Transparency Myanmar

transparency.myanmar@gmail.com

QUOTES AND COMMENTS
Document QUOTES AND COMMENTS

Snapshot of the item below:
QUOTES AND COMMENTS

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

“နှစ်ပေါင်းများစွာကြာအောင် ဥပဒေရေးရာမသေချာမှုများ ရှိနေခဲ့တာပါ။ ဒါကို အထူးပြင်ဆင်ဖို့လိုတာပေါ့။ ဥပဒေကလည်းပြဋ္ဌာန်း ထားတဲ့အတိုင်းပြတ်ပြတ်သားသားဆောင်ရွက်ဖို့လိုတယ်။ ဒီအတိုင်းဆိုရင်တော့ ရင်းနှီး မြှုပ်နှံမယ့်သူက ဘယ်လောက် လာချင်ချင် လာရဲမှာမဟုတ်ဘူး”

မတ်လ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း ဂျာနယ်အတွဲ (၉) အမှတ် (၁၁) တွင်ပါရှိသော “ပြည်တွင်း ကုမ္ပဏီများ အပေါ် ကာကွယ်ပေးမှု အပြင်းထန်ဆုံးနိုင်ငံ အဖြစ်မြန်မာသတ်မှတ်ခံရ” သတင်းမှ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီနေ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တပ်မတော်ခေါင်းဆောင်တွေနဲ့ ကေအိုင်အေက ဗိုလ်ချုပ်တွေ ပထမဆုံးတွေ့ တာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ ကေအိုင်အေနဲ့ပဲ တွေ့ကြတယ်။ အခုလို စစ်ခေါင်းဆောင် အချင်းချင်း တွေ့ဆုံမှုက တပ်နေရာချထားမှုတွေ၊ အပစ်အခတ်ရပ်စဲမှုတွေကို သဘောတူညီမှုရအောင် ကြိုးစားကြမယ်လို့ထင်တယ်။ အပစ်အ ခတ်ရပ်စဲရေး၊ တပ်နေရာချထားရေး သဘော တူညီလို့ရှိရင်ရေရှည်မှာ ထိခိုက်မှုတွေနည်းသွားမယ်။ အပစ်အခတ်ရပ်စဲမှုတွေ သေ ချာပြီဆိုမှ နှစ်ဖက်လုံးက နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်လာနိုင်မယ်။ ကေအိုင်အေဘက်ကလည်း ကိုယ်လိုချင်တဲ့ဟာကို စစ်အစိုးရ ဘက်က လိုက်လျောနိုင်အောင် ညှိနှိုင်းဖို့လိုတယ်။ ယာယီ အပစ်အခတ်ရပ်စဲရေး၊ တပ်နေရာချထားမှုတွေ သဘောတူညီမှုရပြီး မှ နောက်ဆုံးမှာ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ် လို့ထင်တယ်”

မတ်လ ၁၄ ရက်နေ့ထုတ် ရန်ကုန်တိုင်း ဂျာနယ်အတွဲ (၉) အမှတ် (၁၁) တွင်ပါရှိသော “အစိုးရနှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စစ်ဘက်ခေါင်းဆောင်များတက်ရောက်” သတင်းမှ မြန်မာနိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦး၏ ပြော ကြားချက် အားကောက်နှုတ်ချက်။


“ပြောရုံနဲ့မရဘူး။ လွှတ်တော်တွင်းဆောင်ရွက်မှုမှာ ပြောတဲ့အပိုင်းကိုအစိုးရရဲ့ အကောင်အထည်ဖော်ဆောင်မှုက အရမ်းအရေးကြီး တယ်။ အဲဒါမှ အမှန်တကယ်ဆောင်ရွက်မှု ဖြစ်မှာပါ။ လွှတ်တော်က ပြောရုံ၊ အတည်ပြုနေရုံနဲ့ မရဘူး”

မတ်လ ၁၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၅၁) တွင်ပါရှိသော “အပြောင်းအလဲတွေကို လွှတ်တော်   ကနေ စနိုင်ပြီလား” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အမေရိကန်နဲ့ ဥရောပသမဂ္ဂနိုင်ငံတွေရဲ့ အစိုးရစနစ်၊ ဥပဒေနဲ့ ကုမ္ပဏီလုပ်ငန်းစုတွေက မြန်မာနိုင်ငံရဲ့ လက်ရှိအကူးအပြောင်း ကာလအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခြားအာရှနိုင်ငံတွေထက်ပိုသင့်တော်တယ် လို့မြင်ပါတယ်။ အီတလီနိုင်ငံဆိုရင်လည်း အရင်

က မြန်မာနိုင်ငံနဲ့ ဘာဆက်ဆံရေးမှ မရှိခဲ့တာကြာပါပြီ။ အခုလို နိုင်ငံတော်သမ္မတကိုယ်တိုင် သွားရောက်ပြီး ဆွေးနွေးတာဟာ အ ကျိုးများမယ်လို့ ယုံကြည်ပါတယ်”

မတ်လ ၁၂ ရက်နေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ (၂) အမှတ် (၅၁) တွင်ပါရှိသော “မြန်မာနဲ့ အီတလီနိုင်ငံကြား နိုင်ငံရေး နဲ့ ဥပဒေမူဘောင်ရေးဆွဲမည်ဟု နိုင်ငံတော်သမ္မတဆို” သတင်းမှ စီးပွားရေးပညာရှင် ဦးခင်မောင်လွင် ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၅ နှစ်အတွင်းမှာ အတွေ့အကြုံအမျိုးမျိုးကို ဖြတ်သန်းခဲ့ ရတဲ့အတွက် သင်ခန်းစာ တွေလည်း ယူရမှာဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ ၂၅ နှစ်အတွင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုဦးစီးစနစ်ကို ကျင့် သုံးနေတယ်လို့ အဖွဲ့ဝင်များက မကျေမနပ်ပြောကြ သလို၊ ပြင်ပကဝေဖန်သံတွေလည်း ကြားရတယ်။ ဒါကလည်း အတိုင်း အတာ တစ်ခုအထိမှန်ပါတယ်။ လွတ်လွတ် လပ်လပ်လှုပ်ရှားပိုင်ခွင့်မရှိတဲ့ အခါကျတော့ တချို့ကိစ္စတွေကို ဗဟိုအလုပ်မှု ဆောင်အဖွဲ့ကပဲ ဆုံးဖြတ်ရတယ် ”

မတ်လ ၁၄ ရက်နေ့ထုတ် News Week Journal အမှတ် (၇၃) တွင်ပါရှိသော “ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ဆိုတာ ခြောက်ပစ်ကင်း သဲလဲစင်မဟုတ်ပါဘူးဟုပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အားကောက်နှုတ်ချက်။

 

 


                  


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment