Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဖွဲ့စည်းပုံအခြေခံနှင့် ဒီမိုကရက်တိုက်ဇေးရှင်းကို နားလည်ခြင်း

****************************************

ဆောင်းပါးကဏ္ဍ

ဖွဲ့စည်းပုံအခြေခံနှင့် ဒီမိုကရက်တိုက်ဇေးရှင်းကို နားလည်ခြင်း

ဘုန်းထက်ဝင်း

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်ဟောင်း ချုပ်ငြိမ်းကာ နိုင်ငံရေးဖြစ်စဉ်သစ် အသွင်ကူးပြောင်းလဲခဲ့ပြီး ဖြစ်သည်။ ပင်မရေးစီးကြောင်းနိုင်ငံရေးဖြစ်လာသော နိုင်ငံရေးဖြစ်စဉ်သစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် Rule of the game ကို ပီပီပြင်ပြင် သရုပ်ဖော်ထားသည့် ပဋိဉာဉ် ဖြစ်သည်။ အစိုးရသစ်၏ နိုင်ငံရေးအခြေခံမူ ဖြစ်သော အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်မှာ ယခု စတင်၍ ရုပ်လုံးပေါ် လာပြီဖြစ်သည်။ နိုင်ငံရေးဆိုသည်မှာ အကြွင်းသုံညထွက်သော ဂိမ်းတစ်ခုဖြစ်သည်။ နိုင်သူလည်းရှိသလို ရှုံးသူလည်းရှိမည်။ ဒီမိုကရေစီနိုင်ငံစနစ်ကို လက်တွေ့အလုပ်ဖြစ်အောင် ကျင့်သုံးသည့်နိုင်ငံတွင် နိုင်ငံရေးကစားပွဲတစ်လျှောက် အမြဲတမ်းနိုင်သူ၊ အမြဲတမ်းရှုံးသူဟု ရှိနိုင်ဖို့ ခဲယဉ်းမည်။ အမြဲတမ်း နိုင်သူတွင် ပြည်သူများ ဖြစ်ခဲ့သည်ရှိသော် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး Rule of the game ကို ပြဋ္ဌာန်းထားသော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံကို အသေအချာ သဘောပေါက် နားလည်မှ သာလျှင် နိုင်ငံရေးအောင်ပွဲ ဆင်နိုင်မှာဖြစ်သည်။ ယင်းဖွဲ့စည်းပုံအုပ်ချုပ်ပုံဥပဒေ  အခြေခံကျောရိုးကို ရေးသားခဲ့သူမှာ ကမ္ဘာကျော် ယေးလ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည့် ဒေါက်တာမောင်မောင် ဖြစ်သည်။ အိမ်စောင့်အစိုးရ လက်ထက်တွင် နိုင်ငံတော်တရားသူကြီးချုပ်ဖြစ်ခဲ့ဖူးသော ဒေါက်တာ မောင်မောင်သည် မြန်မာနိုင်ငံရေးသမားတို့၏ စရိုက်သဘာဝကို သိသည့်အားလျှော်စွာ ဖွဲ့စည်းပုံအခြေခံကို ယခင်ပထစခေတ်တွင် ကျင့်သုံးခဲ့သော ပါလီမန်စနစ်နှင့် ကွဲပြားစွာ သမ္မတစနစ်ကို ကျင့်သုံးအောင် ရေးသားခဲ့သည်။ ပါလီမန်စနစ်တွင် လွှတ်တော်နှင့် အစိုးရမှာ အာဏာကွဲပြားမှုမရှိဘဲရော ထွေးကျင့်သုံး (diffusion of power) သည့် စနစ်ဖြစ်သည်။ အစိုးရဝန်ကြီးတစ်ပါးမှာ သူ၏ မိခင်ပါတီ၏ မူဝါဒများအတိုင်း ကျင့်သုံးအကောင်အထည်ဖော်ရသည်။ သမ္မတ စနစ်တွင်မူ အုပ်ချုပ်ရေးအာဏာနှင့်ဥပဒေပြုရေးအာဏာမှာ သီးခြားစီခွဲခြားကျင့်သုံး (Separation of power) သည်။ ထိုကြောင့် ဝန်ကြီးတစ်ပါး အုပ်ချုပ်ရေးတာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ သူ၏ မိခင်ပါတီ၏ မူဝါဒကို လိုက်နာ၍ မရတော့ပါ။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံသည် အုပ်ချုပ်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာကို သီးခြားစီ ခွဲခြားကျင့်သုံးအောင် ရေးသားထားသည့် ဖွဲ့စည်းပုံဖြစ်သည်။ ထို့ပြင် ပါလီမန်စနစ်တွင် လွှတ်တော်၌ မူဝါဒရေးရာကိစ္စရပ်များကို အုပ်စုလိုက် အင်အားပြ ငြင်းခုံဆွေးနွေးသည့်အနေအထားမျိုးထက် ရေးရာကော်မတီများနှင့် သုံးသပ်အဖြေရှာ စမ်းစစ်ရသော စနစ်မျိုးဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံနှင့် အလွန်တူပါသည်။ ကွဲပြားသည့် အချက်ဟူ၍ သမ္မတကို တိုက်ရိုက်မရွေးချယ်နိုင်ခြင်းနှင့် စစ်တပ်မှ အမတ်နေရာ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းယူထားခြင်းသာရှိသည်။ အုပ်ချုပ် ရေးနှင့် တရားစီရင်ရေး ကွဲပြားစွာ ကျင့်သုံးသော်ငြားလည်း ပါတီကြီး ၂ ခုတည်းသာ ကြီးစိုးသည့် အမေရိကန် ဖွဲ့စည်းပုံ\အခြေခံဥပဒေတွင် သမ္မတမှာ လွှတ်တော်သို့ မူဝါဒများချပြရာတွင် လွှတ်တော်ရှိ သူ၏ မိခင်ပါတီနှင့် သဘောတူညီမှုများလည်း ရှိသလို သဘောမတူညီမှုများလည်း ရှိသည်။ မြန်မာ နိုင်ငံတွင်တော့ မဲဆန္ဒနယ်များမှ ရွေးချယ်လိုက်သည့် ပြည်ထောင်စုလွှတ်တော် အမတ်များထဲမှ လွှတ်တော်အမတ်ဦးရေ၏ ၅၁ ရာခိုင်နှုန်းထောက်ခံမှသာ သမ္မတ ရွေးချယ်နိုင်သည်။ ထိုအတွက်ကြောင့် သမ္မတမှာ လွှတ်တော်တွင်း အင်အားကြီးပါတီတစ်ခုမှ ရောက်ရှိလာသူဖြစ်သည်ဟု သဘောပေါက် နားလည်၍ ရနိုင်သည်။ သမ္မတမှလွဲ၍ ကျန် ပြည်ထောင်စုဝင်ကြီးများမှာ လွှတ်တော်အမတ် ဖြစ်စရာမလိုပေ။ ယင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ၂၃၂ (ခ/၁) လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ (က) ပါ သတ်မှတ်ထားသည့် အရည် အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်ဟု ပြဋ္ဌာန်းထားသည်။ ထို့အပြင် ပုဒ်မ ၂၃၂ (ဈ)တွင် ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ယခင်စစ်အစိုးရ၏ ဗိုလ်ချုပ်ဟောင်းများသည် ယင်း အချက်ကို သဘောပေါက်နားလည်ခြင်းမရှိဘဲ ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ခြင်းကြောင့် ယခု ကြားဖြတ် ရွေးကောက်ပွဲ ၄၈ နေရာ လွတ်သွားခဲ့သည်။

ဖွဲ့စည်းပုံပါ စည်းမျဉ်းစည်းကမ်းများကြောင့် ယခုအခါတွင် ဥပဒေပြုရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာနှစ်ခုကြား မူဝါဒရေးရာ ငြင်းခုံမှုများ (policy debates) ပေါ်ပေါက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးအများစုသည် ကြံ့ခိုင်ရေးပါတီမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်ငြားလည်း အဘယ်ကြောင့် မဏ္ဍိုင်နှစ်ခုကြား မူဝါဒကိစ္စရပ်များတွင် တူညီမှုမရှိ ဖြစ်နေရသည်မှာ စိတ်ဝင်စားဖို့ကောင်းသည်။ယင်းမှာ ဖွဲ့စည်းပုံ၏ သိမ်မွေ့မှုလည်း ဖြစ်သလို အနှစ်သာရလည်း ဖြစ်သည်။

အခြေခံဥပဒေ ပုဒ်မ ၂၃၂(ဋ)တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာ ဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားခြင်း ကြောင့် ယခုကဲ့သို့ အခြေအနေများ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ပါတီ၏ လုပ်ငန်း၊ ပါတီ၏ မူဝါဒရေးရာ ဆွေးနွေးပွဲများနှင့် ကင်းကွာသွားစေပြီး အစိုးရအဖွဲ့၏ မူဝါဒအတိုင်းသာ အကောင်အထည်ဖော်စေခြင်းမျိုး ဖြစ်သည်။ ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်း ဝင်ရောက် အရွေးခံ ရပါက ပြည်ထောင်စု ဝန်ကြီးတစ်နေရာပေးရန်ရှိကြောင်း ရေးသားနေမှုများကို မြင်တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ထောင်စုဝန်ကြီး လုပ်သင့်၊ မလုပ်သင့် သတိထားဆင်ခြင်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ပြည်ထောင်စုဝန်ကြီး လုပ်ခဲ့လျှင် မိမိ၏ဝန်ကြီးဌာနသက်ဆိုင်ရာ ကိစ္စရပ်များကို သာ အကောင်အထည်ဖော်ရန် အဓိကတာဝန်ရှိမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံပိုင်မီဒီယာတွင် ပြောကြား ခဲ့သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မူဝါဒများကို အကောင်အထည်ဖော် နိုင်တော့မည်မဟုတ်ပါ။ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးအာဏာတို့ ခွဲခြားကျင့်သုံး သည့်စနစ်ကြောင့် မဏ္ဍိုင်နှစ်ရပ်ကြား မူဝါဒရေးရာလွန်ဆွဲပွဲများ ရှိနေမှာဖြစ်သောကြောင့် ခေါင်းဆောင်များအနေဖြင့်လည်း ဆီလျှော်မှုရှိသည့် မူဝါဒများ ချမှတ် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရမည်။ နှစ်ဖက်စလုံးက တင်းမာနေလျှင် အကောင်အထည်ဖော်မှုဆီ မရောက်ဘဲ ငြင်းခုံမှုနှင့်သာ ပိတ်မိနေမည်။

ယခုအခါတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံးသို့ လှည့်လည်၍ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်မှုများကို ဆောင်ရွက်လျက် ရှိနေသည်။ သတင်းမီဒီယာများမှလည်း NLD၏ လှုပ်ရှားမှုများကိုသာ အသားပေးဖော်ပြလျက်ရှိသည်။ တနည်း ဘက်လိုက်မှု ရှိနေသည်။ စာရေးသူ အနေဖြင့် NLD နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်လာမှုကို အလေးထားပါသည်။ ထိုနည်းအတူ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဒီမိုကရက်တစ် ပါတီများ၏ အခန်းကဏ္ဍမှာ မေ့ပျောက်ထားလို့ မရပါ။ ၎င်းတို့မှာ ရွေးကောက်ပွဲ မဲမထည့်ရေးလှုပ်ရှားမှုကြီးကို အန်တုကာ လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့ ရသည့် ဒီမိုကရက်များမဟုတ်ပါလော။ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံလို နှစ်ပါတီစနစ်သာ ကျင့်သုံးသည့် လွတ်လပ်သည့် ဒီမိုကရေစီနိုင်ငံကြီး မဟုတ်သေးသည်ကို သတိချပ်ရာ၏။ ထိုကြောင့် ပါတီပေါင်းစုံပါဝင်သည့် နိုင်ငံရေးခရီးရှည်ကြီးတစ်ခုကို ကာလတစ်ခုအထိ ဖြတ်သန်းရဦးမည်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်တွင်း၌သာမက နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ်ပြုလေးစားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သည်။ လူချစ်လူခင်ပေါသည့်ခေါင်းဆောင် (charismatic leader) တစ်ဦး ဖြစ်သည်။ သို့သော် သူမ၏ခေါင်းဆောင်မှုကိုတော့ မေးခွန်းထုတ်စရာ ရှိသည်။ ထိရောက်သည့် ခေါင်းဆောင်(effective leader)၊ အသွင်ပြောင်း ခေါင်းဆောင် (transformation leader)တစ်ဦးဖြစ်ဖို့ဆိုလျှင် ပစ္စုပ္ပန်ထက် အနာဂတ်တွင် ဖြစ်တန်ရာ အလားအလာများကို ကြည့်ကာ ကြိုတင်ပြင်ဆင်မှုများပြလုပ်၍ ခေါင်းဆောင်မှုပေးရမည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းဆိုသည်မှာ တခါတရံ တွင် အများလက်မခံသည့် ကိစ္စရပ်ကိုပင် ရေရှည်အကျိုးစီပွားအတွက် ပြတ်ပြတ်သားသားဆောင်ရွက်ရမည်။ မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏဖြင့် နိုင်ငံဖွံ့ဖြိုးမှုကို အရယူနိုင်ဖို့ခဲယဉ်းမည်။  လူထုထောက်ခံမှုကို ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ဤနေရာတွင် မေးခွန်း ထုတ်စရာ ရှိလာပါသည်။ ပြည်သူလက်မခံသော်လည်း ပြည်သူအကျိုးအတွက် ပြတ်သားစွာ လုပ်နိုင်၊ မလုပ်နိုင်ဟူ၍ ဖြစ်သည်။ လူထုထောက်ခံမှုကို ဆက်လက်ထိန်းထားနိုင်၊ နိုင်ငံ ဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်နိုင်မှု ရှိ၊ မရှိဆိုသည်မှာ စောင့်ကြည့်ရမည့် ဂိမ်းတစ်ခုဖြစ်သည်။

နိုင်ငံပိုင် မီဒီယာတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြောကြားသွားသောပါတီ၏ မူဝါဒလမ်းစဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ရေး ကိစ္စရပ်လည်း အပါအဝင်ဖြစ်သည်။ အဓိကပြင်ဆင်ရမည့် အကြောင်းရင်းမှာ လွှတ်တော်တွင် စစ်တပ်မှ လွှတ်တော်အမတ်ဦးရေ ၂၅ ရာခိုင်နှုန်း ယူထားသော ကိစ္စရပ်ဖြစ်သည်ဟုပြောကြားသွားသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများနှင့် တိုင်းတာလျှင် ဒီမိုကရေစီ မဆန်သည့် အပိုင်းများရှိသည်မှာ မှန်ပါသည်။ သို့ သော် ဖွဲ့စည်းပုံပြင်ဆင်ရေးထက် ဖွဲ့စည်းပုံအလုပ်ဖြစ်ရေးက ပိုမိုအလေးထားလုပ်ဆောင်ရမည့်ကိစ္စဟု မြင်ပါသည်။ ချက်ကစားပွဲတစ်ခုတွင် ဘုရင်ကို check နိုင်ဖို့ထက် ရွေ့နိုင်ဖို့က ပိုအရေးကြီးပါသည်။ NLD ၏ လက်ရှိအနေအထားသည် အာဏာ အင်အားညီမျှမှုသဘောအရ ရွေ့နိုင်အောင်သာ ကြိုးစားရဦးမည်ဖြစ်သည်။ ပြိုင်ဘက်က မိမိ၏နေရာကို ရယူလာမည်ဟု သိလာနိုင်သည့် ကစားကွက်မျိုး လောက်ဖြင့်တော့ အလွယ်တကူ အနိုင်ရနိုင်လိမ့်မည်မဟုတ်။ အချိုးအကွေ့ အတွန်းအဆွဲများဖြင့် မဟာဗျူဟာကျကျ ကစားနိုင်ရမည်။ NLD အနေဖြင့် ဒီမိုကရေစီစံနှုန်းများအတိုင်း အကောင်အထည်ဖော်နေသည့် ကိစ္စရပ်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ လွှမ်းမိုးကြီးစိုးနေသည့် ဒီမိုကရေစီနှင့် ပတ်သက်သည့် အရေးအသားများကြောင့်(Discourse)ကြောင့်ဟု သုံးသပ်မိသည်။ ယခုအခါတွင် လူထုပညာတက်များမှ ဒီမိုကရေစီအသွင်ကူးပြောင်းရေး (Democratization) ဟူသည့် ဘာသာရပ်သစ်အကြောင်း တန်ပြန်ရေးသားပို့ချမှုများ (Counter discourse)လည်း ရှိလာနေပြီဖြစ်သည်။ အာဏာရှင် စနစ်မှ ဒီမိုကရေစီစနစ် ကူးပြောင်းရာတွင် ကြုံတွေ့လာနိုင်သည့် မတည်ငြိမ်မှုများ၊ ခိုင်မာရင့်ကျက်သည့် ဒီမိုကရေစီစနစ် မဖြစ်သေးခင် လူ့အဖွဲ့အစည်း အတွင်း တင်ကူးလိုအပ်ချက်များကို ကမ္ဘာတစ်ဝန်း ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံနှင့်ယှဉ်၍ ကမ္ဘာ့တက္ကသိုလ်များရှိ နာမည်ကြီး နိုင်ငံရေးသိပ္ပံပညာရှင်များ သုတေသနပြုဖော်ထုတ်ထားချက်များဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအကြောင်းကို အသေအချာ နားလည် သဘောပေါက်လျှင် ကူးပြောင်းရေးကာလတွင် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်တွင် လိုက်လျောညီထွေအောင် အသုံးချနိုင်မည် ဖြစ်သည်။

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၅.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဧပြီ ၁ ရက်နေ့မှ စတင်၍ နိုင်ငံဝန်ထမ်းများအား ထောက်ပံ့ကြေး ၃၀၀၀၀ တိုးမြှင့်ပေး
  2. မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ကိစ္စ ဘင်္ဂလားဒေ့ရှ် အနိုင်ရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ရန် အမေရိကန်ဆုံးဖြတ်ချက် ချမှတ်
  2. မြန်မာ့နိုင်ငံရေး နောက်ပြန်လှည့်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး
  3. NLD  အားထောက်ခံသည့် အနုပညာရှင်များ လေးရက်အတွင်း မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်မည်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဧပြီ ၁ ရက်နေ့မှ စတင်၍ နိုင်ငံဝန်ထမ်းများအား ထောက်ပံ့ကြေး ၃၀၀၀၀ တိုးမြှင့်ပေး

၂၀၁၂ ဧပြီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေးငွေအဖြစ် ကျပ် ၃၀၀၀၀ကို တိုးမြှင့်ခံစားခွင့် ပြုတော့မည်ဖြစ် ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံးမှ အမိန့်ကြော်ငြာစာအမှတ်(၁၀၀/၁၀၁၂)ကို ၂၀၁၂ မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်အတွင်း နိုင်ငံတာဝန် ထမ်းဆောင်လျက်ရှိသည့် ၀န်ထမ်းများ၊ တပ်မတော် ကြည်း၊ ရေ၊ လေတပ်များမှ ဝန်ထမ်းများအားလုံး စားဝတ်နေရေး သက်သာချောင်လည်မှုရရှိနိုင်စေရန် လက်ရှိလုပ်ခ လစာသာမက အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ တိတိကို အပိုတိုးမြှင့် ခံစားခွင့် ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အစိုးရဌာနများနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် အဖွဲ့အစည်း အသီးသီးရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကိုလည်း အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသည့် ကျပ် ၁၁၀၀တိတိသာမက  အပိုထောက် ပံ့ကြေးငွေအဖြစ် ကျပ် ၁၀၀၀ တိတိကို ထပ်မံခံစားခွင့် ပြုမည်ဖြစ်ပြီး နေ့စားအလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးငွေအဖြစ် တစ်နေ့လျှင် ကျပ် ၂၁၀၀တိတိ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ပညာသင်ကြားခွင့်ဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ စေလွှတ်ခြင်းခံရသော ဝန်ထမ်းများနှင့် ပညာသင်ခွင့် စည်းကမ်းချက်များဖြင့် နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားနေကြသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ တိုးမြှင့်ခံစားခွင့်ပြုသည့် အပိုထောက်ပံ့ကြေးကို ရရှိမည်မပာုတ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ကိစ္စ ဘင်္ဂလားဒေ့ရှ် အနိုင်ရ

မတ်လ ၁၄ရက်နေ့တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ အငြင်းပွားမှုဖြစ်နေခဲ့သည့် နှစ်နိုင်ငံကြား ရေပိုင်နက်ကိစ္စအား နိုင်ငံတကာ ပင်လယ် ရေကြောင်းတရားရုံးမှ ဂျာမနီနိုင်ငံမြောက်ပိုင်း ဟမ်းဘတ်မြို့နယ်ရှိ နိုင်ငံတကာ ပင်လယ် ရေကြောင်း တရားရုံးမှ တရားသူကြီး ပရိုဆေးလူးဝစ် ဂျီးဆပ်မှ နှစ်နာရီကြာဆုံးဖြတ်၍ စီရင်ချက်ချမှတ်ခဲ့သည်ဟု သတင်း များအရ သိရသည်။

ယင်းစီရင်ချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တောင်းဆိုထားသည့် အချက်များအတိုင်း ရေမိုင် ၂၀၀အထိ ရရှိခဲ့ပြီး ယင်းမိုင် ၂၀၀ အပြင်ဖက် တွင်လည်း နှစ်နိုင်ငံဝင်ရောက်ခွင့်ရခဲ့သည်ဟု သတင်းများအရ သိရသည်။

ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဒီပူမူနီမှ “ဒီရလဒ်နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုချောမွေ့လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံလုံးအတွက်လည်း ကောင်းပြီး ဒီအငြင်းပွား မှုများနဲ့ ပတ်သက်ပြီးလည်း အတိတ်တွင် ချန်ထားခဲ့ နိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်”ဟု ၎င်း၏ ဘီဘီစီသတင်းဌာန၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။

ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယင်းရေပိုင်နက်တွင် သွားရောက်၍ ကမ်းလွန်ရေနံသဘာဝဓာတ်ငွေ့များ သွားရောက်ရှာဖွေနိုင်မည် ဖြစ်ပြီး ထိုအမှုနှင့်ပတ်သက်၍လည်း အယူခံဝင်ခြင်းမပြုဟုလည်း သတင်းများအရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဘက်မှ ကိုယ်စားလှယ်ခေါင်းဆောင်ဖြစ်သည့် ရှေ့နေချုပ် ဒေါက်တာထွန်းရှင်မှလည်း ယင်းစီရင်ချက်နှင့် ပတ်သက်၍ နှစ်နိုင်ငံ အတွက် အလားအလာများ ကောင်းမွန်ကြောင်းနှင့် ပူးပေါင်း၍ ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟုလည်း သတင်း ဖော်ပြချက်များအရ သိရသည်။

ယင်းရေပိုင်နက်အငြင်းပွားမှုကိစ္စရပ်မှာ ၂၀၀၉ခုနှစ်မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရေနံနှင့် သဘာဝဓါတ်ငွေ့အား သွားရောက်ရှာဖွေ ရာမှ မြန်မာနိုင်ငံမှ ယင်းရေပိုင်နက်မှာလည်း ၎င်းတို့နှင့် တစ်စိတ်တစ်ပိုင်း ပတ်သက်ဆက် နွယ်မှုရှိနေကြောင်း ပြောဆိုအငြင်းပွားကြရာမှ ၂၀၀၉ခုနှစ်တွင် ဟမ်းဘတ်ခုံရုံးမှ ဝင်ရောက်၍ ယင်းအငြင်းပွားနေသည့် ကိစ္စရပ်အား ကြားမှဝင်ရောက်ဖြေရှင်းပေးရန် သဘောတူညီမှုရရှိခဲ့ပြီး ၂၀၁၀ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ယင်းကိစ္စနှင့်ပတ်သက်၍ အထောက်အထားများတင်ပြခဲ့ကြပြီး ၂၀၁၂ခုနှစ် မတ်လ ၁၄ရက်နေ့တွင် စီရင်ချက်ချခဲ့ခြင်းဖြစ်သည်ဟု သတင်း ဖော်ပြချက်များအရ သိရှိရသည်။

ATM

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ရန် အမေရိကန်ဆုံးဖြတ်ချက် ချမှတ်

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ဆက်ဆံသွားရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Derek Mitchell မှ မတ်လ ၁၃ ရက်နေ့၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“လက်ရှိမြန်မာနိုင်ငံရဲ့ အစိုးရသစ်က သိသာထင်ရှားတဲ့အပြောင်းအလဲတွေ လုပ်ဆောင်နေတာကို တွေ့ရပါ တယ်။ ဒါကြောင့် အမေရိကန်-မြန်မာ ဆက်ဆံရေးကလည်း အရင်ကထက် ပိုကောင်းလာခဲ့ပါတယ်။ ပြီးတော့ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့် သွားဖို့အတွက် အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆုံးဖြတ်ခဲ့ပါတယ်”ပာု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်လ်က ပြောကြားသည်။

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးအား မိတ်ဖက်နိုင်ငံအဖြစ်သို့ တိုးမြှင့်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည့် အဓိက အကြောင်းရင်းများမှာ မြန်မာနိုင်ငံရှိ အစိုးရသစ်၏ သိသာထင်ရှားသော အပြောင်းအလဲများကို လုပ်ဆောင်ပြသမှုကို အသိအမှတ်ပြုခြင်းနှင့် မြန်မာ လွှတ်တော်၏ တိုးတက် ပြောင်းလဲမှုများ၊ ကြိုးစားဆောင်ရွက်မှုများမှာ အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ လွှတ်တော်က နိုင်ငံရဲ့လူမျိုးအတွက် တကယ်ကို လက်တွေ့အလုပ်လုပ်နေတာကို တွေ့ရလို့ ဖော်မပြနိုင်အောင် ဝမ်းမြောက် မိပါတယ်။ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်နေတဲ့အချိန်မှာ အစိုးရရဲ့ စီမံအုပ်ချုပ်ရေးပိုင်း၊ ဥပဒေပြူရေးအပိုင်းတို့ Debate လုပ်ရတာတွေ အမေရိကန်မှာလည်းရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ လမ်းပာာ မမှားပါဘူး”ပာု ဒဲရစ်မစ်ချယ်လ်က ဆိုသည်။

မြန်မာနိုင်ငံသည် အမည်ခံ အရပ်ဘက်အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်း လဲမှုများကို လုပ်ဆောင်ပြသခဲ့သည့် အတွက် အမေရိကန်နိုင်ငံမှ အသိအမှတ်ပြုသည့်အနေဖြင့် နှစ်ပေါင်းများစွာပိတ်ဆို့ ထားသော စီးပွားရေးပိတ်ဆို့မှုများထဲမှ အချို့ကို ပြန်လည်ဖြေလျော့ ပေးခဲ့ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို သံအမတ်ကြီးအဆင့်သို့ တို