Transparency Myanmar

transparency.myanmar@gmail.com

From: BBC News,Date: 23 - Nov -2009

          နိုင်ငံပေါင်း ခြောက်ဆယ်ကျော်မှ သမ္မတများနှင့် ဝန်ကြီးချုပ်များသည် လာမည့် ဒီဇင်ဘာလတွင် ကိုပင်ဟေဂင်တွင် ပြုလုပ်မည့် ရာသီဥတုဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ကြမည် ဖြစ်သောကြောင့် မျှော်လင့်ချက်များ တိုးတက်လာရပါသည်။

          ကိုပင်ဟေဂင်တွင် ဆွေးနွေးမှုများမှ ခိုင်မာသော သဘောတူညီချက်များ ထွက်ပေါ် မလာမည်ကို စိုးရိမ်မှုများလည်း ရှိနေဆဲ ဖြစ်ပါသည်။

          သို့သော် စောင့်ကြည့်လေ့လာသူများက နိုင်ငံခေါင်းဆောင် အများအပြား တက်ရောက်မှုကြောင့် မျှော်လင့်ချက်အသစ်များ တိုးပွားလာလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ကြပါသည်။

          ကုလသမဂ္ဂ နှစ်ပတ်လည် ရာသီဥတု ပြောင်းလဲမှု အစည်းအဝေးများမှာ များသောအားဖြင့် နိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများသာ တက်ရောက်ကြသည်။

          ကုလသမဂ္ဂ၏ ၁၉၉၇ ကျိုတို ပရိုတိုကော ကို အထောက်အပံ့ ဖြစ်စေရန် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သဘောတူစာချုပ် အသစ်ကို ရေးဆွဲ ပြဋ္ဌာန်းမည့် ယခု ညီလာခံကို နိုင်ငံပေါင်း (၁၉၂) နိုင်ငံမှ ကိုယ်စားလှယ် အဖွဲ့များ တက်ရောက်မည် ဖြစ်သည်။

          အစိုးရခေါင်းဆောင်များက ယခုကိစ္စနှင့် ပတ်သက်သော ၎င်းတို့နိုင်ငံ၏ ထင်မြင်ချက်များကို တင်ပြမှသာ ဆွေးနွေးမှုအသစ် ဖြစ်လာနိုင်မည်ဟု အစည်းအဝေး တက်ရောက်မည့် ဗြိတိန် ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ပြောကြားခဲ့ပါသည်။

          အထက်ပါအတိုင်း ဆွေးနွေးရန် ခေါင်းဆောင်များလည်း တက်ရောက်ကြမည် ဖြစ်သည်။

          သို့သော်လည်း ကမ္ဘာလေထု အညစ်ညမ်းဆုံး နိုင်ငံများဖြစ်သော တရုတ်၊ အမေရိကန်နှင့် အိန္ဒိယ နိုင်ငံခေါင်းဆောင်များမှာမူ အစည်းအဝေး တက်ရောက်မည့် စာရင်းတွင် ယခုထိ မပါသေးပါ။

          ယခု လှုပ်ရှားမှုသည် နိုင်ငံရေးအရ ထောက်ခံမှုများ ပိုမို ရရှိလာမည့် အချက်မှာမူ သံသယရှိစရာ မလိုပါဟု BBC သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သတင်းထောက် Roger Harrabin က ပြောကြားပါသည်။

 

ချိုးဖောက်ခံရခြင်း

          ရာသီဥတု သိပ္ပံပညာရှင်များ ကြားတွင် ဆက်သွယ်သည့် အီးမေးလ်များမှာ ဗြိတိသျှ ယူနီဗာစီတီ ကွန်ပျူတာမှ အချက်အလက်များ အခိုးခံကာ သတင်းများ တန်းစီ၍ ထွက်ပေါ် လာပါသည်။

          သံသယဖြင့် စောင့်ကြည့်သူများကမူ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အငြင်းအခုံများ၏ နောက်ကွယ်မှ အရေးကြီးသတင်း အချက်အလက်များအတွက် အငြင်းအခုံများကို တစ်စုံတစ်ခုက ထိန်းချုပ်ထားသည့် ဆိုသောအချက်ကို University of East Anglia မှ ဟက်ကာများ ခိုးယူခဲ့သည့် အီးမေးလ်များက ညွှန်ပြနေသည်ဟု ဆိုပါသည်။

          ၎င်းတို့က ကိုပင်ဟေဂင် ဆွေးနွေးပွဲ နောက်ကွယ်တွင် ရှိသော သိပ္ပံပညာဆိုင်ရာ အချက်အလက်များကို လူသိရှင်ကြား စုံစမ်း စစ်ဆေးရန် တောင်းဆိုထားပါသည်။

          သုတေသန ပြုနေသော သိပ္ပံပညာရှင်များကမူ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အငြင်းအခုံ ဖြစ်နေသော သိပ္ပံဆိုင်ရာ အချက်အလက်များမှာ ယုံကြည် စိတ်ချရကြောင်း အာမခံခဲ့ပြီး၊ သံသယရှိသူ အုပ်စုကသာလျှင် ကိုပင်ဟေဂင် ဆွေးနွေးပွဲကို သေးသိမ်အောင် ကြိုးစားနေကြခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောကြားလိုက်ပါသည်။

          US National Center for Atmospheric Research (NCA), Colorado မှ Kevin Trenberth က ယခုကဲ့သို့ အီးမေးလ်များ အချိန်ကိုက် ထိုးဖောက် ခိုးယူခံရခြင်းသည် မတော်တဆ တိုက်ဆိုင်မှု မဟုတ်ပါဟု မှတ်ချက် ပေးလိုက်ပါသည်။

          ၎င်းက AP သို့ ပြောကြားရာတွင် ၎င်း၏ အီးမေးလ်များအနက်မှ (၁ဝ၂) ခုကို အင်တာနက်ပေါ်သို့ ခိုး၍ တင်ခြင်း ခံခဲ့ရသောကြောင့် ၎င်းအနေဖြင့် တုန်လှုပ်သွားမိကြောင်း ပြောဆိုခဲ့သည်။

          သံသယရှိသူများ၏ ပြောကြားချက်အရ အဆိုပါ အီးမေးလ်များကို ကြည့်ခြင်းအားဖြင့် သိပ္ပံ ပညာရှင်များသည် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ အချက်အလက်များကို ပုံပြောင်း လှည့်စားထားသည်ကို တွေ့ရသည်ဟု ဆိုပါသည်။ သို့သော် အီးမေးလ်များမှတစ်ဆင့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ သတင်းအချက်အလက်များကို ဟက်ကာများ ရရှိသွားခဲ့သည်ဟု Trenberth က ပြန်လည် တုန့်ပြန် ပြောဆိုလိုက်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment