Transparency Myanmar

transparency.myanmar@gmail.com

By Kari Chongkittavorn, 23 - Nov - 2009 / The Nation

        အာဆီယံ၏ ခေါင်းဆောင်ဟောင်းများဖြစ်သော အင်ဒိုနီးရှား သမ္မတ ဆူဟာတို၊ စင်္ကာပူ ဝန်ကြီးချုပ် လီကွမ်ယူး နှင့် မလေးရှား ဝန်ကြီးချုပ် မဟာသီယာတို့၏ တူညီသော အချက်မှာ ဒေသတွင်း အုပ်စုဖွဲ့မှုကို နှစ်နှစ်ကာကာ ယုံကြည်ခြင်းနှင့် အာဆီယံ၏ အရည်အသွေးနှင့် တန်ဖိုးများကို ကာကွယ်ရန် အဆင်သင့်ရှိခြင်းပင် ဖြစ်ပါသည်။ ၎င်းတို့သည် အာဆီယံမဟုတ်သော နိုင်ငံများ၏ ပြင်းထန်သော ဝေဖန်မှုများကို ခိုင်ခိုင်မာမာ ရပ်တည်၍ ဆန့်ကျင်ခဲ့ကြပါသည်။ အတိုချုပ် ဆိုရလျှင် ပြင်ပမှ တောင်းဆိုမှုများကို အားလုံး၏ သဘောတူညီချက်ကို မယူပဲ လိုက်နာရန် ငြင်းဆန်ခဲ့ ကြပါသည်။

          ပထမဆယ်စုနှစ် သုံးခုအတွင်းတွင် ၎င်းတို့၏ မပြောင်းလဲသော ခေါင်းဆောင်မှုနှင့် ခံယူချက်မှာ ASEAN ကို လူမသိ သူမသိ ဒေသတွင်း အုပ်စုဖွဲ့မှုမှ နိုင်ငံတကာ ပလေယာအဖြစ် အထပ်ထပ် အခါခါ လမ်းညွှန်ခဲ့ကြခြင်းပင် ဖြစ်ပါသည်။ ဥပမာအားဖြင့် (၁၃) နှစ်ကြာ ကမ္ဘောဒီးယား ပဋိပက္ခတွင် အာဆီယံ၏ စိတ်ရှည်မှု၊ အခက်အခဲကြားမှ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်ပြနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ၁၉၇၉ မှ ၁၉၉၂ ခုနှစ်များအတွင်း အာဆီယံ သံတမန်များနှင့် ကိုယ်စားလှယ်များသည် ကမ္ဘာအနှံ့သို့ သွားရောက်၍ ကမ္ဘောဒီးယားတွင် ဝင်ရောက်နေသော နိုင်ငံခြားတပ်များ ရုတ်သိမ်းရေးအတွက် ကုလသမဂ္ဂ ဆွေးနွေးမှုများတွင် မဲရရှိရေးနှင့် စုပေါင်းထောက်ခံမှုများ ရရှိရေးအတွက် စည်းရုံးရေး ဆင်းခဲ့ကြပါသည်။

          သူတို့၏ တူညီသောအမြင်မှာ စုစည်း ညီညွတ်သော အာဆီယံဖြစ်မှသာ ပြင်ပမှ ဖိအားပေးမှုများ၊ လွှမ်းမိုးရန် ကြိုးစားမှုများကို တွန်းလှန်နိုင်မည် ဖြစ်သည်ဟု ဖြစ်ပါသည်။ ASEAN စတင် တည်ထောင်စဉ်က ကမ္ဘာလုံးဆိုင်ရာ ပါဝါကစားပွဲတွင် နယ်ရုပ်ကလေးတစ်ရုပ် (Pawn) အဖြစ် ကျယ်ပြန့်လာသော စစ်အေးတိုက်ပွဲ၏ အစိတ်အပိုင်း၌ ပါဝင် အသုံးတော်ခံခဲ့ပါသည်။ အာဆီယံသည် ကိုယ်ပိုင် ခံယူချက်ရှိသည် ဆိုသည်ကို ပြသနိုင်ခဲ့ပါသည်။ ထို့ကြောင့် တခါတရံ ၎င်းတို့၏ အနောက်နိုင်ငံ မဟာမိတ်များနှင့် မိတ်ဆွေများ၏ စိတ်အခန့်မသင့်မှုများကိုလည်း ကြုံတွေ့ရပါသည်။

          ၁၉၉၀ ခုနှစ်များက ခေါင်းမာသော မြန်မာနိုင်ငံ၏ ချဉ်းကပ်မှုအား လက်ခံခဲ့ခြင်းသည် ပြင်ပ ဖိအားပေးမှုကို တွန်းလှန်ခဲ့သော ပြယုဂ်ပင် ဖြစ်ပါသည်။ အနောက်နိုင်ငံများက မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် နိုင်ငံရေးအရ ဖိနှိပ်မှုများကြောင့် အာဆီယံအဖွဲ့ဝင်အဖြစ် လက်မခံရန် ဖိအားပေးခဲ့ကြပါသည်။ ဆူဟာတိုနှင့် မဟာသီယာသည် နိုင်ငံတကာ ဆန့်ကျင်မှုများ ကြားမှ မြန်မာနိုင်ငံကို ထောက်ခံမှု ပေးခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပါသည်။

          အာဆီယံ၏ အရာရာကို ငြင်းဆန်သော နေ့ရက်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ဒေသတွင်းမှာပင် ထိရောက်သော စကားပြောဆိုမှုများ၊ စကားမပြောပဲ အမူအရာဖြင့် ပြခြင်းစသည့် နည်းလမ်းသစ်များ လျင်မြန်စွာ ထွက်ပေါ်လာနေပြီ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် အာရှ၏ နိုးထလာမှုအပေါ် ခိုစီးပြီး၊ အာဆီယံသည် အကျိုးများစွာ ရရှိပါသည်။ ASEAN အတွင်းတွင်ရော ပြင်ပတွင်ပါ ရုတ်တရက် ပြောင်းလဲမှုများအတွက် အချို့သော အချက်အလက်များက အထောက်အကူ ဖြစ်စေပါသည်။

          ပြီးခဲ့သောနှစ်က အနောက်နိုင်ငံများမှ စတင်ဖြစ်ပွားသော ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေး အကျပ်အတည်းသည် အာရှ၏ စီးပွားရေး၏ နေရာကဏ္ဍကို ပြဿနာဖြေရှင်းနိုင်ရေးအတွက် ရှေ့တန်းသို့ တွန်းတင်ပေးခဲ့ပါသည်။ ကမ္ဘာတွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ လွှမ်းမိုးမှု တိုးတက်လာနေမှုသည် အာဆီယံအတွက် နိုင်ငံတကာတွင် နေရာတွင်ကျယ်မှု ပိုမို ခိုင်မာလာခဲ့ပါသည်။ တရုတ်နှင့် အိန္ဒိယသည် အာဆီယံ၏ အဓိက ဆွေးနွေးဖက် နိုင်ငံများ ဖြစ်ကြပါသည်။

          ဒေသတွင်း အုပ်စုဖွဲ့မှုအတွင်းတွင်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလက ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာခဲ့ပါသည်။ အာဆီယံသည် ချာတာကို အတည်ပြုပြီး၊ စည်းမျဉ်းကို အခြေခံသော အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းခဲ့ပါသည်။ နှစ်အနည်းငယ်အတွင်း ထိရောက်သော အဖွဲ့အစည်း အဖြစ် မြင်တွေ့ရရေးမှာမူ စောင့်ကြည့် အကဲဖြတ်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သော အာဆီယံ အဖွဲ့ဝင်များသည် အသစ်ထွက်ပေါ်လာသည့် လိုက်နာရမည့် အချက်များနှင့် ကတိများကို လိုက်နာကျင့်သုံးခြင်း မရှိသေးသောကြောင့် ဖြစ်ပါသည်။ (