Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News,Date: 23 - Nov - 2009

        ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မြန်မာ အတိုက်အခံပါတီ NLD က ချမှတ်ထားသည့် စည်းကမ်းချက်များကို တနင်္လာနေ့တွင် လူ (၄ဝဝ) တက်ရောက်သော တိုကျိုစည်းဝေးပွဲက ထောက်ခံခဲ့ပါသည်။

          ၂ဝဝ၉ ဧပြီလက ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ပါဝင်သည့် စည်းကမ်းချက်များမှာ နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဒီမိုကရေစီ မူဝါဒနှင့် မကိုက်ညီသော ၂ဝဝ၈ အခြေခံ ဥပဒေပါ စည်းမျဉ်းများကို ပြန်လည် သုံးသပ်ရေးနှင့် အားလုံး ပါဝင်နိုင်သော လွတ်လပ်မျှတသည့် မဲပေးပွဲကို နိုင်ငံတကာ၏ ကြီးကြပ်မှုအောက်တွင် ကျင်းပရေးတို့ ဖြစ်ပါသည်။ NLD ဌာနချုပ် ရုံးစိုက်ရာ ရွှေဂုံတိုင် နယ်မြေကို အစွဲပြု၍ ရွှေဂုံတိုင် ကြေညာချက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

          မြန်မာအစိုးရ ဆန့်ကျင်သူများ၊ ဒေသခံ လှုပ်ရှားသူများ၊ နိုင်ငံခြား သံတမန်များ၊ ဂျပန် အစိုးရ ဝန်ကြီးများနှင့် ပါလီမန် အမတ်များ ပါဝင်သော အင်အား (၄ဝဝ) ခန့် တိုကျို စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

          မြန်မာအစိုးရ ဆန့်ကျင်သူများစွာကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာတွင် ၎င်းတို့က  ရွှေဂုံတိုင် ကြေညာချက်သည် မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို အမှန်တကယ် ရရှိစေမည့် တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည်ဟု ပြောကြားပါသည်။ ၎င်းတို့က ဂျပန်အစိုးရအား ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံခြင်း မပြုရန်နှင့် ယခု ကြေညာချက်ပါ စည်းကမ်းများနှင့် မကိုက်ညီပါက မဲပေးပွဲကို ကန့်ကွက်ရန် တိုက်တွန်းခဲ့ပါသည်။

          ဒေသတွင်း လှုပ်ရှားမှု အဖွဲ့များဖြစ်သည့် Asean Inter - Parliamentary Myanmar Caucus, People Forum of Burma, Japanese Trade Union Confederation အဖွဲ့ဝင်များနှင့် မြန်မာ အတိုက်အခံ အဖွဲ့အစည်းများ၊ လူမျိုးစု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (26) ဦး စသော ဂျပန် အခြေစိုက်အဖွဲ့များလည်း တိုကျို စည်းဝေးပွဲသို့ တက်ရောက်ခဲ့ကြပါသည်။

          စည်းဝေးပွဲသို့ တက်ရောက်ခဲ့သော ဂျပန်အစိုးရ ဝန်ကြီးများက ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ မူဝါဒကို လေးလေးနက်နက် ပြန်လည် သုံးသပ်မည် ဖြစ်ကြောင်း၊ မြန်မာ အတိုက်အခံ အင်အားစုများကို ကတိပေးခဲ့သည်ဟု "တင်ဝင်း" က ပြောကြားပါသည်။ ဤသည်မှာ အထူး တိုက်တွန်း အားပေးမှုတစ်ခု ဖြစ်ပြီး၊ DPJ ပါတီ အစိုးရသစ်မှ ဝန်ကြီးများနှင့် ဂျပန်ပညာရှင်များ ယခု အစည်းအဝေးပွဲတွင် တက်ကြွစွာ ပါဝင်ခဲ့သည်ဟု သိရှိရသည်။

          Temple University, Japan Campus မှ အာရှရေးရာ လေ့လာရေး ဌာနမှူး Teff Kingston အဆိုအရ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ဂျပန် DPJ အစိုးရသစ် သည် ယခင် အစိုးရထက် ပို၍ ထိရောက်စွာ ကိုင်တွယ်မည့်သူများ ဖြစ်သည်ဟု သိရပါသည်။ ဂျပန် ဝန်ကြီးချုပ် ဟာတိုယားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး အိုကာဒါတို့ နှစ်ဦးစလုံးသည် ဂျပန်လွှတ်တော် မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များ ဖြစ်သောကြောင့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံရေး အကျဉ်းသားများ၏ ခက်ခဲသော အခြေအနေနှင့် ပတ်သက်၍ ကောင်းစွာ သတင်း ရရှိထားပြီး၊ နားလည် စာနာသူများ ဖြစ်သည်ဟု Kingston က ပြောကြားခဲ့ပါသည်။

          အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က အရေးယူမှုများ ရုတ်သိမ်းရေးတွင် ပါဝင် ဆောင်ရွက်မည် ဆိုပါက သူမ၏ ဆန္ဒအတိုင်း လုပ်ဆောင်နိုင်ရန် အခြေအနေများကို တပ်မတော် အစိုးရကလည်း ခွင့်ပြုမည် ဖြစ်၍ သူမ၏ နိုင်ငံရေး လုပ်ပိုင်ခွင့်များ ပြန်လည် ရရှိခြင်း၊ လွတ်လပ် မျှတသော ရွေးကောက်ပွဲများ ကျင်းပရန် ခွင့်ပြုခြင်းနှင့် တပ်မတော် နောက်ခံ ကိုယ်စားလှယ်များ အနိုင်မရသည့် တိုင်အောင် ရွေးကောက်ပွဲ ရလဒ်များကို လေးစားခြင်း စသော အပေါင်းလက္ခဏာ ရလဒ်များ ထွက်ပေါ်လာနိုင်ပါသည်ဟု Kingston က သုံးသပ်လိုက်ပါသည်။

 

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment