Transparency Myanmar

transparency.myanmar@gmail.com

International Media
Document

Snapshot of the item below:
International Media

ဘာသာပြန်သတင်းများ (၁)

(Reuters မှ 20 Aug 2013   ရက်စွဲပါ “Muslim Rohinya asylum seekers escape Thai detertion Center” သတင်းကို ဘာသာပြန်ဆိုသည်)

(The Brunei Times မှ 21 Aug 2013 ရက်စွဲပါ “Uneasy calm in Rakhine”ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

(BBC သတင်းဌာနမှ 20 August 2013 ရက်စွဲပါ Buddhism, Burma, the Rohingya and ethnic violence ကိုဘာသာပြန်ဆိုသည်)  


တရားမဝင် ရိုဟင်ဂျာ ရွှေ့ပြောင်းသူများ ထိုင်းထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်

(Reuters မှ 20 Aug 2013   ရက်စွဲပါ “Muslim Rohinya asylum seekers escape Thai detertion Center” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ တောင်ပိုင်းမှ ရိုဟင်ဂျာ ရွှေ့ပြောင်း အလုပ်ရှာဖွေသူများ အင်္ဂါနေ့တွင် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားခြင်းသည် မြန်မာနိုင်ငံမှ အကြမ်းဖက်ပဋိပက္ခကြောင့် ထွက်ပြေးလာ ကြသော နိုင်ငံမဲ့ ရိုဟင်ဂျာများ၏ အခက်အခဲ ကြီးထွားလာခြင်းကို ထင်ဟပ်နေပါသည်။

ရိုဟင်ဂျာ ဒုက္ခသည်များအပေါ် ထိုင်းအစိုးရ၏ တုန့်ပြန်ဆောင်ရွက်ပုံကို လူ့အခွင့်အရေး အုပ်စုများက ပြစ်တင် ဝေဖန်လျက် ရှိပြီး၊ ၄င်းတို့ ခွဲခြားဆက်ဆံခဲ့ရမည့် မြန်မာနိုင်ငံသို့ ဒုက္ခသည်များအား ပြန်မပို့ရန် ထိုင်းအာဏာပိုင် များကို တိုက်တွန်း တောင်းဆိုထားကြသည်။

အဆိုပါ ရိုဟင်ဂျာ ၈၇ ဦးသည် အချုပ်ခန်း သံတိုင်များကို ဖြတ်၍ အုတ်နံရံကိုဖောက်ကာ အနီးရှိရာဘာ စိုက်ခင်းများထံသို့ ထွက်ပြေးပုန်းအောင်းနေကြသောကြောင့် အပူတစ်ပြင်းရှာဖွေမှုများ ပြုလုပ်နေသည်ဟု တောင်ပိုင်း ဆောင်ခလာ ပြည်နယ်ရဲမှူးကြီး ဆူဝမ်ချန်ဆရီကပြောကြားသည်။

ယခုလ အစောပိုင်းတွင် ဆောင်ခလာရဲစခန်းမှ ရိုဟင်ဂျာ ၃၀ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ယခုအချုပ် စခန်း ဖောက်ပြေးမှု ဒုတိယအကြိမ်ဖြစ်ပွားခြင်းဖြစ်သည်။

ပင်လယ်ပြင်ကိုဖြတ်၍ မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ရိုဟင်ဂျာ ၁၈၀၀ ကျော်ကို ထိုင်းနိုင်ငံတွင် ဖမ်းဆီး ထိန်းသိမ်း ထားခြင်းကြောင့် အချုပ်ခန်းနှင့် ထိန်းသိမ်းရေးစခန်းများတွင် လူပြည်လူ့လျှံဖြစ်နေပြီး၊ ထောင်နှင့်ချီသော ရိုဟင်ဂျာလှေစီး ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များက ကမ်းခြေတွင် တားဆီး၍ ပင်လယ်ပြင်သို့ ပြန်မောင်းထုတ်ခဲ့ ကြသည်။

ရိုဟင်ဂျာဟု ခေါ်ဝေါ်နေကြသော မွတ်ဆလင်ဘာသာဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ရွှေ့ပြောင်း လာကြသော ဘင်္ဂါလီများဖြစ်သည်ဟု မြန်မာနိုင်ငံက အခိုင်အမာပြောကြားထားပါသည်။ ထို့အပြင် ရိုဟင်ဂျာများကို တိုင်းရင်းသား ၁၃၅ မျိုးစာရင်းသို့ ထည့်သွင်းခြင်းမပြုသော ၁၉၈၂ နိုင်ငံသား ဥပဒေအား မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ ကိုနိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။

၎င်းရိုဟင်ဂျာများကို ဘင်္ဂလာဒေ့ရှ်ဘက်မှလည်း အသိအမှတ်မပြုသလို၊ ထိုင်းနိုင်ငံကလည်း ယင်းကဲ့သို့ တရားမဝင် ခိုးဝင်လာသော ရိုဟင်ဂျာများကို လက်ခံလိုခြင်း မရှိပါ။

ထွက်ပြေးရိုဟင်ဂျာ ဒုက္ခသည်များသည် မွတ်ဆလင်ဘာသာကိုးကွယ်သော မလေးရှားနိုင်ငံတွင် အခြေချရန် မျှော်လင့်ကြသော်လည်း ထိုင်းနိုင်ငံမှ တရားမဝင် လူကုန်ကူးသူများ၏ လက်ထဲတွင် မကြခဏ ဒုက္ခတွေ့ကြရသည်။

မလေးရှားသို့ သွားရန် ပို့ဆောင်ခ မပေးနိုင်သော ရိုဟင်ဂျာများကိုမူ လူကုန်ကူးသည့်ပွဲစားများက ငါးဖမ်းလှေနှင့် စိုက်ခမ်းများတွင် အလုပ်လုပ်ရန် ရောင်းစားကြသည်ဟု ရိုက်တာသတင်းစုံစမ်းမှုများတွင် တွေ့ရှိထားသည်။

ထိုင်းရေတပ်ကမူ လူကုန်ကူးသည့် ကွန်ယက်တွင် ၄င်းတို့တပ်ဖွဲ့ဝင်များပတ်သက်ခြင်းမရှိဟု ငြင်းဆိုထားပါ သည်။

၂၀၁၂ မေလမှ ယခုနှစ် ဇွန်လအထိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ထွက်ပြေးလာသော ရိုဟင်ဂျာ လှေစီးဒုက္ခသည် အရေအတွက်သည် ၃၄၆၂၆ ဦးရှိခဲ့ပြီး ယခင်တစ်နှစ်ကထက် ၄ ဆတိုးလာသည်ဟု ရိုဟင်ဂျာရွှေ့ပြောင်းမှုကို လေ့လာ နေသော Arakan Project က ပြောကြားသည်။


 

ရခိုင်ပြည်နယ်အေးချမ်းရေး မလွယ်ကူသေး

(The Brunei Times မှ 21 Aug 2013 ရက်စွဲပါ “Uneasy calm in Rakhine”ခေါင်းကြီးပိုင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်တွင် မနှစ်က လူ ၂၀၀ ခန့်သေဆုံးကာ ၁၄၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော လူမျိုးရေး အကြမ်းဖက်တိုက်ခိုက်မှုများကို ထိန်းချုပ်မည်ပာု သမ္မတက အာမခံထားသော်ငြား လည်း မငြိမ်သက်မှုများ မကြာခဏဖြစ်ပွားနေခြင်း၊ ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ်နေခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်းရေး ကြိုးပမ်းမှုများမှာ အခက်အခဲတွေ့နေသည့် လက္ခဏာရှိပါသည်။

မကြာသေးမှီက ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတွင် ရိုပာင်ဂျာအလောင်းတစ်ခုကို စစ်ဆေးထိန်းသိမ်းမှုကြောင့် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ပာု သတင်းများကဆိုသည်။ အကြမ်းဖက်ရိုပာင်ဂျာလူအုပ်ကို ရဲတပ်ဖွဲ့က ပြန်လည်ပစ် ခတ်ရာမှာ နှစ်ဦးသေဆုံးကာ တစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်ပာု မျက်မြင်သက်သေများက ပြောကြားကြသည်။ မြန်မာ နိုင်ငံတွင် ယင်းကဲ့သို့ လူမျိုးရေးတင်းမာမှုများ ဖြစ်ပွားနေသည့် အဓိကအကြောင်းရင်းမှာ တိုင်ပြည်တွင်း ဆယ်စုနှစ်ချီ နေထိုင်လာခဲ့သူများကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုဘဲ ခွဲခြားပစ်ပယ်ဆက်ဆံမှုပင်ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအချို့၏ တင်းမာခက်ထန်သော အယူအဆများကလည်း အပယ်ခံ ရိုပာင်ဂျာများအပေါ် လူမျိုးစု ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်း၏ အမုန်းနှင့် အာဃာတများကြီးထွားလာအောင် လှုံဆော်သလို ဖြစ်ခဲ့သည်ပာု ဆိုကြသည်။

ထိုမျှသာမကပေးပဲ ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်စခန်းများ(IDP camps)သို့ လူ့အခွင့်အရေးအဖွဲ့နှင့် ဆေးကုသရေး အဖွဲ့များ လာရောက်မှုကို ပာန့်တားခြင်း၊ ရိုပာင်ဂျာအိမ်ထောင်စုတစ်ခုလျှင် ကလေးနှစ်ယောက်ထက် ပိုမယူရန်ကိစ္စကို ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာခြင်းစသော စိတ်အနှောက်အယှက်ဖြစ်ဖွယ် သတင်းများကို လည်း ကြားသိနေရသည်။

အခြေအနေဆိုးသော ကယ်ဆယ်ရေးစခန်းများ၏ ရုန်းကန်နေရသော ရိုပာင်ဂျာ်တို့၏ အခက်အခဲကို နိုင်ငံ တကာက ကောင်းစွာသိရှိနေပြီဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှု များကို ကြိုဆိုထောက်ခံ အားပေးနေသလို၊ တစ်ချိန်ထဲတွင် လူ့အခွင့်အရေးမှတ်တမ်းကို ပိုမိုတိုးတက်အောင် ကြိုးစားရန် မကြာသေးမှီက တိုက်တွန်းပြောကြားခဲ့သည်။

ယခုကဲ့သို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ စတင်တာထွက်ပြီးချိန်မျိုးတွင် လူမျိုးရေးအကြမ်းဖက်မှုများ ထပ်ကာ ထပ်ကာ ဖြစ်ပွားနေခြင်းသည် နိုင်ငံအတွက် ကောင်းကျိုးပေးမည်မပာုတ်ဆိုသည်ကို မြန်မာနိုင်ငံ နားလည် သဘော ပေါက်ဖို့ အချိန်တန်နေပြီဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လူထုအသိုင်းအဝိုင်းကြား အမုန်းတရားနှင့် အာဃာတ များကို ထိန်းချုပ်ရေး၊ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအားလုံး တစ်ပြေးညီပါဝင်ဖွံ့ဖြိုးရေး တို့အတွက် အရေးတကြီး၊ အလျင်စလို လုပ်ဆောင် သွားရတော့မည်ဖြစ်သည်။


ဗုဒ္ဓဝါဒ၊ မြန်မာနိုင်ငံ၊ ရိုဟင်ဂျာနှင့် တိုင်းရင်းသားလူမျိုးစု အကြမ်းဖက်မှု

(BBC သတင်းဌာနမှ 20 August 2013 ရက်စွဲပါ Buddhism, Burma, the Rohingya and ethnic violence ကိုဘာသာပြန်ဆိုသည်)  

ကမ္ဘာလုံးအတိုင်းအတာဖြင့် လေးစားမှုခံရသော လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Human Right Watch(HWR) က မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်စလင်များ အပေါ် ထိတွေ့ဆက်ဆံမှုကို “လူမျိုးတုန်းသတ်ဖြတ်မှု” အဖြစ် သတ်မှတ်ဖော်ပြလိုက်ကြောင်း သိရသည်။

ရိုဟင်ဂျာများသည် တိုင်းရင်းသားလူနည်းစုတစ်စုဖြစ်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်ကြကာ အိန္ဒိယ-ဥရောပ ဘာသာစကား ပြောဆိုကြသည်။ ရိုဟင်ဂျာများအပေါ် ဖိနှိပ်ညှဉ်းပန်းမှုများပြုလုပ်သူအများစုမှာ လူမျိုးရေးနှင့် အသားအရောင် အလွန်အမင်း ခွဲခြားသူ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ယင်းသို့ဖိနှိပ်မှုများကြောင့် ဘာသာရေးနှင့်ပတ်သက်၍ မေးခွန်း ထုတ်စရာများ ဖြစ်စေခဲ့သည်။

“ယုံကြည်မှုအလွန်” ဟူသောခေါင်းစဉ်ဖြင့် BBC ရေဒီယိုကပြုလုပ်သော အသံလွှင့်အစီအစဉ်တွင် အဆိုပါ ရိုဟင်ဂျာ အရေးကိစ္စကို ရှုထောင့်ပေါင်းစုံမှ ဖော်ပြခဲ့သည်။ ယင်းအစီအစဉ်ကို သြဂုတ်လ ၁၉ ရက်နေ့ကထုတ်လွှင့်ခဲ့ သည်။

ဗုဒ္ဓဘာသာဟူသည် အနောက်ကမ္ဘာနိုင်ငံများတွင် ငြိမ်းချမ်းပြီး အကြမ်းဖက်မှုမပြုလုပ်သော ဘာသာတရား တစ်ခုအဖြစ် ပုံဖော်ခံခဲ့ရသည်။ ဗုဒ္ဓဘာသာ၏ အခြေခံကိုယ်ကျင့်တရားဖြစ်သော ငါးပါးသီလတွင် တစ်ပါးသူ၏ အသက်ကို သတ်ဖြတ်ခြင်းသည် မှားယွင်းသော အပြုအမူတစ်ရပ်အဖြစ် သတ်မှတ်ဖော်ပြထားသည်။

သို့သော် လတ်တလော အသိဉာဏ်နည်းပါးလှသည့် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်လူနည်းစုဖြစ်သော ရိုဟင်ဂျာများ အကြား ပဋိပက္ခကြောင့် လူရာပေါင်းများစွာသေကြေပျက်စီးခဲ့ပြီး ၁၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

သို့ဖြစ်ရာ ဗုဒ္ဓဘာသာတရားတွင် အကြမ်းဖက်မှုကိုအသုံးချခြင်းနှင့်ပတ်သက်၍ ဘာတွေလမ်းညွှန်သင်ကြားထား သနည်းဟု မေးစရာဖြစ်လာသည်။ အကြမ်းဖက်မှုအသုံးပြုရန် ခွင့်ပြုထားသလော သို့မဟုတ် တားမြစ်ထားသလော။ ဗုဒ္ဓဘာသာ ကျမ်းဂန်များ၌ ပါရှိလာသောစာများကို အဓိပ္ပာယ်ဖော်ဆောင်ရာတွင် ကွဲပြားချက်များရှိနေသလော။ အစွန်းရောက် အမျိုးသားရေးဝါဒနှင့် မုန်းတီးရေးအိုင်ဒီယော်လော်ဂျီတို့က ငြိမ်းချမ်းမှုရှိသော ဘာသာရေးယုံကြည်မှု တစ်ခုကို မည်သို့မည်ပုံ ပြောင်းလဲပစ်နိုင်သနည်း။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုနှင့် ဘာသာရေးတင်းမာမှုများကို ကိုယ်ပိုင်အကျိုးစီးပွားအတွက် ခေါင်းပုံ ဖြတ်အမြတ်ထုတ်ရန် နည်းလမ်းရှာနေသည့် နာဇီလက်သစ် အိုင်ဒီယော်လော်ဂျီ တစ်ခုရှိနေပါသည်။ အချို့ဆိုလျှင် လူမျိုးတုန်း သတ်ဖြတ်မှုအန္တရာယ်ကြီးနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုမှုများပြုလုပ်နေသည်။

“ယုံကြည်မှု အလွန်” ဟူသော ဆွေးနွေးပွဲစကားဝိုင်းတွင် Yongstown State University ၏ ဘာသာရေး လေ့လာမှုဌာနမှ လက်ထောက် ပါမောက္ခ မိုက်ကယ်ဂျယ်ရီဆန်၊ Bristol တက္ကသိုလ် ဗုဒ္ဓဘာသာလေ့လာရေးဌာနမှ ပါမောက္ခ ရူပတ်ဂတ်တင်း၊ BBC မြန်မာ့ရေးရာဌာနမှ သတင်းစာဆရာ ဦးစိုးဝင်းသန်းတို့ ပါဝင်ဆွေးနွေးကြသည်။

 


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment