Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

(6 March 2014 ရက်စွဲပါ eco-business.com မှ FDI in timber processing tops $ 51 m , India biggest investor  ကို ဘာသာပြန်ဆိုသည်)

(Bangkok Post မှ 6 March 2014 ရက်စွဲပါ “Japanese Car builders bid on Thilawa” သတင်းကို ဘာသာပြန်ဆိုသည်)


သစ်အချောထည် FDI ဒေါ်လာ (၅၁) သန်း ရောက်၍ အိန္ဒိယက အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်

(6 March 2014 ရက်စွဲပါ eco-business.com မှ FDI in timber processing tops $ 51 m , India biggest investor  ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က သစ်နှင့်ပတ်သက်သော စက်မှုလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ (၅၁) သန်း သို့ ရောက်ရှိခဲ့ပြီး၊ အစိုးရကိန်းဂဏန်းများအရ အိန္ဒိယသည် ရင်းနှီး မြှုပ်နှံမှု ပရော့ဂျတ် (၆) ခုဖြင့် ရင်းနှီးမြှုပ်နှံမှု အားလုံး၏ တစ်ဝက်ခန့်ကို ကိုယ်စားပြုထားပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများ မှတ်ပုံတင်ရေး ဦးစီးဌာန၏ ကိန်းဂဏန်းများအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားကုမ္ပဏီများသို့ သစ်အချောထည် လုပ်ငန်းလိုင်စင် (၈) ခု ခွင့်ပြုခဲ့ရာ အိန္ဒိယမှ (၅) ခု၊ စင်္ကာပူ (၂) ခု နှင့် ကိုရီးယား (၁) ခု တို့ဖြစ်ပါသည်။

ပြီးခဲ့သည့်နှစ်က သစ်အချောထည်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ (၅၁) သန်း ဝင်ရောက်ခဲ့ရာ အိန္ဒိယက ဒေါ်လာ (၂၆.၀၄) သန်း၊ စင်္ကာပူ က ဒေါ်လာ (၂၄.၂၆) သန်းနှင့် ကိုရီးယား က (၀.၉၃) သန်း အသီးသီး ရင်းနှီးမြှုပ်နှံခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းထွန်း က ပြောကြားရာတွင် သစ်လုံးလိုက် နိုင်ငံခြားသို့ တင်ပို့ခြင်းကို ပိတ်ပင်တော့မည်ဖြစ်၍ သစ်အချောထည်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရုတ်တရက် မြင့်တက်လာခြင်း ဖြစ်သည်ဟု ဆိုပါသည်။

“သာမန်အားဖြင့် အရင်တုန်းက ကျွန်တော်တို့ အိန္ဒိယကို သစ်အလုံးလိုက် တင်ပို့ပါတယ်။ အခု သစ်လုံးတင်ပို့ ခွင့် မပြုတော့ပါဘူး။ ဒါ့ကြောင့် လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံ ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်လုံးလိုက်တင်ပို့သော အနည်းငယ်သာရှိသည့် နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ပါသည်။ ရလဒ်အားဖြင့် မြန်မာနိုင်ငံမှ ထွက်သော အရည်အသွေးကောင်းသည့် သစ်များ အတွက် အချောထည်တန်ဖိုး မြှင့်ထုတ်လုပ်သည့် စက်မှုလုပ်ငန်း မထွန်းကားခြင်းပင် ဖြစ်ပါသည်။

သစ်တောပြုန်းတီးမှုကာကွယ်ရန်နှင့် သစ်အလုံးလိုက်တင်ပို့မှုကို လျှော့ချရန် မြန်မာအစိုးရသည် ဧပြီလ (၁) ရက်မှ စ၍ သစ်အလုံးလိုက်တင်ပို့ခြင်းကို ပိတ်ပင်မည်ဖြစ်ပြီး သစ်ခွဲသားသာ တင်ပို့ခွင့်ပြုမည် ဖြစ်ပါသည်။

အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာသစ်ကို အများဆုံး တင်သွင်းသော နိုင်ငံများဖြစ်ပြီး၊ တစ်နှစ်လျှင် ဒေါ်လာ (၁) ဘီလီယံ ကျော်ဖိုးခန့် ဝယ်ယူကြကြောင်း အမေရိကန် အခြေစိုက် သုတေသန အုပ်စု ဖြစ်သည့် Forest Trends ၏ အဆိုအရ သိရှိရပါသည်။ ၎င်း၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှ သစ်တဝက်ကျော်မှာ အိန္ဒိယနိုင်ငံသို့ တင်ပို့သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံ၏ သစ်နှင့်ပက်သတ်သော စီးပွားရေးလုပ်ငန်းသည် တစ်ခုနှင့်တစ်ခု အဆက်အစပ်မရှိသော လုပ်ထုံးလုပ်နည်းများ၊ အဂတိလိုက်စားခြင်းများဖြင့် ပြဿနာများစွာ ဖြစ်ပေါ်ခဲ့ပါသည်။ ယခင် စစ်အစိုးရ နှင့် အဆက် အသွယ်ကောင်းသော သူဌေးများက ကြီးစွာချုပ်ကိုင်ထားပါသည်။  မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခ ဖြစ်နေသော နယ်မြေများကို ဖြတ်၍ တရုတ်နိုင်ငံသို့ တရားမဝင် သစ်ရောင်းဝယ်ခြင်းဖြင့် သစ်များ ရောင်းချခြင်းများရှိပြီး ၎င်းကို တိုင်းရင်းသား သူပုန်များနှင့် မြန်မာစစ်တပ်က အခွန်ကောက်ပါသည်။

အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်းများစွာ မြင့်မားခဲ့ပြီး၊ မကြာမီက ရာဘာနှင့် ဆီအုန်းစိုက်ပျိုးရေးကဲ့သို့သော စိုက်ပျိုးရေးတွင် ရင်းနှီးမြှုပ်နှံမှုများကလည်း သစ်တောပြုန်းတီးမှုကို တွန်းအားပေး သည်ဟု Forest Trends က သတိပေးပါသည်။

ပြီးခဲ့သည့်နှစ်က ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ ကန့်သတ်မှုများကို ဖြေလျှော့ ပေးခဲ့ပါသည်။ သို့သော် သစ်လုပ်ငန်းကဏ္ဍတွင် ဥရောပဈေးကွက်နှင့် လက်လှမ်းမှီနိုင်ရန် ပြုပြင်ပြောင်းလဲ ရေးလုပ်ရန် လိုအပ်ပါသည်။

မြန်မာအစိုးရကလည်း ထိုသို့သော ပြုပြင်ပြောင်းလဲရေးမျိုး လုပ်ဆောင်ရန် စိတ်ဝင်စားကြောင်းပြသလျက် ရှိပြီး၊ အီးယူနှင့် Forest Law Enforcement Governance and Trade (FLEGT) ပူးပေါင်းလက်တွေ့ အကောင် အထည်ဖော်ရေးကို ဆွေးနွေးလျက်ရှိပါသည်။

အစိုးရသစ်လုပ်ငန်းက ပြောကြားရာတွင် အီးယူနှင့် အရည်အသွေးမြင့် သစ်များ ရောင်းဝယ်နိုင်ပါက အီးယူ သည် မြန်မာသစ်နှင့် ပက်သတ်သော လုပ်ငန်းကို အကူအညီများစွာ ပေးနိုင်မည် ဖြစ်သည်ဟု ဆိုပါသည်။


သီလဝါတွင် ဂျပန်ကားထုတ်လုပ်သူများ စက်ရုံတည်ရန် အဆိုပြု

(Bangkok Post မှ 6 March 2014 ရက်စွဲပါ “Japanese Car builders bid on Thilawa” သတင်းကို ဘာသာပြန်ဆိုသည်)

ရန်ကုန်မြို့တော်အနီးတွင် အကောင်အထည်ဖော်နေသော သီလဝါအထူးစီးပွားရေးဇုန်တွင် ကားပစ္စည်း အစိတ်အပိုင်းနှင့် ကားထုတ်လုပ်ရေးစက်ရုံများတည်ဆောက်ရန် လေလံဆွဲသူများထဲတွင် ဂျပန် ကားထုတ်လုပ်သူ ကုမ္ပဏီကြီးများဖြစ်ကြသော Suzuki နှင့် Toyata တို့ ပါဝင်သည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ပြင်သစ်အခြေစိုက် ကားပစ္စည်းထုတ်လုပ်သူ Lafarge နှင့် ဂျပန်ကုမ္ပဏီများဖြစ်သော Suzuki နှင့် Toyata တို့သည် ရန်ကုန်မြို့တော်အနီး သီလဝါတွင် စက်ရုံတည်ရန် အဆိုပြုလွှာ တင်ထားကြသည်ဟု မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ကပြောကြားခြင်း ဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်ကို အကောင်အထည်ဖော်နေသော သီလဝါစီမံကိန်းသည် ၂၀၁၅ တွင် ထုတ်လုပ်ရေး လုပ်ငန်းများ စတင်လည်ပတ်လုပ်ကိုင်နိုင်သည့် အဆင့်သို့ ရောက်လာမည်ဟု မျှော်လင့်ရသည်။

“ဒီ စီမံကိန်းမှာ Free Zone နဲ့ Promotion Zone နှစ်ခု ပါဝင်ပါတယ်။ ပို့ကုန်အတွက် ရည်မှန်းတဲ့ စက်မှုလုပ်ငန်းတွေကို ဆွဲဆောင်ဖို့အတွက် ၁၀၀ ရာခိုင်နှုန်း ထုတ်လုပ်နိုင်မယ့် Free Zone ကို အကောင်အထည် ဖော်ဖို့ ရည်ရွယ်ထားပါတယ်။ Promotion Zone ကတော့ ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်း နှစ်မျိုးစလုံးကို အဆင်ပြေလွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦး က ဆိုပါသည်။

ဂျပန်နှင့်မြန်မာ ပူးပေါင်းအကောင်အထည်ဖော်နေသည့် သီလဝါစီမံကိန်းသည် ပြည်တွင်းအလုပ်အကိုင် နှစ်သိန်းနီးပါးကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ဆတိုးလာစေ လိမ့်မည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က မျှော်လင့်ထားကြောင်း သိရှိရသည်။


 

Date (7).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (1)

Snapshot of the item below:
International media (1)