Transparency Myanmar

transparency.myanmar@gmail.com

From : AP News,Date: 23 - Nov - 2009

        အရှေ့တောင်အာရှ မြန်မာနိုင်ငံ၏ အဓမ္မ စေခိုင်းခြင်း ခံရသော လုပ်သားများ ကိစ္စကို ကမ္ဘာ့ အဖွဲ့အစည်း ILO က ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့ပြီးနောက် အဆိုပါ အတင်းအကျပ် ခိုင်းစေမှုများကို ဖျက်သိမ်းရန် ဆယ်စုနှစ် တစ်စုကျော်ကြာ ပျက်ကွက်နေခဲ့သော မြန်မာကို ကုလ အလုပ်သမား အေဂျင်စီက ပြစ်တင် ဝေဖန်လိုက်သည်ဟု တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားခဲ့ပါသည်။

          နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း ILO သည် အထက်ပါ ကိစ္စကို ယခင်အပတ်က လက်ခံ ဆုံးဖြတ်ခဲ့ပြီး၊ အာဏာသုံး၍ အဓမ္မ ခိုင်းစေခဲ့သည်ဟု စောဒက တက်သူများ၊ တိုင်ကြားသူများ၊ ပတ်သက်သူများကို မြန်မာအစိုးရက ထောင်သွင်း အကျဉ်းချထားသဖြင့် အထူးပင် စိုးရိမ် ပူပန်မိသည်ဟု ပြောခွင့်ရ အမျိုးသမီး Laetitia Dard က ပြောပါသည်။

          အဆိုပါ ဆုံးဖြတ်ချက်တွင် နိုင်ငံရေး အကျဉ်းသားများ၊ လုပ်သားရေးရာ လှုပ်ရှားသူများ အပါအဝင် အထက် ဖော်ပြပါ အကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားပါသည်။ နိုင်ငံခြား အစိုးရများနှင့် လူ့အခွင့်အရေး အဖွဲ့များအား (၁၄) နှစ်ကြာ အထိန်းသိမ်း ခံနေရသော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်သည်။

          အတင်းအကျပ် ခိုင်းစေမှုများကို ဖယ်ရှားရေးနှင့် အရေးယူလိမ့်မည်ဟု ကြောက်ရွံ့ခြင်း မရှိဘဲ တိုင်ကြားခွင့် ရရှိရေးသည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ကြိုးပမ်း အားထုတ်မှုများ ဖြစ်သည်ဟု မြန်မာအစိုးရက အစဉ်တစိုက် ပြောကြားခဲ့ပါသည်။ တိုင်ကြားမှုများနှင့် ပတ်သက်၍ မြန်မာအစိုးရက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းကို ILO ဆုံးဖြတ်ချက်တွင် အသိအမှတ် ပြုထားပါသည်။

          တပ်မတော် အစိုးရ၏ လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်း အပါအဝင် အခြား စီမံကိန်းများတွင် အဓမ္မခိုင်းစေသော လုပ်သားများ အသုံးပြုနေခြင်းကို ဂျီနီဗာ အခြေစိုက် ILO က 1998 ကပင် စုံစမ်း စစ်ဆေးခဲ့ပါသည်။ ထို့အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ခြင်း ကဲ့သို့သော စီမံကိန်းများတွင် အာဏာသုံး ခိုင်းစေမှုများ ရှိနေသည်ကို စိုးရိမ် ပူပန်ကြောင်း ယခု နောက်ဆုံး ဆုံးဖြတ်ချက်တွင် ဖော်ပြထားပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment