Transparency Myanmar

transparency.myanmar@gmail.com

ON INTERNATIONAL MEDIA (1)
Document ON INTERNATIONAL MEDIA (1)

Snapshot of the item below:
ON INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြောက်ကိုရီးယားသည် မြန်မာဥပမာကို ကူးယူသင့်ဟု အမေရိကန်တာဝန်ရှိသူပြော

(12 march 2013 ရက်စွဲပါ Channel News Asia မှ N.Korea should copy Myanmar’s example:US official ကို ဘာသာပြန်ဆိုပါသည်)

  1.  အလားအလာရှိသော စားနပ်ရိက္ခာရင်းမြစ်တစ်ခုအဖြစ် မြန်မာကို စင်ကာပူရှုမြင်

(Channel News Asia မှ 11 March 2013 ရက်စွဲပါ “Singapore looks to Myanmar as potential food source” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1.  မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့တို့ ထပ်မံဆွေးနွေး

(AFP News မှ 11 Mar 2013 ရက်စွဲပါ “ Myanmar government and Kachin rebels renews talks” သတင်းကို ဘာသာပြန် ဆိုသည်။)


မြောက်ကိုရီးယားသည် မြန်မာဥပမာကို ကူးယူသင့်ဟု အမေရိကန်တာဝန်ရှိသူပြော

(12 march 2013 ရက်စွဲပါ Channel News Asia မှ N.Korea should copy Myanmar’s example:US official ကို ဘာသာ ပြန်ဆိုပါသည်)

Photo Credit by Inno Plex Ion

အမေရိကန်တို့၏ ခွင့်လွှတ်ရန်စိတ်အားထက်သန်မှုနှင့် ဆက်ဆံရေးခေတ်သစ်တည်ဆောက်ရေး အတွက် သက်သေအဖြစ် မြောက်ကိုရီးယားအနေဖြင့် မြန်မာနိုင်ငံကို ကြည့်သင့်ကြောင်း ထိပ်တန်း အမေရိကန် အကြံပေးတစ်ဦးက တနလာင်္နေ့က ပြော ကြားခဲ့ပါသည်။ ပြုံယမ်းအပေါ် အရေးယးမှုအသစ်များ ချမှတ်နေချိန် တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အမေရိကန်သမ္မတ Barack Obama သည် လက်သီးဆုတ်ဖြေမည့်သူများကို ၎င်း၏လက်ကမ်းလှမ်းရန် ဆန္ဒရှိကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Tom Donilon ကပြောကြားခဲ့ပါသည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှုသုံးခုနှင့် ဒုံးကျည်စမ်းသပ်မှုအချို့ရှိသော်ငြားလည်း အမေရိကန်ပြည် ထောင်စုသည် မြောက်ကိုရီးယားနှင့် စစ်မှန်သော ဆွေးနွေးမှုများကို တံခါးဖွင့်ထားပြီး ၎င်း၏ ပြည်သူများအား ကျွေးမွေးရာတွင် ကူ ညီလိုပါသည်။ သို့သော် ၎င်း၏လက်ရှိလမ်းကြောင်းကိုမူ ပြောင်းရမည်ဖြစ် ပါသည်။

“ကျွန်တော်တို့က ပြုံယမ်းကိုတောင်းဆိုတာက သူ့ကတိတွေလိုက်နာဖို့ သူ့စကားကို သူ တာဝန်ယူဖို့ နိုင်ငံတကာဥပဒေကို

လေးစားဖို့တွေကို ပြသတဲ့နေရာမှာ အဓိပ္ပါယ်ရှိတဲ့ ခြေလှမ်းတွေဖြစ်ပြီး အလေးအနက် ရှိတယ်ဆိုတာ သက်သေပြဖို့ပါပဲ” ဟု Donil on ကပြောပါသည်။

နယူးယောက်ရှိ Asia Society တွင် ၎င်း၏မှတ်ချက်များပြောကြားခဲ့ခြင်းမှာ မြောက်ကိုရီးယားက ၁၉၅၃ တွင် ကိုရီးယား စစ်ပွဲကို ပြီးဆုံးစေခဲ့သော နှစ် (၆၀) ကြာခဲ့ပြီဖြစ်သည့် စစ်ပွဲရပ်ဆိုင်းရေးသဘောတူညီချက် ကိုဖျက်ရန်ခြိမ်းခြောက်မှုနှင့် ဆိုးလ်နှင့် ကြားရှိ Hotline ကို ဖြတ်တောက်ရန် လုပ်ဆောင်မှုများအပြီးတွင် ဖြစ်ပါသည်။

Donilon ကခေါင်းဆောင်သစ် ကင်ဂျုံအမ်အား ဝါရှင်တန်အားကတိပြု ပြောခဲ့သလို အဓိပ္ပါယ်ကောက်ယူရန်နှင့် ကင်ဂျုံအမ် အနေဖြင့် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်က ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးသို့ချိုးကွေ့နိုင်ခဲ့ခြင်းကို ကြည့်ရန်လိုအပ်ကြောင်း ပြောခဲ့ပါသည်။

“အမေရိကန်သမ္မတရဲ့ ကတိတွေအပေါ် သံသယရှိသူတွေအနေနဲ့ မြန်မာနိုင်ငံကိုပဲ ကြည့်လိုက်ပါ” ဟု Donilon က Burma ဟု ရည်ညွှန်းပြောဆို ခဲ့ပါသည်။

Obama ၏ နိုဝင်ဘာလက ရန်ကုန်သို့သွားရောက်လည်ပတ်မှုသည် မိမိတို့၏ ရန်သူသဖွယ်ဆက်ဆံ ရေးမှ ပိုမို၍ ပူးပေါင်း ဆောင်ရွက်သည့် အခြေအနေသို့အသွင်ပြောင်းရန် အသင့်ဖြစ်မှုအတွက် သက်သေပင် ဖြစ်ကြောင်း ၎င်းက ပြောပါသည်။

“မြန်မာနိုင်ငံမှာ ယနေ့ ဘီလီယံနဲ့ ချီတဲ့ကြွေးတွေကို လျော်ပစ်ပေးခဲ့ပါပြီ။ အကြီးစားဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေရ နေပါပြီ။ ရင်းနှီးမျြုပ်နှံမှုအသစ်တွေလည်းပြုံတိုးနေပါတယ်။” ဟု Donilon က ပြောပါသည်။ မြန်မာနိုင်ငံသည် ယခု အခါ အပယ်ခံ ဘဝမှ လွတ်မြောက်ပြီး ၎င်း၏ပြည်သူများအတွက် ကောင်းမွန်သော အနာဂတ်များအတွက် တံခါးပွင့်နေပြီ ဖြစ် ကြောင်း ဖြည့်စွက် ပြောကြားခဲ့ပါသည်။

သို့သော် ၎င်းကဝါရှင်တန်အနေဖြင့် ၎င်းကိုယ်၎င်းကာကွယ်ရမည်ဖြစ်ပြီး ၎င်း၏ မဟာမိတ်များကို ပြုံယမ်းမှ ခြိမ်းခြောက်မှု အားကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားခေါင်းဆောင်များအပေါ် ပြီးခဲ့သည့်လက နျူကလီးယား စမ်းသပ်မှု အတွက် ပြစ်ဒဏ်များချမှတ်ရန် ခြေလှမ်းခဲ့ရာ မြောက်ကိုရီးယား၏ နိုင်ငံခြား ကုန်သွယ်မှုဘဏ်အပေါ် အရေးယူ များချမှတ်ခဲ့ပါ သည်။

ပြုံယမ်း၏ အဓိက နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြောက်ကိုရီးယားအစိုးရ၏ ထိပ်တန်းအဖွဲ့ဝင်သုံးဦး အပေါ်အရေးယူမှု များချမှတ်ရသည့် ရည်ရွယ်ချက်များ မြောက်ကိုရီးယားအီလစ်များ အနေဖြင့် ၎င်းတို့ကို ချသည်ဟု ခံစားသိရှိရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

Donilon က မေလတွင်တောင်ကိုရီးယား သမ္မတသစ် Park Geun-Hye သည် အိမ်ဖြူတော်နှင့် ဆွေးနွေးမည်ဟု ကြေ ညာခဲ့ပြီး၊ အမေရိကန်ပြည်ထောင်စုသည် ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားအား သတိပေးခဲ့ပါသည်။

တရုတ်သည် အဓိကကျသော ကဏ္ဍမှပါနေကြောင်း ပြီးခဲ့သည့်အပတ်က ပြုံယမ်းအပေါ် ကုလသမဂ္ဂ အရေးယူမှုများ တင်း ကြပ်စဉ် Beijing ၏ ထောက်ခံမှုအတွက် ကြိုဆိုခဲ့ကြောင်း ၎င်းကအလေးထားပြောကြားခဲ့ ပါသည်။

အိမ်နီးချင်းနိုင်ငံများအား ခြိမ်းခြောက်နေသည့် မြောက်ကိုရီးယားနှင့် တရုတ်အပါအဝင် မည်သည့်နိုင်ငံမျှ ပုံမှန်စီးပွားရေး လုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်ကြောင်း ၎င်းကပြောပါသည်။

တရုတ်၏ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေးအတွက် စိတ်ဝင်စားမှုသည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ် များ ရပ်ဆိုင်းရေးလမ်းကြောင်းအတွက် လမ်းရှင်းရေးအတွက် အကြောင်းရင်းတစ်ခု ဖြစ်ပါသည်။


 အလားအလာရှိသော စားနပ်ရိက္ခာရင်းမြစ်တစ်ခုအဖြစ် မြန်မာကို စင်ကာပူရှုမြင်

(Channel News Asia မှ 11 March 2013 ရက်စွဲပါ “Sinapore looks to Myanmar as potential food source” သတင်းကို ဘာသာပြန်ဆိုပါသည်)

စင်ကာပူသားများအနေဖြင့် မြန်မာနိုင်ငံမှ ဟင်းသီးဟင်းရွက်နှင့် ပင်လယ်စာများကို ပိုမိုမြင်တွေ့နိုင်တော့မည်ဟု မျှော် လင့်ရပါသည်။

စင်ကာပူအမျိုးသား ဖွင့်ဖြိုးရေးဝန်ကြီး ကော်ဘွန်ဝမ်က ၎င်း၏ ဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာ ရင်းမြစ်များကို ပိုမိုခွဲ ဖြန့်ရှာဖွေရန်အတွက် ပြည်တွင်းစားသောက်ကုန်လုပ်ငန်းနယ်ပယ်နှင့် အနီးကပ် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဘလော့ပို့စ် တွင် ပြောကြားထားသည်။

အထူးသဖြင့် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာရင်းမြစ်ကောင်းတစ်ခုဖြစ်လာမည်ဟု အမျိုးသား ဖွံ့ဖြိုးရေးဝန်ကြီးဌာန MND ကမျှော်လင့်ထားကြောင်း ၎င်းက ပြောကြားသည်။

MND ၏ အကြီးတန်းဝန်ကြီး လီယီရှန်းသည်လည်း စီးပွားရေးကိုယ်စားလှယ် အဖွဲ့ကိုဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနှစ် ကသွားရောက်ခဲ့သည်ဟုသိရှိရသည်။

ငရုတ်သီးကဲ့သို့ ဟင်းသီးဟင်းရွက်များသည်အလားအလာကောင်းသော အမျိုးအမည်တစ်ခု ဖြစ်သည်ဟု ဆိုပါသည်။

စင်ကာပူ စိုက်ပျိုးမွေးမြူရေး အာဏာပိုင်အဖွဲ့ (AVA) အနေဖြင့် စင်ကာပူခြံသမားများနှင့် မြန်မာထောက်ပံ့ ရေးလမ်း ကြောင်း စီးပွားဖက်များအကြား လက်တွဲဆောင်ရွက်မှု အဆင်ပြေချောမွေ့အောင် ကူညီဆောင် ရွက်ပေးသွားမည်ဟု ဝန်ကြီးကော် ဗွန်ဝမ် ကပြောကြားသည်။

မြန်မာနိုင်ငံတွင် ပင်လယ်စာထုတ်ကုန်လုပ်ငန်းကောင်းစွာ ဖွံ့ဖြိုးနေပြီ ဖြစ်၍ ပင်လယ်စာသည်လည်း နောက်ထပ်အလား အလာကောင်းသော အမျိုးအမည်တစ်ခု ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၌ သင့်တော်သော အခြေခံအဆောက်အဦးစနစ်မရှိခြင်းအပေါ် စိုးရိမ်ပူပန်မှုများရှိနေသော်ငြားလည်း မြန်မာ နိုင်ငံသည် ကတိကဝတ်များစွာကို ရရှိနေပြီဖြစ်သည်။

AVA ထံမှ နည်းပညာကျွမ်းကျင်မှုများ ပိုမိုဖလှယ်လွှဲပြောင်းပေးသည်နှင့်အမျှ အချိန်တန်လျှင် မြန်မာခြံသမားများ အနေ ဖြင့် စင်ကာပူသို့ စားသောက်ကုန်များပိုမိုတင်ပို့နိုင်ကြလိမ့်မည်ဟု ဝန်ကြီးကော်ဘွန်ဝမ် ကယုံကြည် ထား သည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်အတွက် နည်းပညာလွှဲပြောင်းပေးရေးကိစ္စများတွင် စင်ကာပူကုမ္ပဏီများကလည်း ပါဝင် ကူ ညီပေးကြလိမ့်မည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားသွားသည်။


 မြန်မာအစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့တို့ ထပ်မံဆွေးနွေး

(AFP News မှ 11 Mar 2013 ရက်စွဲပါ “ Myanmar government and Kachin rebels renews talks” သတင်းကို ဘာသာပြန် ဆိုသည်။)

မြန်မာနိုင်ငံမြောက်ပိုင်းတောတောင်များထဲတွင် တိုက်ခိုက်နေကျသော အစိုးရနှင့် ကေအိုင်အေအဖွဲ့တို့သည် နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေသော ပြည်တွင်းစစ်ဆိုးဝါးလာမှုကို ဖြေရှင်းရန် ကြိုးစားသည့်အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ထပ်မံပြုလုပ်ရန်အတွက် တရုတ်နိုင်ငံ ရွှေလီမြို့တွင် တနင်္လာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု အကဲခတ် လေ့လာသူများ က ပြောကြားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ယင်း၏လက်နက်ကိုင်တပ် KIA မှ ကိုယ်စားလှယ်များသည် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်များနှင့် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

KIO နှင့် နီးစပ်သော စစ်ရေးအကဲခတ်တစ်ဦးဖြစ်ပြီး၊ ရွှေလီမြို့ဆွေးနွေးပွဲကို စောင့်ကြည့်လေ့လာခဲ့သူ ဦးအောင်ကျော် ဇောက “ ကျွန်တော်တို့အနေနဲ့ အများကြီးမျှော်လင့်ထားလို့ မရပေမဲ့ ဒီတစ်ခေါက်တွေ့ဆုံမှုဟာ အရင်တစ်ခေါက် (ဖေဖော်ဝါရီလ) ကထက်နည်းနည်းပိုပြီး အပြုသဘောဆောင် လာတယ်လို့ ထင်ပါတယ်” ဟုပြောကြားသည်။

၎င်းကဆက်လက်၍ “ ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အချို့မှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံဖက်မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း၊ သို့သော်အစိုးရတပ်ဖွဲ့များ ကချင်ပြည်နယ်မှ ဆုတ်ခွာသွားရခြင်း မရှိသေး ကြောင်း” ပြောကြားသည်။

၂၀၁၁ နောက်ပိုင်း အစိုးရနှင့် ကချင်အုပ်စုအကြား အကြိမ်ကြိမ်ဆွေးနွေးမှုများ အောင်မြင်မှုမရခဲ့ဘဲ တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေမှုကြောင့် နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံးခဲ့ရသည်။ လူ့အခွင့်ရေးအုပ်စုများကလည်း မြန်မာစစ်တပ် (တပ်မတော်)၏ နှိပ်စက်ညှင်းပန်းမှုများကို အထောက်အထားများဖြင့် ဖော်ထုတ် စွပ်စွဲခဲ့ကြသည်။

သို့သော်လည်း ထိုသို့ တိုက်ပွဲများ ပြင်းထန်လာခဲ့ကြပြီးနောက် ဖေဖော်ဝါရီလ ဆွေးနွေးပွဲနှင့် ယခုတနင်္လာနေ့ ဆွေးနွေးပွဲ များတွင်မူ အပြုသဘောဆောင် တိုးတက်မှုရှိလာသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

ပြီးခဲ့သော ဇန်နဝါရီလဆန်းတွင် တပ်မတော်က လေကြောင်းထိုးစစ်အသုံးပြုမှုကြောင့် ဝေဖန်သံများညံလာချိန် တွင် အစိုး ရက အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း လေကြောင်းထိုးစစ်အားကိုးဖြင့် အသာစီးယူထားသော တပ်မ တော်က တိုက်ခိုက်မှုကိုမရပ်ဘဲ တရုတ်နယ်စပ်အနီး ကေအိုင်ကေဌာနချုပ် ရုံးစိုက် ရာ လိုင်ဇာမြို့ အနီးတစ်ဝိုက်ရှိ အရေးပါ သော ကေအိုင်အေ စခန်းကျဉ်းများကို ဆက်လက်သိမ်းပိုက်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေသော ကချင်လက်နက်ကိုင်များက ဆွေးနွေးပွဲ မှန်သမျှတွင် ကချင်တို့၏ နိုင်ငံရေးလိုလားချက်များကို ထည့်သွင်းဆွေးနွေးရမည်ဟု တောင်းဆိုထားသည်။

တပ်မတော်နှင့် ကေအိုင်အေအကြား ၁၇ နှစ်ကြာအပစ်ရပ်စဲမှု ကျိုးပေါက်သွားခဲ့သော ၂၀၁၁ နောက်ပိုင်း တိုက်ပွဲများ ကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။ ဒုက္ခသည်များ နယ်စပ်ဖြတ်ကူး ဝင်ရောက်လာ မည်ကို စိုးရိမ်သော တရုတ်နိုင်ငံကလည်း နှစ်ဖက်စလုံးတိုက်ခိုက်မှု ရပ်ကြရန် တိုက်တွန်းလျက်ရှိသည်။


 

 

 

                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   

              

                 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment