Transparency Myanmar

transparency.myanmar@gmail.com

Date: 24 - Nov - 2009 / Amnesty.org

        ယခု သီတင်းပတ်၌ ဘန်ကောက်တွင် ကျင်းပမည့် နိုင်ငံတကာ အလှူရှင်များ၏ အစည်းအဝေးတွင် နာဂစ်စ် မုန်တိုင်းအပြီး အသက်ရှင် ကျန်သူများအား ကူညီရန် ကြိုးစားနေသော လူမှုရေး အဖွဲ့များအား အနှောင့်အယှက်ပေးခြင်းကို ရပ်ဆိုင်းရေးအတွက် မြန်မာအာဏာပိုင်များကို ဖိအားပေးရန်နှင့် လိုအပ်သော နေရာသို့ လုံလောက်သော အကူအညီများ ရောက်ရှိမှုကို သေချာအောင် ပြုလုပ်ရန် လိုသည်ဟု Amnesty International အဖွဲ့က အင်္ဂါနေ့တွင် ပြောကြားပါသည်။

          အောက်တိုဘာ လကုန်ပိုင်းတွင် မြန်မာအာဏာပိုင်များသည် နိုင်ငံရေး လှုပ်ရှားသူများနှင့် သတင်းထောက်များ အပါအဝင် လူ (၁၀) ဦးခန့်ကို ပြည်ပမှ စောင့်ရှောက်ရေး အလှူငွေများ လက်ခံမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု ပြည်တွင်း သတင်းရပ်ကွက်က Amnesty International သို့ ပြောကြားခဲ့ပါသည်။

          ၎င်းတို့ ရှိနေသော နေရာကို မသိရှိရသလို တစ်စုံတစ်ရာ ပြစ်ဒဏ် ချမှတ်ခံရခြင်း ရှိ၊ မရှိကိုလည်း သေချာစွာ မသိရဟု ဆိုပါသည်။

          ယခင်လက မြန်မာအစိုးရသည် နှိပ်ကွပ်မှုများ အကြီးအကျယ် ပြုလုပ်ခဲ့ရာတွင် အစိုးရ ဆန့်ကျင်သူ (၄၁) ဦးကို ဖမ်းဆီးခဲ့ရာ၌ အထက်ပါ လူမှုရေး အသင်းဝင် (၁၀) ဦး ပါဝင်ခဲ့ပါသည်။

          နာဂစ်စ် ဒုက္ခသည်များ အလွန်အမင်း လိုအပ်နေသော၊ လက်ခံရန် အခွင့်အရေးလည်း ရှိသော အကူအညီများကို အာဏာပိုင်များက တားဆီး ပိတ်ပင်နေသည်ဟု Amnesty International မှ မြန်မာ့ရေးရာ သုတေသန အရာရှိ Benjamin Zawzcki က ပြောကြားပါသည်။

          နိုဝင်ဘာ (၂၅) ရက်တွင် ကျင်းပမည့် () ပွင့်ဆိုင် ဗဟိုအဖွဲ့ အစည်းအဝေး မတိုင်ခင် လက်ရှိ ဖမ်းဆီး နှိပ်ကွပ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ကို နာဂစ်စ်ဒဏ်ခံ ဒေသများသို့ ပေးအပ်သော နိုင်ငံတကာ အကူအညီများကို စောင့်ကြည့်၊ ညှိနှိုင်း၊ ချောမွေ့စေရန် ၂၀၀၈ ခုနှစ်၊ မေလက ထူထောင် ဖွဲ့စည်းခဲ့ပါသည်။

          နာဂစ်စ် ဆိုင်ကလုန်း တိုက်ခိုက်ခဲ့သည်မှာ (၁၈) ကြာပြီဖြစ်သော်လည်း ဒုက္ခသည်များမှာ နိုင်ငံတကာ အကူအညီများကို အရေးတကြီး လိုအပ်နေဆဲ ဖြစ်သည်ဟု Zawacki က ဆိုပါသည်။

          မြန်မာနိုင်ငံရှိ သိန်းနှင့် ချီသော ပြည်သူများအတွက် နေအိမ်များ၊ ဆိုင်ကလုန်း ဒဏ်ခံ အဆောက်အဦများ၊ အသက်မွေးဝမ်းကျောင်း အစီအစဉ်များ၊ ရေနှင့် သန့်ရှင်းမှု အစီအစဉ်များ၊ ပညာရေး အစီအစဉ်များ၊ ကျန်းမာရေး ဝန်ဆောင်မှုများ၊ ထောက်ပံ့ရန် အပိုဆောင်း ရန်ပုံငွေများ ယခုအထိ လိုအပ်နေဆဲ ဖြစ်သည်ဟု နိုင်ငံတကာ အေဂျင်စီများက သုံးသပ်ပါသည်။

          နာဂစ်စ် အလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် TCG -နှစ် စီမံကိန်းကို အမေရိကန် ဒေါ်လာ (၆၉၁) သန်း အသုံးပြုရန် စီစဉ်ထားသော်လည်း ဒေါ်လာ (၁၂၅) သန်းသာ ရရှိသေးသည်ဟု သိရပါသည်။

          အလှူရှင် နိုင်ငံများ၏ ဘန်ကောက် အစည်းအဝေးတွင် လိုအပ်နေသော အကူအညီများ မကြာမီ ရရှိရေးနှင့် လိုအပ်သူများထံ အမှန်တကယ် ရောက်ရှိရေးကို သေချာအောင် ပြုလုပ်ရမည်ဟု Zawacki က ပြောကြားပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် အလှူငွေများ ထပ်မံ တိုးမြှင့် ပေးသင့်ပြီး၊ မြန်မာနိုင်ငံတွင်း ထောက်ပံ့ရေး အစီအစဉ်များ ဖြန့်ဝေရာတွင် မြင်သာထင်သာ ရှိရေး၊ ရှင်းလင်းစွာ အသိပေးရေး၊ ဘက်လိုက်မှု မရှိရေးတို့ကို တောင်းဆိုသင့်သည်ဟုလည်း ထပ်မံ ဖြည့်စွက် ပါသည်။

          အောက်တိုဘာလကုန်က ဖမ်းဆီးခံခဲ့ရသော () ဦးမှာ ပြည်တွင်း လင်းလက်ကြယ် (Shining Star) အဖွဲ့မှ ဖြစ်၍ ၎င်းအဖွဲ့ကို ကယ်ဆယ်ရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၀၈ ခုနှစ်၊ မေလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံ () ဦးမှာ ကကြီး၊ ဇော်ကြီး၊ လိုင်ရွန်၊ ရွှေမိုး၊ အောင်မြတ်ကျော်သူ၊ိုင်စိုးဦး နှင့် သန့်ဇင်စိုး (Foreign Affairs Weekly ဂျာနယ်) တို့ဖြစ်ပြီး၊ လူသားချင်း စာနာသော အလှူငွေ ပေးအပ်သူ သက်ကို၊ မြင့်သိန်းနှင့် မင်းမင်းတို့ () ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟု သိရှိရသည်။

          ဆိုင်ကလုန်း နာဂစ်စ်သည် မြန်မာနိုင်ငံသို့ ၂၀၀၈ ခုနှစ်၊ မေ () ရက်နှင့် () ရက်တွင် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး၊ လူပေါင်း (၁၄၀,၀၀၀) ခန့် သေဆုံး/ ပျောက်ဆုံးခဲ့ပါသည်။

          အောက်တိုဘာလတွင် အမေရိကန်က နိုင်ငံတကာ NGO များမှတဆင့် နာဂစ်စ် အလွန် ပြန်လည် ထူထောင်ရေးအတွက် ဒေါ်လာ (၁၀) သန်း ထောက်ပံ့ခဲ့ပြီး၊ အီးယူ (ဥရောပ သမဂ္ဂ) က အသက်မွေးဝမ်းကျောင်း စားနပ်ရိက္ခာ ဖူလုံရေး ရန်ပုံငွေ (LIFT) အတွက် ယူရို (၃၁) သန်း ပေးအပ်ခဲ့ပါသည်။ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံက အရေးပေါ် မေတ္တာရပ်ခံ တောင်းဆိုထားသော ထူထောင်ရေး ရန်ပုံငွေ ဒေါ်လာ (၄၇၇) သန်း အနက် ယခုအချိန်အထိ ဒေါ်လာ (၃၂၆) သန်း ကတိကဝတ် ရရှိထားပြီး ဖြစ်သည်ဟု သိရှိရသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment