်သာအမိ တပ်မတော်သာအဖ ဆိုသည့် အတွေးအခေါ်ကိုရှားကာ ရန်သူအတွက်မီးအဆိပ် ပြည်သူအတွက် ထီးအရိပ်ဆိုတာ ပြန်လည်ခံယူသင့်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

စည်ပင်သာယာ၏ ဆောက်လုပ်ရေးလိုင်စင်ကြေး ငါးဆတိုးမြှင့်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဆောက်လုပ်ခွင့်လိုင်စင်ကြေးများကို ငါးဆတိုးမြှင့်၍ ယခင်က ကျပ်သိန်း ၁၀၀ ပာု သတ်မှတ် ပေးထားသော်လည်း ယခုအခါ လိုင်စင်ကြေး ငါးဆတိုးမြှင့်၍ ကျပ်သိန်း ၅၀၀ ပေးသွင်းရန် တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

“အရင်က ဆောက်လုပ်ခွင့်လိုင်စင်ကြေးတွေကို စည်ပင်က ကျပ်သိန်းတစ်ရာပဲ သတ်မှတ်ပါတယ်။ အခု လိုင်စင်ကြေးတွေကို ငါးဆတိုးမြှင့်ပြီး တော့ ကျပ်သိန်းငါးရာ ကောက်ခံတော့မယ်လို့ဆိုပါတယ်။ ဒီစက်တင်ဘာလ နောက်ဆုံးထားပြီးတော့ ဆောက်လုပ်ရေးလိုင်စင်ကြေးတွေကို ပေးသွင်းရ မယ်လို့ အကြောင်းကြားထားပါတယ်”ပာု ရန်ကုန်မြို့ရှိဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထိုသို့ စည်ပင်၏ ဆောက်လုပ်ရေးလိုင်စင်ကြေးများကို ငါးဆတိုးမြှင့်သတ်မှတ်လိုက်သည့်အတွက် အလတ်စားဆောက်လုပ်ရေး လုပ်ငန်းရှင်များ မှာ အခက်အခဲအကြပ်အတည်းနှင့် ကြုံတွေ့ခဲ့ရပြီး အကြီးစားဆောက်လုပ်ရေးလုပ်ငန်းရှင်များကိုမူ သိသာစွာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

“ဒါက အလတ်စားလုပ်ငန်းရှင်တွေကို အပြီးသတ်ချေမှုန်းတဲ့ စနစ်လား၊ ဒုက္ခပေးတာလားလို့ သတ်မှတ်ရမလိုဖြစ်နေပြီ”ပာု ရန်ကုန်မြို့ အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားကြောင်း အပတ်စဉ်ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ယခု စည်ပင်သာယာ၏ တိုးမြှင့်သတ်မှတ်လိုက်သည့် ဆောက်လုပ်ရေးလိုင်စင်ကြေးများကို အဆောက်အအုံဆောက်လုပ်သည့် ဆောက်လုပ်ရေး ကုမ္ပဏီမှ ပေးသွင်းရပြီး လက်ရှိအချိန်တွင် ဆောက်လုပ်ရေးလောကတွင် ငွေကြေးကြန့်ကြာမှုများ ရှိနေသည့်အတွက် ပေးသွင်းရမည့် ကျပ်သိန်းလေးရာ အတွက် အခက်တွေ့ရကြောင်း ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Ref:မြန်မာပို့စ်(ဂလိုဘယ်)

--------------------------------------------------------------------------------------------------------------------------------

ကုန်သွယ်မှုလုပ်ငန်းများ၌ အွန်လိုင်း စနစ်ကျင့်သုံးမည်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုမြန်ဆန်လာနိုင်စေရန်နှင့် ကုန်သွယ်စီးဆင်းမှု ပိုမိုမြန်ဆန်လာနိုင်စေရန် ပြည်တွင်းရှိ ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အွန်လိုင်းဆက်သွယ်ရေးစနစ်ကို ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများတွင် အသုံးပြုမည့် အွန်လိုင်းဆက်သွယ်ရေးစနစ်အတွက် အီလက်ထရောနစ် ဆက်သွယ် ကူးသန်းရောင်းဝယ်ရေးကော်မတီကို ဖွဲ့စည်းလျက်ရှိပြီး ယင်းကော်မတီတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နယ်ပယ်စုံမှပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

“ခုလို အွန်လိုင်းစနစ်ကို အသုံးပြုပြီးတော့ ကုန်သွယ်မှုလုပ်ငန်း လုပ်ကိုင်တော့မယ်ဆိုတော့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍက အားကောင်းလာ တော့မှာပါ။ သတင်းအချက်အလက်တွေကိုလည်း တစ်နေရာနဲ့တစ်နေရာ မြန်မြန်ဆန်ဆန်ပေးပို့နိုင်မှာဆိုတော့ လုပ်ငန်းရှင်တွေအတွက်တော့ ဝမ်းသာစရာ ပေါ့။ ပြီးတော့ ကုန်သွယ်စီးဆင်းမှုတွေကလည်း အရင်ကထက် ပိုပိုကောင်းလာတော့မှာပေါ့”ပာု ရန်ကုန်မြို့ရှိ ကုန်သည်တစ်ဦးကဆိုသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍတွင် ယခုဆောင်ရွက်မည့် အွန်လိုင်းဆက်သွယ်ရေးစနစ်တွင် ပြည်တွင်းရောင်းဝယ်မှုများအတွက်သာမက ပြည်ပ နိုင်ငံများနှင့် ချိတ်ဆက်၍ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ကုန်သွယ်မှုကဏ္ဍကို ပြည်တွင်းကိုသာမကဘူး ပြည်ပနိုင်ငံတွေနဲပါ ချိတ်ဆက်ပြီး ဆောင်ရွက်မှာဆိုတော့ ပြည်တွင်းက နိုင်ငံပိုင် ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ်တွေကပါ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ရမှာပါ။ ဘဏ်တွေအနေနဲ့လည်း ပြင်ဆင်မှုတွေ လုပ်ဆောင်သင့်နေပါပြီ”ပာု စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံကုန်သွယ်မှုလုပ်ငန်းများ၌ အွန်လိုင်းစနစ်အသုံးပြုရာတွင် လိုအပ်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလုပ်ငန်းများအတွက် အကာအကွယ်ပေးနိုင်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြဋ္ဌာန်းနိုင်ရန် လုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Ref:နေပြည်တော်တိုင်းမ်

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနှင့် အမေရိကန် အပြန်အလှန်သံအမတ်များ ခန့်အပ်

မြန်မာ-အမေရိကန် နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးကို တိုးမြှင့်သည့်အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ဒဲရစ်မစ်ချယ်အား လည်းကောင်း၊ ကုလသမဂ္ဂမှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်အဖြစ် ဦးသန်းဆွေအား လည်းကောင်း အပြန်အလှန်ခန့်အပ်မည်ဖြစ်ကြောင်း ၂၀၁၂ မေလ ၁၇ ရက်နေ့က အမေရိကန်နိုင်ငံ၌ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပူးတွဲကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန် ကြီး ပီာလာရီကလင်တန်က ထုတ်ပြန်ကြေညာချက်မှ သိရှိရသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှစတင်၍ ပြောင်းလဲလာသည့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများကြောင့် အမေရိကန်နိုင်ငံမှ အရေး ယူပိတ်ဆို့မှုများ ပြုလုပ်မှုများကို လျော့ပေါ့ပေးခဲ့သည့်အပြင် ယခင် ယင်းနှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးကိုလည်း သံအမတ်အကြီးအဆင့်သို့ တိုးမြှင့်ပေး ခဲ့သည်ဟုလည်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမေရိကန်သမ္မတ အိုဘားမားက ၂၀၁၂ မေလ ၁၇ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေ ညာခဲ့ပြီး ယင်းထုတ်ပြန်ကြေညာချက်တွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို အခြေအနေသစ်တစ်ခုသို့ ရောက်ရှိနိုင်ရန် ဆောင်ရွက်ရာတွင် အခ ရာကျသူဖြစ်သော ဒဲရစ်မစ်ချယ်အား ၂၂ နှစ်အတွင်း ပထမဦးဆုံးသော အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြုခဲ့ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံ ရေးတွင် အခန်းကဏ္ဍ သစ်တစ်ရပ် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

“ခုဆို မြန်မာ-အမေရိကန် နှစ်နိုင်ငံရဲ့ဆက်ဆံရေးက တကယ့်ကိုကောင်းမွန်လာခဲ့ပါပြီ။ မြန်မာအစိုးရအနေနဲ့ ရှေ့ကိုဆက်သွားဖို့ပဲလိုပါတယ်။ မြန်မာနိုင်ငံပာာ ဒီမိုကရေစီရဲ့အစဆိုပေမယ့် အပြောင်းအလဲတွေကတော့ တကယ်ကိုမြန်ပါတယ်။ ဒီအပေါ်မှာ အမေရိကန်နိုင်ငံရဲ့ တုန့်ပြန်မှုတွေကလည်း အံ့သြစရာပါပဲ”ပာု မြန်မာ့နိုင်ငံရေးလေ့လာနေသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်အပြီး အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့ သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်(EU) နိုင်ငံများ က ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၌ ဧပြီလ ၁ ရက်နေ့က ပြုလုပ်ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပပေးခဲ့သည့်အတွက် ယင်းနိုင်ငံများက ဖြေလျော့မှုများကို ထပ်မံပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ(၁၇)ခု တွေ့ဆုံမည်

၂၀၁၂ မေလ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင်ကျင်းပခဲ့သည့် ကြား ဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ(၁၇)ခုမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူ များ တွေ့ဆုံပွဲတစ်ခုကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံစည်းဝေးပွဲသို့ ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေး ပါတီ (၁၇)ခုမှ ပါတီတစ်ခုလျှင် တာဝန်ရှိသူနှစ်ဦး တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ မြို့နယ်ကော်မရှင်များမှတစ်ဆင့် နိုင်ငံရေးပါတီအသီးသီးသို့ ဖိတ်ကြားခဲ့ကြောင်း ဖိတ်ကြားခံရသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခုကော်မရှင်က နေပြည်တော်မှ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့အတွက်ဆိုပြီး ဖိတ်ကြားထားပါတယ်။ ထွေထွေထူးထူး ကိစ္စရှိပုံတော့မရဘူး။ ကျွန်တော်တို့ပါတီကလည်း တင်ပြစရာလေးတွေရှိတယ်။ အခုကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တွေ့ကြုံရတာလေးတွေနဲ့ အခက်အခဲတစ်ချို့ ပါပဲ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံခြင်းမှ ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပထမဆုံးအကြိမ်ဖြစ် ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ် (၄၅) နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီမှ ၄၃ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်နေရာ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ တစ်နေရာ အသီး သီးအနိုင်ရရှိခဲ့သည်ဟုလည်း သိရသည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သစ်တစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ လွန်ခဲ့သော နှစ် ၂၀ ကျော်အချိန်ကဖြစ်ပြီး ဒုတိယအကောင်းဆုံးအချိန်မှာ မျက်မှောက်ကာလပင်ဖြစ်သည် ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကျွန်တော်တို့ဒေသတွင်း နိုင်ငံအသီးသီးနဲ့ ဆီလျှော်အပ်စပ်မယ့် သက်ကြီးရွယ်အို စောင့်ရှောက်မှုဆိုင် ရာမူဝါဒတွေ၊ အစီအမံတွေချမှတ် ဆောင်ရွက်မယ်ဆိုရင်လည်း အချိန်မနှောင်းသေးဘူးလို့ ဆိုရပါမယ်”

မေ ၁၈ ထုတ် မြန်မာတိုင်း(မ်) အတွဲ ၂၉၊ အမှတ် ၅၆၉ တွင်ပါသည့် “သက်ကြီးရွယ်အိုများအတွက် ပေါ်လစီချမှတ်တော့မည်”သတင်းမှ လူမှု ဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“အဆင်းရဲဆုံးနိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့တွက် တစ်ခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့အညီ အလုပ်လုပ်ကြ ဖို့ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့မူတွေ ချပေးပြီး ဖြစ်ပါတယ်။ မူတွေကောင်းသော်လည်း လူတွေမကောင်းရင် မအောင်မြင်နိုင်ပါဘူး။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာချန်ထားခဲ့ရပါမယ်။ ခေတ်စနစ်တွေ ပြောင်းလဲနေပြီဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ဟန်ချက်ညီစွာ စီးပွားရေးကဏ္ဍကို ကျွန်တော် တို့ တွန်းတင်ရပါမယ်”

မေ ၁၈ ထုတ် မြန်မာတိုင်း(မ်) အတွဲ ၂၉၊ အမှတ် ၅၆၉ တွင်ပါသည့် “ပြည်သူများက အပြောင်းအလဲ လိုလားနေကြောင်းကို ကြားဖြတ်ရွေး ကောက်ပွဲက ပြသခဲ့ဟု သမ္မတပြောကြား”သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“သတင်းထောက်တွေရဲ့ အခန်းကဏ္ဍဟာ အရမ်းအရေးကြီးတယ်။ ခင်ဗျားတို့အနေနဲ့ အာဏာပိုင်တွေရဲ့ လက်တွေ့ကို စစ်ဆေးရမယ့်တာဝန်ရှိတယ်။ သူ တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေးကို တကယ်ဖော်ဆောင်တယ်ဆိုတာ သေချာအောင်လုပ်ဖို့လိုတယ်”

မေ ၁၈ ထုတ် မြန်မာတိုင်း(မ်) အတွဲ ၂၉၊ အမှတ် ၅၆၉ တွင်ပါသည့် “ခြစားမှုများအား မီဒီယာများက တိုက်ဖျက်ရန် ပိုလန်ဝန်ကြီး တိုက် တွန်း”သတင်းမှ ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs