Transparency Myanmar

transparency.myanmar@gmail.com

From Channel News Asia,Date: 23 - Nov - 2009

        မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ထောင်တွင် တရားမဝင် ငါးဖမ်းမှုကြောင့် လူ (၁၂ဝ) ထက် မနည်းသော နိုင်ငံခြားသား တံငါသည်များကို ဖမ်းဆီးထားကြောင်း တာဝန်ရှိသူများက AFP သို့ တနင်္လာနေ့က ပြောကြားခဲ့ပါသည်။

          အုပ်စု အများစုမှာ အင်ဒိုနီးရှားများ ဖြစ်ပြီး၊ ကျန်သူများမှာ ဖိလစ်ပိုင်များ၊ တိုင်ဝမ်များနှင့် မြန်မာများ ဖြစ်ကြောင်း၊ အမည်မဖော်လိုသူ အစိုးရ ပုဂ္ဂိုလ်က ပြောပါသည်။

          အာဏာပိုင်များသည် တရားမဝင် ငါးဖမ်းလှေ (၁ဝ) စင်းခန့် တွေ့ရှိကြောင်း၊ ၎င်းက ပြောခဲ့ပြီး အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

          အခြား အစိုးရ တာဝန်ရှိသူတစ်ဦးက အထက်ပါ ဖမ်းဆီးမှုများကို အတည်ပြုပြီး၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေဖြင့် အရေးယူမည် ဖြစ်သည်ဟု ပြောခဲ့ပါသည်။

          ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် သံရုံးများသို့ အတည်ပြုချက် ရယူခြင်း မပြုနိုင်သေးသော်လည်း တိုင်ဝမ် ငါးဖမ်းလုပ်ငန်း တာဝန်ရှိ ပုဂ္ဂိုလ်က တိုင်ဝမ် ငါးဖမ်းလှေ () စီးမှ လူ (၄ဝ) ခန့် ဖမ်းဆီးခံထားရကြောင်း ဆိုပါသည်။

          တိုင်ဝမ် တောင်ပိုင်း Pingtung နယ်မြေတွင် မှတ်ပုံတင်ထားသော ငါးဖမ်းလှေ လေးစီး၊ ပြီးခဲ့သည့် အပတ်က ရန်ကုန်တွင် အဖမ်းခံခဲ့ရသည်ဟု တိုင်ဝမ် ငါးဖမ်းအုပ်ချုပ်ရေးဌာနမှ ဒုတိယ ဒါရိုက်တာ Tsay Tzu - Yaw က ပြောကြားခဲ့ပါသည်။

          သင်္ဘောပေါ်တွင် ပါဝင်သူ ငါးဖမ်းသမား အနည်းစုမှာ တိုင်ဝမ်များ ဖြစ်ပြီး၊ သင်္ဘော ကပ္ပတိန် အပါအဝင် သင်္ဘောသားများမှာ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား လူမျိုးများ ဖြစ်ကြောင်း တိုင်ပေ အခြေစိုက် China Times က သတင်း ပေးပို့ပါသည်။

          တိုင်ဝမ် အစိုးရသည် ဖမ်းဆီးခံရမှု သတင်း အချက်အလက်များကို စုဆောင်းလျက်ရှိပြီး၊ ၎င်းတို့ လွတ်မြောက်ရေးအတွက် ကြိုးပမ်းသွားလိမ့်မည်ဟု Tsay က ပြောပါသည်။

          ပင်လယ်ပြင် ဥပဒေအရ နိုင်ငံ တစ်နိုင်ငံသည် ၎င်း၏ ကမ်းခြေမှ ရေမိုင် (၂ဝဝ) ထိ စီးပွားရေးဇုံ အဖြစ် ဆွဲဆန့်နိုင်ပြီး၊ အဆိုပါ ဧရိယာအတွင်းမှ သယံဇာတများကို ထုတ်ယူ သုံးစွဲခွင့်အတွက် အရေးဆိုနိုင်သည်။

          မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့် Andaman ပင်လယ်တစ်လျှောက် (၂၂၂၉) ကီလိုမီတာ (၁၃၈၅ မိုင်) ရှည်လျားသော ကမ်းရိုးတန်းကို ပိုင်ဆိုင်ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment