Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့ မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့ ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိ ပြုပြင်နိုင်မလဲဆိုတာကိုပဲ ကျွန်တော် သိချင်ပါတယ်။ အမြဲလုပ်နေရမယ့် ကိစ္စဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် အချိန်အနည်းငယ်ဖြင့် ပြင်ဆင်၍မရဘဲ ခေတ်ကာလနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့် ကိစ္စဖြစ်ဟု ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod ပြောကြား” သတင်းမှ Andrew McLeod ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယခုဆိုရင် နေပြည်တော် ရှစ်မြို့နယ်အားလုံး လယ်ယာမှတ်ပုံတင် ကိစ္စ ပြီးသွားပြီ ဖြစ်ပါတယ်။ မှတ်ပုံတင်လုပ် ပေးခြင်းဟာ အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ ပေါင်နှံလို့ ရသွားပြီဖြစ်ပါတယ်။ သားစဉ်မြေးဆက် အမွေဆက် လွှဲပြောင်းပေးလို့ ရသွားပြီ ဖြစ်ပါတယ်။ ဘဏ်မှာ ပေါင်နှံပြီး ငွေချေးလို့ ရပါပြီ။ ဒါကြောင့် အမတော်ကြေးအစား ဘဏ်များမှ တစ်ဆင့် စိုက်စရိတ်/ မွေးမြူစရိတ်များ လုံလောက်အောင်  ချေးငှားယူတဲ့ စနစ်နဲ့ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “လယ်ယာ မှတ်ပုံတင် လုပ်ပေးခြင်းသည် အိမ်ဂရန် လုပ်ပေးသလို ပိုင်ဆိုင်ခွင့် လုပ်ပေးခြင်းဖြစ်၍ သားစဉ်မြေးဆက် အမွေ လွှဲပြောင်းပေး၍ ရသွားပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီမိုကရေစီနိုင်ငံမှာ လိုအပ်ချက်တစ်ခုရှိတယ်။ နံပါတ်တစ် အချက်က စာနယ်ဇင်းကောင်စီ ဆိုတာမျိုး ရှိရမယ်။ နောက်တစ်ခုက ပြန်ကြားရေးဝန်ကြီး ဆိုတာ မရှိရဘူး။ အခုဟာက စာနယ်ဇင်းကောင်စီကို မီဒီယာကောင်စီနဲ့ တူအောင် မလုပ်ခိုင်းတဲ့ ပုံစံမျိုး ဖြစ်နေတာပေါ့။ အခုမှ လွှတ်တော်ကိုတင်ဖို့ ကြိုးစားနေတာပေါ့။ ဒီဟာကို ကျန်တဲ့ လွှတ်တော်အမတ်တွေ တော်တော်များများက ဒီအပေါ်မှာ ဘယ်လို ရှုမြင်သုံးသပ်မယ်၊ နောက်ပြီးတော့ ပြန်ကြားရေးဝန်ကြီးက ဘယ်လိုခုခံမလဲ ဆိုတာတော့၊ အဆုံးအဖြတ် ဘယ်လိုဖြစ်မယ်ဆိုတာတော့ မသိ ရသေးဘူးလေ။ ကိုယ်က လွှတ်တော်ကိုယ်စားလှယ်ပေမယ့် ဒီဥပဒေက ကိုယ်ဆွဲတဲ့ဥပဒေတော့ မဟုတ်ဘူး နော်။ မီဒီယာကောင်စီက ဆွဲထားတဲ့ဥပဒေတွေပေါ့။ သူတို့ချက်ပြုတ်ထားတဲ့ ဆွမ်းဟင်းကို ကပ်ပေးရုံပဲ ရှိတယ်။ သူတို့ပြောစေချင်တဲ့ မက်ဆေ့ခ်ျကိုတော့ ကိုယ်က လွှတ်တော်မှာ ကျန်တဲ့လူတွေကို တင်ပြပေးမယ်။ အဓိက တော့ အဲဒါပဲ။”

၂၀၁၃ သြဂုတ်လ ၂၂ ရက်နေ့ Venus News ဂျာနယ် အတွဲ (၅) ၊ အမှတ် (၄) တွင် ပါရှိသော စာနယ်ဇင်းကောင်စီမှ ရေးဆွဲသော မီဒီယာဥပဒေကို လွှတ်တော်တင်သွင်းမည့် ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဘယ်လောက်အတိုင်းအတာအထိ ပြီးမလဲ ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သုံးသပ်ရေး ကော်မတီ ဖွဲ့စည်း ပြီးပြီဆိုတော့ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုပေါ် မူတည်တယ်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပါဝင်မှု၊ ပြီးတော့ အုပ်ချုပ်ရေး ဘက်က ပါဝင်ဖို့လည်း အရေးကြီးပါတယ်။ ဥပဒေပြုတဲ့အခါမှာ အုပ်ချုပ်ရေးအပိုင်းဆိုင်းရာ ပါဝင်မှုဟာ အများကြီး အရေးကြီး ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၂ ရက်နေ့ Myanmar News Week ဂျာနယ် အတွဲ (၂) ၊ အမှတ် (၉၆) တွင် ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် ကော်မတီ၏ ကြိုးပမ်းအားထုတ်မှုနှင့် အုပ်ချုပ်ရေးဘက်မှ ပါဝင်ရန် အရေးကြီးကြောင်း သူရဦးရွှေမန်းပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အောက်ခြေက ဒေသခံတွေက မခံနိုင်လို့ဖြစ်ကြတာ ပြောတယ်။ သူတို့ရှေ့တန်းမှာ တပ်စွဲထားတာ တစ်နှစ်ကျော်ပြီ။ ပြောချင်တာက ကျွန်တော်တို့လည်း ကချင်ပါပဲ။ အားလုံးတန်းတူပဲ ဖြစ်ရပါမယ်။ အိမ်ရှင်ကို မောင်းထုတ်ပြီး ဧည့်သည်က နေတာ သိပ်မဟုတ်ဘူး ထင်တာပဲ။ KIA က လမ်းတွေ ပိတ်ထားတယ်။ ပြည်သူတွေက သွားမရဘူး။ ဒါတွေရှိတယ်။ ဒါကြောင့် ကိုယ့်နေရာ ကိုယ်ပြန်သွားတာ အကောင်းဆုံးပါ။ ဘာမှ ပြဿနာ ဖြစ်စရာမရှိဘူး။ ပြည်သူတွေရဲ့ လိုအပ်ဆန္ဒကို အဓိကထားကြပါလို့ ပြောချင်ပါတယ်”

၂၀၁၃ သြဂုတ်လ ၂၀ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကေအိုင်အိုနှင့် ကချင်ပြည်သူ့စစ် တိုက်ပွဲဖြစ်” သတင်းမှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိမ်းဆောင် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment