Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (2)
Document ON INTERNATIONAL MEDIA (2)

Snapshot of the item below:
ON INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ

  1. ကြေးနီစီမံကိန်း အစီရင်ခံစာထုတ်ပြန်

(12 March 2013 ရက်စွဲပါ Bangkok Post မှ Myanmar report out on mine protest ကို ဘာသာပြန်ဆို ပါသည်)

  1. မြန်မာနိုင်ငံမှ အကျိုးစီးပွားများစွာတို့၏ စစ်ပွဲတစ်ရပ်

 (Asia Times Online မှ Aung Tun ရေးသားသော A War of many interests in Myanmar ကို ဆီလျော်အောင်  ဘာသာပြန်ဆိုပါသည်)


 

ကြေးနီစီမံကိန်း အစီရင်ခံစာထုတ်ပြန်

(12 March 2013 ရက်စွဲပါ Bangkok Post မှ Myanmar report out on mine protest ကို ဘာသာပြန်ဆို ပါသည်)

Photo Credit by AFP

              မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ကြေးနီစီမံကိန်း ဆန့်ကျင်ဆန္ဒပြသူများအပေါ် နှိမ်နှင်းရာ၌ ရဟန်းတော်အများစုပါသော လူ (၁၀၈) ဦးမီးလောင်ဒဏ်ရာရရှိခဲ့ရာ ရဲတပ်ဖွဲ့သည် ဖော့စဖရပ်ပါဝင်သော မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု တရားဝင်အစီရင်ခံစာက အတည်ပြုခဲ့ပါသည်။ အဆိုပါ အစီရင်ခံစာတွင် အငြင်းပွားဖွယ် တရုတ်တို့ပါဝင်သော စီမံကိန်းအားဆက်လက်လုပ်ဆောင်ရန် ထောက်ခံခဲ့ပါသည်။

              သမ္မတဦးသိန်းစိန်က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌ အဖြစ်ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ရာ အထက်ပါအဖြစ်အပျက်ဖြစ်ပြီး သုံးလကျော်အကြာတွင် တနလာင်္နေ့က အစီရင်ခံစာကို ထုတ်ပြန် ကြေညာခဲ့ပါသည်။

              အထက်ပါ နှိမ်နှင်းမှုမှာ ၂၀၁၁ မတ်လ ဦးသိန်းစိန်အစိုးရဘက်လာပြီးကတည်းက အင်အားအကြီးဆုံး သုံး၍ လုပ်ဆောင် မှုဖြစ်ခဲ့ပါသည်။

              ဆန္ဒပြသူများက  ပြောကြားရာတွင် တရုတ်နိုင်ငံ၏ ဝမ်ပေါင်သတ္တုတွင်း ကုမ္ပဏီနှင့် စ်တပ်၏ ဦးပိုင်တို့ ဖက်စပ်လုပ် ဆောင် နေသော လုပ်ငန်းသည် ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးနှင့် ကျန်းမာရေးပြဿနာများကို ဖြစ်စေကြောင်း ပြောပါသည်။ ၎င်းတို့က စီမံ ကိန်းရပ်ဆိုင်းရန်လိုလားပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ထိခိုက် စေရန်ပြုလုပ်သူများအား ပြစ်ဒဏ်ပေးရန်တောင်း ဆိုခဲ့ပါသည်။

              တွေ့ရှိချက်များသည် အဆိုပါစီမံကိန်းအား ဆန့်ကျင်နေသူများအပေါ် စိတ်ပျက်စေမည်ဖြစ်ပြီး ဆန္ဒပြမှုများကို ပြန်လည် ဖြစ်ပွားစေနိုင်ပါသည်။

              အာဏာပိုင်များက ၎င်းတို့သည်ဆန္ဒပြသူများကို ဖြိုခွဲရန် ရေပန်းများ၊ မျက်ရည်ယိုဗုံးများ၊ မီးခိုးဗုံးများ ကိုသာ အသုံးပြု ခဲ့ကြောင်း သို့သော် ဆန္ဒပြသူများကမူ လောင်ကျွမ်းမှုများသည် မီးလောင်စေသည့်ပစ္စည်းများ ကြောင့် ဟုဆိုကာ ထိုစဉ်က ‘မီး လောင်ဗုံး’ များဖြင့် ပစ်ခဲ့သည်ဟု ဆိုခဲ့ကြပါသည်။

              ပြီးခဲ့သည့်လက နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုတစ်ခုနှင့် ရှေ့နေများကွန်ရက်က သီးခြားလွတ်လပ် သော အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ရဲတပ်ဖွဲ့သည် စစ်ပွဲများတွင် မီးခိုးများဖြစ်စေသည့် ပစ္စည်းဖြစ်သည့် ဖောစဖရပ် အဖြူများ အသုံးပြုခဲ့သည်ဟု ဆိုပါ သည်။

              တနင်္လာနေ့က အစီရင်ခံစာတွင်မူ ဖော့စဖရပ်အဖြူဟု တိတိပပစွပ်စွဲထားခြင်းမရှိပဲ ဖော့စဖရပ်ပါဝင် သော မီးခိုးဗုံးဟုသာ ဖော်ပြထားပါသည်။ အစီရင်ခံစာ၌ မီးခိုးဗုံးများသည် သာမန်အားဖြင့် မီးတောက်မီးလျှံ မဖြစ်သော်လည်း အချင်း (၈) မီတာအတွင်း ရှိမီးလောင်လွယ်သော ပစ္စည်းများရှိပါက မီးလောင်နိုင်ကြောင်း ဖော်ပြထားပါသည်။

              အကြီးတန်းရဲအရာရှိတစ်ဦးက ကော်မရှင်သို့ပြောကြားရာတွင် ၎င်းတို့သည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းကသုံး သော မီးခိုးဗုံးကိုသာ သုံခဲ့ကြောင်း ထိုစဉ်က မီးလောင်ခြင်းမရှိခဲ့ကြောင်း ဆိုပါသည်။

              ကော်မရှင်က ရဲတပ်ဖွဲ့သည် မီးခိုးဗုံးများ မည်သို့အလုပ်လုပ်သည် ဆိုသည်ကိုမသိခဲ့ခြင်းအတွက် အပြစ်တင်ခဲ့ပြီး ရဲများကို အဓိကရုဏ်းထိန်းသိမ်းရေး လေ့ကျင့်မှုများပေးရန် ထောက်ခံခဲ့ပါသည်။

              ကြေးနီစီမံကိန်းကို ဆန့်ကျင်နေသူများအတွက် စိတ်ပျက်စရာအကောင်းဆုံးမှာ အစီရင်ခံစာ၌ အဆိုပါစီ မံကိန်းကို ရပ် ဆိုင်းရန်မသင့်ကြောင်း ဖော်ပြထားမှုဖြစ်ပါသည်။ အဆိုပါ စီမံကိန်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှုအားနည်းခြင်း၊ ဒေသခံ များအတွက် အလုပ်အကိုင်ပိုမိုဖန်တီးပေးနိုင်မှု မရှိခြင်းများရှိသော်လည်း ၎င်းကိုဖျက်သိမ်းခဲ့ပါက တရုတ်နှင့်တင်းမာမှုများ ဖန်တီး ပေးနိုင်ပြီး အနာဂတ်နိုင်ငံခြားရင်းနှီးမြှုပ်နှံများ အတွက်ဆိုးရွားစွာ အားလျှော့သွားစေမည်ဖြစ်သည်ဟု ဆိုထားပါသည်။

 


 

မြန်မာနိုင်ငံမှ အကျိုးစီးပွားများစွာတို့၏ စစ်ပွဲတစ်ရပ်

 (Asia Times Online မှ Aung Tun ရေးသားသော A War of many interests in Myanmar ကို ဆီလျော်အောင် ဘာသာပြန် ဆိုပါသည်)

ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့(ကေအိုင်အေ) နှင့် အစိုးရစစ်တပ်အကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများ သည် မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်လျက်ရှိသော နိုင်ငံရေးအသွင်ကူးပြောင်းမှုများက အဆုံးသတ် တွင် ဖက်ဒရယ် နိုင်ငံ တော်ထူထောင်နိုင်သည်အထိ ဦးတည်သွားနိုင်ခြင်း ရှိ၊မရှိဟူသောကိစ္စအတွက် အရေးကြီးသည့် စမ်းသပ်ချက်ကြီး ပင်ဖြစ်ပါသည်။ ကချင်ပြည်နယ်တွင်း အဆိုပါတိုက်ခိုက်မှုများမှာ ၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန်ဦးဆောင်သော စစ်တပ် ကျောထောက်နောက်ခံ အရပ် ဘက်အစိုးရ အာဏာရရှိလာပြီးနောက်  လပိုင်းအကြာ တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရသည် မြန်မာစစ်တပ်အနေဖြင့် ကေအိုင်အေတပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွှန်ကြားချက် ပါရှိသည့် အနည်းဆုံးကြေညာချက် နှစ်ရပ်လောက်တော့ ထုတ်ပြန်ထားပြီးဖြစ်သည်။

သို့တိုင်အောင် မြန်မာစစ်တပ်သည် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းခဲ့ခြင်းမရှိပေ။ အထူးသဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများ၌ အစိုးရဘက်က လေကြောင်းအင်အား အသုံးပြုမှုများပင် ရှိခဲ့ပါ သည်။

ယင်းသို့တိုက်ပွဲများဖြစ်ပွားနေသည့် ကာလတစ်လျှောက်လုံးတွင် အစိုးရက မိမိတို့တပ်ဖွဲ့ဝင်များသည် သူပုန်စခန်းများ အပေါ် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းထက် မိမိကိုယ်ကိုယ်မိမိခုခံ ကာကွယ်ရေးအတွက်သာ တိုက်ခိုက်ပစ်ခတ် မှုများပြုလုပ် ခဲ့ကြောင်း အာမခံပြောဆိုထားသည်။ ဝေးလံခေါင်သီပြီး စစ်ပွဲများဖုံးလွှမ်းနေသည့် ယင်းကချင်ပြည်နယ်ထဲသို့ မီဒီယာများ ဝင်ရောက် သတင်း ရယူမှုကို ကန့်သတ်ပိတ်ပင်ရန် အစိုးရကကြိုးပမ်းခဲ့မှုကြောင့် (ကေအိုင်အေနှင့် စစ်တပ်) နှစ်ဖက်စလုံးက ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိပါသည်ဟု အပြန်အလှန်စွပ်စွဲရန်ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံအပြင်ဘက် တရုတ်ပြည်၊ ရွှေလီမြို့၌ လတ်တလော ဆွေးနွေးမှုများပြုလုပ်လျက် ရှိသော်လည်း ထိုသို့ အပြန် အလှန်စွပ်စွဲမှုများက ကေအိုင်အေနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ဖြစ်နိုင်ခြေ မရှိအောင် ထိထိ ရောက်ရောက် ဖန်တီးထားခဲ့သည်။

ထိုးစစ်ပင်ဖြစ်စေ၊ ခံစစ်ပင်ဖြစ်စေ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ သိသာထင်ရှားလာသော အချက်မှာ နေပြည်တော်ရှိ တိုင်းပြည်အုပ်ချုပ်ရေးအစိုးအဖွဲ့ သို့မဟုတ် ဥပဒေပြုလွှတ်တော်နှစ်ရပ်စလုံးသည် စစ်တပ်အပေါ် အပြည့်အဝ ထိန်းချုပ်နိုင် မှုမရှိ ခြင်းပင်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ မတူညီသော ဖိနှိပ်ချုပ်ခြယ်မှုများဖြင့် မြန်မာနိုင်ငံအပေါ် အုပ်ချုပ်ခဲ့သည့် စစ်တပ်သည် လက်ရှိဒီမိုကရေစီ ဖွဲ့စည်းတည်ဆောက်ပုံ စနစ်သစ်တွင် သူ၏ ကိုယ်ပိုင်အာဂျင်ဒါဖြင့် မည်သူမည်ဝါကမျှ ထိန်းချုပ်၍မရသော ကိုယ်ပိုင်အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အာဂျင်ဒါ ကိုမသိရသော်လည်း စစ်တပ် အ နေဖြင့် အစိုးရ၏ အခြားသောမည်သည့် အဖွဲ့ခွဲများနှင့် နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း လိုက်နာ ဆောင်ရွက်ရန် မလိုအပ်သည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာစစ်တပ်ကို သီးခြားအဖွဲ့အစည်း တစ်ရပ်အဖြစ် တလေးတစား ထိန်းသိမ်း ပေးထားပြီး စစ်တပ်အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုမပြုဘဲ ပါလီမန်လွှတ်တော်၌ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူခွင့်ပေးထားသည်။

မြန်မာနိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ရပ်ဖြစ်အောင် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေက မှတ်မှတ် ထငထင် ပြုလုပ်ပေးခဲ့သည်။ ယခင်ကဆိုလျှင် စစ်တပ်ကသာ အစိုးရ၏ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေပြုရေး အာဏာနှင့် တရားစီရင်ရေးအာဏာကြီး သုံးရပ်စလုံးကို လွှမ်းမိုးထားခဲ့သည်။ ထိုမျှမကသေးပေ။ နိုင်ငံတော် သဘောတူ ခွင့်ပြုချက်များ၊ စီမံ ကိန်းကြီးများနှင့် လိုင်စင်များကို ထိန်းချုပ်ထားခြင်းဖြင့် စီးပွားရေးလုပ်ငန်းနယ်ပယ်ကိုပါ စစ်တပ်က လွှမ်းမိုးကြီးစိုး ခဲ့သည်။

ကချင်တို့၏ အဓိကပန်းတိုင်မှာ စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် ဖက်ဒရယ်နိုင်ငံတော် တစ်ရပ် ပေါ်ထွန်း ရေးပင်ဖြစ်သည်။ အဆိုပါ ပန်းတိုင်၏ အဆုံးသို့သွားရောက်ရာတွင် အရေးပါသည့် အချက် ၃ ခုကို ထည့်သွင်း စဉ်းစားရမည်ဖြစ် သည်။  ယင်းတို့မှာ -

၁-လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲတွင် အရပ်သားအယောင်ဆောင်အစိုးရအဖွဲ့က ကချင်တို့၏ တောင်းဆိုချက် များပြည့်ဝ အောင် ဘာတွေလုပ်ကိုင်ပေးနိုင်မည်နည်း။

၂- သီးခြားအဖွဲ့အစည်းတစ်ရပ်အဖြစ်ပါရှိနေသည့် စစ်တပ်နှင့်အတူ ယင်းအစိုးရအဖွဲ့အနေဖြင့် ကချင်တိုင်းရင်းသား လက်နက် ကိုင်တို့နှင့် ရရှိမည့်သဘောတူညီချက်များ၏လုံခြုံမှုနှင့် မွန်မြတ်သန့်စင်မှုတို့အတွက် မည်သို့အာမခံနိုင်မည်နည်း။

၃- ထို့နောက် ယင်းအာမခံချက်များကို ကချင်တို့က မည်သည့်အတိုင်းအတာအထိယုံကြည်နိုင်မည်နည်း ဟူ၍ပင်ဖြစ်သည်။ ကချင်ပြည်နယ်တွင် စစ်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပေါ်နေရာ အဆိုပါမေးခွန်းသုံးခွန်းအတွက် အဖြေမှာလည်း ရှင်းရှင်း လင်းလင်း မသိနိုင်ဘဲဆက်ရှိနေပါလိမ့်မည်။ တိုင်းပြည်လူဦးရေထက်ဝက်နီးပါးခန့်ကို ကိုယ်စားပြုသည့် တိုင်းရင်းသားလူမျိုး ရာကျော်ပါဝင် သည့်နိုင်ငံတွင် စစ်မှန်သောဖက်ဒရယ်နိုင်ငံတော်တစ်ခု တည်ထောင်နိုင်ရေးအတွက် အယောင်ဆောင် အရပ်ဘက် အစိုးရ၊ ဥပဒေ ပြုလွှတ်တော်နှင့်တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များအနေဖြင့် အထက်ဖော်ပြပါ မေးခွန်း ၃ ခွန်းကို လက်ရှိနိုင်ငံရေး ပွင့်လင်း မှုရှိသော အချိန်သမယတွင်အရေးတကြီး အဖြေရှာကြရမည်သာဖြစ်သည်။ ယခင် စစ်အစိုးရတို့သည် အဆိုပါမေးခွန်းမျိုးကဲ့သို့သော အရေးကိစ္စများကို ဖယ်ရှားပစ်ခဲ့ရာ တိုင်းရင်းသားလူမျိုးစုများနှင့် ပြည်တွင်းစစ်ကြီးဖြစ်ပွားသည်အထိဖြစ်ခဲ့ရသည်။ ယခုဆိုလျှင် ယင်းပြည်တွင်းစစ်ကြီးမှာ ဆယ်စုနှစ်ပေါင်း များစွာကြာမြင့် နေပြီဖြစ်ပါသည်။ အဆိုပါ ပဋိပက္ခတို့၏ ရလဒ်ကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အရှေ့တောင်အာရှ ဒေသတွင်အခြားသောနိုင်ငံများထက်နောက်ကျကျန်ရစ်ခဲ့ရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သည် တိုင်းပြည်တွင် အင်အား အကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သော ကေအန်ယူ(ကရင်အမျိုးသားယူနီယံ) အပါအဝင် အခြား သော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများကို အောင်အောင် မြင်မြင် တည် ဆောက်နိုင်ခဲ့ပါသည်။ ပင်မနိုင်ငံရေးရေစီးကြောင်းကြီးထဲတွင် တိုင်းရင်းသားလူမျိုးစုများအတွက် နေရာ (Space) ပေးနိုင်သည့် အဆိုပါလုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ထုတ်ခြင်းကြောင့် ပေါ်ထွန်းလာသည့် ငြိမ်းချမ်းရေး တွန်းအားက တိုင်းရင်းသား ကိုယ်စားလှယ်များအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး၊ တိုင်းရင်းသား ဒုက္ခသည်များနှင့် ပြည်တွင်း ပြောင်းရွှေ့နေထိုင်ရသူများ နေရာချထားရေး၊ တိုင်းရင်းသား လူမျိုးစုများဒေသ၌ စီးပွားရေး ဖွံ့ဖြိုးရေးအစီအစဉ်များ အကောင် အထည်ဖော်ရေး အစရှိသည်တို့ထုတ်ဖော်ပြောဆိုခွင့်ရရှိအောင် ဖန်တီး ပေးလာနိုင်သည်။

အခြားသော တိုင်းရင်းသားအဖွဲ့အစည်းများက ဦးသိန်းစိန်၏ အယောင်ဆောင်အရပ်သားအစိုးရကပေးသော အာမခံချက် များကို လက်သင့်ခံခဲ့ကြသော်လည်း ကချင်တို့ကမူ ယင်းအာမခံချက်များသည် ၎င်းတို့၏ ပင်မပြဿနာများကို စိတ်ကျေနပ် လောက်သည်အထိ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ယူဆခဲ့ကြသည်။ အမှန်စင်စစ် မြန်မာအစိုးရနှင့် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ထိန်းသိမ်းထားနိုင်ခဲ့သော ကချင်တို့သည် အခြားသောတိုင်းရင်းသားအုပ်စုများနှင့် နှိုင်း ယှဉ်မည်ဆိုပါက တမူထူးခြားသော အနေအထားတွင်ရှိနေပါသည်။  ဖွံ့ဖြိုး တိုးတက်မှုအတွက် မြန်မာအစိုးရ၏ ကတိကဝတ်များက ပြဿနာသစ်များနှင့် အမြတ်ထုတ်မှုများကို မည်သို့မည်ပုံ ဆောင်ကြဉ်းလာသည်ဟူသောအချက်ကို ကချင်တို့က တိုက်ရိုက် တွေ့ မြင်ခဲ့ကြသည်။

ရှုပ်ထွေးနက်နဲသော ဖက်တာများ ပထမအချက်အနေဖြင့်ဆိုရလျှင် ကချင်ပြည်နယ်သည် တိုင်းပြည်တွင် သဘာဝ သယံဇာတရင်းမြစ် ပေါကြွယ်ဝဆုံးသော ပြည်နယ်ဖြစ်သည်။ ရွှေ၊ ကျွန်းသစ်၊ ကျောက်စိမ်းနှင့် အခြားသတ္တု အမြောက် အမြား ထွက်ရှိသည်။ ဒုတိယအချက်အဖြင့်ဆိုပါက ကချင်ပြည်နယ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေး ပါဝါ နိုင်ငံဖြစ်သည့် တရုတ်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မဟာဗျူဟာ ဧရိယာထဲတွင်ရှိသည်။ တရုတ်ဟူသည် ကုန်ခဲ့သည့် ဆယ်စု နှစ် ၂ခုတာ ကာလအတွင်း မြန်မာနိုင်ငံကို စီးပွားရေးအရ အဓိကထောက်ပံ့ပေးသည့်နိုင်ငံဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်း ကြားတွင် လည်း ကျောထောက်နောက်ခံပေးသူဖြစ်ခဲ့သည်။ တတိယအချက်အားဖြင့်ဆိုရလျှင် ကချင်စစ်တပ်သည် အခြားသော တိုင်းရင်း သား လက်နက်ကိုင်အုပ်စုများထက်စာလျှင် ဗဟိုအစိုးရအုပ်ချုပ်မှု လက်အောက် မှစစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေး ရယူ နိုင်ရေး အတွက်ကောင်းစွာပြင်ဆင်ထားသည်။ စတုတ္ထအချက် အားဖြင့်ဆိုပါက မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ၏ စီးပွားရေး လုပ်ငန်း များနှင့် အကျိုးစီးပွားများက လက်ရှိကချင်နှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုများ ကို ရှုပ်ထွေးစေလျက်ရှိသည်။

ယင်းပဋိပက္ခတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို လျစ်လျူရှုထားမည်ဆိုပါက သင့်တော်မည် မဟုတ်ပေ။ တရုတ်နိုင်ငံ သည် မြန်မာအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃ဘီလီယံကျော်တန်ဖိုးရှိသည့် “မြစ်ဆုံ” အမည်ရရေအားလျှပ်စစ်စီမံကိန်းကြီးတစ်ခုကို ကချင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါစီမံကိန်းသည် လတ်တလော တိုက်ပွဲများဖြစ်ပွားရခြင်း၏ အကြောင်းအရင်းဇစ်မြစ်များအနက်တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါ မြစ်ဆုံ ရေလှောင်တမံမှ ထုတ် လုပ်ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ ရောင်းချရန် စီစဉ်ထားခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါစီမံကိန်းကြီးသည် ကချင်ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်နှင့် အနီးတစ်ဝိုက် တွင်နေထိုင်သော ဒေသခံကချင်တိုင်းရင်းသား များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် ခြိမ်းခြောက်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ယင်းစီမံကိန်းကြီးမှာ ရပ်ဆိုင်းခြင်းခံခဲ့ရသည်။ သို့သော် ဖျက်သိမ်းခံလိုက်ရခြင်း တော့မဟုတ် ပေ။ ထိုသို့ ဖျက်သိမ်းမှုမပြုဘဲ ရပ်ဆိုင်းလိုက်ရသည့် အကြောင်းအရင်းနှစ်ချက်ရှိသည်။

ယင်းတို့မှာ-

၁။ မြစ်ဆုံသည် တရုတ်စီမံကိန်းကြီးဖြစ်နေခြင်းကြောင့်ဖြစ်သည်။

၂။ အဆိုပါစီမံကိန်းကြီးသည် ကချင်တို့အတွက်သာမက မြန်မာပြည်တစ်ခုလုံး၏ အသက်သွေးကြောသဖွယ်၊ အမျိုးသား ပြယုဂ် တစ်ခုသဖွယ်ဖြစ်နေသည့် ဧရာဝတီမြစ်ကြီးအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ စီမံကိန်းကြီးကို ပြန်လည်စတင်မည်ဆိုပါက ကချင်တို့ဘက်က အကြမ်းဖက်မှုများပြုလုပ်ကာ တုံ့ပြန် လာဖွယ်ရှိသည်။ သို့အတွက် ကြောင့် အစိုးရနှင့် ကချင်တို့အကြားမည်သည့်အချိန်အခါတွင် ဒိုင်ယာလော့ခ် လုပ်သည် ဖြစ်စေ(လတ်တလော တရုတ်ပြည် ၊ ရွှေလီမြို့တွင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပါအဝင်) တရုတ်အစိုးရ၏ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ အကျိုးစီးပွားကိစ္စများက ဆွေး နွေးမှုများအပေါ် များစွာလွှမ်းမိုးထားခြင်းဖြစ်သည်။

ထိုသို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးအတွက် စိန်ခေါ်မှုများရှိနေသည်မှာ မှန်သော်လည်း (အစိုးရနှင့် ကချင်)နှစ်ဖက်စလုံးအတွက် အခွင့်အလမ်းများလျော့နည်းနေသည်တော့မဟုတ်ပေ။ သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေး အကျိုး ဆောင်လည်းဖြစ်သည့် ဦးအောင်မင်းက တရုတ်နိုင်ငံတွင် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ခေါင်းဆောင် တို့အကြား စေ့စပ် ညှိနှိုင်းမှုပြုလုပ်ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုလိုပြောကြားသည်။ “သူတို့ ဘက်က ဘာပဲတောင်းတောင်း ပေးဖို့ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးရအောင် လုပ်ပေးနိုင်ဖို့ ဒီကိုရောက်နေတာပါ။ ကချင်တိုင်းရင်းသား တွေဘက်က ကျွန်တော်တို့ဘာမှတောင်းယူမှာမဟုတ်ပါဘူး”

အကယ်၍ ဦးသိန်းစိန်အစိုးရကသာ ဦးအောင်မင်း၏ စကားအတိုင်း အမှန်တကယ်လုပ်ဆောင်ပေးမည်ဆိုပါက ကချင် တို့အတွက် အစိုးရနှင့်စစ်တပ်နှစ်ရပ်စလုံး၏ ရိုးရှင်းမှုကို စမ်းသပ်နိုင်မည့် အခွင့်အရေးရှိနေပါသည်။ ထို့အတူ လတ်တလော စစ်တပ် လွှမ်းမိုးမှုအောက်၌ရှိသော နိုင်ငံရေးအခင်းအကျင်းထဲတွင် စစ်မှန်သောဖက်ဒရယ် နိုင်ငံထူထောင် နိုင်ရေးအတွက် ပါလီမန်လွှတ် တော်တွင်းမှ လုပ်ကိုင်ဆောင်ရွက်မှုဖြစ်စဉ်ကိုပါ ကချင်တို့အနေဖြင့် စမ်းသပ်နိုင်မည့်အခွင့်အရေးရှိသည်။

ပထမစမ်းသပ်ချက်မှာ အစိုးရအနေဖြင့် Red Cross ကဲ့သို့နိုင်ငံတကာလူသားချင်း စာနာထောက်ထားသော အကူအညီ ပေးရေးအဖွဲ့အစည်းများကို တရုတ်-မြန်မာနယ်စပ်ဒေသတစ်လျှောက်ရှိ စစ်မက်ဒုက္ခသည်များအတွက် အပြည့်အဝ ပေးအပ် ထောက်ပံ့ခွင့်ပြုမှုအပါအဝင် စိတ်ကောင်းစေတနာပါသော လုပ်ဆောင်ချက်များလုပ်ကိုင်ပေးပြီး ကချင် တိုင်းရင်းသားပြည်သူတို့၏ မေတ္တာကိုမည်မျှအတိုင်းအတာအထိ ရယူနိုင်မည်ဟူသော အချက်ပင်ဖြစ်သည်။ ထိုမှတစ်ဖန် စိတ်ပါလက်ပါ ပြုလုပ်ရမည့် အဆင့် တစ်ခုမှာ ကချင်တိုင်းရင်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှုအပါအဝင် ကချင်ပြည်နယ် တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ပါသည်ဟူ၍ စွပ်စွဲခံထားရသော မြန်မာစစ်တပ်၏ လုပ်ရပ်များ ရပ်ဆိုင်းပစ်ရေးပင်ဖြစ်သည် ။ ကချင် ပြည် နယ်တွင် စီးပွား ရေးအခွင့်အရေးကိစ္စမှာ အလားတူ အရေးပါသော ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ အကယ်၍ အ တိုက် အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီ (NLD) ကဖွဲ့စည်းပုံအခြေခံဥပဒေကိုထူးထူးခြားခြား ပြင်ဆင်ရေးဆွဲ ပေးနိုင်ခြင်းမရှိသော် မှ လက်ရှိအချိန်သည် ကချင် ပြည်နယ်တွင်း သဘာဝရင်းမြစ်များနှင့်ပတ်သက်၍ ကချင်တိုင်း ရင်းသားများစီးပွားရေး ဆိုင်ရာ အခွင့်အရေး အခိုင် အမာ ရရှိရန် လုပ်ဆောင်ပေးရမည့်အချိန်ပင်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဒေါ်အောင်ဆန်းစု ကြည်၏နိုင်ငံရေး အာဂျင် ဒါ၏ ထိပ်ဆုံးပိုင်းတွင်ရှိသော လတ်တလော ထိုးစစ်ကြီးတစ်ခု ပင်ဖြစ် သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပိုဒ်ခွဲ ၁၈၈ တွင်တိုင်းရင်းသားလူမျိုးစုတို့၏ ဥပဒေပြုရေးနှင့် စီးပွားရေး အခွင့်အရေးများ ကို ဝိုးတိုးဝါးတားသဘောမျိုးဖြင့် ရေးသားဖော်ပြထားသည်။ ထို့ပြင် ပြည်နယ်နှင့် တိုင်းဒေသများအနေဖြင့် စစ်မှန်သော ဖက်ဒရယ် နိုင်ငံတော် ထူထောင်နိုင်ရေးအတွက် ဦးတည်မည့် ပထမအဆင့်အနေဖြင့် ဖက်ဒရယ်ဖွဲ့စည်းမှုပုံစံမျိုး ကျင့်သုံးမှုကို စစ်တပ် ကျော ထောက်နောက်ခံ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည်။

သို့သော်လည်း အဆိုပါအခွင့်အရေးမှာ ပြည်ထောင်စုအဆင့် ဥပဒေပြုရေးနှင့် စီးပွားရေးအခွင့်အရေးများကို ရေးဆွဲပြ ဋ္ဌာန်းပြီး အားကောင်းသောဗဟိုဦးစီးမှုကို မြှင့်တင်ပေးသည့် ဥပဒေအပိုဒ် ၉၆ ဖြင့်အစားထိုး ခြင်းခံထားရသည်။

တစ်နည်းအားဖြင့်ဆိုပါက ပြည်ထောင်စုအစိုးရကို ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရတို့ထက် အာဏာပိုမိုရယူ ခွင့်ပြုထား သည်အခွင့်အရေးတို့မှလွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံထားသောစီးပွားရေးအခွင့်အရေးအားလုံးမှာ မရေရာ မသေချာ သဘောမျှသာဖြစ်သည်။ မြန်မာအစိုးရနှင့် စစ်တပ်တို့၏ ရိုးရှင်းမှုများ စမ်းသပ်မှုခံနေရစဉ်နေပြည်တော်ရှိ ဥပဒေပြုရေး လွှတ်တော် အနေဖြင့် ဥပဒေများအတည်ပြုပြဋ္ဌာန်းမှုများပြုလုပ်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရ အဖွဲ့ များ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ အာဏာနှင့်ပတ်သက်၍ မရှင်းမလင်းဖြစ်နေသော နယ်ပယ်များကိုရှင်းရှင်းလင်းလင်း ဖြစ်အောင် အမြန်ဆုံးပြုလုပ်ပေးသင့် ပါသည်။

သို့မှသာ လွှတ်တော်အနေဖြင့် စစ်မှန်သော ဖက်ဒရယ်နိုင်ငံတော်သို့ ဦးတည်နိုင်မည့် လုပ်ငန်းများလုပ်ကိုင်ရန် အမှန်တ ကယ်စိတ်ဝင်စားမှုရှိ၊ မရှိဟူသောအချက်ကို ဖော်ပြနိုင်ပေမည်။ အကယ်၍ စိတ်ဝင်စားမှုရှိသည်ဆိုပါကကြီးမားသည့် အခွင့် အရေး များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုင်းရင်းသားလူမျို)