Transparency Myanmar

transparency.myanmar@gmail.com

(Radio Australia News မှ 15 February 2011 ရက်စွဲပါ "Concern Over Funding Cuts for Media Covering Burma" ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံ တကာ မီဒီယာ အခွင့် အရေး အုပ်စု (Reporters without Borders) က ပြည်ပရောက် မီဒီယာများ ရင်ဆိုင် နေရသော ရန်ပုံငွေ ဖြတ်တောက် ခံရမှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက် ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

အလွန့် အလွန် ထိထိ ရောက်ရောက် အသာစီး ရနေသော မီဒီယာများ၏ လွှမ်းမိုးမှုမှာ လက်ရှိ အနေအထားကြောင့် အားပျော့ သွားစေသည်ဟု Reporters Without Borders ပြောရေး ဆိုခွင့် ရှိသူ Vincent Brossel က ပြောကြားသည်။

အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပ ခဲ့သည့် သီတင်းပတ် များအတွင်း AFP သတင်းဌာန၏ ထုတ်ပြန်ချက် များအရ မြန်မာ နိုင်ငံတွင် တားမြစ် ခံထားရသော အော့စလို အခြေစိုက် Democratic Voice of Burma မီဒီယာ အဖွဲ့ အစည်း အနေဖြင့် ထောက်ပံ့ကြေး ရန်ပုံငွေ များစွာ ဖြတ်တောက် ခံရပြီးနောက် အစီအစဉ် မြောက်မြားစွာ ဖျက်သိမ်း ခဲ့ရသည်ဟု သိရသည်။

DVB ဒုတိယ မန်နေဂျာ ခင်မောင်ဝင်းက ယခုနှစ် အတွက် ရန်ပုံငွေ ဖြတ်တောက် ခံရမှုမှာ အမေရိကန် ဒေါ်လာ ၁ သန်းခန့် ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲများကို သတင်း ဖော်ပြရန် အတွက် မနှစ်က အပို ရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသိန်း ရရှိခဲ့ခြင်း ကြောင့်လည်း ယခုကဲ့သို့ ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ယင်းက ပြောသည်။

Reporters Without Borders က သတင်းစာ လွတ်လပ်ခွင့် အတွက် အဆင့် သတ်မှတ် ရာတွင် နိုင်ငံပေါင်း ၁၇၈ နိုင်ငံ အနက် မြန်မာ နိုင်ငံကို ၁၇၄ သတ်မှတ် ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Strategy Page မှ 9 February 2011 ရက်စွဲပါ "Myanmar;Endless Fighting" ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံတွင် လတ်တလော အသစ် တင်မြှောက် လိုက်သော အစိုးရက တရားရုံးများနှင့် စစ်တပ် အပါအဝင် အစိုးရ ဗျူရိုကရေစီ ယန္တရားကို ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်သည်။ အမှန်စင်စစ် ဆယ်စုနှစ် များစွာ သက်တမ်းလွန် တပ်မတော် အစိုးရ၏ ပုံစံဟောင်း အတိုင်း အစိုးရ အဖွဲ့သစ်က  ပြုမူ လုပ်ဆောင်နေခြင်း ဖြစ်ပြီး မကြာသေးမှီကပင် အနား ယူခဲ့သော ဗိုလ်ချုပ် ဟောင်းများက ဆုံးဖြတ်ချက် အားလုံးကို ချမှတ်နေဆဲ ဖြစ်သည်။

မြန်မာ နိုင်ငံတွင် ချုပ်ချယ် တားမြစ် ခံနေရဆဲ ဖြစ်သော အတိုက်အခံ ပါတီများက အနောက် နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုများကို  ဆက်လက် ထားရှိရန် တောင်းဆို နေကြသော်လည်း ပြည်သူ အများစုအပေါ် ထိခိုက် နစ်နာမှု အနည်းဆုံး ရှိစေရန် အချောကိုင် ရမည်ဟု ဆိုနေကြသည်။ ထို့အပြင် တောင်တန်းဒေသ တိုင်းရင်းသား နယ်မြေများတွင် မြန်မာ စစ်ဗိုလ်ချုပ်များ ရက်စက်စွာ ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများ အတွက် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့ရန်  အတိုက်အခံ ပါတီများက တောင်းဆို ထားကြသည်။ နိုဝင်ဘာလက ရွေးကောက်ပွဲများတွင် နိုင်ငံကို များစွာ ပြောင်းလဲစေမည် မဟုတ်ပဲ စစ်ဖက် အုပ်ချုပ်သူ အာဏာရှင်များက အာဏာ (သို့) မည်သည့် အရာကိုမျှ စွန့်လွှတ်ခြင်း မရှိပဲ နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုများမှ လွတ်မြောက်အောင် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု နိုင်ငံတကာက ရှုမြင်ထားသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ် တလျှောက်တွင်လည်း အစိုးရ တပ်ဖွဲ့များက ကရင် ကျေးရွာများကို ဆက်လက် ပစ်ခတ်ကာ ကျေးရွာများကို ဖျက်ဆီးပြီး၊ ဒေသခံ ရွာသားများကို မောင်းထုတ်လျှက် ရှိသည်။ ၎င်းအိုင်ဒီယာသည် ဆယ်စုနှစ် များစွာက ဖြစ်ပျက်ခဲ့သည့် အတိုင်း ကရင်များကို ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေးအောင် ပြုလုပ်နေခြင်းဖြင့် ထိုင်းနိုင်ငံကို ဒုက္ခသည်များနှင့် အလုပ် ဖြစ်စေခဲ့သည်။ ယင်းအခြေ အနေကို ထိုင်းနိုင်ငံတွင် မည်သည့် အခါကမျှ လူကြိုက်များခြင်း မရှိခဲ့ သော်လည်း အနေ အထား ပြောင်းလဲ သွားအောင် မည်သည့် သံတမန်ရေး ကန့်ကွက်မှု၊ စေ့စပ် ညှိနှိုင်းမှု ကမှ တတ်နိုင်ခဲ့ခြင်း မရှိပါ။ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာ ဒုက္ခသည် ၁၅၀,၀၀၀ ခန့်ရှိနေပြီး၊ ၎င်းတို့အနက် သုံးပုံ တစ်ပုံခန့်မှာ တရားဝင် ဒုက္ခသည် အဆင့်အတန်း သတ်မှတ်မှုကို မရရှိကြပါ။

ထို့အပြင် မြန်မာ့ တပ်မတော်သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို ရှာဖွေ ချေမှုန်းရန် ဆက်လက် ကြိုးစားလျှက် ရှိသည်။ လက်နက်ကိုင် အုပ်စုများက ရိက္ခာ အထောက်အပံ့ အတွက် ကရင် ကျေးရွာများကို မှီခို နေကြရသောကြောင့် ကရင်ရွာများက သူပုန်များကို ကူညီသည် ဖြစ်စေ၊ မကူညီသည် ဖြစ်စေ မြန်မာ့ တပ်မတော်၏ ပစ်ခတ် ဖျက်ဆီးခြင်းကို ခံရသည့် အကြောင်းရင်း တရပ် ဖြစ်လာခဲ့သည်။ ယင်းကဲ့သို့ အစိုးရ တပ်ဖွဲ့များ၏ မဆင်မခြင် ဝါးလုံးသိမ်း အကြမ်းဖက်မှု ကြောင့်ပင် ကရင် လက်နက်ကိုင် အုပ်စုမျိုးစုံ အတွက် တပ်သားသစ် ပုံမှန် စုဆောင်းနိုင်သည့် အခွင့် အလမ်း ရရှိခဲ့သည်။

ကရင် လက်နက်ကိုင် အုပ်စုများသည် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ခြင်းနှင့် ရန်ပုံငွေ အဓမ္မ ကောက်ခံခြင်းတို့မှ တဆင့် ရန်ပုံငွေ ကိုယ်တိုင် ရှာဖွေနေသူများ ဖြစ်သည်။ ကရင် လက်နက်ကိုင် တပ်ဖွဲ့များ အတွင်း ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာ  အုပ်စုများ ကွဲနေသော်လည်း တပ်မတော်၏ ကျူးကျော်မှုကို တိုက်ခိုက် ရင်ဆိုင်ရန် စည်းလုံး ကြပါလိမ့်မည်။ လူနေကျဲပါး၍ တောတောင် ထူထပ်သော နယ်စပ်ဒေသမှ ကရင်များကို မြန်မာ့ တပ်မတော်က လုံးဝဥဿုံ မောင်းထုတ် နိုင်ခဲ့ခြင်း မရှိသလို အဖျက်ဆီးခံ ကျေးရွာများ ကလည်း ပြန်လည် တည်ဆောက် ကြသည်သာ ဖြစ်သည်။ ဤကိစ္စသည် မဆုံးနိုင်သော စစ်ပွဲအဖြစ် ပြောင်းခဲ့သည်မှာ ကာလများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၂၀၁၁ ဖေဖော်ဝါရီ ၃ ရက် သတင်းများအရ ကရင်ပြည်နယ် မြောက်ဖက်မှ မွန်လက်နက်ကိုင် အုပ်စုကွဲ နှစ်ခုကြား လွန်ခဲ့သော ရက်အနည်းငယ်က တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ အနည်းဆုံး တစ်ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိမှု များစွာ ရှိသည်ဟု ဆိုသည်။ မြန်မာ့အစိုးရကို တိုက်ခိုက်ရာတွင်သာ စည်းလုံးကြသည့် လက်နက်ကိုင် အုပ်စုကွဲများကို အစိုးရ တပ်ဖွဲ့များက လိုက်လံ ရှာဖွေလျှက် ရှိသည်ဟု သိရှိရသည်။ မြန်မာနိုင်ငံမှ နေမဝင် ပြည်တွင်းစစ် အကြောင်း တစ်စိတ်တပိုင်း တင်ပြလိုက်ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 15 February 2011 ရက်စွဲပါ "UN Urges Permanant Thai-Cambodia Ceasefire" ကို ဘာသာ ပြန်ဆိုသည်)

၁၁ ရာစု ဟိန္ဒူ ဗိသုကာ လက်ရာ ဖြစ်သော ပရာဗီဟာ ဘုရားကျောင်း အနီး တဝိုက်တွင် ယခင် အပတ်က လူ အသေ အပျောက် ရှိခဲ့သော နယ်စပ် ပဋိပက္ခ ဖြစ်ပွား ခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ အကြား အမြဲတမ်း အပစ် အခတ် ရပ်စဲရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တနင်္လာနေ့တွင် တောင်းဆို လိုက်သည်။

အခင်းဖြစ် ကမ္ဘောဒီးယား၊ ထိုင်း နှစ်နိုင်ငံနှင့် ယင်းပဋိပက္ခကို ကြားဝင် စေ့စပ်ရန် ကြိုးစားသော အင်ဒိုနီးရှား နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တံခါးပိတ် အစည်းအဝေး ပြုလုပ် အပြီးတွင် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဘရာဇီး သံအမတ်ကြီး Maria Luiza Ribeiro Viotti က အထက်ပါ အတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ရပ်နှင့် သက်ဆိုင်သည့် နိုင်ငံများ အနေဖြင့် အမြဲတမ်း အပစ် အခတ် ရပ်စဲရေးကို ထူထောင်ကာ အပြည့်အဝ အကောင် အထည် ဖော်ကြရန် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက တိုက်တွန်းသည်ဟု သူမက ပြောကြား ခဲ့သည်။

လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက အရှေ့တောင် အာရှမှ ပဋိပက္ခ အပေါ် အလွန် အမင်း စိုးရိမ် ပူပန်ကြောင်း အလေး အနက် ပြောကြားခဲ့ပြီး နှစ်ဖက် စလုံးမှ အမြင့်ဆုံး စိတ်ရှည် သည်းခံမှုကို ပြသကြရန်နှင့် အခြေ အနေ ပိုမို ဆိုးဝါးစေမည့် မည်သည့် လုပ်ရပ်ကို မဆို ရှောင်ရှား ကြရန် တိုက်တွန်း ခဲ့သည်ဟု သူမက ဆက်လက် ပြောသည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီး ဟော်နန်ဟောင်က အမြဲတမ်း အပစ်အခတ် ရပ်စဲရေး ရရှိ စေရန် အတွက် အစည်း အဝေး တက်ရောက် ခဲ့သည့် အချိန်တွင် နိုင်ငံခြားရေး ဝန်ကြီး ကာဆစ် ပီရိုမြ ကိုယ်စား ပြုသည့် ထိုင်းတို့ကလည်း ယင်းတို့ အချင်းချင်း အကြား ဖြစ်ပွားသော ပဋိပက္ခကို ယင်းတို့ နှစ်နိုင်ငံကပင် အဆုံးသတ် ကြမည်ဟု အခိုင်အမာ ပြောကြား ခဲ့သည်။

ပြဿနာကို ကြားဝင် စေ့စပ်ရန် ကြိုးပမ်း သည့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါ သည်လည်း လုံခြုံရေး ကောင်စီ အစည်းအဝေးသို့ ပါဝင် တက်ရောက် ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံ၏ ကြားဝင် ဖြန်ဖြေရေး ကြိုးပမ်းမှုကို လုံခြုံရေး ကောင်စီက ထောက်ခံသည်ဟု ယင်းက ဆိုသည်။

"ထွက်ပေါ် လာတဲ့ အယူ အဆ ကတော့ ဒေသတွင်း ကြိုးပမ်းမှုတွေနဲ့ အင်တိုက် အားတိုက် ပူးပေါင်း ဆောင်ရွက် ကြဖို့ ဖြစ်ပါတယ်၊ အခု ဆိုရင် ဒေသတွင်း ကြိုးပမ်း အားထုတ် မှုတွေက အင်အား အပြည့်ပါပဲ၊ ထိရောက်မှု ရှိတဲ့ ဒိုင်ယာလော့ ကတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်း ကြတာပါ" ဟု သူမက ပြောကြား သွားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(BBC news မှ 14 February 2011 ရက်စွဲပါ Subir Bhaumik ရေးသားသော "Thailand 'deported' Burmese Rohingyas" ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် အပတ်က အိန္ဒိယ၏ အန်ဒမန်နှင့် နီကိုဘာ ကျွန်းများတွင် ရဲများ တွေ့ရှိ ခဲ့သည့် ရိုဟင်ဂျာ ဒုက္ခသည် (၉၁) ဦးအားး ပြန်ပို့ ခဲ့ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

ဒုက္ခသည်များအား အင်ဂျင် မပါသော လှေပေါ်တွင် အစာရေစာ အနည်းငယ်ဖြင့် လွှတ်ပေး ခဲ့ခြင်း ဆိုသည်ကို ယင်းက ငြင်းဆို ခဲ့ပြီး ဒုက္ခသည်များ နောက်ထပ် ခရီးရှည်ကြီးအား မည်သို့ ခရီး ဆက်မည် ကိုမူ ၎င်းအနေဖြင့် မသိကြောင်း ဆိုသည်။

အိန္ဒိယ ဆရာဝန်များနှင့် ရဲများက ပြောကြားရာတွင် ဒုက္ခသည်များ အစာရေစာ ငတ်ပြတ်ကာ ရေများ ခန်းခြောက်နေကြောင်း ဆိုသည်။ အဆိုပါ ရိုဟင်ဂျာများ အနက် (၂၅) ဦးအား ဆေးရုံ တင်ထားရကြောင်း ယင်းတို့က ပြောသည်။ မြန်မာ နိုင်ငံ၏ မြန်မာနိုင်ငံ၏ မူဆလင် တိုင်းရင်းသား ဖြစ်သော ရိုဟင်ဂျာ ထောင်ပေါင်း များစွာသည် မတရား နှိပ်စက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်းတွင် ရိုဟင်ဂျာ လူမျိုး ခန့်မှန်းခြေ နှစ်သိန်းခန့် နေထိုင်လျက် ရှိသည်။ အထူးသဖြင့် တရားမဝင် စခန်းများတွင် နေထိုင်ကြသူ အများစုသည် အခြေအနေ ဆိုးရွားစွာ နေထိုင်ရသဖြင့် အခြား အရှေ့တောင် အာရှ နိုင်ငံ များသို့ ပင်လယ် မှတဆင့် ထွက်ပြေးလျက် ရှိသည်။

ရိုဟင်ဂျာများက ပြောကြားရာတွင် ၎င်းတို့သည် ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်၍ အေးဂျင့် ၏ အကူအညီကို ရယူရကြောင်း ဆိုသည်။ ဒုက္ခသည်များက ရဲများသို့ ပြောကြားရာတွင် ထိုင်းရေတပ်သည် ၎င်းတို့အား အင်ဂျင် မပါသော လှေပေါ်တွင် အစာနှင့်ရေ အနည်းငယ်သာ ထည့်ပြီး လွှတ်လိုက်နိုင်ကြောင်း ပြောခဲ့ကြသည်။

သတင်း ထုတ်ပြန် ကြေငြာချက် တစ်ခုတွင် ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရ ပုဂ္ဂိုလ် Thani Thongphakdi က ပြောကြားရာတွင် တရားမဝင် ဝင်ရောက်လာသူ (၉၁) ဦးကို Trang ပြည်နယ် အနီး ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ကြောင်း၊ ယင်းကိစ္စကို နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရသာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

"သူတို့ဟာ မြန်မာနိုင်ငံက လာတာလို့ တွေ့ရှိရတဲ့ အတွက်၊ ရနောင်းကနေ မြန်မာပြည်ကို ဖြတ်တဲ့ နယ်စပ်မှာ လွှတ်ပေးခဲ့တာပါ" ဟု Mr Thangphakdi ကပြောကြားခဲ့ပြီး၊ ထိုသို့ လုပ်ဆောင်မှုမှာ ၎င်းတို့၏ ဆန္ဒနှင့်အညီ ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များသည် ထိုအုပ်စုမှာ ရှေ့ဆက်၍ မည်သို့ ခရီးသွားမည်ကို စဉ်းစားနိုင်သော ဗဟုသုတ မရှိကြောင်း ပြောသည်။

ယခု အန်ဒမန်တွင် ရောက်ရှိနေသော ရိုဟင်ဂျာများက အိန္ဒိယ ရဲများသို့ ပြောကြားရာတွင် ၎င်းတို့ Trang ပြည်နယ်တွင် အဖမ်းခံရစဉ်က ထိုင်းရဲများ၏ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း များကို ခံစားခဲ့ရသည်ဟု ပြောပြကြသည်။

"အဲဒီနောက်တော့ ကျွန်တော်တို့ကို ပင်လယ်ပြင်ကို ခေါ်သွားပြီး အင်ဂျင်မပါတဲ့ လှေပေါ်မှာ အစာနဲ့ရေ နည်းနည်းပဲ တင်ပေး လိုက်ပြီး လွှတ်လိုက်ပါတယ်" ဟု ရိုဟင်ဂျာ တစ်ဦးက ရဲသို့ ပြောကြားခဲ့ရာ မှတ်တမ်း တင်ထားရှိသည်။

အဆိုပါ စွပ်စွဲချက်ကို ထိုင်းက ငြင်းဆိုထားသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာကလည်း အင်ဒမန် ပင်လယ်တွင် ရိုဟင်ဂျာ (၃၀၀) ခန့် ကယ်တင် ခဲ့ရရာ၊ ထိုင်းရေတပ်က ၎င်းတို့၏ လှေမှ အင်ဂျင်ကို ဖြုတ်ပစ်ခဲ့ပြီး နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Radio Australia News မှ 15.Feb 2011 ရက်စွဲပါ "China replaces Japan as world's second largest economy" သတင်းကို ဘာသာ ပြန်ဆိုသည်"

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံအဖြစ် ဂျပန်နိုင်ငံကို ကျော်တက် သွားကြောင်း တရားဝင် ကိန်းဂဏန်းများ က အတည် ပြုလိုက်ပြီ ဖြစ်သည်။

          တရုတ် နိုင်ငံသည် စီးပွားရေး ပမာဏအရ အမေရိကန် ပြည်ထောင်စု၏ နောက်တွင် ဒုတိယ အဖြစ် ရပ်တည် နိုင်ခဲ့ပြီး ဂျပန် နိုင်ငံက တတိယ နေရာသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။

          ဂျပန် စီးပွားရေး၏ တန်ဖိုးမှာ အကြမ်းဖျင်း အမေရိကန် ဒေါ်လာ ၅.၅ ထရီလီယံ ခန့် ရှိချိန်တွင် တရုတ် စီးပွားရေး ပမာဏက အမေရိကန် ဒေါ်လာ ၅.၈ ထရီလီယံ သို့ ရောက်ရှိခဲ့သည်။ 

          သို့သော်လည်း သြစတြေးလျ နိုင်ငံ Macquarie ဘက်မှ အာရှ စီးပွားရေး ဌာန အကြီးအကဲ Richard Jerram က ယခုအဆင့် သတ်မှတ်ချက်မှာ အနည်းငယ်သာ အရေးပါ အရာရောက်မှု ရှိသည်ပာု ပြောကြားခဲ့သည်။

          "ဒါက မပြောပလောက်ပါဘူး၊ သြစတြေးလျက နယူးဇီလန်ထက် ပိုပြီး ချမ်းသာတယ်လို့ ပြောသလို မျိုးပေါ့ဗျာ၊ တကယ်တမ်း ကျွန်တော် ဆိုလိုချင်တာက အဲဒီနိုင်ငံမှာ လူတွေ အများကြီး နေထိုင်ကြတာ ဆိုတော့ ဒီလို ရလာဒ်မျိုး ရလာဖို့ ခင်ဗျား မျှော်လင့်ထားလို့ ရပါတယ်" ပာု ၎င်းကပြောကြားသည်။

          နိုင်ငံများ၏ စီးပွားရေးကို နှိုင်းယှဉ်သည့် အမှန်ကန်ဆုံး နည်းလမ်းမှာ တစ်ဦးချင်း ကြွယ်ဝမှုကို ဆွေးနွေးကာ တစ်ဦးချင်း ဝင်ငွေကို လေ့လာကြရန် ဖြစ်သည်ပာု Mr.Jerram က ဆိုသည်။

          တစ်ဦးချင်း ဝင်ငွေကို အခြေခံ တိုင်းတာပါက တစ်နှစ်လျှင် ဒေါ်လာ ၄၀၀၀၀ ပျှမ်းမျှဝင်ငွေ ရှိသည့် ဂျပန် နိုင်ငံသားများက တစ်နှစ်လျှင် ဒေါ်လာ ၄၀၀၀ ခန့်သာ အကြမ်းဖျင်း ဝင်ငွေ ရှိသည့် တရုတ် နိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် ပိုမို ချမ်းသာ ကြွယ်ဝ ကြသည်။

          Bank of Ameria Merrill Lynch မှ စီးပွားရေး ပညာရှင် အကြီးအကဲ မာဆာယူကီ ကီချီကာဝါကမူ ဂျပန်နိုင်ငံက အားသာချက် များစွာ ရှိနေသည်ပာု ဆိုသည်။

          မော်တော်ကား ကဲ့သို့သော အဆင့်မြင့် တန်ဖိုးကြီး လူသုံးကုန် ပစ္စည်းများကို တရုတ် ပြည်သူများက ပိုမို စတင် သုံးစွဲလာနိုင်သဖြင့် တရုတ်နိုင်ငံ အတွက် အလွန် ကောင်းသော ဈေးကွက် ဖြစ်လာနိုင်သည်ပာု ၎င်းက ပြောကြားသည်။

          Macquarie Bank မှ Richard Jerram ကလည်း တရုတ်နိုင်ငံသည် ဂျပန် စီးပွားရေးကို ကျော်တက် နိုင်ခဲ့သော်လည်း စိုးရိမ် ပူပန်စရာများ ရှိနေသည်ပာု ပြောကြားသည်။

          "သူတို့ (တရုတ်နိုင်ငံ) က အလွန်အကျွံ ရင်းနှီး မြှုပ်နှံမှုတွေကို ပြုလုပ် နေကြတာကြောင့် လုံးဝ ထိရောက်မှု မရှိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ရလာဒ်အဖြစ် ထွက်ပေါ်လာပြီး ပြည်တွင်း ဘဏ္ဍာရေး အဆောက်အအုံကို တစ်စိတ် တစ်ပိုင်း ထိခိုက် လာနိုင်တယ်လို့ ယူဆစရာတွေ ရှိနေပါတယ်" ပာု ၄င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်ဘက်အုပ်ချုပ်ရေးအလွန် အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲခြင်း(၁)
၂၀ရာစုကုန်ခါနီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင်
ပြဇာတ်အသစ်တစ်ပုဒ်ပေါ်ထွက်လာခဲ့သည်။ ဒီမိုကရေစီပြန့်ပွားလာခြင်း၊ ဆိုဗီယက်
ယူနီယံပြိုကျသွားခြင်းနှင့် စစ်အေးတိုက်ပွဲပြီးဆုံးသွားခြင်းတို့က
ကမ္ဘာ့နိုင်ငံရေးပြဇာတ်ကိုသာမက ပြည်တွင်းနိုင်ငံရေး ဇာတ်ညွှန်းကိုပါပြောင်း
လဲစေခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ကွန်မြူနစ်စနစ်မှ
ရုန်းထွက်လာသော နိုင်ငံများတွင်တွေ့ရသည်။ ထိုနိုင်ငံများသည်
ကွန်မြူနစ်စနစ် အောက်မှ ရုန်းထွက်ကာ
ဒီမိုကရေစီခေါင်းစဉ်အောက်သို့ဝင်ရောက်နိုင်ရန် အတွက် စနစ်ဟောင်းတွင်
အဓိကကျခဲ့သည့် စစ်တပ်များနှင့် ရှေ့ဆက်ကိုင်တွယ်ရမည့် ဆက်ဆံရေး
တနည်းအားဖြင့် " နိုင်ငံရေး စနစ်သစ်နှင့်လက်နက်ကိုင် တပ်ဖွဲ့များ၏
အခန်းကဏ္ဍ" ကို ဇာတ်ညွှန်းအသစ်ပြောင်းလဲရေးဆွဲရတော့သည်။
ဆိုဗီယက်ယူနီယံပြိုကျသွားခြင်းသည် ကမ္ဘာပေါ်တွင် ပထမကမ္ဘာ၊ ဒုတိယကမ္ဘာ၊
တတိယကမ္ဘာဟူ၍ သုံးပိုင်းခွဲခြားရှုမြင် သည့် ခေတ်ကို ပြောင်းလဲလိုက်သည်။
အဓိကအချက်မှာ ဒုတိယကမ္ဘာဖြစ်သော ဆိုဗီယက်ယူနီယံပြိုကျသွားခြင်းကြောင့်ဖြစ်
သည်။ ကွန်မြူနစ်ခေတ်လွန်နိုင်ငံငယ်များသည် တတိယကမ္ဘာဟူသော
ခေါင်းစဉ်သစ်အောက်တွင် ရပ်တည်လာကြပြီး အရပ်ဘက်အုပ်ချုပ်ရေးကို
ပီပြင်စွာမကျင့်သုံးနိုင်သေးသည့်အချိန်နှင့်
ပြည်တွင်းရေးတည်ငြိမ်ရန်ထိန်းသိမ်းနေရချိန်တွင် ရပ်တည်ရန်အတွက် ၎င်းတို့ကို
အန္တရာယ်အပြုနိုင်ဆုံးမှာ တစ်ချိန်က အုပ်ချုပ်ရေးတွင်အာဏာကြီးခဲ့သည့်
လက်နက်ကိုင်တပ်ဖွဲ့ များ(သို့) စစ်တပ်များပင်ဖြစ်သည်။
ဆိုဗီယက်ယူနီယံပြိုကျမှုကျမှုက လက်ဝဲနိုင်ငံအတော်များများရှိ စစ်တပ်များကို
တုန်လှုပ်စေခဲ့ သည်။ဆိုဗီယက်ယူနီယံပြိုကျမှုသည် နိုင်ငံအတော်များများတွင်
အစိုးရများကို ခြိမ်းခြောက်သည့် စစ်တပ်ဖွဲ့များဖြစ်သည့် လက်ဝဲသူပုန်အများ
စုကို တုန်လှုပ်ချောက်ချား ဖွယ်ကောင်းလောက်အောင်ပင်
အင်အားချိနဲ့သွားစေခဲ့သည်။ အထူးသဖြင့် လက်တင်အမေရိကတွင်ဖြစ်သည်။
စစ်မှုထမ်းအရေအတွက်နှင့် စစ်အသုံးစရိတ် လျှော့ချမှုသို့ဦးတည်သည့်
နားလည်သဘောပေါက်နိုင်သော ကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းတစ်ခုရှိလာခဲ့သည်။
တစ်ချိန် တည်းမှာပင် ဆိုဗီယက်ယူနီယံပြိုကျမှုက လက်နက်ကိုင်တပ်ဖွဲ့များ၏
အခန်းကဏ္ဍ၊လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံနှင့်ရည်မှန်းချက်တို့ကို ကမ္ဘာလုံး
ဆိုင်ရာအတိုင်းအတာဖြင့် ပြောင်းလဲပြဌာန်းလိုက်သည်။
အရှိန်အဟုန်ဖြင့်ပြောင်းလဲလာလျှက်ရှိသော
ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်နှင့်လျော်ညီစွာကျင့်သုံးနိုင်ရန် စစ်တပ်များ၏
စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းမှုနှင့် လုပ်နည်းကိုင်နည်း
တို့အားပြောင်းလဲစေခဲ့သည်။ သို့သော် ယင်းသည် စစ်ဘက်ဆိုင်ရာ
ထူထောင်မှုများကို သဘာဝကျစွာပင် သက်တောင့်သက်သာ မရှိအောင်
ချန်ထားပစ်ခဲ့ပြန်ပါသည်။ စစ်ဘက်တို့၏ အရင်းအမြစ်များကို လျှော့ချခြင်းသည်
၎င်းတို့အား နိုင်ငံရေးအရ စည်းကမ်းထိန်းချုပ်ရန် မလွယ်ကူမှုဆီသို့
ဦးတည်တိမ်းစောင်းသွားစေသည်သာမက ခေတ်သစ်နှင့်လိုက်လျောညီထွေရှိစေမည့်
တာဝန်များကို အသွင်ပြောင်း တာဝန်ထမ်းဆောင်စေရာတွင်လည်း
အခက်အခဲဖြစ်သွားစေသည်။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို အသွင်ပြောင်းစေခဲ့ သည့်
သော့ချက်ကျသည့် အချက်အလက်များသည် ကမ္ဘာလုံးအတိုင်းအတာ ဆောင်လာသော်လည်း
ယင်းကို အကောင်အထည်ဖေါ်ရာတွင် ကျင့်သုံးသည့် နည်းလမ်းများသည်
တဒေသနှင့်တဒေသ ကြီးကြီးမားမားကို ကွဲပြား ခြားနားလျက်
ရှိနေပေသည်။ တစ်ဖက်တွင် နိုင်ငံ့အာဏာ ကိုချုပ်ကိုင်ထားပြီး စီးပွားရေး၊
လူမှုရေးနှင့် နိုင်ငံရေးပြသနာများအတွက် အဖြေရှာမရခဲ့သည့် တပ်မတော်များသည်
နိုင်ငံရေးတွင် စစ်တပ် ပါဝင်ပတ် သက်နေခြင်းဖြင့် စစ်တပ်၏
အခြေခံတန်ဖိုးများဖြစ်သည့် စည်းလုံးညီညွှတ်မှု၊
စွမ်းဆောင်ရည်ထက်မြက်မှုနှင့် စည်းကမ်းရှိမှုတို့အား တဖြည်းဖြည်းချင်း
လှိုက်စားအားနည်းသွားစေသည် ဆိုသည်ကို နားလည်လာကြပြီ ဖြစ်သည်။
နိုင်ငံရေးပါတီမား၊ ပါဝါနိုင်ငံရေးသမားတို့ဘက်ကကြည့်လျှင်မူ လွတ်လပ်စွာ
ကွဲပြားအငြင်းပွားနိုင်သော ဒီမိုကရေစီစနစ်တွင် အငြင်း ပွားမှုများအကြား
စစ်တပ်ကို ခေါ်သွင်းလိုက်ခြင်းသည်
တန်ဖိုးကြီးမားစွာပေးဆပ်ရလိမ့်မည်ဖြစ်သည်ကိုလည်း သဘောပေါက်ကြသည့် အတွက်
စစ်တပ်များကို နိုင်ငံရေးတွင် နေရာပေး၍မဖြစ်ကြောင်း
ကောင်းစွာသဘောပေါက်လာကြသည်။ ထို့ကြောင့် အရပ်ဘက်-စစ်ဘက် ဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုသည် ကျယ်ပြန့်သော အကျိုးကျေးဇူးများစွာကို
ဖြစ်ထွန်းသီးပွင့် စေခဲ့ပါသည်။
အကျိုးကျေးဇူးများအဖြစ် အရပ်သားတို့သည် စစ်ဘက်၏ အရေးကြီးနေရာဌာနများတွင်
ဦးဆောင်လာနိုင်ခြင်းနှင့် ထိုသို့အရပ်သား၏ ဦးဆောင်မှုအောက်တွင်
စစ်ဘက်ကိုထားရှိပြီး ပညာရှင်ပီသမှုကိုဦးစားပေးသည့်အတွေးအခေါ်များကို
စစ်ဘက်ဆိုင်ရာအရာရှိများအထိပါ သင်ကြားသွတ်သွင်းနိုင်ခဲ့ခြင်းက
စစ်ဘက်အရာရှိများကို ပညာရှင်ပီသမှုရှိစေကာ လုံခြုံရေးကဏ္ဍများတွင်
အားစိုက်လုပ်ဆောင်လာခြင်းနှင့် နိုင်ငံရေးစီးပွားရေးတို့တွင်
ပါဝင်ပတ်သက်မှုကို ၎င်းတို့ဆန္ဒအရ စွန့်လွှတ်စေခဲ့ခြင်းများကိုဖြစ်ပေါ်စေခဲ့သည်။
• ဤနေရာတွင် ဟန်တင်တန်၏ စစ်ဘက်မှအရပ်ဘက်သို့ပြောင်းလဲအုပ်ချုပ်ခဲ့ခြင်း၏
အကျိုးကျေးဇူးရလဒ်များကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားတင်ပြထားသည်ကို
ဖော်ပြလိုပါသည်။ ဟန်တင်တန်သည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင်
ပြုပြင်ပြောင်းလဲခြင်း၏ အောင်မြင်မှုကို ဂုဏ်အင်္ဂါ ၃ ချက်ဖြင့်
တင်ပြခဲ့သည်။
ပထမအချက် အနေဖြင့် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒနှင့် အရပ်သား
ထိန်းချုပ်မှုအား ကမ္ဘာတဝှမ်းလုံးတွင် တိုးတက်လက်ခံ
လာလျက်ရှိခြင်းဖြစ်ပြီး၊ ယင်းအရာသည် အမေရိကန်ပြည်ထောင်စုမှ ပေးနေသော
သင်တန်းများ၏ သက်ရောက်မှုကြောင့်ဟု လုံးဝဥဿုံ မပြောနိုင်သည့်တိုင်
တစိတ်တပိုင်း ကြောင့်တော့ဖြစ်သည်ဟု ပြောနိုင်ပါသည်။ ဒုတိယအချက်မှာ
နိုင်ငံရေးနှင့် စစ်ဘက်ရေးရာ ထိပ်ပိုင်းခေါင်းဆောင်များက အရပ်ဘက်
စစ်ဘက်နှစ်ခုစလုံးကို အကျိုးဖြစ်ထွန်းစေသော "ဓမ္မဓိဌာန်ကျသော အရပ်ဘက်
ထိန်းချုပ်မှု" ဟု ဟန်တင်တန်က ခေါ်သည့်အဖွဲ့အစည်း ပုံစံကျပြုမူလုပ်ဆောင်ရေး
(Institutionalization) အား
အသိအမှတ်ပြုလာကြခြင်းပင်ဖြစ်သည်။ သို့သော်လည်း စိမ်ခေါ်မှုပေါင်းများ