Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တစ်ခု

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်တစ်ခု

မျိုးသန့် (MNA)

ပေါ်ပြူလာနယူးစ်ဂျာနယ် အတွဲ ၄၊ အမှတ် ၂၀ May 24, 2012 မှ ကူးယူဖော်ပြချက်

ယနေ့မျက်မှောက် မြန်မာ့နိုင်ငံရေးသည် အခြေခံဥပဒေသစ် တစ်ရပ်ကိုပြဋ္ဌာန်းပြီး အရပ်ဘက်လူ့အဖွဲ့အစည်းကို အနည်းဆုံးသော ဥပဒေပြုလုပ် ငန်းစဉ်များဖြင့် လည်ပတ်ကာ ပြည်သူလူထုကြီး၏ အကျိုးစီးပွားအလို့ငှာ အင်အားကြီးသော နိုင်ငံရေးပါတီများက လွှတ်တော်တွင်းသို့ ရောက်ရှိလာသော Political Process ခေါ် အဆင့်အလိုက် တာဝန်ခွဲဝေဆုံးဖြတ်သည့် စနစ်များဖြင့် အရှိအဟုန်ရနေပြီဖြစ်သည်။

ထိုသို့ အရှိန်အဟုန်များဖြင့် လည်ပတ်စေခြင်းသည် အမျိုးသားနိုင်ငံရေးတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြု ရေးအာဏာတို့ကို ပိုင်းခြားသုံးစွဲနိုင်ရန်၊ အပြန်အလှန်ထိန်းကျောင်းနိုင်ရန်၊ Principle of Separation of Power ကို အကောင်အထည်ဖော်နိုင်ရန်၊ ဒေသဆိုင်ရာအဆင့်များအထိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်ဆင့်ခွဲဝေ ကျင့်သုံးနိုင်ရန် ပထမဆုံးသော သီးခြားနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာခုံရုံးကို ဖွဲ့စည်းပြီး ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းဖြစ်သည့် ကိုယ်စားပြုလွှတ်တော်နိုင်ငံရေးမှ နိုင်ငံရေးကို တရားစီရင်ရေးနည်းလမ်းဖြင့် ဆောင် ရွက်ခြင်းကြောင့် ဖြစ်ပေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးသည် ၁၉၂၀ ခုနှစ်ဝန်းကျင်တွင် သြစတြေးလျနိုင်ငံ ဥပဒေသိပ္ပံပညာရှင် ဟမ်ကယ်ဆန်က စတင် မိတ်ဆက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးကို သီးခြားတရားရုံးများဖြင့် ကျင့်သုံးသကဲ့သို့ အမြင့်ဆုံးတရားရုံးများသို့ တရားစီရင်ရေး အာဏာကို အပ်နှင်းလျက် ကျင့်သုံးဆောင်ရွက်ခြင်းများလည်း ရှိပါသည်။

မြန်မာနိုင်ငံသည် အင်္ဂလိပ်ရိုးရာဥပဒေစနစ် ကျင့်သုံးသောနိုင်ငံများအနက် တောင်အာဖရိကနိုင်ငံအပြင် ဒုတိယမြောက် သီးခြားဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖြစ် တရားစီရင်ရေးကျင့်သုံးဆောင်ရွက်သောနိုင်ငံ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်သော နိုင်ငံပေါင်း ၁၀၀ ကျော် တွင် အဆိုပါအယူအဆကို လက်ခံကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးအမည်ဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအမည်ဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကောင်စီအဖြစ်လည်းကောင်း ကျင့်သုံးသော နိုင်ငံပေါင်း ၇၂ နိုင်ငံရှိကြောင်း လေ့လာသိရှိရ သည်။

ထို့ပြင် အင်္ဂလန်၊ အစ္စရေး၊ ကနေဒါနှင့် နယူးဇီလန်နိုင်ငံများကဲ့သို့ ဝက်မင်စတာ လွှတ်တော်နိုင်ငံရေးကို လက်ခံကျင့်သုံးလျက်ရှိသော နိုင်ငံများ သည်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးအယူအဆသဘောတရားများကို ၎င်းတို့၏ နိုင်ငံရေးတွင် လက်ခံကျင့်သုံးလာကြောင်း တွေ့ရှိ ရပေမည်။ အာရှတွင် သီးခြားတရားရုံးများဖြင့် မြန်မာနိုင်ငံအပါအဝင် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံနှင့် ထိုင်ဝမ်တို့တွင်လည်း အထင်ကရ ပါဝင်ဆောင်ရွက်လျက်ရှိသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်ပါ ပုဒ်မ ၃၂၃၊ ၃၂၄ တို့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံရေးဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးသည် အမြင့်ဆုံးသော နိုင်ငံတော် အဖွဲ့အစည်းဖြစ်ကြောင်း သက်သေပင်ဖြစ်သည်။ မွန်ဂိုလီးယားနိုင်ငံ၊ တောင်အာဖရိကနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရား ရုံးက ဆုံးဖြတ်ပေးခဲ့သည့် မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution as Applicable of Governmening Law)သည် အတည်ဖြစ်ကြောင်း ဆုံးဖြတ် ပေးခဲ့ကြသည့် ဆုံးဖြတ်ချက်သာဓကများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးနည်းလမ်းအားဖြင့် အစိုးရသစ်တစ်ရပ်ကိုပင် ဖန်တီးမွေးဖွား ပေးနိုင်ကြောင်း စီရင်ပိုင်ခွင့်အာဏာ၏ ကျယ်ပြန့်လှသော အခန်းကဏ္ဍများကို လေ့လာတွေ့ရှိနိုင်ပါသည်။

နိုင်ငံရေး၊ အများပြည်သူမူဝါဒ (Public Policy)၊ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများကို သာမာန် နိုင်ငံ ရေးနည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်ရာတွင် ဝိဝါဒကွဲပြားမှုများ၊ သောင်မတင် ရေမကျဖြစ်မှုများ၊ ဝိဝါဒဖြစ်မှု (Dilemmas)၊ မတူကွဲပြားမှု (Disagree -ment) ဖြစ်မှုများကို အချိန်တိုအတွင်း (Speedy Trial)တရားစီရင်ရေး နည်းလမ်းအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများကသာလျှင် ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။ တရားစီရင်ရေးနှင့် တရားသူကြီးတို့၏ အခန်းကဏ္ဍသည် ရှေ့တန်းသို့ ရောက်ရှိနေသောကြောင့် ဒီမိုကရေစီ၏ အခြေခံစံ နှုန်းများဖြစ်သည့် အများစုသည် အနိုင် (Majority Right)ကို ချိုးဖျက်သကဲ့သို့ပင် ဖြစ်သည်။

သို့သော်လည်း John Rawl ၏ Theory Of Justice, Justice as Fairness ကဲ့သို့သော လုပ်ထုံးလုပ်နည်းအသစ်များကို တရားစီရင်ရေးတွင် ထည့်သွင်းထားသဖြင့် နစ်နာသူ အနည်းဆုံးတွင်လည်း ၎င်းတို့နှင့် လိုက်လျောညီထွေသည့် အကျိုးခံစားခွင့်များကို ခံစားရမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် ဒီမိုကရေစီ၏ အခြေခံစံနှုန်းဖြစ်သော အများစုအနိုင် (Majority Right)ကို ခံစားနိုင်အောင် ထည့်သွင်းကျင့်သုံးထားသည်။

နိုင်ငံဖြတ်ကျော် နိုင်ငံတကာခုံရုံးများတွင်လည်း ယနေ့ လက်ခံကျင့်သုံးအကောင်အထည်ဖော်နေသည့် တရားစီရင်ရေးနည်းလမ်းများ ကျင့်သုံး ဆောင်ရွက်မှုအယူအဆများနှင့် သဘောထားတူညီသည်။ တရားစီရင်ရေးနည်းလမ်းဖြင့် ဆောင်ရွက်သော ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက် ပွဲရလဒ်၊ တောင်အာဖရိကနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်၏ အခန်းကဏ္ဍ၊ ဥရောပသမဂ္ဂတွင် ဂျာမနီနိုင်ငံ၏ အခန်းကဏ္ဍနှင့်အဆင့်ကို သတ်မှတ်ခြင်း၊ ချေချင်းညှာစစ်ပွဲများ၊ အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေးမူဝါဒ၊ အစ္စရေးနိုင်ငံ၏ တည်ထောင်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်တွင် ပါဝင်သော “ဂျူးများနှင့် ဒီမိုကရေစီ နိုင်ငံတော်”၊ ကနေဒါပြည်ထောင်စုနိုင်ငံနှင့် ကျူးဘက်ပြည်နယ်ခွဲထွက်မှု နိုင်ငံရေးဖြစ်စဉ် စသောဖြစ်ရပ်များနှင့် အပူတပြင်း ငြင်းခုန်ဆုံးဖြတ်ခဲ့ရေသော ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေးပြဿနာများသည် နိုင်ငံဖြတ်ကျော် နိုင်ငံတကာခုံရုံးများမှ နိုင်ငံရေးကို တရားစီရင်ရေးနည်းလမ်း ကျင့်သုံးလျက် ဖြေရှင်းဆုံး ဖြတ်ဆောင်ရွက်ပေးခဲ့ရသော သာဓကဖြစ်ရပ် ဖြစ်သည်။

နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် တရားဥပဒေစိုးမိုးရေးဟူသော ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ နိုင်ငံရေး၏ အန္တိမရည်ရွယ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများက တရားစီရင်ရေးနည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းကြောင့် ဒီမိုကရေစီတရားစီ ရင်ရေး ဥပဒေပြုအာဏာတို့ တစ်စုံတစ်ရာ အားနည်းကြလျှင် ထိုနိုင်ငံရှိ လူမှုဝန်းကျင်သည် အလားအလာမကောင်းတတ်သလို လူ့အဖွဲ့အစည်း၏ လုံခြုံ ရေးသည်လည်း အတိုင်းအတာတစ်ခုအထိ ခြိမ်းခြောက်ခံရခြင်းကို ကာကွယ်ရာရောက်မည်။

ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်း၊ ပြည်သူတို့က အပ်နှင်းထားသော အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲပြီး ပြည်သူ့ကောင်းကျိုးဝန်ကိုထမ်းရသည့် အဖွဲ့သည် အစိုးရပင်ဖြစ်သည။ နိုင်ငံ၏ အနာဂတ်သည် အုပ်ချုပ်ရေးအာဏာ သုံးစွဲသူတို့၏ ပညာ၊ အမြော်အမြင်ပေါ်တွင် မူတည်သည်။ ဒီမိုကရေစီဖွံ့ဖြိုး ရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သော တရားဥပဒေစီရင်ရေးကို တစ်စုံတစ်ရာ အင်အားရှိအောင် ဆောင်ရွက်ပေးခြင်းသည် ပြည်သူနှင့် လူ့အသိုင်းအ ဝိုင်းကို စောင့်ရှောက်ခြင်း၊ အာမခံချက်ပေးခြင်းဖြစ်သည်ဟု ခံယူထားပြီး တရားဥပဒေနှင့် တရားစီရင်ရေးကို တစ်စုံတစ်ရာ ပံ့ပိုးထောက်ပံ့သင့်ပြီး တရားရုံး များနှင့် တရားသူကြီးများကလည်း သင်္ကေတချိန်ခွင်ကို အလှဆင်သည်ထက်ပိုပြီး တန်ဖိုးထားတတ်ကြရန် လိုအပ်ပေမည်။

*****************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၃. ၅.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာခရိုနီများ၏ အခွန်ထမ်းဆောင်မှုကို နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများစိတ်ဝင်စား
  1. ပြည်တွင်းလေယာဉ်ကွင်းများကို လေယာဉ်မောင်း သင်တန်းဖွင့်နိုင်ရန် ကုမ္ပဏီများကမ်းလှမ်း
  2. လယ်သိမ်းခံတောင်သူများအတွက် နစ်နာကြေးပြန်ရရန် လွှတ်တော်သို့ တင်သွင်းမည်
  3. The Voice အား သတင်းရေးသားသူဖော်ထုတ်ရန် သတ္တုတွင်း တောင်းဆိုမှု တရားရုံးမှ ပလပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နောင်ရွေးကောက်ပွဲများတွင် တရားမျှတစွာ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ကတိပေး
  2. ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ ဆက်ဆံရေးနှင့် စီးပွားရေးရုံးများ ဖွင့်လှစ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာခရိုနီများ၏ အခွန်ထမ်းဆောင်မှုကို နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူများစိတ်ဝင်စား

အမေရိကန်နှင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့ထားမှုများ ဆိုင်းငံ့ပြီးနောက် မြန်မာနိုင်ငံတွင်းသို့ လာရောက်ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများ သည် ခရိုနီများ၏ အခွန်ထမ်းဆောင်ပုံနှင့် ပမာဏကို သိရှိလိုကြောင်း ပြည်တွင်းအခွန်ဦးစီးဌာန မန်နေဂျာအဆင့် ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ယခုဘဏ္ဍာရေးနှစ်အတွက် ဦးဇော်ဇော်၊ ဦးကိုကိုကြီး၊ ဦးတင့်ဆန်း၊ ဒေါက်တာစိုင်းဆမ်ထွန်းတို့၏ အခွန်ထမ်းဆောင်မှု ပမာဏ၊ အခွန်ကြွေးကျန် ရှိရှိမရှိ၊ အခွန်တိမ်းရှောင်ခြင်းရှိမရှိဆိုသော အချက်များကို မည်သည့်အတွက်မှန်းမသိ ပြည်ပရင်းနှီးမြုပ်နှံမည့်ကုမ္မဏီများက မေးမြန်းစုံစမ်းနေကြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“လာပြီး ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီတွေက ခရိုနီတွေနဲ့ အခွင့်အရေးတန်းတူ ရချင်ပုံရပြီး သူတို့နဲ့ ပြိုင်ဘက်ဖြစ်လာမယ့် ခရိုနီတွေရဲ့ ဓနအင်အားကို မှန်းဆချင်တာတွေကြောင့် ဖြစ်နိင်တယ်။ ဒါပေမယ့် ဘယ်လိုလုပ်မှန်မလဲ”ဟု အငြိမ်းစား အခွန်ဝန်ထမ်းတစ်ဦးက ခန့်မှန်းပြောဆိုသည်။

ပြည်ပရင်းနှီးမြုပ်နှံသူများအနေဖြင့် မြန်မာ့သံယံဇာတများ ထုတ်ယူသည့် ကျောက်မျက်၊ ရွှေ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများ ဆူလွယ်နပ် လွယ် လာရောက်ရင်းနှီးမြုပ်နှံလိုကြကြောင်း မြန်မာနိုင်ငံသည် အခြေခံအဆောက်အအုံများ မပြည့်စုံသော်လည်း ဈေးပေါသောလုပ်သားများရှိကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းလေယာဉ်ကွင်းများကို လေယာဉ်မောင်း သင်တန်းဖွင့်နိုင်ရန် ကုမ္ပဏီများကမ်းလှမ်း

မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းလေယာဉ်ကွင်းများကို လေယာဉ်မောင်းသင်တန်းဖွင့်လှစ်ရာတွင် အသုံးပြုနိုင်ရန် ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် တောင်ကိုရီးယားနိုင်ငံရှိ ပြည်ပကုမ္ပဏီတစ်ခုတို့မှ လာရောက်ကမ်းလှမ်းထားကြောင်း လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

“ပြည်တွင်းက ကုမ္ပဏီတစ်ခုနဲ့ တောင်ကိုရီးယားနိုင်ငံကုမ္ပဏီတစ်ခုတို့က ပူးပေါင်းပြီးတော့ ဒီမှာရှိတဲ့လေယာဉ်ကွင်းတွေမှာ လေယာဉ်မောင်းသင် တန်း ဖွင့်လိုပါတယ်ဆိုပြီး လာကမ်းလှမ်းထားတာရှိပါတယ်။ ကျွန်တော်တို့ဆီက သတ်မှတ်ထားတဲ့သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် စိစစ်ပြီး လက် ခံသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ ပူးပေါင်း၍ လေယာဉ်ကွင်းသင်တန်းဖွင့်လှစ်ရာတွင် အသုံးပြုနိုင်ရန် လာရောက်ငှားရမ်းသည့် လေယာဉ်ကွင်းများ မှာ ပြည်မြို့ရှိ လေယာဉ်ကွင်းနှင့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်ရှိ လေယာဉ်ကွင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့လေကြောင်းလိုင်းမှ ဝယ်ယူထားသည့် အမေရိကန်နိုင်ငံထုတ် ခရီးသည် ၁၉ ဦးတင်လေယာဉ်ကို တစ်နာရီလျှင် ဒေါ်လာ ၁၆၀၀ ဖြင့် စတင်ငှားရမ်းသုံးစွဲနိုင်ပြီဖြစ်ကြောင်း မြန်မာ့လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အမေရိကန်နိုင်ငံထုတ် မြန်မာ့လေကြောင်းလိုင်းပိုင်လေယာဉ်ကို တစ်နာရီ ၁၆၀၀ နဲ့ ငှားရမ်းနိုင်ပါပြီ။ ငှားရမ်းမယ့်သူတွေက တစ်ပတ်လောက် ကြိုပြီးတော့ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့လေကြောင်းဆိုပြီး စာတင်ရပါမယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထိုသို့ ငှားရမ်းရာတွင် ငှားရမ်းသူများဘက်မှ မြန်မာကျပ်ငွေဖြင့် ငှားရမ်းခ ငွေပေးချေမည်ဆိုပါက  ဗပာိုဘဏ်မှ သတ်မှတ်ထားသည့် နိုင်ငံခြား ငွေလဲလှယ်နှုန်းပေါက်ဈေးအတိုင်းသာ ပေးချေရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အစိုးရဌာနများကိုသာ ငှားရမ်းလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လယ်သိမ်းခံတောင်သူများအတွက် နစ်နာကြေးပြန်ရရန် လွှတ်တော်သို့ တင်သွင်းမည်

မြန်မာတစ်ဝန်းလုံးရှိ လယ်သိမ်းခံတောင်သူများအားလုံး နစ်နာကြေးရရှိနိုင်စေရန်နှင့် အသိမ်းခံလယ်ယာမြေများ မူလတောင်သူများ ပြန်လည်ရရှိ နိုင်စေရန် လွှတ်တော်သို့တင်သွင်း၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်လယ်သမား၊ အလုပ်သမားရေးရာကော် မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

“နိုင်ငံတော်က လယ်ယာမြေတွေကို ပြန်သိမ်းလိုက်တော့ အဓိကနစ်နာကုန်တာက လယ်သမားတွေပါ။ ဒီတော့ ဒီလယ်သိမ်းခံတောင်သူတွေကို နစ်နာကြေးပေးရင်ပေး၊ ဒါမှမပာုတ် ဒီလယ်တွေကို မူလပိုင်ရှင်တွေဆီ ပြန်ရောက်နိုင်အောင် လွှတ်တော်ကိုတင်သွင်းပြီး ဥပဒေပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက် သွားမှာပါ”ပာု ၎င်းက ပြောကြားသည်။

ထို့ပြင် ၂၀၁၂ မေလ ၁၇ ရက်နေ့တွင် နစ်နာဆုံးရှုံးခဲ့ရသည့် လယ်မြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လယ်ယာမြေဆုံးရှုံးနစ်နာခဲ့သည့် တောင်သူလယ်သ မား ၄၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် တောင်သူလယ်သမားသမဂ္ဂ အမြန်ဆုံးပေါ်ထွန်းလာနိုင်စေရန်၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လယ်သိမ်းခံတောင်သူများ လယ် ယာမြေပြန်လည်ရရှိနိုင်စေရန်နှင့်  မြေယာမှတ်ပုံတင်ရန် ကိစ္စရပ်များကို တက်ရောက်လာသူများက အဓိကဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၁၂ ဧပြီ ၃ ရက်နေ့က ထုတ်ပြန်ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေတွင် လယ်ယာမြေပိုင်ဆိုင်ခွင့် Land Aquisision ကို တိကျစွာ ပြဋ္ဌာန်းပေး ထားခြင်းမရှိသောကြောင့် လက်ရှိအချိန်ထိတိုင် တောင်သူများ လယ်ယာမြေအသိမ်းခံရမှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိ ကြောင်း သိရသည်။

                YC

--------------------------------------------------------------------------------------------------------------------------------

The Voice အား သတင်းရေးသားသူဖော်ထုတ်ရန် သတ္တုတွင်း တောင်းဆိုမှု တရားရုံးမှ ပလပ်

သတ္တုတွင်းဝန်ကြီးဌာနမှ ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice Weekly ဂျာနယ်ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထား သည့် အမှုတွင် သတ္တုတွင်းဝန်ကြီးဌာနမှ သတင်းရေးသားသူဖော်ထုတ်ပေးရန် The Voice အား တောင်းဆိုထားသည့် တင်ပြလျှောက်ထားမှုကို ၂၀၁၂ မေလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာတရားရုံးက ပလပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“စနစ်ပြောင်းသွားတဲ့အခါ အခြေခံဥပဒေအရ အာဏာသုံးရပ်က သီးခြားစီရှိနေတယ်၊ တရားစီရင်ရေးအာဏာက အုပ်ချုပ်ရေးရဲ့ စွက်ဖက်မှုမရှိဘဲ ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်လိုက်တယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်”ပာု The Voice Weekly ဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြား သည်။

ထိုသို့ The Voice Weekly ၏ သတင်းရေးသားသူဖော်ထုတ်ရေးကို တရားရုံးမှ ပလပ်လိုက်ပြီဖြစ်သည့်အတွက် ယင်းအမှု၏ ပင်မတရားစွဲဆိုမှု ဖြစ်သော ပုဒ်မ ၅၀၀ အတွက် နှစ်ဖက်ရှေ့နေများမှ ၂၀၁၂ ဇွန်လ ၆ ရက်နေ့တွင် စတင်လျှောက်လဲရမည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံးက ဆုံးဖြတ် ချက်ချလိုက်ကြောင်း သတင်းရရှိသည်။

“မီဒီယာသမားတွေမှာလည်း မီဒီယာကျင့်ဝတ်ဆိုတာတွေရှိပါတယ်။ အယ်ဒီတာတွေအနေနဲ့က သတင်းရေးသားသူ ဘယ်သူဆိုတာကို ဖော်ထုတ် ခွင့်မရှိပါဘူး။ ဒါပာာ မီဒီယာကျင့်ဝတ်ထဲမှာလည်း ပါပါတယ်။ ဒီကိစ္စမှာ The Voice ကမှန်ပါတယ်။ မီဒီယာကျင့်ဝတ်ကို စောင့်ထိန်းပြီး သတင်းရေးသား သူကို ဖော်ထုတ်မပေးခဲ့တဲ့ The Voice Weekly က တာဝန်ရှိသူတွေကို လေးစားပါတယ်။ တရားရုံးကလည်း ဒီကိစ္စမှာ တကယ်ကို မျှမျှတတဆုံးဖြတ်ချက် ချခဲ့တာပါ” ပာု သတင်းထောက်တစ်ဦးက ဆိုသည်။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နောင်ရွေးကောက်ပွဲများတွင် တရားမျှတစွာကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ကတိပေး

၂၀၁၂ မေလ ၂၂ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကြားဖြတ်ရွေးကောက်ဝင် နိုင်ငံရေးပါတီ (၁၇)ခုနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းတွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မြန်မာနိုင်ငံ၌ နောင်လာမည့် ရွေးကောက်ပွဲများတွင် တရားမျှတစွာ ကျင်းပပေးမည်ဖြစ်ကြောင်း ကတိပေးပြောကြားသည်။

“ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ပြီးတော့ အားနည်းချက်၊ အားသာချက်တွေကို လေ့လာမယ်။ ပြီးတော့ နောင်လာ မယ့် ရွေးကောက်ပွဲတွေကို ပိုပြည်စုံကောင်းမွန်ပြီး လွတ်လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖက်လက်တိုးတက်ဖြစ်ပေါ်စေဖို့အတွက် ကော်မရှင်အနေ နဲ့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ကျင်းပပေးသွားမှာဖြစ်ပါတယ်”ပာု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ထို့နောက် ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများမှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများနှင့် ပတ် သက်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး နောင်လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတမှု ရှိစွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ပါတီအနေနဲ့ကတော့ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ မဲစာရင်းကို စနစ်တကျပြုစုဖို့နဲ့ အားနည်းချက်၊ အားသာချက်တွေကို ထောက်ပြပြီး ဆွေးနွေးခဲ့ပါတယ်”ပာု အမျိုးသားဒီမိုကရေစီပါတီသစ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် နိုင်ငံ ရေးပါတီ(၁၇) ခုမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လစ်လပ်မဲဆန္ဒနယ် (၄၅) နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ (၄၃)နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်နေရာနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူ)မှ တစ်နေရာ အသီးသီး အနိုင်ရရှိခဲ့ကြောင်း သတင်းများ အရ သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးကိစ္စများ ဆောင်ရွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ ဆက်ဆံရေးနှင့် စီးပွားရေးရုံးများ ဖွင့်လှစ်

ပြည်တွင်းရှိ ငြိမ်းချမ်းရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် မွန်ပြည်သစ်ပါတီမှ ဆက်ဆံရေးနှင့် စီးပွားရေးရုံးများကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီမှ ယခုဖွင့်လှစ်လိုက်သည့် ဆက်ဆံရေးရုံးများတွင် ငြိမ်းချမ်းရေးနှင့် စီးပွားရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များတွင် မွန်ပြည်သစ်ပါတီမှ အရှိန်အပာုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အခု မွန်ပြည်သစ်ပါတီက ဆက်ဆံရေးရုံးတွေနဲ့ စီးပွားရေးရုံးတွေကို ဖွင့်ပြီးပါပြီ။ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်နိုင်ဖို့နဲ့ မွန်ပြည်သစ် ပါတီရဲ့ ပါတီပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပါတယ်”ပာု မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြော ကြားသည်။

မွန်ပြည်သစ်ပါတီမှ စီးပွားရေးရုံးများကို မွန်ပြည်နယ်တွင် မော်လမြိုင်၊ ကျိုက်မရောနှင့် ပေါင်မြို့နယ်တို့တွင်လည်းကောင်း၊ ဆက်ဆံရေးရုံးများကို မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနှင့် ကရင်ပြည်နယ် ဘုရားသုံးဆူနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ရာမူကျေးရွာတို့တွင်လည်းကောင်း ဖွင့်လှစ် ထားရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးလို့ရရှိရင် တိုင်းရင်းသားပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ပေးဖို့အတွက် တောင်းဆိုထားပါတယ်။ အစိုးရဘက်ကလည်း ဒါကို သဘောတူထားပါ တယ်”ပာု မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့သည် ၂၀၁၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

YC

 ****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အမေရိကန်ကဦးဆောင်နိုင်ငံဖြစ်နေတော့ အခုလိုဖွင့်ပေးလိုက်တဲ့အခါ အခြားနိုင်ငံတွေကိုလည်း အားပေးရာရောက်ပါတယ်။ သူတို့ဆီက စီးပွားရေးလုပ် ငန်းရှင်တွေလည်း ဝင်လာကြတယ်။နောက်တစ်ခုရှိတာကအမေရိကန် ကုမ္ပဏီတွေဝင်လာရင် ဒီကုမ္ပဏီတွေက corporate social responsibility ရှိတဲ့ ကုမ္ပဏီတွေဖြစ်ကြတော့ အခြားနိုင်ငံတွေထက် သူတို့ကဒီအပိုင်းမှာ စံချိန်မြင့်နေတော့ မြန်မာနိုင်ငံအတွက် ပိုပြီးအကျိုးရှိပါတယ်။ ဒီနေရာမှာတစ်ချိန်က crony စာရင်းထဲမှာပါတဲ့ သတွေကောအကျိုးရှိနိုင်သလားဆိုတဲ့ အမြင်နဲ့ ပတ်သက်ရင်တော့ ဘယ်လောကမှာဖြစ်ဖြစ် အပြောင်းအလဲတွေတော့ ရှိတတ်ပါ တယ်။ အမြဲတမ်းတည်မြဲနေတာတော့မဟုတ်ပါဘူး။ တချို့သေးတဲ့ ကုမ္ပဏီတွေက ကြီးထွားလာတာမျိုးရှိသလို ကုမ္ပဏီကြီးတွေက ပြန်ကျုံသွားတာမျိုး လည်း ရှိနိုင်ပါတယ်။ ကျန်တာကတော့ လုပ်ငန်းအမျိုးအစား ကြိုးစားမှုနဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ပဲဆိုင်မယ်လို့ ထင်ပါတယ်။ ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက် လို့တော့ ထုတ်လုပ်မှုပိုင်းမှာဝင်လာနိုင်သလိုအထည်ချုပ်လုပ် ငန်းတွေလည်းဝင်လာနိုင်ပါတယ်။ ဒီလိုပဲစွမ်းအင်ကဏ္ဍတွေမှာလည်းဝင်လာနိုင်ပါတယ်”

မေ ၂၃ ထုတ် WeeklyELEVEN NEWS အတွဲ (၇) အမှတ် (၃၃) တွင်ပါသည့် “အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှု အား ဆိုင်းငံ့သည့်အပေါ် အမြင်များ”သတင်းမှ ဒေါက်တာနေဇင်လတ် (နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး) သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

“အရစ်ကျစနစ်နဲ့ ရောင်းလို့ဈေးပိုပေးရတာတော်ပါသေးတယ်။ အခုလက်ငင်းပေးဝယ်တာကို ရန်ကုန်လိုင်းကဒ်မို့ ဈေးပိုတင်ပြီးရောင်းတယ်ဆိုတာ မဖြစ် သင့်ပါဘူး။ နောက်ပြီး နယ်လိုင်းကဒ်မို့လို့ နယ်မှာအရင်ဖုန်းသွားပြောပြီး လိုင်းဖွင့်ရမယ်ဆိုတာ အခုမှပဲကြားဖူးတော့တယ်။ နည်းပညာဆိုင်ရာလိုအပ်နေ သေးတာတော့ မဟုတ်နိုင်ဘူး။ ပြည်သူတွေအဆင်ပြေအောင် မလုပ်ပေးတတ်တာလား၊ မလုပ်ပေးချင်တာလားဆိုတာပဲ မေးရတော့မယ်။ မလုပ်ပေးချင် ဘူး၊ မလုပ်တတ်ဘူးဆိုရင် တာဝန်ရှိသူတွေအနေနဲ့ လုပ်တတ်၊ ကိုင်တတ်၊ လုပ်နိုင်ကိုင်နိုင်တဲ့သူ၊ အရည်အချင်းရှိတဲ့သူတွေကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပေး သင့်ပါတယ်”

မေ ၂၃ ထုတ် newday news အတွဲ (၁) အမှတ် (၁၁) တွင်ပါသည့် “နယ်ဖုန်းလိုင်းကဒ်များခေါ်ဆိုမရသောကြောင့် ရန်ကုန်ဖုန်းလိုင်းကဒ်များကို ဈေးတင်ရောင်းလျက်ရှိ”သတင်းမှ တန်ဖိုးနည်းဖုန်းကဒ်ဝယ်ယူထားသော်လည်း လိုင်းမပွင့်သေးသဖြင့် အခက်တွေ့နေသူ နည်းပညာနားလည်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------

BBC: နောက်တစ်ခု ကျွန်မမေးချင်ပါတယ်။ နည်းနည်းတော့ ပုဂ္ဂိုလ်ရေးများဆန်မလားမသိဘူးနော်။ ပါလီမန်ကြီးမဖြစ်လာခင်က တော်တော်လေးသတင်း တွေ ထွက်လာပါတယ်။ သူရဦးရွှေမန်းက၊ ဗိုလ်ချုပ်ကြီးရွှေမန်းကသမ္မတဖြစ်မယ်။ ဒီသတင်းတွေက တော်တော်လေးကိုထွက်လာပြီးတော့ တော်တော်လေး လည်း ခိုင်ခိုင်မာမာသတင်းတွေလို့ လက်ခံနိုင်တဲ့သဘောမျိုး ဖြစ်လာပါတယ်။ တကယ်တမ်းကျတော့ သမ္မတရာထူးက သူရဦးရွှေမန်းမရဘဲနဲ့ ဥက္ကဋ္ဌဖြစ် လာပါတယ်။ လွှတ်တော်ဥက္ကဋ္ဌဖြစ်လာတဲ့အတွက် စိတ်ပျက်သွားသလား။

TRUSM: စိတ်မပျက်ပါဘူး။ ကျွန်တော်စိတ်ပျက်ခြင်းရှိ၊ မရှိဆိုတာက ကျွန်တော်နဲ့လက်တွဲဆောင်ရွက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကို မေးမြန်းကြည့် မယ်ဆိုရင် အဖြေပေါ်ပါလိမ့်မယ်။ အရေးကြီးတကာကလွှတ်တော် မှာလွှတ်တော်ကိုယ်စားလှယ်များနဲ့ ဒီကနေ့ ကျွန်တော်တို့ ပြောဆိုဆွေးနွေးနေတာက နိုင်ငံနဲ့ နိုင်ငံသားများအကျိုးစီးပွားဖြစ်တယ်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ လူတစ်စုအတွက်မဖြစ်ရဘူးဆိုတာ ကျွန်တော်တို့ လွှတ် တော်မှာ ဆောင်ရွက်နေခြင်းက ကျွန်တော်စိတ်ပျက်တယ်၊ မပျက်ဘူးဆိုတာ အကဲခတ်လို့ရပါတယ်။

မေ ၂၄ ထုတ် Venus News အတွဲ (၃) အမှတ် (၄၄) တွင်ပါသည့် “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အင်တာဗျူး”ကောက်နှုတ်ချက်

*************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs