Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစု၌ ဗုံးဖောက်ခွဲမည့်ပာူသည့် သတင်းများကြောင့် လုံခြုံရေးတိုးမြှင့်ထားရ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် အကြမ်းဖက်သမားများမှ ဗုံးဖောက်ခွဲမှုများ ပြုလုပ်မည်ပာူသည့် သတင်းများထွက်ပေါ်နေမှုကြောင့် သြဂုတ်လ ဒုတိယပတ်မှ စတင်၍ ဒေသဆိုင်ရာ အာဏာပိုင်များမှ လုံခြုံရေး အင်အားကို ယခင်ထက် ပိုမို တိုးမြှင့် ထားရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက “သတင်းရရှိမှုပေါ် မူတည်ပြီး ကျွန်တော်တို့ လက်ရှိထက် ပိုတိုးမြှင့်ပေးသွားမယ် အကြမ်းဖက်သမားတွေ ဝင်လာမယ်။ မဝင်လာဘူးဆိုတာ ကျွန်တော် တို့လည်း မခန့်မှန်းနိုင်ဘူး”ဟု ပြောသည်။

အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ နယ်စပ်မြို့နယ်များဖြစ်ကြသော ဘူးသီးတောင်မောင်းတောမြို့နယ်များ အပါအဝင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် ရမ်းဗြဲ စသည့်မြို့နယ်များတွင် အကြမ်းဖက် သမားများ ဝင်ရောက်၍ ဗုံးခွဲမည့်ပာူသည့်သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း အဆိုပါဒေသခံတို့၏ ပြောကြားချက် များမှ သိရသည်။

ထိုသို့ သတင်းများထွက်ပေါ်နေမှုများနှင့်အတူ မသင်္ကာသူလူစိမ်းများကိုလည်း ဗုဒ္ဓသာသနိကအဆောက် အအုံများ ဖြစ်သည့် စေတီပုထိုး၊ ဘုရားကျောင်းကန်များ၏ အနီးတွင် ညအချိန်များ၌ တွေ့ရှိနေရကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အတူ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်အတွင်းရှိ အဓိဋ္ဌာန်ဘုန်းတော် ကြီးကျောင်း ပရဝုဏ်အတွင်း၌ မသင်္ကာသူနှစ်ဦးကို တွေ့ရှိ၍ လိုက်လံဖမ်းဆီးရာ တစ်ဦးကိုသာဖမ်းဆီးရမိပြီး ကျန်တစ်ဦး မှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း မသင်္ကာသူဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် အဆိုပါ ဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္ဇင်း ဦးဝဏ္ဏ၏ မိန့်ကြားချက်မှ သိရသည်။

“ဖမ်းမိလိုက်တဲ့ ဘင်္ဂါလီကောင်လေးပြောတာက နောက်တစ်ယောက်က ထွက်ပြေးသွားတယ်။ ထွက်ပြေး သွားတဲ့သူမှာ အထုပ်အပိုးတွေ ပါတယ်လို့ပြောတယ်။ အထုပ်အပိုးတွေထဲမှာ ဘာတွေပါလဲတော့ ဦးပဉ္ဖင်းတို့လည်း မသိဘူး။ သူ့ကို ရဲလက်အပ်လိုက်တယ်။ ည ၁၀ နာရီလောက်မှာ ရဲကပြောခိုင်းလို့ဆိုပြီး လူတစ်ယောက်လာ ပြောတယ်။ ဖမ်းမိလိုက်တဲ့ ကောင်လေးက ဘင်္ဂါလီမဟုတ်ဘူး။ စိတ်မနှံ့တဲ့သူ ဖြစ်တယ်လို့ ဦးပဉ္ဇင်းတို့ကို လာပြောတယ်။ တစ်ခုခုဖြစ်မှာစိုးလို့ ဘင်္ဂါလီ မဟုတ်ဘူးလို့ ပြောတာဖြစ်နိုင်တယ်”ပာု ၎င်းကဆက်လက်ဆိုသည်။

အလားတူ သြဂုတ်လ ၁၇ ရက်နေ့၊ ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့ရှိ တန်ခိုးကြီးစေတီတစ်ဆူဖြစ်သည့် ဦးရစ်တော်စေတီခြေရင်းတွင် မသင်္ကာသူလေးဦးကို ပေါက်ကွဲစေတတ်သော ဖောက်ခွဲရေး ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ပုဏ္ဏားကျွန်းတွင်နေထိုင်သော ဒေသခံများ၏ ပြောကြားချက်မှ သိရသည်။

လင်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခဖြစ်ပွားမှု အခြေအနေများမှာ တည်ငြိမ်နေပြီ ဖြစ်သော်လည်း ယခုကဲ့သို့ အကြမ်းဖက် ဗုံးဖောက်ခွဲခွဲမည့် သတင်းများထွက်ပေါ်လာမှုကို ဒေသခံများအနေဖြင့် အထူး စိုးရိမ်လျက် ရှိနေကြောင်း သိရသည်။

YC


 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လိုင်ဇာမြို့သို့  သွားရောက်ထောက်ပံ့ရန်  ကေအိုင်အိုလက်မခံ

ကချင် လွတ်မြောက်ရေးတပ်မတော် ( KIO ) ဌာနချုပ်တည်ရှိရာ  လိုင်ဇာမြို့ရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်းများတွင် နေထိုင် လျက်ရှိသော ဒေသခံများအား မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့မှုကို ကေအိုင်အိုဘက်မှ လက်မခံခဲ့ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ  ပြောရေးဆိုခွင့် ရှိသူ ဦးဂဲနက်စ်က ပြောကြားသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လိုင်ဇာမြို့သို့ သွားရောက်ထောက်ပံ့မည့် ကယ်ဆယ်ရေးပစ္စည်းများကို  စင်ကာပူနိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့ရှိ ကြက်ခြေနီအသင်းတို့က  ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ဒုက္ခသည် အိမ်ထောင်စု ၁၃၀၀၀ ကျော်ခန့်ကို  ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လိုင်ဇာသို့သွားရောက်မည့် ကြက်ခြေနီအသင်းတွင်   နိုင်ငံခြားသားများ မပါဝင်ကြောင်းနှင့် လိုင်ဇာသို့ သွားရောက်ရန်အတွက်  ကေအိုင်အိုဘက်သို့  ငြိမ်းချမ်းရေး အကျိုး တော်ဆောင် အဖွဲ့(PCG) မှ တစ်ဆင့်  ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း  ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကေအိုင်အိုအဖွဲ့သည် အစိုးရနှင့်  ခိုင်မာသော ငြိမ်းချမ်းရေး မရရှိသေးသရွှေ့ အစိုးရထံမှ ဒုက္ခသည်များအတွက်  ကူညီ ထောက်ပံ့မှုများကိုမယူပာူသည့် မူဝါဒကိုချမှတ်ထားပြီး ယခုကဲ့သို့ ဒုက္ခသည်များအား သွားရောက်ထောက်ပံ့မည့် ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှာ အစိုးရ၏ အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် လက်မခံခဲ့ခြင်းဖြစ်သည်။ သို့သော် စင်ကာပူနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းမည် ဆိုပါက လက်ခံသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ  ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

လက်ရှိ ကေအိုင်အို ထိန်းချုပ်ရေးနယ်မြေအတွင်း စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ခုနစ်သောင်းခန့် နေထိုင်လျက် ရှိသည်။ ကချင်ပြည်နယ် ကြက်ခြေနီအသင်းအနေနှင့် မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများမှ ဒုက္ခသည်များကို ကယ်ဆယ် ရေး ပစ္စည်းများ ထောက်ပံ့ခဲ့ပြီး  ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များကို သွားရောက်ထောက်ပံ့ရန် ကေအိုင်အို ဘက်သို့  ကမ်းလှမ်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ကချင်ပြည်နယ် ကြက်ခြေနီအသင်းထံမှ  သိရသည်။

YC


 

မြန်မာ့လူမှုရေးကို ဦးစားပေး၍ ပူပေါင်းလုပ်ကိုင်သွားမည်ဖြစ်ကြောင်း အစ္စရေးသံအမတ်ကြီးပြောကြား

မြန်မာနိုင်ငံအပေါ် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းထက် နိုင်ငံတွင်း စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုပတ်ဝန်းကျင် ဖွံဖြိုးရေးများတွင်သာ အဓိကဦးစားပေး ပူးပေါင်းကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း အစ္စရေး သံအမတ်ကြီး မစ္စတာ Hagay Moshe Behar က ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင်ကျင်းပသော အစ္စရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ( MASHAV ) ၏ ရှေ့လုပ်ငန်းစဉ်များ ဆောင်ရွက်မည့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ လိုအပ်နေတာက လူမှုစီးပွားဖွံဖြိုးရေး ကိစ္စတွေပဲလေ။ ဒီတော့ တပ်မတော်စစ်ဘက်ဆိုင်ရာ ကိစ္စတွေမှာ အခြားနိုင်ငံတွေအများကြီး လုပ်နေကြသလို အများကြီးမှလုပ်စရာမှမလိုတာ”ဟု အစ္စရေး သံအမတ်ကြီးက ဆက်လက် ပြောကြား သည်။

ထို့အပြင် MASHAV အစီအစဉ်အတွက် မြန်မာနိုင်ငံသို့ လာရောက်သော မစ္စတာ Mattanga Cohen သည် သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး အချို့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံအား အကူအညီပေးရေး ကိစ္စများကို အဓိကဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ သဘောတူညီ လက်မှတ်ရေးထိုးခြင်း ကိစ္စရပ်များကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေပိုပြီး ခိုင်မာလာတဲ့အခါ အစ္စရေးလုပ်ငန်းစုတွေ ဝင်လာကြာမှာပါပဲ။ အခုလောလောဆယ်မှာ အစ္စရေးအနေနဲ့ လေ့လာနေဆဲဖြစ်ပြီး လူမှုကူညီရေးတွေကိုပဲ ဦးစားပေးလုပ်ဆောင်နေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးကို လိုအပ်တဲ့ဘက်ကနေ ကူညီထောက်ခံအားပေးမှု လုပ်နေပါတယ်”ဟု အစ္စရေးသံ အမတ်ကြီးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ ပညာတော်သင်များကို နှစ်စဉ်ခေါ်ယူလေ့ရှိသော အစ္စရေးနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းရေး ကဏ္ဍတွင် လူမှုလုပ်ငန်းများတွင်သာ တိုးမြှင့်ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

YC


   

မြန်မာ့ စိုက်ပျိုးရေးထုတ်ကုန်များကို စံနှုန်းသတ်မှတ်ပေးရန် တရုတ်အစိုးရအား တောင်းဆို

မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်သော တရုတ်နိုင်ငံအနေဖြင့် မြန်မာ့စိုက်ပျိုးရေး ထုတ်ကုန်များကို စံနှုန်းသတ်မှတ်ပေးရန် တရုတ်အစိုးရအားတောင်းဆိုကြောင်း မြန်မာနိုင်ငံနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးသန့်ကျော်က သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်၌ တရုတ်နိုင်ငံ ယူနန်စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီ၏ ဒုတိယဥက္ကဋ္ဌ  Wang Changming နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ သည်။

လက်ရှိအချိန်တွင် မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များကို အရည်အသွေးနှင့် စံနှုန်းများသတ်မှတ်ပေးရန် မြန်မာ နိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် တရုတ်အစိုးရတို့ ညှိနှိုင်းနေဆဲဖြစ်ကြောင်း ယင်းညှိနှိုင်း ဆွေးနွေးမှုအောင်မြင်ပါက နှစ်နိုင်ငံ အပြန်အလှန် သဘောတူ လက်မှတ်ရေးထိုးကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမား အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ယင်းသို့ ပြောဆိုကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ ဆန်နှင့်ပြောင်းတို့ကို တရုတ်နိုင်ငံသို့ အဓိကထားပြီးသော်လည်း တရုတ်အစိုးရဘက်မှ  တရားဝင် စံနှုန်းသတ်မှတ်ခြင်းမရှိသောကြောင့် ယင်းကဲ့သို့ သဘောတူလက်မှတ်ရေးထိုးပြီးပါက တရားဝင်တင်ပို့နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲ၌ တရုတ်အစိုးရဘက်က မြန်မာနိုင်ငံတွင် နှစ်နိုင်ငံအစိုးရမှ ပူးပေါင်းသော စိုက်ပျိုးရေး သုတေသန အကယ်ဒမီများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံအနေဖြင့်ဆန္ဒရှိပါက မြန်မာနိုင်ငံမှ ကျွမ်းကျင်ပညာ ရှင်များက တရုတ်နိုင်ငံသို့ လေ့လာရေးခရီးသွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ယူနန် စိုက်ပျိုးရေး သိပ္ပံ အကယ်ဒမီ၏ ဒုတိယဥက္ကဋ္ဌ  Wang Changming မှ ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း စိုက်ပျိုးရေးကဏ္ဍ၌ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏမှာ အမေရိကန် ဒေါ်လာ ၆၈ သန်း ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ၏ ၈၇ ရာခိုင်နှုန်းမှာ တရုတ်မှ မြန်မာနိုင်ငံသို့ တင်ပို့သော  ထုတ်ကုန်များဖြစ်သည်။

ထို့ပြင် ဗီယက်နမ်မှ ဆန်ကို ဝယ်ယူခြင်းကို  ရပ်ဆိုင်း၍ တရုတ်နိုင်ငံမှ မြန်မာဆန်ကို  တစ်အိတ်လျှင် ကျပ် ၆၀၀ခန့်ဖြင့် ဈေးတိုးပေးကာ ဝယ်ယူနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(မူဆယ်)၏ ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာက ပြောကြားခဲ့သည်။

ယင်းသို့ တရုတ်ကုန်သည်များဘက်က ဆန်ပေါက်ဈေးကို တိုးမြှင့်ပေးလာခြင်းကြောင့် မြန်မာဆန် လှောင်လက် ကုန်သည်ကြီးများအနေဖြင့် ဆန်များကို ပိုမို ထုတ်ရောင်းလာကြောင်း သိရသည်။

ယခင်က သြဂုတ်လ ဒုတိယအပတ်အတွင်းတွင် မူဆယ်ဆန်ဈေးကွက်သို့ တစ်ရက်လျှင် ဆန်အိတ် ၆၀၀ ခန့်သာ ဝင်ရောက်နေသော်လည်း ယခုရက်ပိုင်းအတွင်း၌ တစ်ရက်လျှင် ပျမ်းမျှ ဆန်အိတ် ၁၀၀၀ ကျော်ခန့် ဝင်ရောက်နေကြောင်း  အဆိုပါ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(မူဆယ်)ထံမှ သိရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဗဟိုချုပ်ကိုင်မှုလျော့ပေးရမယ်။ ပြည်နယ်တွေကို အာဏာခွဲဝေပေးရမယ်။ ဥပဒေပြဋ္ဌာန်းခွင့် ပေးရမယ်။ ဖယ်ဒရယ်ကျင့်သုံးတဲ့  နိုင်ငံက နည်းနာဥပဒေတွေ ကြည့်ပြီး လုပ်ရမယ်။ မြန်မာ့နည်းမြန်မာ့ ဟန်နဲ့ ဖယ်ဒရယ် ထူထောင်လို့ကတော့ မဖြစ်နိုင်ဘူး၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လို့ ဖြစ်သွားလိမ့်မယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ်အတွဲ(၁) အမှတ် ( ၄၇ )တွင်ပါရှိသော “လွှတ်တော် နာယက၏ မြန်မာ့ဖက်ဒရယ်ပုံစံသစ် တိုင်းရင်းသားများ ဝိရောဓိဖြစ်”သတင်းမှ  ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဂင်ကမ်းလျန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 


“ဒီလိုကောလာလတွေ ဘယ်လိုထွက်လာတာလဲ မသိဘူး၊ စစ်တွေမှာတော့ စစ်တပ်ရော၊ ရဲတွေတွေ လုံခြုံရေးတွေ ချထား ပါတယ်။ နောက်ပြီး ပင်လယ်ဘက်က ဝင်မယ်ဆိုရင်လဲ ကြောက်စရာမလိုပါဘူး။ တပ်မတော်ရေယာဉ်တွေကလဲ ကင်းလှည့် စောင့်ကြည့်နေပါတယ်။ သူတို့တွေ ဝင်လာလို့ရှိရင် ပထမဦးဆုံး ရေတပ်ကင်းလှည့်တွေ့မှာပဲလေ။ ဒေသခံတွေ အနေနဲ့ကလဲ ကောလဟာလတွေကို မယုံဖို့၊ ဖြစ်ရပ်တစ်ခုကို သေသေချာချာ လေ့လာစုံစမ်းပြီးမှ ယုံသင့်ပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်  ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော  “မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိ ကောလာဟလများ မယုံကြရန် မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ပြောဆို” သတင်းမှ  မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဖေသန်း၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွတ်ငြိမ်းချမ်းသာခွင့်ရှိတယ်။ ပြစ်ဒဏ်လျှော့ပေါ့ခွင့်ရှိတယ်။  နိုင်ငံတော်သမ္မတက ပေးခွင့် ရှိတယ်။ ကာလုံနဲ့တိုင်ပင်ပြီး ပေးရတာလဲ အမျိုးမျိုးရှိတယ်။ ဒီလိုကိစ္စအတွက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြစ်ဒဏ် လျှော့ပေါ့ရေးအတွက် ဥပဒေပြဋ္ဌာန်းရမယ်ဆိုတဲ့ အကြောင်းဖြစ်လာရင် ဥပဒေပေါ်လာရမယ်။ ဥပဒေပေါ်လာရမယ်ဆိုရင် ဒါသည်အမျိုးမျိုး၊ ဟိုဌာန ကထုတ်၊ ဒီဌာနကထုတ်သဘောမျိုး လုံးဝမဖြစ်နိုင်တော့ဘူး။ ဒီလိုဥပဒေထုတ်ပြီ ဆိုတဲ့အခါ ကျတော့ အရင်ခေတ်လဲ မဟုတ်တော့ဘူး။ ပြည်သူအုပ်ချုပ်တဲ့ခေတ်၊ ဒါဖြစ်တဲ့အတွက် လွှတ်တော်ရဲ့အခန်းကဏ္ဍက လိုမယ်လို့ ယူဆပါတယ်။ လွှတ်တော်ရဲ့သဘောထား၊ လွှတ်တော်ရဲ့အမြင်၊ လွှတ်တော်ရဲ့ဆန္ဒ၊ အခုရှိတဲ့ ကာလုံအစည်း အဝေးမှာ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးပါပါတယ်။ ပါတော့လဲ ဒီအမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ပတ်သက်လို့ ဥပဒေမရှိဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလဲ ပါမလာဘူး”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ်  Yangon Time နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁) အမှတ် (၉၇) တွင် ပါရှိသော “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ပတ်သက်၍ ဥပဒေမရှိသေးကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြား”သတင်းမှ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ စစ်တွေဒေသက မဖွံ့ဖြိုးသေးဘူး။ ပြဿနာပေါင်းစုံ  ရှိလိမ့်မယ် ဖြစ်ပေမယ့်လို့လည်း ရေရှည်မျှော်မှန်းပြီး ခါမှ အစီအစဉ်တစ်ခုကို ဆွေးနွေးစေချင်ပါတယ်။ ဒီလိုဆွေးနွေးခြင်းအားဖြင့် လက်ရှိပဋိပက္ခရဲ့ အားနည်းချက်ကို အားသာချက် အဖြစ် ပြောင်းပြီးကာမှ ခုနက ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ အကူအညီတွေကို ပဋိပက္ခနှစ်ခုကိုသုံးသပ်ပြီး ကျွန်တော်တို့ ဒီစက်မှုဇုန်တွေမှာ ဘင်္ဂါလီ ရခိုင်သွားတွေ့ပြီးခါမှ ယုံကြည်မှုကိုတည်ဆောက်နိုင်တဲ့ သဘောရှိပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ထုတ်         Popular News   ဂျာနယ် အတွဲ(၅)အမှတ်(၃၃) တွင်ပါရှိသော “စစ်တွေတွင် အထူးစီးပွားရေးဇုန်တည်ရန် အစီအစဉ် မရှိသေး” သတင်းမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လောလောဆယ် ကျွန်တော်တို့ ပြည်ထောင်စုတပ်မတော်စုဖွဲ့ရင် အခြေခံရမဲ့ပေါလစီကိုပဲ လောလောဆယ် သဘောထား ချလို့ရပါတယ်။ လက်တွေ့ ဘယ်လို့စုဖွဲ့မလဲဆိုတာတော့ ထပ်ညှိဖို့လိုပါလိမ့်မယ်။  အထူးသဖြင့် ပြည်ထောင်စု တပ်မတော် ဆိုတာ ပေါ်လာရင် တစ်ဒီတပ်မတော်ဟာ ပြည်ထောင်စုကြီးကို ပြည်ပရန်ကနေ ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုတဲ့ အချက်မျိုး နောက်ဒီတပ်မတော်ကြီးဟာ  Civikan Supermacy လို့ခေါ်တဲ Civilan Control အရပ်ဘက်အုပ်ချုပ်မှု အောက်မှာ ရှိရမယ် ဆိုတဲ့ ပေါ်လစီမျိုးပေါ့။ အဲဒီတော့ အဲဒီလိုကာကွယ်ရေးတပ်မတော်နဲ့ဆိုင်တဲ့ ပေါ်လစီတွေကို လက်ခံသွားမယ်ဆိုရင် ကျွန်တော်တို့ စုဖွဲ့တဲ့နေရာမှာ လွယ်သွားတာပေါ့ဗျာ။ အခုအချိန်ထိတော့ ကျွန်တော်တို့ ပေါ်လစီချတဲ့ အဆင့်မှာပဲ ရှိပါသေး တယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ 21 ရက်ထုတ်  Daily  Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖယ်ဒရယ်အခြေပြု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မူကြမ်းရေးဆွဲရာ၌ အခန်းတစ်ခန်းချင်းစီအလိုက် ပြည်သူလူု၏ ဆန္ဒကိုအခြေခံမည်ဟု  UNFC ပြောကြား ” တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ ဒုတိယ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive