Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(30 Oct 2013 ရက်စွဲပါ International Business Times မှ Sophie Song ရေးသားသော Myanmar’s rice exports drop 38% this year, ambition to become major exporter on hold ကိုဘာသာပြန်ဆိုသည်)

(Bangkok Post မှ  30 Oct 2013 ရက်စွဲပါ “Ceasefire talks kicked off in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 31 Oct 2013 ရက်စွဲပါ “Thai seek Myanmar aid to curb smuggling” သတင်းကို ဘာသာပြန် ဆိုပါသည်)


မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု ယမန်နှစ်ကထက်စာလျှင် ၃၈% လျှော့ကျ

(30 Oct 2013 ရက်စွဲပါ International Business Times မှ Sophie Song ရေးသားသော Myanmar’s rice exports drop 38% this year, ambition to become major exporter on hold ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် အဓိက ဆန်တင်ပို့သော နိုင်ငံဖြစ်ရန် ရည်ရွယ်ပါက ယခုပြန်လည်သုံးသပ်ရလိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ယခုနှစ် ကျဆင်းခဲ့ရပြီး ကမ္ဘာပေါ်တွင် ဆန်ပိုလျှံမှုကြောင့် လည်းကောင်း၊ ၎င်း၏ ခေတ်နောက်ကျနေသော ဆန်စက်နည်းပညာကြောင့် လည်းကောင်း ဖြစ်ပါသည်။

ယခုနှစ် ဧပြီလမှ အောက်တိုဘာလထိ ခုနှစ်လတာအတွင်း ဆန်တန်ချိန် (၄၅၀၀၀၀) သာ တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်က ယခုလိုကာလမျိုးတွင် တန်ချိန် (၇၃၀၀၀၀) တင်ပို့ခဲ့ခြင်းနှင့်စာလျှင် ၃၈% လျော့ကျသွားခဲ့ပါသည်ဟု ဧရာဝတီ၏ အဆိုအရသိရှိရပါသည်။ ယခု ကျဆင်းသွားခဲ့သော ပမာဏသည် ဒေါ်လာ သန်း (၁၀၀) ခန့်ရှိပြီး၊ ၂၀၁၃ ခုနှစ်အတွင်း ထိုပမာဏကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ရာသီဥတုဆိုးဝါးမှု ကြောင့် ရိတ်သိမ်းမှုတွင် အားနည်းခဲ့ ရခြင်းကြောင့် ဖြစ်ပါသည်။ သို့သော် ပို၍ ကြီးမားသော ပြဿနာမှာ ကမ္ဘာ့ဆန်တင်ပို့သော ဈေးကွက်တွင် ဆန်များ ပိုလျှံနေ ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ ဆန် သုတေသန အင်စတီကျူ (IRRI) မှ စီးပွားရေးပညာရှင် Samarendu Mohanty က ပြောပါသည်။

“အဓိက ဆန်တင်ပို့တဲ့နိုင်ငံတွေကနေ တင်ပို့မှုတွေ ပိုလျှံနေမှုကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းဟာ အကျဖက်ကို ဦးတည်နေပါတယ်။” ဟု IRRI ၏ အောက်တိုဘာလ လေ့လာမှုတွင် ၎င်းက ပြောပါသည်။ “အာရှတွင် ဆန်စိုက် သောနိုင်ငံ များရှိ ပို၍အမြင်လှသော မိုးစပါးများကလည်း ဈေးကွက်တွင် ဝင်လာရန် ရှိနေပြန်ပါတယ်” ဟု ၎င်းကပင် ဆိုပါသည်။

မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလတွင် ပြောကြားရာ၌ ၂၀၁၄ မတ်လ ကုန်ဆုံး သော ဘဏ္ဍာနှစ်တွင် တန်ချိန် (၁.၅) သန်းတင်ပို့နိုင်မည်ဟု ဆိုပါသည်။ သို့သော် အမေရိကန်စိုက်ပျိုး ရေးဌာန (USDA) ကမူ မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှု ဖူလုံရန် တန်ချိန် (၇၅၀၀၀၀) သာ တင်ပို့နိုင်မည် ဟု ခန့်မှန်းခဲ့ပါသည်။

စက်မှုပညာရှင်များက မြန်မာနိုင်ငံသည် ယခုနှစ်ကုန်တွင် တန်ချိန် (၃) သန်းခန့် တင်ပို့နိုင်မည် မျှော်လင့်ခဲ့သော် လည်း အဆိုပါရည်မှန်းချက်မှာ ယခုအခါ မဖြစ်နိုင်တော့ပေ။

အိမ်နီးချင်းဖြစ်သော ထိုင်းနှင့် အိန္ဒိယတို့သည် အဓိက ဆန်တင်ပို့သော နိုင်ငံကြီးများ ဖြစ်ပါသည်။ မြန်မာနိုင်ငံ သည်၎င်း၏ ခေတ်နောက်ကျနေသော စိုက်ပျိုးရေးနှင့်ဆန်စက်နည်းပညာများကို ပြောင်းလဲရန် ထိုနိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံ မှုများကို ဆွဲဆောင်နိုင်ရန် မျှော်လင့်လျက် ရှိပါသည်။ သို့သော် အောင်မြင်ရန်မှာ အလှမ်းဝေးလျက် ရှိနေသေးကြောင်း ဧရာဝတီ၏အဆိုအရ သိရှိရပါသည်။

ထိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းက ပြောဆိုရာတွင် အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများသည် မြန်မာ နိုင်ငံသို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံရန် လက်တွန့်နေကြကြောင်း၊ အဘယ့်ကြောင့်ဆိုသော် လျှပ်စစ်ဓါတ်အား မလုံလောက်မှုနှင့် သယ်ယူပို့ဆောင်ရေးအခြေခံ အဆောက်အဦးညံ့ဖျင်းတို့သည် ပို့ကုန်တွင် ကုန်ကျစရိတ်ပိုမို ခြင်းကို ဖြစ်စေနိုင်သောကြောင့် ဟုဆိုပါသည်။ မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏ ဆန် နှင့် ပတ်သက်၍ မြှုပ်နှံမှု အစီအစဉ်ကြောင့် အကျိုးအမြတ်ရ နိုင်သော်လည်း ရေရှည်ဆန်စပါး စက်မှုလုပ်ငန်းအတွက်မူ ကောင်းမွန် အောင် မဖြစ်နိုင်ဟု ဆိုပါသည်။

ကျေးဇူးတင်ရမည့် ကိစ္စမှာ မြန်မာ့ဆန်နှင့် ပတ်သက်၍ တစ်စုံတစ်ဦးက မျှော်လင့်ချက်များ ရှိနေပါသည်။ ထိုင်ဝမ်မှ စီးပွားရေးကိုယ်စားလှယ် တစ်ဖွဲ့သည် နိုဝင်ဘာလတွင် ရန်ကုန်မြို့သို့ သွားရောက်ရန်ရှိရာ အကြီးစား စက်မှုလုပ်ငန်းများနှင့် ဆေးဝါးလုပ်ငန်းများ  အပြင် ဆန်စပါးထုတ်လုပ်မှုလုပ်ငန်းကိုလည်း အာရုံပြုမည်ဟု Taipei Times ၏ အဆိုအရ သိရှိရပါ သည်။

“မြန်မာနိုင်ငံမှာ ဆန်စပါးစိုက်ပျိုးမှုဟာ ကြီးစွာမညီမျှမှုတွေ ရှိပါတယ်။ ဒါပေမယ့် ဆန်ပိုမိုထုတ်လုပ်နိုင်တဲ့ ကြီးမားတဲ့ အလားအလာရှိပါတယ်။ စားနပ်ရိက္ခာပိုမိုထုတ်လုပ်ခြင်းကို လက်ရှိရာသီဥတုအခြေအနေနဲ့ ချိန်ပြီး ဆန်အမျိုးစုံထုတ်လုပ် ကျွန်တော်တို့လုပ်ဆောင်လိုပါတယ်” ဟု တိုင်ဝမ်အသင်း အထွေထွေအတွင်းရေးမှူးက Tao Wen-Lung ဆိုပါသည်။

ဆန်စပါးထုတ်လုပ်မှုနယ်ပယ်မှာ ပြီးခဲ့သော စစ်အစိုးရ၏ ဆယ်စုနှစ်များစွာ ဖိနှိပ်သော အုပ်ချုပ်မှုတွင် ထိခိုက် နစ်နာမှုများရှိခဲ့ရသော ဥပမာတစ်ခုဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီလက်ထက် ၁၉၃၀ နှစ်များဆီက မြန်မာနိုင်ငံ သည် နှစ်စဉ်ဆန်တန်ချိန် (၇) သန်း တင်ပို့ခဲ့ရာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဆန်တင်ပို့သူဖြစ်ပြီး “ကမ္ဘာ့ဆန်အိုး ကြီး” အဖြစ် တင်စား ခဲ့ပါသည်။ ထို သရဖူကို ပြန်လည်ရယူရန်မှာမူများစွာ အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ဧရာဝတီက သတင်းရေးသားထား ပါသည်။


 

မြန်မာနိုင်ငံတွင် နိုင်ငံလုံးကျွတ် အပစ်ရပ်ရေးဆွေးနွေးမှုား စတင်

(Bangkok Post မှ  30 Oct 2013 ရက်စွဲပါ “Ceasefire talks kicked off in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် နိုင်ငံလုံးကျွတ် အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ၏ ပထမဦးဆုံး ညီလာခံကို ဗုဒ္ဒဟူးနေ့က စတင်လိုက်ပြီ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ စုစည်းထားသော United Nationalities Federation Council UNFC ၏ အတွင်းရေးမှူး ဦးခွန်ဥက္ကာ က “ဒီနေ့ကတော့ မြန်မာအစိုးရနဲ့ သီးခြားစီ အပစ်ရပ်စဲထားကြတဲ့ လက်ရှိ အနေအထားကို လေ့လာသုံးသပ်ရုံလောက်ပါပဲ။ ကြာသာပတေးနေ့မှာတော့ အစိုးရ အဆိုပြုထားတဲ့ နိုင်ငံလုံးကျွတ် အပစ်ရပ်စဲရေးကို ဆွေးနွေးကြမှာပါ” ဟု ရှင်းလင်းပြောကြားသည်။

အစည်းအဝေးကို ရန်ကုန်မြို့တော်၏ မြောက်ဖက် ၈၉၀ ကီလိုမီတာအကွာ ကချင်ပြည်နယ် အစွန်အဖျား လိုင်ဇာမြို့ တွင် ကျင်းပခြင်းဖြစ်သည်။

၎င်းအစည်းအဝေးသည် ကျယ်ကျယ်ပြန့်ပြန့် အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ ပထမဆုံးကျင်းပခြင်း ဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအကြား တူညီသော သဘောထားတစ်ခုဖြင့် သောကြာနေ့တွင် အပြီး သတ်ရန် စီစဉ်ထားသည်။

လက်ရှိ သမ္မတဦးသိန်းစိန် အစိုးရသည် ၂၀၁၁ တွင် အာဏာရလာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနီးပါးနှင့် အပစ်ရပ်သဘောတူညီမှုများ လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၄ အစောပိုင်းတွင် နိုင်ငံလုံးကျွတ် အပစ်ရပ်သဘောတူညီမှု ရရှိရေး အစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်၊ကရင်၊မွန်၊ရှမ်း စသော ပြည်နယ်ဒေသများမှ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေးအတွက် နှစ်ပေါင်းများစွာ တော်လှန်တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သဘာဝသယံဇာတများ ထိန်းချုပ်ခွင့်စသော အာမခံချက်များရရှိရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ကြိုးစားကြတော့မည် ဖြစ်သည်။ လိုင်ဇာရောက် အချို့ကိုယ်စားလှယ်များ က မြန်မာ အစိုးရအဆိုပြုထားသော နိုင်ငံလုံးကျွတ်အပစ်ရပ်စဲရေး မူကြမ်းကို သဘောမတူကြောင်း ပြောကြား ကြသည်။

“သူတို့ အဆိုပြုထားတဲ့ အစီအစဉ်အရဆိုရင် တန်းတူညီမျှတဲ့ အခွင့်အရေးတွေ မရနိုင်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကိုလည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး” ဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်းမှ ဗိုလ်မှူး စိုင်းလ ကပြောကြား သည်။

တိုင်းရင်းသားများအပေါ် တိုက်ခိုက်မှု အဆုံးသတ်ရေးသည် အနောက်အုပ်စု ဒီမိုကရေစီနိုင်ငံကြီးများက မြန်မာနိုင်ငံ အပေါ် စီးပွားရေး Sanctions များရုတ်သိမ်းပေးစဉ် တောင်းဆိုထားကြသော အဓိကအချက်တစ်ခု ဖြစ်သည်။

လိုင်ဇာတွင် ကျင်းပသော UNFC ညီလာခံ အစည်းအဝေးသို့ တရုတ်ကျောထောက်နောက်ခံပြုထားသော ဝ အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့ တက်ရောက်ခြင်းမရှိဟု ကြားသိရသည်။


 

မူးယစ်မှောင်ခိုထိန်းချုပ်ရန် မြန်မာကို ထိုင်း အကူအညီတောင်း

(Bangkok Post မှ 31 Oct 2013 ရက်စွဲပါ “Thai seek Myanmar aid to curb smuggling” သတင်းကို ဘာသာပြန် ဆိုပါသည်)

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်တွင် ရဲနှင့် မူးယစ်မှောင်ခိုများအကြား ဖြစ်ပွားသော ပစ်ခတ်မှုတွင် ရဲအရာရှိတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီးနောက် နယ်စပ်ဖြတ်ကူးမူးယစ်မှောင်ခိုမှုများကို ကူညီထိန်းချုပ်ပေးရန် ထိုင်းအာဏာ ပိုင်များ က မြန်မာ အာဏာပိုင်များကို တောင်းဆိုလိုက်ပါသည်။

တာချီလိတ်တွင် မနေ့ကကျင်းပသော ထိုင်း၊မြန်မာ မြို့နယ်အဆင့် နယ်ခြားကော်မတီ ၇၇ ကြိမ်မြောက် အစည်း အဝေးတွင် ယင်းကိစ္စရပ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့ ချင်းရိုင်ခရိုင် ဝမ်ပါပိုဒီစတြိတ် တမ်ဘွန်ဝမ် ရှိတောအုပ်ထဲတွင် မူးယစ်မှောင်ခိုများနှင့် ပစ်ခတ်မှု ဖြစ်ပွား ရာတွင် ရဲအရာရှိတစ်ဦး သေဆုံးပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုဖြစ်စဉ်အတွင်း သံသယရှိမူးယစ်မှောင်ခိုနှစ်ဦးလည်း သေဆုံးခဲ့သည်။ ၎င်းတို့သည် ချင်းမိုင်ခရိုင် ဖန်း ဒီစတြိတ်သို့ မြန်မာနိုင်ငံဖက်မှ မူးယစ်ဆေးဝါးများ တရားမဝင် သယ်ဆောင်လာသည်ဟုယုံကြည်ရသည်ဟု ရဲတပ်ဖွဲ့က ဆိုပါသည်။

ဝမ်ပါပို ရဲစခန်းမှပင် ဒဏ်ရာရှိသွားသူအခြားရဲတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ခတချိုင်းရင်း နှင့် ပရာချွန်ဆရီဂျုံပန် တို့ကို ချင်းရိုင် ပရာချန်ကရူး ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး စိတ်ချရသည့် အခြေအနေတွင် ရှိသည်ဟု သိရှိရသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် မယ်မွန်လန်းရွာကို ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးလျက်ရှိပြီး ကိုဦးခန့်ဟု ယုံကြည်ရသော သံသယရှိတရားခံများကို လိုက်လံရှာဖွေနေသည်ဟု ချင်းရိုင်ခရိုင်ရဲမှူး ဝမ်ချိုင်းဆူဝမ်ဘရီစက် ကပြောကြား သည်။

တာချီလိတ်မြို့တွင် ကျင်းပသော နယ်ခြားကော်မတီ အစည်းအဝေးတွင် နယ်စပ်ဖြတ်ကူးမူးယစ်မှောင်ခိုမှု ပြဿနာ ကို ထိုင်းကိုယ်စားလှယ်များက တင်ပြဆွေးနွေးခဲ့ကြပြီး၊ မူးယစ်ဆေးဝါးထုတ်လုပ်မည့် ဓာတုပစ္စည်း တင်သွင်းမှုများကို ကူညီ ထိန်းချုပ်ပေးရန် မြန်မာဖက်သို့ တောင်းဆိုခဲ့ကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီနှစ်အတွက် ထုတ်ဝေတဲ့ Doing Business အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ စည်းမျဉ်းဥပဒေတွေကို ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ အဆက်အသွယ်နေပြီး အခုမှစတင်ပွင့်လင်းလာတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လေ့လာတွေ့ရှိရတဲ့ သတင်းအချက် အလက်တွေအရ စီးပွားရေးလုပ်ငန်းတွေအတွက် ကောင်းမွန်တဲ့ စည်းမျဉ်းဥပဒေတွေ ပေါ်ပေါက်လာဖို့ ပြုပြင် ပြောင်းလဲရေးတွေ ကျယ်ပြန့်စွာ လုပ်ဆောင်သွား ရမှာဖြစ်ပါတယ်”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ်(၁၃၃)တွင်ပါရှိသော  “စီးပွားရေး လုပ်ငန်း ဆိုင်ရာ စည်းမျဉ်းဥပဒေများပေါ်ပေါက်လာစေရန် ပြုပြင်ပြောင်းလဲမှုများ ကျယ်ပြန့်စွာလုပ်ဆောင်ရမည်ဟု IFC နှင့် ကမ္ဘာ့ဘဏ်တို့ထောက်ပြ” သတင်းမှ ကမ္ဘာ့ဘဏ်မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် မစ္စတာခန်သန် ရှန်ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“လက်နက်ကိုင်ပဋိပက္ခဖြစ်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပါပြီ၊ ဒီအပေါ်မှာ ကရင်အမျိုးသားအစည်းအရုံးက ပြန်သုံးသပ် လိုက်တော့ အဖြေကထွက်မလာခဲ့ဘူး။ နိုင်ငံရေးပြဿနာဖြစ်လို့ နိုင်ငံရေးနည်းလမ်းနဲ့ပဲ တွေ့ဆုံ ဆွးနွေးဖို့ KNU ရဲ့ ၁၅ ကြိမ်မြောက်ညီလာခံမှာနိုင်ငံရေးနည်းလမ်းနဲ့သာ အဖြေပေါ်မယ်လို့ယူဆခဲ့ကြတယ်။ တွေ့ဆုံဆွေးနွေးရေးကိုလည်း တစ်ဆင့် ပြီးတစ်ဆင့်သွားဖို့ လိုအပ်နေပါတယ်။ ဒါ့ကြောင့် ဒီညီလာခံမှာလည်း တိုင်းရင်းသားအဖွဲ့တွေအတွက် ရလဒ် ကောင်း၊ အဖြေကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “တိုင်းရင်းသား ခေါင်းဆောင်များ လိုင်ဇာညီလာခံစတင် ရလဒ်ကောင်းများရရှိမည်ဟု စောမူတူးစေးဖိုး ပြောကြား” သတင်းမှ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရယ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုရယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ရယ် သုံးခုရှိတယ်။ ကျွန်တော့် အမြင်ပြောရရင် အရေးကြီးဆုံးက ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်နိုင်ဖို့ဆိုရင် အခြေခံဥပဒေမှာ အာဏာခွဲဝေမှု(Power Sharing)တို့၊ သယံဇာတခွဲဝေမှု(Resource Sharing)တို့ကို ညှိနှိုင်း ပြင်ဆင်ဖို့လိုလိမ့်မယ်။ အဲဒါပြင်မယ်ဆိုရင်လည်း အစိုးရဘက်က သိပ်တင်းမာမယ်မထင်ပါဘူး။ အသစ်ပြန် ရေးမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ပြဿနာတွေပိုများနိုင်တာပေါ့။ ပြင်မယ်ဆိုရင်တော့ ဒီကိစ္စတွေကို ဦးစားပေး ပြင်သင့်တယ်ထင်တယ်။ အထိုက် အလျောက် လည်း ပြင်နိုင်လိမ့်မယ် ထင်တယ်”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၃)၊ အမှတ် (၆၄၅) တွင်ရှိသော “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ နောက်ကွယ်မှ အကျိုးစီးပွားများက ပဋိပက္ခများ ပိုမိုဖြစ်ပွားစေ” သတင်းမှ ဆရာကျော်ဝင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ဆီမှာ တစ်ရက်ကို ပလတ်စတစ်အိတ် ၂၀,၀၀၀ ထုတ်နေချိန်မှာ သူများက နှစ်သိန်းလောက် ထုတ်နေပြီ။ ထုတ်လုပ်မှု ကုန်ကျစရိတ်ကို များများလျှော့ချနိုင်မှ ဈေးကွက်မှာ သူတို့နဲ့ယှဉ်နိုင်မယ်။ အဲဒီအတွက် နည်းပညာနဲ့ အရင်းအနှီး လိုတယ်။ ပြီးတော့ နိုင်ငံတော်က ဘာမှမလုပ်ပေးနိုင်တော့ ရင်းနှီးမြှုပ်နှံတာကို ကြောက်လာတယ်။ ဒါ့ကြောင့် သူများနိုင်ငံ ထက် ရင်းနှီးမြှုပ်နှံမှုတွေနည်းပြီး စက်မှုဖွံ့ဖြိုးတိုးတက်မှုကိုပါ နောက်ကျစေလာတယ်”

နိုဝင်ဘာလ ၂ ရက်နေ့ထုတ် Trade Times Journal အတွဲ (၂) အမှတ် (၈၁) တွင်ပါရှိသော “စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး အစိုးရကူညီရန် လိုအပ်” သတင်းမှ မြန်မာနိုင်ငံသားရေးအသင်း ဒုတိယဥက္ကဌ ဦးကြင်စု ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒါနဲ့ပတ်သက်လို့တော့ ဗိုလ်ချုပ်ကြီးသူရဦးရွှေမန်းရဲ့ ယူဆချက်ပဲဖြစ်မယ်ထင်ပါတယ်။ စိုးရိမ်စရာဘာမှမရှိ ဘူးလေ။ ကျွန်တော်တို့လည်း လွှတ်တော်တက်နေတာပဲ။ ကိုယ့်လုပ်ငန်းတွေ ကိုယ်လုပ်နေကြတာပဲ။ ပါတီတွေ လည်း လုပ်ငန်းတွေ ကိုယ်စီနဲ့ လုပ်နေကြတာပဲ။ လောလောဆယ် စိုးရိမ်စရာတော့မရှိဘူးထင်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ လည်း ဘာမှစိုးရိမ်စရာမရှိဘူး။ အားလုံးလေ့လာနေကြတာ။ အပြုသဘောနဲ့ အကုန်လုံး ဝိုင်းဝန်းဆွေးနွေးကြတဲ့ သဘောပါပဲ”

နိုဝင်ဘာလ ၁ ရက်နေ့ထုတ် First Weekly Journal အတွဲ (၃) အမှတ် (၁၀၃) တွင်ပါရှိသော “တပ်မတော် အနေနဲ့ သမ္မတဘက်ကိုလည်း မလိုက်ဘူး၊ သူရဦးရွှေမန်းဘက်ကိုလည်း မလိုက်ဘူး၊ ပြည်ခိုင်ဖြိုး ဘက်ကိုလည်း မလိုက်ဘူး၊ ဘယ်ပါတီဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် နိုင်ငံနဲ့လူမျိုးကောင်းကျိုးအတွက် တင်ပြမှု၊ ဆွေးနွေးမှုတွေ ဆိုရင် မှန်တဲ့ဘက်ကို ထောက်ခံသွားမှာပဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့လည်း စိုးရိမ်စရာ ဘာမှမရှိဘူးဟု တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဝေလင်း မှဆို” သတင်းမှ စစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive