Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ကိစ္စများ အပေါ် ပိုမို အလေး ထားလာရေး အတွက် ဖိအား ပေးမှုများ တိုးမြှင့် သွားသင့်ကြောင်း ချက်နိုင်ငံ သမ္မတဟောင်း ဗားကလက်ဗ် ဟာဗဲလ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်း ဆော်သြလိုက်သည်။ မစ္စတာ ဗားကလက်ဗ်ဟာဗဲလ်သည် ချက်နိုင်ငံ၊ ပရာ့မြို့၌ ကျင်းပ ပြုလုပ်သည့် ကွန်ဖရင့် တစ်ခုတွင် မြန်မာနိုင်ငံကို ဖိအားပေးရန် ယင်းသို့ တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ဟူသည် တစ်လောကလုံးနှင့် ဆိုင်သော တန်ဖိုး ဖြစ်ပြီး ယခု ဂလိုဘယ် လိုက်ဇေးရှင်း ခေတ်ထဲတွင် လူ့အခွင့်အရေး လေးစားလိုက်နာမှုများ ဖြစ်ထွန်းအောင် တောင်းဆိုမှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်သင့်ကြောင်း မစ္စတာ ဗားကလက်ဗ်ဟာဗဲလ်က ဆိုသည်။

"စီးပွားရေး ပေါင်းစပ် ဖွဲ့စည်းတဲ့ ဖြစ်စဉ်ဟာ လူသား လွတ်လပ်ခွင့်၊ အခြေခံ လူ့အခွင့်အရေး ဆိုတဲ့ အရေးကိစ္စတွေထဲမှာ ထိရောက်တဲ့ ပေါင်းစပ်မှုတွေ ဖြစ်အောင် ဆောင်ကြဉ်း မပေးနိုင်သေးပါဘူး" ဟု ဆိုသည်။ နိုင်ငံ အတော် များများသည် စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ အရေးကိစ္စများကို လူ့အခွင့်အရေး ကိစ္စထက် ပိုမို အလေးပေး နေသည့် အနေအထားမျိုး တွေ့နေရသည်ဟု မစ္စတာ ဟာဗဲလ်က ထောက်ပြသည်။

အာရပ် ကမ္ဘာတွင် လတ်တလော ဖြစ်ပေါ်လျက် ရှိသော အဖြစ်အပျက်များကို ကြည့်ပါက လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အရေးအတွက် တောင့်တမှုဟူသည် တစ်လောကလုံးနှင့် သက်ဆိုင်သည့် ကိစ္စ ဖြစ်သည်ကို ဖော်ကျူးရာ ရောက်သည် ဟုလည်း ၎င်းက ပြောဆိုသည်။ ချက်နိုင်ငံခြားရေး ဝန်ကြီး Karel Schwarzenberg ကမူ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် ကြိုးပမ်းချက်များကို ထောက်ခံ အားပေးပါကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် မဖြစ်ပေါ်စေရေး အတွက် ချက်နိုင်ငံက တောင်းဆို ပါကြောင်းလည်း မစ္စတာ Karel Schwarzenberg က ဆိုသည်။ မြန်မာ နိုင်ငံတွင် ပြီးခဲ့သည့် ၁၉၆၂ ခုနှစ် ကတည်းက စတင်ခဲ့သည့် စစ်အာဏာရှင် စနစ်ကို ချက်နိုင်ငံ အနေဖြင့် ဝေဖန် ကန့်ကွက်လိုက်ပြီး အတိုက်အခံ အင်အားစုများကို ထောက်ခံကြောင်းလည်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများ အတွက် ဥရောပသမဂ္ဂ အနေဖြင့် ရှင်းလင်း ပြတ်သားသော ရပ်တည်ချက်များ ထုတ်ဖော်ပြသရန် လိုအပ်သည်ဟု ၎င်းက တိုက်တွန်း ပြောဆိုသည်။

ငြိမ်းချမ်ရေး နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက် လာသည်မှာ မှန်သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ခန့်မှာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း မစ္စတာ Karel Schwarzenberg က ဆိုသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော အငြင်းပွားစရာ ရွေးကောက်ပွဲကို ၎င်းက ပြစ်တင် ဝေဖန်လိုက်သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယနိုင်ငံ အတွက် ဗြိတိန်နိုင်ငံ၏ အကူအညီ အထောက်အပံ့များ လျှော့ချသွားမည် ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းများကို အထောက်အပံ့ ပေးနိုင်ရေး အတွက် ရန်ပုံငွေများ တိုးမြှင့် ပေးသွားရန် စီစဉ်ထားပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် ပေါင် ၃၂ သန်း အသုံးချ နေသော်လည်း လာမည့်လေးနှစ်အတွင်း စုစုပေါင်းပေါင် ၁၈၅ သန်းအထိ တိုးမြှင့် သုံးစွဲ သွားသင့်ကြောင်း နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ အတွင်းရေးမှူး Andrew Mitchell က သုံးသပ် အစီရင်ခံထားသည်။

ဗြိတိန် အုပ်ချုပ်ရေး အစိုးရအဖွဲ့က နိုင်ငံတကာ အကူအညီပေးရေး ဆိုင်ရာ လုပ်ငန်းများအတွက် ဘတ်ဂျက်ငွေကို ၃၇ ရာခိုင်နှုန်း အထိ မြှင့်တင်သွားမည်ဟု ဆိုသည်။ နိုင်ငံ အတော်များများအတွက် အကူအညီ ပေးရေး ဆိုင်ရာ ဘတ်ဂျက်ငွေကို သိသိသာသာ လျှော့ချသွားရန် သို့မဟုတ် ဖြတ်တောက်ရန်လည်း ဗြိတိန်အစိုးရက စီစဉ်ထားသည်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ၈ ရာခိုင်နှုန်းကျော်ခန့် တိုးတက်လျက်ရှိရာ အကူအညီပေးမှုများ လျှော့ချသင့်သည့် နိုင်ငံများတွင် ပါဝင်ကြောင်း အစိုးရ အဖွဲ့ဝင် အရာရှိကြီး အချို့က ထောက်ပြ ပြောဆိုကြသည်။ ဗြိတိန်သည် အိန္ဒိယနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် နှစ်စဉ် ပေါင် သန်း ၂၈၀ သုံးစွဲလျက် ရှိသည်။

ဗြိတိန် အစိုးရ အရာရှိကြီးများ အဆိုအရ ယခု မြန်မာနိုင်ငံ အတွက် တိုးမြှင့်ပေးမည့် ကူညီ ထောက်ပံ့ငွေများသည် အောက်ခြေ အဖွဲ့အစည်းများနှင့် အခြားသော ပရဟိတ အဖွဲ့များ အတွက် ဖြစ်ပြီး မြန်မာ စစ်အစိုးရအတွက် မဟုတ်ကြောင်း The Independent သတင်းစာက ကိုးကား ဖော်ပြသည်။

"ကာလ ကြာရှည်စွာ အသံတိတ် နေခဲ့ကြရတဲ့ မြန်မာ ပြည်သူတွေကို ဗြိတိန်နိုင်ငံက မေ့မသွားပါဘူး။ မြန်မာပြည်သူတွေဟာ ဆိုးရွားလွန်းတဲ့ စီးပွားရေး စီမံခန့်ခွဲမှု နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အောက်မှု ဆယ်စုနှစ်များစွာနေထိုင်ခဲ့ကြရတာပါ" ဟု Andrew Mitchell က ပြောကြားသည်။ "မြန်မာနိုင်ငံမှာ ဆင်းရဲ နွမ်းပါးဆုံး ပြည်သူတွေ ပြောရေးဆိုခွင့် ရှိကြရပါမယ်။ ကျွန်တော်တို့က မြန်မာပြည်မှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ပြည်တွင်း အလှူရှင် အဖွဲ့တွေ၊ ကျေးရွာအုပ်စုတွေ ဖြစ်ပေါ်လာအောင် တည်ဆောက် ပေးပါမယ်။ အဲဒီ ကိုယ်စားလှယ်တွေက တစ်ဆင့် အပြောင်းအလဲ ဖြစ်ဖို့ တွန်းအား ပေးလာအောင်လည်း လုပ်ဆောင်သွားမှာပါ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ဆိုင်ရာ အစီရင်ခံစ တစ်ရပ်ကို ယခု ဖေဖော်ဝါရီ လကုန်ပိုင်း သို့မဟုတ် မတ်လ ဆန်းပိုင်းတွင် ထုတ်ပြန်မည် ဖြစ်သည်။ အဆိုပါ သုံးသပ်ချက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှ လူဦးရေ ၁၆ သန်းခန့်သည် လွန်စွာ ဆိုးရွားသော ဆင်းရဲ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ မကြာသေးခင်က အငြင်းပွားစရာ ရွေးကောက်ပွဲ ကျင်းပပြီး ရေငုံနှုတ်ပိတ် ပုံစံ ဖြစ်လာမည့် ပါလီမန် လွှတ်တော်ကို ဖန်တီးခဲ့သော မြန်မာ စစ်အစိုးရသည် ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့တွင် ငွေကြေး အနည်းငယ်မျှသာ သုံးစွဲလျက် ရှိသည်။

ANI မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Nation သတင်းစာမှ ၁၆ ရက်နေ့၊ ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ " No Real Changes as Burma Wheels Out A New President" မှ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)      

သမ္မတ ရွေးချယ် တင်မြှောက်ပွဲတွင် ယခု အနိုင် ရရှိသွားသူမှာ ဦးသိန်းစိန် ဖြစ်ပါသည်ဟု ဆိုပါက မှန်မည်ဟု ထင်ပါသလား၊ မမှန်ပါ။ ယင်းသည် ဆုချီးမြှင့်ပြိုင်ပွဲ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အရပ်ဖက် အစိုးရသစ် အတွက် သမ္မတ ရာထူး ခန့်အပ်ခြင်းသာ ဖြစ်သည်။ မကြာမှီ သက်တမ်း ကုန်မည့် စစ်ဖက် အစိုးရ၏ ဝန်ကြီးချုပ် တစ်ဦး ဖြစ်သကဲ့သို့ ကြီးမြတ်သော ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ သစ္စာခံ အသက် ၆၅ နှစ်အရွယ်  ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ရွေးကောက်ပွဲ အလွန် မြန်မာ အစိုးရ၏ သမ္မတသစ်အဖြစ် မြန်မာ လွှတ်တော်က ဖေဖော်ဝါရီ ၄ ရက်တွင် ခန့်အပ်လိုက်သည်။

          လွှတ်တော်သစ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို အတူတကွ ထိန်းချုပ်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ မဟာမိတ် အရပ်သား လွှတ်တော် ကိုယ်စားလှယ်များက ဦးသိန်းစိန်ကို တိုင်းပြည်၏ ထိပ်ဆုံး နေရာအတွက် စင်တော်ကောက် တင်မြှောက် လိုက်ခြင်းသည် အံသြစရာ ကိစ္စ မဟုတ်ပါ။

          ဦးသိန်းစိန် ခေါင်းဆောင်သည့် တပ်မတော် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲများတွင် အများစု အနိုင်ရရှိ ခဲ့သော်လည်း  အဆိုပါ ရွေးကောက်ပွဲများသည် တပ်မတော်က နိုင်ငံရေး နယ်ပယ်တွင် ဆက်လက် ရပ်တည်နိုင်ရန် အတွက် လှည့်စား ဖန်တီးထားသည့် အတုအယောင်သာ ဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း အများစုက ပြစ်တင် ရှုတ်ချ ထားကြသည်။

ဦးသိန်းစိန်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်လဲ

          မြန်မာ့ နိုင်ငံရေး မြင်ကွင်း၌ ဦးသိန်းစိန် ကာလ အတန်ကြာ ရှိနေခဲ့ရာတွင် သူ၏ ပုဂ္ဂိုလ်ရေး အသွင်နှင့် ပုဂ္ဂလိက ဘဝ အကြောင်းကို အနည်းငယ်မျှသာ သိရှိကြသည်။ စစ်အုပ်ချုပ်ရေး ကာလ အတွင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ လက်အောက်တွင် အမှုထမ်းခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်သည် စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦး ဖြစ်သည်။ သူသည် ရန်ကုန် စစ်ရုံးချုပ်၌ တပ်မတော် စစ်ဆင်ရေးများကို စီမံကွပ်ကဲ ခဲ့ဖူးကာ ၁၉၉၆ခုနှစ်က အသစ် ဖွဲ့စည်းသည့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

          ၎င်းသည် ၂၀၀၇ မှ ၂၀၁၁ ကြားကာလတွင်မူ အာဏာရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ (SPDC) ၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သူ၏ ဝန်ကြီးချုပ် သက်တမ်း အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်မှ ဗိုလ်ချုပ်ကြီး အဆင့်သို့ ရာထူး တိုးမြှင့်ပေးခြင်း ခံရပြီး ယင်းမတိုင်မှီတွင် SPDC ၏ အတွင်းရေးမှူး (၁) တာဝန်ကိုလည်း ထမ်းဆောင် ခဲ့ဖူးသည်။

          "ဦးသိန်းစိန်က စာဖတ် ဝါသနာ ကြီးသလို ကောင်းစွာ လက်ခံ နားထောင် ပေးတတ်တဲ့ Good Listener တစ်ယောက်ပါ။ အလွန် စိတ်ရှည် သည်းခံတတ်သလို ဆုံးဖြတ်ချက်တွေလည်း တိကျ မှန်ကန်တယ်။ သာမန် ပြည်သူတွေရဲ့ စားဝတ်နေရေး အတွက် အများကြီး လုပ်ပေးနိုင်မယ့် သူတစ်ယောက်လို့ ကျွန်တော် ယုံကြည်တယ်၊ မြန်မာ့ စီးပွားရေး တိုးတက် ဖွံ့ဖြိုး တိုးတက်အောင် ကူညီ ပေးနိုင်မယ့် ပုဂ္ဂိုလ် တစ်ယောက် အဖြစ် သူ့ကို ကျွန်တော် မြင်ပါတယ်'' ဟု USDP ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် ခေတ်ပေါ် စီးပွားရေး လုပ်ငန်းရှင် ဦးခင်ရွှေက သူ့အမြင်ကို ပြောသည်။

          ဦးသိန်းစိန်၏ ပုဂ္ဂလိက ဘဝ၊ နိုင်ငံရေး ဘဝနှင့် ပတ်သက်သော နောက်ထပ် အချက် အလက်များကို ရှာတွေ့ရန် မလွယ်ပါ။ လတ်တလော အင်တာဗျူး တစ်ခုတွင် မြန်မာ သံတမန်ဟောင်း တစ်ဦးက ဦးသိန်းစိန်သည် အမှန်တကယ် အေးချမ်းသော ဘဝကို ဖြတ်သန်းခဲ့သူ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

          "ဦးသိန်းစိန်ဆိုတာ စကားများများ မပြောတတ်ဘူး။ တကယ့် အေးတိ အေးစက်ကြီးလို့ လူသိများတယ်။ ပြီးတော့ အမိန့်ကိုလည်း နာခံတတ်တယ်၊ ဒါကြောင့်မို့ မြန်မာ့ တပ်မတော် အဖွဲ့အစည်းထဲမှာ သူရှင်သန် နိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်'' ဟု မြန်မာ သံတမန်ဟောင်းက ရှင်းလင်း သုံးသပ်ပြသည်။

          သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သစ္စာရှိသူ တစ်ဦး ဖြစ်သည်ဟု အများက နားလည် ထားကြသော်လည်း ၎င်းတို့နှစ်ဦး အကြား မည်မျှ နီးစပ်မှု ရှိသည်ကို အသေအချာ သိရှိထားသူ မရှိပါ။ အမှန်စင်စစ် မြို့တော်နေပြည်တော်မှ နိုင်ငံရေး ခေါင်းဆောင် အများစုသည် ပင်လျှင် ဦးသိန်းစိန်ကို သမ္မတ အဖြစ် ခန့်အပ်မည့် ကိစ္စကို ကနဦး မှန်းဆနိုင်ခဲ့ခြင်း မရှိပါ။ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သွားသူ သူရ ဦးရွှေမန်းမှာ ဗိုလ်ချုပ်မှူးကြီးအား အမွေ ဆက်ခံမည်ဟု တစ်ပြေးနေသည့် အလျောက် သူသာလျှင် သမ္မတ ရာထူးကို ရလိမ့်မည်ဟု အများက မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။

          ဦးသိန်းစိန်သည် စစ်မှုထမ်း သက်တမ်း တလျောက် သန့်ရှင်းသော ပုံရိပ် ရှိခဲ့သူ ဖြစ်ပြီး အဂတိ လိုက်စားမှု ကင်းရှင်းသူ တစ်ဦး ဖြစ်သည်။ သူ၏ အကျင့် စာရိတ္တကို ထိန်းသိမ်းပြီး အခြား ဗိုလ်ချုပ်များထက် သန့်ရှင်းသူ တစ်ဦးအဖြစ် ထင်ရှားသော်လည်း သူနှင့် ဆက်ဆံရေး ကောင်းရန် ရိုက်စား စီးပွားရေး လုပ်ငန်းရှင်များက လိုလားကြသည်ဟု မြန်မာအစိုးရ အတွင်းစည်း၌ နားလည် ထားကြသည်။

          နိုင်ငံရေး အယူအဆ အရ သုံးသပ်မည် ဆိုလျှင် သူ့လက်အောက်မှ ဒုတိယ သမ္မတ ဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် သဘောထား တင်းမာသည်ဟု ကျယ်ပြန့်စွာ သိရှိထား ကြသော်လည်း ဦးသိန်းစိန် သဘောထား တင်းမာသည်ကို ကြားဖူးသူ မရှိသေးဟုလည်း ဆိုကြသည်။

          မြန်မာ့အရေး ပါဝင် လှုပ်ရှားသူတို့၏ အဆိုအရ ဦးတင်အောင်မြင့်ဦးသည် ရှေးရိုးစွဲ ဝါဒီ တစ်ဦး ဖြစ်ပြီး နာဂစ်အလွန် ကယ်ဆယ်ရေး ကြိုးပမ်းမှုများတွင် ကုလသမဂ္ဂ၏ ပါဝင် ပတ်သက်မှုနှင့် လူသားချင်း စာနာမှုအရ ပေးအပ်သော နိုင်ငံတကာ အကူအညီများ ပေါ်တွင် သံသယ ကြီးမား လွန်းသူဟု သိရှိရသည်။

          နောက်တစ်ချက်မှာ ဦးသိန်းစိန်သည် ဖိုက်တာ တစ်ယောက် မဟုတ် ဆိုသည့် အချက်ပင် ဖြစ်သည်။ သူသည် စစ်မြေပြင် အတွေ့အကြုံ နည်းပါးသူ ဖြစ်သည်။ သို့ရာတွင် အလွန်တော်သော စီမံအုပ်ချုပ်သူ တစ်ဦးလည်း ဖြစ်နေပြန်သည်။ တနည်းအားဖြင့် ပြောလျှင် ခေါင်းဆောင်မှု အရည်အသွေး ကောင်း ရှိသူဟု ဆိုရမည်။ စစ်မြေပြင် တပ်မှူးများတွင် ရှိနိုင်သည့် ဆုံးဖြတ်ချက်မျိုး  သြဇာ ကိတ္ထိမမျိုး သူ့တွင် မရှိနိုင်ပါ။ သို့သော်လည်း ဦးသိန်းစိန်သည် အုပ်ချုပ် စီမံတတ်သူ တစ်ဦး၊ မန်နေဂျာကောင်း တစ်ဦး အနေဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရ ခေတ်လွန် အခင်းအကျင်း သစ်တွင် လုပ်ငန်း တာဝန်များကို ထိရောက်စွာ အကောင် အထည်ဖော် စွမ်းဆောင်နိုင်မည့်သူ တစ်ဦး ဖြစ်လာနိုင်သည်။ သမ္မတ တစ်ဦး အနေဖြင့်ရော ခေါင်းဆောင်နိုင်မှု စွမ်းရည် ပြသနိုင် ပါမည်လား ဆိုသည်ကိုမူ စောင့်ကြည့်ရန်သာ ရှိတော့သည်။ သူ့အနေဖြင့် နိုင်ငံ့ ခေါင်းဆောင် တာဝန်ယူကာ လူထု အခမ်းအနားများ တက်ရောက်ခြင်း၊ မိန့်ခွန်းများ ပြောကြားခြင်း စသည်တို့ကို ပြုလုပ် ရတော့မည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပ နှစ်ရပ်လုံးမှ အလွန်အကျွံ ဖိအား ပေးမည့် အောက်တွင် အလုပ် လုပ်ရမည့် သဘော ရှိနေသည်။

          ဦးသိန်းစိန် အနေဖြင့် မြန်မာ နိုင်ငံတွင် ဘာတွေ လုပ်ဖို့ လိုအပ်နေသည် ဆိုသည်ကို သိရှိ နားလည်သည့် တိုင်အောင် အပြောင်းအလဲ လုပ်နိုင်လောက်သည့် လုံလောက်သော ကိုယ်စွမ်းအား၊ ဥာဏ်စွမ်းအား မရှိနိုင်ဟု လေ့လာ ဆန်းစစ်သူများက စောဒက တက်ကြသည်။ အမှန်စင်စစ် ဦးသိန်းစိန်သည် မူဝါဒ အကောင်အထည် ဖော်မှု ဆိုင်ရာ ဟာကွက်များ ဖြစ်ပေါ် နေခြင်းကို ကောင်းစွာ နားလည်ထားသည်။ အထူးသဖြင့် နာဂစ်အလွန် နောက်ဆက်တွဲ စီမံကိန်းများတွင် ဖြစ်သည်ဟု မြန်မာ သံတမန်ဟောင်း တစ်ဦးက စာရေးသူကို ရှင်းပြခဲ့သည်။ ၎င်းအနေဖြင့် စစ်အစိုးရ၏ ရှေ့ထွက်မင်းသား အဖြစ် အာဆီယံနှင့် နိုင်ငံတကာ အစည်း အဝေးများကို တက်ရောက်ခဲ့သည့် အတွေ့အကြုံများ၏ ရလဒ်များက ယင်းကဲ့သို့ သိရှိ နားလည် စေခဲ့ခြင်း ဖြစ်နိုင်ပါသည်။

          ဦးသိန်းစိန်အတွက် နောက်ထပ် စမ်းသပ်မှု တစ်ခုမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အကျိုးစီးပွား ကာကွယ် ထိန်းသိမ်းမှုနှင့် အမှန် တကယ် အရေးပါသော ဆုံးဖြတ်ချက်များကို ကိုယ်တိုင် ချမှတ်နိုင်ရေး တို့အကြား ဟန်ချက်ညီအောင် မည်သို့ ထိန်းသိမ်းမည်နည်း ဆိုသည့် ကိစ္စပင် ဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေအနေဖြင့် ၎င်း၏ အနာဂတ် လမ်းကြောင်းကို ယခုတိုင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးသော်လည်း ကြီးမြတ်သည့် ခေါင်းဆောင်ကြီးသည် အာဏာ ပလ္လင်ထက်မှ ဆင်းပေးမည့် အလားအလာ ရှိပုံ မပေါ်ပေ။  ဖြစ်နိုင်ခြေ ရှိသည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်ခိုင်ဖြိုး ပါတီ၏ ကြိုးကိုင် နာယက အဖြစ် ရှိနေပြီး သို့မှသာလျှင် ၎င်းအနေဖြင့် ပါတီဝင်များကို စောင့်ကြည့်၊ အကဲခတ်၊ တရားမဝင် နောက်ကွယ်မှ ထိန်းချုပ်ခြင်း ပြုလုပ်နိုင်မည် ဖြစ်သည်။  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သူ၏ အနေအထားကို သမ္မတသစ်က ခြိမ်းခြောက်ခြင်း မပြုနိုင်ရန် အတွက် ဦးသိန်းစိန်အပေါ် ထိထိ ရောက်ရောက် လွှမ်းမိုး ထိန်းချုပ် ထားရန် အထူးတလည် လိုလားနေမည်မှာ အသေ အချာပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(PTI သတင်းဌာနမှ ၁၅ ရက် ဖေဖော်ဝါရီ ၂၀၁၁ ရက်စွဲပါ " Bangladesh to raise 19 new border guard battalions" ကို ဆီလျော်အောင် ပြန်ဆိုသည်)

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏ အိမ်နီးချင်း အိန္ဒိယ၊ မြန်မာတို့နှင့် နယ်စပ်တလျောက် လစ်ကွက်၊ ဟာကွက်များကို စောင့်ကြပ် ကြည့်ရှုနိုင်ရန် အတွက် တပ်ရင်းသစ် ၁၉ ဖွဲ့ကို လာမည့် ငါးနှစ် အတွင်း တိုးချဲ့ ဖွဲ့စည်းသွားမည်ဟု ရှေ့တန်း နယ်ခြားစောင့် တပ်ဖွဲ့ အကြီးအကဲက ယနေ့ ပြောကြားလိုက်သည်။

          "လာမယ့် ငါးနှစ်တာ ကာလအတွင်း တပ်ရင်းသစ်တွေ တိုးချဲ့တော့မှာပါ၊ ရှေ့တန်း တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပုံမှာ အသစ် တိုးချဲ့မှု အနေနဲ့ ဒေသခွဲ စစ်ဌာနချုပ် ၄ ခု ဖွဲ့စည်းမှာ ဖြစ်သလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) အတွက် အကြီးစား ပြင်ဆင် ဖွဲ့စည်းမှု အစီအစဉ် အောက်မှာ စစ်ဆင်ရေး ကွပ်ကဲမှုဌာန  အသစ် ၄ ခု ဖွဲ့စည်းမှာပါ" ဟု ဗိုလ်ချုပ် ရာဖီကာ အစ်စလာမ်က PTI သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

          ယခင်လက အထိ "ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်" ဟု ခေါ်ဝေါ်ခဲ့သော တပ်မတော် အရံ စစ်တပ်ကို ယခုအခါ "ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်" ဟု ပြောင်းလဲ ခေါ်ဝေါ် လိုက်ပြီ ဖြစ်သည်။

          အရာရှိ ၅၇ ဦး အသတ် ခံခဲ့ရသော ၂၀၀၉ ခုနှစ်က တပ်တွင်း ပုန်ကန်မှု ဖြစ်ရပ် အပြီးတွင် ယခုအခါ နယ်ခြားစောင့်တပ်ကို အကြီးစား ပြင်ဆင် ဖွဲ့စည်းမှုများ ပြုလုပ်လျှက် ရှိပြီး တပ်ဖွဲ့၏ အမည်၊ ဥပဒေ စည်းကမ်း၊ ယူနီဖောင်းနှင့် တံဆိပ်များကို အသွင်သစ် ဖြစ်အောင် ပြောင်းလဲ လိုက်ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်ဘက်အုပ်ချုပ်ရေးအလွန်အရပ်ဘက်အုပ်ချုပ်ရေးပြောင်းလဲခြင်း(၄)
စစ်ဘက်အရာရှိများသည် ၎င်းတို့အုပ်ချုပ်စဉ်ကာလသည်
ဒီမိုကရေစီကိုဖော်ဆောင်ခြင်းမပြုနိုင်သေးသည့် တည်ငြိမ်မှုမရှိသေးသာ
အချိန်ကာလတစ်ရပ်ကို ထိန်းသိမ်းရခြင်းဖြစ်ပါသည်ဟု
အကြောင်းပြလေ့ရှိသော်လည်း ရေရှည်တွင် အာဏာရှင်တစ်ဦးတစ်ယောက်၏
ထိန်းချုပ်မှုကို သက်တမ်းရှည်စေရန်ပြုလုပ်ပေးခြင်းမျိုးလည်း ဖြစ်နိုင်သည်။
မက္ကဆီကို နှင့် ကျူးဘားနိုင်ငံတို့တွင် စစ်တပ်ဖွဲ့များသည် အာဏာရပါတီအား
အခိုင်အမာ သြဇာ ခံခဲ့ကြကာ ပါတီ၏ နိုင်ငံ့အာဏာပိုင်စိုးမှုကို
ဆက်လက်ထိန်းသိမ်းခြင်းအား အလေးအနက် ပြုခဲ့ကြသည်။ မက္ကဆီကိုတွင် များစွာသော
လမ်းကြောင်တို့က အရပ်သားအုပ်ချုပ်မှုပြန်လာစေရေးကို ထောက်ကူပေးခဲ့သည်။
ဥပမာ အမေရိကန်သည် လက်တင်အမေရိကရှိ စစ်အစိုးရများအား
လူ့အခွင့်အရေးချိုးဖောက်မှုများဖြင့် ဖိအားပေးကာ အထီးကျန်စေခဲ့ပြီး
ထိုစစ်အစိုးရများအာဏာစွန့်စေခဲ့သည်အထိ
အထောက်အကူပြုပေးခဲ့သည်။လက်တင်အမေရိကရှိ စစ်တပ်များသည်
လုပ်ငန်းစဉ်များပြောင်းလဲလာကြပြီး အာဂျင်တီးနားနှင့် ဥရုဂွေး
စစ်တပ်များသည် နိုင်ငံတကာငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် ပါဝင်လာကြသည်။
ဤတပ်ဖွဲ့များ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုတွင်
ပါဝင်လာခြင်းဖြင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့်
ပူးတွဲတာဝန်ထမ်းဆောင်ရာမှ ပညာသည်ပီသမှုနှင့် အရပ်သားအစိုးရ၏
တန်ဖိုးများကို နားလည်လာ ကြပြီး အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်သို့
တဖြေးဖြေးလက်ခံလာကြသည်။ သို့ရာတွင် အချို့လက်တင်အမေရိက နိုင်ငံများတွင်မူ
စစ်တပ်များသည် ကြီးမားသောအကျိုးကျေးဇူးများကို ရယူထားလျှက်ပင်ရှိကြသည်။
ထို့ပြင် ၎င်းတို့သည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်လျှက်ရှိကြပြီး
စစ်ဘက်ဆိုင်ရာလက်နက်ပစ္စည်းများထုတ်လုပ်သည့် စက်မှုဆိုင်
ရာလုပ်ငန်းများတွင် လုပ်ကိုင်ပါသည်ဆိုသော်လည်း အချို့သည်
အရပ်ဘက်စီးပွားရေးများအထိ ကျယ်ပြန့်စွာ ပါဝင်ပတ်သက်လေ့ရှိကြသည်။
၎င်းကာကွယ်ရေးဝန်ကြီးဌာနများသည် စစ်တပ်အရာရှိများ၏ အသုံးစားရိတ် နှင့်
ကျန်းမာရေးစောင့်ရှောက်မှုတို့အတွက်
ချက်လက်မှတ်ထုတ်ပေးခြင်းထက်ပိုသောအဆင့်မျိုးကို ရယူခဲ့ကြသည်။
၁၉၆၀နှင့် ၇၀ ပြည့်နှစ်လွန်ကာလများအတွင်
အရပ်သားအစိုးရကိုကူးပြောင်းသောနိုင်ငံများတွင် ကွဲပြားခြားနား သည့်
စိန်ခေါ်မှုများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကိစ္စများတွင်
စီမံခန့်ခွဲရန် အရပ်ဘက်အစိုးရများ၏ အရည်အချင်း မပြည့်မှီခဲ့မှုကြောင့်
စစ်ဘက်အာဏာသိမ်းမှုများမကြာခဏဆိုသလိုဖြစ်ပွားခဲ့သည်ကိုလည်းတွေ့ရပေမည်။
အထူးသဖြင့် အာရှဒေသများတွင် အဖြစ်များပြီး
လက်တင်အမေရိကနိုင်ငံများကဲ့သို့ စစ်ဘက်က ကျားကန်ထားသော အာဏာပိုင်
အစိုးရများက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရှင်သန် တိုးတက်အောင်
ပြုစုပျိုးထောင်ရန်၊ လာဘ်ပေး လာဘ်ယူမှု ခြစားမှုများကို တိုက်ဖျက်ပစ်ရန်၊
နိုင်ငံရေး တည်ငြိမ်မှုများကို သေချာစေရန်၊ ယင်းတို့နှင့်အတူ အလယ်အလတ်
တန်းစား လူတန်းစား အရွယ်ပမာဏ ကြီးကြီးမားမား ပေါ်ထွက်လာစေရန် စသည့်
ဒီမိုကရေစီစံနှုန်းများကို ဖော်ဆောင်မပေးနိုင်သ ဖြင့်
စက်ဘက်အာဏာသိမ်းမှုများကို ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့်
ဖိလစ်ပိုင်နိုင်ငံများတွင် ထင်သရှားစွာဖြစ်ပေါ်ခဲ့ သည်။
ဆန့်ကျင်ဘက်အားဖြင့် တောင်ကိုးရီးယားနှင့် တိုင်ဝမ်နိုင်ငံများတွင်မူ
အာဏာပိုင် အစိုးရများ၏ လက်အောက်တွင် အလွန်ကြီးမားသော စီးပွားရေး
အောင်မြင်မှုများက ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုကို တွန်းတင်သော
လူမှုရေးနှင့်စီးပွားရေး အင်အားစုများကို ဖန်တီးပေးခဲ့သည်။
သို့သော်ငြားလည်း လက်တင်အမေရိကတွင်လို မဟုတ်ပဲ အာရှနိုင်ငံများတွင်
စစ်အစိုးရများသည် နိုင်ငံအာဏာကို ဆက်လက်ချုပ်ကိုင်ထားကြသည်။
လက်နက်ကိုင်တပ်ဖွဲ့ များသည် အသစ်ပေါ်ထွက်လာသော ဒီမိုကရေစီ နိုင်ငံများစွာ၏
နောက်ကွယ်တွင် အစွမ်း အာဏာရှိသော အခန်းကဏ္ဍအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင်တွင်
ဖြစ်ပေါ်လာခဲ့သော အပြောင်းအလဲများက စစ်ဘက်၏ အခန်းကဏ္ဍအား အဓိက သက်ရောက်မှု
တစ်ခုဖြစ်စေခဲ့သည်။
ပြည်ပခြိမ်းခြောက်မှု၊
ပြည်တွင်းသောင်းကျန်းမှုများချုပ်ငြိမ်းသွားခဲ့ခြင်းက စစ်တပ်များ၏
အခန်းကဏ္ဍများကိုလျော့ ချပေးခဲ့သော်လည်း အနည်းငယ်သောနိုင်ငံများတွင်
ပြင်ပခြိမ်းခြောက်မှု ကြီးကြီးမားမားကို ရင်ဆိုင်လာနေရဆဲ ဖြစ်သည်။
အထင်အရှားအားဖြင့် တိုင်ဝမ်နှင့် တောင်ကိုးရီးယားနိုင်ငံ တို့ဖြစ်သည်။
အခြားသော အချက်နှစ်ချက်က ဒေသအတွင်းရှိ အရပ်ဘက်စစ်ဘက် - ဆက်ဆံရေး အပေါ်တွင်
ဆန့်ကျင်ဘက် သက်ရောက်မှုကို ဖြစ်စေခဲ့သည်။ ဘက်တဘက်တွင်တော့ စစ်ဘက်တို့သည်
ပြင်ပဆိုင်ရာလုံခြုံရေးအတွက်သာမက ပြည်တွင်း ဆိုင်ရာလုံခြုံရေး၊
နိုင်ငံတည်ဆောက်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့အတွက်ပါ
ဖြစ်သည်ဆိုသော ဒေသတွင်းကာလ တာရှည်ခေတ်စားနေသော ကျယ်ပြန့်သည့် အမြင်က
အရပ်သားအစိုးရများမှ စစ်ဘက်တို့၏ ပြည်တွင်းအခန်းကဏ္ဍကို အတိုချုံ့ပစ်ရန်
ခက်ခဲစေခဲ့သည်။ အခြားတဘက်တွင်မူ များစွာသော အင်အားကြီးနိုင်ငံများ
အထင်အရှားအားဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံနှင့်
ဂျပန်နိုင်ငံတို့က ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်ကို စစ်ဘက်တို့၏
နိုင်ငံရေး အခန်းကဏ္ဍလျော့နည်းစေမှုနှင့် စစ်ဘက် ဘတ်ဂျက် လျော့ချမှုတို့အား
ဖွံ့ဖြိုးတိုးတက်မှု အကူအညီဖြင့် ချည်နှောင်ခြင်းဖြင့်
ရှေ့ဆက်တိုးတက်စေရန် ကြိုးစားခဲ့ကြသည်။ လက်တင်အမေရိက ဒေသက
အလားတူနိုင်ငံများလို မဟုတ်ပဲ အာရှဒေသရှိ နိုင်ငံများမှ စစ်တပ်များသည်
သူတို့၏စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရာ တွင် အတော်အတန်
အောင်မြင်ခဲ့ကြသည်။ အသစ်ဖြစ်ပေါ်လာသော ဒီမိုကရေစီများတွင်တောင်မှ စစ်ဘက်
ဘတ်ဂျက်များက ဆက်လက်မြင့်တက် နေခဲ့သည်။ ထို့အပြင်
ပြည်တွင်းစီးပွားရေးတွင် နည်းအမျိုးမျိုးဖြင့် ထိုးဖေါက်လာခဲ့သည်။
စစ်ဘက်အခွင့်အထူးခံများသည် ပြည်သူပိုင် လုပ်ငန်းများနှင့်
ပုဂ္ဂလိကပိုင်လုပ်ငန်းများတွင်ပါ အမြတ်အစွန်းရသော နေရာများ အရင်းအနှီးများ
ရရှိခဲ့ကြသည်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်း၊
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ များတွင် ဖြစ်သည်။
စစ်ဘက်အခွင့်ထူးခံများသည် မိမိအိုးအိမ်မြေကြီးပေါ်တွင် အစွမ်းကုန်
ရှာဖွေလုပ်ကိုင်သောလုပ်ငန်း (rent-seeking activities)
အမျိုးမျိုးဖြစ်သည့် အကောင်းဆုံး သဘာဝ အရင်းအမြစ် အဆီအနှစ်ထုတ်ယူရေး
လုပ်ငန်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်း စသည့်
လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ခဲ့ကြသည်။ နယ်စပ်ဖြတ်ကျော်
ကုန်သွယ်ရေးလုပ်ငန်း