Transparency Myanmar

transparency.myanmar@gmail.com

(Radio Australia News မှ 15.Feb 2011 ရက်စွဲပါ "China replaces Japan as world's second largest economy" သတင်းကို ဘာသာ ပြန်ဆိုသည်"

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး နိုင်ငံအဖြစ် ဂျပန်နိုင်ငံကို ကျော်တက် သွားကြောင်း တရားဝင် ကိန်းဂဏန်းများ က အတည် ပြုလိုက်ပြီ ဖြစ်သည်။

          တရုတ် နိုင်ငံသည် စီးပွားရေး ပမာဏအရ အမေရိကန် ပြည်ထောင်စု၏ နောက်တွင် ဒုတိယ အဖြစ် ရပ်တည် နိုင်ခဲ့ပြီး ဂျပန် နိုင်ငံက တတိယ နေရာသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။

          ဂျပန် စီးပွားရေး၏ တန်ဖိုးမှာ အကြမ်းဖျင်း အမေရိကန် ဒေါ်လာ ၅.၅ ထရီလီယံ ခန့် ရှိချိန်တွင် တရုတ် စီးပွားရေး ပမာဏက အမေရိကန် ဒေါ်လာ ၅.၈ ထရီလီယံ သို့ ရောက်ရှိခဲ့သည်။ 

          သို့သော်လည်း သြစတြေးလျ နိုင်ငံ Macquarie ဘက်မှ အာရှ စီးပွားရေး ဌာန အကြီးအကဲ Richard Jerram က ယခုအဆင့် သတ်မှတ်ချက်မှာ အနည်းငယ်သာ အရေးပါ အရာရောက်မှု ရှိသည်ပာု ပြောကြားခဲ့သည်။

          "ဒါက မပြောပလောက်ပါဘူး၊ သြစတြေးလျက နယူးဇီလန်ထက် ပိုပြီး ချမ်းသာတယ်လို့ ပြောသလို မျိုးပေါ့ဗျာ၊ တကယ်တမ်း ကျွန်တော် ဆိုလိုချင်တာက အဲဒီနိုင်ငံမှာ လူတွေ အများကြီး နေထိုင်ကြတာ ဆိုတော့ ဒီလို ရလာဒ်မျိုး ရလာဖို့ ခင်ဗျား မျှော်လင့်ထားလို့ ရပါတယ်" ပာု ၎င်းကပြောကြားသည်။

          နိုင်ငံများ၏ စီးပွားရေးကို နှိုင်းယှဉ်သည့် အမှန်ကန်ဆုံး နည်းလမ်းမှာ တစ်ဦးချင်း ကြွယ်ဝမှုကို ဆွေးနွေးကာ တစ်ဦးချင်း ဝင်ငွေကို လေ့လာကြရန် ဖြစ်သည်ပာု Mr.Jerram က ဆိုသည်။

          တစ်ဦးချင်း ဝင်ငွေကို အခြေခံ တိုင်းတာပါက တစ်နှစ်လျှင် ဒေါ်လာ ၄၀၀၀၀ ပျှမ်းမျှဝင်ငွေ ရှိသည့် ဂျပန် နိုင်ငံသားများက တစ်နှစ်လျှင် ဒေါ်လာ ၄၀၀၀ ခန့်သာ အကြမ်းဖျင်း ဝင်ငွေ ရှိသည့် တရုတ် နိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် ပိုမို ချမ်းသာ ကြွယ်ဝ ကြသည်။

          Bank of Ameria Merrill Lynch မှ စီးပွားရေး ပညာရှင် အကြီးအကဲ မာဆာယူကီ ကီချီကာဝါကမူ ဂျပန်နိုင်ငံက အားသာချက် များစွာ ရှိနေသည်ပာု ဆိုသည်။

          မော်တော်ကား ကဲ့သို့သော အဆင့်မြင့် တန်ဖိုးကြီး လူသုံးကုန် ပစ္စည်းများကို တရုတ် ပြည်သူများက ပိုမို စတင် သုံးစွဲလာနိုင်သဖြင့် တရုတ်နိုင်ငံ အတွက် အလွန် ကောင်းသော ဈေးကွက် ဖြစ်လာနိုင်သည်ပာု ၎င်းက ပြောကြားသည်။

          Macquarie Bank မှ Richard Jerram ကလည်း တရုတ်နိုင်ငံသည် ဂျပန် စီးပွားရေးကို ကျော်တက် နိုင်ခဲ့သော်လည်း စိုးရိမ် ပူပန်စရာများ ရှိနေသည်ပာု ပြောကြားသည်။

          "သူတို့ (တရုတ်နိုင်ငံ) က အလွန်အကျွံ ရင်းနှီး မြှုပ်နှံမှုတွေကို ပြုလုပ် နေကြတာကြောင့် လုံးဝ ထိရောက်မှု မရှိတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ရလာဒ်အဖြစ် ထွက်ပေါ်လာပြီး ပြည်တွင်း ဘဏ္ဍာရေး အဆောက်အအုံကို တစ်စိတ် တစ်ပိုင်း ထိခိုက် လာနိုင်တယ်လို့ ယူဆစရာတွေ ရှိနေပါတယ်" ပာု ၄င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment