Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး

*****************************************

ဆောင်းပါးကဏ္ဍ

 မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး

ထက်ခိုင်

ဇွန်လ ၄ရက်နေ့ထုတ်The Voice ဂျာနယ် အတွဲ(၈) ၊အမှတ်(၂၄)ပါဆောင်းပါးမှ ကူးယူဖော်ပြချက်

နိဒါန်း

မြန်မာနိုင်ငံတွင် အရေးတစ်ကြီး လက်ရှိ ဖြေရှင်းဆောင်ရွက်ရမည့် စိန်ခေါ်မှုမှာ လတ်တလော လျှပ်စစ်စွမ်းအင်ဖူလုံရေးနှင့် ရေရှည်လျှပ်စစ် စွမ်း အင် လုံခြုံရေးဟု ရှုမြင်သည်။ စိန်ခေါ်မှုကိုရှုမြင် သုံးသပ်ရာတွင် ပကတိအရှိတရားကို သုတေသန ဖန်ပြားပေါ်တင်၍ ဘက်မလိုက်တမ်း သုံးသပ်လေ့လာ ကြည့်မှသာ အနီးစပ်ဆုံးသော အဖြေမှန်သို့ ရောက်ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီနောက် စတင်ဆောင်ရွက်ခဲ့သည့် KTA Development Plan မှအစပြုလျက် လက်ရှိအစိုးရသစ်လက်ထက်အထိ အမျိုးမျိုးသော မဟာဗျူဟာအပြောင်းအလဲ ၊ မူဝါဒအချိုးအကွေ့များ ကြုံတွေ့ခဲ့ရခြင်းသည် လက် ရှိ ဖြစ်ပေါ်နေသော လျှပ်စစ်စွမ်းအင် အကြပ်အတည်းသို့ ဆိုက်ရောက်စေခဲ့သည်ဟု ကောက်ချက်ချနိုင်ပါသည်။ ဤအတွက် လက်ညှိုးထိုးအပြစ်ဖို့စရာ ရှာ ဖွေဖော်ထုတ်နေခြင်းသက်သက်ဖြင့် လက်ရှိကြုံတွေ့နေရသော အမျိုးသားစွမ်းအင် အကြပ်အတည်းကို ကျော်လွန်နိုင်မည်မဟုတ်ပေ။ လမ်းကြောင်းမှန် ပေါ် ရောက်ရှိစေမည့် မူဝါဒသစ်ကို ရှာဖွေပြောင်းလဲရမည်ဖြစ်သည်။

“အဓိက မီးမောင်ထိုးတင်ပြလိုသည့်အချက်မှာ နိုင်ငံရေး၊ စီးပွားရေးလက်ရှိ ပွင့်လင်းလာသော လက်ရှိအခင်းအကျင်းတွင် တစ်မျိုးသားလုံး ရင် ဆိုင်နေရသည့် လျှပ်စစ်စွမ်းအင်ပြဿနာဖြေရှင်းနိုင်ရေးကိုသာ မျက်မှောက်ပြုကြရန် ဖြစ်သည်။ တနည်းဆိုရလျှင် အမျိုးသားစွမ်းအင်လုံခြုံရေးပြဿနာ ကို ယနေ့နိုင်ငံသားတိုင်း ကြုံတွေ့ရင်ဆိုင်နေရသောကြောင့် လက်တွေ့ကျ၍ ရေရှည်တည်တံ့သော အမျိုးသားစွမ်းအင်လုံခြုံရေး မဟာဗျူဟာကို ချမှတ် အကောင်အထည်ဖော်နိုင်ရေး လိုအပ်လာခြင်းပင်ဖြစ်သည်။

လျှပ်စစ် စွမ်းအင်ထုတ်လုပ်ဖြန့်ဖြူးမှု လုပိကိုင့်ခွင့်နှင့် ဥပဒေများပြုပြင်ပြောင်းလဲခြင်း

လွတ်လပ်ရေးရပြီးကာလမှ ၁၉၈၄ ခုနှစ်အထိ လျှပ်စစ်ဌာနဟူ၍ လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းအဖြစ် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအောက်တွင် ရှိခဲ့ပြီး ၁၉၈၅မှ ၁၉၉၆ ခုနှစ်အထိ စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ရှိခဲ့သည်။ လျှပ်စစ်စွမ်းအားထုတ်လုပ်ရေး သယ်ယူဖြန့်ဖြူးရေး လုပ်ငန်းအားလုံးကိုလည်း ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းကသာ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ တပ်မတော်အစိုး ရလက်ထက် ၁၉၉၇ ခုနှစ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ သီးခြားဌာနတစ်ခုအဖြစ် ဖွဲ့စည်းထူထောင်ကာ ၂၀၀၆ ခုနှစ်အထိ ယင်းဝန်ကြီးဌာန တစ်ခု တည်းကသာ ဓာတ်အားထုတ်လုပ်ရေးဖြန့်ဖြူး ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့သည်။၂၀၀၆ ခုနှစ် မေလတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဟူ၍ ၀န်ကြီးဌာနနှစ်ခုအဖြစ် ခွဲထုတ်ကာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရေးကို တာဝန်ယူဆောင်ရွက်စေခဲ့ကြောင်း တွေ့ရှိရသည်။

ပုဂ္ဂလိကကဏ္ဍပါဝင်မှုကို လေ့လာကြည့်လျှင် တိုင်းရင်းသားစီးပွားရေးလုပ်ငန်းများကို တည်ဆောက်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် ပြည်ပကုမ္ပဏီများ နှင့် တွဲဖက်၍ ပါဝင်နိုင်သော အခွင့်အလမ်းများ စတင်ခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ သို့သော်လည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုများ တွင် ဈေးကွက်စီးပွားရေး၏ ကြန်အင်လက္ခဏာများဖြစ်သော ပုဂ္ဂလိကလက်ဝယ်တွင် လွတ်လပ်စွာလုပ်ကိုင်ခွင့် ဈေးကွက်နှင့် စားသုံးသူအကြား လွတ်လပ် စွာ ယှဉ်ပြိုင်နိုင်ခွင့် ဥပဒေကြောင်းအရ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုံခြုံမှုအတွက် အာမခံပေးနိုင်သော ဥပဒေ၊ နည်းဥပဒေများ တိတိကျကျ သတ်မှတ် ပြဌာန်းထားခြင်းများ မရှိသေးကြောင်း တွေ့ရှိနိုင်သည်။

၁၉၈၅ ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ အာရှ ၊ အာဖရိကနှင့် လက်တင်အမေရိကဒေသရှိ နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့် ဖြူးမှုဆိုင်ရာ သုတေသနပြုလုပ်မှုတစ်ရပ်အရ ထုတ်လုပ်ဖြန့်ဖြူးမှုပြောင်းလဲရန် လိုအပ်ချက်ခုနစ်မျိုးကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။

(၁) နိုင်ငံစုံကော်ပိုရေးရှင်းများတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊၀န်ဆောင်မှုမတိုချဲ့နိုင်ခြင်း၊တည်ငြိမ် စိတ်ချရခြင်းမရှိသော ဖြန့်ဖြူးမှုများ စသည်တို့ကြောင့် အားနည်းနေခြင်း၊

(၂) စီပွားရေးတိုးတက်လာသည်နှင့်အမျှ မြင့်တက်လာသော ၀ယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီး မြှပ်နှံမှု၊ ကြံ့ခိုင်ထိန်းသိမ်းမှု၊ အဆင့်မြှင့်တင်မှု၊ စရိတ်များကို နိုင်ငံပိုင်လုပ်ငန်းများအနေဖြင့် လုပ်ဆောင်နိုင်စွမ်းမရှိတော့ခြင်း၊

(၃) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုများတွင်လည်းကောင်း၊သုံးစွဲမှု တွက်ချက်သော စက်ကိရိများတွင်လည်းကောင်း၊ နည်းပညာများ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာခြင်းကြောင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှုတွင် ခေတ်ဟောင်းဖွဲ့စည်းတည်ဆောက်မှုများ အလုပ်မဖြစ်တော့ခြင်း၊

(၄) ပြည်သူ့ရေးရာ ၀န်ဆောင်မှုများတွင် အခြားသောကဏ္ဍများတင် တိုမြှင့်သုံးစွဲရခြင်းကြောင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ဖြည့်ဆည်းပေး နေခြင်းများ ဖယ်ရှားရန်အကြောင်းဖန်လာခြင်း၊

(၅) နိုင်ငံတော်ပိုင်လုပ်ငန်းများကို ပုဂ္ဂလိကများလက်ဝယ်သို့ လွှဲပြောင်းရောင်းချခြင်းဖြင့် အချိန်တိုအတွင်း ငွေကြေးအလုံးအရင်းများ ရရှိရန် လိုအပ်လာ ခြင်း၊

(၆) ၁၉၈၀ပြည့်နှစ်များတွင် ချီလီ ၊ အင်္ဂလန်၊ဝေးလ် နှင့် နော်ဝေနိုင်ငံများတွင် လျှပ်စစ်စွမ်း အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း အောင်မြင်လာခြင်းကြောင့် အခြားသောဖွံ့ဖြိုးဆဲ နိုင်ငံများကယင်းသို့သောပြုပြင် ပြောင်းလဲမှုများပြုလုပ်ရန် လိုလားလာခြင်း၊

(၇) နိုင်ငံများပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်ဖ်ကဲ့သို့သော ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံများမှ ဖိအား ပေး တောင်းဆိုလာကြခြင်း။

အထက်ပါအခြေအနေ ခုနစမျိုးမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုနယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာရသော အကြောင်း အရင်းများ ဖြစ်နေသည်။ မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရလည်းကောင်း၊ တိုးတက်ပြောင်းလဲနေသော လူနေမှုစနစ်နှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ခန့်မှန်းချက်အရလည်းကောင်း ပြုပြင်ပြောင်းလဲမှုများ အရေးတကြီး ဆောင်ရွက်လာပြီဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၈၏ နောက်ဆက်တွဲ ဇယား (၂) ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တောကဏ္ဍမှ ပြည်ထောင်စုက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် အကြီးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်က စီမံပိုင်ခွင့်ရှိသော အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဥပဒေများ၊ နည်းဥပ ဒေများ ပြဋ္ဌာန်းပေးရေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများက ဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ ထိုသို့ ဥပဒေများ၊ နည်းဥပဒေများ ရှင်းလင်းခိုင်မာအောင် ပြဋ္ဌာန်းပေးခြင်းဖြင့် ရင်းနှီးမြှပ်နှံမှုများ လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများ လျော့နည်းရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုတို့ကို ဆောင်ကြဉ်းနိုင်ရေးတို့ ရှိစေမည် ဖြစ်ပါသည်။

အချို့က လျှပ်စစ်ဓာတ်အား မလုံလောက်မှုများနှင့် စပ်လျဉ်း၍ စနစ်ကို အပြစ်တင်ကြသည်ကို တွေ့ရှိရသဖြင့် ဖွဲ့စည်းပုံခြေခံဥပဒေ၏ အာမခံ ချက်များကို ထည့်သွင်းတွက်ချက်ရန် တင်ပြလိုခြင်းဖြစ်သည်။ စနစ်သည် ပြောင်းလဲနေပြီဖြစ်သည့်အပြင် ယင်းစနစ်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့်များ အပြည့်အ၀ရရှိစေရေး ကြိုးပမ်းအားထုတ်ကြရန်လိုသေးသည်ကို သိမြင်နားလည်မှသာ စနစ်သစ်၏ ကောင်ကျိုးများကို အပြည့်အ၀ ရရှိခံစားနိုင်မည် ဖြစ်ပါ သည်။ ဖွဲ့စည်ပုံအခြေခံဥပဒေပါ အခွင့်အရေးများ၊ လုပ်ပိုင်ခွင့်များအား အပြည့်အ၀ရယူအသုံးချ၍ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းတို့တွင် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာစေရန် လမ်းဖွင့်ပေးနိုင်မည့် အခွင့်အလမ်းရှိစေရန်လည်း လိုအပ်မည်။ ဆိုလိုသည်မှာ လျှပ်စွမ်းအားထုတ်လုပ်ဖြန့်ဖြူးမှု အကြပ်အတည်းကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများ ဖြေရှင်းရာတွင် ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုများအား လမ်းဖွင့်ပေးခြင်းအပါအ၀င် ယင်းအခွင့်အလမ်းများကို အမိအရ ဆုပ်ကိုင် နိုင်ရေးသည် နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကသာ ဖော်ဆောင်ပေးနိုင်မည်ဟု သုံးသပ်မိသည်။

လျှပ်စစ်စွမ်းအင်အရင်းအမြစ်များကို အားထားပြုမှု ပြုပြင်ပြောင်းလဲရေး

ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ သဘာဝအရင်းအမြစ်များ ပေါများမှုကို အခြေခံ၍ မြန်မာနိုင်ငံ၌ ရွေးချယ်ခဲ့သော လျှပ်စစ် ထုတ်လုပ်ရေးမူဝါဒသည် ရေအားလျှပ်စစ်ကို အခြေခံခဲ့ကြောင်း တွေ့ရှိရသည်။ ယခု ၂၀၁၂ခုနှစ် ဧပြီလအထိ မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံ များတွင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၁၉ ရုံ၊ ၁၆၆၀ မဂ္ဂါဝပ်၊ တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ရုံ ၁၂၀ မဂ္ဂါဝပ်နှင့် သဘာဝဓာတ် ငွေ့ ဓာတ်အားပေးစက်ရုံ ၁၅ ရုံ ၇၁၄ မဂ္ဂါဝပ် စုစုပေါင်းထုတ်လုပ်မှု ၃၄၉၄ မဂ္ဂါဝပ်ရှိကြောင်း တွေ့ရှိရသည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း တည်ဆောက်ဆဲ စီမံကိန်းများမှ ပြီးစီးနိုင်သည့် စီမံကိန်းများကို လေ့လာကြည့်သောအခါ ချီဗွေငယ်စီမံကိန်း ၅၅မဂ္ဂါဝပ် ၊ သောက်ရေခပ်(၂)စီမံကိန်းမဂ္ဂါဝပ်၁၂၀၊ ဖြူးစီမံ ကိန်း ၄၀ မဂ္ဂါဝပ်၊ ဘီလူချောင်းစီမံကိန်း ၅၂မဂ္ဂါဝပ်၊ နန်ချိုစီမံကိန်း ၅၀ မဂ္ဂါဝပ်၊ အထက်ဘီလူးချောင်းစီမံကိန်း ၂၉ မဂ္ဂါဝပ်၊ အထက်ပေါင်လောင်းစီမံကိန်း ၁၄၀ မဂ္ဂါဝပ်ဖြစ်၍ စုစုပေါင်းထပ်တိုးရရှိလာနိုင်သည့် မဂ္ဂါဝပ်မှာ ၅၀၂ မဂ္ဂါဝပ်သာဖြစ်ကြောင်း တွေ့ရှိသည်။

ဓာတ်အားသုံးစွဲမှုအပိုင်းကို လေ့လာကြည့်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၀၀ မဂ္ဂါဝပ်ခန့် မန္တလေးတိုင်းဒေသကြီးတွင် ၁၂၀ မဂ္ဂါဝပ်ခန့်၊ နေပြည် တော်တွင် ၅၀ မဂ္ဂါဝပ်၊ တောင်ကြီး ၂၅ မဂ္ဂါဝပ်၊ မုံရွာ ၁၅ မဂ္ဂါဝပ် အသီးသီး သုံးစွဲနေကြသည်။ အိမ်ထောင်စုအလိုက် လျှပ်စစ်မီရရှိမှုကို ကြည့်လျှင် ရန်ကုန် တိုင်းဒေသကြီးတွင် သုံးအိမ်ထောင်လျှင် နှစ်အိမ်ထောင်နှုန်း၊ ရာခိုင်နှုန်းအားဖြင့် ၆၆ ရာခိုင်နှုန်းရရှိကြောင်း၊ နေပြည်တော် ၃၄ရာခိုင်နှုန်း၊ မန္တလေးတိုင်း ဒေသကြီး၃၃ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် ၃၀ ရာခိုင်နှုန်း စသည်ဖြင့် ရရှိကြောင်း တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးမှာ မြစ်ချောင်းများ ပေါများပြီး လူဦး ရေပေါများမှုများကြောင့် လျှပ်စစ်မီးရရှိမှုမှာ ၁၀ ရာခိုင်နှုန်းကျော်သာရှိပြီး ချင်းပြည်နယ်မှာ ဧရာဝတီတိုင်းဒေသကြီးထက်ပင် ပိုမို၍ရရှိကြောင်း တွေ့ရှိရ သည်။

အဓိကအကျပ်အတည်းသည် လျှပ်စစ်ဓာတ်အား အများဆုံးသုံးစွဲသော ရန်ကုန်မြို့၏အနီးတွင် လုံလောက်အောင် ထုတ်လုပ်ပေးနိုင်သော လျှပ် စစ်ဓာတ်အားပေးစက်ရုံ မရှိခြင်းပင် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ဝေးလံသော ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားဖြည့်တင်းရန် ဓာတ်အား ပေးလိုင်း ရှည်လျားစွာဆွဲရသဖြင့် ဓာတ်အားလေလွင့်ဆုံးရှုံးမှုများ ရှိနေသည်။ (ယခုနောက်ဆုံးသိရှိရသော သတင်းများအရ တောင်ကိုရီး ယား နိုင်ငံမှ Busan Korea Biotechnology BKB ကုမ္ပဏီမှ ရန်ကုန်မြို့နှင့် သီလ၀ါစက်မှုဇုန်အတွက် ၅၀၀မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် GEကုမ္ပဏီနှင့် ပူးပေါင်း၍ အလုံနှင့် လှော်ကားရှိ ဓာတ်အား တာဘိုင်သုံးလုံးကို အချိန်တိုအတွင်း စက်များ အစုံလိုက်လဲလှယ်၍ မူလသုံးစွဲသည့် သဘာဝဓာတ်ငွေ့ပမာဏကိုပင် အသုံးပြုလျက် ၇၀MWတိုးမြှင့် ထုတ်လုပ်ရေးကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အခြားအစီအစဉ်ကိုလည်း သိရှိသလောက်အောက်တွင် ဖော်ပြထားပါသည်။)

သို့ရာတွင် အဓိကစဉ်းစားရန်မှာ တိုးတက်လာမည့် ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ၏ လျပ်စစ်လိုအပ်ချက်ကို ခန့်မှန်းတွက်ချက်၍ ဖြေရှင်းနိုင်ရေး စွမ်းအင်မူဝါဒချမှတ်ရန် သုံးသပ်မိပါသည်။

လူဦးရေ လေးသန်းခွဲသာရှိသော စင်ကာပူ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ (၁၁၀၀၀)မဂ္ဂါဝပ် ရှိနေသည့်အတွက် လူဦးရေ ခြောက်သန်းသာရှိသော ရန်ကုန်မြို့သည် စီပွားရေး တိုးတက်လာပြီး စက်မှုဖွံ့ဖြိုးလာခဲ့လျှင် လက်ရှိ ၆၀၀ မဂ္ဂါဝပ်မှ နှစ်ဆခန့် မြင့်တက်လာမည်ဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်၏ အနီး ၀န်းကျင်တွင် လျှပ်စစ်ဓာတ်အား(အနည်းဆုံး) ၁၀၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ဓာတ်အားပေးစက်ရုံများ တည်ဆောက်ထားရှိရန် လိုအပ်မည်ဖြစ်သည်။

မန္တလေးမြို့၏ အနီးအနား၌ မဂ္ဂါဝပ် ၇၉၀ ထုတ်လုပ်နိုင်သော ရဲရွာရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ထားသဖြင့်လည်းကောင်း၊ ဆည်တော်ကြီး၊ ကင်းတား စသည့် စက်ရုံငယ်များ တည်ရှိနေခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းသို့ ပို့လွှတ်ရသည့် လျှပ်စစ်ဓာတ်အားမှာ မန္တလေးကို ဖြတ်သန်းသွားရသဖြင့်လည်းကောင်း၊ နောင်တွင် တိုးမြင့်လာမည့်သုံစွဲမှုများအရ လည်းကောင်း၊ ထိုက်သင့်သည့် ဖူလုံမှုများရှိနေသည်ဟု ဆိုနိုင်သည်။

လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်သည့် စီမံကိန်းလျာထားချက်များကို လေ့လာကြည့်လျှင် ၂၀၁၂ ခုနှစ်မှ ၂၀၂၀အထိ (ဘတ်ဂျတ်ပုံမှန်ရရှိ နေလျှင်) စီမံကိန်း၁၁ခုပြီးစီးမည်ဖြစ်သော်လည်းစက်တပ်ဆင်အားမှာ ၁၉၂၂ မဂ္ဂါဝပ်သာ တိုးတက်ရရှိလာမည် ဖြစ်ပါသည်။ ပြည်သူလူထုမှ လျှပ်စစ် တိုးမြှင့် သုံးစွဲနိုင်မည့် အခြေအနေများ၊ စက်မှုလုပ်ငန်များနှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်မြင့်မားလာမည့် အနေအထားနှင့် နှိုင်းယှဉ်ကြည့်လျှင် လက်ရှိမြန်မာ နိုင်ငံ၏ စီမံကိန်းလျာထားချက်များသည် လုံလောက်မှုမရှိဟု သုံသပ်မိပါသည်။

ဓာတ်အားပေးစက်ရုံများမှာ တောတောင်များထဲတွင် တည်ဆောက်ထားရှိပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းသို့ ပို့လွှတ်နေရသည်။ ဓာတ် အားထုတ်လုပ်မှု၏ ၄၀ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီး (ရဲရွာ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ကင်းတား)မှ ထုတ်လုပ်ပြီး ၂၀ရာခိုင်နှုန်းကို ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် (လောပိတ-၁၊၂၊ တီကျစ်၊ ကျိုင်းတောင်း၊ ဇော်ဂျီ ၁နှင့် ၂)၊ ရန်ကုန်မြို့အနီးရှိ သဘာဝဓာတ်ငွေ့သုံး စက်ရုံများမှ ၂၀ရာခိုင်နှုန်း (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ)၊ ရှမ်းပြည်နယ်မှ ၁၅ရာခိုင်နှုန်း (ရွှေလီ-၁) ထုတ်လုပ်လျက်ရှိသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ ရန်ကုန်တွင် ထုတ် လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို ရွှေလီမှ စတင်သယ်ယူပြီး ရွှေလီ-မန်စံ-ရွှေစာရံ (မန္တလေးအနီးမှ) ဘဲလင်း-သပြေ၀ (မိတ္ထီလာအနီး) အထိ၊ ထိုမှ သာစည်-ပျဉ်းမနာ-ကမာနတ်(ပဲခူးအနီး)၊ ထိုမှတဆင့် ရန်ကုန်မြို့ပြင်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ ပို့ဆောင်ပေးရသည်။ လောပိတမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားမှာ လောပိတ-တီကျစ်-ကလော-သာစည် ဓာတ်အားလိုင်းမှတဆင့် သာစည်တွင် လာရောက်ပေါင်းစုံပြီး လောပိတ-သာစည် ဓာတ်အား လိုင်းမှတဆင့် တောင်ငူတွင် လာရောက်ပေါင်းစုံသည်။ (ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်မိုင်းခွဲခံရ၍ ဓာတ်အားပို့လွှတ်၍ မရသောကြောင့် ရန်ကုန်မြို့သို့ ဓာတ်အားပို့လွှတ်၍ မရသည်ကို သတင်းထုတ်ပြန်ချက်များအရ သိရသည်။)

ရှည်လျားသော ဓာတ်အားလိုင်းဖြင့် ဓာတ်အားပေးပို့ရာ၌ ဓာတ်အားပျောက်ဆုံးမှုများ ဖြစ်ပေါ်ရသည်။ လက်ရှိ အသုံးပြုနေသော အမျိုးသားဓာတ် အားလိုင်းကွန်ရက်သည် ရှည်လျားပြီ အဆင့်မြှင့်တင်ရန် လိုအပ်သည့် ဓာတ်အားလိုင်းမှတဆင့် ဖြန့်ဖြူးရခြင်းကြောင့် ပို့လွှတ်သော လျှပ်စစ်ဓာတ်အား၏ ၂၅ ရာခိုင်နှုန်း ပျောက်ဆုံးနေသည့် ကိစ္စသည်လည်း အလေးထား ကုစားရမည့်ကိစ္စ ဖြစ်ပေသည်။ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးရခြင်းသည် ဓာတ်အားသယ်ယူ မှုနှင့် ဖြန့်ဖြူးမှုစနစ် (Transmission and Distribustion System) ကြောင့် ဖြစ်ပေါ်လာရသည်။ ထိုကိစ္စကို နည်းပညာ၊ ကျွမ်းကျင်သောလူ၊ အဆင့်မြင့်စက် ပစ္စည်းသစ်များ အသုံးပြု၍ ဆောလျင်စွာ ပြင်ဆင်သင့်ပေသည်။ လျော့နည်းပျောက်ဆုံးမှု နည်းနိုင်သမျှ နည်းစေရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သင့်ပေ သည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဆန္ဒပြအလုပ်သမားများအား ကူညီသည့်အဖွဲ့အစည်းအချို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း
  1. မီးရထားဝန်ကြီးဦးအောင်မင်း KIO ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့မှတာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံ
  2. နိုင်/ကျဉ်းဟောင်းများ သက်ဆိုင်ရာ တက္ကသိုလ် ပြန်တက်ခွင့်ရ

သတင်းနှင့် ဆောင်ပါးများမှ ကောက်နုတ်ချက်များ

****************************************

ပြည်တွင်းသတင်းများ

ဆန္ဒပြအလုပ်သမားများအား ကူညီသည့်အဖွဲ့အစည်းအချို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်

ရန်ကုန်မြို့နယ် လှိုင်သာယာစက်ရုံများ၌ စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပွားခဲ့သည့်အချိန်တွင် ယင်းသို့ ဆန္ဒပြတောင်းဆို သည့် အလုပ်သမားများထက် လာရောက်ကူညီအမြတ်ထုတ်ကြသည့် အဖွဲ့အစည်းမှလူပုဂ္ဂိုလ်များသည် ပို၍များပြားလျက်ရှိကြောင်း ဆန္ဒပြတောင်းဆိုသူ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။

"ကျွန်မတို့ ဆန္ဒပြတောင်းဆိုတဲ့အချိန်မှာ လာပြီး ကူညီကြတဲ့ NLDပါတီက လူတွေလည်း ရှိပါတယ်။ ပြီးတော့ တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိတယ်။ သူတို့က ထမင်းထုတ်တို့ဘာတို့ ဝေတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်း ရဲတွေလာတဲ့အချိန်လည်းကျရော သူတို့တွေက မရှိတော့ဘူး။ နောက်ဆုံး တကယ်ဆန္ဒပြတဲ့ ကျွန်မတို့ပဲကျန်တယ်။ အဲဒီတော့ သူတို့က ကျွန်မတို့ကို ဘာလာလုပ်ပေးတာလဲဆိုတာ ရေရေရာရာမသိဘူး။ ပြီးတော့ သူတို့တွေက အပြင်အဖွဲ့အစည်းတစ်ခုကနေ ပိုက်ဆံယူပြီး ဒီမှာလုပ်ပေးနေတယ်လို့လဲ သိရပါတယ်။ အဲဒီအတွက်လည်း တော်တော်ဝမ်းနည်းမိပါတယ်"ဟု ၎င်းက ဆို သည်။

လှိုင်သာယာမြို့နယ်မှ စက်ရုံများတွင် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး ယင်းသို့ ဆန္ဒပြတောင်းဆိုသည့်လူများအား နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းအချို့မှ လာရောက် ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း ၎င်းတို့သည် ဆူပူအုံကြွမှုအား ပိုမိုဖြစ်ပေါ်စေချင်သည့်သဘော သက်ရောက် နေကြောင်းနှင့် သက်ဆိုင်ရာရဲများမှ ရောက်ရှိလာကြသောအချိန်၌ ယင်းအဖွဲ့အစည်းများမရှိတော့ဘဲ ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများသာ ကျန်ရှိ ကြောင်း သိရသည်။

"ဘာမှမဖြစ်ခင်ကတော့ လာပြီး ကူညီကြတယ်။ ရဲတွေလည်း ရောက်လာရော ဒီအတိုင်းပြန်ထွက်သွားပြီး ဆန္ဒပြတဲ့အလုပ်သမားတွေပဲ ကျန်ခဲ့ တယ်။ သူတို့တွေက ထွက်သွားတော့ ဆန္ဒပြတဲ့အလုပ်သမားတွေ ထမင်းစားဖို့တောင် အဆင်မပြေတော့တဲ့အနေအထားဖြစ်နေတယ်။ ကူညီမယ့်သူတွေ လည်း မလာကြတော့ဘူး။ ကျွန်တော် စုံစမ်းသိရှိသလောက်ဆိုရင် တစ်ချို့အဖွဲ့အစည်းတွေက သူတို့အတွက် ပိုက်ဆံရလို့ လာပြီး လုပ်နေတာလို့လည်း သိရတယ်။ ပြောရမယ်ဆိုရင် ပရောဂျက်လိုပုံစံမျိုးပေါ့"ဟု ယင်းဆန္ဒပြမှုများနှင့် ပတ်သက်၍ သတင်းယူနေသည့် ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုသည်။

ဇွန်လ ၁ ရက်နေ့မှစတင်၍ တောင်းဆိုဆန္ဒပြနေသည့် စက်ရုံတစ်ချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ လာရောက်စောင့်ကြည့်မှုများ ပြုလုပ် လျက်ရှိပြီး နောက်ပိုင်းတွင် ပို၍များပြားလာသည့်အတွက် လာရောက်ကူညီကြသည့် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများသည် ဆန္ဒပြမှုအား ပါဝင်လုပ် ဆောင်ကူညီနေရာမှ ရှောင်ထွက်သွားကြသည့်အတွက် စက်ရုံအလုပ်သမားများသည် ကျန်ရှိပြီး ကူညီမယ့်အဖွဲ့အစည်းများမရှိတော့သည့်အတွက် အလုပ်သမားများအတွက် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြကြောင်း လှိုင်သ