စစ်ဘက်အုပ်ချုပ်ရေးအလွန် အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲခြင်း(၁)
၂၀ရာစုကုန်ခါနီး ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင်
ပြဇာတ်အသစ်တစ်ပုဒ်ပေါ်ထွက်လာခဲ့သည်။ ဒီမိုကရေစီပြန့်ပွားလာခြင်း၊ ဆိုဗီယက်
ယူနီယံပြိုကျသွားခြင်းနှင့် စစ်အေးတိုက်ပွဲပြီးဆုံးသွားခြင်းတို့က
ကမ္ဘာ့နိုင်ငံရေးပြဇာတ်ကိုသာမက ပြည်တွင်းနိုင်ငံရေး ဇာတ်ညွှန်းကိုပါပြောင်း
လဲစေခဲ့သည်ကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ကွန်မြူနစ်စနစ်မှ
ရုန်းထွက်လာသော နိုင်ငံများတွင်တွေ့ရသည်။ ထိုနိုင်ငံများသည်
ကွန်မြူနစ်စနစ် အောက်မှ ရုန်းထွက်ကာ
ဒီမိုကရေစီခေါင်းစဉ်အောက်သို့ဝင်ရောက်နိုင်ရန် အတွက် စနစ်ဟောင်းတွင်
အဓိကကျခဲ့သည့် စစ်တပ်များနှင့် ရှေ့ဆက်ကိုင်တွယ်ရမည့် ဆက်ဆံရေး
တနည်းအားဖြင့် " နိုင်ငံရေး စနစ်သစ်နှင့်လက်နက်ကိုင် တပ်ဖွဲ့များ၏
အခန်းကဏ္ဍ" ကို ဇာတ်ညွှန်းအသစ်ပြောင်းလဲရေးဆွဲရတော့သည်။
ဆိုဗီယက်ယူနီယံပြိုကျသွားခြင်းသည် ကမ္ဘာပေါ်တွင် ပထမကမ္ဘာ၊ ဒုတိယကမ္ဘာ၊
တတိယကမ္ဘာဟူ၍ သုံးပိုင်းခွဲခြားရှုမြင် သည့် ခေတ်ကို ပြောင်းလဲလိုက်သည်။
အဓိကအချက်မှာ ဒုတိယကမ္ဘာဖြစ်သော ဆိုဗီယက်ယူနီယံပြိုကျသွားခြင်းကြောင့်ဖြစ်
သည်။ ကွန်မြူနစ်ခေတ်လွန်နိုင်ငံငယ်များသည် တတိယကမ္ဘာဟူသော
ခေါင်းစဉ်သစ်အောက်တွင် ရပ်တည်လာကြပြီး အရပ်ဘက်အုပ်ချုပ်ရေးကို
ပီပြင်စွာမကျင့်သုံးနိုင်သေးသည့်အချိန်နှင့်
ပြည်တွင်းရေးတည်ငြိမ်ရန်ထိန်းသိမ်းနေရချိန်တွင် ရပ်တည်ရန်အတွက် ၎င်းတို့ကို
အန္တရာယ်အပြုနိုင်ဆုံးမှာ တစ်ချိန်က အုပ်ချုပ်ရေးတွင်အာဏာကြီးခဲ့သည့်
လက်နက်ကိုင်တပ်ဖွဲ့ များ(သို့) စစ်တပ်များပင်ဖြစ်သည်။
ဆိုဗီယက်ယူနီယံပြိုကျမှုကျမှုက လက်ဝဲနိုင်ငံအတော်များများရှိ စစ်တပ်များကို
တုန်လှုပ်စေခဲ့ သည်။ဆိုဗီယက်ယူနီယံပြိုကျမှုသည် နိုင်ငံအတော်များများတွင်
အစိုးရများကို ခြိမ်းခြောက်သည့် စစ်တပ်ဖွဲ့များဖြစ်သည့် လက်ဝဲသူပုန်အများ
စုကို တုန်လှုပ်ချောက်ချား ဖွယ်ကောင်းလောက်အောင်ပင်
အင်အားချိနဲ့သွားစေခဲ့သည်။ အထူးသဖြင့် လက်တင်အမေရိကတွင်ဖြစ်သည်။
စစ်မှုထမ်းအရေအတွက်နှင့် စစ်အသုံးစရိတ် လျှော့ချမှုသို့ဦးတည်သည့်
နားလည်သဘောပေါက်နိုင်သော ကမ္ဘာလုံးဆိုင်ရာလမ်းကြောင်းတစ်ခုရှိလာခဲ့သည်။
တစ်ချိန် တည်းမှာပင် ဆိုဗီယက်ယူနီယံပြိုကျမှုက လက်နက်ကိုင်တပ်ဖွဲ့များ၏
အခန်းကဏ္ဍ၊လုပ်ငန်းတာဝန်၊ ဖွဲ့စည်းပုံနှင့်ရည်မှန်းချက်တို့ကို ကမ္ဘာလုံး
ဆိုင်ရာအတိုင်းအတာဖြင့် ပြောင်းလဲပြဌာန်းလိုက်သည်။
အရှိန်အဟုန်ဖြင့်ပြောင်းလဲလာလျှက်ရှိသော
ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်နှင့်လျော်ညီစွာကျင့်သုံးနိုင်ရန် စစ်တပ်များ၏
စစ်ဘက်ဆိုင်ရာ ဖွဲ့စည်းမှုနှင့် လုပ်နည်းကိုင်နည်း
တို့အားပြောင်းလဲစေခဲ့သည်။ သို့သော် ယင်းသည် စစ်ဘက်ဆိုင်ရာ
ထူထောင်မှုများကို သဘာဝကျစွာပင် သက်တောင့်သက်သာ မရှိအောင်
ချန်ထားပစ်ခဲ့ပြန်ပါသည်။ စစ်ဘက်တို့၏ အရင်းအမြစ်များကို လျှော့ချခြင်းသည်
၎င်းတို့အား နိုင်ငံရေးအရ စည်းကမ်းထိန်းချုပ်ရန် မလွယ်ကူမှုဆီသို့
ဦးတည်တိမ်းစောင်းသွားစေသည်သာမက ခေတ်သစ်နှင့်လိုက်လျောညီထွေရှိစေမည့်
တာဝန်များကို အသွင်ပြောင်း တာဝန်ထမ်းဆောင်စေရာတွင်လည်း
အခက်အခဲဖြစ်သွားစေသည်။ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးကို အသွင်ပြောင်းစေခဲ့ သည့်
သော့ချက်ကျသည့် အချက်အလက်များသည် ကမ္ဘာလုံးအတိုင်းအတာ ဆောင်လာသော်လည်း
ယင်းကို အကောင်အထည်ဖေါ်ရာတွင် ကျင့်သုံးသည့် နည်းလမ်းများသည်
တဒေသနှင့်တဒေသ ကြီးကြီးမားမားကို ကွဲပြား ခြားနားလျက်
ရှိနေပေသည်။ တစ်ဖက်တွင် နိုင်ငံ့အာဏာ ကိုချုပ်ကိုင်ထားပြီး စီးပွားရေး၊
လူမှုရေးနှင့် နိုင်ငံရေးပြသနာများအတွက် အဖြေရှာမရခဲ့သည့် တပ်မတော်များသည်
နိုင်ငံရေးတွင် စစ်တပ် ပါဝင်ပတ် သက်နေခြင်းဖြင့် စစ်တပ်၏
အခြေခံတန်ဖိုးများဖြစ်သည့် စည်းလုံးညီညွှတ်မှု၊
စွမ်းဆောင်ရည်ထက်မြက်မှုနှင့် စည်းကမ်းရှိမှုတို့အား တဖြည်းဖြည်းချင်း
လှိုက်စားအားနည်းသွားစေသည် ဆိုသည်ကို နားလည်လာကြပြီ ဖြစ်သည်။
နိုင်ငံရေးပါတီမား၊ ပါဝါနိုင်ငံရေးသမားတို့ဘက်ကကြည့်လျှင်မူ လွတ်လပ်စွာ
ကွဲပြားအငြင်းပွားနိုင်သော ဒီမိုကရေစီစနစ်တွင် အငြင်း ပွားမှုများအကြား
စစ်တပ်ကို ခေါ်သွင်းလိုက်ခြင်းသည်
တန်ဖိုးကြီးမားစွာပေးဆပ်ရလိမ့်မည်ဖြစ်သည်ကိုလည်း သဘောပေါက်ကြသည့် အတွက်
စစ်တပ်များကို နိုင်ငံရေးတွင် နေရာပေး၍မဖြစ်ကြောင်း
ကောင်းစွာသဘောပေါက်လာကြသည်။ ထို့ကြောင့် အရပ်ဘက်-စစ်ဘက် ဆိုင်ရာ
ပြုပြင်ပြောင်းလဲမှုသည် ကျယ်ပြန့်သော အကျိုးကျေးဇူးများစွာကို
ဖြစ်ထွန်းသီးပွင့် စေခဲ့ပါသည်။
အကျိုးကျေးဇူးများအဖြစ် အရပ်သားတို့သည် စစ်ဘက်၏ အရေးကြီးနေရာဌာနများတွင်
ဦးဆောင်လာနိုင်ခြင်းနှင့် ထိုသို့အရပ်သား၏ ဦးဆောင်မှုအောက်တွင်
စစ်ဘက်ကိုထားရှိပြီး ပညာရှင်ပီသမှုကိုဦးစားပေးသည့်အတွေးအခေါ်များကို
စစ်ဘက်ဆိုင်ရာအရာရှိများအထိပါ သင်ကြားသွတ်သွင်းနိုင်ခဲ့ခြင်းက
စစ်ဘက်အရာရှိများကို ပညာရှင်ပီသမှုရှိစေကာ လုံခြုံရေးကဏ္ဍများတွင်
အားစိုက်လုပ်ဆောင်လာခြင်းနှင့် နိုင်ငံရေးစီးပွားရေးတို့တွင်
ပါဝင်ပတ်သက်မှုကို ၎င်းတို့ဆန္ဒအရ စွန့်လွှတ်စေခဲ့ခြင်းများကိုဖြစ်ပေါ်စေခဲ့သည်။
• ဤနေရာတွင် ဟန်တင်တန်၏ စစ်ဘက်မှအရပ်ဘက်သို့ပြောင်းလဲအုပ်ချုပ်ခဲ့ခြင်း၏
အကျိုးကျေးဇူးရလဒ်များကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားတင်ပြထားသည်ကို
ဖော်ပြလိုပါသည်။ ဟန်တင်တန်သည် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးတွင်
ပြုပြင်ပြောင်းလဲခြင်း၏ အောင်မြင်မှုကို ဂုဏ်အင်္ဂါ ၃ ချက်ဖြင့်
တင်ပြခဲ့သည်။
ပထမအချက် အနေဖြင့် စစ်ဘက်ဆိုင်ရာ ပညာရှင်ပီသမှုဝါဒနှင့် အရပ်သား
ထိန်းချုပ်မှုအား ကမ္ဘာတဝှမ်းလုံးတွင် တိုးတက်လက်ခံ
လာလျက်ရှိခြင်းဖြစ်ပြီး၊ ယင်းအရာသည် အမေရိကန်ပြည်ထောင်စုမှ ပေးနေသော
သင်တန်းများ၏ သက်ရောက်မှုကြောင့်ဟု လုံးဝဥဿုံ မပြောနိုင်သည့်တိုင်
တစိတ်တပိုင်း ကြောင့်တော့ဖြစ်သည်ဟု ပြောနိုင်ပါသည်။ ဒုတိယအချက်မှာ
နိုင်ငံရေးနှင့် စစ်ဘက်ရေးရာ ထိပ်ပိုင်းခေါင်းဆောင်များက အရပ်ဘက်
စစ်ဘက်နှစ်ခုစလုံးကို အကျိုးဖြစ်ထွန်းစေသော "ဓမ္မဓိဌာန်ကျသော အရပ်ဘက်
ထိန်းချုပ်မှု" ဟု ဟန်တင်တန်က ခေါ်သည့်အဖွဲ့အစည်း ပုံစံကျပြုမူလုပ်ဆောင်ရေး
(Institutionalization) အား
အသိအမှတ်ပြုလာကြခြင်းပင်ဖြစ်သည်။ သို့သော်လည်း စိမ်ခေါ်မှုပေါင်းများစွာ
ဆက်လက် ကျန်ရှိနေပါသေးသည်။ ထိုစိမ်ခေါ်မှုများထဲတွင် စစ်ဘက်အာဏာသိမ်းမှု
ဖြစ်တန်ချေများကို လျှော့ချခြင်း၊ တိုက်ရိုက်အုပ်ချုပ်ရေးမှ
ဆုတ်ခွာသွားသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များ၏ အခန်းကဏ္ဍနှင့် ရည်မှန်းချက်၊
လုပ်ဆောင်ချက် ဖွဲ့စည်းပုံ (Missions) အသစ်များကို ကြိုးစား
ရှေ့တန်းတင်လာပြန်သော အားကောင်းသည့် စစ်တပ်များ၏ ကျန်ရှိနေသေးသော
နိုင်ငံရေးတွင် သြဇာသက်ရောက်မှုများကို တတ်နိုင်သမျှ တိုအောင်
လျှော့ချပစ်ခြင်း၊ လူ့အဖွဲ့အစည်းမှ စစ်တပ်၏ ဖဲ့ထွက်အထီးကျန်နေမှုအား
လျှော့ချပစ်ခြင်းတို့ ပါဝင်ပါသည်။ ဟန်တင်တန်က ဒီမိုကရေစီ
ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ် (Democratization) အတွက် လိုအပ်သော
အခြေအနေများကို ဖန်တီးပေးခဲ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်
အနာဂါတ်တွင် ဖြစ်နိုင်သော စစ်ဘက်အာဏာသိမ်းမှုများ၏ ဖြစ်တန်ချေများကိုလည်း
လျှော့ချပစ်နိုင်ခဲ့သည်ဆိုသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
Blog Archive
- ► 2024 (317)
- ► 2013 (1051)
- ► 2012 (1188)
-
▼
2011
(1025)
-
▼
February
(201)
-
▼
Feb 16
(6)
- {chronicle2011:2839} ပြည်ပ မြန်မာ မီဒီယာ ရန်ပုံငွေ...
- {chronicle2011:2838} မြန်မာနိုင်ငံမှ နေမဝင် ပြည်တွ...
- {chronicle2011:2837} ထိုင်း- ကမ္ဘောဒီးယား အမြဲတမ်း ...
- {chronicle2011:2836} ရိုဟင်ဂျာများကို ထိုင်းတို့ န...
- {chronicle2011:2835} တရုတ်က ဂျပန်ကို ကျော်ကာ ကမ္ဘာ့...
- {chronicle2011:2834} ဆောင်းပါးကဏ္ဍ
-
▼
Feb 16
(6)
-
▼
February
(201)
- ► 2010 (2008)
Labels
- Op-Ed (4)
Posted by
Transparency Myanmar 2010
Wednesday, February 16, 2011
Subscribe to:
Post Comments (Atom)