Transparency Myanmar

transparency.myanmar@gmail.com

From Xinhua News,Date: 23 - Nov - 2009

        ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်ရှိသော လူဦးရေ (.) ဘီလီယံခန့်သည် လျှပ်စစ်မီး မရှိဘဲ နေထိုင်နေရကြောင်း၊ တနင်္လာနေ့က ကုလသမဂ္ဂ အစီရင်ခံစာ အသစ်က ဆိုပါသည်။ အဆိုပါ အမှောင်ကမ္ဘာမှ လူဦးရေ၏ (၈ဝ %) သည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs) တွင် ပါဝင်သော တောင်အာရှနှင့် အာဖရိက Sub-Sahara ဒေသတို့တွင် နေထိုင်သူများ ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          အဆိုပါ အစီရင်ခံစာကို UNDP နှင့် WHO တို့ ပူးပေါင်း ထုတ်ပြန်ခဲ့ပြီး၊ International Energy Agency (IEA) မှ ကူညီပံ့ပိုးပါသည်။

          အဆိုပါ အစီရင်ခံစာအရ 2015 ခုနှစ်၌ ဆင်းရဲတွင်းတွင် နေနေရသော လူဦးရေ အချိုးအစားကို တစ်ဝက်ခန့်ထိ လျော့ချနိုင်ရန်အတွက် နိုင်ငံတကာမှ သဘောတူထားသော Millennium Development Goals (MDGs) အရ (.) ဘီလီယံထက် ပိုသော လူဦးရေကို လျှပ်စစ်မီး ရအောင် ပြုလုပ်ပေးရမည် ဖြစ်ပြီး၊ (2) ဘီလီယံထက် ပိုသော လူများကို သဘာဝဓာတ်ငွေ့၊ Propane ခေါ် LPG စသည့် ခေတ်သစ် စွမ်းအင်များ သုံးစွဲခွင့် ရအောင် စီမံပေးရမည် ဖြစ်ပါသည်။

          နှစ်စဉ် သေဆုံးနေသူများထဲမှ သေဆုံးသူ နှစ်သန်းခန့်သည် ဇီဝပစ္စည်းများနှင့် ကျောက်မီးသွေးဖြင့် ချက်ပြုတ်ရာမှ ထွက်ပေါ်လာသော မီးခိုးများကြောင့် ရသော ရောဂါများနှင့် ဆက်စပ်၍ သေဆုံးကြရပြီး၊ အဆိုပါ သေဆုံးသူများ၏ (၉၉ %) သည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ဖြစ်ပါသည်။

          LDCs နိုင်ငံများနှင့် အာဖရိက Sub-Sahara တွင် သေဆုံးသူများ၏ တစ်ဝက်ခန့်သည် ငါးနှစ်အောက် ကလေးများသည် နမိုးနီးယားကြောင့် လည်းကောင်း၊ လူကြီးများသည် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာတို့ကြောင့် လည်းကောင်း ဖြစ်ပါသည်။ အဆိုပါ အဆုတ်ရောဂါသည် လောင်စာ အကြမ်း (Solid Fuel) အသုံးပြုမှုကြောင့် ဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဆိုပါ ရောဂါများကြောင့် သေဆုံးမှုသည် (38%) ရှိပါသည်။

          ယခုအချိန်သည် ရာသီဥတု ပြောင်းလဲမှုကြောင့် ဆိုးကျိုး သက်ရောက်မှုများကို တိုက်ဖျက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် လုံခြုံရေး တိုးတက်လာမှုတို့အတွက် ခက်ခဲသော ရွေးချယ်မှုများ ပြုလုပ်ရန် လိုအပ်လျက် ရှိနေကြောင်း၊ တချိန်တည်းမှာပင် လျှပ်စစ်မီး မရှိဘဲ နေထိုင်နေရသူ လူဦးရေ (.) ဘီလီယံကိုလည်း မေ့မထားသင့်ကြောင်း၊ IEA စီးပွားရေး ပညာရှင် Fatih Birol က ပြောပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment