Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၎.၁၀.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံတွင် ဥပဒေများ အသက်ဝင်စေခြင်း

(3 Oct 2012ရက်စွဲပါ The Wall Street Journal )မှ Robert Pe ရေးသားသော Bringing Law to Burma ကိုဘာသပြန်ဆိုသည်)

  1. ကချင်ဒုက္ခသည်များ နိုင်ငံခြားထောက်အပံ့မရဟု အစီရင်ခံစာထွက်ပေါ်

(Radio Australia Newsမှ 3 Oct 2102) ရက်စွဲပါ Displaced Burmese missing out of on foreign aid report said” သတင်းကို ဘာသာပြန်ဆိုသည်။

  1. တားဆီးပိတ်ဆို့မှုများကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးထိခိုက်

(The Telegraph India မှ 2 October 2012 ရက်စွဲပါ Blockade hits border trade ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဥပဒေများ အသက်ဝင်စေခြင်း

(3 Oct 2012ရက်စွဲပါ The Wall Street Journal )မှ Robert Pe ရေးသားသော Bringing Law to Burma ကိုဘာသပြန်ဆိုသည်)

ကမ္ဘာ့စီးပွားရေးလုပ်ငန်းများသည် ရုတ်တရတ် မြန်မာနိုင်ငံသို့ ဦးတည်နေကြသည့် သဘောရှိသည်။ စစ်အစိုးရက တင်းကြပ်စွာကိုင်တွယ်နေရာမှ သမ္မတဥင်္ီးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ အာဏာရယူ၍ ဖြေလျာ့မှုများပြုလုပ် လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်တော်တွင် ပါဝင်ခွင့်ပြုခြင်း ကဲ့သို့သော နိုင်ငံရေးအရ ပြောင်းလဲမှုများသည် ဥရောပသမဂ္ဂနှင့်အမေရိကန်တို့ကို အရေးယူမှုများအား ဖြေလျော့မှုသို့မဟုတ်  ရုတ်သိမ်းမှုများကိုဖြစ်စေခဲ့ပြီး စီးပွားရေးအရ  တံခါးပွင့်လာစေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအတွက် တံခါးဖွင့်ခဲ့သောကြောင့် ဦးသူအသာရစမြဲ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လျက် ရှိသည်။ သို့သော် မြန်မာအစိုးရ သော်လည်းကောင်း နိုင်ငံခြားကုမ္ပဏီများသော်လည်းကောင်း လျှောက်ရမည့် လမ်းသည် ဖြောင့်ဖြူးနေ ပါသည်ဟု လက် ခံခြင်း မရှိကြသေးပေ။ အကယ်၍ အစိုးရသည် ယခုအားလုံးက စုပြုံစိတ်ဝင်စားမှုသည် အရှိန်အဟုန် ကောင်းလာစေလိုပါက စိန်ခေါ်မှုများစွာကို ကြုံတွေ့ ရမည် ဖြစ်သည်။

အရေးကြီးဆုံး ကိစ္စမှာ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အခြေခံများပင် ဖြစ်လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းငါးဆယ်မျှ စစ်အစိုးရက ဗဟိုမှ စီမံပြီး တံခါးပိတ် စီးပွားရေး နိုင်ငံအဖြစ်မှ ရုန်းထွက်ခဲ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အစိုးရသည် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေး အတွက် တရားဥပဒေဆိုင်ရာ အခြေခံ အဆောက်အဦများကို အရေးပေါ် စတင်လုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရန် ထောက်ချွန်နှစ်ခုနှင့် ထိန်းမ ချဉ်းကပ်မှု လိုအပ်သည်။

ပထမတစ်ခုမှာ အစိုးရသည်ပြည်တွင်း တရားဝင် အဖွဲ့အစည်းများ ဥပဒေများကို အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်။ထိုသို့လုပ်ဆောင်ရာတွင် တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် အခြေခံကျသော ခြေလှမ်းတစ်ခုဖြစ်သည်။ အကြောင်းမှာ အဆိုပါဥပဒေတွင် နိုင်ငံခြား ကုမ္ပဏီ များအတွက် ကန့်သတ်ထားသော စက်မှုလုပ်ငန်းများနှင့် ၎င်းတို့ခန့်ထားရမည့် မြန်မာနိုင်ငံသားစသည်တို့အပါအဝင် သိသင့်သည့်အချက်များရှင်း လင်းသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ လက်ရှိအားဖြင့် အဆိုပါ ကိစ္စများနှင့် ပတ်သက်သော အစိုးရ၏ မူဝါဒများ သည် ရှင်းလင်းပြတ်သားခြင်း မရှိသေးပဲ အမိန့်အာဏာဖြင့် တရားမျှတမှု မရှိသေးသည့် သဘောတွင်ရှိသည်။ အဆိုပါဥပဒေတွင် နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအတွက် အခြေခံ ပိုင်ဆိုင် ခွင့်များ၊ အတိအကျဆိုသော် ငှားရမ်းခြင်းဆိုင်ရာ များကိုရှင်းရှင်းလင်းလင်း ဖော်ပြမည်ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်လည်း ပိုပေးမည်ဖြစ်သည်။

အဆိုပါဥပဒေသည် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း ၎င်းသည် မြန်မာနိုင်ငံတွင် လိုအပ်သော တရားဝင်မှုများ စုစည်းရေးအတွက် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ောက်ထပ်အဓိက စိန်ခေါ်မှု တစ်ခုမှာ မြန်မာနိုင်ငံ၏ ကုမ္ပဏီများအက်ဥပဒေကို ပြောင်းလဲရေးဖြစ်သည်။              ၎င်းသည် ၁၉၁၄ခုအက်ဥပဒေကို အခြေခံ၍ အံသြဖွယ်အပြောင်းအလဲများစွာ လုပ်ဆောင်ထားသော ဥပဒေဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံတွင် ခေတ်မီသော ဥပဒေများ မရှိခြင်းက ထပ်မံပေါင်းထည့် လိုက်သောအခါ ကုမ္ပဏီဒါရိုက်တာများ၏ တရားဝင်လုပ်ငန်း တာဝန်များသို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများ နှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။ ကုမ္ပဏီဥပဒေသစ်တစ်ခုသုံးသပ်ရေးဆွဲ၍ အစားထိုးနိုင်ရန် ဆိုလျှင်နှစ်အတန်ငယ်ကြာနိုင်သည်။

ထို့ပြင် အစိုးရသည် ပြဋ္ဌာန်းထားသော ဥပဒေများကို သေချာစွာ အကောင်းအထည်ဖော်နိုင်ရေးကိုလည်း အာရုံပြုရန်လိုအပ်သည်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း မကြာသေးခင်က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မယ့်သူတွေ ကိုသတိပေးလိုပါတယ်။ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ရှိနေသည့်တိုင်၊ ဒီဥပဒေတွေကို  တရားမျှတအောင် လုပ်ပေးမယ့် လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရုံးတွေ မရှိရင် အသုံးမဝင်နိုင်ပါဘူး”ဟု သတိ ပေးခဲ့သည်။

လက်ရှိအားဖြင့် အဓိကကျသော နိုင်ငံခြားရင်းနှီးမြှုပ်မှု မှန်သမျှသည် ၎င်းတို့၏ အမှုဆောင်အရာရှိတစ်ဦးကို နေပြည်တ်ာရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်မှ လူကြီးတစ်ဦးအား တွေ့ဆုံစေလွှတ်ရေး လိုအပ်သည်။ အရာရှိငယ်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခြင်း မရှိခြင်း သို့မဟုတ် အပေါ်မှ မီးစိမ်းပြမှသာ လုပ်ဆောင်ခွင့်ရှိကြသည်။

ထိုအချက် သည် အသစ်ဖြစ်ပေါ်မှုများကို အကန့်အသတ်ထားသည့် နှယ်ရှိသည်။ MICသည် ခေတ်နောက်ပြန်ဆွဲသည့် အဖွဲ့ကြီးသဖွယ်ဖြစ်ပြီး ဆင်ပြောင်ကြီး အမြီးရောက်မှ တစ်သော ဖြစ်ရပ်များကို ဖန်တီးပေးသကဲ့သို့ရှိသည်။ ထို့ကြောင့် အဂတိလိုက်စားရန် အခွင့်အလမ်းများ ဖန်တီးပေးသကဲ့သို့ ရှိကာ၊ တာဝန် ရှိသူတစ်ဦး၏ လက်ထဲတွင်သာ ဆုံးဖြတ်ခွင့်အာဏာ ထည့်ထားခြင်းကြောင့် ဥပဒေကို တရားမျှတမှုမရှိစွာ အကောင်းအထည်ဖော်နေသည့် နှယ်ဖြစ် နေသည်။ ပြည်တွင်းတွင် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရေးကိုပင် MIC ၏အတည်ပြုချက်ရယူနေရသော အဖြစ်မျိုးကိုပင် ကြည့်ကြ ပါတော့ ဟု ဆိုချင်သည်။ မကြာသေးခင် ကာလများ အတွင်းက MICသည် ရင်းနှီးမြှုပ်နှံသူများ လွယ်ကူစေရန် လုပ်ဆောင်လာခဲ့သော်လည်း ၎င်းတို့ကိုယ် တိုင် ဝန်ခံချက်အရ အကောင်အထည်ဖော်ရန် ဝန်ထမ်းလုံလောက်မှု မရှိကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော အရင်းအနှီးများ စာရင်းလွှဲပြောင်း ပေးပို့ရေးအတွက် စည်းမျဉ်းများမှာ ခန့်မှန်း၍ မရနိုင်ပေ။ ကြွေးများပြန်လည်ပေးခြင်း၊ ပေးရန်ငွေများ ပေးချေးခြင်းများတွင် ချော့မွေ့မှုရှိသော်လည်း အမြတ်ငွေများကိုပြန်လည်ပေးပို့ရာတွင် နိုင်ငံခြား ငွေလဲလှယ်ရေး စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ ခွင့်ပြုချက်လိုအပ်သည်။

ထိုပြဿနာများကို ဖြေရှင်းရာတွင် တရားသူကြီးများ၊ ဥပဒေပညာရှင်များနှင့် အစိုးရ တာဝန်ရှိသူများ ကိုမလွဲမသွေ ပညာပေးခြင်းများ ပါဝင်ရာချိန်ယူရမည်ဖြစ်သည်။ ယခုအခါ အခြေအနေတွင်မူ အစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ယာယီကာကွယ်စောင့်ရှောက်မှုများဖြင့် အာမခံ ရန် လိုအပ်သည်။ ယခုအခါ မြန်မာနိုင်ငံ ပြည်တွင်းဥပဒေများကို အဆင်မြင့်တင်လျှက်ရှိသည့်နည်းတူ နယ်စပ်ကုန်သွယ်ရေးကို စီမံသော စနစ်များကို နိုင်ငံတကာစံများနှင့် အညီ အရှိန်မြှင့်တင်ရေး လိုအပ်လျက်ရှိသည်။ အစိုးရက ခွင့်ပြုမည်ဆိုပါက နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှု International Arbitrationက ကူညီပေးနိုင်မည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံပြင်ပတွင် နိုင်ငံတကာမှ ကြားလူများ ရွေးချယ်ခွင့်ပြုသင့်သည်။ သို့မှသာ မြန်မာနိုင်ငံတွင်း တရားမျှတသော အခြေအနေဖြစ်လာပြီး ယုံကြည်မှု ရှိလာမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံသည် Recognition and Enforcement of Foreign Arbitral Awards ဆိုင်ရာ နယူးယောက် သဘောတူညီချက်ကို သဘောတူရန်လိုအပ်သည်။ အဆိုပါ သဘောတူညီချက်ကို နိုင်ငံပေါင်း တစ်ရာ့လေးဆယ်က သဘောတူပြီးဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် အငြင်းပွားမှု ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်မှ ဥပဒေဖြစ်နေသည်။ ထိုဥပဒေတွင် နိုင်ငံတကာ ကုန်သွယ်ရေးဥပဒေနှင့် ပတ်သက်သော ကုလသမဂ္ဂ ကော်မရှင်(UNCITRAL) ကို လက်ခံရန်ဖြစ်သည်။ အဆိုပါ ကော်မရှင်သည် နိုင်ငံများက ၎င်းတို့၏ အငြင်းပွားမှု ဆိုင်ရာ ဥပဒေများကို ခေတ်မှီအောင် ပြုပြင်ရာတွင် အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံတကာ ရောင်းဝယ်မှု အငြင်းပွားခြင်းများအတွက် အဖြေကို အဆင်သင့်ပေးနိုင်အောင် ကူညီနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့ စိန်ခေါ်မှုများမှာ ကြီးမားလွန်းလှပြီး မည်သည်ကို ဦးစားပေးရမည် ဆိုသည်ကို သတ်မှတ်ရေးကပင် စိန်ခေါ်မှုဖြစ်နေသည်။ သို့သော် ရှင်းနေသည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးကို ထိပ်ဆုံးက ထားရှိရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသည် ကော်ပိုရေးရှင်းများနှင့် ပက်သက်သော ဥပဒေကို မှန်ကန်စွာ ချမှတ်နိုင်ပါက အများအသိအမှတ်ပြုနိုင်သော တိုးတက်မှုကို ရနိုင်မည် ဖြစ်ပါသည်။

--------------------------------------------------------------------------------------------------------------------

ကချင်ဒုက္ခသည်များ နိုင်ငံခြားထောက်အပံ့မရဟု အစီရင်ခံစာထွက်ပေါ်

“(Radio Australia Newsမှ 3 Oct 2102) ရက်စွဲပါ Displaced Burmese missing out of on foreign aid report said” သတင်းကို ဘာသာပြန်ဆိုသည်။

နိုင်ငံခြား အထောက်အပံ့ မရသောကြောင့် ကချင်ပြည်နယ်မှ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များ အာဟာရချို့တဲ့ခါ ကျန်းမာရေး ယိုယွင်းလျှက်ရှိသည်ဟု သိရသည်။

Kachin Women Association Thialand (KWAT) ၏ နောက်ဆုံးထုတ် အစီအရင်ခံစာတွင် တရုတ်မြန်မာ နယ်စပ်တစ်လျှောက်မှ ခန့်မှန်းခြေ ကချင်အရပ်သား တစ်သိန်းခန့် အနက် ခြောက်သောင်းခန့်မှာ ဆန်ပြုတ်ဖြင့် အသက်ဆက်နေကြရသည်ဟု တင်ပြထားသည်။

မနှစ်က အပစ်ရပ် သဘောတူညီချက် ပျက်ပြားသွားခဲ့ချိန်မှစပြီး ကချင်စစ်ပြေးဒုက္ခသည်များ၏ ဆင်းရဲဒုက္ခများ ကို KWAT က အထောကအထားများ စုဆောင်းခဲ့ခြင်းဖြစ်သည်။ အခုအချိန်ထိ အလှူရှင်လည်း မရှိဘူး။ သူတို့ကိုလည်း ထောက်ပံ့ပေးနိုင်မယ့် ကြီးကြီးမားမား အဖွဲ့အစည်းတစ်ခုမှမရှိသေးဘူးဟု KWATမှညှိနှိုင်းရေး တာဝန်ခံမွန်းနေလီက ရေဒီယိုသြစတြေးလျ၏ အာရှပစိဖိတ် အစီအစဉ်သို့ပြောကြားခဲ့သည်။

ကချင်ဒုက္ခသည်များသည် အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်၏ ၄ရာခိုင်နှုန်းမျှကိုသာ နိုင်ငံတကာ NGOများထံမှ ရရှိပြီး ကျန်လိုအပ်ချက်ကို ကချင်လူမျိုးများ၏ ပုဂ္ဂလိက လှူဒါန်းမှုများမှ ဖြည့်ဆည်းကြရသည်ဟု မွန်းနေလီက ဆိုသည်။

“အာဟာရချို့တဲ့မှု ခံစားနေရတဲ့ ကလေးအရေအတွက် တိုးပွားနေပါတယ်။ ဒါ့အပြင် ဆေးဝါးလည်း မလုံလောက်ပါဘူး အခုက မိုးရာသီဆိုတော့ ငှက်ဖျားနှင့်  ဝမ်လျှောရောဂါ ဖြစ်ပွားနေပါတယ်”ဟု သူမက ပြောကြားသည်။

“နိုင်ငံတကာ NGOများနှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့များသည် တရားဝင်ချန်နယ်မှ တဆင့်သာလျှင် ကူညီပေးလိုကြသည်။ သို့သော် ကချင်ဒုက္ခ သည်များကို ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေရေးကိစ္စတွင် အစိုးက တားမြစ်ကန့်သတ်ချက် များစွာချမှတ် ထားသည်”ဟု KWATအဖွဲ့က ရှင်းလင်းပြောကြား သွားသည်။

--------------------------------------------------------------------------------------------------------------------

တားဆီးပိတ်ဆို့မှုများကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးထိခိုက်

(The Telegraph India မှ 2 October 2012 ရက်စွဲပါ Blockade hits border trade ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံမှ ခွဲထွက်ရေးသူပုန်တပ်ဖွဲ့ဖြစ်သော ညီညွတ်သည့် အမျိုးသား လွတ်မြောက်ရေးတပ်ဦး(UNLF)၏ စီးရီးလိုက် ဗုံးဖောက်ခွဲ တိုက်ခိုက်မှု တွင် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ရာ Kwatha ကျေးရွာအာဏာပိုင်များက အင်ဖားနှင့် မိုးရေး လမ်းပိုင်းကို ၂၄ နာရီပတ်လုံး ပိတ်ပင်ထားကြောင်း၊ သို့အတွက်ကြောင့် မဏိပူရပြည်နယ်မြို့တော် မိုးရေး၌အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်နစ်နာမှု ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် UNLF မှ ကေဒါများက အိန္ဒိယ-မြန်မာ နယ်စပ်ဒေသရှိ Kwatha ကျေးရွာအနီးတွင် အာသံကင်းလှည့်တပ်ဖွဲ့အား တိုက်ခိုက်ရန်အလို့ငှာ ဖောက်ခွဲရေး ကိရိယာများ တပ်ဆင်ဖောက်ခွဲခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုများကြောင့် အာသံကင်းလှည့် တပ်သားနှစ်ဦး သေဆုံးပြီး

လေးဦးဒဏ်ရာ ရရှိခဲ့သည်။ Kwatha ကျေးရွာအာဏာပိုင်အဖွဲ့၏ အတွင်းရေးမှူးဟောင်းဖြစ်သူ N Sangaijao သည်လည်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ သလို ရွာခံအမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်ရပ်အပေါ် အိန္ဒိယအစိုးရ၏ တုံ့ပြန်ဆောင်ရွက်ပေးမှု မရှိသည့် အတွက်ကြောင့် ဆန့်ကျင်ဆန္ဒပြသည့် အနေဖြင့် ကျေးရွာ အာဏာပိုင်များ က အင်ဖား-မိုးရေး လမ်းပိုင်းကို အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၆ နာရီမှစ၍ ပိတ်ဆို့လိုက်သည်။ ကျေးရွာသူကျေးရွာသားများကမူ သေဆုံးမှုနှင့် ဒဏ်ရာရရှိခဲ့မှု များအတွက် လျော်ကြေးပေးရန် တောင်းဆိုလျက်ရှိသည်။

Kwathaသည် Chandel ခရိုင်တွင်းရှိသော နယ်စပ်ကျေးရွာ တစ်ရွာဖြစ်ပြီး မိုးရေးရဲစခန်း၏ အရှေ့မြောက်ဘက် ၁၈ကီလိုမီတာ အကွာအဝေး တွင် တည်ရှိသည်။

မိုးရေးမြို့မှာမူ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများအတွက် ဂိတ်ပေါက်ဝ တစ်ခုဖြစ်သည်။ သို့သော် ယင်းသို့ပိတ်ဆို့မှုက မိုးရေး မြို့ နှင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ နမ်ဖာလောင်းဈေး တို့အပေါ် ထိခိုက်သက်ရောက်မှု မရှိခဲ့ပေ။

လမ်းပိတ်ဆို့ ဟန့်တားမှုများ ရှိနေသော်လည်း နယ်စပ်ဂိတ်မှာ ဖွင့်ထားကြောင်း၊သို့သော် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများ အေးတိအေးစက် ဖြစ် ခဲ့ကြောင်း သိရသည်။

"လမ်းပိတ်ဆို့ ဟန့်တားမှုတွေက မိုးရေးဈေးကွက်ကိုထိခိုက်မှုမဖြစ်စေခဲ့ပါဘူး။ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေလည်း ဆက်လက်လုပ်ကိုင် နေခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေး ပမာဏတော့ ကျဆင်းသွားတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဖားဘက်က မော်တော်ကားတစ်စီးမှ ဝင်မလာလို့ပါပဲ" ဟု မိုးရေးရှိ တရားဝင်သတင်းရင်းမြစ်က တယ်လီဖုန်း မှတစ်ဆင့်ပြောသည်။

အောက်တိုဘာလ ၂ရက်နေ့တွင် Thoubal ခရိုင် Pallel နှင့် မိုးရေးမြို့အကြား မော်တော်ယာဉ်သွားလာမှု လုံးဝမရှိခဲ့ကြောင်း၊ သယ်ယူပို့ဆောင် ရေး လုပ်ငန်းများလည်း ရပ်ဆိုင်းထားကြောင်း ၎င်းကဆိုသည်။ ပေါက်ကွဲမှုများကြောင့် ထိခိုက်သေဆုံးခဲ့ရမှုကို မကျေနပ်သည့် ကျေးရွာသားများက ဆန္ဒပြ ခဲ့ပြီးနောက် ယင်းသို့လမ်းပိုင်း ပိတ်ဆို့မှုများ ပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

အာသံကင်းလှည့် တပ်ဖွဲ့များနှင့် ကွန်မင်ဒိုရဲတပ်ဖွဲ့များမှာမူ နယ်စပ်ဒေသ လက်နက်ကိုင်လှုပ်ရှားမှုများမှ ကာကွယ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ "Kwatha ကျေးရွာတိုက်ခိုက် ခံရမှု ပြီးဆုံးသွားပြီးနောက် အာသံကင်းလှည့်တပ်ဖွဲ့နဲ့ ကွန်မင်ဒိုရဲတပ်ဖွဲ့တွေ နယ်စပ်ဒေသတစ်လျောက် လုံခြုံရေး တိုးမြှင့်လိုက်ကြပါတယ်။ ကင်းလှည့်စောင့်ကြည့် မှုတွေလည်း ပြင်းပြင်းထန်ထန် လုပ်ကိုင်လာပါတယ်" ဟု တရားဝင် သတင်းရင်းမြစ်က ဆိုသည်။

 ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၎.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသမ္မတနှင့် စကားပြောခြင်း

(30 Sept 2012ရက်စွဲပါ The New York Timesမှ Bill Keller၏ “A conversation with President U Thein Sein of Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအရှိန်ရဟု ADBပြော

(3Oct 2012ရက်စွဲပါ The Nationမှ Myanmar economic growth to speed up,ADB saysကိုဘသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ သမ္မတနှင့် စကားပြောခြင်း

(30 Sept 2012ရက်စွဲပါ The New York Timesမှ Bill Keller၏ “A conversation with President U Thein Sein of Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)

အောက်ပါအင်တာဗျူးသည် စက်တင်ဘာ၂၈ရက်နေ့က နယူယေက်တွင် သမ္မတဦးသိန်းစိန်နှင့် အင်တာဗျူးဖြစ်သည်။

Bill Keller။ ။ တစ်ခြား ကိစ္စတွေမမေးခင် ပုဂ္ဂိုလ်ရေး လေးနည်းနည်း မေးချင်ပါတယ်။ အမေရိကန် တွေက သမ္မတကြီး အကြောင်း သိပ်မသိပါဘူး။ မိဘတွေ အကြောင်း၊ ပညာရေးအကြောင်း ပြောပြနိုင်မလား။

ဦးသိန်းစိန်။ .။ ကျွန်တော်ဟာ သာမာန်မျိုးရိုး ကဆင်းသက်လာတာပါ။ ကျွန်တော့်ကို မြစ်ဝကျွန်းပေါ် ဟိုင်းကြိးကျွန်းနားက ရွာတစ်ရွာမှာ မွေးပါတယ်။ ကျွန် တော့် မိဘတွေဟာ လယ်သမားတွေပါ။

Bill Keller။ ။အဖေက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးလို့ ကျွန်တော်ဖတ်ဖူးပါတယ်။ အဲဒါဟုတ်ပါသလား။

ဦးသိန်းစိန်။ ။ကျွန်တော်ဖခင်ဟာ ဇနီးဆုံးသွားတဲ့ နောက်ပိုင်းမှာ ဘုန်းကြီးဝတ်ပါတယ်။ သူ့ဇနီးဆုံးပြီးတဲ့နောက်ပိုင်း ကျွန်တော်နဲ့ ဆယ်နှစ်လောက် အတူနေ ပါသေးတယ်။ နောက်ပိုင်းဘုန်းကြီးဝတ်ပြီး ရဟန်းဝတ်နဲ့ ပြန်လွန်တော်မူပါတယ်။ (စကားပြန်မှ နောက်ပိုင်းတွင် မြန်မာဗုဒ္ဓဘာသာ မုဆိုးဖိုများတွင် ၎င်းတို့၏ နောက်ဆုံးနေ့များ၌ ဘုန်းကြီးဝတ်သည်မှာ ဖြစ်လေ့ရှိသည်ဟု ရှင်းပြသည်။)

Bill Keller။ ။ ရွာမှာကျောင်းနေပါသလား။

ဦးသိန်းစိန်။ ။ ရွာမှာမူလတန်းကျောင်းပဲရှိပါတယ်။ ကျွန်တော်တို့ဒေသရဲ့ မြို့တော်မှာ တစ်နှစ်ကျောင်းသွားတက်သေးတယ်။ ရွာမှာအလယ်တန်းကျောင်း မရှိဘူး။ အနီးဆုံးက မိုင်လေးဆယ်လောက်ဝေးပါတယ်။ အဲဒီမှာ သုံးနှစ်လောက်ကျောင်းတက်ပါတယ်။ နောက်ပုသိမ်မှာ သုံးနှစ်နေပြီး စစ်တက္ကသိုလ် ဝင်ခွင့် အောင်သွားတဲ့အတွက် လေးနှစ်တက်ရပါတယ်။ B.Aဘွဲ့ရပြီး စစ်တပ်မှာ ဒုတိယဗိုလ် ဖြစ်လာတာပါ။

Bill Keller။ ။ မြန်မာနိုင်ငံရဲ့ ပြင်ပကမ္ဘာကို ဘယ်အချိန်မှာ စတင်မြင်တွေ့ဖို့ အခွင့်အရေး ရခဲ့ပါသလဲ။

ဦးသိန်းစိန်။ ။ ပထမဆုံး နိုင်ငံခြား ထွက်ခွင့်ရတာ စစ်ရုံးမှာ စစ်ဦးစီး ဗိုလ်မှူးကြီး ဘဝနဲ့ပေါ့။ တရုတ်နဲ့ စင်ကာပူကို သွားခဲ့ပါတယ်။

Bill Keller။ ။ အဲဒီတုန်းက သမ္မတကြီး အသက်ဘယ်လောက် ရှိပြီလဲ။

ဦးသိန်းစိန်။ ။ အသက်၄၅နှစ် ဝန်းကျင်ပါ။

Bill Keller။ ။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နိုင်ငံတကာ အရေးယူမှုများနဲ့ ရှိနေခဲ့ပါတယ်။ အရေးယူမှုတွေရဲ့ သက်ရောက်မှုကို ဘယ်လိုပြောချင်ပါသလဲ။

ဦးသိန်းစိန်။ ။ အရေးယူမှုတွေဟာ သာမာန်ပြည်သူတွေ အပေါ်မှာ ကြီးစွာသော အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိတယ်လို့ ကျွန်တော်ထင် ပါတယ်။ အရေးယူမှုတွေကြောင့် ကျွန်တော်တို့ဆီကို နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ မလာတဲ့အတွက် သာမာန်ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ တော်တော်နည်းပါတယ်။ကျွန်တော်တို့ ပြည်သူအများစုဟာ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်ရှာ ရပါ တယ်။ လူဦးရေသုံးသန်းခန့်ဟာ ထိုင်းနိုင်ငံနဲ့ အခြားဒေသတွင်း နိုင်ငံတွေမှာ အလုပ်လုပ်နေပါတယ်။ အရေးယူမှုတွေဟာ စစ်အစိုးရကို အားနည်းစေတယ်လို့ ဆိုပေမယ့် သာမာန်ပြည်သူတွေကို ပိုပြီးထိခိုက်စေပါတယ်။

Bill Keller။ ။ ဒီအချက်တွေက သမ္မတကြီး သို့မဟုတ် ခေါင်းဆောင်ပိုင်းတွေရဲ့ အတွေးမှာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ကို ပိုမိုသွားဖို့ လိုအပ်တယ် လို့ ဖြစ်ပေါ်စေပါသလား

ဦးသိန်းစိန်။ ။ ကျွန်တော်အစကတည်းက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အစီအစဉ်ရှိပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေအတွက် ဆယ်စုနှစ် နှစ်ခုလောက် အချိန်ယူခဲ့ပါတယ်။ ကျွန်တော်တို့ ပညာရေးစနစ် ကောင်းအောင်လုပ်ရပါတယ်။ လမ်းညွှန်မြေပုံ ခုနှစ်ချက်ကို ချမှတ်ပြီး အခြေခံ ဥပဒေ ရေးဆွဲအတည်ပြုခြင်း၊ ရွေးကောက်ပွဲများ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အရေးယူမှုတွေ ကို အမှုမထားပဲ ပြုပြင်ပြောင်းလဲရေး တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။ အရေးယူ မှုတွေကြောင့် ကျွန်တော်တို့ဒါတွေ လုပ်ခဲ့တာ မဟုတ်ပါဘူး။

(မှတ်ချက် မြန်မာနိုင်ငံသည် ၁၉၉၀ခုနှစ်က ရွေးကောက်ပွဲပြုလုပ်ခဲ့ရာအတိုက်အခံက ၈၀ရာခိုင်နှုန်းအနိုင်ရရှိ ခဲ့သည်။စစ်တပ်က အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်.။ အခြေခံဥပဒေသစ်ကို ၂၀၀၈ခုနှစ်တွင်အတည်ပြုခဲ့ပြီး ၂၀၁၂တွင် အတိုက်အခံသည် ရွေးကော