Transparency Myanmar

transparency.myanmar@gmail.com

မြန်မာပြည်တွင်းရှိ ကလေးသူငယ်များ၏ လူမှုဘမှာ တဖြည်းဖြည်းချင်း အန္တရာယ်ကြီးမား လာလျက် ရှိသည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (International Labour Organization) က ထုတ်ပြန်သော အစီရင်ခံစာ တစ်ရပ်အရ အဓမ္မလုပ်သား စေခိုင်းခံရမှုနှင့် ကလေးစစ်သားအဖြစ် သိမ်းသွင်းခံရမှုတို့ကို မကျေနပ်၍ တိုင်တန်းမှုများမှာ ငါးလအတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာသည်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့သို့ ကလေးစစ်သားအဖြစ် အတင်းအဓမ္မ သိမ်းသွင်းမှုကို မကျေနပ်၍ တိုင်တန်းမှုများမှာ ၂၅ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ကျန် ၂၅ ရာခိုင်နှုန်းမှာ အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရမှုကို မကျေနပ်သောကြောင့် တိုင်တန်းခြင်းဖြစ်ကြောင်း သိရသည်။ အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရသူများထဲတွင် ကလေးသူငယ်များသာမက အရွယ်ရောက်ပြီး သူများလည်း ပါင်သည်။

မြန်မာစစ်တပ်သည် ကလေးစစ်သားများ စုဆောင်းရာ၌ လွန်စွာ နာမည်ပျက် လျက်ရှိသော လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်။ မြန်မာစစ်တပ်လိုပင် ကလေးစစ်သား အတင်းအဓမ္မ စုဆောင်းသည့် နိုင်ငံများမှာ ဆူဒန်နှင့် ယူဂန်ဒါနိုင်ငံတို့ ဖြစ်ကြသည်။ အထူးဖြင့် စာသင်ကျောင်းများ၊ အရက်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရုပ်ရှင်ရုံများမှ ကလေးသူငယ်များကို စစ်တပ်က ပြန်ပေးဆွဲခြင်း၊ တစ်ခါတရံ ကလေးစစ်သားအဖြစ် ဖိအားပေး ပြုလုပ်ခိုင်းခြင်း တို့ကို ပြုလုပ်လျက်ရှိသည်။ အချို့နေရာများတွင်မူ မိမိနေအိမ်တွင် မိမိ နေထိုင်လျက်ရှိသော ကလေးသူငယ်များပင် ပြန်ပေးဆွဲခြင်းခံရသည်။

အကယ်၍ ကလေးသူငယ်များက စစ်တပ်သို့င်ရန် ငြင်းဆန်ပါက ရိုက်နှက်ခံရလေ့ရှိသည်။ သူတို့၏ မိဘများနှင့် မိသားစုင်မှာမူ ခြိမ်းခြောက်ခံရလေ့ရှိသည်။ အဓမ္မ ခေါ်ယူသွားသော ကလေးငယ်များမှာ စစ်ရေး လေ့ကျင့်မှု တစ်ကြိမ်မျှ ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက်တည်း ရှေ့တန်းစစ်စခန်းများ၊ တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ အပို့ခံရသည်။ အချို့ကလေးငယ်များမှာ နောက်ဆုံးတွင် စစ်တပ်မှ ပြန်လည် လွတ်မြောက်လာပြီး မိသားစုင်များနှင့် တွေ့ဆုံခွင့်ရသော်လည်း အချို့မှာမူ တပ်မှ ထွက်ပြေးမှုဖြင့် ထောင်ချခံကြရသည်။

မြန်မာပြည်၌ ကလေးစစ်သားများ နည်းတူ အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရသူများလည်း များပြားလာလျက် ရှိသည်။ ထို့အပြင် မြန်မာပြည်တွင်း၌ပင် နေရာတစ်နေရာမှ အခြားတစ်နေရာသို့ အဓမ္မလုပ်သားအဖြစ် လူကုန်ကူးမှု ခံကြရသည်။ လူကုန်ကူးခံရသူများတွင် ကလေးသူငယ်များ သာမက အရွယ်ရောက်ပြီး သူများပင် ပါင်သည်ကို တွေ့ရသည်။ မတရား အလုပ်စေခိုင်းခြင်း ခံရသူ ကလေးငယ်များမှာ စစ်အစိုးရက အကောင်အထည် ဖော်လျက်ရှိသည့် လမ်း ဖောက်လုပ်ရေး၊ တံတား ဆောက်လုပ်ရေး နှင့်အခြားသော အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးတို့တွင် အလုပ်လုပ်ကြရသည်။ မြန်မာစစ်တပ် ကလည်း အရပ်သားများအား ပေါ်တာဆွဲပြီး ရှေ့တန်း စစ်မျက်နှာများတွင် မိုင်းရှင်းသူများအဖြစ် အတင်းအဓမ္မ လုပ်ကိုင်ခိုင်းသည်။ နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက အဆိုပါ အဓမ္မ လုပ်သားကိစ္စအား ထိရောက်စွာ အရေးတယူ ပြုလုပ်ပေးရန် စစ်အစိုးရကို ဖိအားပေး တောင်းဆိုလျက် ရှိသော်လည်း စစ်အစိုးရကမူ လူ့အခွင့်အရေး နှင့် ဆက်စပ်သည့် အရေးကိစ္စ မှန်သမျှကို အရေးတယူ ပြုလုပ်ခြင်း မရှိသေးပေ။

ဆိုပါက မြန်မာနိုင်ငံအတွင်း ကလေးစစ်သားများနှင့် အဓမ္မ လုပ်သားများ ဦးရေ မြင့်တက်လာခြင်းမှာ ထူးခြား ဆန်းပြားသော သတင်းတစ်ရပ် မဟုတ်ပေ။ အကြောင်းမှာ မြန်မာပြည်တွင် လူ့အခွင့်အရေးကို အကာအကွယ် ပေးနိုင်မည့် ဥပဒေနှင့် လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အဦများ နည်းပါး နေသောကြောင့်ပင်။ နိုင်ငံတကာ အဖွဲ့အစည်းများက မြန်မာပြည်သူများ ဖိနှိပ်မှုများ၊ လူ့အခွင့်ရေး ချိုးဖောက်မှုများ အစရှိသည့် အန္တရာယ်ဆိုးများမှ လွတ်ကင်းစေရန် အစွမ်းကုန် လုပ်ဆောင်လျက် ရှိသော်လည်း  လူကုန်ကူးမှု၊ ကလေးစစ်သားနှင့် အဓမ္မ လုပ်သားဦးရေ တိုးပွားမှုတို့မှာ စစ်အစိုးရက ပူးပေါင်း ဆောင်ရွက်မှု မပြုသေးသရွေ့ ဆက်လက် များပြားနေဆဲပင် ဖြစ်လိမ့်မည်။ မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့မှာ စစ်တပ်ဖြစ်နေပါက စစ်တပ်မှာ လူကုန်ကူးမှုများ ပြုလုပ်သူဖြစ်နေပါမည်။ နိုင်ငံတကာမှ အကူအညီများ ထိထိရောက်ရောက် ရရှိရေးမှာလည်း ကာလကြာမြင့်စွာ စောင့်ဆိုင်းရပါဦးမည်။

 

Amanda Kloer ရေးသားသည့် Forced Labor and Child Solider Complaints Increase ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment