Transparency Myanmar

transparency.myanmar@gmail.com

(Radio Australia News မှ 15 February 2011 ရက်စွဲပါ "Concern Over Funding Cuts for Media Covering Burma" ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံ တကာ မီဒီယာ အခွင့် အရေး အုပ်စု (Reporters without Borders) က ပြည်ပရောက် မီဒီယာများ ရင်ဆိုင် နေရသော ရန်ပုံငွေ ဖြတ်တောက် ခံရမှုနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက် ရှိကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။

အလွန့် အလွန် ထိထိ ရောက်ရောက် အသာစီး ရနေသော မီဒီယာများ၏ လွှမ်းမိုးမှုမှာ လက်ရှိ အနေအထားကြောင့် အားပျော့ သွားစေသည်ဟု Reporters Without Borders ပြောရေး ဆိုခွင့် ရှိသူ Vincent Brossel က ပြောကြားသည်။

အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပ ခဲ့သည့် သီတင်းပတ် များအတွင်း AFP သတင်းဌာန၏ ထုတ်ပြန်ချက် များအရ မြန်မာ နိုင်ငံတွင် တားမြစ် ခံထားရသော အော့စလို အခြေစိုက် Democratic Voice of Burma မီဒီယာ အဖွဲ့ အစည်း အနေဖြင့် ထောက်ပံ့ကြေး ရန်ပုံငွေ များစွာ ဖြတ်တောက် ခံရပြီးနောက် အစီအစဉ် မြောက်မြားစွာ ဖျက်သိမ်း ခဲ့ရသည်ဟု သိရသည်။

DVB ဒုတိယ မန်နေဂျာ ခင်မောင်ဝင်းက ယခုနှစ် အတွက် ရန်ပုံငွေ ဖြတ်တောက် ခံရမှုမှာ အမေရိကန် ဒေါ်လာ ၁ သန်းခန့် ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲများကို သတင်း ဖော်ပြရန် အတွက် မနှစ်က အပို ရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသိန်း ရရှိခဲ့ခြင်း ကြောင့်လည်း ယခုကဲ့သို့ ဖြတ်တောက်ခြင်း ဖြစ်သည်ဟု ယင်းက ပြောသည်။

Reporters Without Borders က သတင်းစာ လွတ်လပ်ခွင့် အတွက် အဆင့် သတ်မှတ် ရာတွင် နိုင်ငံပေါင်း ၁၇၈ နိုင်ငံ အနက် မြန်မာ နိုင်ငံကို ၁၇၄ သတ်မှတ် ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment