Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၉.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာ့ရေနံဓါတ်ငွေ့နယ်ပယ်သို့ လုပ်ငန်းချဲ့ရန် ထိုင်းကုမ္ပဏီ မျှော်မှန်း

(UPI သတင်းမှ 18 July 2012 ရက်စွဲပါ “Thai company eyes Myanmar oil,gas” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအပေါ် sanctions များ သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော် ကော်မတီ မဲခွဲဆုံးဖြတ်

(Reuters news မှ 18 July 2012 ရက်စွဲပါ “The US senate panel votes to renew Myanmar sanctions” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာကမ်းလွန်လုပ်ကွက် ၂၃ ခုအတွက်ဖိတ်ခေါ်ကမ်းလှမ်း

(UP Stream News  မှ 19 July 2012 ရက်စွဲပါ “Burma offering 23 offshore blocks”  သတင်းကို ဘာသာပြန်ဆိုသည်)

  1. အာဆီယံစီးပွားရေးစုဖွဲ့မှုအတွက် အာဆီယံလေးနိုင်ငံအဆင်သင့်ပြင်

(20 July 2012 ရက်စွဲပါ Asia News Network မှ The Nation တွင်ဖော်ပြသော 4 Asean nations ready for economic integration ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာ့ရေနံဓါတ်ငွေ့နယ်ပယ်သို့ လုပ်ငန်းချဲ့ရန် ထိုင်းကုမ္ပဏီ မျှော်မှန်း

(UPI သတင်းမှ 18 July 2012 ရက်စွဲပါ “Thai company eyes Myanmar oil,gas” သတင်းကိုဘာသာပြန်ဆိုသည်)

ထိုင်းစွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံနှင့် ဆက်စပ်စီးပွားရေးလုပ်ငန်းများထူထောင်ရန် စိတ်ဝင်စားနေပြီး၊ ၂၀၁၆ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဘီလျံခန့်အထိရှိလာမည့် လုပ်ငန်းခွဲတစ်ခု ထူထောင်ရန် လေ့လာနေသည်ဟု ပြောကြားသည်။

PTT ကုမ္ပဏီအကြီးအကဲ နာတချပ်ချာဂူချင်ဒါက “မြန်မာနိုင်ငံဟာ သယံဇာတကြွယ်ဝတယ်။ အဓိကကတော့ အာဆီယံစီးပွားရေးပေါင်းစည်းမှု အစီအစဉ်နဲ့ နီးကပ်နေပြီဖြစ်လို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အချိန်တန်ပြီလို့ ကျွန်တော်တို့ PTT က ယူဆပါတယ်”ဟု ဘန်ကောက်ပို့စ်သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိရေနံချက်စက်ရုံသည် ခေတ်မမှီတော့သည့်အပြင် တစ်ရက်လျှင် စည်ပေါင်း ၅၀၀,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်သည်ဟု သိရှိ ရသည်။

PTT ကုမ္ပဏီ တာဝန်ရှိသူ နာတာချပ်ချာဂူချင်ဒါက “ကျွန်တော်တို့ကုမ္ပဏီက မြန်မာနိုင်ငံမှာ တစ်ရက်ကိုစည်ပေါင်း ၁၅၀,၀၀၀ ချက်လုပ်နိုင်မယ့် ရေနံချက်စက်ရုံနဲ့ ဆက်စပ်ရေနံဓါတုလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါတယ်”ဟု ပြောကြားသည်။

၂၀၁၀ ခုနှစ်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများစတင်ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းကိုခွင့်ပြုလိုက်ပြီဟု သမ္မတအိုဘားမားက ကြေညာအပြီး တစ်ပတ်ခန့်အကြာတွင် ထိုင်းကုမ္ပဏီ၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အင်အားကြီးပြင်သစ်ရေနံကုမ္ပဏီ Total တာဝန်ရှိသူများကလည်း ယခင်လက မြန်မာနိုင်ငံသို့လာရောက်ကာ စွမ်းအင်ကဏ္ဍအလားအလာများကို ဆွေးနွေးသွားခဲ့ကြသောကြောင့် အမေရိကန်လွှတ်တော်အမတ်များအကြားတွင် “မြန်မာဈေးကွက်၌ အမေရိကန်ကုမ္ပဏီများ နောက်ကျနေပြီ”ဟူသော စိုးရိမ် ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ပြင်သစ် Total ကုမ္ပဏီက ၂၀၀၇ ခုနှစ်တွင် “မြန်မာနိုင်ငံသည် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၁၈၀,၀၀၀ နှင့်ညီမျှသော ပမာဏကို ထုတ်လုပ်လျက်ရှိပြီး ယင်း၏ ၉၀ ရာခိုင်နှုန်းမှာ သဘာဝဓာတ်ငွေ့အဖြစ် ထွက်ရှိခြင်းဖြစ်သည်ဟု ပြောကြားခဲ့ဘူးသည်။

                                        *******************************************

မြန်မာနိုင်ငံအပေါ် sanctions များ သက်တမ်းတိုးရန် အမေရိကန် အထက်လွှတ်တော် ကော်မတီ မဲခွဲဆုံးဖြတ်

(Reuters news မှ 18 July 2012 ရက်စွဲပါ “The US senate panel votes to renew Myanmar sanctions” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံထံမှ ကုန်ပစ္စည်းတင်သွင်းမှုတားမြစ်ချက်ကို နောက်ထပ် ၃ နှစ် သက်တမ်းတိုးခြင်းဖြင့် နေပြည်တော်အစိုးရ၏ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်အောင်ဖိအားပေးရန် အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်ဘဏ္ဍာရေးကော်မတီက ဗုဒ္ဓဟူးနေ့တွင် မဲပေး ထောက်ခံခဲ့သည်။

ယခုကဲ့သို့ ထောက်ခံမှုကြောင့် ၂၀၀၃ ခုနှစ်က ပထမဆုံးစတင်ပြဋ္ဌာန်းခဲ့ပြီး ယခုလကုန်ပိုင်းတွင် သက်တမ်းကုန်တော့မည့် ဥပဒေကို ထပ်မံ အသက်ဝင်သွားစေသည်။ ထို့အပြင် လမ်းမှန်ပေါ်သို့တရွေ့ရွေ့ကူးလာသော မြန်မာနိုင်ငံအား အသိအမှတ်ပြု၍ Sanctions များ အဆုံးသတ်ပေးမည့် အိမ်ဖြူတော်၏အခွင့်အာဏာကိုလည်း ထိန်းသိမ်းကာကွယ်ပေး လိုက်ခြင်းဖြစ်သည်။

“သွင်းကုန် တားမြစ်ချက်ကို ၃ နှစ်သက်တမ်းတိုးခြင်းအားဖြင့် မြန်မာအစိုးရပြုပြင်ပြောင်းလဲမှုတွေဆက်လုပ်အောင် ဖိအားပေးနိုင်ပါလိမ့်မယ်” ဟု အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ မက်စ်ဘိုးကပ်စ်က ပြောကြားသည်။

သြဂုတ်လတစ်လလုံးကြာမည့် လွှတ်တော်ပိတ်ရက်မတိုင်မီ ယင်းဥပဒေသက်တမ်းတိုးမှုကို အထက်လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးက ထောက်ခံမည်ဟု သက်တမ်းတိုးထောက်ခံသူများက မျှော်လင့်ထားကြသည်။

သွင်းကုန်တားမြစ်ချက်မချမှတ်ခင် နောက်ဆုံးနှစ်ဖြစ်သော ၂၀၀၂ တွင် အမေရိကန်က မြန်မာနိုင်ငံမှဒေါ်လာ ၃၅၆ သန်းဖိုး အဝတ်အထည်နှင့် ကုန်ပစ္စည်းများတင်သွင်းခဲ့ပြီး၊ ၂၀၀၃ တွင် သွင်းကုန်တန်ဖိုး ၂၇၅.၇ သန်းသို့ ကျဆင်းသွားကာ ထိုနောက်ပိုင်း နှစ်များတွင် လုံးဝမတင်သွင်းတော့ဘဲ သုည အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ပြီးခဲ့သော သီတင်းပတ်တွင်မူ အိုဘားမားအစိုးရက Sanctions အချို့ဖြေလျှော့ပေးကာ၊ အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ပေးလိုက်သည်။

ထို့နောက် နှစ်ရက်အကြာ ကမ္ဘောဒီးယား ဆီရမ်ဖိုဒ်စီးပွားရေးဖိုရမ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်အား နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးမှ ရုန်းထွက်နေခြင်းကို ဆက်လက်ကြိုးပမ်းရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ သွင်းကုန်များကို ၂၀၀၃ ခုနှစ်မှစ၍ ပိတ်ပင်ခဲ့သော အမေရိကန်ပြည်ထောင်စုသည် ၂၀၀၈ ခုနှစ်တွင် မြန်မာထွက် ကျောက်မျက်များဖြင့်ပြုလုပ်သော ပစ္စည်းများအား အခြားနိုင်ငံတစ်ခုမှတဆင့် တင်သွင်းခြင်းကိုထပ်မံတိုးချဲ့ ပိတ်ပင်တားမြစ်ခဲ့သည်။

Sanctions များ သက်တမ်းတိုးခြင်းကို ဥပဒေအရအများဆုံး ၉ ကြိမ်အထိ ပြုလုပ်ခွင့်ရှိပြီး လွှတ်တော်အမတ်များက နှစ်စဉ်မဲပေး ဆုံးဖြတ်ရန် လိုအပ်သည်။ ယခုထပ်မံ အတည်ပြုမည်ဆိုပါက ၂၀၁၅ ဇူလိုင်လအထိ နှစ်စဉ်သက်တမ်းတိုးမှုများ ထပ်မံပြုလုပ်ခွင့် ရရှိမည်ဖြစ်သည်။

                                                                ***********************************

မြန်မာကမ်းလွန်လုပ်ကွက် ၂၃ ခုအတွက်ဖိတ်ခေါ်ကမ်းလှမ်း

(UP Stream News  မှ 19 July 2012 ရက်စွဲပါ “Burma offering 23 offshore blocks”  သတင်းကို ဘာသာပြန်ဆိုသည်)

မျှော်လင့်ထားကြသည်ထက်ပိုမိုကျယ်ပြန့်သော ကမ်းလွန်လုပ်ကွက်သစ် ၂၃ ခုအတွက်စိတ်ဝင်စားသော နိုင်ငံတကာကုမ္ပဏီများကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။

ယင်း ကမ်းလှမ်းမှုတွင် ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒါမန်ပင်လယ်ရှိ ရခိုင်၊ မုတ္တမ၊ တနသာင်္ရီကမ်းလွန်ဒေသများတွင်တည်ရှိသော ရေနက်ပိုင်းလုပ်ကွက် ၁၇ ခုနှင့် ရေတိမ်ပိုင်းလုပ်ကွက် ၆ ခု ပါဝင်ကြောင်း စင်္ကာပူတွင်ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ရှင်းလင်းတင်ပြမှုအရ သိရှိရသည်ဟု Dow Jones Newswires က သတင်းဖော်ပြသည်။

နိုင်ငံတကာကုမ္ပဏီများ ယခင်ကရှာဖွေခြင်းမပြုရသေးသော ၎င်းလုပ်ကွက်များအတွက် စီမံကိန်းတစ်ခုတိုင်းတွင် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ ရှယ်ယာပါဝင်မည့် မြန်မာအစိုးရပိုင်ရေနံဓာတ်ငွေ့လုပ်ငန်း MOGE နှင့် တိုက်ရိုက်ညှိနှိုင်းဆွေးနွေးရမည်ဖြစ်သည်။

လုပ်ကွက်လိုင်စင်ရသူများသည် ၆ နှစ်ကာလရှာဖွေခွင့်နှင့် စတင်ထုတ်လုပ်သည့် ၃ နှစ်ကာလ အခွန်ကင်းလွတ်ခွင့်တို့ ရရှိမည်ဟုဆိုသည်။             

လုပ်ကွက်လိုင်စင်ရ ကန်ထရိုက်တာအနေဖြင့် ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်သော်လည်း လုပ်ကွက် မူပိုင်ကြေး ၁၂.၅ ရာခိုင်နှုန်း သက်သာခွင့်ရမည်ဟု စွမ်းအင်ဌာနအကြီးတန်းတာဝန်ရှိသူက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက ယခုအချိန်အထိ အကြီးမားဆုံးဖြေလျော့မှုအဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခြင်းကို ယခင် အပတ်က ခွင့်ပြုလိုက်ပြီးနောက်ပိုင်း မြန်မာအစိုးရ၏ ယခုကမ်းလှမ်းမှုသည် နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများထံမှ စိတ်ဝင်စားမှုဆွဲဆောင်နေသည့် လက္ခဏာရှိသည်။

သယံဇာတကြွယ်ဝသော်လည်း စီးပွားရေးနိမ့်ကျနေသောမြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးမှအရပ်ဘက်အုပ်ချုပ်ရေးသို့ အသွင်ပြောင်းပြီး နောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မြန်မြန်ဆန်ဆန် တံခါးဖွင့်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံ၌ရောက်နှင့်ပြီးသား နိုင်ငံခြားကုမ္ပဏီအနည်းငယ်တွင်ပါဝင်သော ပြင်သစ် Total ကုမ္ပဏီသည် လက်ရှိထုတ်လုပ်နေသော ကမ်းလွန်စီမံကိန်းနှစ်ခုထဲမှ  ရတနာဓာတ်ငွေ့စီမံကိန်းကို Chevron ကုမ္ပဏီက ရှယ်ယာအနည်းငယ်ပါဝင်နှင့် အတူလုပ်ကိုင်လျက်ရှိသည်။

မြန်မာအစိုးရပိုင် ဓာတ်ငွေ့လုပ်ငန်း MOGE က နောက်ဆုံးနိုဝင်ဘာလေလံအပြီးတွင် မလေးရှား Petronas၊ ထိုင်း PTTEP၊ အိန္ဒိယ Jubilant တို့အပါအဝင် ဒေသတွင်းကုမ္ပဏီများကို ကုန်းတွင်းရေနံရှာဖွေခွင့်ပြုသည့် သဘောတူကန်ထရိုက်စာချုပ် ၉ ခု လက်မှတ်ရေးထိုးထားသည်ဟု ဇွန်လ အတွင်းက ထုတ်ပြန်ကြေငြာထားသည်။

နောက်ထပ် ကုန်းတွင်းလုပ်ကွက် ၁၈ ခုအတွက် လာမည့်လတွင် တင်ဒါခေါ်ယူမည်ဟ သိရှိရသည်။

မြန်မာနိုင်ငံ၌ လက်ရှိထုတ်လုပ်နေသောကုန်းတွင်းရေနံလုပ်ကွက် ၁၇ ခုနှင့် ဓာတ်ငွေ့လုပ်ကွက် ၅ ခုရှိပြီး၊ ကမ်းလွန် ဓာတ်ငွေ့သိုက် ၂ ခုဖြစ်သည့် Daewoo ရွှေဓာတ်ငွေ့စီမံကိန်းနှင့် PTTEP ဇောတိကဓာတ်ငွေ့စီမံကိန်းတို့မှာမူ လာမည့်နှစ်တွင် ထုတ်လုပ်မှုစတင်မည်ဟုသိရှိရသည်။

ယခင်အပတ်က အမေရိကန်၏ Sanction ဖြေလျော့မှုကို ဝိုင်းဝန်းကြိုဆိုခဲ့ကြသော်လည်း မြန်မာအစိုးရပိုင် ရေနံဓာတ်ငွေ့လုပ်ငန်း MOGE နှင့် စီးပွားရေးတွဲလုပ်ခြင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ထိခိုက်စေနိုင်ကြောင်း အချို့ကသတိပေးပြောဆိုထားသည်။

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “မြန်မာအစိုးရပိုင်ရေနံဓာတ်ငွေ့လုပ်ငန်း MOGE သည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု နှစ်မျိုးလုံးမရှိသောကြောင့် နိုင်ငံတကာစီးပွားရေးကျင့်ဝတ်များကို လေးစားလိုက်နာ လာအောင် အနောက်နိုင်ငံအစိုးရများ၊ ကုမ္ပဏီများက ဝိုင်းဝန်းဖိအားပေးကြရန်” ယခုလအစောပိုင်းကတောင်းဆိုခဲ့သည်။

ယခုနှစ်အစောပိုင်းကထုတ်ပြန်သော ဆိုးကျိုးအန္တရာယ်အကဲခတ်သမားများအဖွဲ့ Maplecroft ၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအန္တရယ်အရှိဆုံး နိုင်ငံတစ်ခုအဖြစ်သတ်မှတ်ထားပြီး မြန်မာအစိုးရသည် အုပ်ချုပ်ရေး၊ ဥပဒေနှင့် တရားစီရင်ရေး ဆုံးဖြတ်ချက်များတွင် အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးနေသည်ဟု သတိပေးဖော်ပြထားသည်။

လက်ရှိ မြန်မာအာဏာပိုင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အခွန်သက်သာခွင့်နှင့်မြေဋ္ဌားရမ်းမှု ပိုမိုလွတ်လပ်ခွင့်ပေးမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို ဂျုလိုင်လကုန်၌ အတည်ပြုပြဠာန်းမည်ဟုမျှော်လင့်ရသည်။

 

                                                    ********************************************

အာဆီယံစီးပွားရေးစုဖွဲ့မှုအတွက် အာဆီယံလေးနိုင်ငံအဆင်သင့်ပြင်

(20 July 2012 ရက်စွဲပါ Asia News Network မှ The Nation တွင်ဖော်ပြသော 4 Asean nations ready for economic integration ကို ဘာသာပြန်ဆိုသည်။)

ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များသည် ၂၀၁၅ တွင် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း(AEC) အသက်ဝင်လာမည်ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုစီးဝင်လာမှုကိုလက်ခံနိုင်မည့် စည်းမျဉ်းဥပဒေများ တိုးတက်အောင် လုပ်ဆောင်ရန် ကတိပြုကြသည်။

ယမန်နေ့က Krungthep Turaky တွင်ကျင်းပသော AEC Plus; Your Business to the New Frontier ဆွေးနွေးပွဲတွင် လေးနိုင်ငံမှ ကိုယ်စားလှယ်များက ပြောကြားရာတွင် ၎င်းတို့က အိမ်နီးချင်းတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံမှုများကိုကြိုဆိုခြင်းသည် ပြည်တွင်းအလုပ်သမားများကို အကျိုး ရှိသင့်ပြီး၊ ပတ်ဝန်းကျင်ဆိုင်ရာများနှင့် အဆင်ပြေမှုရှိရမည်ဟု ဆိုကြသည်။

ကမ္ဘောဒီးယားသံရုံးမှ စီးပွားရေးသံမှူး Ros Sao က ပြောကြားရာတွင် ၎င်း၏ နိုင်ငံသည် အာဆီယံစုဖွဲ့မှုအတွက် ပြင်ဆင်သည့်အနေဖြင့် ၎င်း၏ ပြည်သူများအား လေ့ကျင့်ပေးမှုများ ပြုလုပ်ခြင်းဖြင့် AEC အတွက် အဆင်သင့်ဖြစ်စေကြောင်း ပြောသည်။ ၎င်းက ပြောကြားရာတွင် တရားဝင်ဥပဒေများ၊ အခြေခံအဆောက်အဦးများ တိုးတက်လာကြောင်း၊ ကမ္ဘောဒီးယားအနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ မေးမြန်းသည့် မေးခွန်းအားလုံးဖြေဆိုရန်အသင့် ရှိကြောင်း ပြောသည်။

ဘန်ကောက်ရှိ အင်ဒိုနီးရှားသံရုံး တတိယအတွင်းဝန် Ade Veronica Christie က ပြောကြားရာတွင် သူ၏ တိုင်းပြည်သည် အာဆီယံ စုဖွဲ့မှုအတွက် ၁၀၀% အဆင်သင့်မဖြစ်သေးကြောင်း၊ သို့သော် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်လာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများရော အင်ဒိုနီးရှားပြည်သူများပါ ညီတူညီမျှ အကျိုးအမြတ်ရနိုင်ရေးကို သေချာစေရန်အကောင်းဆုံး လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။

အင်ဒိုနီးရှားသည် အခွန်ဆိုင်ရာဥပဒေများပြင်ဆင်ခဲ့ရာ အချို့ရင်းနှီးမြှုပ်နှံမှု အမျိုးအစားအချို့ကို အခွန်များလျော့ချပေးခဲ့ရာ ၀% အထိ လျှော့ချပေးခဲ့သည်။ လျှောက်ထားမှုများတွင် ရှုတ်ထွေးမှုများနှင့် ငွေကုန်ကြေးကျသက်သာစေရန် တစ်နေရာတည်းတွင် အားလုံးပြီးစီးနိုင်မည့် အွန်လိုင်း ဝန်ဆောင်မှုဌာန ဖွင့်လှစ်ရန်စီစဉ်လျက်ရှိသည်။

အစိုးရသည် ရင်းနှီးမြှုပ်နှံမှုအလိုက် ဧရိယာများသတ်မှတ်ပြီးဖြစ်ရာ၊ ဆူမာတြာကို စွမ်းအင်အရင်းအမြစ်အတွက် လည်းကောင်း၊ ဂျာဗားကို ထုတ်လုပ်မှုအတွက် စက်ရုံများအတွက်လည်းကောင်း သတ်မှတ်ထားသည်။

အင်ဒိုနီးရှားသည် သဘာဝသယံဇာတပေါများလှသည်။သို့သော်အချို့ အာဆီယံနိုင်ငံများထက်စာလျှင် လုပ်အားခ သက်သာသည်။ အင်ဒိုနီးရှားသည် တစ်နှစ်လျှင်စီးပွားရေးတိုးတက်မှုနှုန်း ၆% ရှိပြီး၊ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်သော အခြေအနေတွင်ရှိသောကြောင့်၊ အာဆီယံ စုဖွဲ့မှုအတွက် ပြင်ဆင်ရန်အားပေးမှုဖြစ်စေကြောင်း သူက ဖြည့်စွက်ပြောသည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၀.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးပိတ်ဆို့မှု၏ တစ်ဖက်သတ်သဘော

Sanction is One-Sided In Nature

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးပိတ်ဆို့မှု၏ တစ်ဖက်သတ်သဘော

Sanction is One-Sided In Nature

ဦးကြည်မြင့် (လသာ)

ဇူလိုင်လ ၂၀ရက်နေ့ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ (၁) အမှတ် (၁၉) မှ ထုတ်ယူဖော်ပြသည်။

စီးပွားရေးပိတ်ဆိုမှု economic sanction သည်သူ့နိုင်ငံအတွင်းသို့ ကုန်စည်များမသွင်းရ၊ ဝန်ဆောင်မှုများပါ မလုပ်ရ။ မတင်သွင်းရသော ဝန်ဆောင်မှု(လုပ်အား)များနှင့် ကုန်ကြမ်းတစ်ဝက်ကုန်ကြမ်းတို့ပါဝင်သော ကုန်စည်များမတင်သွင်းရ၊ မရပ်ရ၊ လက်မခံရ၊ အလည်အပတ်နှင့် နိုင်ငံတကာ နိုင်ငံရေး၊လူမှုရေးဝင်ထွက် ဆက်ဆံခြင်းပင်မပြုရ၊ ငွေကြေးများပါမထားရ၊ ထားပြီးငွေကြေးများ ပြန်မထုတ်ရ၊ Freezing များ စသည်ဖြင့်  အဝင်ကို ပိတ်ဆိုခြင်းမှာ အဓိကဖြစ်သည်။

အဓိကအထွက်ပို့အနေဖြင့် စစ်လက်နှက်တင်ပို့ရောင်းချခြင်း မပြုရ၊ နည်းပညာပါဝင်သော အထူးသဖြင့် နည်းပညာမြင့်မားသောပစ္စည်းများ မပို့ရ စသည်တို့လောက်သာ ကန့်သတ်သည်။ ပြောရလျှင် ဆန်ရှင်သည် တစ်ဖက်သတ် အပေါ်စီးယူခြင်းမျှသာ ဖြစ်သည်။ အများနားလည်ကြသလို စတင်ပိတ်ဆို့သော နိုင်ငံဘက်မှ  သူတို့၏ပစ္စည်းများလည်း သွားမရောင်ရ၊ ဆိုင်များမဖွင့်ရ၊ စက်ရုံသွားမတည်ရ၊ လိုချင်သောကုန်ကြမ်းများရှိလျှင်ပင် သွားမဝယ်ရ စသော ကိုယ့်ဘက်ကလိုချင်သည့် အရာမရမည့် နာမည်အချက်များ မပါဝင်ပေ။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ် ပါဝင်လာသည်ကို အကြောင်းပြု၍ စီးပွားရေး ပိတ်ဆို့မှု ဆန်ရှင်ပိတ်ဆို့ထားသည်။ ရုတ်သိမ်းတော့မည် စသော အကြောင်းများ ပေါ်ပေါက်လာပြီး ဥရောပသမဂ္ဂ Europe Union (EU)၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှပ်နှံခြင်း၊ ကုန်သွယ်ခြင်းများမပြုရန် ဖြစ်လာသည်ဟု ထင်မြင်လျှင် မှားပါသည်။

လက်တုံ့ပြန်ခြင်း

သူတို့သည် ဒီမိုကရေစီနိုင်ငံကြီးများ ဖြစ်သည်။ တစ်ဦးချင်းဖြစ်မှု Individuality ဖြစ်မှုကို အခြေခံပြီး အစိုးရက တစ်ဦးချင်းလွတ်လပ်မှု၊ အထူး သဖြင့် စီးပွားရေးလွတ်လပ်မှုကို ဟန့်တားပိတ်ပင်မှု နည်းလေ့ ရှိပါသည်။ တကယ့်စစ်ကြီးဖြစ်မှသာ ခွဲတမ်း rationing ကုန်သွယ်ရေးကန့်သတ်မှု trade restriction စသည်များ ပြုကြပါသည်။ ဤသို့ဖြင့် ပတ်ဝန်းကျင် အမေရိကန်နိုင်ငံသား ၅၂ယောက်ကို ဓားစာခံအဖြစ် အီရန်အစိုးရက ဖမ်းဆီးထားခြင်း အယ်ဆာဗေဒိုနိုင်ငံကို ကွန်ထရာသူပုန်များ ထိန်းသိမ်းထားခြင်းတို့ ရှိသည့်တိုင် အမေရိကန် ပုဂ္ဂလိကစီးပွားရေးသမားများ ထိုနိုင်ငံအတွင်း၌ အကြီး အကျယ် ရင်းနှီးမြှပ်နှံမှု ပြုနေကြကြောင်း တွေ့ရပါမည်။

၁၉၉၀ ခုနှစ်များအဝင်အထိ မြန်မာနိုင်ငံတွင် ပြင်သစ်နိုင်ငံမှ Totel, အမေရိကန်မှ Pepsi, Lucky Strike စသည်တို့ ခြေချရောင်းဝယ်လုပ်ကိုင် မှုများ တွေ့ကြရပါမည်။ သူတို့ပြန်သွားသည်မှာ သူတို့အစိုးရက မြန်မာနိုင်ငံကို ဆန်ရှင်ပြုလုပ်မည်ဖြစ်၍ ပြန်သွားခြင်းမဟုတ်ပေ။ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ၏ တောင်းဆိုမှုကို ယင်းကုမ္ပဏီများ၏ ရှယ်ယာရှင်တို့က ဒီမိုကရေစီလိုလားသော မြန်မာပြည်သူများအပေါ် စစ်အစိုးရက ဆက်လက်ဖိနှိပ် အာဏာယူထားရန် အားပေးသကဲ့သို့ဖြစ်မည်ဟူသည့်အကြောင်းကြောင့် ဆန္ဒပြသောကြောင့်သာ ပြန်လည် ရုတ်သိမ်းသွားခြင်း ဖြစ်သည်။

အနောက်နှင့် ကမ္ဘာ့အရင်းရှင်စီးပွားရေး ကမ္ဘာဟောင်း Old Economy Old World နိုင်ငံများက မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှပ်နှံမှု မပြုခြင်း၊ ကုန်သွယ်ရောင်းဝယ်မှု မပြုခြင်းများသည် သူတို့မိခင်နိုင်ငံက တားမြစ်ထားသောကြောင့် မဟုတ်ပေ။ အထက်တွင်ဆိုခဲ့သလို သူတို့မိခင်နိုင်ငံ၏ ဆန်ရှင်မှာ သူတို့ဆီ လာမရောင်းရန်၊ ငွေလာမထားရန်၊ မြှပ်နှံရန် အဝင်ပိတ်ခြင်းသာ ဖြစ်ပါသည်။ အထွက်အရောင်းကို မပိတ်ပါ။

သူတို့၏ ကျွန်တော်တို့ထံ အဝင်အထွက်အသွားအလာကို ပိတ်ပင်ခြင်းမှာ ကျွန်တော်တို့ဘက်က ပြန်ပြုသည့် ပိတ်ဆို့မှုဆန်ရှင် Sanction ဖြစ်သည်။ ကုန်သွယ်ရေးစစ် ပြန်ဆင်ခြင်း၊ လက်တုန့်ပြန်ခြင်း၊ economic trade retaliation…economic war declaring ….rataliatory sanctioning စသည်ဖြင့် ခေါ်သည်။

ဤသည်တို့ကို စီးပွားရေးပိတ်ဆို့ခံရသောနိုင်ငံက အမျိုးသားဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာ ကာကွယ်သည့်အနေဖြင့် ပြန်လည်ပြဋ္ဌာန်း ခြင်း ပြုမြဲဖြစ်သည်။ ယနေ့ ကမ္ဘာ့အရင်းရှင်နိုင်ငံများက ဆန်ရှင်ကို မရုတ်သိမ်းဘဲ ဆိုင်ငံ့သည်။ ရွှေ့ဆိုင်းသည်ဟု လုပ်နေခြင်းမှာ သူတို့သိက္ခာ သူတို့ အဖတ်ဆယ်၍  ကျ