Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၇.၁.၂ဝ၁၃

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. လိုင်ဇာဌာနချုပ်ကို အစိုးရတပ်က အမြှောက်ဖြင့်ပစ်ခတ်ဟု ကေအိုင်အေစွပ်စွဲ

(Associated Press မှ 6 Jan 2013 ရက်စွဲပါ “Myanmar’s Kachin rebels accuse government of artillery attack on headquarter city” သတင်းကို ဘာသာပြန်ပါသည်)

  1. လွတ်လပ်ရေးရပြီး ၆၅ နှစ်ကြာသည့်တိုင်အောင် လွတ်လပ်ခွင့်ကိုစောင့်ဆိုင်းနေရဆဲ မြန်မာနိုင်ငံ

(DW World မှ 4 Jan 2013 ရက်စွဲပါ "Myanmar awaits freedom 65 years after independence"သတင်းကိုဘာသာပြန်ဆိုသည်)

  1. အီရန်က ရိုပာင်ဂျာများသို့ပေးသော အကူအညီများ မြန်မာနိုင်ငံသို့ရောက်ရှိ

(7 Jan 2013 ရက်စွဲပါ Trend မှ Iran’s aid to Rohingya Muslims reaches Myanmar ကိုဘာသာပြန်ဆိုသည်)

****************************************************

ဘာသာပြန်သတင်းမျာ

လိုင်ဇာဌာနချုပ်ကို အစိုးရတပ်က အမြှောက်ဖြင့်ပစ်ခတ်ဟု ကေအိုင်အေစွပ်စွဲ

(Associated Press မှ 6 Jan 2013 ရက်စွဲပါ “Myanmar’s Kachin rebels accuse government of artillery attack on headquarter city” သတင်းကို ဘာသာပြန်ပါသည်)

             ကေအိုင်အေဌာနချုပ်တည်ရှိရာမြို့ကို တနင်္ဂနွေနေ့တွင် အစိုးရတပ်များက အမြောက်ဖြင့်နှစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ကချင်လက်နက်ကိုင် အဖွဲ့ကပြောကြားသော်လည်း သေကြေထိခိုက်မှုမရှိဟုကြားသိရသည်။

             မနက်ခင်းတွင် ၄ ချက်၊ မှောင်ရီမပျိုးခင် ၃ ချက်၊ အနည်းဆုံး ၁၀၅ မီလီမီတာ အမြောက်ကျည် ၇ ချက်ခန့်လိုင်ဇာကို ပစ်ခတ်ခဲ့သည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က AP သတင်းဌာနသို့ ပြောကြားသည့် ၁၀၅ မီလီမီတာအမြောက်ကျည်ဆံတစ်ခုလျှင် ကာလတန်ဖိုးသိန်း ၂၀ ခန့် တန်ကြေးရှိသည်ဟု သိရှိရသည်။

             ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ အစိုးရအကြီးတန်းတာဝန်ရှိသူတစ်ဦးက ယင်းစွပ်စွဲမှုကို ငြင်းဆိုသည်။

             မကြာသေးမှီ သတင်းပတ်များအတွင်းသူပုန်စခန်းများကို အစိုးရဖက်က ဟယ်လီကော်ပတာများ၊ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှု ကြောင့် နှစ်ဖက်အကြားတိုက်ခိုက်မှုအရှိန်မြင့်လာခဲ့သည်။

             ယခုပစ်ခတ်မှုသည် ဒီဇင်ဘာ ၁၉ ရက်နောက်ပိုင်း လိုင်ဇာကို လက်နက်ကြီးဖြင့် ဒုတိယအကြိမ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဦးလနန်က ပြောကြားသည်။

             အမည်မဖော်လိုသူအခြား ကေအိုင်အေ တာဝန်ရှိသူတစ်ဦးကလည်း တနင်္ဂနွေနေ့မနက်ခင်းက ပစ်ခတ်သော အမြောက်ကျည်ဆံ အပိုင်းအစများသည် အနီးအနားမှ အိမ်များကို ထိမှန်ခဲ့ကြောင်း သို့သော် သိသိသာသာပျက်စီးမှုမရှိကြောင်းနှင့် ကေအိုင်အေက ပြန်လည်ပစ်ခတ်ခြင်း မပြုခဲ့ကြောင်း အသိပေးပြောကြားသည်။

             အစိုးရတပ်ထောက်ပံ့ရေး ယာဉ်တန်းများသည် ကေအိုင်အေဌာနချုပ်နယ်မြေကို တိုက်ခိုက်မည့် ခဲ ယမ်း မီး ကျောက်များသယ်ဆောက်လာသဖြင့် အစိုးရတောင်းဆိုသော ယာဉ်တန်းများဖြတ်သန်းခွင့်ကို ကေအိုင်အေ ကငြင်းပယ်ခဲ့ပြီးနောက် ခရစ်စမတ်နေ့တွင် ယင်းကဲ့သို့တိုက်ပွဲများ အရှိန်မြင့် လာခဲ့ခြင်းဖြစ်သည်။ အစိုးရတပ်များက လေ့ကျင့်ရေးဂျက်တိုက်လေယာဉ်များ၊ ဟယ်လီကော်ပတာများ ဖြင့်လေကြောင်းထိုးစစ်ဆင်ကာ ကေအိုင်အေ တပ်စွဲထားသော တောင်ကုန်းတစ်ခုကို သိမ်းပိုက်ခဲ့သည်။

             ယခုကဲ့သို့ အလွန်အကျွံ့အင်အားသုံးတိုက်ခိုက်မှုကြောင့် လိုင်ဇာဌာနချုပ်ကို အစိုးရတပ်များက သိမ်းပိုက်ရန်အဆင်သင့် ဖြစ်နေပြီဟူသော စိုးရိမ်ပူပန်မှုများ ကေအိုင်အေအသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသော်လည်း တပ်မတော်က ထိုသို့မလုပ်ရန်အာမခံသည်ဟု သမ္မတအကြံပေးတစ်ဦးက နှစ်သစ်ကူးညတွင် ပြောကြားခဲ့သည်။ မြန်မာစစ်တပ် (တပ်မတော်) ကလည်း သူပုန်များ ထိန်းချုပ်ထားသောလမ်းကြောကို ရှင်းလင်းရန် လေကြောင်းထိုးစစ်ဆင်ခြင်းဖြစ်ပြီး ယခုအခါ ထောက်ပံ့ရေးယာဉ်တန်းများ သွားလာနိုင်ပြီဟု ရှင်းလင်းပြောကြားခဲ့သည်။

             သောကြာနေ့က အစိုးရ ထုတ်ပြန်ကြေညာချက်တွင် သူပုန်များအားထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုရန် တပ်မတော်ကို ညွှန်ကြားထားသော်လည်း ကေအိုင်အေက ခြုံခိုတိုက်ခိုက်မှုများ ဆက်တိုင်ပြုလုပ်ခဲ့ခြင်းကြောင့် တပ်မတော်က ခုခံကာကွယ်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြထားသည်။

-------------------------------------------------------------------------------------------------------------

လွတ်လပ်ရေးရပြီး ၆၅ နှစ်ကြာသည့်တိုင်အောင် လွတ်လပ်ခွင့်ကိုစောင့်ဆိုင်းနေရဆဲ မြန်မာနိုင်ငံ

(DW World မှ 4 Jan 2013 ရက်စွဲပါ "Myanmar awaits freedom 65 years after independence"သတင်းကိုဘာသာပြန်ဆိုသည်)

လွန်ခဲ့သော ၆၅ နှစ်က မြန်မာနိုင်ငံသည် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့သည်။ သို့ရာတွင် လွတ်လပ်၍ဖွံ့ဖြိုးလာရမည့်အစား ယခုတိုင်ပြင်းထန်ဆဲ လက်နက်ကိုင်ပဋိပက္ခများသာ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ သို့သော် လက်ရှိပြုပြင်ပြောင်းလဲမှုများက အသစ်လှုံဆော်မှုပေးနေပြီ။

၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် ရန်ကုန်မြို့အစိုးရရုံးရှေ့မှ ယူရေနီယံအလံကိုဗြိတိသျှစစ်သားများက ဖြုတ်ချဖယ်ရှားလိုက်ကြပြီးနောက် အပြာနောက်ခံ ကြယ်ဖြူခြောက်ပွင့်နှင့် အနီရောင် မြန်မာနိုင်ငံတော်အလံသစ်ကို အစားထိုးလိုက်ကြသည်။ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအဆုံးသတ်ကာ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်လာခဲ့သည်။

သို့ရာတွင် အလံတောင်သစ်နှင့်အတူ တိုင်းပြည်၏စည်းလုံးမှုသည် အလိုအလျောက်ပေါ်ထွက်မလာခဲ့ပေ။ နိုင်ငံရေးနှင့် လူမျိုးရေး အုံကြွတော်လှန်မှုများက မြန်မာနိုင်ငံကိုသွေးစွန်းသော ပြည်တွင်းစစ်နွံ့ထဲသို့ပစ်ချလိုက်သည်။ ရန်ပွဲအဆုံးသတ်အောင် ပြည်သူတို့အတွက် ဘုံသင်္ကေတ ဖန်တီးနိုင်အောင် စီမံခန့်ခွဲနိုင်သော အစိုးရမရှိခဲ့ပေ။

"မြန်မာနိုင်ငံပာာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဒီနေ့အထိ မပြီးနိုင်တဲ့ ပြည်တွင်းစစ်နွံ့ကို ကျသွားပါတယ်"ပာု လွတ်လပ်သောမြန်မာ့ရေးရာကျွမ်းကျင်သူ Hans Bernd Zollner က DW သတင်းဌာနသို့ပြောကြားသည်။

မျှော်လင့်မထားသော အပြောင်းအလဲ

မည်သို့ပင်ဖြစ်စေ ၂၀၁၀ ခုနှစ်တွင် တိုင်းပြည်၏နိုင်ငံရေးလမ်းကြောင်းသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးအစီအစဉ်နှင့်အတူ အံအားသင့်စရာ ချိုးကွေ့သွားခဲ့သည်။

Burma Campaign မှ Mark Farmaner ကမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံသော်လည်း ပဋိပက္ခအရှိန်မြင့်လာခြင်းကို သတိပေးသည်။

“မြန်မာနိုင်ငံပာာ ပြောင်းလဲမှုပုံစံအမျိုးမျိုးကို တွေ့ကြုံနေရပါတယ်။ တစ်ဖက်မှာ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲနေသလို တစ်ခြားတစ်ဖက် မှာလည်း တိုင်းရင်းသားပဋိပက္ခ အရှိန်မြင့်လာတာကို မြင်နေရပါတယ်”ပာု သူကဆိုပါသည်။ နိုင်ငံအနှံ့ဒေသတွေမှာ အကောင်းဖက်ကို တိုးတက်လာသလို တစ်ခြားဒေသတွေမှာလည်း ဇောက်ထိုးကျဆင်းနေတယ် ပာု သူက မှတ်ချက်ပေးသည်။

၂၀၁၃ ၏ ဒုတိယရက်တွင် အစိုးရစစ်တပ်နှင့် KIA တပ်ဖွဲ့အကြား သွေးစွန်းသောတိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်(တပ်မတော်)က လေတပ်အင်အားကိုပင်အသုံးပြုခဲ့သည်။

ပဋိပက္ခအရှိန်မြှင့်လာခြင်း၏ အကြောင်းရင်းတစ်ခုမှာ အစိုးရဖက်မှလိုလိုလားလား စေ့စပ်လိုစိတ်မရှိခြင်းကြောင့်ဖြစ်သည်ပာု Mark Farnaner က ဆိုသည်။ နိုင်ငံမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကိုတိုင်ပင်ဆွေးနွေးမှုတစ်စုံတစ်ရာမရှိဘဲ သမ္မတကြီးက အစအဆုံးပြုလုပ်နေတာပါပာု Farmaner က ပြောကြားသည်။

Zollner ကမူပြုပြင်ပြောင်းလဲမှုများကို စစ်တပ်(တပ်မတော်)ကသာ အစပျိုးပြုလုပ်ခဲ့သည်ပာု ယုံကြည်နေသည်။ မြန်မာနိုင်ငံရဲ့အချိုးအကွေ့ပာာ တပ်မတော်က သတိကြီးကြီးနဲ့ဂရုတစိုက် စီစဉ်မှုရဲ့ရလဒ်ပါပာု သူကဆိုသည်။

သို့သော်လည်း စစ်တပ်၏လွှမ်းမိုးမှုတိုင်းကို အပျက်သဘော အပြစ်မြင်သင့်သည်ပာု Zollner က မယူဆပါ။ ၁၉၈၈ ခုနှစ်က တပ်မတော် ခေါင်းဆောင်များသည် ဒီမိုကရေစီပုံစံတစ်မျိုးကို ဖန်တီးခဲ့ကြပြီး၊ ပြုပြင်ပြောင်းလဲရေးကို မိတ်ဆက်ပေးခြင်းဖြင့် မှန်ကန်ကြောင်း သက်သေပြခဲ့သည် ပာူသောအချက်ကို အသိအမှတ်မပြုပဲမနေသင့်ပာု Zollner ကပြောကြားသည်။ တပ်မတော်၏ ထိပ်တန်းဦးစားပေးသည် လုံးဝစိုးရိမ်စရာကောင်းသာ တိုင်းပြည်၏ စည်းလုံးညီညွှတ်မှုကို သေချာအောင် အာမခံရေးဖြစ်သည်ပာုဆိုပါသည်။

တတိယမြောက်လွတ်လပ်ရေး

ယနေ့မြန်မာနိုင်ငံ၏ တကယ့်စိန်ခေါ်မှုအစစ်သည် ဒီိမိုကရေစီလမ်းကြောင်းပေါ်ဆက်သွားရင်း တစ်ချိန်ထဲတွင် စည်းလုံးမှုကိုထိန်းသိမ်းရေးပင် ဖြစ်သည်။ “ပြဿနာကတော့ ဒီတိုင်းပြည်ပာာ နိုင်ငံတစ်ခုမပာုတ်ဘဲ ပြည်ထောင်စုဖြစ်နေတာပါ။ ဒါပေမယ့် တိုင်းရင်းသားတိုင်းနဲ့ဆိုင်တဲ့ ဘုံသင်္ကေတ မရှိပါဘူး။ အခုမြင်နေတာကတော့ တစ်မျိုးသားလုံး လွတ်လပ်ခွင့်အတွက် ဆင်နွှဲနေတဲ့ တတိယစစ်ပွဲပါပဲ”ပာု Zollner ကပြောကြားသည်။

‘တတိယမြောက်လွတ်လပ်ရေး’ပာူသောစကားလုံးသည် ၁၉၈၈ ခုနှစ်ပြည်သူ့အရေးတော်ပုံကာလတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့သော နာမည်ကျော်မိန့်ခွန်းမှ စကားတစ်ခွန်းဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တတိယမြောက်လွတ်လပ်ရေးကို တောင်းဆိုရခြင်းမှာ နိုင်ငံရေးနှင့် လူ့အဖွဲ့အစည်းနယ်ပယ်တွင် အသစ်ပြန်စရန်ဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ဆန္ဒပြပွဲများ နှိမ်နင်းခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခြင်းခံခဲ့ရသည်။

၂၀၁၂ အတွင်း မြန်မာနိုင်ငံသို့ စုစုပေါင်း ၈ ကြိမ်ခရီးသွားခဲ့သော Mark Farmaner က “ယခုအခါ ထိုသို့အသစ်ပြန်စရန် အခွင့်အရေးရှိနေပြီဖြစ်သော်လည်း အစိုးရက ၎င်း၏ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်အောင် စီမံခန့်ခွဲနိုင်မှသာ ဖြစ်နိုင်လိမ့်မည်”ပာု ပြောကြားသည်။

“အစပိုင်းမှာတော့ အပြောင်းအလဲတွေကြောင့် ပြည်သူတွေ အရမ်းပျော်ကြပါတယ်။ ဒါပေမယ့် အခုတော့ သံသယမေးခွန်းတွေကို စမေးလာကြပါပြီ။ လာမယ့်နှစ်တွေမှာ ပိုပြီးအခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြည်သူတွေကမျှော်လင့်နေပါတယ်”ပာု Farmaner ကပြောကြားသည်။

အထူးသဖြင့်အရေးကြီးသည်မှာ လက်နက်ကိုင်ပဋိပက္ခအဆုံးသတ်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ အစိုးရအဖွဲ့ ပွင့်လင်းမြင်သာမှုရှိရေး၊ ပြည်သူတို့၏ လူနေမှုအဆင့် တိုးတက်ရေးတို့ပင်ဖြစ်သည်ပာု Farmaner ကခြုံငုံသုံးသပ်သည်။

လူပုဂ္ဂိုလ်ထက် အဖွဲ့အစည်းကအရေးကြီး

ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး အဖွဲ့အစည်းအင်စတီကျူးရှင်းများကို အားထားရမည့်အစား ဒေါ်အောင်ဆန်းစုကြည်(သို့) သမ္မတဦးသိန်းစိန်တို့ကဲ့သို့ လူပုဂ္ဂိုလ်များအပေါ် မျှော်လင့်ချက်အားလုံး စုပုံထားခြင်းသည် အန္တရာယ်ကြီးကြောင်း Zollner ကထောက်ပြသည်။

ဤကိစ္စနှင့်ပတ်သက်၍ တပ်မတော်၏အာဏာစက်အပြင်ဖက်တွင် လုပ်ကိုင်နိုင်စွမ်းရှိသော အဖွဲ့အစည်းများရှိရန်ခက်ခဲသည့်အလျောက် အစမှ ပြန်လည်ဖန်တီးရန်လိုသော အင်စတီကျူရှင်းများစွာကို လိုအပ်ပါသည်။ ဤဖြစ်စဉ်အတွက် နှစ်ပေါင်း ၂၀ ခန့်အချိန်ယူရလိမ့်မည်ပာု Zollner က ခန့်မှန်းသည်။

တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ပထမဆုံးနှစ်သစ်ကူး မိန့်ခွန်းတွင် သမ္မတဦးသိန်းစိန်က အပြန်အလှန်ယုံကြည်ကြရန်၊ စိတ်ရှည်သည်းခံကြရန်တောင်းဆိုသည်။ ထို့အပြင် ပြည်သူတို့၏မျှော်လင့်ချက်များနှင့် အစိုးရ၏ ဖြစ်နိုင်ခြေတို့အကြားတွင် ကွာပာချက်များရှိနေသည် ပာုလည်း ဦးသိန်းစိန်ကဆိုသည်။

နိုင်ငံ၏ ရေရှည်အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD  ကဲ့သို့ အတိုက်အခံပါတီများနှင့် ၁၉၈၈ အရေးတော်ပုံက မွေးဖွားပေး လိုက်သော အခြားအုပ်စုများအနေဖြင့် အနောက်အုပ်စုထံမှ ပံ့ပိုးအားပေးမှုကို ဆက်လက်ရရှိဖို့လိုအပ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ လက်ရှိတိုးတက် ဖြစ်ပေါ်မှုများကို စိုးရိမ်သည်ပာု Farmaner ကဆိုသည်။

“နိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းရေးနဲ့ NLD ပါတီအတွက် အရေးကြီးတဲ့ကဏ္ဍကပါဝင်ခဲ့တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းပာာ သူတို့ရဲ့ ဗျူပာာအစီအစဉ်ကိုပြောင်းလိုက်ပါပြီ။ လက်ရှိအချိန်မှာ တရုတ်၊ မြောက်ကိုရီးယားနဲ့ စီးပွားရေးကိစ္စတွေကို အာရုံစိုက်နေကြပြီး လူ့အခွင့်အရေးကိစ္စက နောက်တန်းကိုရောက်နေပါတယ်”ပာု Farmaner ကထောက်ပြပြောဆိုသည်။

                                            -----------------------------------------------------------------------------------------------------------        

အီရန်က ရိုပာင်ဂျာများသို့ပေးသော အကူအညီများ မြန်မာနိုင်ငံသို့ရောက်ရှိ

(7 Jan 2013 ရက်စွဲပါ Trend မှ Iran’s aid to Rohingya Muslims reaches Myanmar ကိုဘာသာပြန်ဆိုသည်)

အီရန်အစ္စလာမ် ရီပတ်ဗလစ်နိုင်ငံမှ ရိုပာင်ဂျာမူဆလင်များအတွက် လူသားချင်းစာနာသော အကူအညီပစ္စည်းများသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်ကြောင်း Press TV ကသတင်းဖော်ပြခဲ့ပါသည်။

အဆိုပါပစ္စည်ျးားသည်(၂၄)တန်ခန့် အလေးချိန်ရှိပြီး တနင်္ဂနွေနေ့က ရန်ကုန်လေဆိပ်သို့ရောက်ရှိခဲ့ကြောင်း Mehr သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Hossein Kamalian က အဆိုပါပစ္စည်းများကို မကြာမီစစ်တွေသို့ပို့ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါပစ္စည်းများတွင် အစားအသောက်များ၊ ရွက်ဖျင်တဲများ၊ စောင်များနှင့် အခြေခံကုန်ပစ္စည်းများပါဝင်ပြီး ရိုပာင်ဂျာမူဆလင်များသို့ အီရန်ပါလီမန်အဖွဲ့ဝင်အချို့၊ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Imam Khomeini ၏ကယ်ဆယ်ရေးကော်မတီနှင့် အီရန် Red Crescent Society တို့မှ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း Kamalian ကဆိုပါသည်။

ရိုပာင်ဂျာရှစ်သိန်းခန့်မှာ နိုင်ငံသားအခွင့်အရေးများ ငြင်းပယ်ခံရပြီး လူမျိုးရေးခွဲခြားဆက်ဆံသည့် မူဝါဒကိုလည်း ခံစားနေရပါသည်။ ထို့ပြင် နေရာမှ နှင်ထုတ်မှုများ၊ နှိပ်ကွပ်မှုများနှင့် ပြင်းထန်စွာလုပ်ဆောင်ခံရခြင်းများ ခံနေရပါသည်။

ဗုဒ္ဓဘာသာအစွန်းရောက်များနှင့်တိုက်ခိုက်မှုတွင် ရိုပာင်ဂျာရာပေါင်းများစွာ အသတ်ခံရပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ရသည်ပာု ယူဆရပါသည်။

ဗုဒ္ဓဘာသာအစွန်းရောက်များသည် ရခိုင်ပြည်နယ်တွင် ရိုပာင်ဂျာများအား မကြာခဏတိုက်ခိုက်ပြီး၊ နေအိမ်များကို မီးနှင့်ရှို့ကြပါသည်။

မြန်မာစစ်တပ်သည် အဆိုပါ ဗုဒ္ဓဘာသာအစွန်းရောက်များကို မူဆလင်ရွာများ မီးရှို့နိုင်ရေးအတွက် လောင်စာဆီများပေးသည်ပာု စွပ်စွဲချက်များ ရှိခဲ့ပါသည်။

မြန်မာအစိုးရသည် မူဆလင်လူနည်းစုများကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည်ပာု စွပ်စွဲမှုများခံရပါသည်။

ရိုပာင်ဂျာများမှာ ပါရှန်၊ တူရကီ၊ ဘင်္ဂါလီနှင့် Pathan တို့မှဆင်းသက်လာသော မူဆလင်များဖြစ်ပြီး မြန်မာနိုင်ငံသို့ ရှစ်ရာစုခန့်က အစောဆုံးပြောင်းရွှေ့လာကြပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် Human Rights Watch တို့သည် သီးခြားကြေညာချက်များထုတ်၍ ရိုပာင်ဂျာမူဆလင်များကို အကာအကွယ်ပေးရန် မြန်မာနိုင်ငံကိုတောင်းဆိုခဲ့ကြပါသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၇.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ထားဝယ်စီမံကိန်း ကန်ထရိုက်ပြန်လည် ပြင်ဆင်ရန် မြန်မာနည်းလမ်းရှာ

(Bangkok Post သတင်းစာမှ 4 Jan 2013 ရက်စွဲပါ Myanmar eyes Dawei do-over ကိုဘာသာပြန်ဆိုသည်)

  1. ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာနှင့် သြစတြေးလျသို့ သွားမည်

(India Times သတင်းစာမှ 7 Jan 2012 ရက်စွဲပါ Defence Minister AK Antony to visit Myanmar, Australia for stronger defense ties ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ၏ အိန္ဒိယ၊ဂျပန်နှင့် အနောက်နိုင်ငံများ ဆက်ဆံရေး ကောင်းမွန်ခြင်းက တရုတ်ကို စိုးရိမ်ပူပန်မှုဖြစ်စေ

(6 Jan 2013 ရက်စွဲပါ The Economic Times မှ Myanmar’s ties with India,Japan,West concern China ကို ဘာသာပြန်ပါသည်)

  1. ငြိမ်းချမ်းရေးကြားဝင်စေ့စပ်မှုမှန်သမျှအစိုးရပေါ်မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(AFP News မှ Jan 6 2013 ရက်စွဲပါ “Suu Kyi says any peace bid is up to Myanmar Gov’t” သတင်းကို ဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ထားဝယ်စီမံကိန်း ကန်ထရိုက်ပြန်လည် ပြင်ဆင်ရန် မြန်မာနည်းလမ်းရှာ

(Bangkok Post သတင်းစာမှ 4 Jan 2013 ရက်စွဲပါ Myanmar eyes Dawei do-over ကိုဘာသာပြန်ဆိုသည်)

ယခုအခါ မြန်မာနိုင်ငံသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ကန်ထရိုက်အား ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထိုသို့ကန်ထရိုက်အားပြင်ဆင်ရာတွင် ထားဝယ်စီမံကိန်းအားအကောင်အထည်ဖော်ဆောင်ရွက်မှုပြုမည့် Italian-Thai Development PLC(ITD) ကုမ္ပဏီအစား အခြားဦးပိုင်ကုမ္ပဏီတစ်ခုထူထောင်မှုမျိုးပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

"ထားဝယ်စီမံကိန်း အချိန်နှောင့်နှေးနေတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရက စိုးရိမ်ပူပန်နေပါတယ်။ ကုမ္ပဏီသစ်တစ်ခု သို့မဟုတ် အထူးအဖွဲ့ တစ်ရပ်ထူထောင်မယ့် သဘောတူညီချက်တစ်ရပ်ကိုလည်း ရယူလိုပါတယ်" ဟု ထိုင်းအမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး Arkhom Termpittayapaisith က ပြောကြားသည်။

၎င်း၏အဆိုအရ ကုမ္ပဏီသစ်ကို ထိုင်းနိုင်ငံပိုင်လုပ်ငန်းများ၊ ဂျပန်ရင်းနှီးမြှုပ်နှံမှုအဖွဲ့၊ မြန်မာအစိုးရနှင့် ITD တို့က ဖွဲ့စည်းထူထောင်ဖွယ်ရှိသည်။

ကျိုးတူဖက်စပ်လုပ်ငန်းသဘောဆောင်မည့် ယင်းကုမ္ပဏီသစ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းအပေါ် ယုံကြည်စိတ်ချမှုဖော်ဆောင်ရေးအတွက အဓိကအထောက်အပံ့တစ်ခုသဖွယ်ဖြစ်သည်။ သို့သော် ကုမ္ပဏီဖွဲ့စည်းပုံနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားကွဲလွဲမှုဖြစ်ပေါ်နေသည်။

ထိုင်းနိုင်ငံက စီမံကိန်းအစိတ်အပိုင်းများအားလုံးတွင်ရင်းနှီးမြှုပ်နှံမှုများကို ကိုင်တွယ်ဖြေရှင်းရန် ပင်မကုမ္ပဏီကြီးတစ်ခု တည်ထောင်လိုသည်။ သို့သော် မြန်မာနိုင်ငံက စီမံကိန်း၏ မတူညီသောအခန်းကဏ္ဍအမျိုးမျိုးတွင်ရင်းနှီးမြှုပ်နှံရေးအတွက် သီးခြားကုမ္ပဏီများရှိစေလိုသည်။

မြန်မာအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော ဥပဒေများတိုးတက်ကောင်းမွန်အောင်ပြုလုပ်ပေးရန် ထိုင်းနိုင်ငံကအဆိုပြုထားသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ဥပဒေများအရ စီမံကိန်းတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးမှာ ထူးထူးခြားခြားဆွဲဆောင်မှုမရှိကြောင်း၊ သို့အတွက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထံမှ ရန်ပုံငွေရယူနိုင်ရေးမှာလည်း အခက်အခဲဖြစ်လျက်ရှိကြောင်း Arkhom Termpittayapaisith က ပြောကြားသည်။

ထို့ပြင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ITD ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခန့်မှန်းစရိတ်စကကို ထိုင်းနိုင်ငံက ပြန်လည်ရေးဆွဲပြုပြင်စေလိုသည်။ ဤအတောအတွင်း ထိုင်းစက်မှုလုပ်ငန်းများအနေဖြင့် ထားဝယ်စီမံကိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်ရရှိအောင် စက်မှုဝန်ကြီးဌာနက ဦးစားပေး လုပ်ဆောင်နေသည်။

ထိုင်း-မြန်မာပူးတွဲကော်မတီအစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံတွင်တစ်ကြိမ်၊ မတ်လ၌ မြန်မာနိုင်ငံတွင်တစ်ကြိမ် ထပ်မံ ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဈေးကွက်တန်ဖိုးအရ  ထိုင်းနိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော ITD သည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို နှစ်ပေါင်း ၇၅ နှစ် လည်ပတ်လုပ်ကိုင်ခွင့်သဘောတူညီချက်ရရှိထားသည်။ ယင်းစီမံကိန်း၏ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ပထမအဆင့် အတွက် ဒေါ်လာ ၈ ဒဿမ ၅ ဘီလီယံလိုအပ်ပြီး ယင်းအဆင့်တွင် ကားလမ်းနှင့် ဆိပ်ကမ်းတည်ဆောက်ဖောက်လုပ်မှုများပါဝင်သည်။

အကြီးစားလုပ်ငန်းများဖြစ်သည့် ရေနံချက်စက်ရုံများ၊ စတီးစက်ရုံများ တည်ဆောက်မည့်အစီအစဉ်အတွက် လိုအပ်ငွေမှာ ဒေါ်လာ ၅၀ ဘီလီယံဖြစ်သည်။

မြန်မာနိုင်ငံတွင် ထားဝယ်အထူးစီပွားရေးဇုန်ကဲ့သို့တည်ဆောက်လျက်ရှိသည့်အခြား စီးပွားရေးဇုန်ကြီးနှစ်ခုမှာ သီလဝါနှင့် ကျောက်ဖြူစီမံကိန်းတို့ ဖြစ်သည်။

ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ(DDC)မှ အမှုဆောင်ဒါရိုက်တာ Somchet Thinaphong က လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ သဘောတူလိုက်ရောမှုများ ပြောင်းလဲလိုသည့်ကိစ္စနှင့်ပတ်သက်၍ သိရှိထားခြင်းမရှိ ကြောင်း၊ သို့သော် စီးပွားရေးမိတ်ဖက်သစ်များကို ကြိုဆိုပါကြောင်းပြောကြားသည်။

"ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်တွေ ပိုမိုဝင်ရောက်လာလေ စီမံကိန်းကြီးအတွက်ကောင်းမွန်လေပါပဲ" ဟု ၎င်းက ဘန်ကောက်ပို့စ်သတင်းစာသို့ ပြောကြားသည်။ "ဂျပန်အစိုးရက မိတ်ဖက်အဖြစ်ပါဝင်မယ့်ကိစ္စကြောင့် ထားဝယ်စီမံကိန်းအတွက် လိုအပ်တဲ့ အရင်းအနှီးတွေ ရရှိမှာဖြစ်သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေလည်းပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

DDC မှ စီနီယာအကြံပေးပုဂ္ဂိုလ် Kiwamu Honda က ထိုင်းအစိုးရသည် ထိုင်းနိုင်ငံပိုင်လုပ်ငန်းများနှင့် ဂျပန်အစိုးရအပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ထားဝယ်စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် ပြောဆိုလျက်ရှိသည်ဟူသောအချက်မှာ မှန်ကန်ကြောင်းပြောဆိုသည်။

မည်သို့ပင်ဆိုစေ ယနေ့အချိန်အထိ ထားဝယ်စီမံကိန်းနှင့်သက်ဆိုင်သော အသေးစိတ်သဘောတူညီချက်များမှာ ပြောင်းလဲမှုမရှိသေးသလို ITD သည်လည်း မိတ်ဖက်ကုမ္ပဏီအဖြစ်ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်းသိရသည်။

--------------------------------------------------------------------------

ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အိန္ဒိယကာကွယ်ရေးဝန်ကြီး မြန်မာနှင့် သြစတြေးလျသို့ သွားမည်

(India Times သတင်းစာမှ 7 Jan 2012 ရက်စွဲပါ Defence Minister AK Antony to visit Myanmar, Australia for stronger defense ties ကိုဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး AK Antony သည် နှစ်နိုင်ငံခိုင်မာသော ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများဖြစ်ထွန်းရန်အလို့ငှာ မြန်မာနှင့် သြစတြေးလျနိုင်ငံများသို့ လာမည့်ရက်သတ္တပတ် အတွင်းသွားရောက်လည်ပတ်မည်ဖြစ်သည်။

၎င်းသည် ဇန်နဝါရီလ ၂၂ - ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဦးစွာလာရောက်မည်ဖြစ်ပြီး မြန်မာစစ်တပ်နှင့် အရည်အသွေးတည်ဆောက်ရေး ဆိုင်ရာ အရေးကိစ္စရပ်များကို ဆွေးနွေးသွားဖွယ်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးများကပြောသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံသည် ကီလိုမီတာ ၁၆၀၀ ရှည်လျားသော နယ်စပ်ဒေသချင်းထိစပ်လျက်ရှိပြီး နယ်စပ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) တစ်ရပ်ထွက်ပေါ်ရန် လုပ်ကိုင်လျက်ရှိသည်။

ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာ တပ်မတော်လေတပ်မှ အရာရှိများကို ရုရှားနိုင်ငံလုပ် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် လေ့ကျင့်သင်ကြားရေးအစီအစဉ်အား သဘောတူညီဖွယ်ရှိသည်။

အိန္ဒိယသည် လတ်တလောကာလများအတွင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးအထူးကောင်းမွန်သော မြန်မာနှင့် စေ့စပ်ညှိနှိုင်းမှုများကို တိုးမြှင့်လုပ်ဆောင်လာသည်။ ထို့အပြင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များကို အိန္ဒိယရှိ စစ်တက္ကသိုလ်နှင့် အခြားသော အင်စတီကျုများသို့ ခေါ်ယူလေ့ကျင့်သင်ကြားပေးရန် သဘောတူညီချက်များ ပြုလုပ်လာမည်ဟုလည်းခန့်မှန်းရသည်။

အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး Salman Khurshid သည်လည်း မကြာသေးခင်က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည်။

အိန္ဒိယသည် ယခင်က မြန်မာနိုင်ငံအတွက် Islander လေယာဉ်နှင့် 105 မမ သေနတ်များကို ထောက်ပံ့ပေးခဲ့ဖူးသည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီး Antony အနေဖြင့် မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ပြီးနောက် ဖေဖော်ဝါရီလ ဆန်းပိုင်းတွင် သြစတြေးလျသို့သွားရောက်ကာ နှစ်နိုင်ငံရေတပ်တို့အကြားပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဆွေးနွေးဖွယ်ရှိသည်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Stephen Smith သည် ၂၀၁၁ ခုနှစ်အတွင်း အိန္ဒိယသို့သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံတကာရေပိုင်နက် အတွင်း လွတ်လပ်စွာရေကြောင်း သွားလာမှုရရှိရေးအတွက် ပူးပေါင်းလုပ်ကိုင်ရန် သဘောတူညီမှုများရရှိခဲ့သည်။

------------------------------------------------------------------------------------------------------------------------

မြန်မာ၏ အိန္ဒိယ၊ ဂျပန်နှင့် အနောက်နိုင်ငံများ ဆက်ဆံရေး ကောင်းမွန်ခြင်းက တရုတ်ကို စိုးရိမ်ပူပန်မှုဖြစ်စေ

(6 Jan 2013 ရက်စွဲပါ The Economic Times မှ Myanmar’s ties with India,Japan,West concern China ကို ဘာသာပြန်ပါသည်)

              မြန်မာနိုင်ငံသည် ဂျပန် အနောက်နိုင်ငံများ အိန္ဒိယတို့နှင့် ဆက်ဆံရေးတိုးတက်လာခြင်းသည်တရုတ်-မြန်မာ ဆက်ဆံရေးကို လွှမ်းမိုးလာနိုင်ပြီး မြန်မာနိုင်ငံတွင် တရုတ်၏ မဟာဗျူဟာကျသော နေရာယူထားမှုကို ဖိအားများဝင်ရကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာဖြစ်သော Global Times နေ့စဉ်က ပြောဆိုလိုက်ပါသည်။

              ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Taro Aso သည် မြန်မာနိုင်ငံပေးရန်ရှိ ကြွေးမြီ အမေရိကန်ဒေါ်လာ ၅.၇၄ ဘီလီယံကို လျှော်ပစ်ရန်နှင့် ချေးငွေသစ် (fresh loan) ၅၀ ဘီလီယံ ယန်းပေးရန် ၎င်း၏ခရီးစဉ်အတွင်း စီစဉ်ခဲ့သည်ကို သိရှိရသဖြင့် တရုတ်ကို ပစ်မှတ်ထားရန် ကြိုးပမ်းခြင်း ဖြစ်မည်ဟု အဓိပ္ပါယ်ဖွင့်ရမည်ဖြစ်ကြောင်း အဆိုပါဆောင်းပါးတွင် ဖော်ပြထားပါသည်။

              “ထို့အပြင် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး AK Antony သည် ယခုလနှောင်းပိုင်းတွင် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် မြန်မာနိုင်ငံတွင် တရုတ်၏ ထဲထဲဝင်ဝင်ရှိနေသော မဟာဗျူဟာကျသော အောင်မြင်မှုများကို တန်ပြန်ရန် နေပြည်တော်သို့ သွားရောက်ရန်ရှိပါသည်” ဟု ဆောင်းပါးတွင်ဖော်ပြထားပါသည်။

              “မြန်မာနိုင်ငံတွင် ပြောင်းလဲမှုများလုပ်ဆောင်နေသည်မှာ သေချာပါသည်။ တရုတ်နိုင်ငံ၏ နောက်ဖက်တွင် မီးလောင်နေကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေးမှာ တဖြည်းဖြည်းပုံပေါ်လာနေကြောင်း သုံးသပ်သူတချို့က ဆိုပါသည်။ ၎င်းတို့သည် အဆိုပါပြောင်းလဲမှုများကြောင့်ဖြစ်ပြီး တရုတ်-မြန်မာ ဆက်ဆံရေး၏ အင်အားကို လျှော့တွက်ခြင်းလည်း ဖြစ်ပါသည်” ဟု ဆောင်းပါးက ဆိုပါသည်။

              “ယခုအခါတရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး၊ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပါသည်။ နှစ်နိုင်ငံစလုံးတွင် သင့်တင့်လျှောက်ပတ်သော မဟာဗျူဟာနှင့် စီးပွားရေးဘုံ အကျိုးစီးပွားရှိနေပါသည်” ဟု လည်းရေးသားထားပါသည်။

              စိုးရိမ်ပူပန်ရမှုများတွင်ဆောင်းလာသည့်ကိစ္စမှာ တရုတ်နယ်စပ်အနီးတွင်ရှိသောကချင်သူပုန်များနှင့် မြန်မာစစ်တပ်ကြား ပဋိပက္ခဖြစ်ပါသည်။

              မကြာသေးမီက မြန်မာတိုက်လေယာဉ်မှ ကြဲချခဲ့သော ဗုံးသုံးလုံးသည် တရုတ်နယ်စပ်ဖက်တွင် ကျရောက်ခဲ့သဖြင့် ပျက်စီးမှုများရှိကြောင်း သတင်းများကဆိုပါသည်။

              တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ထပ်အလားတူ ဖြစ်ရပ်မျိုးရှောင်ရှားရန် မြန်မာသို့ပြောကြား ခဲ့ပြီး တရုတ်လေတပ်ကပြောကြားရာတွင် မြန်မာဂျက်လေယာဉ်များ တရုတ်ပိုင်လေပိုင်နက်အတွင်း ကျူးကျော်ခဲ့ခြင်းမရှိဟု ဆိုပါသည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင်ပဋိပက္ခများသည် တရုန်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးကို အန္တရာယ်ရှိစေပါသည်။ တရုတ်အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းပြဿနာများ ဖြေရှင်းရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်ကူညီသင့်ကြောင်း အဆိုပါဆောင်းပါးကဖော်ပြထားပါသည်။

--------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးကြားဝင်စေ့စပ်မှုမှန်သမျှအစိုးရပေါ်မူတည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

(AFP News မှ Jan 6 2013 ရက်စွဲပါ “Suu Kyi says any peace bid is up to Myanmar Gov’t” သတင်းကို ဘာသာပြန်ဆိုသည်)

တပ်မတော်နှင့် ကေအိုင်အေအကြား ပဋိပက္ခပြင်းထန်နေမှုအဆုံးသတ်ရေးကိစ္စတွင် အစိုးရခွင့်ပြုချက်မရဘဲ ပါဝင်ကူညီမည်မဟုတ်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

အစိုးရလေကြောင်းထိုးစစ်ကြောင့် နိုင်ငံတကာစိုးရိမ်မှုများထွက်ပေါ်လာပြီးနောက် ပြဿနာဖြေရှင်းရေး ကြိုးပမ်းမှုများတွင်ပါဝင်မလားဟု မေးမြန်းသောအခါ ဒေါ်အောင်ဆန်းစုကြည်က “ဒါက အစိုးရအပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စကို လောလောဆယ်အစိုးရက ကိုင်တွယ်နေပါတယ်” ဟု AFP သို့ပြောကြားခဲ့သည်။

ဝိုင်းဝန်းချီးကျူးခံနေရသော မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ် လောင်းရိပ်မိုးနေသည့် ပြည်တွင်းစစ်အဆုံးသတ်သွားစေရန် ရည်ရွယ် သော ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်ရန်အတွက် အစိုးရထံမှတရားဝင်ဖိတ်ခေါ်မှုကို လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။

အစိုးရတပ်နှင့် ကေအိုင်အေ အကြား ၁၇ နှစ်အကြာ အပစ်ရပ်စဲထားမှု ကျိုးပေါက်ပြီး ပြန်လည်ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်လျှက်ရှိသည်။

၂၀၁၁ တွင် အာဏာရလာသော မြန်မာအစိုးရသစ်သည် အခြားအဓိကတိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ အောင်မြင်နေသော်လည်း ကချင်အဖွဲ့နှင့် သဘောတူညီမှုရရန် ခက်ခဲနေပါသည်။

၂၀၁၁ ဒီဇင်ဘာလတွင် တပ်မတော်ထိုးစစ်များရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အင်အားကြီးလက်နက်ကိုင်စစ်တပ်အပေါ် ၎င်း၏ထိန်းချုပ်နိုင်စွမ်းကို သံသယများ ဖြစ်ပေါ်စေပါသည်။

မြန်မာ့ရေးရာအကဲခတ်လေ့လာသူအချို့ကမူ ကန့်လန့်ကာနောက်ကွယ်မှ အကြီးအကဲဟောင်း၏ ကြိုးကိုင်မှုကျယ်ပြန့်လွန်းသောကြောင့် ဦးသိန်းစိန် လှုပ်ရှားရန် ခွင်ကျင်းနေခြင်းဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။

တနင်္ဂနွေနေ့ထုတ် အင်္ဂလိပ်ဘာသာ News Light of Myanmar အစိုးရအာဘော်သတင်းစာတွင် မြန်မာခေါင်းဆောင်က တပ်မတော်အား မိမိကိုယ်တိုင်မိမိ ခုခံကာကွယ်မှုမှလွဲ၍ တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားထားကြောင်း၊ ငြိမ်းချမ်းရေးရအောင် ဆက်လက်ဆွေးနွေးရန်နှင့် အပြန်အလှန် ယုံကြည်မှုရှိကြရန် တိုက်တွန်းကြောင်း ရေးသားဖော်ပြထားသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သူ မြစ်ကြီးနားမှကချင်လုပ်ငန်းရှင် ဦးယွတ်ဇော်ခေါင်က ယခုသတင်းပတ်များအတွင်း ပြင်းထန်လာသော တိုက်ပွဲများ အဆုံးသတ်ရေးကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည် ကြားဝင်ဆောင်ရွက်ပေးရန် စနေနေ့ကမေတ္တာရပ်ခံခဲ့ပါသည်။

ဒီမိုကရေစီခေါင်းဆောင်အနေဖြင့် တိုင်းရင်းသားငြိမ်းချမ်းရေးကိစ္စတွင် ပါဝင်ရန်ာဝန်ရှိသည်ဟု ၎င်းကပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားမှ လွှတ်တော်အမတ်ဖြစ်လာသူ ဒေါ်အောင်ဆန်းစုကြည်သည်မနှစ်က သြဂုတ်လလွှတ်တော်မိန့်ခွန်းတွင် တိုင်းရင်းသားတို့၏ အခွင့်အရေးကို ပိုမိုကာကွယ်ပေးရန် တောင်းဆိုးခဲ့ဘူးသည်။

သို့ရာတွင် သူမသည် ရခိုင်ဒေသမှ ရိုဟင်ဂျာကိစ္စတွင် ထိရောက်စွာပါဝင်ဆောင်ရွက်ခြင်းမရှိ၍ လူ့အခွင့်အရေးလှုပ်ရှားသူများကို စိတ်ပျက် လက်ပျက် ဖြစ်စေခဲ့သည်။

ပြည်ပမှ မြန်မာ့ရေးရာကျွမ်းကျင်သူအချို့ကမူ မြန်မာအစိုးရသည် ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်သူအဖြစ် နိုင်ငံရေးအမှတ်ယူရန် ရည်မှန်းထားသောကြောင့် အမှတ်ခွဲယူမည့် အခြားကြားဝင်စေ့စပ်သူများကို ကမ်းလှမ်းလိမ့်မည်မဟုတ်ဟု သုံးသပ်ပြောကြားသည်။

        *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive