Transparency Myanmar

transparency.myanmar@gmail.com

(BBC news မှ 14 February 2011 ရက်စွဲပါ Subir Bhaumik ရေးသားသော "Thailand 'deported' Burmese Rohingyas" ကို ဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သည့် အပတ်က အိန္ဒိယ၏ အန်ဒမန်နှင့် နီကိုဘာ ကျွန်းများတွင် ရဲများ တွေ့ရှိ ခဲ့သည့် ရိုဟင်ဂျာ ဒုက္ခသည် (၉၁) ဦးအားး ပြန်ပို့ ခဲ့ပြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြား ခဲ့သည်။

ဒုက္ခသည်များအား အင်ဂျင် မပါသော လှေပေါ်တွင် အစာရေစာ အနည်းငယ်ဖြင့် လွှတ်ပေး ခဲ့ခြင်း ဆိုသည်ကို ယင်းက ငြင်းဆို ခဲ့ပြီး ဒုက္ခသည်များ နောက်ထပ် ခရီးရှည်ကြီးအား မည်သို့ ခရီး ဆက်မည် ကိုမူ ၎င်းအနေဖြင့် မသိကြောင်း ဆိုသည်။

အိန္ဒိယ ဆရာဝန်များနှင့် ရဲများက ပြောကြားရာတွင် ဒုက္ခသည်များ အစာရေစာ ငတ်ပြတ်ကာ ရေများ ခန်းခြောက်နေကြောင်း ဆိုသည်။ အဆိုပါ ရိုဟင်ဂျာများ အနက် (၂၅) ဦးအား ဆေးရုံ တင်ထားရကြောင်း ယင်းတို့က ပြောသည်။ မြန်မာ နိုင်ငံ၏ မြန်မာနိုင်ငံ၏ မူဆလင် တိုင်းရင်းသား ဖြစ်သော ရိုဟင်ဂျာ ထောင်ပေါင်း များစွာသည် မတရား နှိပ်စက်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်းတွင် ရိုဟင်ဂျာ လူမျိုး ခန့်မှန်းခြေ နှစ်သိန်းခန့် နေထိုင်လျက် ရှိသည်။ အထူးသဖြင့် တရားမဝင် စခန်းများတွင် နေထိုင်ကြသူ အများစုသည် အခြေအနေ ဆိုးရွားစွာ နေထိုင်ရသဖြင့် အခြား အရှေ့တောင် အာရှ နိုင်ငံ များသို့ ပင်လယ် မှတဆင့် ထွက်ပြေးလျက် ရှိသည်။

ရိုဟင်ဂျာများက ပြောကြားရာတွင် ၎င်းတို့သည် ထိုင်းနိုင်ငံမှ တဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်၍ အေးဂျင့် ၏ အကူအညီကို ရယူရကြောင်း ဆိုသည်။ ဒုက္ခသည်များက ရဲများသို့ ပြောကြားရာတွင် ထိုင်းရေတပ်သည် ၎င်းတို့အား အင်ဂျင် မပါသော လှေပေါ်တွင် အစာနှင့်ရေ အနည်းငယ်သာ ထည့်ပြီး လွှတ်လိုက်နိုင်ကြောင်း ပြောခဲ့ကြသည်။

သတင်း ထုတ်ပြန် ကြေငြာချက် တစ်ခုတွင် ထိုင်းနိုင်ငံခြားရေး ပြောခွင့်ရ ပုဂ္ဂိုလ် Thani Thongphakdi က ပြောကြားရာတွင် တရားမဝင် ဝင်ရောက်လာသူ (၉၁) ဦးကို Trang ပြည်နယ် အနီး ပင်လယ်ပြင်တွင် တွေ့ရှိခဲ့ကြောင်း၊ ယင်းကိစ္စကို နိုင်ငံ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ အရသာ ကိုင်တွယ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

"သူတို့ဟာ မြန်မာနိုင်ငံက လာတာလို့ တွေ့ရှိရတဲ့ အတွက်၊ ရနောင်းကနေ မြန်မာပြည်ကို ဖြတ်တဲ့ နယ်စပ်မှာ လွှတ်ပေးခဲ့တာပါ" ဟု Mr Thangphakdi ကပြောကြားခဲ့ပြီး၊ ထိုသို့ လုပ်ဆောင်မှုမှာ ၎င်းတို့၏ ဆန္ဒနှင့်အညီ ဖြစ်ကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့သည်။

ထိုင်းအာဏာပိုင်များသည် ထိုအုပ်စုမှာ ရှေ့ဆက်၍ မည်သို့ ခရီးသွားမည်ကို စဉ်းစားနိုင်သော ဗဟုသုတ မရှိကြောင်း ပြောသည်။

ယခု အန်ဒမန်တွင် ရောက်ရှိနေသော ရိုဟင်ဂျာများက အိန္ဒိယ ရဲများသို့ ပြောကြားရာတွင် ၎င်းတို့ Trang ပြည်နယ်တွင် အဖမ်းခံရစဉ်က ထိုင်းရဲများ၏ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း များကို ခံစားခဲ့ရသည်ဟု ပြောပြကြသည်။

"အဲဒီနောက်တော့ ကျွန်တော်တို့ကို ပင်လယ်ပြင်ကို ခေါ်သွားပြီး အင်ဂျင်မပါတဲ့ လှေပေါ်မှာ အစာနဲ့ရေ နည်းနည်းပဲ တင်ပေး လိုက်ပြီး လွှတ်လိုက်ပါတယ်" ဟု ရိုဟင်ဂျာ တစ်ဦးက ရဲသို့ ပြောကြားခဲ့ရာ မှတ်တမ်း တင်ထားရှိသည်။

အဆိုပါ စွပ်စွဲချက်ကို ထိုင်းက ငြင်းဆိုထားသည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာကလည်း အင်ဒမန် ပင်လယ်တွင် ရိုဟင်ဂျာ (၃၀၀) ခန့် ကယ်တင် ခဲ့ရရာ၊ ထိုင်းရေတပ်က ၎င်းတို့၏ လှေမှ အင်ဂျင်ကို ဖြုတ်ပစ်ခဲ့ပြီး နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment